en
Feedback
Essential Education Center Basic Education Students & Youths Association(EEC-BESYA)

Essential Education Center Basic Education Students & Youths Association(EEC-BESYA)

Open in Telegram

Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး၏ တရားဝင်ပြန်ကြားရေးချန်နယ်ဖြစ်ပါတယ်။

Show more
234
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
*Reminder* Form ဖြည့်စွက်ထားသောကျောင်းသားလူငယ်အချို့ဟာ သင်တန်း Channel ထဲသို့မရောက်ရှိသေးသည်ကို စီစစ်တွေ့ရှိပါသည်။ သင်တန်းဟာ ယနေ့ ည 7 နာရီတွင်စတင်မှာဖြစ်ပါသည် ။ ထို့ကြောင့် Gmail တွင်ပေးပို့ထားသော သင်တန်း Channel link အား join ပေးပါရန် သတိပေးပန်ကြားအပ်ပါသည်ခင်ဗျ ။ #Reminder #Essential_Education_Center_Basic_Education_Student_

အကြောင်းအရာ။ ။အသိပေးကြေညာချက် နေ့စွဲ။ ။၁၆.၂.၂၀၂၅ " အခက်အခဲများကြားမှ ပွင့်လန်းနေမည့်ပန်းကလေးများ / Building Resilience Traini
အကြောင်းအရာ။ ။အသိပေးကြေညာချက် နေ့စွဲ။ ။၁၆.၂.၂၀၂၅ " အခက်အခဲများကြားမှ ပွင့်လန်းနေမည့်ပန်းကလေးများ / Building Resilience Training for Youth " သင်တန်း form ဖြည့်ထားသူများကို Mail ပို့ထားပြီးဖြစ်ပါသည်ခင်ဗျာ ။ Email ထဲမှ၀င်၍ Telegram Channel လေးအား Join ပေးပါရန် သတိပေးနှိုးဆော်အပ်ပါသည်ခင်ဗျ။ *Mail ထဲတွင်မတွေ့ပါက Spam Mail ထဲသို့တစ်ချက်စစ်ပေးပါ* #ကြေညာချက် #Essential_Education_Center_Basic_Education_Student_&Youths_Association

" အခက်အခဲကြားမှပွင့်လန်းနေ‌မည့် ပန်းကလေးများ " သင်တန်းဟာ ဒီနေ့ ညနေ (၅) နာရီမှာ Form ပိတ်သိမ်းမှာဖြစ်ပါတယ်။ ဖောင်မပိတ်ခင်မှာ မြန်မြန်လေးဖြည့်လိုက်ကြဖို့ Remind လုပ်လိုက်ရပါတယ်ခင်ဗျ။ #EEC_BESYA #Reminder

ဝင်လို့ရပါပြီရှင့်။

ယခုလက်ရှိကာလတွင် အခြေခံလူတန်းစားလူငယ်များ အတွက် အကြပ်အတည်းအခက်အခဲဖြစ်စေသော စစ်မှုထမ်းဥပဒေ နှင့် ပက်သတ်၍ မည်သို့တုံ့ပြန်ရင်ဆိုင်ရမည်ကို လူငယ်များအနေဖြင့် သိရှိစေရန် လိုအပ်သောကြောင့် ၎င်းစကားဝိုင်းကိုပြုလုပ်ကျင်းပရခြင်းဖြစ်ပါသည်။သို့ဖြစ်ပါသောကြောင့် ကျောင်းသားလူငယ်များအနေဖြင့် မပျက်မကွက် တက်ရောက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ #တိုက်တွန်းနှိုးဆော်ခြင်း #စစ်မှုထမ်းဥပဒေစကားဝိုင်း #Essential_Education_Center_Basic_Education_Student_&_Youths_Accosication

Repost from N/a
စစ်မှုထမ်းဥပဒေရယ်လို့ စတင်ထွက်ရှိလာတဲ့ကာလကနေ ယခုအချိန်အထိ စိုးရိမ်ပူပန်မှုတွေနဲ့ အမြဲလိုလို သွားလာလှုပ်ရှားနေရတယ်။ စစ်မှုထမ်းဥပဒေဟာ အသက် (၁၈)နှစ်ပြည့်ပြီးသူများအတွက်သာ အကျုံးဝင်သည်ဟု‌ဆိုထားပေမယ့်လည်း (၁၈)နှစ်အောက် လူရွယ်များကိုပါ ပေါ်တာအဖြစ်ဆွဲတာမျိုးတွေလည်း ရှိနေရပါတယ်။ ဒီလိုအဖြစ်မျိုးတွေကြောင့် ညဘက်အလုပ်ချိန်နောက်ကျတဲ့လူငယ်တွေနဲ့ သူတို့ရဲ့မိသားစုတွေဟာလည်း အမြဲလိုလို ထိတ်လန့်နေကြရပါတယ်။ ဒါ့အပြင် ရပ်ကွက်လူကြီးမှတစ်ဆင့် စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်ပါသည်ဟု ဆင့်ခေါ်စာရောက်လာခဲ့ရသော လူငယ်များအနေဖြင့်လည်း ခိုကိုးရာမဲ့မှု၊ စိတ်မလုံခြုံမှု စတဲ့ စိတ်ဒဏ်ရာများကို ခံစားကြရပြီး အသက်ဆုံးရှုံးမှုမရှိအောင် အသက်ကိုငွေနဲ့ဆက်နေရတဲ့အဖြစ်အပျက်တွေလည်း ရှိနေပါတယ်။ ဒီလို စိတ်မလုံခြုံမှုနဲ့ အမျိုးမျိုးသော စိုးရိမ်မှုတွေကိုဖြစ်စေတဲ့ စစ်မှုထမ်းဥပဒေမှာ * ဘယ်လိုအချက်တွေပါဝင်နေလဲ။ * လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ရော ဘယ်လိုဆက်နွယ်မှုတွေရှိနေလဲ။ * ဆင့်ခေါ်စာ (သို့) ရုတ်တရက်ပေါ်တာဆွဲခံရတာတွေကြုံလာရင်ရော ဘယ်လို‌ ရင်ဆိုင်ရုန်းထွက်ကြမလဲ။ * စစ်မှုထမ်းဥပဒေထွက်ပေါ်လာခြင်းနဲ့ပက်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုရော ဘယ်လိုတားဆီးမလဲ၊ ဘယ်လိုကုသကြမလဲ။ * စစ်မှုထမ်းဥပဒေကိုရှောင်နိုင်ဖို့ လွတ်မြောက်နယ်မြေကိုသွားဖို့စိတ်ပိုင်းဖြတ်ပြီးရင်ရော ဘာတွေလိုအပ်မလဲ။ ဘယ်ဒေသတွေကို ရွေးချယ်ကြမလဲ။ အစရှိတာတွေကို အဖြေရှာဖို့အတွက် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)၊ လွတ်လပ်သောကျောင်းသားများအစည်းအရုံး (လကရ)နှင့် Interim Basic Education Federal Student Unions'  Representative Committee (IBEFSURC)တို့မှ "စစ်မှုထမ်းဥပဒေစကားဝိုင်း"ကို "ဖေဖော်ဝါရီလ(၁၅)ရက် ည(၇)နာရီ"မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ပန်နယ်လစ် (Panelists)တွေအနေနဲ့ကတော့ မယေးမေ၊ ကိုကျော်သက်နိုင်နှင့် ကိုစဝ်ခွန်နောင်တို့က ပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ Topic: စစ်မှုထမ်းစကားဝိုင်း Time: This is a recurring meeting Meet anytime Join Zoom Meeting https://us06web.zoom.us/j/81639908856?pwd=ZjZadu4RZCayxUu5ZyVPHd3kVFK43M.1 Meeting ID: 816 3990 8856 Passcode: 225577 #IBEFSURC @ibefsurc

အခက်အခဲများကြားမှ ပွင့်လန်းနေမည့်ပန်းကလေးများ_Batch(4) Building Resilience for Youths Training_Batch(4) လူငယ်များအတွက် အခက်အခဲများကြား စိတ်ပိုင်းဆိုင်ရာကြံ့ကြံ့ခိုင်နိုင်စွမ်း မြှင့်တင်ရေး သင်တန်း 🔸🔸🔸 လူငယ်တွေရဲ့ ဘဝခရီးလမ်းမှာ အခက်အခဲနဲ့ အကြပ်အတည်းတွေကို ရင်ဆိုင်ရတာဟာ မလွဲမသွေကြုံတွေ့ရမယ့် အရာတစ်ခုပါ။ အခုလို မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စီးပွားရေးကျဆင်းမှုတွေနဲ့ ပညာရေး အခက်အခဲတွေကြောင့် နိုင်ငံရဲ့ တန်ဖိုးရှိလှတဲ့ လူငယ်တွေကို ပိုပြီးရိုက်ခတ်များစေပါတယ်။ ဒီလိုအခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ လူငယ်တွေအနေနဲ့ ဘယ်လိုခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားသင့်သလဲ၊ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ရင်ဆိုင်သင့်သလဲဆိုတာကို သိရှိနားလည်ထားဖို့ဟာ အရေးကြီးပါတယ်။ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ လူငယ်တွေအတွက် အဓိကလိုအပ်တာက စိတ်ဓာတ်ကြံ့ခိုင်မှုပါ။ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ ဘဝရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်စွမ်းနဲ့ ပြန်လည်ထူထောင်နိုင်စွမ်းကို ဆိုလိုပါတယ်။ ဒီစွမ်းရည်ဟာ မွေးရာပါမဟုတ်ဘဲ လေ့ကျင့်ယူလို့ရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့စိတ်ဓာတ်ကို ဘယ်လိုမြှင့်တင်မလဲ၊ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို သိထားမယ်ဆိုရင် ဘဝရဲ့အကြပ်အတည်းတွေကို ပိုမိုလွယ်ကူစွာ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ အခက်အခဲတွေကို ရင်ဆိုင်ရမှာကို ကြောက်ရွံ့မနေဘဲ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့ စိတ်ဓာတ်နဲ့ နည်းလမ်းတွေကို သင်ယူထားဖို့ လိုပါတယ်။ ဒီလိုသင်ယူထားမှသာ ဘဝရဲ့စိန်ခေါ်မှုတွေကို အောင်မြင်စွာ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ယခုလို အခြေအနေများကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် လူငယ်များအတွက် ပစ်တိုင်းထောင်လူငယ်များအဖွဲ့နှင့် Essential Education Center အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးမှ "Building Resilience For Youths" သင်တန်းကိုယူဆောင်လာပါပြီ။ ယခုသင်တန်းဟာ လက်ရှိအခြေအနေများကြားမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူ လူငယ်တွေအတွက် ရည်ရွယ်ပြီး စိတ်ပိုင်းဆိုင်ရာကြံ့ကြံ့ခံနိုင်စွမ်းအား (Resilience Skills) တည်ဆောက်နည်းတွေကို လက်တွေ့အသုံးချနိုင်အောင် သင်ကြားပေးမယ့် သင်တန်းဖြစ်ပါတယ်။ ယခု သင်တန်းကို စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်းပြီး လူငယ်များဖြင့် ကိုက်ညီအောင် အထူးပုံစံဖြင့် သင်ရိုးရေးဆွဲထားပါသည်။ 🔆သင်တန်း၏ ရည်ရွယ်ချက်များ ၁။ လူငယ်များ၏ စိတ်ခွန်အားနှင့် စိတ်ဓာတ်ခိုင်မာမှုကို မြှင့်တင်ပေးရန် ၂။ အခက်အခဲများကြားမှ ကြံကြံခံနိုင်စွမ်းတိုးမြှင့်လာရန် ၃။ မိမိ၏ ကိုယ်ပိုင်စွမ်းရည်များကို မိမိကိုယ်တိုင်ရှာဖွေထုတ်ဖော် တတ်ပြီး ပိုမိုထိရောက်စွာ အသုံးချတတ်စေရန် ၄။ အပြုသဘောဆောင်သောနည်းလမ်းများဖြင့် နေ့စဉ်ကြုံတွေ့နေရသော စိတ်ဖိစီးမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်။ 🗓သင်တန်းကာလ နှင့် အချိန်ဇယား * သင်တန်းကာလ - ဖေဖော်ဝါရီလ (၁၇) ရက်နေ့ မှ (၂၀) ရက်နေ့အထိ၊ ၂၀၂၅ ခုနှစ်၊ (စုစုပေါင်း - ၄ ရက်) * သင်တန်းချိန် - မြန်မာစံတော်ချိန် ညနေ (၇) နာရီ မှ ည (၉း၃၀) အထိ * သင်တန်းကြေး - အခမဲ့ 👥 သင်တန်းတက်ရောက်နိုင်သူများ * အသက် (၁၅) နှစ် မှ (၂၀) နှစ်အတွင်း လူငယ်များ သင်တန်းတက်ရောက်လိုသူများသည် အောက်ပါ ဖောင်ကို ဖြည့်စွက်ပြီး စာရင်းပေးသွင်းနိုင်ပါသည်။ Form Link: https://forms.office.com/r/0r6ape3D8B ⚠️အထူးသတိပြုရန်မှတ်ချက် ✅သင်တန်းသားဦးရေကို (၃၀) ဦးသာ လက်ခံမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အမြန်ဆုံး စာရင်းပေးသွင်းကြပါရန်လိုအပ်ပါသည်။ ပစ်တိုင်းထောင်လူငယ်များအဖွဲ့ အနေဖြင့် သတ်မှတ်လူဦးရေ ပြည့်သွားပါက လျှောက်လွှာဖောင်ကို ပိတ်မည်ဖြစ်ပါသည်။ စာရင်းပေးသွင်းရာတွင် မိမိ၏ အီးမေလ်လိပ်စာ (Email Address) ကို မှန်မှန်ကန်ကန်ဖြည့်သွင်းရန်လိုအပ်ပါသည်၊ သင်တန်းအကြောင်းအသေးစိတ်ကို ကျွန်ုပ်တို့သည် အီးမေးလ်မှ တစ်ဆင့် ဆက်သွယ် အကြောင်းကြား မည်ဖြစ်ပါသည်။ ®️လျှောက်လွှာစာရင်းပိတ်ရက် - မြန်မာစံတော်ချိန် ညနေ (၅) နာရီ၊ ဖေဖော်ဝါရီလ (၁၆) ရက် ၂၀၂၅။ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါလိပ်စာများသို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။ Email Address: inquiries.pthy@gmail.com Facebook Page: https://www.facebook.com/pyittainghtaung.youths __ Website တွင်ဖတ်ရန် - https://bit.ly/resilience-b4-pthy #ပစ်တိုင်းထောင်လူငယ်များ #EEC_BESYA #အခက်အခဲကြားမှပွင့်လန်းနေမည့်ပန်းကလေးများ

ဝင်လို့ရပါပြီရှင့်။

True Sunshine ZD is inviting you to a scheduled Zoom meeting. Topic: ပြည်ထောင်စုနေ့စကားဝိုင်း Time: Feb 12, 7:00pm Join Zoom Meeting https://us06web.zoom.us/j/81026773276?pwd=UlmC89xuHVG3f7msNYiqPKYw1FXEkN.1 Meeting ID: 810 2677 3276 Passcode: Union7

မင်္ဂလာပါရှင်။ 12.2.2025 မှာ ပြုလုပ်ကြမယ့်  " ပြည်ထောင်စုနေ့နှင့်ကျွန်တော်တို့ ၏  အတွေးစများ " ဆိုတဲ့စကားဝိုင်းမှာ -နားလည်ထားတဲ့ ပြည်ထောင်စုပုံစံ။ -မြန်မာ့သမိုင်းမှာ ပြည်ထောင်စုဆိုတာမျိုးရှိခဲ့လား မရှိခဲ့ဘူးလား၊ ဘာကြောင့်လဲ။ -စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ဖို့က ဘာတွေလိုအပ်တာလဲ။ ပြည်ထောင်စုတစ်ခုမှာရှိသင့်တဲ့စံနှုန်းတွေက ဘာတွေလဲ။ -ပြည်ထောင်စုနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ Educated ဖြစ်မှုက ဘယ်အတိုင်းအတာရှိလဲ။ -ပြည်ထောင်စုဖြစ်ဖို့ ဘာကြောင့်ထောက်ခံကြတာလဲ။ ပြည်ထောင်စုဖြစ်ဖို့က မဖြစ်မနေလိုအပ်တာလား။ ဘာကြောင့်လဲ။ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။ ကိုစဝ်ခွန်နောင် ၊ မယေးမေ၊ မခင်နှင်းဆီနှင့် မသီရိနွယ်တို့က  Pannelists များအနေဖြင့်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ရဲဘော်တို့အနေနဲ့  တက်ရောက်ဆွေးနွေးနိုင်ပါကြောင်း  ခင်မင်ရင်းနှီးစွားဖိတ်ခေါ်ပါတယ်ရှင်။ ည ၇နာရီ စကားဝိုင်းလေးမှာ ပြန်ဆုံကြအောင်ပါ။ #ပြည်ထောင်စုနေ့နှင့်ကျွန်တော်တို့၏အတွေးစများ #Essential_Education_Center_Basic_Education_Students_&_Youths_Association

ဝင်လို့ရပါပြီရှင်

Repost from N/a
မြန်မာပြည်သူလူထုဟာ ၂၀၂၁ကတည်းက ကျီးလန့်စာစားနေရတဲ့ အခြေအနေကနေ ၂၀၂၅ ခုနှစ် အာဏာသိမ်း၄နှစ်ကျော်လာတဲ့အထိ မလွတ်မြောက်နိုင်သေးပါဘူး။ အာဏာသိမ်းစကတည်းက ပေါ်ပေါက်လာခဲ့တဲ့ အထွေအကျပ်အတည်းတွေနဲ့ လူမှုအခက်အခဲတွေကြားထဲမှာ ရှိသမျှအားကုန်သုံးပြီး တောင့်ခံလာခဲ့တာလည်း အချိန်တစ်ခုရှိနေပါပြီ။ ဒီကြားထဲ ၂၀၂၄ ဧပြီလမှာ စတင်ခဲ့တဲ့ စစ်မှုထမ်းဥပဒေကြောင့်လည်း ပိုပြီးခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်နေရပါတယ်။ လက်ရှိအချိန်မှာတော့ ပြည်သူလူထုဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြားမှာ အလူးအလဲခံနေကြရပြီးတော့ တစ်ဖက်မှာလည်း စစ်ရေး၊ စိတ်ဓာတ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီက ၂၀၂၅ ရွေးကောက်ပွဲကျင်းပ‌ရေးအတွက် တာဆူနေပါတယ်။ ရွေးကောက်ပွဲနဲ့ ညှိနှိုင်းရေးလမ်းစဉ်က တော်လှန်ရေးအဆုံးသတ်ဖို့ အထောက်အကူဖြစ်၊ မဖြစ်ဆိုတာလည်း လူထုကြား တွေးစရာတစ်ခုဖြစ်လာပါတယ်။ 'ဒါတွေကတကယ်ပဲထိရောက်မှုရှိမှာလား၊ ဆန့်ကျင်ရမယ်ဆိုရင်ရော ဘာကြောင့်ဆန့်ကျင်သင့်တာလဲ' ဆိုတဲ့ အကြောင်းအရာတွေကို “ရန်သူ့နိုင်ငံရေး ပြည့်သူနိုင်ငံရေး ” ဆိုတဲ့ စကားဝိုင်းမှာ ကိုလင်းနှစ်(ABFSU) ကိုစဝ်ခွန်နောင်(BESYA) မယေးမေ(IBEFSURC) တို့မှာတက်ရောက်ဆွေးနွေးသွားမှာဖြစ်လို့ (မပျက်မကွက်)တက်ရောက်ပေးကြပါရန် ရိုသေလေးစားစွာဖိတ်ကြားအပ်ပါသည်ခင်ဗျာ နေ့ရက် - ၁၀.၂.၂၀၂၅ (တနင်္လာနေ့) အချိန် - ည ၇နာရီ နေရာ - Zoom Platform Topic: ရန်သူ့နိုင်ငံရေးနဲ့ပြည်သူ့နိုင်ငံရေးဆွေးနွေးခြင်း Time: 7pm, Feb 10 Join Zoom Meeting https://us06web.zoom.us/j/82912180858?pwd=epIjKhbBlga4bvE3wSh4Evs8Dd91K6.1 Meeting ID: 829 1218 0858 Passcode: Feb10

Repost from N/a
1.2.2025(စနေနေ့) ဟာ ကျွန်ုပ်တို့ မြန်မာပြည်သူလူထုကြီး စစ်အာရှင်စနစ်လက်အောက်ကျရောက်ခဲ့သည်မှာ (၄)နှစ်ပြည့်မြောက်မည့်နေ့ဖြစ်သည်။
1.2.2025(စနေနေ့) ဟာ ကျွန်ုပ်တို့ မြန်မာပြည်သူလူထုကြီး စစ်အာရှင်စနစ်လက်အောက်ကျရောက်ခဲ့သည်မှာ (၄)နှစ်ပြည့်မြောက်မည့်နေ့ဖြစ်သည်။ (၄)နှစ်ပြည့်မြောက်တော့မည်ဖြစ်သော်လည်း မြန်မာပြည်သူလူထုကြီးသည် ယနေ့တိုင်သွေးမအေးပဲ ဆက်လက်တိုက်ပွဲဝင်နေသည်ကို စစ်အာဏာရှင်လူတစ်စုသိရန်အတွက် ကျွန်ုပ်တို့တော်လှန်ကျောင်းသားများအင်အားစုတို့စုပေါင်းကာ Profile Campaing,Photo Campaing တို့ကိုပြုလုပ်ရန် ရည်ရွယ်ထားပါသည်။ Profile Campaing တွင်ပါဝင်ရမည့်ပုံစံ မိမိသုံးနေသော Telegram Profile,Feacebook Profile,Zoom Profile များတွင် ယခုဖော်ပြပါပုံအား ချိန်းပေးခြင်းဖြင့် ကျွန်ုပ်တို့တော်လှန်ကျောင်းသားများအင်အားစု Profile Campaingတွင်ပါဝင်နိုင်ပြီဖြစ်သည်။ #အထွေထွေဖိနှိပ်မှုကိုအန်တုကြ #ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့ #လူထုလှုပ်ရှားမှုအင်အားစုများ #အာဏာသိမ်း၄နှစ် #IBEFSURC

Repost from N/a
❝အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” ❞ မိဘပြည်သူများ ခင်ဗျာ...။ ဖိနှိပ်ကျပ်တည်းမှုအလီလီကြားက ကြမ်းတမ်းရက်စက်မှုအချီချီကို ခေါင်းငုံ့မခံ ရုန်းကန်အန်တု နေရတဲ့ ကျနော်တို့ဗမာပြည်၊ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးဟာ မကြာမီများမှာဆို ၄ နှစ်တိတိပြည့်ပါတော့မယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုခါစကာလများနဲ့ယှဥ်ရင် လက်ရှိမှာ မိမိတို့ ပြည်သူ့တော်လှန်‌ရေး အင်အားစုများဟာ ရန်သူကို ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ အခြေအနေတခုကို တက်လှမ်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အရှုံးအလီလီနဲ့ရင်ဆိုင်နေရတဲ့ ရန်သူ့စစ်တပ်ဟာ အဘက်ဘက်ကပြိုလဲနေပြီဆိုတာ အထင်းသားပါပဲ။ ဒီအတောအတွင်းမှာ ကုန်စျေးနှုန်းတက်တာ၊ စီးပွားရေး အဆင်မပြေ တာကစလို့ လက်ရှိလျှပ်စစ်မီးမမှန်ကန်တာတွေ၊ အလုပ်အကိုင်အဆင်မပြေတာတွေအထိ နေ့စဥ်လူနေမှုဘဝဟာ ကျပ်တည်းသထက် ကျပ်တည်းလာပါတယ်။ အတင်းအဓမ္မ ဖမ်းဆီး စစ်မှုထမ်းခိုင်းတာတွေလည်းရန်သူက ပိုမို ကျူးလွန်လာပါတယ်။ တိုက်ပွဲနီးစပ်ရာ ‌ဒေသတွေမှာ စစ်ဘက်ထက် အရပ်ဘက်ပစ်မှတ်တွေကို ဦးစားပေးတိုက်ခိုက်ပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေပြုလုပ်နေပါတယ်။ ဒါတွေဟာ ပြည်သူလူထုအပေါ်ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့အကျပ်အတည်းကို လူထုအကျပ်အတည်းဖြစ်အောင် အစားထိုးဖြေရှင်းနေတာပါ။ ဒီလိုပဲ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူတစုံလုံးနိုင်ငံရေးအခြေအနေအရ ထွက်ပေါက်ရှာဖို့ တရားမဝင်ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်လာတယ်။ တလျှောက်လုံးမှာ  စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက် ထွက်ပေါက်တခုကို ပြင်ဆင်နေလေ့ရှိတယ်။ ကျနော်တို့ ဗမာပြည်ပြည်သူလူထုတရပ်လုံးက စစ်ကောင်စီရဲ့ထွက်ပေါက်မှန်သမျှကို အလွတ်ပေးလို့မရဘူး။ ဒီထွက်ပေါက်တွေဟာ တိုင်းပြည်နဲ့ပြည်သူလူထုကို ဖိနှိပ်တထက်ဖိနှိပ်၊ ရက်စက်သထက်ရက်စက်လာတဲ့၊ ပြည်သူ့သွေးနဲ့ ခင်းဖောက်တဲ့ လမ်းတွေပါပဲ။ ဒီထွက်ပေါက်ကိုဖွင့်မနိုင်ဖို့အရေးလူထုကိုယ်တိုင် အုံကြွတော်လှန်တိုက်ပွဲဝင်မှရမယ်။ မတရားပြဌာန်းထားတဲ့ ဥပဒေ၊ မတရားတဲ့ ရွေးကောက်ပွဲ၊ မတရားသဖြင့်ဖိနှိပ်ရက်စက်ထားတဲ့ အထွေထွေဖိနှိပ်မှုကြီးကို လူထုကိုယ်တိုင် အန်တုတွန်းလှန်မှသာ ပြိုပျက်လိမ့်မယ်။ စစ်ရေးလည်း မသာ၊ နိုင်ငံ‌ရေးလည်း မျက်နှာပန်းမလှဘူး၊ ဒါကိုမှ လူထုကပါ အင်တိုက်အားတိုက် တော်လှန်ကြမယ်ဆိုရင် အနှေးနဲ့အမြန် ရန်သူဟာ ပြိုလဲကျသွားမှာပါပဲ။ ဒီလေးနှစ်တာကာလပတ်လုံး ကြိတ်မှိတ်သည်းခံခဲ့ရတဲ့ ခံစားချက်တွေ၊ မကျေနပ်မှုတွေ၊ ဒုက္ခတွေကို အောက်မေ့ရင်း စစ်အာဏာရှင်စနစ် အလုံးစုံ ပြိုကျပျက်ဆီးသည်အထိ လူထုအနေနဲ့ တော်လှန်အလံတွေအောက်မှာ ရှေ့ကိုဆက်လက်ချီတက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ...။ #အထွေထွေဖိနှိပ်မှုကိုအန်တုကြ #ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့ #လူထုလှုပ်ရှားမှုအင်အားစုများ #အာဏာသိမ်း၄နှစ်

❝ငြိမ်သက်မှု‌တွေ ကြီးစိုးနေ၊ လူထုလှိုင်းနဲ့ လှုပ်ခတ်စေ❞ အာဏာသိမ်း(၄)နှစ်ပြည့်ကမ်ပိန်းလေးရဲ့ နောက်ဆုံးစတုတ္ထရက် ပုံရိပ်လေးတွေပ
+3
❝ငြိမ်သက်မှု‌တွေ ကြီးစိုးနေ၊ လူထုလှိုင်းနဲ့ လှုပ်ခတ်စေ❞ အာဏာသိမ်း(၄)နှစ်ပြည့်ကမ်ပိန်းလေးရဲ့ နောက်ဆုံးစတုတ္ထရက် ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ #ငြိမ်သက်မှုတွေကြီးစိုးနေ_လူထုလှိုင်းနဲ့လှုပ်ခတ်စေ #ရှေ့ဆက်တော်လှန်_လူထုအားမာန် #အထွေ‌ထွေဖိနှိပ်မှုကိုအန်တုကြ #ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့ #Photo_campaign #Profile_campaign #အာဏာသိမ်း၄နှစ်ပြည့် #Essential_Education_Center_Basic_Education_Students_&_Youths_Association