en
Feedback
ကချင်တောင်တန်း

ကချင်တောင်တန်း

Open in Telegram

📈 Analytical overview of Telegram channel ကချင်တောင်တန်း

Channel ကချင်တောင်တန်း (@myutsawkasa) in the Burmese language segment is an active participant. Currently, the community unites 14 444 subscribers, ranking 14 123 in the News & Media category and 8 089 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 14 444 subscribers.

According to the latest data from 18 January, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -261 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 19 January, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

14 444
Subscribers
No data24 hours
-547 days
-26130 days
Posts Archive
KIA+PDF ကသာ ပူပေါင်းစစ်ဆင်ရေး....အမှတ်တရလေးပေါ့ကွယ်...
+1
KIA+PDF ကသာ ပူပေါင်းစစ်ဆင်ရေး....အမှတ်တရလေးပေါ့ကွယ်...

KIA+PDF ကသာ ပူပေါင်းစစ်ဆင်ရေး....အမှတ်တရလေးပေါ့ကွယ်...

BREAKING NEWS ကွတ်ခိုင်တွင် TNLAမှ ဖမ်းဆီးပြီး လွှတ်လိုက်သော PDFများကို မန်တုံတွင် ပြန်လည် ဖမ်းဆီး။ ကွတ်ခိုင်- ၂၀ မတ် ၂၀၂၅။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLAတပ်​၏ ယာယီထိန်းချုပ်မှုအောက်တွင် ရှိနေသော ကွတ်ခိုင်မြို့၌ TNLAတပ်ဖွဲ့ဝင်များမှ PDFတပ်ဖွဲ့ဝင်များကို လက်နက်ခဲယမ်း ငွေကြေးများအပါအဝင် ဖမ်းဆီးခဲ့ပြီး လူကိုပြန်လွှတ်ပေးခဲ့သော်လည်း မန်တုံမြို့တွင် ထပ်မံ ဖမ်းဆီးခဲ့ပြီးနောက် ယခုအချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ (၁၆)ရက်နေ့တွင် ကွတ်ခိုင်မြို့ အောင်ချမ်းသာ စားသောက်ဆိုင်၌ ဝင်ရောက်နားနေသော PDF တပ်ဖွဲ့ဝင်များကို TNLAတပ်မှ ဖမ်းဆီးခဲ့ကြပြီး လက်နက်ခဲယမ်း၊ ကျပ်ငွေ သိန်း (၁၈၀၀)ခန့်နှင့် အခြားအသုံးအဆောင်များကို သိမ်းဆည်းယူဆောင်သွားပြီးနောက် သိန္နီမြို့ဘက်သို့ PDF များကို ပို့ဆောင်သွားကြသည်။ ထိုသို့ ပို့ဆောင်စဉ် PDF တပ်ဖွဲ့ဝင်များ​၏ လက်နက်များကို ပြန်လည် ပေးခဲ့သော်လည်း ၎င်းတပ်ဖွဲ့ဝင်များ မန်တုံမြို့သို့ ရောက်သောအခါ TNLA တပ်မှ PDF တပ်ဖွဲ့ဝင် (၇)ဦးကို တစ်ခါပြန်လည် ဖမ်းဆီးခဲ့ပြီး လက်နက်ခဲယမ်းများအပြင် ကား (၃)စီးကိုပါ သိမ်းဆည်းယူသွားခဲ့ပြီးနောက် ယခုအချိန်ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှသိရှိရသည်။ “ဟိုတနေ့က ကွတ်ခိုင်မှာ TNLAတွေ ဖမ်းလိုက်တဲ့ PDFတွေကို မန်တုံမှာ တစ်ခါပြန်ပြီး ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်၊ ကွတ်ခိုင်မှာ ဖမ်းပြီး ပြန်လွှတ်ပေးတုန်းက ပိုက်ဆံနဲ့ star link wifiတွေကို သိမ်းယူလိုက်တယ်၊ လူတွေကိုတော့ ပြန်လွှတ်ပေးတယ်၊ လက်နက်တွေလည်း ပြန်ပေးတယ်၊ သိန္နီထိ လာပို့သွားကြတယ်၊ ဒါပေမဲ့ နောက်တစ်နေ့ကျတော့ မန်တုံမြို့မှ အဲ့PDFအဖွဲ့ကိုပဲ TNLA တွေက ထပ်ဖမ်းလိုက်တယ်လို့ သိရတယ်၊ ဒီတစ်ကြိမ်တော့ လက်နက်တွေရော ကျည်တွေရောပြီးတော့ ကား (၃)စီးကိုရော သိမ်းလိုက်တယ်၊ Vigo တစ်စီး၊ ခွေးဘီလူး တစ်စီးနဲ့ Xtrail တစ်စီးတွေကို သိမ်းလိုက်တာလို့ သိရပါတယ်။”ဟု ပြောသည်။ အဆိုပါ စစ်ကိုင်းမှ တက်လာသော PDFများကို TNLAတပ်မှ ကွတ်ခိုင်မြို့တွင် မတ်လ (၁၆)ရက်နေ့ညနေ အချိန်တွင် ဖမ်းဆီးခဲ့ပြီး ပိုက်ဆံသိန်း (၁၈၀၀)ခန့်ကို သိမ်းလိုက်ပြီး လူကို ပြန်လွှတ်ပေးခဲ့သော်လည်း မတ်လ (၁၇)ရက်နေ့၌ မန်တုံမြို့တွင် ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသော PDFတပ်ဖွဲ့ဝင်(၇)ထဲတွင် ခရိုင်မှူးအဆင့် အရာရှိ နှစ်ဦးလည်း ပါဝင်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ TNLAတပ်မှ ၎င်းတို့ ယာယီ ထိန်းချုပ်ထားသော မြို့နယ်များအတွင်း အခြား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှ စစ်ဝတ်စုံ၊ လက်နက်အပြည့်အစုံဖြင့် သွားလာခြင်း မပြုလုပ်ရန် ထုတ်ပြန်မှုများရှိသော်လည်း ကွတ်ခိုင်မြို့အတွင်း MNDAAတပ်ဖွဲ့ဝင်များ​၏ သွားလာလှုပ်ရှားမှုများရှိနေကြောင်း ဒေသခံများ​၏ ပြောပြချက်များအရ သိရသည်။

ဂါဇာဒေသကို အစ္စရေးတပ်ဖွဲ့ သုံးသောင်းခန့် ပြန်လည်ဝင်ရောက်လာချိန်မှာ..... စစ်ကိုင်း PDF များ ကွပ်ခိုင်တွင် TNLA မှ ၎င်းတို့ထံ လ
+1
ဂါဇာဒေသကို အစ္စရေးတပ်ဖွဲ့ သုံးသောင်းခန့် ပြန်လည်ဝင်ရောက်လာချိန်မှာ..... စစ်ကိုင်း PDF များ ကွပ်ခိုင်တွင် TNLA မှ ၎င်းတို့ထံ လက်နက်ဝယ်ယူသူများကို TNLAမှပဲ ကျပ်ငွေ သိန်း သုံးထောင် ငါးရာနှင့် စစ်ကိုင်း PDF အဖွဲ့ဝင် လေးဉီး ချိပ်ဆက်ဆောင်ရွက်သူ ၂ ဉီးတို့ကို ဖမ်းဆီးထားပြီး ငွေသားများကို သိမ်းယူလိုက်ပါတယ်.. ယခင်က မြန်မာပြည်အလယ်ပိုင်းဒေသတွင်းက အဖွဲ့ပေါင်းစုံတို့သည်TNLA ထံတွင် လက်နက်နှင့် ခဲယမ်းများကို စစ်ကောင်စီကို တော်လှန်ဖို့အတွက် မကြာခန ဝယ်ယူနေကြသူများ ဖြစ်ကြပြီး ယခုအခါ တရုတ်ပြည် ကူမင်းဆွေးနွေးပွဲနောက်ပိုင်း TNLA ၏ လုပ်ပုံကိုင်ပုံနှင့် ဆက်ဆံရေးများ ပြောင်းလဲသွားတယ်လို့ ဒေသတွင် အလွတ်တမ်း သတင်းထောက် ကိုစိုးခေးက ပြောပါသည်။ ဂိုလ်ရှယ်လေး

ကွတ်ခိုင်တွင် TNLA ရဲတပ်ဖွဲ့က PDF တပ်ဖွဲ့ဝင်များထံမှ လက်နက်ခဲယမ်းများအပါအဝင် မြန်မာကျပ် သိန်းတစ်ထောင်ကျော်နှင့် စတားလင့်စက်များသိမ်းယူ မတ်လ ၊ ၁၉ ရက် ၊ ၂၀၂၅ ခုနှစ်။ KSSM ( နမ့်ဖတ်ကာ ) ပြီးခဲ့သည့် ( မတ်လ ၊ ၁၆ ၊ ၂၀၂၅ ) ည​နေ ( ၃:၄၅) အချိန်တွင် ရှမ်းပြည်နယ်​မြောက်ပိုင်း ၊ ကွတ်ခိုင်တွင် TNLA ရဲတပ်ဖွဲ့က PDF တပ်ဖွဲ့ဝင်များထံမှ လက်နက်ခဲယမ်းများအပါအဝင် သိန်းတစ်ထောင်ကျော်နှင့် ဆက်သွယ်ရေးပစ္စည်း စတားလင့်စက်များ သိမ်းယူသွား​ကြောင်း သိရှိရပါသည်။ “ ပြီးခဲ့တဲ့ ( မတ်လ ၊ ၁၆၊၂၀၂၅) ရက်နေ့ ည​နေ (၃:၄၅) အချိန် စစ်ကိုင်းဘက်ကတက်လာတဲ့ PDF တပ်ဖွဲ့ဝင်ရဲ​ဘော် (၁၀) ယောက် ကွတ်ခိုင်မြို့ ရပ်ကွက် (၈) မှာရှိတဲ့ အောင်ချမ်းသာစား​သောက်ဆိုင်မှာ ဝင်နား​နေချိန် TNLA ရဲစခန်းက ဗိုလ်​အောင်စိုးဦးတို့အဖွဲ့​ရောက်လာပြီး PDF ရဲဘော်များပါလာတဲ့ လက်နက်ခဲယမ်းများ ၊ မြန်မာကျပ်ငွေသိန်းတစ်​ထောင်နဲ့ရှစ်ဆယ် ၊ စတားလင့်စက် (၁) ခုနဲ့ Mipad (၁)ခု သိမ်းယူသွားတယ် ၊ သူတို့ရဲစခန်းကို​ခေါ်သွားပြီး စစ်ဆေးမေးမြန်းပြီး PDF တပ်ဖွဲ့ဝင်အားလုံးကို ပြန်လွတ်​ပေးလိုက်ပြီလို့ သိရပါတယ် ” ဟု ရှမ်း​မြောက်စစ်​ရေးသတင်းရင်းမြစ်တစ်ခုက KSSM သတင်းဌာနသို့ ယ​နေ့​ပြောဆိုလာပါသည်။ “ စစ်ကိုင်းဘက်က PDF ရဲ​ဘော်​တွေပါလာတဲ့ လက်နက်များ ၊ ငွေနဲ့ဆက်သွယ်ရေးစက်​တွေက အာဏာသိမ်း စကစကို​တော်လှန်ဖို့ ပြည်သူ​တွေက​ပေးလှူထားတာလို့သိရတယ် ၊ ဒါကို TNLA ရဲတပ်ဖွဲ့​တွေက ပြန်ဖမ်းယူတယ်ဆို​တော့ သိပ်​တော့မဟုတ်​သေးဘူး ၊ ပြန်လွတ်​ပေးတဲ့အချိန်မျာ PDF ရဲ​ဘော်​တွေကိုင်​ဆောင်ထားတဲ့လက်နက် တချို့ ၊ စီးနှင်းလာတဲ့ ကားနှစ်စီးနဲ့အတူ သိန်း(၅၀) တော့ပြန်​ပေးလိုက်တယ် ၊ ကျန်တဲ့ သိန်းတစ်​ထောင်​ကျော် ၊ လက်နက်တချို့နဲ့ ဆက်သွယ် ပစ္စည်းများကို သူတို့ ( TNLA ) ဘက်က သိမ်းယူလိုက်တယ်ကြားပါတယ် ” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောဆိုထားသည်။ ကွတ်ခိုင်မြို့ရှိ KIO အစိုးရ၏ ဆက်ဆံ​ရေးရုံးနှင့် ဒေသကာကွယ်​ရေး GMH ရုံးနှစ်ခုကို ပြီးခဲ့သည့် ( မတ်လ ၊ ၇၊၂၀၂၅) ည​နေပိုင်းတွင် TNLA တပ်ဖွဲ့မှ မတရားဝင်​ရောက်သိမ်းယူပြီး KIA တပ်ဖွဲ့ဝင် (၂၀) ဦးကို ရိုက်နှက်ကာ ကွတ်ခိုင်မြို့စည်ပင် အမှိုက်တင်ကားဖြင့် ရှုခင်းသာကုန်းထိ နှင်ထုတ်ခဲ့ပြီး​နောက် ကွတ်ခိုင်မြို့တွင်း MNDAA နှင့် TNLA တပ်ဖွဲ့ဝင်များကိုသာ စစ်ဝတ်စုံ လက်နက်ခဲယမ်းများဖြင့်​တွေ့ရ​တော့​ကြောင်း ကွတ်ခိုင်​ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။ အလားတူ ကွတ်ခိုင်မြို့ရှိ KIO ဆက်ဆံ​ရေးရုံးကို TNLA မှ မတရား ဝင်သိမ်းပိုက်ခဲ့သည့် ( မတ် ၊ ၇၊၂၀၂၅) ညနေပိုင်းတွင် ကွတ်ခိုင်မြို့သို့ဝင်လာသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးကိုလည်း တိုးဂိတ်တွင် ဖမ်းဆီးကာ ရဲစခန်းတွင် တစ်ပတ်ကြာ ချုပ်​နှောင်ထားပြီး ငွေနှစ်သိန်း​ပေး​ဆောင်ခိုင်းကာ ( မတ်လ ၊ ၁၄၊၂၀၂၅) ရက်​နေ့တွင် ပြန်လည်လွတ်​ပေးခဲ့​ကြောင်း PDF တပ်ဖွဲ့ဝင် အရာရှိတစ်ဦးထံမှ သိရှိရပါသည်။ ယခုရက်ပိုင်းအတွင်း စစ်​ကောင်စီကို​တော်လှန်​နေသည့် အခြား​သော လက်နက်ကိုင်အဖွဲ့အစည်းများ ကွတ်ခိုင်မြို့တွင်း သွားလာလှုပ်ရှားမှုရှိမရှိ TNLA တပ်ဖွဲ့များ အထူးစုံစမ်း စောင့်ကြည့်ကာ လိုက်လံစစ်​ဆေး​နေ​ကြောင်း ဒေသခံများက ပြောဆို​နေကြပါသည်။ / နှင့် WeChat Channel ( ID : KachinSubStateMedia ) သို့ ဆက်သွယ်သတင်းပေးပို့နိုင်ပါသည်။

ဒီလိုလက်ဆောင်မျိုးခဏခဏရပါစေဗျား.....အလှူပေးတဲ့ မအလ ရဲ့သားများကိုကျေးဇူးပါ....

ကသာ နဲ့ အင်းတော် ကြားတိုက်ပွဲတွင် KIA ပူးပေါင်းတပ်ဖွဲ့များဖမ်းဆီးထားသေး စကစ တပ်ဖွဲ့ဂင်များ....

15-16/3/2025 ၂-ရက်အတွင်း စစ်ကိုင်းတိုင်း ကသာ ဘက်မှ အင်းတော်ဘက်စစ်ကူသွားဖို့ထွက်လာတဲ့ စကစ စစ်တပ် တပ်မ-၇၇ လက်အောက် အင်အား ၁၅၀ ပ
+4
15-16/3/2025 ၂-ရက်အတွင်း စစ်ကိုင်းတိုင်း ကသာ ဘက်မှ အင်းတော်ဘက်စစ်ကူသွားဖို့ထွက်လာတဲ့ စကစ စစ်တပ် တပ်မ-၇၇ လက်အောက် အင်အား ၁၅၀ ပါစစ်ကြောင်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များကြားဖြတ်တိုက်ခိုက်သဖြင့် စကစ စစ်တပ်ဘက်မှအယောက်-၄၀ သေ/ ၃၀-ကျော်ကိုအရှင်ဖမ်းမိထား၊ ဒဏ်ရာရသူများပြီးစစ်ကြောင်းတစ်​ကြောင်းလုံးဖွဲ့စည်းပုံ​ပျက်ကာ ကသာဘက်သို့ပြန်ဆုတ်ခွာသွားကြောင်းသိရှိရပါသည်။ စကစ တပ်ရဲ့ လက်နက်ခဲယမ်းအမြောက်အများကို KIA ပူးပေါင်းတပ်ဖွဲ့များသိမ်းဆည်ရရှိထားကြောင်းသိရှိရပါသည့။

တကယ်ဆို KIA တပ်အင်အားက TNLA အင်အားထက်ပိုများပါတယ်....KIA တပ်ကစစ်မျက်နာအများကြီးဖြန့်ထားရတာမို့ KIA တပ်အင်အားနည်းသလိုထင်ရတာပါ။

အမှားကြီးမှားသွားခဲ့ပြီ *** ၂၀၁၁ မှ ၂၀၁၃ အတွင်း KIA တပ်မှ PSLF/TNLA ကိုကူညီခဲ့သော လက်နက်ပေါင်းစုံ ၂၁၄ လက်နဲ့အတူ ကျည်ဆံ/ ယမ်း/ မိုင်း/ စစ်ယူနီဖေါင်း/ အေမ်ဂွတ်မေန်း များပါရှိပြီး၊ ရိက္ခာများကိုလည်းထောက်ပံ့ပေးခဲ့သည်။ စစ်သင်တန်း နဲ့ ဆေးဘက်သင်တန်း အပတ်စဥ်-၄ ထိပို့ချပေးခဲ့သည်။ ၂၀၁၁- ၂၀၁၅ နှစ်အတွင်း PSLF/ TNLA ကိုထောက်ပံ့ကူညီခဲ့သောငွေသားသီးသန့် တရုတ်ငွေ (ယွမ်-၈၆၄၂၅၄) နဲ့ မြန်မာငွေ ကျပ်-၁,၄၈၄,၈၀၀,၀၀၀ (သိန်းတစ်သောင်း လေးထောင် ရှစ်ရာ လေးဆယ်ရှစ် သိန်း) အားကူညီထောက်ပံ့ပေးခဲ့ပါတယ်....လက်နက်/ ခဲယမ်း/ ရိက္ခာ/ ဆေးဝါး/ စစ်ဝတ်စုံတန်ဖိုးတွေမပါသေးပါ။ ၂၀၁၄-၂၀၁၇ နှစ်အတွင်း လစဥ် သိန်း-၈၀၀ ငွေသားထောက်ပဲံ့ပေးခဲ့သည်။ ၂၀၁၁ မှ ၂၀၁၇ နှစ်အတွင်း KIO/KIA မှ PSLF/TNLA ကိုထောက်ပံ့ခဲ့သော လက်နက်/ ခဲယမ်း/ ရိက္ခာ / ဆေးဝါ/ ငွေသား အားလုံးပေါင် သိန်းပေါင်း-၄၆၀၀၀ ကျော်ရှိပါတယ်... စားရင်းအတိအကျပြုစုထားပါတယ်၊....အခုငွေကြေးနဲ့တွက်ရင် သိန်းပေါင်း -၆၀၀၀၀ ကျော်နိုင်ပါတယ်။ ဒါကို PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များက အောက်ခြေတပ်ဖွဲ့ဝင်များကိုအမှန်မပြောပြဘဲမှားယွင်းတဲ့အချက်အလက်များကိုသာပြောပြထားပုံရပါတယ်။ အခုချိန်မှာ TNLA တပ်ကိုကချင်တွေပြုစုပျိုးထောင်ပေးခဲ့တာအမှားကြီးမှားသွားခဲ့တယ်လို့ကချင်ပြည်သူတစ်ဦးအနေနဲ့ခံစားမိပါကြောင်းတင်ပြလိုက်ရပါသည်။

၂၀၁၁ မှ ၂၀၁၃ အတွင်း KIA တပ်မှ PSLF/TNLA ကိုကူညီခဲ့သော လက်နက်ပေါင်းစုံ ၂၁၄ လက်နဲ့အတူ ကျည်ဆံ/ ယမ်း/ မိုင်း/ စစ်ယူနီဖေါင်း/ အေမ်
+2
၂၀၁၁ မှ ၂၀၁၃ အတွင်း KIA တပ်မှ PSLF/TNLA ကိုကူညီခဲ့သော လက်နက်ပေါင်းစုံ ၂၁၄ လက်နဲ့အတူ ကျည်ဆံ/ ယမ်း/ မိုင်း/ စစ်ယူနီဖေါင်း/ အေမ်ဂွတ်မေန်း များပါရှိပြီး၊ ရိက္ခာများကိုလည်းထောက်ပံ့ပေးခဲ့သည်။ စစ်သင်တန်း နဲ့ဆေးသင်တန်း အပတ်စဥ်-၂ ထိပို့ချပေးခဲ့သည်။ ၂၀၁၁- ၂၀၁၅ နှစ်အတွင်း PSLF/ TNLA ကိုထောက်ပံ့ကူညီခဲ့သောငွေသားသီးသန့် တရုတ်ငွေ (ယွမ်-၈၆၄၂၅၄) နဲ့ မြန်မာငွေ (ကျပ်-၁,၄၈၄,၈၀၀,၀၀၀) သိန်း အားကူညီထောက်ပံ့ပေးခဲ့ပါတယ်...လက်နက်/ ခဲယမ်း/ ရိက္ခာ/ ဆေးဝါး/ စစ်ဝတ်စုံတန်ဖိုးတွေမပါသေးပါ။ ၂၀၁၄-၂၀၁၇ နှစ်အတွင်း လစဥ် သိန်း-၈၀၀ ငွေသားထောက်ပဲံ့ပေးခဲ့သည်။ ၂၀၁၁ မှ ၂၀၁၇ နှစ်အတွင်း KIO/KIA မှ PSLF/TNLA ကိုထောက်ပံ့ခဲ့သော လက်နက်/ ခဲယမ်း/ ရိက္ခာ / ဆေးဝါ/ ငွေသား အားလုံးပေါင် သိန်းပေါင်း-၄၆၀၀၀ ကျော်ရှိပါတယ်... စားရင်းအတိအကျပြုစုထားပါတယ်၊ ဒါကို PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များက အောက်ခြေတပ်ဖွဲ့ဝင်များကိုအမှန်မပြောပြဘဲမှားယွင်းတဲ့အချက်အလက်များကိုသာပြောပြထားပုံရပါတယ်။ အခုချိန်မှာ TNLA တပ်ကိုကချင်တွေပြုစုပြူးထောင်ပေးခဲ့တာအမှားကြီးမှားသွားခဲ့တယ်လို့ကချင်ပြည်သူတစ်ဦးအနေနဲ့ခံစားမိပါကြောင်းတင်ပြလိုက်ရပါသည်။

မကွေး နဲ့ စစ်ကိုင်းဒေသသို့ရောင်ရှိနေသော KIA ရဲဘော်များကို KIA ဗဟိုမှပြန်ရုတ်သိမ်းသွားမယ်လို့သိရှိရပါတယ်၊ ဒါဟာ စကစ လိုလားတဲ့အရ
+1
မကွေး နဲ့ စစ်ကိုင်းဒေသသို့ရောင်ရှိနေသော KIA ရဲဘော်များကို KIA ဗဟိုမှပြန်ရုတ်သိမ်းသွားမယ်လို့သိရှိရပါတယ်၊ ဒါဟာ စကစ လိုလားတဲ့အရာဖြစ်ပါတယ်၊ TNLA နဲ့ စကစ စစ်တပ် ပထမအကြိမ်ကူမင်း တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း TNLA တပ်ဟာ ရှမ်းမြောက်ရှိ KIA တပ်ဖွဲ့များကိုနှောင့်ယှက်မှုပိုမိုလုပ်ဆောင်လာတာကိုတွေ့မြင်ရပါတယ်၊ စစ်ကိုင်း/ မကွေး ဘက်က KIA တပ်တွေပြန်ရုတ်သိမ်းလာအောင် TNLA က KIA ကိုစစ်ရေးအရနှောင့်ယှက်ဖိအားပေးနိုင်မယ်ဆိုရင် TNLA ရဲ့တောင်းဆိုချက်အတိုင်း စကစ တပ်ကရောက်တဲ့နေရာမှာအပစ်ရပ်ပေးမယ်ဆိုပြီး TNLA ထိပ်ပိုင်းခေါင်းဆောင်တွေကိုပြောတယ်လို့သိရှိရပါတယ်၊၊ ဒီသတင်းတာမှန်မယ်ဆိုရင် TNLA သည်ကိုယ်ကျိုးအတွက်ဘဲ နွေဦးတော်လှန်ရေးကိုအသုံးချကာသူတို့ကိုကူညီခဲ့တဲ့ PDF တွေနဲ့ပြည်သူလူထုတစ်ရပ်လုံးကိုသစ္စာဖောက်လိုက်ခြင်းပင်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။

KIA ကို TNLAနှောက်ယှက်ခြင်း မှနွေဦးတော်လှန်ရေး သက်ရောက်မူ ***** KIAရဲဘော်များ အညာဒေသ စစ်ကိုင်း မကွေး ဧရာဝတီ ဖက် NUG PDF LPDF များနဲ့ အတူအမှတ်-၁ စစ်ဒေသ စစ်ဆင်ရေးများကို အတူဖော်ဆော် လျှက်ရှိရာ KIA ရဲဘော်များကတစ်နိုင်ငံလုံးအတွက် အညာရှေ့တန်းသို့ရောက်နေချိန်မိမိတို့နောက်တန်း မှာ တချို့ စစ်အင်အားလစ်ဟာမူကို အခွင့်ကောင်းယူပြီး TNLA က အင်းအားသုံး ရိုက်နက် ဖမ်းစီး မောင်းထုတ်မူ များပြုလုပ်လာ သောကြောင့် KIA ဗဟိုမှ မကွေးဒေသ ရောက်ရှိ KIA ရဲဘော် အားလုံးကို မိခင် တပ်ရင်း တပ်မဟာ သို့ပြန်လည်ခေါ်ယူလိုက်ခြင်းက နွေဦးတော်လှန်ရေးရဲ့ပထမ သက်ရောက်မူဖြစ်ပြီး TNLA က ဒီထက် ပိုပြီးနှောက်ယှက်မူ ဆိုးလာခဲ့ ရင် စစ်ကိုင်း မှ KIA ရဲဘော်များကိုပင် ပြန်ခေါ် လာနိုင်သလို မိမိတို့ စစ်လက်နက် များ လဲ လိုအပ်ချက် ကြောင့် အကန့်သတ်ဖြစ်လာရင် PDF ထံ သို့ စစ်လက်နက် များထောက်ပို့ မူ တွင်အကန့်သပ်ဖြစ်လာပြီး အများကြီးခက်ခဲ သွားနိုင်တယ်....တာက စကစ လိုချင်တဲ့အရာဖြစ်တယ် TNLA စကစ ပထမ ဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့ နောက် သိသာလာသလို ခုတစ်ခါထပ်ဆွေးနွေး ချိန် TNLA က စကစ နဲ့ တရုတ် လိုချင်တဲ့ နွေဦးတော်လှန်ရေးကိုနှောင့်နှေးအောင်၊ KIA နွေဦးတော်လှန်ရေးကနေ ဖြေးဖြေးချင်း ဆုတ်သွားအောင် လုပ်ပေးနိုင်ကြောင်းပြပြီး TNLA လိုချင်တဲ့ ဆွေးနွေးမူရလက် ကို စကစ က လက်ခံလာအောင် KIA ကို နှောက်ယှက်ခြင်းလို့ သုံးသပ်မိပါတယ် #prat

KIA ကို TNLAနှောက်ယှက်ခြင်း မှ နွေဦးတော်လှန်ရေး သက်ရောက်မူ KIAရဲဘော်များ အညာဒေသ စစ်ကိုင်း မကွေး ဧရာဝတီ ဖက် NUG PDF LPDF များနဲ့ အတူ အမှတ်1 စစ်ဒေသ စစ်ဆင်ရေးများကို အတူဖော်ဆော် လျှက်ရှိရာ KIA ရဲဘော်များကတစ်နိုင်ငံလုံးအတွက် အညာရှေ့တန်းသို့ရောက်နေချိန်မိမိတို့နောက်တန်း မှာ တချို့ စစ်အင်အားလစ်ဟာမူကို အခွင့်ကောင်းယူပြီး TNLA က အင်းအားသုံး ရိုက်နက် ဖမ်းစီး မောင်းထုတ်မူ များပြုလုပ်လာ သောကြောင့် KIA ဗဟိုမှ မကွေးဒေသ ရောက်ရှိ KIA ရဲဘော် အားလုံးကို မိခင် တပ်ရင်း တပ်မဟာ သို့ ပြန်လည်ခေါ်ယူလိုက်ခြင်းက နွေဦးတော်လှန်ရေးရဲ့ပထမ သက်ရောက်မူဖြစ်ပြီး TNLA က ဒီထက် ပိုပြီးနှောက်ယှက်မူ ဆိုးလာခဲ့ ရင် စစ်ကိုင်း မှ KIA ရဲဘော်များကိုပင် ပြန်ခေါ် လာနိုင်သလို မိမိတို့ စစ်လက်နက် များ လဲ လိုအပ်ချက် ကြောင့် အကန့်သတ်ဖြစ်လာရင် PDF ထံ သို့ စစ်လက်နက် များထောက်ပို့ မူ တွင်အကန့်သပ်ဖြစ်လာပြီး အများကြီးခက်ခဲ သွားနိုင်တယ်တာက စကစ လိုချင်တဲ့ အရာဖြစ်တယ် TNLAစကစ ပထမ ဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့ နောက် သိသာလာသလို ခုတစ်ခါထပ်ဆွေးနွေး ချိန် TNLA က စကစ နဲ့ တရုတ် လိုချင်တဲ့ နွေဦးတော်လှန်ရေးကိုနှောင်နှေး အောင် KIA နွေဦးတော်လှန်ရေးကနေ ဖြေးဖြေးချင် ဆုတ်သွားအောင် လုပ်ပေးနိုင်ကြောင်းပြပြီး TNLAသူ လိုချင်တဲ့ ဆွေးနွေးမူရလက် ကိုစကစ က လက်ခံလာအောင် KIA ကို နှောက်ယှက်ခြင်းလို့ သုံးသပ်မိပါတယ် #prat