en
Feedback
Essential Education Center Basic Education Students & Youths Association(EEC-BESYA)

Essential Education Center Basic Education Students & Youths Association(EEC-BESYA)

Open in Telegram

Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး၏ တရားဝင်ပြန်ကြားရေးချန်နယ်ဖြစ်ပါတယ်။

Show more
234
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Profile Campaign အတွက် change ပေးရမည့်profile ဖြစ်ပါသည်။
Profile Campaign အတွက် change ပေးရမည့်profile ဖြစ်ပါသည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ရက်နေ့က စစ်အာဏာသိမ်းမှုမှာ ဒီနေ့ထိတိုင် ဆက်လက်သက်ဆိုးရှည်တည်တံ့နေပြီး ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ အသက်ဝိညာဉ်ကိုဝါးမြိုနေခဲ့၊ ဝါးမြိုနေဆဲပါပဲ။ ဒီလို ဒုက္ခလှိုင်းတံပိုးတွေကို ပုံစံမျိုးစုံနဲ့တတ်နိုင်သမျှတွန်းလှန်ခဲ့ကြပြီး ကျွန်တော်တို့လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ကိုရောက်အောင် လျှောက်လှမ်းနေကြရတယ်။ ဒီလိုလျှောက်လှမ်းနေတဲ့လမ်းမှာ သပိတ်လှုပ်ရှားမှုတွေဆိုတာဟာလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ဆန္ဒဟာ ဘယ်လို၊ ဘယ်ကဲ့သို့ရှိနေပါတယ်ဆိုတာကို ရဲရဲဝံ့ဖော်ပြနိုင်ဖို့လိုပါတယ်။ ဒီလိုအခြေအနေမှာ သပိတ်မှောက် CDMကျောင်းသူ၊ ကျောင်းသားများကလည်း တက်တက်ကြွကြွပါဝင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ၊ ၁ရက်နေ့မှာကျရောက်မယ့် အာဏာသိမ်းခြင်း(၄)နှစ်ပြည့်အထိမ်းအမှတ်အတွက် ကျွန်တော်တို့ Essential Education Centerအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)နဲ့ မဟာမိတ်သမဂ္ဂများပူးပေါင်းပြုလုပ်မယ့် ဓာတ်ပုံကမ်ပိန်း(Photo campaign)နဲ့ ပရိုဖိုင်ကမ်ပိန်း(Profile campaign)မှာ ကျောင်းသားလူငယ်များပူးပေါင်းပါဝင်ဆောင်ရွက်‌ကြဖို့ မေတ္တာရပ်ခံပါတယ်။ “ကမ်ပိန်းအစီအစဉ်” ကမ်ပိန်း(Campaign) ပြုလုပ်မည့်အချိန်ကာလ - ၂၈ရက်၊ ၁လ၊ ၂၀၂၅ခုနှစ်မှ ၁ရက်၊ ၂လ၊ ၂၀၂၅ခုနှစ်အထိ။ ဓာတ်ပုံကမ်ပိန်းတွင် ပါဝင်နိုင်မည့်ပုံစံ - အနီရောင်အမှတ်အသား ပါဝင်သောပစ္စည်းတစ်ခု (အင်္ကျီ၊ ပန်းကဲ့သို့)နှင့် သတ်မှတ်ဆောင်ပုဒ်အား ‌ထည့်သွင်းရေးသား၍ မိမိလုံခြုံရေးထိခိုက်စေမည့်နေရာ (သို့) အမှတ်အသားများမပါသည့် ဓာတ်ပုံကို @EEC_BESYA အား ပေးပို့ပြီး ကမ်ပိန်းတွင် ပါဝင်နိုင်ပါသည်။ သတ်မှတ်ဆောင်ပုဒ် - ❝ငြိမ်သက်မှု‌တွေ ကြီးစိုးနေ၊ လူထုလှိုင်းနဲ့ လှုပ်ခတ်စေ❞ ပရိုဖိုင်ကမ်ပိန်းတွင်ပါဝင်နိုင်မည့်ပုံစံ - မိမိ၏ Telegram acc၊ Facebook accနှင့် Zoom accတို့တွင် အောက်၌ဖော်ပြထားသော Profile photo အား ကမ်ပိန်းကာလငါးရက်အတွင်း ပြောင်းလဲတပ်ဆင်အသုံးပြုခြင်းဖြင့် ပါဝင်နိုင်ပါသည်။ (Personal account ဖြစ်ပါက လုံခြုံရေးငဲ့ကွက်ပြီး ပြောင်းလဲတပ်ဆင်ခြင်းမပြုပါရန် သတိပေးအပ်ပါသည်။) #ငြိမ်သက်မှုတွေကြီးစိုးနေ_လူထုလှိုင်းနဲ့လှုပ်ခတ်စေ #ရှေ့ဆက်တော်လှန်_လူထုအားမာန် #Photo_campaign #Profile_campaign #အာဏာသိမ်း၄နှစ်ပြည့် #Essential_Education_Center_Basic_Education_Students_&_Youths_Association

ဝင်လို့ရပါပြီရှင်

Topic-စိန်ခေါ်မှုများကြား အနာဂတ်ကိုရှာဖွေခြင်း Meeting Date-20.1.2025 Meeting Time-7PM Meeting id - 426 727 4012 Meeting password -eec Click https://us06web.zoom.us/j/4267274012?pwd=P6lOBQWm1DgA9iBPDqaowy46CmqgrY.1&omn=89000147960 to start or join a scheduled Zoom meeting.

" လူငယ် " ဆိုတဲ့ဝေါဟာရအနက်အဓိပ္ပာယ်ဟာ လွတ်လပ်ခြင်း၊ ငယ်ရွယ်ခြင်း၊ ပျော်ရွှင်ခြင်း၊ တက်ကြွခြင်းဆိုတဲ့ အဓိပ္ပာယ်များစွာကို ကိုယ်စားပြုပါတယ်။ - ဒါပေမဲ့အခုလက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့သုံးသပ် ကြည့်ရရင် "လူငယ်" ဆိုတာကရော အပေါ်ကအနက်အဓိပ္ပာယ်တွေနဲ့ တူညီမှုရှိနေရဲ့လား ? ဒီမေးခွန်းရဲ့အဖြေကတော့ ဆန့်ကျင်ဘက်ပါပဲ အလွန့်အလွန်ကိုကွာခြားလှပါတယ်။ မြန်မာနိုင်ငံမှာလူငယ်တစ်ယောက်ဖြစ်ရတာက အင်မတန်မှခက်ခဲလှပါတယ်။ ယနေ့ခေတ်မြန်မာ့လူငယ်တွေအများအပြားဟာ ပြည်တွင်းစစ်ရဲ့ရိုက်ခတ်မှုဒဏ်ကြောင့် လူငယ်တွေရဲ့ရှေ့ဆက်ဘ၀ခရီးလမ်းပျောက်မှု၊ အနာဂတ်ရည်မှန်းချက်တွေတစ်ဖြေးဖြေးနဲ့မှေးမှိန်လာမှု၊ စိတ်ဓာတ်ကျမှု ၊ ပညာရေးနဲ့လုပ်ငန်းခွင်ဝင်ဖို့အတွက်ပါ အခက်အခဲများစွာကြုံတွေ့နေရပါတယ်။ - ဒီလိုကိစ္စရပ်တွေကို လူငယ်ပီပီဘယ်လိုရင်ဆိုင်ဖြတ်ကျော်ကြမလဲ ? ကျွန်တော်တို့လူငယ်တွေအကုန်လုံးအတွက်အခုအချိန်မှာအလိုအပ်ဆုံးအရာကတော့ " လမ်းမပျောက် " ဖို့ပါပဲ။ လူတစ်ယောက်ကို ရှေ့ဆက်ဘ၀လမ်းခရီးလျှောက်လှမ်းနိုင်အာင် ထိန်းပေးထားနိုင်တဲ့အရာက " မျှော်လင့်ချက် " ဆိုတဲ့အရာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ EEC-BESYA မှ " စိန်ခေါ်မှုများကြားအနာဂတ်ကိုရှာဖွေခြင်း " ဆိုတဲ့ခေါင်းစဉ်နဲ့အညီ Webinar လေးကို ၂၀.၁.၂၀၂၅(တနင်္လာနေ့)၊ည(၇)နာရီမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဟောပြောဆွေးနွေမယ့် ဆရာကတော့ ဆရာ Metrix ဖြစ်ပြီး လက်ရှိမှာ Youth Empowerment နဲ့ပတ်သက်တဲ့အရာတွေကိုလုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ခေါင်းစဉ်အတိုင်းပဲ အခု Webinar ဟာလူငယ်တွေရဲ့ပျောက်ဆုံးနေတဲ့လမ်းစကိုပြန်လည်ဖော်ထုတ်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ သင်ကရော လမ်းပျောက်လူငယ်တစ်ယောက်ပဲလား ? ဒါဆိုရင်တော့ဒီစကားဝိုင်းကိုလာရောက်နားထောင်လိုက်ခြင်းအားဖြင့် တစ်ခုခုသိရှိသွားမယ်ဆိုတာသေချာပါတယ် ဒါ့ကြောင့် လာရောက်ကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်။ #webinar #စိန်ခေါ်မှုများကြားအနာဂတ်ကိုရှာဖွေခြင်း #Essential_Education_Center_Basic_Education_Students_&_Youths_Association

ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ရက် (ပြာသိုလပြည့်)နေ့သည် မြန်မာနိုင်ငံ၏အမေများနေ့ဖြစ်သည်။ ကျွန်ုပ်တို့၏ကျေးဇူးရှင်မိဘနှစ်ပါးတွင်
ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ရက် (ပြာသိုလပြည့်)နေ့သည် မြန်မာနိုင်ငံ၏အမေများနေ့ဖြစ်သည်။ ကျွန်ုပ်တို့၏ကျေးဇူးရှင်မိဘနှစ်ပါးတွင် အမေသည် အသက်နဲ့ရင်း၍ကျွန်ုပ်တို့အားမွေးဖွားပေးခဲ့သည်။မိခင်များ၏ ကျေးဇူးသည် ဆပ်၍မကုန်သော အနန္တပင်ဖြစ်သည်။အမေများ၏မေတ္တာလောက်မည်သူ၏မေတ္တာမှနူးညံ့မှုမရှိနိုင်ပါ။ ယခုလို‌အမေ‌များနေ့တွင် မြန်မာနိုင်ငံတွင်ရှိသောအမေများ အားလုံး ပျော်ရွှင်စွာဖြင့်ဘဝကိုရှေ့ဆက်လမ်းနိုင်ကြပါစေဟု ကျွန်ုပ်တို့ Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးမှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။ #အမေများနေ့ #Pinterest #Essential_Education_Center_Basic_Education_Students_&_Youths_Association

အ.ထ.က (၅) ဥဿာမြို့သစ်မြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး၏ စတင်တည်ထောင်ခြင်းသို့ ပေးပို့သောသဝဏ်လွှာ မြန်မာသက္ကရာဇ်-၁၃၈၆ခုနှစ် ခရစ်နှစ်၂၀၂၅ခုနှစ်၊ဇန်နဝါရီလ ၆ရက် သဝဏ်လွှာအမှတ် - ၀၁၄/၁-၂၅ မြန်မာသက္ကရာဇ် (၁၃၈၆) ခုနှစ်၊ ခရစ်နှစ် (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် အ.ထ.က (၅) ဥဿာမြို့သစ်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးကို တော်လှန်ရေးစိတ်ဓာတ်ပြည့်တင်းသောကျောင်းသားလူငယ်တို့နှင့် ဖွဲ့စည်းတည်ထောင်နိုင်ခြင်းကို ကြားသိရသည့်အတွက် ကျွန်ုပ်တို့ လွန်စွာဝမ်းမြောက်ဂုဏ်ယူကြောင်းကို ဦးစွာပဏာမပြောကြားလိုပါသည်။ ယခုအချိန်အခါသမယသည် နောင်တော်ရဲဘော်တို့သိရှိထားသည့်အတိုင်း တော်လှန်ရေးအရှိန်အဟုန်မြင့်တက်လျက်ရှိသည့်အချိန်ကာလဖြစ်ပါသည်။ သို့ပါသောကြောင့် ယခုကဲ့သို့ ကျောင်းသားထုအဖွဲ့အစည်းတစ်ရပ် ထပ်မံပေါ်ထွန်းလာခြင်းသည် ကျွန်ုပ်တို့တော်လှန်ကျောင်းသားထုကြီးတစ်ရပ်လုံးအတွက်ခွန်အားဖြစ်စေသည်မှာအမှန်ပင်ဖြစ်သည်။ နောင်တော်ရဲဘော်တို့အနေဖြင့်လည်း စစ်အာဏာရှင်ဒေါက်တိုင်ကြီးကို ဖြိုချဖျက်စီးပစ်ရန်အတွက် စိတ်ခွန်အားပြင်းထန်လိမ့်မည်ကိုလည်း ကျွန်ုပ်တို့ယုံကြည်ပါသည်။ အနာဂတ်တွင် နောင်တော်ရဲဘော်တို့နှင့်အတူ လုပ်ငန်းဆောင်တာများကို ပူးပေါင်းလုပ်ဆောင်ရန်အတွက် ကျွန်ုပ်တို့အသင့်ရှိနေပါသည်။ အ.ထ.က (၅) ဥဿာမြို့သစ်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးအနေဖြင့် ကျောင်းသားထုနှင့် ပြည်သူလူထုအပေါ် အကျိုးပြုမည့်အဖွဲ့အစည်းတစ်ရပ်အဖြစ်ရပ်တည်နိုင်ပြီး မည်သို့ပင်ခက်ခဲကြမ်းတမ်းသည်ဖြစ်စေ စိတ်ခွန်အားဖြင့်သာ မိမိတို့ရှေ့ဆက်လျှောက်လှမ်းရမည့် ဖက်ဒရယ်ခရီးလမ်းကို ဇွဲမလျှော့ဘဲဆက်လက်လျှောက်လှမ်းနိုင်ပါစေကြောင်း ကျွန်ုပ်တို့ ESSENTIAL EDUCATION CENTER အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ)မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ အ.ထ.က (၅) ဥဿာမြို့သစ်မြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေ။ အလုပ်အမှုဆောင်အဖွဲ့ Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #သဝဏ်လွှာ #Essential_Education_Center_Basic_Education_Students_&_Youths_Association

ယမန်‌နေ့တွင် ကျရောက်ခဲ့သော (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် "လွှတ်လပ်ရေးဆိုသည်မှာ" ဟူသော ခေါင်းစဉ်ဖြင့် အ‌.ထ.က (၂) ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)၊ နွေဦးတော်လှန်ရေးအထက်တန်းကျောင်း အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) နှင့် Essential Education Center Basic Education Students' & Youth Association (BESYA) တို့မှ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြသည်။ ထိုစကားဝိုင်းတွင် Panelist များ အဖြစ် အ‌.ထ.က (၂) ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) မှ မထွန်းဧကရီ၊ နွေဦးတော်လှန်ရေးအထက်တန်းကျောင်း အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) မှ ကိုနိုဗာ၊ Essential Education Center Basic Education Students' & Youth Association (BESYA) ကိုစိုင်းနောင်ခန့်တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)မှ ကိုစောသီဟမှ Moderator အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သည်။ တက်ရောက်လာသူများမှလည်း စကားဝိုင်း၏ အဓိကပြုချက်များအ‌ပေါ် အပြန်အလှန် မြိုင်ဆိုင်စွာဆွေးနွေးခဲ့ကြပြီး စကားဝိုင်းအား အောင်မြင်စွာပိတ်သိမ်းနိုင်ခဲ့သည်။ #Independent_Day_Panel_Discussion #BEHS_2_EDG_BESYA #NORHS_BESYA #EEC_BESYA

ဝင်လို့ရပါပြီ

Sr.Nway Oo Wai is inviting you to a scheduled Zoom meeting. Topic: Sr.Nway Oo Wai's Personal Meeting Room Join Zoom Meeting https://us06web.zoom.us/j/7583375948?pwd=uZdNRb25MuBuOLjBZllFwhBsNLVoF6.1 Meeting ID: 758 337 5948 Passcode: NORCTE ---

ကမ္ဘာ့မြေပုံ - အရှေ့တောင်အာရှတည်နေရာမှာပါ၀င်နေတဲ့ မြန်မာနိုင်ငံဆိုတဲ့ နိုင်ငံလေးဟာ နိုင်ငံရဲ့အောက်ပိုင်းမှာဆိုရင်ဖြင့် နှစ်ပေါင်း (၁၀၀) | အထက်ပိုင်းကိုကြည့်ရမည်ဆိုရင်ဖြင့် နှစ်ပေါင်း (၆၀) ကျော်ကြာ တိုင်းတစ်ပါးသားတို့ရဲ့ရုပ်သေးရုပ်သဖွယ်ကြိုးဆွဲချယ်လှယ်ခံခဲ့ကြရပါတယ်။ သို့သော်လည်းပဲ ဘယ်အရာမှထာ၀ရတည်မြဲခြင်းမရှိသလို ရုပ်သေးပညာရှင်အင်္ဂလိပ်တို့ရဲ့ ချယ်လှယ်ကိုင်တွယ်နေတဲ့ကြိုးကိုဖြတ်ပြီး မြန်မာနိုင်ငံကိုလွတ်လပ်စေခဲ့သူမှာ အောင်ဆန်းလို့ခေါ်တွင်တဲ့ လွတ်လပ်ရေးဗိသုကာကြီးပဲဖြစ်ပါတယ်။ လွတ်လပ်ရေးဆိုတာက ဘာကိုရည်ညွှန်းခြင်းဖြစ်ပါသလဲ လို့မေးရင်လည်း အဖြေမှာတိတိကျကျပြောဆိုနိုင်ခြင်းမရှိလောက်အောင်ကို အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာကျယ်ပြန့်လွန်းလှပါတယ်။ဗိုလ်ချုပ်ပြောတဲ့ "ဟိုလူ့မျက်နှာချိုသွေးရ ၊ ဒီလူ့မျက်နှာချိုသွေးရ " ဆိုသလိုအမှီခိုကင်းတဲ့လွတ်လပ်မှုမျိုးရနေပြီလားဆိုတာဟာလည်းစဉ်းစားစရာတစ်ခုဖြစ်ပါတယ်။ လာမဲ့ ဇန်နဝါရီလ (၄) ရက် | ၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့လွတ်လပ်ရေးခရီးရှည်ကြီးကိုလျှောက်လှမ်းလာခဲ့တာ (၇၇) နှစ်တင်းတင်းတောင်ရှိခဲ့ပြီ။ သို့သော်လဲ လိုရာလွတ်လပ်ရေး ပန်းတိုင်‌ကိုမရောက်ရှိပဲ ဆက်လက်လျှောက်လှမ်းနေရဆဲဖြစ်တယ်။ ၎င်း (၇၇) နှစ်ပြည့်တင်းသည့် နေ့ရက်မှာ ဒီခရီးကို ကျွန်တော်တို့နှင့်အတူ လိုက်ပါလျှောက်လှမ်းနေတဲ့ ခရီးသွားမိတ်ဆွေတို့မှ " လွတ်လပ်ရေး ဆိုသည်မှာ " ဆိုတဲ့ခေါင်းစဉ်နဲ့အတူ အ.ထ.က(၂) ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) ၊ Nway Oo Revolutionary High School (BESYA) ၊ Essential Education Center (BESYA) တို့မှ ထိုစကားဝိုင်းကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့(လွတ်လပ်ရေးနေ့) ညနေ ၅:၃၀ အချိန်တွင် သိုက်သိုက်၀န်း၀န်း ကျင်းပမှာ ဖြစ်ပါတယ်။ ဒါကြောင့် တက်ရောက်ပါ၀င်ဆွေးနွေးကြရန်အတွက် လွတ်လပ်ရေးကို‌လျှောက်လှမ်း‌နေတဲ့ခရီးသွားမ်ိတ်ဆွေအပေါင်းတို့ကို ဖိတ်ခေါ်လိုက်ရပါတယ်။ #လွတ်လပ်ရေးဆိုသည်မှာ #လွတ်လပ်ရေးနေ့ #၇၇နှစ်ပြည့် #BEHS_2_EDG_BESYA #NORHS_BESYA #EEC_BESYA

Repost from N/a
ယနေ့ ဇန်နဝါရီလ ၁ရက်၊၂၀၂၅ခုနစ်တွင် Interim Basic Education Federal Student Unions' Representative Committee ဖွဲ့စည်းတည်ထောင်ခြ
+1
ယနေ့ ဇန်နဝါရီလ ၁ရက်၊၂၀၂၅ခုနစ်တွင် Interim Basic Education Federal Student Unions'  Representative Committee ဖွဲ့စည်းတည်ထောင်ခြင်း (၁)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ IBEFSURC တစ်နှစ်ပြည့်သည့်အတောအတွင်း မိမိတို့အဖွဲ့အစည်းသည် ကျောင်းသားကျောင်းသူများနှင့်စကားဝိုင်းများပြုလုပ်ခြင်း၊CDMကျောင်းသားများမှုဝါဒ ပေါ်ထွက်လာရေးအဖွဲ့အစည်းတွင်လည်း ကိုယ်စားလှယ်လွှတ်၍ ပါဝင်ဆောင်ရွက်ထားခြင်း၊အခြားသော ကျောင်းသားထုအကျိုးများအားသယ်ပိုးဆောင်ရွက်ခဲ့ပါသည်။ ယခုနှစ်တွင်လည်း မိမိတို့အဖွဲ့အစည်း၏ ဘုံသဘောတူညီချက်(၈)ချက်အား လက်ကိုင်သုံး၍ စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး၊ကျောင်းသားထုအကျိုးအားသယ်ပိုးဆောင်ရွက်ခြင်းနှင့် အခြားသော ပညာရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကိုလည်း ဆက်လက်လုပ်ဆောင် ကူညီမြှင့်တင်ဖို့ရှိပါကြောင်း ကျောင်းသားကျောင်းသူများအား အသိပေးပန်ကြားလိုပါသည်။ အခြားသော ကြားကာလ ကျောင်းသားများမှ ကျောင်းသားသမဂ္ဂများ IBEFSURC သို့ လာရောက်ပူးပေါင်းပါဝင်နိုင်ပါကြောင်း ကြေညာအပ်ပါသည်။ ဆက်သွယ်ရန်- ibefsurc@gmail.com #IBEFSRC

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆန်း ၁ရက် သည်မြန်မာနိုင်ငံတွင်ရှိသောတိုင်းရင်းသားမျိုးစုများအနက် အဓိကတိုင်းရင်းသားလူမျ
ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆန်း ၁ရက် သည်မြန်မာနိုင်ငံတွင်ရှိသောတိုင်းရင်းသားမျိုးစုများအနက် အဓိကတိုင်းရင်းသားလူမျိုးစုတွင်ပါရှိသော ကရင်တိုင်းရင်းသားလူမျိုးစုတို့၏ နေ့ထူးနေ့မြတ်တစ်ရက် ကရင်နှစ်သစ်ကူးနေ့ဖြစ်သည်။ ယနေ့မျက်‌မောက်ခေတ်ထိတိုင်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရင်ပါ၀င်ဆောင်ရွက်ရာတွင်ပါဝင်သောလူမျိုးစုများအနက် ကရင်တိုင်းရင်းသားတို့သည်လဲ အပါအဝင်ဖြစ်ပေသည်။ ကရင်လူမျိုးတို့သည် မြန်မာနိုင်ငံ အရေးအတွက်ယနေ့ထိတိုင် အဖက်ဖက်မှပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ကရင်မျိုးနွယ်ဝင်ရဲဘော်အပေါင်းတို့ ယနေ့ကျရောက်သော ကရင်နှစ်သစ်ကူးနေ့တွင် ပျော်ရွှင်နိုင်ကြပါစေရန်၊ ဆက်လက်၍လဲစစ်အာဏာရှင်တို့အားတွန်းလှန်နိုင်ကြ‌ပါစေရန် Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ #ကရင်နှစ်သစ်ကူးနေ့ #Essential_Education_Center_Basic_Education_Students_&_Youths_Association

ဝင်လို့ရပါပြီရှင့်