3 138
Subscribers
+1124 hours
+1487 days
+71230 days
Posts Archive
DJ Tillu [2022]
DJ Tillu ဇာတ်ကားမှာတော့ Tilluဟာ အောင်မြင်တဲ့ DJ သမားတစ်ယောက်ဖြစ်လာဖို့အတွက်
ကြိုးစားနေတဲ့ကောင်လေးတစ်ယော က်ဖြစ်ပါတယ်။
တစ်နေ့မှာတော့ ကလပ်မှာသီချင်းဆိုတဲ့အဆိုတော်ကောင်မလေး Radhika ကိုတွေ့သွားကာ မြင်မြင်ချင်းသဘောကျမိသွားခဲ့ပါတယ်။
Tillu က Radhika ကိုလက်ထပ်ဖို့အထိတွေးထားခဲ့ပေမဲ့ Radhika မှာတော့ Rohit လို့ခေါ်တဲ့ရည်းစားတစ်ယောက်ရှိနေခဲ့တယ်။
Tillu နဲ့ Radhika အကြောင်းကို Rohit တစ်ယောက်သိသွားချိန်မှာတော့ Radhika နဲ့ Rohit စကားများရင်း မတော်မဆဖြစ်ကာ Radhika က Rohit ကိုသတ်မိသွားခဲ့တယ်။
ဘာကိုမှမသိတဲ့ Tillu တစ်ယောက်ကတော့ Radhikaအိမ်ကိုရောက်လာပြီး လူသေအလောင်းမြင်ကာထိတ်လန့်ပြီး ရဲတိုင်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့ Radhika ကငိုယိုပြီးတောင်းပန်ခဲ့တဲ့အတွက် လူသေအလောင်းကိုကူညီဖျောက်ဖျက်ပေးဖို့ သဘောတူလိုက်ခဲ့တယ်။
Radhika နဲ့ Tillu တို့ ဒီလူသတ်မှုကိုဖုံးကွယ်ထားနိုင့်ပါမလားဆိုတာ ဆက်လက်ကြည့်ရှုကြပါအုံး။
Dear Comrade [2019]
ဇာတ်လမ်းစစချင်းမှာ ဘော်ဘီဆိုတဲ့ လူငယ်တစ်ယောက် မူးရူးသောက်စားပြီး မျက်ရည်တွေနဲ့ လီလီဆီ ဖုန်းခေါ်ဖို့ အတင်းကြိုးစားနေတယ်
တစ်ချိန်က သူ့ဘဝထဲ လှလှပပ ဝင်ရောက်ခိုနားခဲ့ပြီး ဝမ်းနည်းမှုတွေပေးပြီးမှ ထွက်ခွာသွားခဲ့သူ...လီလီဟာ ဘာကြောင့်များ ဒီလို ထွက်သွားရက်တာလဲ...ဘော်ဘီဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူတစ်ယောက်
ကျောင်းမှာဆိုရင်လည်း “ကျောင်းသားသမဂ္ဂ” ဆိုတဲ့ နာမည်တစ်ခုနဲ့ ထင်ရာစိုင်းတဲ့ကောင်လို့ အများမြင်ကြတယ်..ခဏခဏ ရန်တွေဖြစ်တယ်..သောက်စားတယ်
ဒါပေမဲ့ မိန်းကလေးတွေကို ရိုသေမှုထားတတ်တာလည်း သူ့စရိုက်ပဲ။“သူ ပြောခဲ့တဲ့ စကားတွေထက် ကျွန်တော် ဘာမှ ခွန်းတုန့်မပြန်နိုင်ခဲ့တာကို ပိုရင်နာရပါတယ်” တဲ့
လီလီမှာ သူ့ကြောင့် တစ်စုံတစ်ခု ဖြစ်ခဲ့ရတယ်ဆိုတာတော့ သူ မသိခဲ့ပေ..လီလီနဲ့ ပြန်တွေ့မှာလား..လီလီ ဘာဖြစ်ခဲ့တာလဲ... ဘော်ဘီနဲ့ ရန်ဖက် ဘူလီရဲ့ ညီတို့ ပြဿနာကော…. ပြီးခဲ့ပြီလား….။“ကျွန်တော်သူ့ကို ဒီအချိန်မှာ နောက်ဆုံး တွေ့ခဲ့ရတာပါ”အချစ်စစ်လို့ ပြောလိုက်ရင် ထားခဲ့တဲ့ အချစ်ဦးကိုပဲ ပြေးမြင်တတ်ကြတာ လူတိုင်းဖြစ်မှာပါ
The Prisoner (2020)
--------------------------------
IMDb Rating 7.9/10
ဇာတ်လမ်း အမျိုးအစားကတော့ action drama ဖြစ်ပြီးတော့ အဓိကသရုပ်ဆောင်အနေနဲ့က Oh Ji Ho ကပါဝင်သရုပ်ဆောင်ထားပြီး Lee Jae yong, Jo Won, Jung Chan , Son Sung Yoon, နှင့် Seo Beom Shik တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအကြောင်းအရာအနေနဲ့ကတော့ မိမိရဲ့ အမျိုးသမီးကို သတ်တဲ့ တရားခံကို လိုက်ဖမ်းရင်းနဲ့ အကျဉ်းထောင်ကျသွားရတဲ့ စုံထောက်တစ်ယောက်က
အကျဉ်းကျနေတဲ့အချိန်မှာ ဘယ်လိုမျိုးတွေ ကြုံတွေ့ရမလဲ တကယ်သူရှာနေတဲ့ တရားခံကိုရော ဖမ်းမိသွားမှာလား အစရှိတဲ့ အကြောင်းအရာတွေကို
အက်ရှင်ဇာတ်ဝင်ခန်းတွေကြားက လှည့်ကွက်တွေကို ဒီဇာတ်ကားမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်ပါတယ်…
#Credit
Por Thozhil ( 2023 )
================
(ဇတ်ကားသစ်)
IMDb 8.4/10
တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့
အမိုက်စား မှုခင်းရုံကားလေးတစ်ခု ထွက်ရှိလာပါပြီ။
Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။
ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင်
ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာ
အကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင်
ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးတဲ့အခါ..
#Crd
အချစ်စစ်ဆိုတာကို မေးခွန်းထုတ်ဖို့
ဆန္ဒရှိနေသလားဆွံ့အနားမကြားသူတစ်ယောက်ရဲ့
သံယောဇဉ်အားလည်း ကိုယ်ချင်းစာတတ်ချင်ပါသလားဤ မေးခွန်းတွေကို Barfi ဆိုတဲ့ ဇာတ်ကားကောင်းလေးက
သင့်အားညွှန်းဆိုပါလိမ့်မယ်ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုတော့ဒီဇာတ်ကားလေးဟာ IMDB 8 ကျော်
Rating ရထားတဲ့ ကားလေးပါ
အစမှာတော့ Barfi ကို အဘိုးဘ၀နဲ့စတင်တွေ့ရမှာ
ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့
အတိတ်ကို ဆွဲဆောင်မှုရှိအောင်
ဆွဲခေါ်သွားပါတယ်
တကယ်တော့ Barfi ဟာ ဆွံ့အနားမကြားတဲ့
ကောင်လေးတစ်ယောက်ပါ
သူဟာ အမိမဲ့သားလေးတစ်ဦးလည်း
ဖြစ်ပါတယ်
ဇာတ်အိမ်အဖွဲ့မှာတော့
အင်စပက်တာ ဒတ်တားက
သူ့ကို လိုက်ဖမ်းနေပုံနဲ့ စဖွင့်ထားပါတယ်
ထုိ့နောက် Barfi တစ်ယောက်
အချုပ်ခန်း စံခွင့်ရသွားတော့သည်။
ထိုအခါ ဆန်းဂုပတ္တားဆိုတဲ့ မိန်းကလေးတစ်ဦးက
သူ့အားလာရောက်တွေ့ဆုံလေသည်။
ဆန်းဂုသည် အ်ိမ်ထောင်ရှိသူတစ်ဦးဖြစ်၍
မိဘသဘောမတူသည့် ဘာဖီနှင့်လည်း
ဖူးစာလွဲခဲ့သူဖြစ်သည်။
သူမက အင်စပက်တာအား
ဘာဖီအကြောင်း မေးမြန်းသည်။
ဘာဖီရဲ့ အတိတ်မှာရော ဘယ်လို အကြောင်းအရာတွေ ရှိနေနိူင်လဲ
ခြောက်နှစ်အရွယ်မှာ မိဘစွန့်ပစ်ထားခဲ့တာကြောင့် ဘာဖီကယ်တယ်ခဲ့တဲ့
ဂျမီးဆိုတဲ့ ကောင်မလေး အပေါ်မှာရော ဘယ်လို သဘောထားမှာလဲ
ထိုအခါ၌ ဘာဖီအရမ်းချစ်ခဲ့ဖူးသော ဆန်းဂု
သံယောဇဉ်တွယ်မိလှသော ဂျမီး
မမေ့နိုင်သေးပဲ
ဘာဖီအားဆက်ချစ်နေသေးသောဆန်းဂု
ဤသုံးပွင့်ဆ်ိုင်တို့၏ ချစ်ခြင်းမေတ္တာနှင့်တကွ
အချစ်၏ အဓိပ္ပါယ်သက်ရောက်မှုအားလည်းကောင်း
သင်ကိုယ်တိုင်ခံစားမှာပါ
ဒီဇာတ်လမ်းလေးဟာ ရိုးရိုးရှင်းရှင်းနှင့်
အချစ်ရဲ့အလှအား ပေါ်လွင်စေခဲ့သည်။
ထိုကြောင့်
အချစ်၏ရသ အားခံစားလိုလျှင်တော့ဖြင့်
ကြည့်လိုက်ပါဦးလို့
(ရုပ်ရှင်အညွန်းကိုတော့ Tear Cryကနေပြီး ရေးသားပေးထားတာဖြစ်ပါတယ်)
#Credit
Sector 7 (2011)
ကျွန်တော်တို့ခေတ်ရဲ့ အလှနတ်ဘုရားမ ဖြစ်ခဲ့သလို ခုထိလည်း လှနေဆဲ လှနေမြဲ တောင်ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဟာဂျီဝန်ရဲ့ အလန်းစားရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်။ ကားမလန်းတောင် ဂန္တဝင်မမရဲ့ ဂန္တဝင်အလှတရားတွေကို ကြည့်ဖို့သက်သက် ရှာကြည့်ရတဲ့ မမ ဟာဂျီဝန်ရဲ့ ရုပ်ရှင်ကိုမှ ဇာတ်လမ်းကပါ စိတ်ဝင်စားစရာကောင်းနေတော့ တော်တော်တန်တဲ့ ရုပ်ရှင်ပါပဲ။ အိုဂျီဟိုဆိုတဲ့ ဘဲလည်းပါပေမဲ့ ခေါက်ထားလိုက်ပါ၊ မမသာအဓိကပဲမို့လား။ ဒါပေမဲ့ မမဆိုလို့ မမ ဟာဂျီဝန်တစ်ယောက်တည်းတင်မဟုတ်ဘဲ ဒီနှစ်မှာ Golden Mask ဒရာမာနဲ့ ပြန်ဟော့လာတဲ့ မမ ချာရီယျွန်းလည်း ပါပါသေးတယ်။
ဇာတ်လမ်းကတော့ Kristen Stewart ပါတဲ့ Underwater လိုလို ဘာလိုလိုပါပဲ။ ခု ဒီကားရဲ့ ဇာတ်လမ်းသွားကတော့ ဂျယ်ဂျူကျွန်းတောင်ပိုင်းမှာ ရေနံတူးရင်း ဂြိုဟ်သားတွေနဲ့ တွေ့တဲ့အကြောင်းပေါ့...
#crd
Fighter In The Wind [2004]
-------------------------
လေယာဉ်မှုးဖြစ်ချင်ခဲ့ပေမယ့် ဘဝကံကြမ္မာလက်စားချေချင်တဲ့စိတ်ကြောင့်ဂျ ပန်ပြည်မှကမ္ဘာကျော်သိုင်းအကျော်အမော်ဖြစ်လာ အောင်ကြိုးစားပုံကလည်းလူငယ်လေးတွေအတုယူ စရာပါအကြမ်းချည်းသတ်သတ်မဟုတ်ပဲဂျပန်မလေး နင့်ချစ်ကြိုက်လွမ်းဆွေးရပုံစသဖြင့် တွေ့မြင်ရမှာပါ
