cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

𝗤𝘂𝗼𝘁𝗲𝘀🍁

Knပတ်သတ်ပြီးသိချင်တာလေးတွေရှိရင်လာမေးလို့ရပါတယ်နော် အစုံတင်ပေးမှာမလို့ ချန်နယ်လေးကိုအမြဲဝင်ကြည့်ပေးပါ လင့်လေးကိုလဲ share ပေးကြပါဦးဗျ owner acc - @Yeah_Harryy

Show more
Advertising posts
294
Subscribers
No data24 hours
-27 days
-1730 days

Data loading in progress...

Subscriber growth rate

Data loading in progress...

ကျောင်းတက်ရမဲ့နေ့လေးးပေါ့ ဒီနေ့က 😭
Show all...
ယဖတို့​ရေ မင်းတို့ကိုငါနှုတ်ဆက်ခဲ့တယ်ကွာ...ဗြုန်းစားကြီးမလို့​ဆောတီးပါကွာ ငါ Bawdar တက်ရ​တော့မှာမလို့​နောက်နှစ်ကြရင်ပြန်​တွေ့ချင်ပါ​သေးတယ် မင်းတို့လဲငါ့ကိုမ​မေ့နဲ့​​​ပေါ့ကွာ မင်းတို့ကိုငါခင်ခဲ့ပါတယ် bye ပါချိဖတို့ငါမနက်ဖြန်လစ်ရ​တော့မယ်...ငါ့အ​ကောင့်ကို​တော့ငါမသုံး​တော့ဘူး ငါယုံကြည်ရတဲ့သူကိုပဲ​ပေးခဲ့မယ် အာ့​ကြောင့်မနက်ဖြန်ကစပြီး Harry ဘော်ဒါသွားပါပြီ စာလဲလာမပို့ပါနဲ့​တော့
Show all...
❤‍🔥 4
ဝန်ခံပါတယ်ဗျာ သူကလွဲပြီးဘယ်သူ့ကိုမှထပ်မချစ်တော့ဘူးဆိုတာ #Ak
Show all...
အချစ်စစ်နဲ့ဖန်ဆင်းမယ်ဆို မြက်ပင်တွေလဲပန်းဖြစ်မယ် ငရဲမီးလို ပူလောင်လွန်းတဲ့ ချောရည်တွေတောင်စမ်းဖြစ်မယ် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ထားတဲ့စည်းတွေကလည်း အနမ်းဖြစ်မယ် အကိုကလည်းပြောမယ် အကိုညမကိုသိပ်ချစ်တယ်
Show all...
❤ 1
အချစ်စစ် ပတ္တမြားအစစ် နွံမနစ်ဘူး ရင်ထဲအချစ်သာစစ်မှန်နေပါစေ ငေးကြည့်ယုံလဲအချစ်ပဲ ပိုင်ဆိုင်ဖို့ရာ မရေရာပေမယ့် ရင်မှာနှောင်ရစ် တိတ်တိတ်ချစ်လဲ အချစ်ပဲ အရာရာစတေး သူ့နဘေးမှာ လိုတာဖြည့်ဆည်း ရင်တွင်းမီးကို မြိုသိပ်ထားဆဲ မပြောရဲလဲ အချစ်ပဲလေ
Show all...
အချစ်နဲ့ စစ်မှာ တရားတယ် မတရားဘူး ဆိုတာမရှိဘူး စစ်ပွဲရဲ့အဆုံးသတ်မှာ အနိုင်အရှုံးမည်သူမည်ဝါဖြစ်စေ နှစ်ဖက်စလုံး အသေအကြေတွေ ရှိကြတာတော့ အမှန်ပဲ ထို့အတူချစ်ခြင်းရဲ့အဆုံးသတ်မှာလည်းနှစ်ယောက်စလုံးရဲ့ နှလုံးသားကိုယ်စီမှာ ဒဏ်ရာ ဒဏ်ချက် အနာတရဆိုတာတော့ရှိမှာပါပဲ
Show all...
မြန်မာပြည်မှာစာသင်တယ်....... ******************* စာအုပ်အောက်ပြုတ်ကျရင် စာမရမှာကြောက်လွန်းလို့ စာအုပ်ကိုကန်တော့ကြတဲ့ကလေးတွေ ဘွဲ့ရလာကြပေမယ့် ဘာမှမတတ်ကြဘူး ဆရာဆိုတာ ဘုရားနဲ့တစ်ဂိုဏ်းထဲထားကြတဲ့နိုင်ငံမှာ ကျောင်းဆရာတွေဟာ ကျောင်းကမုန့်စျေးသည်လောက်တောင် ဝင်ငွေမကောင်းကြဘူး စာအုပ်ထဲရှိပြီးသားစာတွေကို မှတ်စုကူးပြီး ၏/သည်မရွေးကျက်ရတဲ့နိုင်ငံမှာ ပထဝီတွေ သမိုင်းတွေအလွတ်သာကျက်ခဲ့ရတယ် ဘာအသိမွမရခဲ့ဘူး သိပ္ပံဘာသာရပ်တွေကို လက်တွေ့မဝင်မလေ့လာခဲ့ဘဲ ဘွဲ့ရခဲ့တဲ့ဆရာတွေက သိပ္ပံဘာသာရပ်ကို Defination မှာ 's'တစ်လုံးကျန်ရင် အမှတ်လျှော့ဖို့ မင်နီကိုင်ပြီးစောင့်နေကြတယ် နိုင်ငံတကာက ကလေးတွေ စက်ရုပ်တီထွင် softeware ရေးနေကြချိန်မှာ ဒီမှာတော့ English ညံ့လွန်းလို့ defination တစ်ကြောင်းကို နာရီဝက်လောက်ကျက်နေရပြီး ဒါမေးဒါဖြေကိုတောင် သောက်သောက်လဲကျနေကြတယ်... ဘာမှမသင်တဲ့ကျောင်းတွေမှာ ကျောင်းခေါ်ချိန်မပြည့်ရင် ရစ်မှာစိုးလို့ နေ့တိုင်းသွားထိုင်နေရတယ် တကယ်စာသင်ပေးတဲ့နေရာတွေကိုတော့ ငွေပေးပြီးသင်နေရတယ် ဒါပေမယ့် 'အခမဲ့ပညာရေးစနစ်'လို့ ကြွေးကြော်နေကြတယ် တကယ်စာသင်ရမယ့် ဆရာတွေဆရာမတွေက ရုံးခန်းနဲ့မြို့နယ်ရုံးကို စာရွက်စာတမ်းတွေကိုင်ပြီး သွားချည်လာလှည့်လုပ်နေရတယ် တချို့ကဂိတ်ပေါက်မှာ ဘာတာဝန်မှန်းမသိတာကို တာဝန်ဆိုပြီးထိုင်နေရချိန်မှာ တချို့က ကျောင်းသားတွေရဲ့ report cardမှာ ဘာမှမသိတဲ့အချက်တွေကို A တွေ B တွေဖြည့်ပေးနေရတုန်း ကလေးတွေကလည်း အနာဂတ်မှာပညာတတ်ကြီးဖြစ်ဖို့ စိတ်ကူးတွေယဉ်နေကြဆဲ... တချို့နိုင်ငံတွေမှာ ကိုယ့်ကျောင်းစားရိတ်ကိုယ်ရှာဖို့ အချိန်ပိုင်းအလုပ်လုပ်နေကြချိန်မှာ ဒီနိုင်ငံမှာတော့ အလုပ်လုပ်ဖို့ကျောင်းထွက်လိုက်ရတာတွေဒုနဲ့ဒေး လူတစ်ယောက်ပြောင်းသွားရင်း စနစ်တစ်ခုပြောင်းသွားရင်း လူတစ်ယောက် နိုင်ငံတစ်ခုသွားရင်း အဲဒီနိုင်ငံကသင်ရိုးတွေယူလာရင်း.. မြေစမ်းခရမ်းပျိုးပညာရေးတွေ သင်ခိုင်းရင်း... သမိုင်းတွေကိုပြင်ရေး အမှားတွေကိုအမှန်သင်ခိုင်းရင်း ကျောင်းတိုင်း ကွန်ပြူတာရှိဖို့လည်း ကြိုးစားခဲ့ကြဖူးတယ်လေ.. ရန်ကုန်မြို့လယ်က လူချမ်းသာတွေပဲတက် တဲ့ကျောင်းတွေကိုကြည့်ပြီး အပြိုင်အဆိုင် all D ထွက်ဖို့ အလုအယက်ကြိုးစားနေကြတာကိုကြည့်ပြီး ကားနဲ့အကြိုအပို့လုပ် ဆရာတွေအိမ်ခေါ်သင် Guide တွေနဲ့စာတွေလုပ်နေကြတာ အမှတ်တွေကောင်းကြတာကိုကြည့်ပြီး မြန်မာပြည်ပညာရေး တိုးတက်နေပါသတဲ့... တပြည်လုံးကကျောင်းတွေမှာတော့ မိုးယို ကြမ်းကျွံ ရေကြီး မီးပျက်နေတာအများကြီး ဆရာမရှိလို့ စာမသင်ရတဲ့နေရာတွေတပုံကြီး... ကျောင်းဝတ်စုံတောင်မရှိလို့ အိမ်နေရင်းဝတ်စုံလေးတွေနဲ့ တက်နေရတာတပုံကြီး တိုက်ပွဲတွေဖြစ်နေလို့ ရေကြီးနေလို့ စားစရာမရွိလို့ ခိုင်းမယ့်သူမရှိလို့ ကျောင်းမပို့တော့တာတွေ အများကြီး.... "ပညာမြင့်မှ လူမျိုးတင့်မည်" တဲ့ မွန္လုိက္တာ ပညာမမြင့်တော့ လူမျိုးလည်းမျက်နှာငယ် နိုင်ငံလည်း အနှိမ်ခံရ နည်းပညာလည်းမရှိ သယံဇာတလည်းကုန် နိုင်ငံလည်း ချွတ်ခြုံကျနေတော့... နိုင်ငံပေါင်းစုံက တို့မြန်မာတွေအလုပ်ကြမ်းသမားတွေ ငယ်ငယ်ကစာသင်ခဲ့တဲ့အဖြူအစိမ်းဝတ်စုံကို ပြန်တွေးတိုင်း ပြုံးမိနေမလား ငယ်ငယ်ကစိတ်ကူးယဉ်ဖူးတဲ့ ကမ္ဘာမှာမြန်မာဟေ့ ဆိုတဲ့စာသားလေးကို ခပ်တိုးတိုးရေရွတ်နေတုန်းလား.... ဟုတ္ကဲ့. . . ! ကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေ မြန်မာပြည်မှာစာသင်နေပါတယ်။ #crd
Show all...
မြန်မာနိုင်ငံကြီးမှာ မကြိုက်ဆုံး အကျင့် နှစ်ခုရှိတယ် တစ်ခုက ဘယ်ခရီးကပြန်လာလာ ငါတို့အတွက် ဘာပါလဲဆိုတာ အဲ့ချိန်ဆို အရမ်းပြန်မေးချင်တာ ငါသွားတုန်းကရော နင်တို့ဘာဝယ်ထည့်ပေးလိုက်လို့လဲ ဆိုပြီး ဒုတိယတစ်ခုက ကိုယ်က တစ်ခုခု achieve ဖြစ်သွားခဲ့ရင် ငါတို့ကို ဘာကျွေးမှာလဲဆိုတာ ကိုယ်အဲ့လို achieve ဖြစ်ဖို့ သူတို့ဘာဝင်ကူညီခဲ့ဘူးလဲလို့ တစ်ခွန်းပဲပြန်မေးလိုက်ချင်တာ #crd
Show all...
🔥 4❤ 3👍 1
သုံးပွင့်ဆိုင်လာခဲ့ရင် ဘေးထွက်ထိုင်နေလိုက်ပါ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာမှာ နောက်တစ်ယောက်ဆိုတာ မရှိဘူး ပွတ်တိုက်မိရုံ ရေစက်တချိုကို ငါတိုက ဘဝနဲ့ချီပြီး ရူးခဲ့ကြတာ အချစ်နဲ့စစ်မှာ တရားမျှတမှုမရှိရင်တောင် တစ်စုံတစ်ယောက်က ကိုယ့်ကိုယ်ချစ်လာဖိုအတွက်တော့ တကူးတကကြီး လုပ်ယူမနေပါနဲ့ စိတ်ပင်ပန်းတယ် ချစ်ပါ သိက္ခာရှိရှိနဲ့ ချစ်ပါ ... #crd
Show all...
😢 5
မင်းကလမင်းကြီးလိုပဲကွာ မြင်ရုံပဲမြင်လို့ရပြီးပိုင်ဆိုင်ချင်တာတောင်ပိုင်ဆိုင်လို့မရဘူး...ဘာပဲဖြစ်ဖြစ်လေ တချို့အရာတွေက အဝေးကကြည့်မှလှတာ...ပျော်အောင်နေပါဖူးရယ်
Show all...
😢 3
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.