3 138
Subscribers
+1124 hours
+1487 days
+71230 days
Posts Archive
King Kong (2005)
King Kong လို့ဆိုလိုက်ရင် မသိတဲ့လူမရှိခဲ့လောက်အောင် ကင်းကောင်ဟာ နာမည်ကျော်တဲ့ကာရိုက်တာတစ်ခုပါပဲ။ ၁၉၃၃မှာ သူ့ကို ပိတ်ကားပြင်ထက် စအသက်သွင်းပြီးချိန်ကစလို့ ဒီနေ့ထက်ထိတိုင်အောင်ပဲ ဇာတ်လမ်းအမျိုးမျိုးနဲ့ ပြန်ရိုက်ကြတဲ့အထိကို အောင်မြင်ခဲ့တယ်။ ဒီ 2005 ရဲ့ King Kong ကို ရိုက်တဲ့သူကတော့ ပီတာဂျက်ဆန်ပါ။ ပီတာဂျက်ဆန်ဆိုတဲ့လူကိုတော့ အားလုံးသိကြမှာပါ။ The Lord of the Rings နဲ့ The Hobbit အတွဲလိုက်ကြီးနဲ့ Fantasy Genre မှာ မှတ်တမ်းရေးထိုးခဲ့သူပါ။သူနဲ့ ဒီကင်းကောင်က တော်တော်လည်း ရေစက်ပါပါတယ်။
Mermaid Down (2019)
ရေသူမတွေကိုမှ ဖမ်းဆီးချင်တဲ့ တံငါသမားနှစ်ယောက်ဟာ ဇွဲကောင်းကောင်းနဲ့ စောင့်ဆိုင်းပြီး ရေသူမလေးတစ်ကောင်ကိုဖမ်းမိကြတယ်
သူတို့ဟာ သာမာန်ဖမ်းဆီးရောင်းချချင်တဲ့သူမျိုးတွေ မဟုတ်ဘဲနဲ့ မိရိုးဖလာယုံတမ်းစကားအတိုင်း ရေသူမကို အမြီးတစ်ပိုင်းလူတစ်ပိုင်းဖြတ်ပြီး သယ်ဆောင်ရမယ်ဆိုတဲ့စကားအရ ရေသူမအမြီးကို ပုဆိန်နဲ့ခုတ်ဖြတ်လိုက်ပြီး တစ်ပိုင်းဆီထားထားတယ်
စိတ်ရောဂါကုဆရာဝန် ဒေါက်တာဘိုင်ယာဟာ အဲတံငါသင်္ဘောနားတစ်ဝိုက်မှာစောင့်ကြည့်နေပြီး အဖြစ်အပျက်တွေအပြီးမှာ တံငါသမားဆီမှ ရေသူမလေးကို ရအောင်ကယ်ထုတ်ခဲ့ပြီး သူဘာဆက်လုပ်မလဲ
စိတ်ရောဂါကုဆေးရုံမှာရှိနေတဲ့ စိတ်ဝေဒနာသည်မိန်းကလေးတစ်သိုက်နဲ့ ရေသူမလေးတို့ဆုံတွေ့ခဲ့ကြပြီးအစပိုင်းမှာ အဆင်မပြေခဲ့ကြတဲ့အပြင် သူ့ကို ရေသူမဆိုတာလည်းမယုံကြည်ခဲ့ကြပေမယ့် နောက်ပိုင်းကျ အန္တရာယ်ကို အတူတူရင်ဆိုင်ခဲ့ကြတယ်
သူတို့ရင်ဆိုင်ရမှာက ဘာအန္တရာယ်ဖြစ်မလဲ၊ ပုံမှန်ရေသူမကားတွေလို အချစ် အလွမ်း အနမ်းနဲ့ ပြီးသွားတတ်တဲ့ဇာတ်လမ်းမျိုးမဟုတ်ဘဲ သည်းထိတ်ရင်ဖိုနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ်
Lakshya [2004]
IMDB 7.9 / 10
3h 6min .Action, Drama, Romance
ကိုယ့်ဘဝမှာ ကိုယ်အဖြစ်ချင်ဆုံးအရာက ဘာဖြစ်မလဲ ။ဆရာဝန်ကြီးလား ။ အင်ဂျင်နီယာကြီးလား ။ သိပ္ပံပညာရှင်ကြီးလား ။
ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီးကတော့ ဘာဖြစ်ချင်မှန်းရေရေရာရာမသိတဲ့ လူငယ်လေးတစ်ယောက်ပေါ့ ။
သူ့ပတ်ဝန်းကျင် အဖေနဲ့ အမေကပါ သူ့ကိုပြောဆိုလာတဲ့အခါ မခံချင်စိတ်နဲ့ စစ်ထဲဝင်ပစ်လိုက်တယ်
စစ်သားတစ်ယောက်ဖြစ်လာတဲ့အခါမှ သူ့ဘဝရဲ့ရည်မှန်းချက်ကို သူမြင်လာတယ် ။
ရီသိတ်ကတော့ ရည်ရွယ်ချက်မဲ့နေတဲ့ကောင်လေးနေရာကသရုပ်ဆောင်ထားပြီးအမီတာဘဂျမ်းကတော့ ဗျူဟာမှူးနေရာကနေ သရုပ်ဆောင်ထားပါတယ်။
သူတို့ အိန္ဒိယ နဲ့ ပါက္ကစ္စတန် နယ်စပ်ကအခြေအနေကိုလည်း ဒီကားထဲမှာ သေချာရိုက်ပြထားပါတယ် ။
စစ်ကားကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ကားဖြစ်လိမ့်မယ်လို့ ညွှန်းချင်ပါတယ်။
#Credit
From Beijing with Love (1994)
စတီချောင်ရဲ့ ဟာသစုံထောက်ကားလေးကို တက်ဆက်ပေးလိုက်ပါတယ် စတီဗင်ချောင်ဆိုတော့ သူ့ရဲ့ရုပ်တည်ကြီးနဲ့တစ်လွဲလုပ်တာတွေ ပြောတာတွေနဲ့ တစ်ကားလုံးခွီးရမှာပါ
လင်းလင်ချိုင်း(စတီဗင်ချောင်)ဟာ အရည်အချင်းမပြည့်ဝလိုဆိုပြီး စုံထောက်အဖြစ်က ရပ်နာခံရပြီး ဝက်သားရောင်းနေရတာ ၁၀နှစ်ရှိပါပြီ အဲဒီအချိန်မှာအဖိုးမဖြတ်လိုမရတဲ့ ဒိုင်နိုဆောအရိုးခေါင်းဟာ အခိုးခံလိုက်ရတယ် ဒီအမှုကိုလိုက်သမျှစုံထောက်တွေလည်း အကုန်အသတ်ခံလိုက်ရတော့ နောက်ဆုံးမှာ ဝက်သားသည်စုံထောက်ချိုင်းကိုပဲ ဒီအမှုကိုအပ်လိုက်ရပါတော့တယ် ဒီလိုနဲ့ဝက်သားသည်စုံထောက်ချိုင်းတစ်ယောက် သေကံအမျိုးမျိုး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ရင်း အရိုးခေါင်းခိုးမှုရဲ့နောက်ကွယ်က သူတွေကိုဘယ်လိုနိမ်နင်းသွားမလဲဆိုတာကို ဟာသတွေနဲ့ခွီးရင်ကြည့်ရှူရမှာပါ
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MK ဖြစ်ပါတယ်
#Credit
Pushpa: The Rise (2021)
IMDB (8.1/10)
နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်
သာမန်ဆင်းရဲသား ကြုံရာကျပန်းလုပ်တတ်တဲ့ ပွတ်ရှ်ပါဟာ ဆင်းရဲသလောက် မာနကြီးသလို ဘုဘောက်လည်းကျပါတယ်၊ လူ့ဂွစာတယောက်ပေါ့
ကိုယ်မှန်တယ်ထင်ရင် ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်
အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကိုမှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာကနေ ဘယ်လို ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့မလဲ
ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီး အထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာသရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်
#Credit
Twinkle, Twinkle, Lucky Stars (1985)
IMDB: 6.2/10
ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။
#Credit
2023)
(IMDb 8.8/10,RT 100%)
ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival
ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ
Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့
Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ်
ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက်
ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲ
အိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့်
တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ
မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ်
အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု
မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်
ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား
ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု
ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့
ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်
Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့
လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ
(အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့
Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်)
Veeram [2023]
ဒီတစ်ခါမှာ "Veeram (2023)"ဆိုတဲ့ အိန္ဒိယအက်ရှင်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဆာရာဆွာသီမှာ နာရာဆင်မာနဲ့ဗီးရူဆိုတဲ့မောင်နှစ်ယောက်ရှိပါတယ်။
မိဘတွေမရှိတော့တဲ့အတွက် ဆာရာဆွာသီဟာ မောင်တွေကို အမေတစ်ယောက်သဖွယ်ချစ်ခင်စောင့်ရှောက်ပေးခဲ့သူပါ။
သူ့ခင်ပွန်းဖြစ်သူ ဆာဒါရှီဗာကလည်း ယောက်ဖနှစ်ယောက်ကို ညီလေးတွေလိုသဘောထားသူပါပဲ။
ဒါပေမယ့် နာရာဆင်မာတစ်ယောက် ရာဇဝတ်မှုတစ်ခုမှာပါဝင်ပြီးနောက် ဆာရာဆွာသီဟာ သူ့ကိုအိမ်ကနေနှင်ထုတ်ကာ ဗီးရူကိုပဲအာရုံစိုက်ပါတော့တယ်။
တစ်နေ့ ဗီးရူဟာလည်း အမှုတစ်ခုကြောင့် အစ်မဖြစ်သူဆာရာဆွာသီရှေ့မှာပဲ ရဲတစ်ယောက်ရိုက်နှက်တာကို ခံလိုက်ရပါတယ်။
အဲဒီလိုဖြစ်ပြီးနောက် ဗီးရူဟာ နာရာဆင်မာနဲ့အတူတူ ရဲစခန်းကိုခေါ်သွားခံလိုက်ရတော့တာပါပဲ။
ဒီလိုနဲ့ပဲ သူတို့ညီအစ်ကိုနှစ်ယောက် အမှုကနေဘယ်လိုလွတ်သွားမလဲ၊ ဆာရာဆွာသီကိုရော ဘယ်လိုရှင်းပြမလဲ၊ ဘယ်လိုရန်သူတွေနဲ့ဆက်လက်ရင်ဆိုင်ရမလဲ၊
ကြုံတွေ့ရတဲ့အခက်အခဲပြဿနာတွေကို ဖြေရှင်းသွားနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။
#Credit
+3
Monkey Man (မွန်ဘိုင်း John Wick) (2024)
အိန္ဒိယJohn Wick အက်ရှင်ဇာတ်ကြမ်း
