en
Feedback
ဗဟုသုတစာပေများ

ဗဟုသုတစာပေများ

Open in Telegram

Show more
The country is not specifiedThe category is not specified
873
Subscribers
+124 hours
+17 days
+130 days
Posts Archive
ဝဋ်ကြွေးဆပ်ဖို့ မွေးဖွါးလာသူ 👨‍👩‍👧👨‍👩‍👧👨‍👩‍👧👨‍👩‍👧👨‍👩‍👧👨‍👩‍👧👨‍👩‍👧👨‍👩‍👧👨‍👩‍👧👨‍👩‍👧 "အမျိုးသမီး"တဲ့ နူးညံ့လိုက်တဲ့ စကားလုံး "မေမေ"တဲ့ အေးချမ်းလိုက်တဲ့ စကားလုံး "ဇနီး"တဲ့ ချိုမြိန်လိုက်တဲ့ စကားလုံး "မိန်းမ"တဲ့ (မိန်းမော)စေတဲ့ စကားလုံး "နှမ"တဲ့ ကြင်နာစရာ စကာလုံး "သမီး"တဲ့ ချစ်စရာ စကားလုံးလေး အမျိုးသမီးတွေဟာ ကျွန်တော်တို့ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး ကွာဟလွန်းပါတယ် ပျော့ညံ့ အားနွဲ့ လွန်းပါတယ်ဗျာ။ ဒါဟာ အားနည်းချက်တစ်ခုနဲ့ မွေးဖွားလာတာလားဗျ။ အရွယ်လည်းရောက် ပျိုပေါက်စမှာ ဓမ္မတာအရ ရာသီသွေးလာချိန်မှာ အစားအသောက် ရှောင်ရ ဗိုက်အောင့် ခေါင်းကိုက် အဆစ်အချိုး ကိုက်ခဲ ဝေဒနာအမျိုးမျိုးနဲ့ ပါလာတာ ကံကြမ္မာကပေးတဲ့ လက်ဆောင်လားဗျ။ ချစ်တတ်စအရွယ် အပျိုစင်ဘဝမှာ ဣနြေ္ဒသိက္ခာနဲ့ ထိန်းသိမ်းတတ်မှသာ ပတ်ဝန်းကျင်ရဲ့ အလှောင်ပြောင်ပုတ်ခတ်မှု နဲ့လွတ်ရမှာ သဘာဝတရားကပေးတဲ့ စည်းကမ်းတင်းကျပ်မှုလားဗျ။ အမျိုးသားတွေနဲ့ အသွေးသားတောင်းတ တာချင်းအတူတူ ဆန္ဒကိုအလိုလိုက်မိလို့ ရင်သွေး ဝန်ထုပ်က အမျိုးသမီးဆီမှာပဲ ပုံချလာတယ်။ သိက္ခာမဲ့တယ်။ အရှက်ကွဲရတယ်။ မိနစ်ပိုင်းအတွင်း အတူတူ ကျူးလွန်မိတဲ့ အမှားကို ကိုးလထိဒုက္ခရောက်ရ တစ်သက်စာ သိက္ခာအရှက်ကွဲရတာ လောကကြီးက ပေးသနားတဲ့ "ဆု" လားဗျ။ ယောက်ျားနဲ့ အသွေးသားဆန္ဒကို ဖြည့်ဆည့်ရင်း ရလာတဲ့ရင်သွေးကို ဒုက္ခပေါင်းစုံ အနစ်နာခံပြီး ယုယထွေးပွေ့ထားတာ မိန်းမတွေပါ။ အချစ်အတွက် လောကဓံဝန်ထမ်းဖို့ဝန်မလေးပဲ လင်နဲ့မခွာ အေးတူပူမျှခံစားရင်း အရဲစွန့်လင်နောက်လိုက်ရဲတဲ့ သတ္တိကို ဘာလို့အသိမှတ်မပြုတာလဲ ကံကြမ္မာကြီးရယ်။ မိသားစုနဲ့ ဆွေမျိုးတွေကို စွန့်လွှတ်ပြီး သူစိမ်းယောက်ျားဆီမှာ လခလစာ မရပဲ ကျွန်ခံတယ် အလှပမက်မောရက်နဲ့ ပယ်ခွာတယ် အပျိုစင်ရရက်သားနဲ့ စတေးရဲတယ် ဒီသတ္တိတွေက အချည်းနှီးပဲ သတ်မှတ်တော့မလား လောကကြီးရယ်။ ဘဝတစ်ခု ရတာချင်း တူရက်နဲ့ အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းခွင့် မရှိတာ သူတို့ရဲ့ ဝဋ်လည်မှုလားကွယ်။ မိန်းမသားဘဝမှာ အိမ်ဆိုတဲ့ "ထောင်" ထဲမှာ လင်ယူ သားမွေးအိမ်မှုကိစ္စနဲ့ပဲ အိုမင်းသွားတော့မလား ကံကြမ္မာကြီးရယ်။ အိမ်ထောင်တစ်ခု အတူဆောက်ဖို့ "မယားနေစ ကြောင်သေမှ"ဆိုသလို အမျိုးသားတွေ မိန်းမယူရင် ကြောင် ၅ ကောင်ကို သတ်ရတယ်။ {ဇီဇာ / သဝန် / သရဲဘော / သတ္တိ/ ဖွန် ဆိုတဲ့ ကြောင် (၅)ကောင် ကို အသေသတ်ရပါတယ်}တဲ့ "လင်နေစ ဆင်သေမှ"ဆိုသလို အမျိုးသမီးတွေ ယောက်ျားယူရင် ဆင် ၅ ကောင်ကို သတ်ရတယ် တဲ့ {အပြောအဆို / အနေအထိုင် / အသွားအလာ / အသုံးအစွဲ / အပျံ့အလွင့် ဆိုတဲ့ ဆင်ခြင်စရာ ဆင်(၅)ကောင် ကို အသေသတ်နိုင်ရမယ်}တဲ့ ကံကြမ္မာက မတရားလိုက်တာ အမျိုးသမီးတွေ အားနွဲ့တယ်ဆိုပြီး (အမျိုးသားတွေက ကြောင်သတ်ရတယ် အမျိုးသမီးတွေက ဆင်သတ်ရတယ်)တဲ့လား အမျိုးသမီးတွေကို ကြည့်ပြီး စာရေးသူမှာ မျှဝေခံစားလို့မရတာတောင် ကိုယ်ချင်းစာ မိပါတယ်။ ဒီအမှုဒဏ်တွေအားလုံးဟာ သူတို့ဝဋ်ကြွေးအဖြစ်မွေးဖွားလာတာလား ကံကြမ္မာကြီးရယ်။ ဒါတွေအားလုံး ကျွန်တော်တို့ အမျိုးသား တွေ မခံစားရဘူးဆိုပေမယ့် တစ်ခုတော့ တောင်းဆုတွေ ခွင့်တောင်းချင်တယ်။ {လောကကြီးရေ... ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် အမျိုးသမီးတွေ ဝဋ်ကြွေးဆပ်ဖို့သပ်သပ် မွေးဖွါးလာရင်တောင် လူစိတ်ရှိတဲ့ယောက်ျားနဲ့တော့ ဆုံခွင့်ပေးသနားတော်မူပါ🙏🙏🙏

#စိတ်ကောင်းထားပါ ➖➖💞➖➖ ❒ စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်။ ဘာမှ မပိုင်ရင်တောင် ဒီတစ်ခုကိုတော့ ပိုင်အောင် လုပ်သင့်ပါတယ်။ ဒေါသနဲ့ ဝေးဝေးနေပါ။ ဒေါသက နာကျင်မှုတွေပေးလို့ပါ။ သင်ကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုရောပေါ့။ တစ်မိနစ်ဒေါသထွက်ရတိုင်း စက္ကန့် (၆ဝ)စာ ပျှော်ရွှင်မှုတွေ ဆုံးရှုံးသွားရတာကို မမေ့ပါနဲ့။ ကိုယ်ကမှန်နေတယ်ဆိုရင် စိတ်ဆိုးနေစရာမလိုပါ။ တကယ်လို့ ကိုယ့်ဘက်က မှားနေတယ်ဆိုရင်လည်း ကိုယ်ကဘာမှစိတ်ဆိုးပိုင်ခွင့်မရှိတာကို နားလည်လိုက်ပါ။ မိသားစုဝင်တွေအပေါ် သည်းခံခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်။ တခြားသူတွေအပေါ် သည်းခံခြင်းဟာ လေးစားမှုကို ဖော်ညွှန်းတယ်။ ကိုယ့်ကိုယ်ကို သည်းခံနိုင်ခြင်းဟာ မိမိကိုယ်ကိုယုံကြည်မှုရှိတာကို ဖော်ညွှန်းတယ်။ အခြေအနေတွေကို အလိုက်သင့်သည်းခံခြင်းဟာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းကို ဖော်ညွှန်းတယ်။ အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့။ မျက်ရည်တွေပဲ ကျလာရင် ကိုယ်ပဲ ဝမ်းနည်းရမယ်လေ။ အနာဂတ်အကြောင်းကို သိပ်မတွေးပါနဲ့။ စိုးရိမ်ကြောက်ရွံ့မှုတွေ အားငယ်မှုတွေက သင့်ကိုနှိပ်စက်လာလိမ့်မယ်။ ပစ္စုပ္ပန် လက်ရှိအချိန်မှာ အကောင်းဆုံးစိတ်ထား အကောင်းဆုံးအလုပ်တွေနဲ့ နေထိုင်ပါ။ ကောင်းချီးသြဘာတွေ ဆိုက်ရောက်လာပါလိမ့်မယ်။ ဒါက လက်ဆောင်မွန် ဖြစ်လာပါလိမ့်မယ်။ ဘဝရဲ့စမ်းသပ်ချက်တိုင်းက ပိုမိုကောင်းမွန် လာစေသလို ပိုပြီးခါးသီးသွားစေနိုင်တာလည်း ရှိတတ်တာကို မေ့မထားပါနဲ့ ။ ကြုံတွေ့ရတဲ့ ပြဿနာတိုင်းဟာ အတွေ့အကြုံကောင်းကိုတည်ဆောက်ပေးနိုင်သလို အမှားအဖြစ်လည်း သင့်ကိုချိုးဖျက်နိုင်ပါတယ်။ ဒူးထောက်မလား ဆက်လျှောက်မလား ဆိုတာကတော့ သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ်။ လှနေတဲ့အရာတိုင်းဟာ အမြဲတမ်းမကောင်းနိုင်ပေမယ့် ကောင်းတဲ့အရာတိုင်းကတော့ အမြဲတမ်းလှနေပါတယ်။ ပြောရရင် လှတာထက် ကောင်းတာကို ဦးစားပေးဖို့ပါ။ ပျော်ရွှင်မှုဟာ သင့်ကိုချစ်ဖွယ်သော အရာတွေကို ယူဆောင်ပေးတယ်။ ဒါကြောင့် အမြဲပျော်ရွှင်နေရအောင် တတ်နိုင်သမျှ ကြိုးစားသင့်တယ်။ အနည်းဆုံးတော့ ပြုံးလိုက်ပါ။ 📖 #စာဖတ်သူမိတ်ဆွေအားလုံးကိုလေးစားလျှက်။

ကိုယ့်အနားနေရင်း တခြားသူကို လွမ်းနေခဲ့တာ ... တစ်ခါတစ်လေမှာပိုပြီးတော့သိသာတယ် ... ကိုယ်လောက်ပဲ ချစ်ပေးခဲ့ ချစ်ပေးခဲ့ သူ့အတွေးထဲမှာ ကိုယ်ဆိုတာ လုံး၀ရှိမနေခဲ့ပဲ ဟိုးအရင်တုန်းက လူကို စိတ်ထဲ နှလုံးသားထဲထည့်ပြီး လွမ်းနေခဲ့တာလေ ။ အဲ့ဒီလောက်ထိကျ နားလည်ပေးဖို့မှ မလွယ်ခဲ့တာ ။ ကိုယ်က မင်းအတွက် မလိုတော့ဘူးဆိုတဲ့အခါကျပြန်တော့လဲ လက်လွှတ်ပေးလိုက်ဖို့ကြောက်ပြီး အနားမှာရပ်နေပြန်တော့လဲ တန်ဖိုးမထားခြင်းခံရတဲ့ ဘ၀တွေဟာ တကယ်ရင်နာဖို့ကောင်းတယ် ပြီးတော့ ကိုယ့်ဘက်စပြီးတော့လဲ မပြတ်သားနိုင်တာကြောင့်​ပေါ့ ။ ကျွန်မကို လမ်းခွဲပေးပါလားလို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ဖူးလဲ ဒီတိုင်းပါပဲ ။ ကိုယ့်အနားမှာရပ်ပြီး တခြားသူကို သူက လွမ်းနေခဲ့တာလေ ။ တစ်နေ့တစ်နေ့ ကျွန်မ ဘာလုပ်တယ်ဆိုတာထက် အဲ့ဒီတစ်ယောက် ဘာလုပ်နေမလဲဆိုတာ ပိုပြီးတော့ သိချင်တတ်တယ် ။ ကျွန်မ နေကောင်းမနေတာထက် အဲ့ဒီတစ်ယောက် အဆင်ပြေမနေတာက ပိုပြီးတော့ သူ့အတွက် ပျာယာခတ်စေတယ် ။ တစ်ခါတစ်လေကျတော့ တွေးမိတယ် ငါက သူ့အတွက်ဘာလဲဆိုတာမျိုးပေါ့ အဖြေတွေထွက်မလာပါဘူး အရေးမပါမှန်း ပိုပိုသိလာလို့ မျက်ရည်တွေပဲ ကျကျလာတယ် ... ဘယ်လိုပတ်သက်မှုမျိုးကိုမဆို ကျွန်မ လက်ခံလို့ရပေမယ့် ကျွန်မအနားမှာ ရပ်နေရင်းနဲ့တော့ တခြားတစ်ယောက်ကို လွမ်းနေတာမျိုးတော့ မလိုချင်ဘူးလေ ။ ကျွန်မက ရှင့်အတွက် သူ့လောက်မှ အသုံးမကျတဲ့လူပိုဆိုရင် လက်လွှတ်ပေးလိုက်ပြီး လွတ်လွတ်လပ်လပ်လျှောက်သွားလိုက်ပါ ကျွန်မ ကြည်ဖြူပါတယ် ။ အခုတော့ တချို့နေ့ရက်တွေမှာ အဲ့တစ်ယောက်နဲ့ပတ်သက်ပြီး ကျွန်မတို့တွေ ရန်တွေသတ်ရတယ် ။ စကားတွေများရတယ် ပြီးတော့ ပိုပြီးအေးစက်သွားတယ် ။ အဲ့တစ်ယောက်နဲ့ပတ်သက်ရင် နည်းနည်းမှ ဆတ်ဆတ်ထိမခံတဲ့ သူ့ကို ကျွန်မမုန်းတယ် တခြားတစ်ယောက်နဲ့ မဆိုင်ပဲ ပြိုင်နေရသလိုဖြစ်နေတဲ့ အချစ်ရေးကို ကျွန်မမုန်းတယ် ... ကျေးဇူးပြုပြီးတော့ ကျွန်မက ရှင့်အတွက် သူ့လောက်မှ အရေးမပါဘူးဆိုရင် လက်လွှတ်ပေးလိုက်ပါ ။ ကျွန်မအနားနေပြီးမှတော့ သူ့ကို လွမ်းမနေနဲ့ ။

ကျွန်မ မရှိရင် ရှင့်အတွက်ပိုပြီးတော့ အဆင်ပြေမယ်ထင်ပါတယ် ။ လူပိုကြီးတစ်ယောက်လို ရပ်နေရတဲ့အဖြစ်တွေက ရပ်တန့်လိုက်ချင်ပြီ... ဘာပြောပြော ဘာလုပ်လုပ် ရှင့်အတွက် အနှောင့်အယှက်ဖြစ်နေတဲ့ ဘဝကနေ လွတ်မြောက်ချင်ပြီလေ ။ ဘယ်နေရာမှာမဆို အချစ်ကိုပဲ ရှေ့တန်းတင်ခဲ့မိသလို ရှင်မလိုချင်တဲ့ စေတနာတွေ တအားပိုနေမိတာလေ ။ လွမ်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုင်ချင်မှန်းမသိ မကိုင်ချင်မှန်း ဆက်မိနေတဲ့ ဖုန်းတွေကြောင့်လဲ အားနာမိပါတယ် အတန်တန် ကိုယ့်ကိုယ်ကိုယ်တားနေတဲ့ ကြားထဲကမှ... တစ်ခါခါအဲ့လိုပဲ စိတ်ကို အလိုလိုက်နေမိတာလေ ။ အကြောင်းပြချက်ကတော့ တစ်ခုတည်းပါ ကိုယ်သိပ်လွမ်းနေတဲ့အချိန် မင်းအသံလေး ဟယ်လို လောက်ပဲ ဖြစ်ဖြစ် ကြားချင်မိရုံလေးပါပဲ... ဒီလောက်လေးနဲ့ လုံလောက်တဲ့ ကိုယ့်အတွက်တောင် ပေးစရာအချိန်မရှိလောက်အောင် မင်းက အလုပ်တွေများတယ်လေ ။ အဆင်ပြေရဲ့လား... နေကောင်းရဲ့လား.. ဘာစားပြီးပြီးလဲ... အိပ်ရေးကော ဝရဲ့လား ဒီမေးခွန်းတွေကလေ ရှင့်အတွက် အပိုဆိုပေမယ့် အဲ့ဒီဘာမဟုတ်တာလေးကအစ ကျွန်မမှာ စိတ်တွေ ပူနေမိတာ ရှင်သိရဲ့လားလို့တော့ မေးမနေတော့ပါဘူး အာရုံနောက်ရုံသက်သက် အပိုစာသားတွေ ကျွန်မက လိုက်မေးနေတယ်လို့ပဲ ထားပါ ။ ကျွန်မက ဘာမဟုတ်တာလေးကအစ လိုက်ပြီး သဝန်တိုတတ်တာ ပြီးတော့ လိုက်ပြီး စိတ်ပူနေတတ်တာ ။ တွေးချင်ရာတွေးပြီး ငိုချင်ငိုနေတတ်တဲ့ ရှင့်ကို ချစ်ဖို့ကလွဲပြီး ဘာမှ မသိတဲ့ ကောင်မလေးလေ ။ ရှင်ပြောသလိုပါပဲ ကျွန်မက အလိုက်လဲ မသိဘူး ပြီးတော့ အငိုကလဲ သန်သေးတယ် မေးခွန်းတွေ အများကြီးလဲ မေးတတ်သေးတယ် ဒါပေမယ့် ဒါတွေအားလုံးဟာ ရှင့်ကို ချစ်လို့ ပြီးတော့ ရှင့်ကို ဆုံးရှုံးလိုက်ရမှာကြောက်လို့ သွေးရူးသွေးတမ်းနဲ့ လျှောက်လုပ်မိခဲ့တာတွေချည်းပါ ။ အခုတော့... ဒီအရာတွေ အားလုံးကို ရပ်တန့်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်သလို... ကိုယ့်ကို မျှော်မနေတဲ့ ဖုန်းနံပါတ်လေးကိုလဲ မဆက်ဖြစ်အောင်နေမယ် ကိုယ့်အတွက်မဟုတ်တဲ့ မီးစိမ်းလေးကိုလဲ မငေးဖြစ်အောင်နေမယ် ။ ကျွန်မ မရှိတာက ရှင့်အတွက် ပိုပြီးတော့ အဆင်ပြေမယ်ထင်ပါတယ် ။

မင်း မသိပါဘူး ဘာဆို ဘာမှကို မသိခဲ့တာပေ့ါ ဘယ်လောက်ထိချစ်ခဲ့လဲ ဆိုတာလဲ မင်းမသိဘူး ဘယ်လောက်ထိ နာကျင်ခဲ့ရသလဲဆိုတာ မင်းမသိဘူး ငါ့ဘက်ကို ငဲ့ကြည့်ပေးဖို့လဲ မသိဘူး မင်းသိခဲ့တာဆိုလို့ အနာကျင်ခံပြီး ဖက်တွယ်ထားမိတဲ့လက်က ဘယ်လို လွတ်အောင် ရုန်းရမလဲဆိုတာလောက် သိခဲ့တာ ။ သိပ်ချစ်တဲ့ငါ့ကို ဘယ်လိုထပ်ပြီး နာကျင်စေမလဲဆိုတာလောက် မင်းသိခဲ့တာ ။ အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းလေးတစ်ခွန်းလောက် မေးခဲ့မယ်ဆိုရင်တောင် ဖြေသာပါသေးတယ် ခုကျ .... တစ်ချက်မှတောင် လှည့်မကြည့်ခဲ့ဘူးလေ ။ တကယ် ... မင်း ဘာမှ မသိခဲ့ပါဘူး မသိချင်ယောင် ဆောင်ခဲ့တာလဲ ဖြစ်ချင်ဖြစ်မှာပါ ။

လူတွေက မလိုအပ်တော့ရင် သိပ်ပြီး သိသာတာ စကားပြောပုံကအစ အမူအရာ အဆုံး အကုန်လုံးက မကျေနပ်ရင် ကြိုက်သလို ဆုံးဖြတ် ဆိုတဲ့ အနေအထားမျိုး မလိုချင်တော့ အပြစ်တွေရှာတယ် ထွက်သွားစေချင်တော့ အပြစ်တွေ တင်တယ် အရင်က ဘယ်လိုကောင်းပေးခဲ့ ကောင်းပေးခဲ့ လက်ရှိမှာ သူ မလိုအပ်တော့ဘူး အဲဒီလို မလိုအပ်တော့တာကလည်း ပိုကောင်းတဲ့သူတွေ့လို့ ဖြစ်နိုင်တယ် ဒါမှမဟုတ် ကိုယ့်ကို စိတ်ကုန် စိတ်ပျက်တာလည်း ဖြစ်နိုင်တယ် ပြောင်းလဲမှုတွေလို့ ခံစားလာရရင် သူ့ကို မေးခွန်းတွေ ထုတ်နေမဲ့ အစား ကိုယ့်စိတ်ကို ဖြေနိုင်ဖို့ပဲ ကြိုးစားပါ လောကမှာ ကိုယ့်ကိုယ် မလိုတော့ရင် ကိုယ်က ဘယ်လောက် ကောင်းပြပြ သူ့အတွက် အသုံးမဝင်တော့ပါဘူး ။

ကိုယ့်စိတ်ဟာ "ကောင်းကင်ကြီးလိုပဲ"လို့ နှလုံးသွင်းထားပါ။ ကိုယ့်ရဲ့ ကောင်းကင်ကြီးမှာ ဝင်လာတဲ့သူလည်း ဝင်လာဦးမှာပါ ထွက်သွားတဲ့သူလည်း ထွက်သွားဦးမှာပါ။ ဘယ်သူ့အတွက်နဲ့မှ စိတ်ဆင်းရဲမခံဘူး။ ဘယ်သူ့ကိုမှ နှောင်ဖွဲ့မထားဘူး။ ကိုယ်ပေးနိုင်သမျှ မေတ္တာတွေ ပေးလိုက်မယ်။ တတ်နိုင်တဲ့ အကူအညီတွေ ပေးလိုက်မယ်။ ဘာမှပြန်မမျှော်လင့်ဘူး။ ဆက်ပြီး လက်တွဲလို့ အဆင်မပြေဘူး ဆိုလည်း အသာလေးပဲ လက်တွဲဖြုတ် လိုက်မယ်။ ဒီ့အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်ဘူး။ ဘယ်သူမှလည်း အပြစ်မတင်ဘူး။ ကိုယ်မှားတာလည်း ရှိမယ်။ သူမှားတာလည်း ရှိမယ်။ သူမှားတာဖြစ်ဖြစ် ကိုယ်မှားတာဖြစ်ဖြစ် အမှားတွေဟာ သင်ခန်းစာတွေချည်းပဲ။ ကိုယ်ရှေ့ဆက်သွားရဦးမယ့် ခရီးရှည်ကြီးမှာ တချို့ကျန်ခဲ့မယ်။ တချို့အတူပါလာမယ်။ ဟိုး... ရှေ့မှာ ကိုယ့်ရှေ့က အရင်ရောက်နှင့် နေတဲ့သူတွေနဲ့ တွေ့ဆုံရဦးမယ်။ ရင်းနှီးရဦးမယ်။ ပညာတွေ သင်ယူရအုံးမယ်။ "ကိုယ်က ကောင်းကင်ကြီး"

ကမ္ဘာကြီးကျဥ်းလာသလို မေတ္တာတရားတွေ ရှားပါးလာတဲ့ခေတ်ပါ ကိုယ့်ဆိုးကွက်တွေ သိနေတာတောင် ကိုယ့်အနားက ထွက်မသွားတဲ့သူဟာလည်း ကိုယ့်ကို ပျော်အောင် ထားနိုင်မယ့်သူ ဆိုတာလောက်တော့ သိသင့်တာပေါ့ကွယ် သည်းခံခဲ့တဲ့ အခေါက်ပေါင်းများစွာထဲက ၁ကြိမ်လောက်ပဲ အပြစ်လေး ပြောမိလိုက်ရင် ဒါလေးကိုတောင် နားလည်မပေးနိုင်ဘူးလား စိတ်ညစ်လာပီတဲ့ လူတစ်ယောက်ရဲ့သည်းခံစိတ်က အမြဲရှိနေနိုင်တယ်လို့များ တွေးနေတာလား မင်းစိတ်ညစ်တာထက် သူက ပိုပီး ခံစားနေရမယ်ဆိုတာရော တွေးမိရဲ့လား ချစ်လို့သည်းခံတာ အားနာလို့ သည်းခံတာ ဆိုပေမယ့် သည်းခံနေတိုင်း အနိုင်ယူမယ် ဆိုတဲ့စိတ်တော့ မထားသင့်ဘူး မဟုတ်လား သူ ငါ့ကို သည်းခံနေတာပဲ ငါ ဘာလုပ်လုပ်ရတယ်ဆိုတဲ့ အတွေးနဲ့ စိတ်ထင်ရာလုပ်မယ်ဆိုရင် တချိန်ချိန်တော့ အဲ့ဒီ သည်းခံနိုင်ပါတယ်ဆိုတဲ့ သူတွေ မင်းအနားကနေ ထွက်သွားဖို့ တွေးကြမှာပဲ ကိုယ့်ကို တကယ် ချစ်တဲ့သူတွေရှားလာတဲ့ခေတ်မှာ ကိုယ့်အတွက် အမြဲတမ်း ကောင်းပေးနေတဲ့သူတွေကို လျစ်လျူရှူမထားမိပါစေနဲ့ တန်ဖိုးထားတတ်ကြပါစေ ။

"ပြစ်မှုနှင့်ပြစ်ဒဏ်" ရက်စက်တဲ့ ရာဇဝတ်မှုတစ်ခု၊ အတိအကျဆိုရရင် နှစ်လောင်းပြိုင် လူသတ်မှု၊ လူသတ်တဲ့ ရာဇဝတ်ပြစ်မှုတစ်ခုကို အခြေခံပြီး ဇာတ်အိမ် တည်ထားပေမယ့် သာမန် အမှုလိုက်ဝတ္ထုတစ်ပုဒ်မျိုးတော့ မဟုတ်ခဲ့ ။ လူတန်းစားပေါင်းစုံ ကျင်လည်လှုပ်ရှားတဲ့ ပီတာစဘတ်မြို့ရဲ့ ရပ်ကွက်တစ်ခုမှာ နေထိုင်သော ကောလိပ်ကျောင်းသား " ရပ်စ်ကိုလ်နီကော့ဗ် " ဆင်းရဲမွဲတေမှုကြောင့် ထောင်းထောင်းကြေနေပမယ့် ဘဝဟာ ထုသားပေသား ဖြစ်ပြီးသား ဆင်းရဲနုံချာမှုအတွက် ရှက်ရွံ့အားငယ်ခြင်း မဖြစ်မိ အပေါင်းသင်းဟောင်းများနှင့်တော့ မဆုံချင် အပေါင်းအသင်း ခင်မင်တတ်တဲ့ အကျင့်လည်း သူ့တွင်မရှိတော့... လူတွေနဲ့ အထိအတွေ့ နည်းသထက် နည်းလာခဲ့တဲ့အပြင် ကိုယ့်အတွေးနဲ့ကိုယ်သာ ဘောင်ခတ်လို့ နေတယ် ကိုယ့်ကိုကိုယ်ပဲ စကားတွေပြောဆိုတယ် ။ မာနအရင်းခံကြောင့် မည်သူကိုမှ အောက်မကျို့၊ ငွေလိုရင် အပေါင်ခံဆိုင်သို့ သွား ရှိစုမဲ့စု ပစ္စည်းလေးတွေ ပေါင်ထားလို့ သုံးစွဲရတယ်။ အတိုးကြီးကြီးယူ အပေါင်ခံတတ်တဲ့ ပိုင်ရှင်အဘွားကြီးနဲ့ မျက်နှာကြော တည့်သည်လည်းရှိ စိတ်ကသိကအောက် ဖြစ်ရတာတွေလည်းရှိပေမယ့် မတတ်နိုင်၊ သူလို ဆင်းရဲသားအဖို့ ငွေရနိုင်တာ သည်နေရာပဲ ရှိတယ် ။ ကြီးမားသော အင်အားတစ်ရပ်ဟာ ပြစ်မှုကျူးလွန်ဖို့ တွန်းပို့နေသလိုမျိုး ဖြစ်လာတဲ့ တစ်နေ့တော့ အပေါင်ဆိုင်ရှိရာ တိုက်ခန်းဆီ ချဉ်းကပ် အပေါင်ခံပစ္စည်း ပြသလိုလို ဘာလိုလို ဟန်လုပ်ကာ ကြိုတင်ပြင်ဆင် ယူဆောင်လာတဲ့ ပုဆိန်ကိုထုတ် ပိုင်ရှင် အဘွားကြီးကို ​ခုတ်သတ်ပစ်ခဲ့တယ် ။ သတ်ဖို့ ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်အားထုတ်ပြီး သတ်ပစ်လိုက်တာက တစ်ယောက်၊ သတ်ဖို့ မရည်ရွယ်ပါပဲ ရက်ရက်စက်စက် ထပ်လို့ သတ်ပစ်ခဲ့တာက တစ်ယောက်၊ တဖက်မှာ ရက်ရက်စက်စက် ပြစ်မှုကျူးလွန်ခဲ့သူ ဖြစ်ပေမယ့် တဖက်မှာတော့ သူဟာ မိမိကိုယ်ကျိုးကိုတောင် မငဲ့ကွက်ဘဲ လူသားဆန်ဆန် ကူညီရိုင်းပင်းတတ်သူတစ်ဦး ဖြစ်နေပြန်တယ် ။ ရပ်စ်ကိုလ်နီကော့ဗ် အပေါ်မှာ ... အမြဲလိုလို ကူညီဖေးမ စောင့်ရှောက်တတ်တဲ့ အိမ်ဖော် အမျိုးသမီးကြီး " နာတာရှာ " သူငယ်ချင်းကောင်းပီသပြီး ရိုးသားကြိုးစားတဲ့ " ရာဇူမီခင် " ဇာတ်လိုက်​၏မိခင်၊ ညီမဖြစ်သူ ဒွန်ညာ၊ ပြည့်တန်ဆာမလေး ဆွန်ညာ နဲ့ ဆွန်ညာ​၏မိထွေး " ရာဇူမီခင် " နဲ့ ညီမလေး ဒွန်ညာတို့ရဲ့ ပျော်စရာ အနာဂတ် ကိုယ့်ကို ဘယ်တော့မှ မချစ်နိုင်ဘူးဆိုတာ သေချာသွားလို့ နောက်ဆုတ်ပစ်လိုက်တဲ့ " ဆဗီဒရီဂေးလော့ဗ် " ရဲ့ နာကျင်မှု ထိုဇာတ်ရံတွေရဲ့ ဝိသေသလက္ခဏာများ ချစ်ခြင်းမေတ္တာ စိတ်ခံစားချက် လူ့ဂုဏ်သိက္ခာ ...... စတဲ့ ဇာတ်ရံတစ်ဦးချင်းစီရဲ့ ဇာတ်ကောင်စရိုက်တွေကိုပါ ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ထင်ရှား အသက်ဝင်နေအောင် ပုံဖော်ရေးဖွဲ့ထားမှု ... သိပ်ကို သပ်ရပ်ခမ်းနားတဲ့ စိတ္တဗေဒသရုပ်နဲ့ ဇာတ်လိုက်... နှစ်လောင်းပြိုင် လူသတ်ခဲ့ခြင်းအပေါ် မှန်လား မှားလား ဝေခွဲမရတဲ့ ဒွိဟစိတ်တွေနဲ့ သူ ..... ကိုယ်တိုင်ဟာ ဥပဒေကျောင်းသားတစ်ယောက် ဖြစ်ပါလျက် သူ ဘာကြောင့် လူသတ်မှု ကျူးလွန်ခဲ့တာလဲ ? ကြပ်တည်းခက်ခဲတဲ့ စားဝတ်နေရေးအတွက်ကြောင့်လား ? သူ့အမေ ပို့လိုက်တဲ့ အိမ်တွင်းရေး စာတစ်စောင်ကြောင့်လား ? ထွက်ပေါက်မရှိ ပိတ်လှောင်နေတဲ့ မွန်းကြပ်မှုတွေကြောင့်လား ? နောက်ကွယ်မှာ တကယ့်အကြောင်းရင်းသည် ဘာလဲ ? သူ ကျူးလွန်ခဲ့သော ပြစ်မှုရဲ့ပြစ်ဒဏ်ဟာ ဘယ်လိုဖြစ်လာမလဲ ? သည် Crime And Punishment ဝတ္ထုဟာ အလွန်အဆင့်မြင့်တဲ့ လျှို့ဝှက်သည်းဖိုဝတ္ထုကြီး ဖြစ်ပြီး လျှို့ဝှက် ဆန်းကြယ်လွန်းဆုံးကတော့ လူသတ်သမားဖြစ်သူ ဇာတ်လိုက် ကိုယ်တိုင်ပါပဲ ။ ဖတ်ပြီး ပြီးသွားမယ့် ဝတ္ထုစာအုပ်မျိုး လုံးဝမဟုတ်ပါပဲ ဇာတ်ကောင်တွေရဲ့ ဒဿနပိုင်းဆိုင်ရာတွေ တွေးတောဆင်ခြင်စရာတွေ အပြည့်အဝ ပါဝင်ထားလို့ စာဖတ်သူရဲ့ရင်ထဲ ခံစားချက် ရသပေါင်းစုံ ပေးစွမ်းမယ့် မှတ်မှတ်ရရ စွဲထင် ကျန်ရစ်ခဲ့စေနိုင်မယ့် ကမ္ဘာ့ဂန္တဝင် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်ရှင် ။

စကားတွေအများကြီးပြောတတ်တဲ့ ကောင်မလေးဟာ တိတ်ဆိတ်သွားပြီ ။ စကားတွေ အများကြီးပြောရလို့ မောသွားပြီ ထင်ပါတယ် ။ မကြိုက်ဘူးဆိုတဲ့အရာတွေကို တစ်ခါမက နှစ်ခါမက အထပ်ထပ်အခါခါ ပြောပြီးသွားတဲ့အခါ သူလဲ မောလောက်ရောပေါ့ ပြင်လာရင်တော်သေးတယ် အခုတော့ ပြင်မလာတဲ့အပြင် အပြစ်တွေ မြင်ခံလာရတော့ သူလဲ မောရောပေါ့ ။ မေးခွန်းတွေတောင် သိပ်ပြီးမမေးတော့ဘူး တိတ်ဆိတ်နိုင်သလောက် တိတ်ဆိတ်ပြီးနေနေသလို သာလိကာမလေးဟာ တေမိနီးနီးတိတ်သွားခဲ့ပြီလေ ။ ပြောပြနေရင်လဲ အရာဝင်လာမှာမဟုတ်ဘူးပါဆိုတဲ့ အတွေး ဝင်သွားခဲ့တာလဲ ပါတာပေါ့ စကားတွေအများကြီးပြောနေရင်တောင် ပြဿနာဖြစ်ရဦးမယ် တိတ်ဆိတ်လိုက်တာက ကိုယ်လဲ အဆင်ပြေ သူလဲအဆင်ပြေမယ်ထင်လို့ ရွေးခဲ့လိုက်တာပါ ။ ဘာလုပ်နေလဲ ဘာစားပြီးပြီးလဲ ဘယ်အချိန်ထလဲ ဆိုတဲ့ မေးခွန်းတွေတောင် မမေးဖြစ်တော့ဘူး ။ နေကောင်းလား အင်းကောင်းတယ် စားပြီးပြီလားဆို စားပြီးပြီ ဒီလောက်ပဲ သိချင်တာတွေရှိရင်တောင် မမေးဖြစ်တော့သလို ပြောချင်တာတွေရှိရင်လဲ မြိုသိပ်ပစ်လိုက်တယ် စကားလုံးတွေ မြိုချလိုက်တာပဲ အစာအိမ်နာသွားတာမှ မဟုတ်ပဲလေ ။ နေ့တိုင်း ရန်ဖြစ်နေရမယ့်အစား ကိုယ့်ရဲ့ပြောချင်စိတ်ကို ထိန်းချုပ်လိုက်က ပိုအဆင်ပြေမယ်ထင်လို့ တိတ်ဆိတ်လိုက်ရုံပါ ။ ပြောချင်တာတွေ အများကြီးပေါ့ ။ ပြီးတော့ ပြောခဲ့ပေါင်းလဲ များခဲ့ပြီလေ ။ စကားတွေ အများကြီးပြောတတ်တဲ့ကောင်မလေးဟာ တကယ်ပဲ တိတ်ဆိတ်သွားခဲ့ပါပြီ ။ တချို့ညတွေမှာ သဲ့သဲ့လေး ရှိုက်နေတာကလွဲလို့ ဘာကြောင့်လဲ ဘာလို့လဲဆိုတဲ့ မေးခွန်းတွေနဲ့ ရန်မရှာတော့ဘူး ။ စိတ်ပူလို့ပါဆိုတဲ့ ခေါင်းစဥ်အောက်မှာ စကားတွေအများကြီးပြောပြီး မနှောင့်ယှက်တော့ဘူး ။

ဆရာကြီးအောင်သင်းရဲ့ စကားလေး လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ ကျနော်အကြိုက်ဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး "ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ"တဲ့ ဆရာပြောမှ ရှင်းသွားတယ် ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ် ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ် ကြီးလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ် ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ် မိဘကိုပူဆာတယ် မိဘနဲ့ ပြသနာတွေ ဖြစ်တယ် ကြီးလာတော့ ဒါတွေနည်းသွားတယ် ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ အလုပ်မှာလည်း ဒီလိုပဲ မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက်အဆင်ပြေပြေ နေရက်နဲ့ သူတို့က ဘာလို့ လက်မခံနိုင်ကြတာလဲ တခါတလေ ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ မာန်မဲတတ်တယ် ကိုယ့်အထက်လူကြီးတွေကိုလည်း ဒါတွေ ဒါတွေ မလုပ်မပေးရကောင်းလား ဆုံးဖြတ်တာကလည်း နှေးလိုက်တာ မပြတ်သားလိုက်တာ ပျော့လိုက်တာ စသဖြင့် အပြစ်တင်မိတတ်တယ် အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့် ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆို ဒါ ကိုယ် ရင့်ကျက်လာတာပဲပေါ့ အဲ့လိုမဟုတ်ဘဲ အရင်ကလည်း ဒီစိတ် ခုလည်း ဒီစိတ်ဆိုရင်တော့ အချိန်တွေသာကုန်သွားတယ် ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ ကိုယ်ချင်းစာတယ်ဆိုတာ EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ် ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက် အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ ကိုယ်ဘယ်လောက် တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲဆိုတာက မယုံမရှိပါနဲ့ တချိန်မှာ ကိုယ့်အနာဂတ်အတွက် အရေးပါလာပါလိမ့်မယ်။ "ဒါတွေ ဖြစ်လာပြီ ဆိုရင် အတော်အသင့် ရင့်ကျက်လာပြီ" ******* #အချစ် ဆိုတာ ဘဝရဲ့ အစိတ်အပိုင်း တစ်ခုလောက် ပါပဲ ဆိုတာ တစ်ဖြည်းဖြည်း နားလည် လာခဲ့ရပါပြီ။ ဘဝ နဲ့ အချစ် မှာ ပိုင်ဆိုင်ရမယ့် အရာတွေ၊ လက်လွှတ်ရမယ့် အရာတွေ ရဲ့ အကြောင်း တွေကိုပါ သိလာပြီ ဆိုခဲ့ပါရင် ဒါဆို သင် ရင့်ကျက်လာပြီ။ #ငယ်ငယ်တုန်း ကတော့ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် လို့ ယုံကြည် ခဲ့ ဖူးပါတယ် လက်တွေ့ ဘဝ မှာတော့ ဘာတွေကို ကြိုးစား ရမယ်၊ ဘာတွေကို လျစ်လျှူ ရှု တတ်ရမယ် ဆိုတာ သဘောပေါက် သွားခဲ့ပြီ ဒါဆို သင် ရင့်ကျက်လာပြီ။ #အရှုံး ဆိုတာ နာကျင် စရာ မဟုတ်သလို၊ အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ အရှုံးတွေနဲ့ မကြာခဏ ဆိုသလို ရင်းနှီး လာရ ပေမယ့် အရှုံးသမားဆိုတဲ့ တံဆိပ်ကပ် မခံရအောင် သင်ခန်းစာတွေ ယူတတ်လာခဲ့ပြီ ဒါဆို သင် ရင့်ကျက်လာပါပြီ။ #ဟိုးတုန်းက သင်ယူတယ် ဆိုတာ ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့ပါ တယ် နောက်ပိုင်းမှာတော့ သင်ယူတယ် ဆိုတာ အသုံးချဖို့၊ မျှဝေဖို့၊ စတဲ့ တိကျတဲ့ အကြောင်းအရင်းတွေနဲ့ သင်ယူ လာတယ်။ ဒါဆို သင် ရင့်ကျက်လာပြီ။ #ဝမ်းနည်း နေပေမယ့် ပြုံးနေမိတယ် ရင်ထဲ ဝမ်းသာပေမယ့် တည်ငြိမ်အောင် နေနေ လာနိုင် တယ် ဒါဆို သင် ရင့်ကျက်လာပါပြီ။ #လူဆိုတာ အကောင်းနဲ့အဆိုး ရောနေတဲ့ သူတွေ မှန်း သိလာရတယ် ဒါပေမယ့် ကောင်းတဲ့အချက်တွေကိုပဲ မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို လျစ်လျူ ရှု တတ်လာ ပါမယ် ဒါဆို သင် ရင့်ကျက်လာပြီ။ #အစပိုင်းမှာ လူတွေ သတ်မှတ် ထားတဲ့ အောင်မြင်မှုကို ရှာတယ် နောက်ပိုင်း မှာတော့ ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့ အောင်မြင်မှုကိုပဲ ရှာတော့တယ် ဒါဆို ရင့်ကျက်လာပြီ။ #ဘယ်အချိန်မှာ ပြောရမယ်၊ ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊ သင်ကောင်းကောင်း သိလာပြီ ဒါဆို သင် ရင့်ကျက်လာပြီ။ #လူတွေရဲ့ စကားကို ဂရု မစိုက်တတ်ဘူး ဒါပေမယ့် ကိုယ့်ရဲ့ သိက္ခာ တရားကိုတော့ ဂရုစိုက် တတ်လာပြီ ဒါဆို ရင့်ကျက်လာပြီ။ #အဆိုးတွေ နဲ့ ကြုံရတိုင်း ဝမ်းမနည်း တတ်တော့ဘူး ဒါတွေဟာ အခိုက်အတန့်ပဲ ဆိုတာ သိ သွားပြီ ဒါဆို သင် ရင့်ကျက်လာပြီ။

hello👋 သဲလေးတို့