en
Feedback
We Talk A Lot

We Talk A Lot

Open in Telegram
396
Subscribers
No data24 hours
-57 days
-1430 days
Posts Archive
“အနေသာနီးခဲ့ကြရင်” ငါတို့သာအနေနီးခဲ့ကြရင်လေ မိငယ်ရေ ကင်းဝန်လမ်းကလေးထိပ်က ရေမြောင်းကူးတံတားလေးဟာ ငါကိုယ်တော်မြတ်ကြီးရဲ့ စံနန်းပေါ့မိငယ်ရယ်။ ငါတို့သာအနေနီးခဲ့ကြရင် မင်းဖျားနာတိုင်း ကြက်ပေါင်းခေါက်ဆွဲလေးနဲ့ ဒီကိုဂျင်ဆေးကဒ်လေးလာပို့မဲ့ ဒလီသမားလေးက အကိုပေါ့ မိငယ်ရယ်။ ငါတို့သာအနေနီးခဲ့ကြရင်လေ “မေမေကဆူရင် ကိုကို့ရင်ခွင်ထဲတိုးလို့ငိုမှာနော်”ဆိုတဲ့ မိငယ်လေးရဲ့ စိတ်ကူးတွေလည်း ပြည့်မှာပေါ့နော်။ ငါတို့သာအနေနီးခဲ့ကြရင် ဟိုလူကြီးရဲ့ ဂရုစိုက်မှုမှာ သာယာသွားလို့ပါဆိုတဲ့ မင်းရဲ့ ဖောက်လွဲဖောက်ပြန် စိတ်ကူးတွေလည်း ရှိလာမှာမဟုတ်ဘူးပေါ့ မိငယ်ရယ်။ ငါတို့သာအနေနီးခဲ့ကြရင်ကွယ် ငါတို့လည်းဝေးပြီးရင်းမဝေးရလောက်ဘူးပေါ့နော် အခုတော့မိငယ်ရေ ငါဟာ ရေမရှိတဲ့ကမ္ဘာမှာပန်းတွေပျိုးမိတယ် လေလိုင်းကြားက သံယောဇဉ်ကြိုး‌လေးကို လင်းတငှက်လေးတစ်ကောင်ကိုက်ဖြတ်သွားတယ်။ ငါနာနာကြီးကြီး နဲ့အဲ့ဒီလင်းတငှက်လေးကို ရေဆုံးမြေဆုံးကမ္ဘာဆုံးလိုက်ရှာခဲ့မိပါရဲ့။ ငါသိခဲ့တယ် ငါသိခဲ့ရတယ်... သူဟာ မင်းကိုညို့ယူသွားတဲ့ ကဝေငှက်လေးဘဲမိငယ်။ ဆရာသန်းတင့်ရဲ့ကဗျာထဲကလိုပေါ့ ငါဟာလည်း “ကိုကိုမချစ်တော့ရင် သူများ‌ ရေနံဆီသောက်ပြီးသေပြစ်လိုက်မှာနော်ဆိုတဲ့”ကောင်မလေးရဲ့ကိုကိုပါ သို့သော်.....သို့သော် ငါတို့သာအနေနီးခဲ့ကြရင်ပေါ့။ -မြူ

တစ်ယောက်ဟာ အခြားတစ်ယောက်နဲ့ သက်ဝင်နေရင် ကိုယ်က မငြိတွယ်မိအောင်နေရမယ် အတင်းတိုးမဝင်ရဘူးတဲ့ ချစ်ခြင်းမေတ္တာမှာလည်း ယဉ်ကျေးမှုရှ
တစ်ယောက်ဟာ အခြားတစ်ယောက်နဲ့ သက်ဝင်နေရင် ကိုယ်က မငြိတွယ်မိအောင်နေရမယ် အတင်းတိုးမဝင်ရဘူးတဲ့ ချစ်ခြင်းမေတ္တာမှာလည်း ယဉ်ကျေးမှုရှိရတယ် ။ -ရိပ်ငြိမ် #wetalkalot

အလိုလိုမှအအေးဓာတ်နဲ့ ကီးမကိုက်တဲ့ကောင် မင်းကပါဘေးမှာမရှိတော့ ခနခနဖျားနေတာမဆန်းပါဘူး။ -ထွဋ်ခေါင် #wetalkalot

ကမ္ဘာဟာပျော်စရာ မကောင်းတဲ့အခါ ဆေးလိပ်ဟာ အသက်တိုစေတာသိရက်နဲ့ သောက်နေကြတယ်။ ဘယ်သူသိနိုင်မလဲ အသက်တစ်ရက်ရှင်ခြင်းရဲ့ ဒုက္ခတွေ။ -လူပျော် #wetalkalot

Channel ထဲမှာရှိတဲ့သူလေးတွေ React လေးတွေအပန်းမကြီးရင်နှိပ်ပေးကြပါဦးဗျ။ #wetalkalot

အဆင်ပြေမယ်ဆိုရင် ခလုတ်မထိ ဆူးမငြိပဲ သေချင်ပါတယ် ။ ။ -အောင်ချိမ့် #wetalkalot

လွဲခဲ့ကြတယ် ။ #wetalkalot
လွဲခဲ့ကြတယ် ။ #wetalkalot

ကပ်ဖ်ကာသို့ - ၁၃ ငါဟာ "အားမနာတတ်ဘူးတဲ့" တဲ့ ပြောကြတယ် ဒါကြောင့် ငါ စဉ်းစားကြည့်တယ် ငါ ဘယ်ကျွန်ဈေးမှာ ကျွန်ဝယ်တုန်းက ငါ ဘယ်ကျွ
ကပ်ဖ်ကာသို့ - ၁၃ ငါဟာ "အားမနာတတ်ဘူးတဲ့" တဲ့ ပြောကြတယ် ဒါကြောင့် ငါ စဉ်းစားကြည့်တယ် ငါ ဘယ်ကျွန်ဈေးမှာ ကျွန်ဝယ်တုန်းက ငါ ဘယ်ကျွန်ကို အဆစ်တောင်းဖူးလို့လဲ ငါက "အားမနာတတ်ဘူး" ပြောရအောင်။ ။ -အောင်ချိမ့် #wetalkalot

လူကြီးမင်းများ ခင်ဗျာ ထမင်းစားတိုင်း လူ မဖြစ်နိုင်ပါ။ ။ -အောင်ချိမ့် #wetalkalot
လူကြီးမင်းများ ခင်ဗျာ ထမင်းစားတိုင်း လူ မဖြစ်နိုင်ပါ။ ။ -အောင်ချိမ့် #wetalkalot

သမိုင်းဆိုင်ရာ ရုပ်ဝါဒ ဒါပေမဲ့ ကျမ 'ကိုအောင်ချိမ့်ကို မေတ္တာမမျှနိုင်ပါ..' ဟု။ ။ -အောင်ချိမ့် #wetalkalot
သမိုင်းဆိုင်ရာ ရုပ်ဝါဒ ဒါပေမဲ့ ကျမ 'ကိုအောင်ချိမ့်ကို မေတ္တာမမျှနိုင်ပါ..' ဟု။ ။ -အောင်ချိမ့် #wetalkalot

စစ်ပွဲ ငါရှုံးတာ ငွေကိုပဲ။ ။ -အောင်ချိမ့် #wetalkalot
စစ်ပွဲ ငါရှုံးတာ ငွေကိုပဲ။ ။ -အောင်ချိမ့် #wetalkalot

ပြီးခဲ့ အဖြေမရခဲ့ပါဘူး ရေသောက်ပြန်ခဲ့ပါတယ်။ ။ -အောင်ချိမ့် #wetalkalot
ပြီးခဲ့ အဖြေမရခဲ့ပါဘူး ရေသောက်ပြန်ခဲ့ပါတယ်။ ။ -အောင်ချိမ့် #wetalkalot

ခေတ်အဆက်ဆက်က အသည်းကွဲခဲ့တဲ့လူငယ်တွေ အော်ဟစ်ကြ၊ငိုကြ၊ပြိုလဲကြ။ ။ -ထွဋ်ခေါင် #wetalkalot
ခေတ်အဆက်ဆက်က အသည်းကွဲခဲ့တဲ့လူငယ်တွေ အော်ဟစ်ကြ၊ငိုကြ၊ပြိုလဲကြ။ ။ -ထွဋ်ခေါင် #wetalkalot

ကျွန်တော့ကဗျာ ဟ ၊ ဒီအသေကောင်က ရေးတဲ့ကဗျာ ဟုတ်လား။ ။ -အောင်ချိမ့် #wetalkalot
ကျွန်တော့ကဗျာ ဟ ၊ ဒီအသေကောင်က ရေးတဲ့ကဗျာ ဟုတ်လား။ ။ -အောင်ချိမ့် #wetalkalot

ကျန်းမာရေးဂရုစိုက်ကြပါဗျာ ကျတော်ကတော့အအေးပတ်လို့ဖျားနေပီ။
ကျန်းမာရေးဂရုစိုက်ကြပါဗျာ ကျတော်ကတော့အအေးပတ်လို့ဖျားနေပီ။

photo content
+3

ကတိအကောင်းစားကြီးတွေနဲ့ ငါတို့ အိုအောင်မင်းအောင် ဝေးခဲ့ကြတယ်...။ -လွှင့် #wetalkalot
ကတိအကောင်းစားကြီးတွေနဲ့ ငါတို့ အိုအောင်မင်းအောင် ဝေးခဲ့ကြတယ်...။ -လွှင့် #wetalkalot

Voice message00:24

လွမ်းရုံမှအပ မတတ်နိုင်တဲ့ဘဝတွေ ပြေးတွေ့မယ်ဆိုရင်တောင်အကွာအဝေးကကြားခံနေတယ် အကွာအဝေးကို ကိုယ်ဂရုမစိုက်ပေမယ့် လမ်းကြောင်းကခွေးသူတောင်းစာတွေကိုတော့ဂရုစိုက်ရတယ် မင်းဆီလာတဲ့လမ်းမှာ မင်းဆီမရောက်ပဲ ရှေ့တန်းရောက်နေရင် မင်းရင်ကျိုးရလိမ့်မယ်...။ -ထွဋ်ခေါင်

မင်းနဲ့လွဲပြီးကတည်းက တစ်ကမ္ဘာလုံးနဲ့ လွဲချော်လာခဲ့တာ အခုထိလည်း တစ်ယောက်ထဲဖြစ်နေတုံး ။ -ဂန္ဓမာ #wetalkalot
မင်းနဲ့လွဲပြီးကတည်းက တစ်ကမ္ဘာလုံးနဲ့ လွဲချော်လာခဲ့တာ အခုထိလည်း တစ်ယောက်ထဲဖြစ်နေတုံး ။ -ဂန္ဓမာ #wetalkalot