cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Channel H

Channel H မှကြိုဆိုပါတယ်ဗျ @khanthtookyaw2001

Show more
Advertising posts
318 432
Subscribers
+69024 hours
+9 7907 days
+45 20130 days

Data loading in progress...

Subscriber growth rate

Data loading in progress...

ဘိုင်ရာဗာမင်းသားရဲ့ ဇာတ်ကားသစ်ကြီး ဘိုင်ရာဗာ မင်းသားကို ရှယ်ကြမ်းမယ့် ရဲသားကြီး အဖြစ်တွေရအုံး ဇာတ်ကားသစ်ကြီး ထွက်တာနဲ့ တင်းပေးမယ့် Telegram Channel 👇 https://t.me/khanthtookyaw20 https://t.me/khanthtookyaw20
Show all...
👍 19 11🔥 5🏆 3
”ရိုမီယို” ဇာတ်ကားသစ်ကြီး IMDb - 7/10 ထိ့ ရထားတော့ ကြည့်လို့ကောင်းမှာပါ ကြည်နူးချမ်းမြေ့စရာ တမီလ်စကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Pichaikkaran 1,2ဆိုပြီး သူတောင်းစားကားတွေနဲ့ နာမည်ကြီးတဲ့ တမီလ်နာမည်ကျော်မင်းသားကြီး ဗီဂျေးအန်တိုနီနဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ရဲ့ အသစ်ထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။ အသက် ၃၅နှစ်ရောက်တဲ့ထိ ဘယ်သူ့ကိုမှ မချစ်ဖူးသေးတဲ့ ချစ်ကံခေလူပျိုကြီးကတော့ အာရီဗူ။ လူကြီးတွေပေးစားဖို့လုပ်တဲ့ ကောင်မလေးတွေကိုတောင် လက်မထပ်ဘဲ အချစ်စစ်ရှာတွေ့မယ်လို့ မျှော်လင့်နေခဲ့တဲ့သူကြီး။ သူမျှော်လင့်ထားတဲ့အတိုင်း ချစ်ရတဲ့မိန်းကလေးကို ရှာတွေ့ခဲ့ပြီး လူကြီးချင်းပေးစားလို့ လက်ထပ်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ထက် ဆယ်နှစ်ငယ်တဲ့ အဲဒီမိန်းကလေးကတော့ အာရီဗူကို ခင်ပွန်းသည်တစ်ယောက်အနေနဲ့ ချစ်ခင်စုံမက်ခြင်းမရှိခဲ့ပါဘူး။ အာရီဗူတစ်ယောက် ချစ်ရသူလည်းဖြစ် ဇနီးသည်လည်းဖြစ်ပြီးတော့ ချစ်ရတဲ့ဇနီးသည်ဆီက အချစ်ကိုရဖို့ကြိုးစားရတာတွေကို မြင်တွေ့ခံစားရမှာပါ။ Movie Link 👇 https://t.me/khanthtookyaw20/1274
Show all...
👍 7 4
"ရတနာသိုက်ရှာပုံတော်" ဇာတ်ကားသစ် လူငယ် မျက်နှာသစ်ဒါရိုက်တာ ရေဂတ်ရှ်ဗတ်စ်ရဲ့ အကောင်းဆုံးကြိုးစားအားထုတ်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၁၂ခုနှစ် အိန္ဒိယကို ဗြိတိသျှနယ်ချဲ့တွေအုပ်စိုးချိန်။s လောဘဇောတိုက်နေတဲ့ ဗြိတိသျှလူမျိုးတွေဟာ ဟိမ၀န္တာတောင်တန်းတစ်ဝိုက်က သစ်တောတွေကိုရှင်းလင်းဖို့ အနီးနားက ရွာတွေမှာရှိတဲ့ ကျန်းမာသsန်စွမ်းတဲ့သူတွေကို အတင်းအဓ္ဓမခိုင်းစေကြပါတယ်။ တစ်နေ့ ဂါဒီရာစမ်းချောင်းမှာ မျောပါလာတဲ့ မုဆိုးတစ်ယောက်ရဲ့အလောင်းဆီကနေ ရှေးဟောင်းရွှေဒင်္ဂါးပြားတစ်ခုကို တွေ့တဲ့အချိန်မှာတော့ အရင်က ပုံပြင်လိုပြောနေကြတဲ့ ရတနာသိုက်ကြီး ရှိနေတယ်ဆိုတဲ့အချက်ဟာ ရုပ်လုံးပေါ်လာခဲ့ပါတယ်။ Movie Link 👇 https://t.me/khanthtookyaw24/2963
Show all...
𝗪𝗵𝗲𝗻 𝗘𝘃𝗶𝗹 𝗟𝘂𝗿𝗸𝘀 (𝟮𝟬𝟮𝟯) IMDb - 7.2/10 ဒီနှစ်ရဲ့ ရှားရှားပါးပါး ဟော်ရာကားကောင်းပါ။ မနှစ်ကတော့ ဟော်ရာကားအလန်းစားတွေ သောက်သောက်လဲထွက်ခဲ့သလောက် ဒီနှစ်တော့ ဟော်ရာကားခပ်လန်းလန်း တော်တော်ရှားသွားပါတယ်။ ထွက်ဖို့တော့ ရှိသေးပေမဲ့ အခုထိတော့ ကောင်းကောင်းတန်းတန်းတော်တော်ရှားပါတယ်။ ဒီလိုအခြေအနေထဲမှာမှ အာဂျင်တီးနားဒါရိုက်တာရိုက်တဲ့ ဟော်ရာကား အလန်းစားတစ်ကားထွက်လာပါတယ်။ သိရသလောက်ဆို  ၂၀၂၃လက်ရှိအထိ ထွက်ခဲ့တဲ့ဟော်ရာကားတွေထဲ အလန်းဆုံးလို့ပြောလို့ရပါတယ်။ ဒီကားကလည်း လန်းသလို တခြားကားတွေကလည်း စွံမနေဘူးကိုး။ သို့ပေမဲ့လည်း Rotten Tomatoes Rating အရရော၊ IMDb Rating အရရော ကျွန်တော်တို့ဆီ မထွက်သေးတဲ့ နာမည်ကြီးကားတွေရဲ့  Rating ထက်ကို သာနေတယ်။ ဇာတ်ကလည်း ဇွတ်ဖြဲခြောက်မဟုတ်ဘဲ အထာကျတယ်။ ရုတ်တရက်အလန့်တကြားအခန်းတစ်ခန်းပေါ်လာလို့ လန့်ဖြန့်ပြီး အကြည့်လွှဲမယ်လည်းမကြံလိုက်နဲ့။ ဇာတ်ဘာဖြစ်သွားလဲ မသိရဘဲဖြစ်သွားမယ်။ ဇာတ်ရော ခြောက်လုံးရော ကောင်းနေတဲ့ ဟော်ရာကားလို့ပြောရမယ်။ ဘော်ဒီဟော်ရာဆန်ဆန် မသတီစရာကောင်းတာတွေလည်းပါတယ်။ ဇာတ်ကတော့ အစွန်အဖျားဒေသတစ်ခုမှာ လူတစ်ယောက် မသေဘဲ ပုပ်ပြီး အလောင်းကောင်ထက် တော်တော်ကြည့်ရဆိုးလာတယ်။
Show all...
👍 11
Mr. Harrigan's Phone (2022) Genres - Horror, Thriller Netflix ကနေထွက်ထားပြီး IMDb 6/10 Rotatten Tomatoes % ရထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ် ခရိတ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ဟယ်ရီဂန် ဆိုတဲ့ မီလီယံနာ သူေဌးကြီးဆီမှာအလုပ်လုပ်ရင်း သူနဲ့ရင်းနှီးလာခဲ့တယ် မစ္စတာဟယ်ရီဂန် သူ့ကို ခရစ်စမတ်လက်ဆောင်အနေနဲ့ပေးတဲ့ထီလက်မှတ်ကနေဆုကြီးပေါက်တဲ့အချိန်မှာ ခရိတ်ဟာ သူ့အတွက်ဖုန်းတစ်လုံးဝယ်ပြီး မစ္စစဝာာဟယ်ရီဂန်အတွက်လည်းဖုန်းတစ်လုံးဝယ်ပေးခဲ့တယ် တစ်နေ့မှာ မစ္စတာဟယ်ရီဂန်တစ်ယောက် မမျှော်လင့်ဘဲသေဆုံးသွားတဲ့အချိန်မှာ ခရိတ်ဟာ သူ့ရဲ့အခေါင်းထဲကို ဖုန်းကိုထည့်ပေးလိုက်တယ် အဲဒီနောက်ပိုင်းမှာ ထူးဆန်းတာတွေ စပြီးဖြစ်လာမလဲဲဆိုတာကို ရင်တဖိုဖိုနဲ့ ကျောချမ်းစရာကြည့်ရှုရမှာပါ ဇာတ်‌လမ်းမှာပါတဲ့အကြောင်းအရာတွေက သရဲကား တစ်ကားဆိုတာထက်ပိုနက်နဲပါတယ် ကိုယ်တိုင်ကြည့်ရှုခံစားကြည့်လိုက်ကြပါဦး
Show all...
👍 9 1
Ninja Assassin (2009) ကိုရီးယား နာမည်ကြီး သရုပ်ဆောင် Rain ပါ၀င်သရုပ်ဆောင်ထားတဲ့ Ninja Assassin ကို CM Fan တွေဘာသာပြန်ကောင်းကောင်းနဲ့ ကြည့်ချင်တယ်လို့ ပူဆာထားလို့ တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းပုံစံကတော့ လူသတ်သမားဂိုဏ်းကို အစပျိုးဖို့ အတွက် မိဘမဲ့ လူငယ်လေးတွေကို သိုင်းသင်ပေးနေတဲ့ အဖွဲ့ အစည်းတစ်ခုမှာ ကြီးပြင်းလာရတဲ့ ကောင်လေး တစ်ယောက်အကြောင်းပါ အစကတော့ ဒီ အသင်းအဖွဲ့ က မိဘမဲ့ကလေးတွေကိုစောင့်ရှောက်ပေးတယ်လို့ ထင်ရပေမယ့် ရက်စက်မှုများစွာနဲ့ ငရဲခန်းတစ်ခုအဖြစ်သိလာတဲ့နောက် ထွက်ပြေးဖို့ကြံရွယ်ကြရင်း မိသွားတဲ့သူတွေကို နှိပ်စက်အပြစ်ပေးတက်ပါတယ် ဒီလိုနဲ့ Rain တစ်ယောက်ဟာလဲ ဒီဂိုဏ်းအဖွဲ့ထဲကနေထွက်ပြေးခဲ့ပါတယ်...ဒါပေမယ့် ဘယ်လိုပဲ ထွက်ပြေးပြေး ဒီအဖွဲ့ဟာ နောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး အဖွဲ့ပေါ် သစ္စာဖောက်သူတွေနဲ့ ထွက်ပြေးသူတွေကိုသတ်ဖြတ်ကြပါတယ် သွေးသံရဲရဲ မြင်ကွင်းတွေ အများကြီးပါ၀င်လို့ နှလုံးအားနည်းသူတွေ မကြည့်သင်ပါဘူး
Show all...
👍 7
S.I.T (2024)ဇာတ်ကားသစ် အထူးစုံစမ်းရေးအဖွဲ့ ဒါရိုက်တာ Vijaya Bhaskar Reddyရိုက်ကူးထားတဲ့ အသစ်စက်စက် မှုခင်းဇာတ်လမ်းတစ်ပုဒ်ကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေကတော့Grey: The Spy Who Loved Me၊ Shukra တို့လို thriller/ crime /mystery တွေနဲ့ နာမည်ကြီးတဲ့ မင်းသား Arvind Krishnaနဲ့ မင်းသမီး Natasha Doshi တို့အပြင် Detective Karthikရဲ့ မင်းသား Rajath Raghav ပါ ပါဝင်ထားပါတယ်။ အမှုနဲ့ပတ်သက်လာရင် ဥပဒေဘောင်ထဲက ကျော်ပြီး ဖြေရှင်းသင့်ရင် ဖြေရှင်းတတ်တဲ့အရာရှိ ပရာသာတစ်ယောက် တစ်နေ့မှာ ဆော့ဝဲလ်ပညာရှင်နာဗီရာ သေဆုံးမှုကို စုံစမ်းဖို့ အမိန့်ကျလာခဲ့တယ်။ သေဆုံးသူက နာမည်ကြီး ဖြစ်တဲ့အပြင် သေဆုံးမှုကလည်း ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် လူထုစောင့်ကြည့်နေကြတဲ့ အမှုဖြစ်နေခဲ့လို့ ရဲဌာနတစ်ခုလုံး ဖိအားဖြစ်နေရပါတယ်။ အမှုအတွက် ထိပ်တန်းပညာရှင်တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးကြတဲ့အခါ... Movie Link 👇 https://t.me/khanthtookyaw24/2962
Show all...
👍 16🥰 1
သူစိမ်းအိမ် ---------------- အကြည် ရပါပြီ...🔻
Show all...
👍 15 12🔥 3😈 3
House Of Ninjas 2024 Season 1 နင်ဂျာစံအိမ်တော် ------------------------------- အမိုက်စားနင်ဂျာစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Tawara မိသားစုဟာ ဆာကေးစက်ရုံကို ဗန်းပြပြီး နင်ဂျာတာဝန်တွေထမ်းဆောင်ခဲ့တဲ့ နင်ဂျာမိသားစုကြီးတစ်ခုပါ။ လွန်ခဲ့တဲ့ခြောက်နှစ်က တာဝန်တစ်ခုမှာ မိသားစုဝင်တစ်ယောက်ကို ဆုံးရှုးလိုက်ရတဲ့အတွက် Tawara မိသားစုဟာ တာဝန်တွေကိုစွန့်ပြီး သာမန်လူတွေကြားမှာ ပုံမှန်ဘဝလေးနဲ့ ဆက်နေထိုင်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ အပျော်စီးသ‌င်္ဘောတစ်စီးပေါ်မှာ လူအစုလိုက်အပြုံလိုက် အဆိပ်ခတ်သတ်ခံရတဲ့ အဖြစ်အပျက်ကြီးဖြစ်လာတဲ့အချိန်မှာတော့ နင်ဂျာစီမံခန့်ခွဲရေးလျှိဝှက်ဗြူရိုကနေ သူတိုကို အမှုအကြောင်းစုံစမ်းဖို တာဝန်ပေးလာတဲ့အခါ Tawara မိသားစုကရော သာမန်ဘဝနဲ့ပဲ ဆက်နေဖိုကြိုးစားကြမလား.... နိုင်ငံနဲ့ Tawara မိသားစုဆီချဉ်းကပ်လာနေတဲ့ ဘေးအန္တရာယ်ကြီးကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...
Show all...
👍 20 3
Asur Season2 (2023) Ep 1 to 8  Complete **** IMDb 9.5 S1မှာတုန်းကလည်း လူသတ်သမားရှာဖွေပုံတွေကို အားရစရာကြည့်ရှုခဲ့ရပြီး ယခုမှာတော့ S2လည်း ထွက်ရှိလို့လာပါပြီ ဟင်ဒူဘာသာမှာ စတ်ယုဒ် တေသရာယုဂ် ဒွာပရ်ယုဂ်နဲ့ ကလီ့ယုဂ်ဆိုပြီး ခေတ်ကြီးလေးခု ရှိပါတယ် ကလီ့ယုဂ်ဆိုတာကတော့ ကလီဆိုတဲ့အသူရာကိုကိုယ်စားပြုပြီး မှည့်ဆိုထားတာပါ ကလီ့ယုဂ်ဆိုတဲ့ မကောင်းဆိုဝါးခေတ်မှာ ဒုစရိုက်မှုတွေ အရမ်းများလာတဲ့အခါ လောကကိုထိန်းသိမ်းသူ ဗိဿနိုးဘုရားရှင်ဟာ ‌ အရင်ယုဂ်တွေမှာလိုပဲ လူဝင်စားကာ ဒုစရိုက်မှုတွေကို အဆုံးသတ်ပါတယ် ကလီ့ယုဂ်ကို အဆုံးသတ်မယ့် ဘုရားလောင်းရဲ့အမည်ကတော့ ကလ်ကီပါ ဒီကားထဲမှာတော့ အဲ့ဒီကလီဆိုတဲ့ နာမည်နဲ့ ကွင်းဆက်လူသတ်မှုတွေကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ သတ်ဖြတ်နေသူက သူ့ကိုယ်သူ ကလီလို့ဆိုပါတယ် သူဖန်တီးလိုက်တဲ့ အမှုတွေက လူငယ်ပေါင်ချိန်ဆန်ဆန် အဖြေရှာတွေ့ဖို့မလွယ်တဲ့ နည်းနာတွေနဲ့ပေါ့ ဒီလူ ဒီနေရာမှာသေဆို တုံးခနဲလဲသေတဲ့အထိ စွမ်းဆောင်နိုင်စွမ်းရှိနေတော့ ရဲတွေ အစိုးရနဲ့ CBI တို့ အကြပ်ရိုက်‌တဲ့ကာလ .. Movie Link 👇 https://t.me/khanthtookyaw13/523
Show all...
👍 9