ဗဟုသုတစာပေများ
Open in Telegram
Show more
The country is not specifiedThe category is not specified
873
Subscribers
+124 hours
+17 days
+130 days
Posts Archive
စကား
----------
စကားဟူသည် ဆွဲဆောင်ဖမ်းစားနိုင်သော စွမ်းအား ရှိသလို ဖျက်ဆီးချေမှုန်းနိုင်သော သတ္တိလည်း ရှိ၏ ။ ဓာ၊းသွားအောက်၌ ကျဆုံးသူထက် စကားကြောင့် ပျက်သုဉ်းရသူတို့ များလှသည် ။
ထို့ကြောင့် စကားဟူသည် ချွေချွေတာတာ အလိမ္မာရှိစွာ သုံးစွဲရလေသည် ။
လျှာစောင်းထက်လွန်းသူတို့သည် ကိုယ့်လည်ချောင်း ကိုယ် ပြန်ရှမိတတ်ကြ၏ ။
လျှာကို မထိန်းနိုင်သောသူ၌ ပြဿနာတို့ မပြတ်တက်၍ နေတတ်သည် ။ မဆင်မခြင် ပြောမိသည့် စကားတစ်ခွန်းကြောင့် အောင်မြင်မည့်အခွင့်အလမ်းများ ပျက်စီးဆုံးပါးသွားရသူတွေလည်း အများပင် ။
တစ်ဖက်တွင် ချိုသာသောစကားကို ဆိုသဖြင့် ကျောက်စိုင်ကျောက်သားလို မာကျောသော နှလုံးသားများကိုပင် အောင်နိုင်ခဲ့ကြသူတွေ ရှိသည် ။ အခက်အခဲ အတားအဆီးတွေကို လိမ္မာယဉ်ကျေးသော စကားတို့ဖြင့် သူတို့ ဖြတ်သန်းကြသည် ။
ထို့ကြောင့် သင့် “နှုတ်” သည် စည်းမဲ့ကမ်းမဲ့ ဖြစ်နေသည် ထင်ပါသလား ။ အကြီးအကျယ် ဒုက္ခ မရောက်မီ ထိန်းကွပ်နိုင်ရန် ကြိုးစားပါ ။
အထိန်းအကွပ်မဲ့သော လျှာသည် ပေါ့ဖျ,င်းသော စကားတွေ ဆိုမိလိမ့်မည် ။ စကားရောင်း စကားဝယ်တွေ ၊ သူတစ်ပါးအကြောင်း မကောင်းသတင်းတွေ ပြောမိလိမ့်မည် ။ အဲသည်စကားတွေကြောင့် ဖြစ်သည့် အဆိ,ပ်အတောက်ဒ ဏ်ကို အနှေး နှင့် အမြန် သင်ကိုယ် တိုင် ပြန်ခံရမည်ဖြစ်သည် ။
နှုတ်ပိတ်နေရမည့်အချိန်ကို ကောင်းစွာသိပါက ငါးပင်လျှင် ငါးမျှားချိတ်၌ မမိနိုင်ပေ ။ အချို့လူများမှာ နှုတ်စောင့်စည်းတတ်သော အရည်အချင်းတစ်ခုတည်းကြောင့်ပင် ပညာရှိသူလို အထင်ခံရတတ်သည် ။
တကယ်ပညာရှိသောသူတို့ကား နှုတ်ဆိတ်ရမည့်အချိန်ကို သိသလို စကားဆိုရမည့် အချိန်ကိုလည်း သိ၏ ။ အချိန်အခါနှင့် လျော်ညီစွာ ပီပြင်ပြောင်မြောက်စွာ ပြောဆိုလိုက်သည့် စကားတို့သည် ကမ္ဘာကြီးကို ပြောင်းလဲသွားစေနိုင်ပါသည် ။
#ဖေမြင့်
#အားပြင်းတဲ့မြားတစ်စင်း
(မူရင်းလေးစားစွာcrdပေးပါသည်)📖❣
မှာယူနိုင်ပါပြီ 🍀💙
တန်ဖိုးရှိစွာ နေထိုင်ပါ
မအားအောင်နေပါ
စိတ်ဆိုတာ လွတ်အောင်ထားရင် အတွေးတွေက ပိုဝင်လာတတ်တယ်။ ဝင်လာသမျှအတွေးတွေကို လက်ခံနေရင် စိတ်ညစ်စရာတွေကြုံလာမယ်၊ စိတ်ဆင်းရဲစရာတွေဖြစ်လာရမယ်။
အတွေးတွေကို ထိန်းချုပ်ဖို့နဲ့ ဘဝကို အကောင်းဆုံးထိန်းကျောင်းနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက မအားအောင်နေခြင်းပဲဖြစ်ပါတယ်။
အလုပ်တွေ၊ တာဝန်တွေကြားမှာ ပျော်မွေ့နေပါ။ လူပင်ပန်းချင် ပင်ပန်းလိမ့်မယ်။ ဒါပေမဲ့ စိတ်ကတော့ ပင်ပန်းမှာ မဟုတ်ဘူး။
လူဆိုတာ အားနေရင် negative thinking တွေ ထွက်လာရော။ တကယ်အလုပ်လုပ်နေတဲ့သူတွေက စိတ်ညစ်နေဖို့ အချိန်မရှိဘူး။ သူများအတင်းပြောနေဖို့ အချိန်မရှိဘူး။ စိတ်ဓာတ်ကျနေဖို့ အချိန်မရှိဘူး။ သူများနဲ့လိုက်ပြီး judge လုပ်ဖို့အချိန်မရှိတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေတယ်။
မအားအောင် နေဖို့ဆိုရင် ကိုယ့်ရဲ့တစ်နေ့တာလုံးကို အကျိုးရှိရှိ အသုံးချဖို့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲပါ။ ကိုယ့်ကိုယ်ကို ခိုင်းပါ။ ဘဝမှာ အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို ဆင်ခြေပေးနေတာရပ်ပေးပါ။
အပိုင်း (၂) စိတ်ချမ်းသာအောင်နေထိုင်ပါ
> Face and Fight
အားငယ်စရာတွေ ကြုံလာတဲ့အခါ ကိုယ့်ဖြစ်တည်မှုကို တန်ဖိုးထားတဲ့စိတ်လေးနဲ့ကျော်ဖြတ်ပါ။
ဝေဖန်ရှုတ်ချမှုတွေ မြင်ရတဲ့အခါ ပြုံးပြုံးလေးနဲ့ တည်ငြိမ်တဲ့ စိတ်လေးထားကာ ရင်ဆိုင်ပါ။
လျှောက်တဲ့လမ်းတွေ ဝေဝါးသွားတဲ့အခါ ဘဝရပ်တည်ချက်ကို ခိုင်ခိုင်မာမာထားပြီး လျှောက်လှမ်းပါ။
ပျော်စရာတွေ ပျောက်သွားတဲ့အခါ ရင့်ကျက်ခြင်းနဲ့ တည်ငြိမ်ခြင်းကို အစားထိုးပါ။
နာကျင်စရာတွေ များလာတဲ့အခါ လွှတ်ချလိုက်ပြီး ပျော်အောင်နေပါ။
ကျွန်တော်တို့ဘဝမှာ အောင်မြင်ခြင်းရှိရင် ကျရှုံးခြင်းလည်း ရှိမယ်။ ပျော်ရွှင်ခြင်းရှိရင် ဝမ်းနည်းခြင်းလည်း ရှိမယ်။ သုခရှိရင် ဒုက္ခလည်း ရှိမယ်။အကောင်းရှိရင် အဆိုးလည်း ရှိမယ်။ ဒါကြောင့် ဘဝမှာ ဘယ်လိုပဲကြုံရကြုံရ၊ ဘာအခြေအနေပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ မကောင်းတာတွေကို ကောင်းတာလေးတွေနဲ့ အစားထိုးပြီး ပျော်အောင်သာနေပါ။
[လူညံ့ တစ်ယောက် မဖြစ်ဖို့အတွက် စာဖတ်ပါ]
===========================
📗အလိမ္မာ စာမှာရှိ "
စာအုပ်စာပေ လူ့မိတ်ဆွေ "ဆိုတဲ့အတိုင်း
စာဖတ်တဲ့သူဟာ လိမ္မာရေးခြားရှိလာနိုင်သလို
စာအုပ်ဆိုတာလည်း အကောင်းဆုံးမိတ်ဆွေပါ။
📕စာပေမြင့်မှ လူမျိုးတင့်မှာ ဖြစ်လို့
စာပေအသိုင်းအဝိုင် မြင့်မားနေမှသာလျှင်
နိုင်ငံ လူမျိုး အဖွဲ့အစည်းအသီးသီးဟာလည်း
တဖြည်းဖြည်းနဲ့ အရည်အသွေးမြင့်မား~~~
တိုးတက်လာပြီး စိတ်နေသဘောထားတွေလည်း
လှပ တင့်တယ်လာနိုင်မှာ ဖြစ်ပါတယ်။
📔မရေမရ မဖတ်မရတွေ ရှာကြည့်နေမယ့်အစား
အကျိုးမရှိတာတွေ ထိုင်ပြောနေကြမယ့်အစား
ပျင်းရိ ငေးမှိုင် ထိုင်ဆွေးနေကြမယ့်အစား~~
အပျော်အပါးတွေနဲ့ အမြဲအချိန်ကုန်နေမယ့်အစား
စာဖတ်နေခြင်းဟာ အကောင်းဆုံးပါပဲ~။
📗သုတ စာပေတွေက
ဦးနှောက်အရည်အသွေး မြင့်မားတိုးတက်ဖို့
ထက်မြတ်ပြီး အချက်ကျကျ စဉ်းစားတွေးခေါ်တက်ဖို့
အထောက်အကူပေးပါလိမ့်မယ်။
📔ရသ စာပေတွေက
စိတ်နှလုံးစွမ်းရည် ပြည့်ဝပြီး စိတ်ဓာက်တွေ
ခိုင်မာစေဖို့ စိတ်သဘောထားတွေနူးညံ့သိမ်မွေ့ဖို့
အထောက်အကူပေးပါလိမ့်မယ်။
📕အတ္တုပ္ပတ္တိစာအုပ်တွေက
ဘဝမှာ အတုယူစရာတွေနဲ့
ရှောင်စရာ ဆောင်စရာတွေကို
စိတ်ဝင်စာဖွယ် လမ်းညွှန်ပြပေးပါလိမ့်မယ်။
📗ရာဇဝင်နဲ့ သမိုင်းစာပေတွေက
မတုံးစေဖို့ အလိမ်ညာမခံရေစဖို့
အမှားအမှန်ခွဲခြားသိစေဖို့အတွက်~
အံသြဖွယ်ရာ စိတ်ဝင်စားစရာတွေနဲ့
ဖျော်ဖြေ တင်ဆက်ပေးပါလိမ့်မယ်။
📔ဝတ္ထု / ကဗျာ / အက်ဆေး
ပုံပြင်/ ဟာသ / အချစ် အလွမ်း~စာပေတွေက
စိတ်ကူးစိတ်သန်းတွေ ကောင်းမွန်းစေဖို့
အထီးကျန်မှုက လွတ်မြောက်စေနိုင်ဖို့
အမုန်း အာဃာတတွေ လျော့နည်းစေဖို့
ယုတ်မာ ရိုင်းစိုင်းတဲ့သူ မဖြစ်စေဖို့အတွက်နဲ့
သာယာ ပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်လာ
စေနိုင်ဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။
📕စာ ဖတ် ပါ
အတ္တစိတ်တွေ လျော့ချဖို့အတွက်
အတွေးအခေါ်တွေ ထက်မြတ်ဖို့အတွက်
အခက်အခဲကို ရင်ဆိုင်နိုင်ဖို့အတွက်
ပြဿနာကို နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့တွက်
တစ်ကိုယ်ကောင်းဆန်တဲ့သူ မဖြစ်စေဖို့အတွက်
တည်ငြိမ် ရင့်ကျက်သူ ဖြစ်လာစေဖို့အတွက်
တစ်ယောက်ထဲ ဖြတ်သန့်းနိုင်ဖို့အတွက်
မိသားစုကြားမှာ နာလည်းမှုတွေရှိဖို့အတွက်
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားနိုင်ဖို့အတွက်
အကောင်းဆုံးဘဝကို တည်ဆောက်နိုင်စေ
ဖို့အတွက် စာဖတ်ပါ / မဖြစ်မနေ ဖတ်ပါ~။
📗စာဖတ်တဲ့သူဟာ
ကန်ရေပြင်လို တည်ငြိမ်လာနိုင်တယ်။
📚စာဖတ်တဲ့သူဟာ
လဖ္ဘက်ရည်လေးတစ်ခွက်လို
မွှေးရနံ့သင်လာနိုင်တယ်~~။
📔စာဖတ်တဲ့သူဟာ
မိုးသားတိမ်လေးတွေလို ဖြူစင်လာနိုင်တယ်။
📕စာဖတ်တဲ့သူဟာ
နေဝင်ဆည်းဆာလေးလို လှပလာနိုင်တယ်။
📗စာဖတ်တဲ့သူဟာ
ကြယ်စင်လေးတွေလို လင်းလက်လာနိုင်တယ်။
📔စာဖတ်တဲ့သူဟာ
နပိုလီယံလိုမျိုး ရဲရင့်လာနိုင်တယ်။
📕စာဖတ်တဲ့သူဟာ
ကိုလံဘတ်လိုမိ်ျုး စွန်းစာရှာဖွေလာနိုင်တယ်။
📗စာဖတ်တဲ့သူဟာ
မာလာလာလိုမျိုး သတ္တိရှိလာနိုင်တယ်။
📔စာဖတ်တဲ့သူဟာ
ဗိုလ်ချုပ်အောင်ဆန်လိုမျိုး
နိုင်ငံနဲ့ လူမျိုးအပေါ် တာဝန်ကျေလာနိုင်တယ်။
📕စာဖတ်တဲ့သူဟာ
ဦးသန့်လိုမျိုး ကမ္ဘာကျော်လာနိုင်တယ်။
📗စာဖတ်တဲ့သူရဲ့ အနာဂတ်ဘဝဟာ
ဘာမဆို ဖြစ်လာနိုင်တယ်~~~
မျော်လင့်ချက်တွေနဲ့ ရှင်သန်နေနိုင်တယ်။
📔လောကကြီးဆီက လူသားတွေနဲ့
ပတ်ဝန်းကျင်ဆီက စာအုပ်စာပေတွေကနေ
မသေမချင်း လေ့လာ သင်ယူနေရမယ်။
📕ဒါ ကြောင့်
အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် စာဖတ်ပါ
လူညံ့တစ်ယောက်မဖြစ်စေဖို့အတွက် စာဖတ်ပါ~။
Crd;
#မူရင်းရေးသားသူအားလေးစားစွာcrdပေးအပ်ပါသည်
#စိုင်း (ရွှေညာမြေ)မှ ပြန်လည်မျှဝေပါသည်၊၊
" တာဝန်နှစ်ခု "
=========
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်
မင်းတို့ရဲ့ဘဝကို
မင်းတို့မိဘတွေထက်
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်
"အချိန်ဆိုတာ ဘဝ"
==============
မင်းအသက် ၃၀ ငါ့အသက် ၈၆
ဒါအချိန်ပဲ
အချိန်ကဘဝပဲ
အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး
မင်းဘဝကိုတန်ဖိုးထားရင်
မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်
" နှလုံးသားလှဖို့လိုတယ် "
===============
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့ကနှလုံးသားရွိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့နှလုံးသားမရွိလို့
" အကျင့် "
========
လူတွေက
မကောင်းတာလုပ်ဖြစ်ရင်
မကောင်းအကျင့်ပါသွားမှာကျသိကြတယ်
ငါပြောမယ်
မကောင်းတာအကျင့်လုပ်ရင်
မကောင်းကျင့်ပါသွားမှာပဲ
အဲ့ဒီလိုပဲ
ကောင်းတာကိုလည်း
အကျင့်လုပ်ရင်
ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ
" သတိမမူရင် ဂူမမြင်ဘူး "
===============
လူတွေက
သူများထီပေါက်ရင်သာ
ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ
သူများကားတိုက်ရင်
ငါလည်း ကားတိုက်ခံရနိုင်တယ်လို့
မတွေးကြဘူး
သူများအောင်မြင်ရင်သာ
ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ
သူများကျရှုံးရင်
ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး
သတိထား အစစအရာရာ
သတိဆိုတာ ပိုတယ်မရှိဘူး
" အခိုက်အတန့် "
===========
လူတွေက
ချမ်းသာခြင်းသာ
သင်္ခါရလို့ထင်တယ်
တစ်ကယ်တော့
ဆင်းရဲခြင်းလည်း သင်္ခါရပဲ
မင်းကြိုးစားနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲ
ရေသာခို အချောင်နေနေသရွေ့
မင်းအတွက်ဆင်းရဲခြင်းက
ထာဝရပဲ
" တောင်းမှာအကွပ် "
=============
အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန်
ဝတ္တရားရှိသောသူတွေကိုက
ပစ်ပယ်လိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.
"ရိုးသားပါ "
========
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသင့်တာကို ယူလိုက်မိရင်
ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်
" လူမိုက်နှင့် လူလိမ္မာ "
===============
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို
ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့
"ရင်ဆိုင်ပါယှဉ်ပြိူင်ပါ "
==============
တညည်းညည်း တညူညူနဲ့
"ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ
အောက်မေ့ပေတော့..
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့..
အောင်မြင်မှု ဘယ်တော့မှ မရဘူး..
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..။
...........................&..............:.......
လူတွေနဲ့ ဆက်ဆံတဲ့အခါ မျက်နှာဖုံးစွပ်ပါ...
သေလောက်အောင်မုန်းနေလည်း
အရမ်းချစ်ပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...
တစက်ကလေးမှ အဆင်မပြေလည်း
အားလုံးအိုကေပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...
တွေ့တဲ့နေရာ ဖြတ်ကန်ပစ်ချင်လည်း
မြင်တာနဲ့ ဖက်နမ်းချင်ပါတယ်ဆိုတဲ့
မျက်နှာဖုံးကိုစွပ်ပါ...
ချုံးပွဲချပြီး ငိုချပစ်ချင်လည်း
ထီပေါက်ထားပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...
ဒရယ်ပေါက်လို ချိုနဲ့နေလည်း
ကေသရာဇာလို မျက်နှာဖုံးကိုစွပ်ပါ...
ဘာတစ်ခုမှ လက်မခံချင်လည်း
အရာရာမင်းသဘောပါဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...
ဘာသိဘာသာ နေလိုက်ချင်လည်း
ဟေးလားဝါးလားဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...
စိတ်ထဲရှိသမျှ ပြောချလိုက်ချင်လည်း
ရေငုံနှုတ်ပိတ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...
ရင့်ကျက်လာလေ မျက်နှာဖုံးစွပ်လေ
လူပါးဝလာလေ မျက်နှာဖုံးများလေ
အရေထူလာလေ မျက်နှာဖုံးစုံလေ...
ရှင်းလား...
မျက်နှာဖုံးတွေရဲ့တန်ဖိုးဟာ
Constant ဖြစ်နေကြောင်းကို သိလာတဲ့တစ်နေ့
မျက်နှာဖုံးစွပ်ထားရတဲ့ အရသာအပေါ်
ခံတွင်းတွေ့လာပါလိမ့်မယ်...
ကဲပါ...မထူးပါဘူး...
တဖက်က မျက်နှာဖုံး မစွပ်ချင်ဘူးဆိုရင်တောင်
အခြားတဖက်မှာတော့ မျက်နှာဖုံးစွပ်ထားတဲ့
သူတွေနဲ့ပဲ တွေ့နေရမယ့်အတူတူ...
အားလုံးမျက်နှာဖုံးတွေအောက်မှာသာ ပျော်ပျော်ကြီး
အသက်ရှင်ကြတာပေါ့...
အသက်ရှူကြပ်တယ်ဆိုပေမယ့်လည်းလေ...
ဒါပေမဲ့...မျက်နှာဖုံးစွတ်ပါ
🌿ဘဝမှာ
- ကိုယ်မမှားပေမယ့် ရှင်းပြခွင့်မရလို့
- ဖွင့်မပြောဖြစ်ခဲ့တဲ့
-အမှန်တရားတွေ ရှိဖူးခဲ့တယ်။
🌿ဘဝမှာ
- တစ်ခါတစ်လေ ငေးကြည့်နေရုံကလွဲပြီး
- ဘာဆို ဘာမှမတတ်နိုင်ခဲ့တဲ့
- အရာတွေ ရှိခဲ့ဖူးတယ်။
🌿ဘဝမှာ
- နှိမ်ချတတ်သူတွေရဲ့ စကားလုံးကြောင့်
- ဆွဲနှုတ်ရခက်တဲ့ မြှားတစ်စင်း စိုက်ဝင် သလိုမျိုး
- ဒဏ်ရာတွေရခဲ့ဖူးတယ်။
🌿ဒါကြောင့်...
🌿ကိုယ့်အနား မနေချင်လို့ ထွက်သွား သူတွေကို
- တစ်ချက်လောက်တော့ ငဲ့ကြည့် သင့်တယ်လို့
- ပြန်မတမ်းတတော့ဘူး။
🌿အပြုံးနဲ့ ကြည့်နေသူတွေရဲ့
- လက်ထဲကဓါးနောက်ကျောကို ထိုးဖို့လား
- ရင်ဘက် ထဲထိုးဖို့လား
- ပြန်လှည့် မကြည့်တော့ဘူး။
🌿လက်ကမ်းမလိုနဲ့ လက်ကာသွားသူတွေရဲ့
- အရောင်ပြောင်းတတ်တဲ့ စိတ်ထဲမှာ
- ကိုယ်ချင်းစာတရား အစအနလေးများ ရှိလေမလားလို့
- ဝင်ချောင်းမကြည့်တော့ဘူး။
🌿တစ်ကယ်တော့...
- တစ်ချို့ မျက်လုံးနဲ့ ကြည့်လည်း
- မမြင်နိုင်တဲ့ အရာတွေကို
- ကိုယ့်နှလုံးသားနဲ့ မြင်ခဲ့ရပြီးပြီပဲ။
🌿မရင့်ကျက်နိုင်သေးခင်မှာ
- စိတ်တွေ တည်ငြိမ်နေဖို့တော့
- လိုတယ်လေ....။
🌸🌸🌸🌸🌸
ပါးစပ် စည်းကမ်း
*****
လူတိုင်း လူတိုင်းမှာ သူရဲ့ကိုယ်ရေးကိုယ်တာ
စိတ်ပိုင်းဆိုင်ရာ ပြဿနာဆိုတာ ရှိတယ် ။
လူ သိစေချင်တာ ရှိသလို
လူ မသိစေချင်တာလည်း ရှိတတ်ကြတယ် ။
အဲ့ကြောင့် အပေါင်းအသင်း
ဆက်ဆံရေး နယ်ပယ်မှာ
သိပေမယ့် မသိချင်ယောင်ဆောင်ရသလို
သိပေမယ့် မပြောဘဲ
နေပေးရတာလည်း ရှိတယ် ။
ဒီနေရာမှာ စာနာမှုက
လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ပြတယ် ။
မိတ်ဆွေအစစ်လို့ ထင်ရတဲ့
ထင်ခဲ့တဲ့ လူတချို့က
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေကို
အတင်းတုပ်တဲ့အခါ ၊ ပုံကြီးချဲ့တဲ့အခါ
ကိုယ်က သိပေမယ့်
မသိချင်ယောင်ဆောင်လိုက်တာလည်း ရှိတယ် ။
သူတို့ ပုံကြီးချဲ့လို့ သိသွားတဲ့သူတွေက
မထိခလုတ် ၊ ထိခလုတ်နဲ့
ခနဲ့တဲ့တဲ့ ရိသဲ့သဲ့ လာလာပြောသောအခါ
ဘာမှတော့ ပြန်မပြောဘူး ။
ဒီစကား ဘယ်သူဆီက လာသလဲဆိုတာ သိနေတယ် ။
ဒါပေမယ့် သည်းမခံနိုင်တဲ့ တစ်နေ့
ပြန်ပြောရင်လည်း
တယောက် မျက်နှာ တစ်ယောက်
ကြည့်နိုင်တော့မှာ မဟုတ်ဘူး ။
ပြောချင်တာက
ဘာကြောင့် လူမှုရေးနယ်ပယ်မှာ
စည်းမထားတာလဲ ။
ဘာကြောင့်
ကိုယ့်ရဲ့ ပါးစပ်ကို စည်းကမ်းရှိအောင်
မထိန်းသိမ်းနိုင်တာလဲ ။
ဘာကြောင့်
သူများရဲ့ အကြောင်းအရာတွေကို
ပယ်ပယ်နယ်နယ်ပြောပြီး
အရသာခံချင်ရတာလဲ ။
လူတစ်ယောက်ရဲ့ အဆင့်အတန်းက
ငွေကြေးချမ်းသာမှု မဟုတ်ဘူး ။
လူတစ်ယောက်ရဲ့ အဆင့်အတန်းက
ပါးစပ် စည်းကမ်းရှိဖို့နဲ့
စာနာနားလည် ဖေးမတတ်မှုပါ ။
ကြိုးစားမှုရဲ့ မနက်ဖြန်
.........
ကောင်းကင်နဲ့ မတန်တဲ့
ကြယ်ဆိုတာ မရှိဘူး။
ကမ်းခြေနဲ့ မလိုက်ဖက်တဲ့
လှိုင်းဆိုတာ မရှိဘူး။
ရေကန်နဲ့ မတင့်တယ်တဲ့
ကြာပင်ဆိုတာ မရှိဘူး ။
ဒုက္ခနဲ့ ကင်းဝေးတဲ့ ဘဝဆိုတာ မရှိဘူး
ပန်းတိုင်နဲ့ ဝေးသော ကြိုးစားမှုဆိုတာ မရှိဘူး ။
အောင်မြင်မှုနဲ့ မထိုက်တန်တဲ့
ဆုလဒ်ဆိုတာ မရှိဘူး ။
ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နေရတဲ့
ဘဝတွေဟာ မျှော်လင့်ချက်နဲ့
အသက်ရှင်နေတာ မဟုတ်ပါဘူး
ရည်ရွယ်ချက်တွေနဲ့ အသက်ရှင်နေတာပါ။
ကြိုးစားတာတွေ ဖြစ်မလာတဲ့အခါ
စိတ်ပျက်အားငယ်တတ်တာ သဘာဝပါ။
အဆင်မပြေတာ တစ်ခုကြောင့်
ရည်ရွယ်ချက်တော့ မပျက်စေနဲ့
ရည်ရွယ်ချက်ပျက်ရင် ဘဝပျက်တတ်တယ်။
စိတ်ဓာတ်ကျနေရင် ပန်းတိုင်နဲ့ဝေးသွားမယ်။
ပန်းတိုင်ဆိုတာ ကိုယ့်ဆီကိုယ် မလာဘူး။
ကိုယ်ကသာ ပန်းတိုင်ဆီရောက်အောင် သွားရမှာ။
ဒီနေ့ ကျရှုံးနေလို့ စိတ်ပျက်အားငယ်နေမယ့်အစား
မနက်ဖြန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။
ကြိုးစားမှုရဲ့ မနက်ဖြန်တိုင်းမှာ
အောင်မြင်မှုတွေ ရှိပါတယ်။
မလျော့သော ဇွဲ၊လုံ့လနဲ့ကြိုးစားမယ်ဆိုရင်
မနက်ဖြန်တိုင်းမှာ အောင်မြင်မှုတွေက
စောင့်ကြိုလို့နေမှာပါ။
ကျွန်မက ကျွန်မ ပါ ပဲ 👸 ♥ 🌸
လူတွေက ကံချင်းမတူကြလို့ ဘယ်သူ့ကိုမှ
တုပြီး လိုက်အားကျ မနေတတ် ပါဘူး။
သူ့မှာလည်း သူကံတရားလေး နဲ့သူ
အကောင်း အဆိုး ရှိသလို
ကျွန်မ လည်း
ကျွန်မ ကံတရားနဲ့ ကျွန်မ ပဲလေ"
ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး
အချစ်ခံရသည် ဖြစ်စေ ပစ်ချခံရသည် ဖြစ်စေ
ဘယ်သူနဲ့မှ ပြိုင် မငြင်း ချင်ဘူး"
ဘယ်လို ဒုက္ခတွေ အခက်အခဲတွေ နဲ့ပဲ
ကြုံကြုံ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်
ထားပြီး ရင်ဆိုင် ဖြေရှင်း တယ်"
ကျွန်မက ဘယ်လို နာကျင်မှု မျိုးကိုမှလည်း
အလေးအနက်ထားပြီး အချိန်ကြာကြာ
မခံစား တတ်ဘူး"
လောကကြီးက ကိုယ်ဖြစ်ချင်သလို
မဖြစ်လာလည်း ~~
နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်လေးပဲ
ဖြတ်သန်း လိုက်တယ်"
စိတ်ဓာတ်ကျရှုံးရင် အရာအားလုံး
ဆုံးရှုံးတတ်တာမို့ ။ စိတ်ဓာတ်ကျစေမယ့်
အကြောင်း အရာ တွေကို သိပ်မတွေးဘူး"
တခြားလူတွေနဲ့ နှိုင်းယှဉ်ပြီးတော့လည်း
ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်အောင်
တန်ဖိုးကျအောင်လည်း မလုပ်ဘူး"
ပြီးခဲ့တဲ့ အတိတ်အကြောင်း တွေကို
ပြန်မတွေးပဲ နေတယ်"
အနာဂတ်"အတွက်လည်း အဝေးကြီးတွေးပြီး
ပူဆွေး သောကတွေ မဖြစ်ဘူး"
ရှင်သန်နေရတဲ့ ဒီအခိုက် အတန့်လေးကိုပဲ
ကျွန်မ သေချာလေး အာရုံစိုက်ပြီး
စိတ်ပေါ့ပေါ့ပါးပါးလေးနဲ့ စိတ်ပျော်အောင်
နေလိုက်တယ်"
ဘဝမှာ ကိုယ့်အတွက် ကိုယ်ဟာ အမြဲရှိခဲ့တယ်
ကျွန်မ လဲကျဖူးတဲ့ အချိန်တွေရှိခဲ့ သလို
လှဲချခံရတဲ့ အခါတွေလည်း ဘဝမှာ အခါခါ ပါပဲ"
ယုံကြည်ရပါတယ် ဆိုတဲ့
လူတွေဟာ ကျွန်မ စိတ်ရင်းကို
ဖျက်စီးသွားတာလည်း ခံရဖူးတယ်"
ကျွန်မ အိမ်မက်တွေကို တစ်စစီ
ရိုက်ချိုးပစ်သွားတဲ့ သူတွေလည်း ရှိတယ်"
ကျွန်မကို မျော်လင့်ချက်မဲ့ အောင်
လုပ်တဲ့ လူတွေထဲမှာ တရင်းတနှီး
ပတ်သက်ခဲ့ဖူးတဲ့ သူတွေလည်း ပါတယ်"
အဲဒါကြောင့်..ထင်ပါရဲ့ နော်
အခုနောက်ပိုင်း အချိန်တွေ ကြာလာလေ~
လောကဓံ"တရားတွေ ကိုလည်း ထူးပြီး
ကျွန်မ မကြောက်တတ် တော့ဘူး
လူတချို့ကိုလည်း ခေါင်းရှုပ်ခံပြီး
သိပ်ဂရုစိုက် မနေတတ် တော့ပါဘူး"
စိတ်မကျေနပ် စရာ တွေနဲ့လည်း
ခေါင်းစား မခံချင် တော့ဘူး
ကျွန်မ အကြောင်း ကောင်းဖို့သာ
တစိုက်မတ်မတ် ကြိုးစားနေလိုက်တယ်"
ကျွန်မ ရပ်တည်နေမှု လေးကို ကျေနပ်စွာ
လက်ခံပြီး မလိုအပ်တဲ့ အရာတွေရဲ့
ခပ်ဝေးဝေးမှာ နေဖြစ်လာတယ်"
ကျွန်မက အမြဲတမ်းချည်း ပြုံးရယ်
မနေနိုင်ရင်တောင် ဘဝကို ပျော်အောင်
နေတတ်ဖို့တော့ ဘဝ သင်ခန်းစာ တွေ
ကျွန်မ အများကြီး ရခဲ့ ပါ ပြီ" 🌻
လူငယ်တိုင်း အတွက်
============
ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။
သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်
ကိုယ့်တွင်းကိုယ် တူးတတ်တယ်။
ဦးခေါင်း ပါတဲ့ လူ က
နေရာတကာ ဟိုလူ့ မှီခို..ဒီလူ့ မှီခို လိုက်လုပ်နေရင်
ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။
ဘဝ ဆုတ်ယုတ်နေတဲ့
လူငယ်တွေကို အကဲခတ်ကြည့်။
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။
အဆိုး လောကဓံ နှိပ်စက်ခံရလို့
လက်လျှော့ အရှုံးပေး နေသူတွေ ရှိတယ်။
တစ်ခါရှုံးရုံ နဲ့ လုံးဝ ရှုံးသွားပြီလို့ သတ်မှတ်လိုက်ရင်
တိုးတက်ဖို့ အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။
အတောင်ပံ မခတ်တဲ့ ပိုးစုန်းကြူးမှာ
အရောင် ထွက်ဖို့ ခက်တယ်။
ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့ လူငယ်မှာလည်း
တိုးတက်လာဖို့ ခက်မှာပါပဲ။
လူငယ် တစ်ယောက် ရဲ့
အနှစ် အမြူတေ ဆိုတာ မျှော်လင့်ချက်နဲ့ အိပ်မက်ပါ။
ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့
လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။
ထူးချွန်ထက်မြတ်တဲ့ လူငယ်ဆိုတာ
ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို
သူတစ်ပါးတို့ရဲ့ ဘဝကိုလည်း
မြှင့်တင် ပေးနိုင်စွမ်း ရှိတယ်။
စာနာစိတ် ရှိတဲ့ လူငယ်ဆိုတာ
တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို
တစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း
မျှဝေခံစား ပေးနိုင်တတ်ကြတယ်။
အသားဖြူခြင်း ..မဖြူခြင်း
ရုပ်ရည်လှခြင်း..မလှခြင်းတွေက
လူငယ်တစ်ယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။
ဘယ်လောက် အစွမ်းအစ ရှိ.. မရှိ
ဘာတွေ လုပ်နိုင်.. မလုပ်နိုင် ဆိုတာကမှ
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။
==============
____ ဆရာအောင်သင်း
❝ မတူညီတဲ့ တန်ဖိုးများ ❞
=================
တခါက နယ်တကာလှည့်ပြီး အရုပ်ရောင်းတဲ့ အရုပ်သည်တစ်ယောက်ဟာ မြို့တစ်မြို့ကို ရောက်လာပါတယ်၊ အဲဒီမြို့ က ဘုရင်ကြီးကလည်း အရုပ်တွေကို သဘောကျတော့ အရုပ်သည်ကို ခေါ်ခိုင်းပြီးတော့ ဘာအရုပ်တွေ ပါလဲ ပြခိုင်းပါတယ်။
အရုပ်သည်က သေတ္တာထဲက လူရုပ် ၃ ရုပ်ကို ထုတ်ပြီးတော့ “ဒီအရုပ် ၃ ရုပ်က တကယ်ကို ထူးခြားတယ်၊ ပုံသဏ္ဍာန်ကတော့ အတူတူလို့ ထင်ရတယ်၊ ဒါပေမယ့် ဒီ ၃ ရုပ်ဟာ လုံးဝ မတူဘူး ကွဲပြားခြားနားတယ်” လို့ ပြောလိုက်ပါတယ်။
ပြီးတော့ အရုပ်သည်က အရုပ်တစ်ရုပ်ခြင်းစီကို လက်ညှိုးထိုးပြပြီးတော့ ဒီအရုပ်ကတော့ ရွှေဒင်္ဂါး၁ သိန်း၊ ဒီအရုပ်ကတော့ ရွှေဒင်္ဂါ ၁ ထောင် နဲ့ ဒီအရုပ်ကတော့ ရွှေဒင်္ဂါ ၁ ပြားပဲ ကျသင့်မယ်လို့ စျေးနှုန်းတွေ ပြောပြပါတယ်။
ဘုရင်ကြီးက အရုပ် ၃ ရုပ်ကို သေသေချာချာ စေ့စေ့စပ်စပ် ကြည့်ပေမယ့် ဘာမှ ထူးထူးခြားခြား ကွဲပြားခြားနား တာကို မတွေ့ဘူး ဖြစ်နေပါတယ်။ ဒါပေမယ့် ဘာလို့ ဒီလိုစျေးကွာနေတာလဲ လို့ စိတ်ထဲက တွေးနေပါတယ်။
ဘုရင်ကြီးက အရုပ် ၃ ရုပ်က ဘာများကွာခြားလဲလို့ သူ့ရဲ့ မှုးကြီးမတ်ရာတွေကို ကြည့်ခိုင်းပါတယ်၊ မှုးကြီးမတ်ရာ တွေကလည်း ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံက သေချာလိုက်ကြည့်ကြပေမယ့် ကွဲပြားခြားနားမှု ကို ရှာမတွေ့ကြပါဘူး။
ဒါနဲ့ မင်းကြီးက ပုရောဟိတ်ကို မေးပြန်ပါတယ်၊ ဒီအရုပ် ၃ ရုပ် က ဘာများ ကွာခြားလဲပေါ့၊ ပုရောဟိတ်က အရုပ် ၃ ရုပ်ကို သေသေချာချာကြည့်ပြီးတော့ ကောက်ရိုး ၃ ထုံး ယူလာခဲ့ဖို့ ပြောပါတယ်။
ခဏကြာတော့ ကောက်ရိုးတွေ ရောက်လာတဲ့အချိန်မှာ ပုရောဟိတ်က ကောက်ရိုးထုံး တစ်ထုံးကို ယူပြီးတော့ ရွှေဒင်္ဂါး ၁ သိန်းတန် အရုပ်ရဲ့ နားထဲကို ထည့်လိုက်ပါတယ်။ ကေက်ရိုးတွေက နားထဲကနေ ဗိုက်ထဲကို ရောက်သွားပြီးတော့ ပါးစပ်လေးက နည်းနည်းလှုပ်ပြီးတော့ ပိတ်သွားတယ်။
ရွေဒင်္ဂါး တစ်ထောင်တန် အရုပ်ကိုလည်း ခုဏကလိုပဲ နားထဲက ကောက်ရိုးတစ်ထုံးထည့်လိုက်တော့ အခြားနားတဖက်ကနေ ကောက်ရိုးတွေ ပြန်ထွက်လာတယ်။
အဲဒီမှာတင် ကြည့်နေတဲ့ လူတွေကတော်တော်ကို စိတ်ဝင်စားလာကြတယ်၊ ရွှေဒင်္ဂါ တစ်ပြား တန် အရုပ်ကရော ဘယ်လိုဖြစ်မလဲပေါ့ …
နောက်ထပ် ကောက်ရိုးတစ်ထုံးကို ရွှေဒင်္ဂါး တစ်ပြားတန် အရုပ်ရဲ့ နားထဲကို ထည့်လိုက်တော့ ပါးစပ်က ချက်ခြင်းပွင့်သွားပြီးတော့ စကားပြောနေသလိုမျိုး ဆက်တိုက်လှုပ်နေပါတော့တယ်။
ဘုရင်ကြီးက ပုရောဟိတ်ကို ဒါက ဘာအဓိပ္ပာယ်လဲ .. ဘာကြောင့်စျေးတွေ ဒီလိုကွာတာလဲ လို့ မေးလိုက်ပါတယ်။
ပုရောဟိတ်က ကိုယ်ကျင့်သီလ ရှိတဲ့သူတွေဟာ သူတို့ကြားသမျှကို အမြဲတမ်းစောင့်ထိန်းတယ်၊ သေချာစိစစ်ပြီးမှ ပါးစပ်ကို ဖွင့်တယ်၊ တနည်းအားဖြင့် လိုအပ်မှ ပြန်ထုတ်ပြောတယ်။ ဒါက သူရဲ့ ကြီးမြတ်မှုပဲ အဲဒီအသိပညာကို ပေးတာကြောင့် ဒီအရုပ်က ရွှေဒင်္ဂါး တစ်သိန်း တန်တာပါ။
ဒုတိယတစ်ရုပ်ကျတော့ ကိုယ့်ကိုယ်ကိုပဲ အဓိကအာရုံစိုက်ပြီးတော့ အရာရာကို လျစ်လျုရှုတတ်ကြတယ်၊ ဒါကအကောင်းကြီးမဟုတ်ပေမယ့် လူတွေကိုတော့ ဒုက္ခမပေးပါဘူး၊ အဲဒီအသိပညာအတွက် ဒီအရုပ်က ရွှေဒင်္ဂါး တစ်ထောင် တန်ပါတယ်။
နောက်ဆုံးအရုပ်က တစ်ခုခုကို ကြားလိုက်တာနဲ့ မှားလား/ မှန်လား ဝေဖန်ပိုင်းခြားမရှိဘဲနဲ့ လျှောက်ပြောတော့တာပဲ၊ ဒါက လူအဖွဲ့အစည်းမှာ မှားယွင်းတဲ့ အသိပညာတွေ သတင်းအချက်အလက်တွေ ပြန့်ပွားစေနိုင်တာကြောင့် ရွှေဒင်္ဂါးတစ်ပြားပဲ တန်တာပါ။
စသည်ဖြင့် ရှင်းပြလိုက်ပါတယ်။
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ မိတ်ဆွေတို့အနေနဲ့ရော ဒီအကြောင်းအရာလေးကို ဘယ်လိုသဘောရပါလဲ
အားလုံးပဲ တွေးဆစရာ တစ်စုံတစ်ရာ ရမယ်လို့ မျှော်လင့်ပါတယ်...
" ဘဝမှာ မတန်တာတွေရှိတယ်"
ရန်ဖြစ်ဖို့ မတန်တာတွေ...
ရှင်းပြဖို့ မတန်တာတွေ...
ပြုံးပြဖို့ မတန်တာတွေ...
ပေးဆပ်ဖို့ မတန်တာတွေ...
ခင်မင်ဖို့ မတန်တာတွေ...
ချစ်မြတ်နိုးဖို့ မတန်တာတွေ...
သတိရဖို့ မတန်တာတွေ...
အများဆို အများကြီးရှိတယ်...
တစ်ခါတစ်လေကျရင်တော့ ကိုယ့်အတွက်.....
တန် မတန်
စဉ်းစားဖို့လိုပါတယ်...တဲ့
အခုနောက်ပိုင်း
ကိုယ့်တွက်မတန်တဲ့အရာတွေအတွက်
အဖက်လုပ်နေဖို့ရော
အချိန်ပေးဖို့
နေရာပေးဖို့
ခံစားနေဖို့ရော
မတႏၲာမို့
ကိုယ်ကတော့ မတန်တဲ့အရာတွေ တော်တော်များများကို ဥပေက္ခာပဲ ပြုထားလိုက်တော့တယ် ။
အဲ့တာကြောင့် တစ်ခါတစ်လေ ရန်လာလုပ်သူတွေကို
ပြန်ရန်လုပ်ဖို့ မတန်တာမို့ ရှောင်ပစ်လိုက်တယ်။
ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက်
ခံစားနေဖို့လည်း မတန်တာမို့ ဥပေက္ခာပြုတတ်လာတယ်။
မတန်ပါဘူး။
တကယ်ကို မတန်တာပါ။ ။
မတန်တာကိုမှ မာန်ကိုချ
ဟန်ပြ ဆက်ဆံနေမည့်အစား
နှလုံးသားမှာ အမုန်းမပွားမှီ ...
ဥပေက္ခာတရားဆီသို့
ဦးတည်ထားလိုက်ပါတော့တယ်..
"တန်ဖိုးရှိလွန်းလို့ ဖတ်ဖြစ်အောင်တော့ဖတ်ကြည့်လိုက်ပါ"
===============================
🦋 ကောင်းစားစေချင်လို့ဆိုပြီး
လူကြားထဲမှာအရှက်ခွဲခဲ့တဲ့
လူတချို့ရယ်
🦋 ခင်လို့စတာပါဆိုပြီး
အားနည်းချက်ကို လှောင်ပြောင်ခဲ့တဲ့
လူတချို့ရယ်
🦋 ဖြစ်တတ်ပါတယ်ဆိုပြီး
ဟန်ဆောင်မုသားတွေနဲ့ နှစ်သိမ့်ပေးနေတဲ့
လူတချို့ရယ်
🦋 ငါဘဝမှာ နင့်ကို အခင်ဆုံးဆိုပြီး
သူစိမ်းဆန်သွားတဲ့
လူတချို့ရယ်
🦋 နွေးထွေးစွာ ပွေ့ဖက်ထားမယ့်
ဟန်ပန်နဲ့ ရင်ဝကို ရက်ရက်စက်စက်
ဆောင့်ကန်ခဲ့တဲ့
လူတချို့ရယ်
🦋 နင့်အတွက် ငါရှိတယ်ဆိုပြီး
နောက်ကျောကိုဓားနဲ့
အကြိမ်ပေါင်းများစွာ ထိုးခဲ့တဲ့
လူတချို့ရယ်
🦋 ဆွဲထူမလိုလိုနဲ့
ဆောင့်တွန်းခဲ့တဲ့
လူတချို့ရယ်
🦋 မျှော်လင့်ချက်တွေပေးပြီး
အိပ်မက်တွေကို ရိုက်ချိုးပစ်ခဲ့တယ့်
လူတချို့ရယ်
🦋 ဘဝမှာ အဲ့လိုလူတွေနဲ့
တွေ့ပြီးတဲ့နောက်ပိုင်း
စိတ်မပါလည်း ပြုံးတတ်လာခဲ့ပါတယ်
အဖော်မက်လွန်းတဲ့ လူတစ်ယောက်မှာ
မိတ်ဆွေစစ်မရှိတာ မဆန်းပါဘူး။
ကျနော် အပေါ်ယံတွေကို တကယ်မုန်းတယ်
လူပီသအောင်နေကြမယ်
.......................................
ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ
စာနာတတ်ခြင်း ရှိတဲ့သူက
ပိုပြီး လူသားဆန်တယ်
မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမှာ
လူကိုလူလို ဆက်ဆံ တတ်တဲ့သူက
ပိုပြီး လူသားဆန်တယ်
လက်ဖဝါးနဲ့ လက်ဖမိုး အုပ်စု နှစ်ခုကြားမှာ
အမှန်တရားကို ဆုပ်ကိုင်နိုင်တဲ့ ဘက်ခြမ်းက
ပိုပြီး လူသားဆန်တယ်
အနိုင်နဲ့ အရှုံး နှစ်ခုကြားမှာ
ကိုယ်ကျိုးအတွက် သိက္ခာကို ချနင်းနေသူထက်
အများအကျိုးအတွက် အသက်ကိုစတေးရဲ သူတွေက
ပိုပြီး လူသားဆန်တယ်
ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း နှစ်ခုကြားမှာ
စွန့်လွှတ်ရဲ ပေးဆပ်ရဲတဲ့သူက
ပိုပြီး လူသားဆန်တယ်
ခါးသီးခြင်းနဲ့ ချိုမြိန်ခြင်း နှစ်ခုကြားမှာ
ဘဝ ရေဆန်ကို အားမာန်နဲ့ ကူးနေသူက
ပိုပြီး လူသားဆန်တယ်
အရှက်တရား မရှိသူတွေက
ပြောချင်ရာပြောတတ်တယ်
လူသားမဆန်တဲ့သူတွေက
လုပ်ချင်ရာလုပ်တတ်တယ်
ဒါပေမယ့်....
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုကြားမှာ
ကိုယ့်အကျိုးအတွက်
တစ်ခြားသူတွေကို
ထိခိုက်နစ်နာအောင်
မလုပ်တတ်တဲ့ ကိုယ်ကျင့်တရား ရှိသူက
ပိုပြီး လူသားဆန်ပါတယ်။
*အနာမြုံထဲကဝေဒနာ*
ဟိုတစ်ချိန်
ချိုမြိန်တဲ့ အိမ်လေး
အမေ မရှိတဲ့သုံးနှစ်အကြာ
ယိုင်နဲ့ ပျက်စီးရပြီလေ
မဖြည့်နိုင်တော့တဲ့ ဆန်အိုး
ကြွက်ဖလောင်းတွေ နံရိုးအပြိုင်းပြိုင်းနဲ့
ထွက်ပြေးတာ
မြင်တော့
ဆီသယ်မ အရိုးနဲ့
ပုရွက်ဆိတ် အစာထိုးကျွေးခံနေရတဲ့
လူတန်းဆီ
ကျုပ်
သွားတန်းစီစရာ
မလိုတော့ဘူးပေါ့
အဆင်မပြေမှုနဲ့ အခက်အခဲ
ထိမ်းမြားလက်ထပ်ပွဲမှာ
ဖိုခနောက် နဲ့ ထမင်းအိုးက
ဘယ်သူ သွေးထိုးလို့
လမ်းခွဲရတာလဲ?
အစာအိမ်နဲ့ အူမ
ဂဂျီ ဂဂျောင်ကျ ရန်ဖြစ်တော့
ကျုပ်မှာ
သောက်ရေတစ်ခွက်နဲ့ ဖြောင်းဖျ
မနည်း တရားချခဲ့ရသေးတယ်
မျက်နှာပူမိတဲ့ အိမ်ရှေ့က အလှူခံ
စိတ်နဲ့တောင်းပန်ရင်း
ပုန်းခိုစရာ
နေရာရှာတုန်း
ပုံမှန် အလုပ်မလုပ်တဲ့
မီတာဘုန်းပေါ်က ဖြတ်ပိုင်းတစ်ဆောင်
ဘယ်နေ့
နောက်ဆုံးဆောင်လို့
ကျုပ်ကို
ရန်ထောင်သွားလေရဲ့
စိတ်ရိုင်းတွေ ဖောက်ထုတ်
စိတ်ကောင်းတွေ သိုလှောင်ဖို့
စိတ် *လယ်တခွက် *ကို
သတိ *လယ်ကန်သင်း*နဲ့
ကန့်သတ်ထားတဲ့
ကျုပ်
ဝင်လာသမျှ *စိတ်ရိုင်း*
ဖောက်မထုတ်မိတာ
ကြာပေါ့
တက်တစ်ချက် ခပ်ပြင်းပြင်းခေါက်
လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ရင်း
အင်းးးး
မဖြစ်သေးပါဘူးလေ
အမေအို အိမ်အပြန်အရောက်
အမောပြေ ရေနွေးကြမ်း
သောက်ဖို့
ထင်းအလုံအလောက်
ကျုပ်
ကောက်ထားမှဖြစ်မယ်
" အထီးကျန်ဖို့ သတ္တိရှိပါ
================
အထီးကျန်တယ်ဆိုတာ...
အိပ်ရာပေါ်မှာ
တစ်ယောက်ထဲရှိမှမဟုတ်ဘူး ။
နှစ်ယောက်ရှိနေလည်း
တစ်ယောက်ချင်းစီရဲ့ စိတ်တွေကွဲပြားနေလည်း
အထီးကျန်တာပါပဲ ။
မိသားစု မရှိလို့
အထီးကျန်တာမဟုတ်ဘူး။
မိသားစုရှိလည်း
အတ္တကိုယ်စီကိုင်ထားကြရင်း
မာနတွေဖုံအုပ်ထားကြရင်း
တွေးခေါ်ပုံတွေမတူညီကြရင်း နေနေရရင်
အထီးကျန်တာပါပဲ ။
မိတ်ဆွေအပေါင်းအသင်းနည်းလို့
အထီးကျန်တယ်မခေါ်ဘူး။
သူငယ်ချင်းတွေဘယ်လောက်ရှိရှိ
မိတ်ဆွေတွေဘယ်လောက်များများ
အတုအယောင်တွေနဲ့
ယှဉ်ပြိုင်မှုတွေနဲ့
နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေကြားမှာ
ကျီးလန့်စာ စားနေရတာလည်း အထီးကျန်တာပါပဲ ။
လူအများကြီးနဲ့နေရပေမယ့်
ကိုယ့်ကိုလူရာမသွင်းတာမျိုး
ကိုယ့်ခံစားချက် ကိုယ့်စိတ်ကူးတွေကို
နားမလည်ပေးတာမျိုး
ကိုယ့်ရဲ့အလုပ်
ကိုယ့်ရဲ့ခံယူချက်တွေကို
အသိအမှတ်မပြုပေးတာမျိုးက
အထီးကျန်တာပါပဲ။
ဒါကြောင့်
ငါ အထီးကျန်တယ်လို့များ
ဘယ်တော့မှမတွေးပါနဲ့။
ဘာလုပ်မှာလဲ...?
မယုံကြည်ရတဲ့သူတွေနဲ့နေနေရတာ...
ကိုယ့်ကိုထိုးဖို့ ဓားတွေ ဖွက်ထားတဲ့သူတွေနဲ့
နေနေရတာ...
ကိုယ့်ရဲ့ချစ်ခြင်းတရားတွေကို...
အသိအမှတ်မပြုတဲ့သူတွေနဲ့ နေနေရတာ...
ကိုယ်နဲ့အမြဲလိုက်ပြီးယှဉ်ပြိုင်နေတဲ့သူတွေနဲ့
နေနေရတာ...
ကိုယ့်ကိုလိုတဲ့အခါမှာအသုံးပြုပြီး
မလိုအပ်ရင်ချောင်ထဲထိုးထားတဲ့
လိုသုံးတွေကြားမှာ နေနေရတာ...
သာတဲ့အခါ လာပေါင်းပြီး
နာတဲ့အခါ စွန့်ခွာသွားကြတဲ့
သာပေါင်းညာစားတွေ ဝန်းရံခံနေရတာ။
သရုပ်အမှန်မျက်နှာတွေကို
အပြုံးမျက်နှာဖုံးတွေ ဖုံးထားရင်း
မုသားဖုံးစကားချိုချိုတွေပြောနေတဲ့
လူတွေကြားမှာနေနေရတာ...
ဒါတွေထက်စာရင်
သင့်စိတ်နဲ့ သင်ကိုယ်ကို
သင်ကိုယ်တိုင် ပိုင်ဆိုင်ရင်း
ရဲရဲဝံ့ဝံ့ အထီးကျန်ပစ်လိုက်စမ်းပါ။
မျှော်လင့်ချက်မဲ့တဲ့အခြေအနေဆိုတာ မရှိ့ပါဘူး
=== === === === === === ===
လော က မှာ
မျှော်လင့်ခွင့်မရှိ့တဲ့သူဆိုတာ မရှိ့သလို
မျှော်လင့်ချက် မဲ့တဲ့အခြေအနေဆိုတာလဲမရှိ့ပါဘူး
မည်သည့်အခြေအနေကိုမဆို ပြောင်းလဲပစ်ဖို့ဆိုရင်တော့
ကံစီမံသမျှကိုဘဲ ခေါင်းငုံခံမနေဘဲ
လုပ်ရမဲ့သူကိုတိုင်က ပြောင်းလဲချင်တဲ့စိတ်
ရှိ့နေဖို့က အဓိ့ကကျတယ်
ဖြစ်သမျှအကြောင်း အကောင်းဘဲဆိုပြီး
ဖြစ်သလိုနေရင်တော့ နေသလိုဘဲဖြစ်လာမှာဘဲ
ဖြစ်ချင်တာတွေ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး
သင့်မှာ ကျန်းမာရေး ကောင်းနေတယ်
ချေ လက် ပြည့်စုံနေတယ်ဆိုရင်
ဘာလို့ ပိုက်ဆံ အရှိ့ဘူး ဆိုတဲ့ စကားကို
အကြိမ်ကြိမ် ညည်းတွားနေမှာလဲ
ဘယ်အရာကိုမှ စ,မလုပ်ကြည့်ရသေးဘဲ
မဖြစ်နိင်ဘူးလို့ မဆုံးဖျက်ပါနဲ့
``ကြီးမားတဲ့ အရာတွေကိုတောင်
သင့်ရဲ့ ငါလုပ်နိင်တယ် ဆိုတဲ့စိတ်ကြောင့်
တစ်ဝတ်လောက်က ပြီးမြှောက်စေတယ်´´
ကို့ကိုကိုယ် ယုံကြည်စိတ်ချမူ့
အာနည်းနေတယ်ဆိုရင်တော့
ကိုယ် လျှောက်ရမယ့် လမ်းကို
ဘယ်တော့မှ တွေ့လာမှမဟုတ်ဘူး
``ဆန္ဒ နဲ့ ယုံကြည်မူ့ကို ပေါင်းစပ် ပါ´´
သင့်မှာ ခြံအကြည်ကြီး ပိုင်ဆိုင်ဖို့ ဆန္ဒ ရှိ့နေရုံနဲ့မရဘူး
သင့်မှာ တိုက်အိမ်အကြီးကြီးကို ပိုင်ဆိုင်ဖို့
သင့်မှာ ကားအကောင်းစားကြီး ပိုင်ဆိုင်ဖို့
သင့်မှာ တစ်လ ဆယ့်လေး ငါးသိန်း ဝင်ငွေ ရှိ့နေဖို
ဆန္ဒ ရှိ့နေရုံနဲ့မရဘူး
ဖြစ်ချင်တဲ့ ဆန္ဒကို ဖြစ်ရမယ်ဆိုတဲ့ ယုံကြည့်မူ့နဲ့
ရအောင်လုပ်ယူဖို့ ကြိုးစားချင်တဲ့ စိတ်ဓတ် ရှိ့ဖို့လဲလိုအပ်တယ်
``ကံ ဆိုတာ အလုပ် ကိုခေါ်တာပါ´´
ကံကြမ္မာက ဖန်တီးသမျှကိုဘဲ ခေါင်းငုံခံမနေဘဲ
ကိုကိုယ်တိုင်က ကံကြမ္မာကို ဖန်တီးကြည့်ပါ
သင်ဖြစ်ချင်တာတွေဖြစ်လာဖို့ မကြာပါဘူး
အခုဘဲ စလုပ်ကြည့်ပါ......
အရမ်းတန်ဖိုးရှိပါတယ်💑 “ ခင်ပွန်းကောင်း "💑
💑 အိမ်ထောင်တစ်ခုမှ
အပေးအယူမျှတစွာ
ချစ်ကြတယ် ဆိုတာဟာ
အင်မတန်မှကျက်သရေရှိတဲ့
မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။
💑 ဒါကို စိတ်ယုတ်တဲ့
မိတ်ဆွေ အပေါင်းအသင်းတစ်ချို့က
မြှောက်ပင့်ပေးတတ်ကြပြီး
သဘောထားမပြည့်တဲ့
ခပ်ဘယညံညံ ဆွေမျိုးတွေကတော့
ကဲ့ရဲ့ပြစ်တင်တတ်ကြပါတယ်။
💑 လင်မယားနှစ်ယောက်ကြား
မခံချိမခံသာ စကားလုံးတွေ
သုံးပြီး သွေးကွဲစေတဲ့
စကားမျိုးတွေကိုလည်း
ပြောတတ်ကြပါတယ်။
💑 တကယ်တာ့
ခင်ပွန်း ကောင်း ဆိုတာ
ဇနီး မယား အပေါ်နိုင်ထက်စီးနင်း
မပြုတဲ့သူပါ။
💑 ဇနီး ကအမြဲတမ်း
လေးစား ချစ်ခင်အောင်လည်း
ပြုမူ နေထိုင်တတ်သူပါ။
💑 အိမ်ထောင်ဦးစီး တာဝန်ကိုလည်း
ကပြည့်အဝ လုပ်ကိုင်ဆောင်ရွက်
နိုင်သူလည်း ဖြစ်ပါတယ်။
💑 ပတ်ဝန်းကျင်မှာ
ခင်ပွန်းသည်က
ကိုယ်ဇနီးအပေါ်
သဲသဲလှုပ် ချစ်တာ မြင်နေရတာ
အပြစ်ဖြစ်နေလား???
💑 ဒီလို ခင်ပွန်းမျိုးကို ဇနီးသည်တိုင်
တောင့်တ လိုချင်ကြပါလိမ့်မယ်။
💑 အိမ်ထောင်ရေး တစ်ခု
ခိုင်မြဲဖို့ ဆိုတာ
ခင်ပွန်း နဲ ဇနီး အပြန်အလှည်
ချစ်ခြင်းမေတ္တာတစ်ခုတော့
ရှိနေသင့်ပါတယ်။
💑 ဇနီး တစ်ယောက်ရဲ့
ပျော်ရွှင်မှုတွေဟာ ခင်ပွန်း ရဲ့
ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတယ်။
💑 ဒါကြောင့်.....
ပျော်ရွှင်နေတဲ့ ဇနီး တစ်ယောက်ရဲ့
ဘဝမှာ သိက္ခာရှိပြီး လေးစား ထိုက်တဲ့
ခင်ပွန်း ကောင်း ရှိနေလို့ပါ။
💑 အမြဲတမ်း မှိုင်တွေနေပြီး
အလိုမကျဖြစ်နေတတ်တဲ့
ဇနီးရဲ့ နောက်ကွယ်မှာ
သိက္ခာမဲ့ပြီး ဖောင်ပြန်တတ်တဲ့
ခင်ပွန်း ရှိနေပါလမ့်မယ်။
💑 ပစ္စည်းဥစ္စာ မပြည့်စုံပေမယ့်
ခင်ပွန်း ကောင်းသာ ရှိနေပါစေ
စိတ်ပျော်ရွှင်စွာ နေထိုင်မှာဖြစ်ပြီး
💑 ပစ္စည်းဥစ္စာ ချမ်းသာပေမယ့်
ခင်ပွန်း ကောင်း မရှိတဲ့အခါ
စိတ်ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။
💑 ဒါကြောင့် ခင်ပွန်း က
ကိုယ့်ရဲ့ ဇနီး ကို ချစ်ပြတာဟာ
ရှက်စရာ မဟုတ်ပါဘူး
ဒါဟာ အထင်ကြီးစရာ
လေးစားချီးကျူးဖို့ကောင်းတဲ့
ခင်ပွန်း ကောင်း ရဲ့အပြုမူတွေပါ။
💑 ဒီလို ဇနီး မောင်နံရဲ့
အပြန်အလှန်
ချစ်ခင် ဂရုစိုတ်တတ်မှုတွေဟာ
ပျော်ရွှင်စရာ ကောင်းတဲ့
အိမ်ထောင်ရေး တစ်ခုကို
ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။
💑 စစ်မှန်တဲ့ ....
ချစ်ခြင်းမေတ္တာ တွေသာ ရှိပါစေ
သာယာနေမှာ အမှန်ဖြစ်ပါတယ်။
💑 ယောက်ျားတိုင် ခင်ပွန်းကောင်းများ ဖြစ်ကြပြီး
ဇနီးတိုင်း ခင်ပွန်းအပေါ်မှာ လေးစားစွာနဲ့
တန်ဖိုးထား တတ်ကြပါစေ။
💑 တကယ် ချစ်တတ်သော
ခင်ပွန်း ကောင်းများကို
ပိုင်ဆိုင်နိုင်ကြပါစေ။
မိန်းမတွေဆိုတာ🥰
ညတစ်ညရဲ့ အဖြစ်အပျက်လေးတစ်ခုပါ။
ကျွန်တော် ကုတင်ပေါ်မှာ မအိပ်ချင်သေးပဲ လှဲလိုက် မိတယ်။
အသင့် အိပ်ပျော်နေရှာတဲ့ ကျွန်တော့ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံ့ လှပတဲ့ မျက်နှာလေးကို ကျွန်တော် သေချာ ကြည့်နေရင်းကနေ အတွေး တစ်ချို့ ဝင်လာပြီး ကျွန်တော့ဟာ ကျွန်တော် တွေးနေမိတယ်။
မိန်းကလေးဆိုတာ ဘယ်လိုပါလိမ့် ?
ကျွန်တော်နဲ့ မင်္ဂလာ မဆောင်ခင်က မိဘအသိုင်းအဝိုင်းရဲ့
အချစ်တွေနဲ့ ထိန်းသိမ်းမှု့အောက်မှာနေပြီး ကြီးပြင်းလာခဲ့တယ်
အခုကျ တစ်ချက်ထဲ ရုတ်တစ်ရက်မှာပဲ သိတောင် မသိထားတဲ့ လူတစ်ယောက်ရဲ့ဘေးမှာ အမိန့်နာခံရင်းနဲ့ အိပ်စက်နေရပြန်တယ် ကျွန်တော့ကြောင့် တစ်သက်လုံး အတူနေခဲ့တဲ့ မိဘတွေကို စွန့်ခွာလာခဲ့ပြန်တယ် ကျွန်တော့ကို ပင်ပင်ပန်းပန်း ပြုစုရင်း ကျွန်တော့ရဲ့ မပြောပလောက်တဲ့ စကားလေးတွေနဲ့ သူ ပျော်နေပြန်တယ်။
ပြီးတော့ ကျွန်တော့ကိုယ် ကျွန်တော် မေးခွန်းတစ်ချို့ မေးနေမိတယ် ဒါလဲပဲ ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မိမိရဲ့ ဇနီးမိန်းမကို ရိုက်နှက်နေ နိုင်ကြတာလဲ
ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက နှစ်ဘဝအတွက် ရည်စူးပြီး လာခဲ့သူကို တစ်ဘဝတောင် မကုန်သေးဘူး စိတ်ကုန်သွားကြတာလဲ ?
ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မိန်းမနဲ့သားသမီးကို အိမ်မှာ ထားပြီး သူငယ်ချင်းတွေနဲ့ Hotel တွေမှာ အစားအသောက်ကောင်းတွေ စားသောက်နေနိုင်ကြတာလဲ ?
တစ်နေ့လုံး ယောကျာ်းလာမှ အတူတူ စားမယ်ဆိုပြီး ထမင်းဝိုင်းလေး အသင့်နဲ့ ကလေးတွေကို လက်ဆေးပေးပြီး ထိုင်စောင့်နေတဲ့ မိန်းမကို ဘာလို့ မေ့နေရပြန်တာလဲ ?
ဘယ်လိုဖြစ်လို့ တစ်ချို့ တစ်ချို့တွေက မိန်းမအတွက်တော့ အိမ်ကို ထောင်လို လုပ်ထားလိုက်ကြပြီး ကိုယ်တိုင်ကျတော့ အများသုံး အိမ်သာလို လာချင်တဲ့ အချိန် လာ သွားချင်တဲ့ အချိန် သွား
ဖြစ်နေကြတာလဲ ?
ဘယ်လိုဖြစ်လို့ တစ်ချို့ တစ်ချို့ တွေက မိမိဇနီးကို မျက်ရည်စက်နဲ့ ညတွေကို ဖြတ်သန်းစေ နေတာလဲ ?
တစ်ချို့ တစ်ချို့က မိန်းမ မိသားစုကို အချိန် မပေးပဲ လမ်းပေါ်မှာပဲ အချိန်တွေကို ကုန်ဆုံး လိုက်နေကြတယ်
မိသားစုမှာ ဖခင်ရဲ့ နွေးထွေးမှု့ ဆိုတာ သားသမီးတွေ သိခွင့် မရတော့တာ ဘာ့ကြောင့်လဲ ?
ဘယ်လိုဖြစ်လို့ ယောကျာ်းတွေ တာဝန် ခံပြီး တာဝန် မယူကြတော့တာလဲ ? ပြေးမယ် ဆိုလဲ ပြေး ဘယ်အထိ ပြေးကြမလဲ ?
ဒီလိုတွေ တွေးပြီး နောက်ဆုံး အဲ့ဒီ့ညမှာ ကျွန်တော် တွေးလိုက်တယ်။
ကျွန်တော့မှာ အမေ ရှိတယ်
ကျွန်တော့မှာ မိန်းမလဲ ရှိတယ်
ကျွန်တော် သူတို့ နှစ်ယောက်စလုံးကို ဂုဏ်ယူ လေးစားသင့်တယ်
မိန်းမကို ကြင်နာရင်း မိဘကို ရိုသေရင်း ပေါ့
ဘာကြောင့်လဲ ဆိုရင်
သူတို့ နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့ကို အသက်နဲ့ ရင်းပြီး လောကထဲကို ခေါ်ဆောင် လာခဲ့တယ်။
နောက်တစ်ယောက်က တစ်လောကလုံးကို စွန့်ခွာပြီး ကျွန်တော့ အနားကို လာခဲ့တဲ့ သူပါ။
အမေဆိုတာလဲ တစ်ချိန်က မိန်းမ ဖြစ်ခဲ့တယ်
လက်ရှိ ဘေးနားမှာ ရှိနေတဲ့ မိန်းမ ဆိုတာ ကလည်း တစ်ချိန်မှာ အမေ ဖြစ်အုံး မှာမို့ .......
အမေ့ကို တန်ဖိုး ထားသလို မိန်းမကိုလဲ တန်ဖိုး ထားကြပါ
နားလည် နိုင်ကြပါစေ
မိသားစုတိုင်း မိသားစုတိုင်း တစ်ဦးနဲ့ တစ်ဦး ချစ်ချစ် ခင်ခင်
တစ်သက်တာ ပျော်ရွှင်စွာ နေသွားကြရ ပါစေ။
အားလုံးပဲ့ကျန်းမာကြပါစေ♥❤💖
သား နေမကောင်းဘူးအမေ😢😢😢
________
- သား နေမကောင်းဘူးအမေ
မိုးထဲ လေထဲ
ဆွမ်းတစ်ခဲ အတွက်
အိမ်အပေါက်ဝတွေမှာ
ကြွပြီး ရပ်နေခဲ့ရတယ်အမေ ၊
- သား နေမကောင်းဘူးအမေ
မိုးထိပြီး အဖျားမိရင်
အိမ်ပြန်ချင်တဲ့စိတ်
အမေ့ရင်ခွင်ရိပ်မှာ
ပြန်အိပ်ချင်တဲ့စိတ်တွေကို
မျိုသိပ်နေရတယ်အမေ၊
- သား နေမကောင်းဘူးအမေ
ဆေးတစ်ပြားသောက်ပြီး
မှောက်အိပ်နေလိုက်တယ်လေ
သားတို့ဘဝက
ကိုယ့်သင်္ကန်းကိုယ်လျှော်
သာသနာမှာပျော်ဖို့အရေး
မျက်ရည်တွေကို
အဖော်လုပ်နေရတယ်အမေ ၊
- သား နေမကောင်းဘူးအမေ
ချမ်းအေးလိုက်တာဆိုပြီး
စောင်ထဲမှာ ခိုးငိုနေမိတယ်
အိမ်ပြေးမဟုတ်ပေမယ့်
အိမ်ရဲ့အဝေးမှာလေ
ဂရုစိုက်မှုတွေလိုနေပြီအမေ
သား နေလို့မကောင်းဘူးဆိုတာ
အမေ့ကို ပြောပြချင်လိုက်တာဗျာ ။
ဘယ်အသက်ရွယ်ပဲရောက်နေပါစေ
နေမကောင်းတဲ့အချိန်ဆို
အမေ့ကိုသိပ်သတိရတယ်
