en
Feedback
2024 ကုလားကားများ/ဇာတ်ကားစုံ(မြန်မာစာတန်းထိုး)

2024 ကုလားကားများ/ဇာတ်ကားစုံ(မြန်မာစာတန်းထိုး)

Open in Telegram
3 138
Subscribers
+1124 hours
+1487 days
+71230 days
Posts Archive
Naane Varuven 2022 ------------------------- 6.7/ 10 IMDb ဒီတစ်ခါတော့အားလုံးရဲ့အချစ်တော် ဒါနုရှ်(Dhanush) ရဲ့ သည်းထိတ်ရင်ဖိုဇ
Naane Varuven 2022 ------------------------- 6.7/ 10 IMDb ဒီတစ်ခါတော့အားလုံးရဲ့အချစ်တော် ဒါနုရှ်(Dhanush) ရဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားသစ်လေးလာပါပြီ... ပရာဘူ (Dhanush) နဲ့ကာသီရ်တို့က အမွှာညီအကိုနှစ်ယောက်ပါ အမွှာလို့ဆိုပေမယ့် ပရာဘူကစိတ်ထားနူးညံ့သလောက် ကာသီရ်ကတော့ဆိုးသွမ်းတဲ့ကလေးတစ်ယောက်ပါ... အဲ့တာကြောင့်ကာသီရ်ရဲ့အပြုအမူတွေက ပရာဘူ့အပေါ်လွမ်းမိုးလာမှာကို သူတို့အဖေကစိုးရိမ်နေခဲ့ပါတယ်.. သူတော်စင်တစ်ပါးကလဲ သူတို့ညီအကိုဟာအတူတူရှိမနေသင့်ဘူးဆိုပြီးပြောတော့ မိခင်ဖြစ်သူက ကာသီရ်ကိုဘုရားကျောင်းမှာစွန့်ပစ်ပြီး ပရာဘူနဲ့အတူထွက်ပြေးခဲ့ကြပါတယ် နှစ်တွေအတော်ကြာပြီးနောက်မှာ ပရာဘူက ဇနီးဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ရခဲ့ပါတယ်.. တစ်ဦးတည်းသောသမီးလေးမို့သည်းသည်းလှုပ်အချစ်တွေပိုခဲ့တာပေါ့.. ဒီလိုနဲ့တစ်နေ့ကြတော့ သမီးလေးရဲ့ထူးဆန်းတဲ့အပြုအမူကို အဖေဖြစ်သူပရာဘူသတိထားမိခဲ့ပါတယ်..သမီးဖြစ်သူက တစ်ယောက်ယောက်နဲ့စကားပြောနေသလို သူတစ်ယောက်တည်းစကားပြောနေတာကိုသိရှိသွားချိန်မှာ... သမီးလေးကဘာကြောင့်ဒီလိုထူးဆန်းတဲ့အပြုအမူတွေလုပ်နေတာလဲ... သူနဲ့စကားပြောနေတာကရော ဘယ်သူလဲ.. ဒီလိုအရာတွေရဲ့နောက်ကွယ်ကအကြောင်းရင်းကရော ဘာများဖြစ်မလဲဆိုတာကို #Credit

Kick 2 (2015) IMDb.. 5.1/10 Action/Romance သက်သောင့်သက်သာ ဘ၀ကို သဘောကျပြီး ကိုယ့်ကိုယ်ကို သိပ်ချစ်တဲ့ ရော်ဘင်ဟုဒ် မေ့ဗိုက်ထဲမ
Kick 2 (2015) IMDb.. 5.1/10    Action/Romance သက်သောင့်သက်သာ ဘ၀ကို သဘောကျပြီး ကိုယ့်ကိုယ်ကို သိပ်ချစ်တဲ့ ရော်ဘင်ဟုဒ် မေ့ဗိုက်ထဲမှာ နေရတာ သက်သောင့်သက်သာ မရှိလို့ ၇လ နဲ့ ထွက်လာတာလို့ ပြောတတ်တဲ့ ရော်ဘင်ဟုဒ် နေမကောင်းဖြစ်တဲ့အခါ ကိုယ့်ဖာသာ ဆေးကုဖို့ ဆရာ၀န် ဖြစ်အောင် ကြိုးစားခဲ့တဲ့ ရော်ဘင်ဟုဒ် ဖခင်ရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ပေးမှာလား၊ သူ့အပေါ် မေတ္တာရှိနေတဲ့ ကောင်မလေးကိုရော ပြန်ချစ်မိသွားမှာလား။ ဘယ်လိုတွေ ပြောင်းလဲသွားမှာလဲ။ ဟာသကားကြိုက်တတ်တဲ့ ဆည်းဆာ ချစ်သူလေးတွေအတွက် ပုံပြင်ထဲက ရော်ဘင်ဟုဒ်နဲ့ မတူတဲ့ Kick 2 (ခေတ်သစ် ရော်ဘင်ဟုဒ်) ဆိုတဲ့ အိန္ဒိယ ဇာတ်ကားလေး.....

Maaveeran (2023) ============= Maaveeranဇာတ်ကားမှာတော့ Satyaဟာ Great Warriorဆိုတဲ့ ရုပ်ပြကာတွန်းရေးဆရာတစ်ယောက်ဖြစ်ပေမဲ့ သတ္တိ
Maaveeran (2023) ============= Maaveeranဇာတ်ကားမှာတော့ Satyaဟာ Great Warriorဆိုတဲ့ ရုပ်ပြကာတွန်းရေးဆရာတစ်ယောက်ဖြစ်ပေမဲ့ သတ္တိနည်းတဲ့ ငကြောက်တစ်ယောက်ဖြစ်ပါတယ်။ ဝန်ကြီးက Satyaတို့နေထိုင်တဲ့ ရပ်ကွက်ကိုပြောင်းရွေ့ခိုင်းပြီးတော့ တိုက်ခန်းအသစ်ပေးဖို့ ကမ်းလှမ်းခဲ့ချိန်မှာတော့ Satyaအမေလုပ်သူဟာ အိမ်လေးကို မခွဲခွာချင်ပေမဲ့လဲ ပြသာနာမတက်ချင်တဲ့Satyaကြောင့် သူတို့လဲ အခြားလူတွေလို ဝန်ကြီးပေးတဲ့ တိုက်ခန်းဆီကိုပြောင်းခဲ့ရတယ်။ ဒါပေမဲ့တိုက်ခန်းတွေက အသစ်ဖြစ်နေပေမဲ့ အရည်အသွေးညံ့ဖျင်းပြီး လူနေဖို့မလုံခြုံတဲ့တိုက်ခန်းတွေဖြစ်နေချိန်မှာတော့ Satyaတို့မိသားစုအပါအဝင် လူအများအပြား ဒုက္ခရောက်ကြပါတော့တယ်။ ဒါပေမဲ့သတ္တိမရှိတဲ့Satyaကတော့ သည်းခံဖို့ဘဲ ပြောနေတာကြောင့် အမေလုပ်သူရဲ့ အထင်သေးမှုကိုအမြဲခံနေရခဲ့တယ်။ တစ်နေ့မှာတော့ မတော်မဆဖြစ်ရပ်တစ်ခုကြောင့် Satyaတစ်ယောက် သူ့ကို စစ်သည်တော်လို့ခိုင်းနှိုင်းပြောနေတဲ့ အသံတစ်သံကို စကြားလာပြီး အဲ့အသံပြောသမျှစကားတွေက အမှန်ဖြစ်လာနေတော့တယ်။ အဲ့အသံက Satyaကို ဝန်ကြီးနဲ့တိုက်ခိုက်ကာ လူတွေကို ကယ်တင်ပေးဖို့ ခိုင်းစေလာချိန်မှာတော့ သတ္တိမရှိတဲ့Satyaတစ်ယောက် အာဏာရှိဝန်ကြီးနဲ့ တိုက်ခိုက်ပြီးဘာတွေဆက်ဖြစ်မလဲ #crd

Siren (2024) ဒီတစ်ခါစီအမ်ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ လျှို့ဝှက်သည်းဖိုအက်ရှင်ကားလေးပါ. ဇာတ်လမ်းအကျဥ်းချုပ်ကတော့ သီလာဂ
Siren (2024) ဒီတစ်ခါစီအမ်ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ လျှို့ဝှက်သည်းဖိုအက်ရှင်ကားလေးပါ. ဇာတ်လမ်းအကျဥ်းချုပ်ကတော့ သီလာဂါက မိန်းမနဲ့သူငယ်ချင်းကို သတ်မှုနဲ့ စွပ်စွဲခံရပြီး ထောင်ကျနေခဲ့တာပါ. လူသတ်ခဲ့ပေမယ့်လည်း တခြားအပြစ်သားတွေလိုမဟုတ်ဘဲ သူလုပ်ခဲ့တာကိုနောင်တရပြီး ထောင်ထဲကတောင်အပြင်တစ်ခါမှမထွက်ဘဲနေခဲ့တာပါ. အမေ့ကိုသတ်ခဲ့လို့အပြင် လူသတ်သမားသမီးလို့ အခေါ်ခံရလို့လည်း မုန်းတီးနေတဲ့သမီးကို ရင်မဆိုင်ရဲလို့လည်းပါပါတယ် . ဒီလိုနဲ့ တစ်နေ့မှာအဖေနေမကောင်းလို့ အမေကခံဝန်နဲ့အသနားခံစာတင်ရာကနေ သီလာဂါတစ်ယောက် အိမ်ပြန်ရဖို့အကြောင်းဖန်လာပါတော့တယ်. အိမ်ပြန်ရောက်တော့လည်း သမီးဖြစ်သူကအတွေ့မခံဘဲ ရှောင်ပုန်းနေခဲ့ပါတယ်. ထိုင်နေတော့အကောင်းထသွားမှကျိုးမှန်းသိဆိုတဲ့အတိုင်း သီလာဂါတစ်ယောက်ထောင်ထဲမှာ၁၄နှစ်နေခဲ့တုန်းက အကောင်း. အိမ်ကို၁၄ရက်ပြန်ကာမှ နောက်ထပ်လူသတ်မှုတစ်ခုမှာမျက်မြင်သက်သေနဲ့တကွ စွပ်စွဲခံရပြီး အရင်အမှုရော အခုအမှုကိုပါ ကိုယ်ကိုတိုင်ဖြေရှင်းရဖို့ဖြစ်လာပါတော့တယ်. တစ်ဖက်မှာလည်းသမီးဖြစ်သူနဲ့ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဒီကားလေးမှာဆက်စောင့်ကြည့်ပေးကြပါဦး (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) #Credit

Vash (2024) ========= အဂျေးနဲ့ ကျောင်းအုပ်ဂျိုသီတို့ Remake ပြန်ရိုက်ထားရတဲ့ SHAITAAN ရဲ့ မူရင်းဇာတ်ကား VASH ကို B-Town ပရိတ်
Vash (2024) ========= အဂျေးနဲ့ ကျောင်းအုပ်ဂျိုသီတို့ Remake ပြန်ရိုက်ထားရတဲ့   SHAITAAN  ရဲ့ မူရင်းဇာတ်ကား VASH ကို B-Town ပရိတ်သတ်တွေအတွက် စာတန်းထိုး တင်ဆက်လိုက်ပါတယ် အသွားမတော်တစ်လှမ်းဆိုတဲ့အတိုင်း ပိုင်းလော့တစ်ယောက်ဖြစ်တဲ့အာထဗာက သူ့မိန်းမရယ် သူ့သားနဲ့သမီးရယ်ကိုခေါ်ပြီး အစွန်အဖျားကျတဲ့နေရာက အပန်းဖြေအိမ်ကို ခရီးထွက်လာခဲ့လိုက်တယ်။ လမ်းမှာခင်ခဲ့တဲ့လူစိမ်းတစ်ယောက်က လူသူဝေးတဲ့သူတို့အပန်းဖြေအိမ်အထိရောက်ချလာခဲ့ရာကနေစပြီး  ဖုန်းတကောလ်လောက် ဆက်ပါရစေကနေ ချောက်ချားစရာဇာတ်လမ်းတစ်ခု စတော့တာပါပဲ။ အိမ်ထိရောက်ချလာတော့ အာထဗာ့စိတ်ထဲတစ်မျိုးဖြစ်သွားပေမဲ့ တစ်ဖက်လူက လမ်းမှာတုန်းက သူ့ကိုကူညီလက်စဖြစ်ထားတာကတစ်ကြောင်း၊ သူပြောတဲ့စကားကလည်းဆီလျော်နေတာကတစ်ကြောင်းကြောင့် အိမ်ထဲကိုဝင်ခွင့်ပေးလိုက်တယ်။ အဲ့လိုနဲ့ မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်က ချောက်ချားစရာလုပ်ရပ်တွေလုပ်ပြီး အိမ်ရှင်တွေမရမကနှင်ထုတ်တာတောင်မပြန်တော့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ။ အာထဗာကရော သူ့မိသားစုကိုကယ်တင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ ရင်တထိတ်ထိတ်နဲ့စီးမြောကြည့်လိုက်ရအောင်လား။ Review by Zu Zu #Credit

မြွေပျိုမယ်၏မာယာကျော့ကွင်း Snake Skin Beauty ->2024

မြွေပျိုမယ်၏မာယာကျော့ကွင်း Snake Skin Beauty 2024 မြိုကလေးမှာ ထူးဆန်းတဲ့လူသေမှုတွေ ဆက်တိုက်ဖြစ်ပြီး ပြည်သူတွေကလည်း တုန်လှုပ်က
မြွေပျိုမယ်၏မာယာကျော့ကွင်း Snake Skin Beauty 2024 မြိုကလေးမှာ ထူးဆန်းတဲ့လူသေမှုတွေ ဆက်တိုက်ဖြစ်ပြီး ပြည်သူတွေကလည်း တုန်လှုပ်ကြောက်ရွံနေကြပါတယ် သေသူတွေကလည်း ညတွင်းချင်းအလောင်းခြောက်ကြီးဖြစ်သွားပြီး ရုပ်သွင်တောင်ခန့်မှန်းမရတော့တဲ့ထိ ကြောက်မက်စရာကောင်းပါတယ် တရားရုံးမင်းဂာလည်း ဒီလူသေမှုတွေကြောင့် အမှုမဖော်နိုင်ဘဲခေါင်းစားနေခဲ့ပါတယ် အလောင်းပြင်ဆရာလီနျန်ဟာလည်း လူသေမှုကြောင့်အလောင်းတွေတိုးလာလို ညအိမ်မပြန်ဘဲတောင် အလုပ်များနေခဲ့တာပေါ့ နောက်တနေ့အိမ်ပြန်လမ်းမှာ အခက်အခဲကြုံနေတဲ့မိန်းကလေးရှောင်မင်နဲ့တွေ့ပြီး အိမ်ကိုခေါ်လာမိတဲ့အခါ..... အဲဒီမိန်းကလေးက ဘယ်သူလဲ ဘာကြောင့်အလောင်းပြင်ဆရာကို လှည့်စားပြီး တွယ်ကပ်နေတာလဲ မြိုပေါ်က လူသေမှုတွေကရော သူနဲ့ဘယ်လိုပတ်သတ်နေမလဲ