2 394
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
2 394
Premium Book တွေက အပြင်မှာအနည်းဆုံး 6000 ပေးပြီးဝာ်ဖတ်ရတဲ့စာအုပ်တွေပါ
ဒါကို ကျွန်တော်တို့ Channel လေးက free ဖတ်လို့ရအောင် PDF file ဖြင့်တင်ပေးခြင်းဖြစ်ပါတယ်ဗျ
😍😍😍😍😍😍😍😍😍😍
2 394
မိစ္ဆာတို့ရဲ့အိပ်မက်ဆိုး
Channel လေးရပါပြီဗျ
Season အသစ်ထပ်လာမယ်လို့လည်းကြားပါတယ်
အသစ်ကိုစောင့်ချင်လို့ဘဲဖြစ်ဖြစ် အဟောင်းပြန်ကြည့်ချင်လို့ဘဲဖြစ်ဖြစ် 𝗖𝗵𝗮𝗻𝗻𝗲𝗹လေးကို 𝗝𝗼𝗶𝗻ပေးခဲ့ကြပါဦးနော်
ပြသမည့်ရက်-July
Channel link 🔗
https://t.me/ChinaSeries72
Main Channel 👇
https://t.me/ChinaSeries_103
2 394
တန်ဖိုး 💰
အခုပုံပြင်ထဲကအကြောင်းအရာလေးကို စာဖတ်သူလေးအနေနဲ့ ဇာတ်လမ်းတိုတစ်ပုဒ်အဖြစ် လိုင်းပေါ်မှာ ကြည့်ဖူးကြမယ်ထင်ပါတယ်ခင်ဗျာ။
တစ်ခါတုန်းက လူသိများတဲ့ ဟောပြောသူတစ်ယောက်ဟာ လူ(၂၀၀)လောက်ရှိတဲ့ ခန်းမထဲကိုဝင်လာသတဲ့။ ပြီးတော့ ဒေါ်လာ (၂ဝ)တန်တစ်ရွက်ကိုကိုင်ပြီး စတိတ်စင်ပေါ်ကနေ ပရိသတ်ကို လှမ်းမေးလိုက်ပါတယ်။
“ဒီဒေါ်လာ(၂ဝ)ကို ဘယ်သူယူမလဲ။ ယူချင်တဲ့သူတွေ လက်ထောင်ပြပါ” တဲ့လေ။
အဲဒီအခါ ပရိသတ်တွေထဲကနေ လေပေါ်ဝဲတဲ့လက်တွေ အများကြီးလွင့်ပျံလာပါရဲ့။ ဒါကိုကြည့်ပြီး ဟောပြောသူက ထပ်ပြောလိုက်ပါတယ်။
“ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ထဲကနေ တစ်ယောက်ကို ဒီပိုက်ဆံ ကျွန်တော်ပေးပါ့မယ်။ ဒါပေမယ့် မပေးခင် ကျွန်တော်တစ်ခုလုပ်စရာရှိပါသေးတယ်”
ဟောပြောသူက ပြောပြောဆိုဆိုနဲ့ သူ့လက်ထဲက ပိုက်ဆံကို ကြေမွသွားတဲ့အထိ လုံးခြေလိုက်ပါတော့တယ်။ ပြီးတော့ ကျိုးကြေခေါက်တွန့်နေတဲ့ ပိုက်ဆံကိုပြလိုက်ပြီး ပရိသတ်ကို ထပ်မေးလိုက်ပါ တယ်။
“အခုရော... လိုချင်တဲ့သူ ရှိသေးလား” တဲ့။
အဲဒီအခါမှာလည်း လိုချင်လို့ထောင်ထားတဲ့လက်တွေက အများကြီးရှိနေတုန်းပဲ။ သူ့အထင်တစ်ယောက်မှတောင် လျော့မသွားဘူးတဲ့။ ဒါနဲ့ သူလည်း ပိုက်ဆံကို နောက်တစ်မျိုးထပ်လုပ်လိုက် ပြန်ပါတယ်။
ဒီတစ်ခါ လုပ်လိုက်တာက ပိုက်ဆံကိုကြမ်းပြင်ပေါ်ချလိုက်ပြီး သူ့ရှူးဖိနပ်နဲ့ ပယ်ပယ်နယ်နယ် နင်းခြေပစ်လိုက်တာပါပဲ။ သူ့ပရိသတ်တွေလည်း သူဘာလုပ်နေတာလည်းဆိုတာ သိချင်စိတ်နဲ့ စောင့်မျှော်နေကြသတဲ့။
နောက်ဆုံးတော့ သူဟာ ပိုက်ဆံကို အားရအောင် ခုန်ပေါက်နင်းခြေပြီးတဲ့အခါ ပြန်ကောက်လိုက်ပြီး ပရိသတ်ဆီ ပြန်ပြလိုက်ပါ တယ်။
“အခုရော... ဒီနင်းချေထားတဲ့ပိုက်ဆံကို လိုချင်တဲ့သူ ရှိသေးရဲ့လား”
သူ့စကားအဆုံးမှာ ပရိသတ်တွေရဲ့လက်တွေက လေထဲမှာဝဲနေတုန်းပါပဲ။ ဒါနဲ့သူက လက်ထောင်ထားသူတွေကို လက်ပြန်ရုပ်သိမ်းခိုင်းလိုက်ပြီး စကားစပြောပါတော့တယ်။
“မိတ်ဆွေတို့။ ခင်ဗျားတို့ကို အင်မတန် တန်ဖိုးရှိတဲ့ ဘဝနဲ့ပတ်သက်တဲ့ သင်ခန်းစာတစ်ခုကို အခုပဲ ကျွန်တော်သင်ပေးလိုက်ပြီနော်။ ခင်ဗျားတို့တွေ့ကြတယ်မဟုတ်လား။ ကျွန်တော့်လက်ထဲက ဒီပိုက်ဆံလေးဟာ ကျွန်တော်ဘယ်လိုလုံးခြေခြေ၊ ဘယ်လိုချနင်းနင်း သူ့တန်ဖိုး ဒေါ်လာ ၂၀ က လုံးဝ မလျော့သွားဘူးနော်”
ဟောပြောသူက စကားကို ခဏရပ်ပြီးပရိသတ်ကို မျက်စိဝေ့ကြည့်လိုက်တယ်။ အားလုံးငြိမ်လို့။ သူဆက်ပြောလိုက်ပါတယ်။
“ ဒီလိုပါပဲ ကျွန်တော်တို့တွေဟာလည်း ဘဝမှာ အခန့်မသင့်ရင် ဒီပိုက်ဆံလေးလို ဘဝတွေလုံးခြေခံရနိုင်ပါတယ်။ ဘဝတွေ ချနင်းခံရနိုင်ပါတယ်။ အဲဒီအခါ အားငယ်စိတ်ပျက်စရာ မလိုပါဘူး။
ဘဝမှာ တန်ဖိုးမဲ့သွားသလိုတွေ ခံစားမနေသင့်ပါဘူး။ ခင်ဗျားတို့ရဲ့စစ်မှန်တဲ့တန်ဖိုးတွေက ခင်ဗျားတို့ဆီမှာအမြဲရှိပါတယ်။ သူ့ကို ဘယ်တော့မှ ဆုံးရှုံးမှာ မဟုတ်ပါဘူး”
ဟောပြောသူရဲ့ စကားအဆုံးမှာ ခန်းမတစ်ခုလုံး လက်ခုပ်သံတွေနဲ့ စီစီညံသွားပါတော့တယ်။
ဟုတ်ပါတယ်။
ကျွန်တော်တို့တွေဟာ ဘဝမှာ အောင်မြင်မှု တွေရဖို့၊ ဘဝအခြေအနေ ခိုင်မာတောင့်တင်းဖို့အတွက် ကြိုးစားကြတဲ့အခါ ကိုယ့်ရဲ့ အားနည်းချက်တစ်ခုခုကြောင့်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်ပါးသူရဲ့ ပယောဂကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့လက်ရှိအနေအထားက လုံးဝပြောင်းလဲပျက်စီးသွားနိုင်ပါတယ်။
အဲဒီအခါ ကျွန်တော်တို့တွေ ထိုင်မှိုင်ပြီး စိတ်ဓာတ်ကျလို့မရပါဘူး။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်လျှော့တွက်ပစ်လိုက်လို့လည်း မဖြစ်ပါဘူး။
အခက်အခဲတွေ၊ ပြဿနာတွေကတော့ ကျွန်တော်တို့ထံ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ လာနေမှာပါပဲ။
သေချာတာကတော့ ဘယ်လိုအခက်အခဲပဲလာလာ၊
ဘယ်လိုပြဿနာတွေပဲ အကြိမ်ကြိမ်ကြုံပါစေ
ကျောက်ဆောင်ကျောက်သားလို
မာကျောနေဖို့နဲ့
ကိုယ့်တန်ဖိုးကိုယ်သိထားဖို့ပဲလိုပါတယ်။
ဒါဆိုကျွန်တော်တို့တွေဟာ
ဘဝမှာ အဆင်ပြေတဲ့သူတွေ ဖြစ်လာမှာပါပဲ။
2 394
ငါအိမ်မှာနေတုန်းက
ငါ့ခြေထောက်တွေဟာ အိမ်ရဲ့အဝေးကို
အမြဲတမ်း ရောက်ချင်ခဲ့တယ်။
အိမ်ရဲ့အဝေးကို တကယ်ရောက်သွားတော့
ငါ့ခြေထောက်ဟာ အိမ်ဆီကို
ထွက်ပြေးချင်နေတော့တာပဲ။
နောက်ဆုံးတော့ အိမ်ဟာ အိမ်ပါပဲ။
နွေးထွေးမှုနှင့်ကြင်နာမှုတွေကို
လိုအပ်တဲ့အချိန်တိုင်း မငြိုမငြင်ဘဲ ရမြဲရနေတဲ့
နေရာတစ်ခုပါပဲ။
ကျနော်အိမ်ကို လွမ်းတယ်။ အတိအကျ
ပြောရရင် အမေရှိနေတဲ့ အမေ့အိမ်လေးကို
ကျနော် လွမ်းတယ်။
𝗚𝗿𝗼𝘄 𝗨𝗽 ⏫ စာအုပ်ကောင်းများ 𝗖𝗵𝗮𝗻𝗻𝗲𝗹
𝗚𝗿𝗼𝘄 𝗨𝗽 ⏫ 𝗕𝗼𝗼𝗸 𝗦𝘁𝗼𝗿𝗲 𝗖𝗵𝗮𝗻𝗻𝗲𝗹
2 394
ကောင်းလိုက်တဲ့ ဥပမာပေးလေး
ဖတ်လိုက်ရတော့ ကောင်းလို့
ပြန်မျှဝေ လိုက်တယ်နော် .....
" ခွေးကျင့်ခွေးကြံ "
---------------
တစ်နေ့တွင်
တောကစားထွက်လာသော ဘုရင်က
ရွာအနီး မြက်ခင်းတွင် သိုးအုပ်ကြီးကို
တွေ့လိုက်ရ သဖြင့်
သူနှင့်အတူ မြင်းစီးကာ
ဘေးချင်းယှဉ်လိုက်လာသော
ပညာရှိ အမတ်ကြီးကို
မေးလိုက်လေသည်.....
အမတ်ကြီး ဘယ်မှာကြည့်လိုက် ကြည့်လိုက်
သိုးတွေက အုပ်စုလိုက်တွေ့ရတယ်နော် "
" ခွေးတွေ ကိုတော့ ဘာဖြစ်လို့
အဲဒီလို အုပ်စုလိုက် မတွေ့ရတာလဲ ?.
မှန်လှပါ အရှင်မင်းကြီးရဲ့ မေးခွန်းကို
မနက်ဖြန်မှ ဖြေပါရစေဘုရား 🙏"
ကောင်းပြီလေ
ထိုနေ့ နန်းတော်ကို ပြန်ရောက်လာသည့် ညနေတွင်
အမတ်ကြီးက အခန်းနှစ်ခန်းကို ပြင်ဆင်စေသည်......
အခန်းတစ်ခန်းထဲတွင်
အသားပုံကြီးတစ်ပုံကို ချထားပြီး
ခွေး အကောင် ၂၀ ကိုထည့်ကာ
သော့ပိတ်ထား လိုက်သည်.....
အခြားအခန်းထဲတွင်
မြက်ထုံးများကို ချကာ
သိုးအကောင် ၂၀ ကို အခန်းအတွင်း
မောင်းသွင်းပြီး တံခါးပိတ်ထားလိုက်လေသည်.....
နောက်တစ်နေ့ နံနက်တွင်
အမတ်ကြီးက
သူစီမံထားသည့် အကြောင်းအရာကို
မင်းကြီးအား လျှောက်တင်ကာ
အခန်းများဆီသို့ ခေါ်လာလေသည်......
ပထမ ခွေးတွေထည့်ထားသည့်
အခန်းကို ဖွင့်လိုက်သည်
ဘုရင်ကြီးက အံ့အားသင့်သွားသည်
ခွေးတွေ အားလုံး အသက်ပျောက်နေသည်
အခန်းအလယ်တွင် ချထားသည့်
အသားပုံကြီးကား နေရာမပျက် ရှိနေသည်
ခွေးတစ်ကောင်မျှ အသားပုံကို
စားသွားသည့်ပုံမပေါ်.....
နောက်တစ်ခန်းကို
ဘုရင်အားခေါ်ပြီး ဖွင့်ကြည့်ကြသည်
သိုးတွေအားလုံး လှဲလျောင်းကာ
အိပ်စက်နေ ကြသည်
အခန်းအလယ်တွင် ချပေးထားသည့်
မြက်တွေလည်း မရှိတော့ပေ.....
ထိုအဖြစ်အပျက်များကို
ဘုရင်ကြီးအား အမတ်ကြီးက ပြသပြီးနောက်....
ခွေးတွေဟာ သူတို့ကို ကျွေးထားတဲ့
အသားတွေကို တစ်စက်မျှ မစားရဘဲ
သေကုန်ကြရခြင်းမှာ
တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ကာ
တစ်ကိုယ်ကောင်းဆန်ခြင်းကြောင့်ပါဘုရား 🙏
သိုးတွေကတော့ အေးချမ်းစွာ
မျှဝေစားသောက်တတ်သည့်
အလေ့အထကြောင့် အသက်ရှင်ကာ
နေထိုင်နိုင်ခြင်း ဖြစ်ကြောင်းပါဘုရား
ဟု လျှောက်တင်လေသည်....
ခွေးများသည် အုပ်စုလိုက်ဖွဲ့ကာ
နေထိုင်တတ်သော အလေ့အထနည်းလေသည်
အကောင်နည်းနည်း စုမိလျှင်ပင်
ပြဿနာရှာကာ မာန်ဖီတတ်သည်
အစားအစာ နှင့် ကာမ အတွက်ဆိုလျှင်
ခွေးများသည် တစ်ကောင်နှင့်တစ်ကောင်
မညှာမတာ ကိုက်ကြ မာန်ဖီတတ်ကြသည်.....
ရှေးလူကြီးများက
ခွေးလို မနေနှင့် သိုးတွေလိုနေဟု
ဆုံးမကြခြင်းမှာ
တစ်ကောင်နှင့်တစ်ကောင်
မကိုက်ဘဲ ငြိမ်ချမ်းစွာဖြင့်
အတူတကွ မျှဝေတတ်သောစိတ်ရှိသည့်
လူ့ဘောင်အဖွဲ့အစည်းသည်သာ
တိုးတက်စည်ပင် ဖွံ့ဖြိုးမည်ဖြစ်ကြောင်းကို
ပြဆိုခြင်းဖြစ်သည်....
ခွေးတွေလို ငါ့တွက် ငါ့ဟာ
ငါ့ဥစ္စာ ဆိုပြီး လောဘတက် ကိုက်လျှင် သေကြမည်......။
အတ္တ လောဘ နဲ့ တကိုယ်ကောင်းစိတ်
မွေးသူများသည် ခွေးသဏ္ဍန် နှင့် တူပေသည် ...။
သိုးတွေလို မျှဝေစိတ်ထားလျှင် ရှင်ကြမည်.....။
သူ့ဖက် ကိုယ့်ဖက် သူ့အတွက် ကိုယ်အတွက်
မျှတစွာ နေထိုင်သူသည် သိုးသဏ္ဍန်နှင့် တူပေသည် ....
#မေတ္တာဖြင့်တဆင့်ပြန်လည်မျှဝေပေးပါသည်
2 394
ပျင်းနေမယ့်အတူ စာဖတ်ပါ
📖စာမဖတ်ရင် အကန်းဘဝရောက်သလို၊ စာမဖတ်ရင် လူစင်မမှီတဲ့ ဘဝ ရောက်တတ်တယ်။ ဘယ်လောက် အဆင့်မြင့် ဘွဲ့ ဒီဂရီ တွေ ရရ၊ ဘယ်လို အဆင့်မြင့် ရာထူး ကိုင်ထားကိုင်ထား၊ ဘယ်လောက်ပဲ ကျိကျိတတ် ချမ်းသာ ချမ်းသာ၊ စာပေအဟာရ လုံလောက်စွာ ဖြည့်မထားလျှင် အတွေးအခေါ် အယူအဆတွေ အဆင့်မမှီပဲ၊ အများနဲ့ စကားပြောတဲ့အခါကျရင် အကျိုးအကြောင်း မဆီလျော် ဆုံးဖြတ်ချက်တွေချဖို့ တွေဝေနေလိမ့်မယ်။
📝လူတစ်ယောက်ရဲ့ ဘဝတိုးတက်ရေးမှာ စာဖတ်ခြင်းက "ခွန်အား" ဖြစ်ပါတယ်။ ဒါကြောင့်... မိမိရောက်တဲ့ နေရာတိုင်းမှာ လူငယ်ရော လူကြီးတွေပါ စာဖတ်ဖို့ တိုက်တွန်းပါ။ ခေတ်ဟာ အချိန်နဲ့အမျှ အမြဲ တိုးတတ်ပြောင်းလဲနေတယ်။ ဒါကြောင့် လူဟာလည်း တိုးတတ်ပြောင်းလဲနေဖို့ လိုပါတယ်။
📝အနားယူတာနဲ့ ပျင်းတာ ကွဲပြားဖို့လိုပါတယ်။ မလုပ်နိုင်တာနဲ့ မလုပ်ချင်တာ ကွဲပြားဖို့လိုပါတယ်။ ဝေဖန်တာနဲ့ အပြစ်ရှာတာ ကွဲပြားဖို့လိုပါတယ်။ သုံးတာနဲ့ ဖြုန်းတာ ကွဲပြားဖို့လိုပါတယ်။ သတင်းနဲ့ အတင်း ကွဲပြားဖို့လိုပါတယ်။ တာဝန်နဲ့ အာဏာ ကွဲပြားဖို့လိုပါတယ်။ လိုအပ်တာနဲ့ လိုချင်တာ ကွဲပြားဖို့လိုပါတယ်။ ဘာပဲလုပ်လုပ် အမြဲ သတိနဲ့အသိ ရှိပါ။ ကောင်းတဲ့အရာတွေကိုသာ ပိုကောင်းပါစေ။ ဆိုးတဲ့အရာတွေကိုတော့ ပိုဆိုးမလာပါစေနဲ့။
📝သိချင်ရင်၊အမြင်ကျယ်ချင်ရင် စာဖတ်ပါ။ တော်ချင်ရင်၊ တတ်ချင်ရင် စာဖတ်ပါ။ လိမ္မာချင်ရင်၊ ယဉ်ကျေးချင်ရင် စာဖတ်ပါ။ ငွေမရှိလည်း၊ လူ့အောက်မကျချင်ရင် စာဖတ်ပါ။ ဘဝကို ရဲရဲဝံ့ဝံ့ ဖြတ်သန်းချင်ရင် စာဖတ်ပါ။ ဘဝ အဆင့်အတန်း မြင့်ချင်ရင် စာဖတ်ပါ။ မအချင်ရင်၊ အညာမခံချင်ရင် စာဖတ်ပါ။ အနိုင်ကျင့် အစော်ကား မခံချင်ရင် စာဖတ်ပါ။ အဆင့်ရှိရှိ စကားပြောတတ်ချင်ရင် စာဖတ်ပါ။ ဟန်မဆောင်ပဲ ပြုံးတတ်ချင်ရင် စာဖတ်ပါ။
📝ပြောတိုင်းယုံတဲ့ ပုတ်သင်ညို ဘဝမရောက်ချင်ရင် စာဖတ်ပါ။ ကြားသမျှ လိုက်ပြောတဲ့ သာလိကာလို အာမညောင်းရအောင် စာဖတ်ကြပါ။ မစူးစမ်း မဆင်ခြင်တဲ့ ယုန်သူငယ်လို ဦးနှောက်မမဲ့အောင် စာဖတ်ကြပါ။ ဆီဆုံမှာ တပ်ထားတဲ့ နွားတို့လို အလှည့်အပတ် မခံရအောင် စာဖတ်ကြပါ။
📝မျက်မမြင် ပုဏ္ဏားတွေလို အမြင်မရှိပဲ ရမ်းမတုတ်ရအောင် စာဖတ်ကြပါ။ လေယူရာယိမ်းတဲ့ ကောက်ပင်လို သူများဆွယ်တိုင်း မပါရအောင် စာဖတ်ကြပါ။
📖စာဖတ်ပါ.. အတွေးတွေ လေးနက်လာလိမ့်မယ်။
📖စာဖတ်ပါ...စကားလုံးတွေ ကျစ်လစ်လာလိမ့်မယ်။
📖စာဖတ်ပါ..အရာရာကို တိုးတတ်ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။
📝ဒါကြောင့်..... "စာဖတ်ဖို့" အချိန်ပေးပါ။ စာဖတ်ပါ။ ဘယ်တော့မှ ဘက်မလိုက်တဲ့ အရာ
𝗚𝗿𝗼𝘄 𝗨𝗽 ⏫ 𝗕𝗼𝗼𝗸 𝗦𝘁𝗼𝗿𝗲 𝗖𝗵𝗮𝗻𝗻𝗲𝗹
𝗚𝗿𝗼𝘄 𝗨𝗽 ⏫ စာအုပ်ကောင်းများ 𝗖𝗵𝗮𝗻𝗻𝗲𝗹
2 394
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတည်ထောင်နည်း
မြတ်ငြိမ်း
ဘာသာပြန်
𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗕𝗼𝗼𝗸 📖
#GrowUp
#crd
