en
Feedback
2 394
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
ချစ်တယ် နဲ့ သံယောဇဉ် ရှိတာ မတူဘူး။ ချစ်တယ်ဆိုတာ တစ်ခဏလေး တွေ့လိုက်ချိန် အတွင်းမှာပဲ လူတစ်ယောက်ကိုချစ်မိသွားနိုင်တယ်။ ဒီနေ့ ချ
ချစ်တယ် နဲ့ သံယောဇဉ် ရှိတာ မတူဘူး။ ချစ်တယ်ဆိုတာ တစ်ခဏလေး တွေ့လိုက်ချိန် အတွင်းမှာပဲ လူတစ်ယောက်ကိုချစ်မိသွားနိုင်တယ်။ ဒီနေ့ ချစ်မိနေပြီးမနက်ဖြန်မှာ ချက်ချင်းပဲ မချစ်နိုင်တော့တာလဲ ဖြစ်နိုင်တယ်။ "သံယောဇဉ်" ဆိုတာ က ချစ်တယ် ဆိုတာထက် ပိုလေးနက်တယ်။ တည်ဆောက်ရတဲ့ ကာလကလည်း ကြာတယ်......... လူနှစ်ယောက် မချစ်ပဲ နဲ့ လည်း သံယောဇဉ်ကြောင့် လက်ထပ် သွားကြ တာလည်း ရှိတယ်။ သံယောဇဉ်က "ချစ်တယ်" ဆိုတာ လိုမျိုး အပြောင်းအလဲ မရှိဘူး။ ဒီနေ့ "သံယောဇဉ်" ရှိလည်း နောက်နေ့..... နောက် နေ့ပေါင်းများစွာလည်း ရှိမှာပဲ။ မုန်းနေရင်တောင် "သံယောဇဉ်" ကြောင့်စိတ်ထဲ တွေးမိ ပြီး သတိရနေ မှာပဲ။ အဲ့တော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်တာ အပြင်သံယောဇဉ် ရှိသွားရင် ဘယ်သူ ဖြတ်ဖြတ် မပြတ်ကြတာ များတယ်။ ပြတ်သွားခဲ့ သည်ရှိတောင် တစ်ယောက်နဲ့ တစ်ယောက် သေရာပါ မမေ့နိုင်ကြတာ များတယ်။ "သံယောဇဉ်" ဆိုတာက "ချစ်တယ်" ဆိုတာထက် ပိုလေးနက်သလို ပိုပြီးလည်း ဖြတ်တောက်ရ ခက်ပါတယ် 🤧

🧠 ဒီလိုကားမျိုးက အရူးမောင်းတဲ့ ကားလိုဖြစ်လာပြီး ထိန်းမရတော့ဘူး။ ဘဝရဲ့ ရည်မှန်းချက် မှန်သမျှကို ဆန္ဒအပေါ်မှာ ပုံအပ်လိုက်တဲ့အခါ၊ စဉ်းစားတဲ့ဦးနှောက်က ခံစားတဲ့ ဦးနှောက်ကို အရှုံးပေးလိုက်တဲ့အခါ အမှန်တရားတွေ၊ စည်းမျဉ်းစည်းကမ်းတွေ အားလုံး မြောင်းထဲရောက်ကုန်တော့တယ်။ ကြာလာတော့ စဉ်းစားတဲ့ ဦးနှောက်က ခံစားတဲ့ဦးနှောက်ကို ကျေနပ်အောင် အလိုဖြည့်ပေးဖို့ကလွဲရင် ကျန်တာ မလုပ်တတ်တော့ဘူး။ သွားချင်ရာသွား၊ လုပ်ချင်ရာလုပ် မတားရဲတော့ဘူး။ ခံယူချက်၊ ယုံကြည်ချက်တွေကို လိုအပ်သလို ပြောင်းလဲ မွမ်းမံဖို့လည်း ခွန်အားမရှိတော့ဘူး။ 🧠ဒါဆိုရင် ဒီလောက်ဆိုးတဲ့ ခံစားတဲ့ ဦးနှောက်ကို ကားပေါ်က ဖယ်ထုတ်ပြီး စဉ်းစားတဲ့ ဦးနှောက်ကိုပဲ မောင်းခိုင်းလိုက်ရင် ကားကို အကောင်းဆုံး ထိန်းချုပ်မောင်းနှင် နိုင်မှာလား ဆိုတဲ့ မေးခွန်းမေးစရာရှိလာတယ်။ 🧠 ခံစားတဲ့ ဦးနှောက်ကို ကားပေါ်က ကန်ချပြန်ရင်လည်း နောက်ထပ် ပြဿနာတစ်ခု ပေါ်လာပြန်ပါတယ်။ ခံစားချက် ဦးနှောက်ကို Limbic Brain (Emotional Brain) လို့ခေါ်ပြီး၊ စဉ်းစားတဲ့ဦးနှောက်ကို Neocortex (Logical Brain) လို့ ခေါ်ပါတယ်။ အားလုံးကတော့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေပါပဲ။ ကျွန်တော်တို့ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို စဉ်းစားတဲ့ဦးနှောက် နဲ့ ဆုံးဖြတ်ချက်ချနေတယ်လို့ ထင်ရပေမယ့် အဓိကပဲ့ကိုင်ရှင်က ခံစားတဲ့ ဦးနှောက်ဖြစ်နေပါတယ်။

🧠ခံစားတဲ့ ဦးနှောက် နဲ့ စဉ်းစားတဲ့ ဦးနှောက် 🧠ကျွန်တော်တို့ လူသားတွေကို မော်တာ်ကား တစ်စီးနဲ့ နှိုင်းယှဉ်စဉ်းစား ကြည့်ရအောင်။ ကားခေါင်းထဲ မှာ ထိုင်ပြီးမောင်းနေတဲ့ သူ နဲ့ လမ်းပြနေတဲ့သူ ၂ ယောက်ကတော့ ခံစားတဲ့ ဦးနှောက် နဲ့ စဉ်းစားတဲ့ ဦးနှောက်။ အဲဒီကားက ဘဝရဲ့ အကွေ့အကောက် လမ်းမျိုးစုံမှာ တရွေ့ရွေ့သွားနေတယ်။ အချိုးအကွေ့တွေ၊ အနိမ့်အမြင့်တွေ အမျိုးမျိုး ရှိမယ်။ ကားခေါင်းခန်းထဲမှာ ရောက်နေတဲ့ ဦးနှောက် ၂ ခုရဲ့ ဆုံးဖြတ်ချက်တွေ ၊ ခံယူချက်တွေ အပေါ်မှာ မူတည်ပြီး ရောက်မယ့် နေရာလည်း ကွာသွားမှာပါပဲ။ 🧠သူတို့ ၂ ဦးမှာ မတူညီတဲ့ အရည်အချင်းတွေ ရှိတယ်။ စဉ်းစားတဲ့ ဦးနှောက်က တွက်ချက်တတ်တယ်၊ ကျိုးကြောင်း ဆင်ခြင်တတ်တယ်၊ စိတ်ကူးတွေကို ချပြနိုင်တယ်။ ခံစားတဲ့ ဦးနှောက်ကတော့ စိတ်ခံစားမှုတွေ၊ ဆန္ဒတွေ၊ မသိစိတ်တွေ၊ အလိုလို သိနေတဲ့ စိတ်တွေနဲ့ ပြည့်နေတယ်။ 🧠စဉ်းစားတဲ့ ဦးနှောက်က ဒီလအတွက် သုံးသင့်တာ မသုံးသင့်တာ ဘတ်ဂျက် တွက်နေချိန်မှာ ခံစားတဲ့ ဦးနှောက်က အကောင်းဆုံး စားသောက်ဆိုင်တွေမှာ စားဖို့၊ KTV မှာ ကဲဖို့၊ နောက်ဆုံးပေါ် ပစ္စည်းတွေ ဝယ်ဖို့၊ ကမ်းခြေကို အလည်အပတ် သွားဖို့ပဲ ဦးတည်နေတတ်တယ်။ 🧠ပုံမှန် စဉ်းစားကြည့်မယ် ဆိုရင်တော့ ကားကို မောင်းနေတဲ့သူက စဉ်းစားတဲ့ဦးနှောက်၊ ခံစားတဲ့ဦးနှောက်က ဘေးနားမှာ ထိုင်လိုက်ပြီး သွားချင်တဲ့ နေရာတွေကို အော်ပြောနေတယ်ပေါ့။ ကိုယ့်ပန်းတိုင် ကို အာရုံစိုက်ပြီး သွားနေတဲ့အချိန်မှာ ခံစားတဲ့ဦးနှောက်က လမ်းဘေးမှာ လိုချင်စရာတွေ တွေ့တာနဲ့ စတီယာရင်ကို ဆွဲလှည့်ပစ်တတ်တယ်။ တစ်ခါတလေ သူများကားတွေကို ဝင်တိုက်တာတွေတောင် ရှိတတ်တယ်။ 🧠ဒီလို သမရိုးကျ ပုံမှန် ယူဆချက်အတိုင်းဆိုရင် ကျွန်တော်တို့ရဲ့ ဘဝကို စဉ်းစားတဲ့ ဦးနှောက်က မောင်းနေတာဖြစ်ပြီး ခံစားချက်ဦးနှောက်က ဘေးမှာထိုင်ပြီး လမ်းပြနေတဲ့သူလို့ ထင်စရာရှိတယ်။ 🧠တကယ်တမ်းတော့ အဲလိုမဟုတ်ဘူး။ ပြောင်းပြန်။ ကျွန်တော်တို့ ခန္ဓာကိုယ် ကားကို စတီယာရင် ကိုင်ပြီး မောင်းနှင်နေတဲ့သူက ခံစားတဲ့ ဦးနှောက်ပဲ။ စဉ်းစားတဲ့ ဦးနှောက်က ဘေးနားမှာ လမ်းပြမြေပုံ ကိုင်ပြီး လမ်းပြပေးရုံပဲ တတ်နိုင်တယ်။ စဉ်းစားတဲ့ ဦးနှောက်က ဘယ်လောက်ပဲ လုပ်သင့်မလုပ်သင့် အော်နေပေမယ့်၊ ခံစားတဲ့ ဦးနှောက်က သူလုပ်ချင်မှ လုပ်တာ။ 🧠ဒါကြောင့်လည်း ကျန်းမာရေး ဆောင်းပါးတွေမှာ အသင့်လုပ် အစားအစာတွေ၊ သကြားတွေ အန္တရာယ်ရှိကြောင်း တွေ့နေရပေမယ့် ဘာဂါတွေ၊ ဒုတ်ထိုးတွေ၊ အချိုရည်တွေ စားသောက်နေကြတာပေါ့။ တစ်မျိုးလုံး တစ်ဆွေလုံးက ဒီတစ်ယောက်နဲ့ ယူရင် ဘဝ ပျက်လိမ့်မယ်တို့၊ အမွေပြတ်တို့ ဝိုင်းတားနေပေမယ့် အဲဒီတစ်ယောက်နဲ့ပဲ အားလုံးကို ဆန့်ကျင်ပြီး လိုက်သွားတတ်ကြတယ်။ လစဉ် ၁၀% အမြတ်ခွဲပေးမယ် ဆိုတာ မဖြစ်နိုင်ဘူး၊ တစ်ချိန်ချိန်မှာ ပြေးတော့မှာ လို့ စဉ်းစားတဲ့ ဦးနှောက်က လမ်းပြနေပေမယ့် ခံစားတဲ့ ဦးနှောက်က လောဘ နောက်ကို လိုက်ပြီး သူလုပ်ချင်တာ လုပ်တာ ပါပဲ။ 🧠စဉ်းစားတဲ့ ဦးနှောက်က ခေါင်းထဲမှာပဲ ရှိပေမယ့်၊ ခံစားတဲ့ ဦးနှောက်က တစ်ကိုယ်လုံးကို လွှမ်းခြုံ ပစ်လိုက်တယ်။ စိတ်ဆိုးတဲ့ အခါ မျက်နှာတွေ နီတက်လာပြီး အသားတွေပါ တုန်လာတတ်တယ်။ ပျော်တဲ့အခါ မျက်နှာမှာ ပြုံးလာပြီး ထခုန်ချင်လာတတ်တယ်။ ဝမ်းနည်းလာရင်တော့ မျက်ရည်တွေပါ ကျလာတတ်တယ်။ 🧠ဒီအချိန်မှာ စဉ်းစားတဲ့ ဦးနှောက်က လူလည်ခေါင်ကြီးမှာ မငိုပါနဲ့ ရှက်စရာကြီးလို့ လမ်းပြပေမယ့် မရဘူး ငိုချင်ရင် ငိုမှာပဲ။ ကားတစ်စီးလုံးရဲ့ စတီယာရင်က သူ့လက်ထဲမှာလေ။ ဒါကြောင့်လဲ လူတော်တော်များများ လုပ်သင့်တာနဲ့ လုပ်ချင်တာနဲ့မှာ လုပ်ချင်တာကိုပဲ လုပ်နေခဲ့ကြတာပေါ့။ 🧠ကိုယ့်ကိုယ်ကို ထိန်းမရခြင်းရဲ့ အဓိက အကြောင်းရင်းက ခံစားချက်ကြောင့်ပဲ။ ပျင်းရိတာ၊ စွဲလမ်းတာ၊ လူအထင်ကြီးခံချင်တာ၊ Branded တွေပဲ သုံးချင်တာ ဒါတွေ အားလုံးဟာ ခံစားချက်ပြဿနာတွေပါပဲ။ 🧠ခံစားချက်ပြဿနာတွေက အကျိုးအကြောင်းကြောင့် ဖြစ်တဲ့ ပြဿနာတွေထက် ဖြေရှင်းရခက်တယ်။ လကုန်ရင် ပေးရမယ့် အကြွေးကို တွက်ဖို့ ပုံသေနည်း ရှိပေမယ့်၊ လမ်းခွဲလိုက်ရတဲ့ ချစ်သူနဲ့ ပြန်ဆုံစည်းဖို့ ပုံသေနည်း မရှိဘူး။ ခံစားချက် ပြဿနာတွေဟာ အဓိပ္ပါယ် ရှိချင်မှလည်းရှိမယ်၊ အကျိုးအကြောင်းနဲ့ ရှင်းပြလို့ ရချင်မှလဲရမယ်။ 🧠 ဆေးလိပ်မသောက်သင့်မှန်း၊ သကြားလျှော့စားသင့်မှန်း၊ မလိုအပ်တာတွေ မဝယ်သင့်မှန်း လူတိုင်းလိုလို သိကြတယ်။ ဒါပေမယ့် ဆက်လုပ်နေကြတာပဲ။ ဒါတွေပြင်သင့်မှန်း သိတယ်။ ဒါပေမယ့် ပြင်ဖို့ ခံစားချက်ကို ဝင်မလာလို့ မပြင်ကြတာ။ 🧠 ခံစားတဲ့ဦးနှောက်က ရိုင်းစိုင်းတဲ့ ကားဆရာနဲ့တူတယ်။ လမ်းသိလား ဆိုတော့လည်း မသိဘူး။ သိတဲ့သူကို မေးပါလား ဆိုတော့လည်း မမေးဘူး။ ကားမောင်းတာ အချိုးမပြေလို့ အပြစ်တင်မိရင် ရန်ပါထဖြစ်သေးတာ။ 🧠စဉ်းစားတဲ့ ဦးနှောက်က ပညာနည်းပြီး အားနည်းလေလေ ခံစားတဲ့ ဦးနှောက်က ပိုပြီး သောင်းကျန်းလေလေပဲ။ ခံစားတဲ့ ဦးနှောက်ကို တည့်မတ်ပေးဖို့ အရည်အချင်း မပြည့်တဲ့အခါ ဘာလေးပဲ လုပ်ချင်လုပ်ချင် အလိုလိုက် လိုက်တော့ ကားတစ်စီးလုံး ကျွမ်းထိုးမှောက်ခုံတွေ ဖြစ်လာရော။

photo content

ပုလင်းကိုဇောက်ထိုးငှဲ့၊ နှမြောပြီး အောက်ဆုံးကအနယ်တွေမငတ်မိနဲ့။ သူက ဆိုင်ရွေးတယ်။ ကောင်းတယ်ဆိုတဲ့ဆိုင်ကိုသေချာစုံစမ်းပြီးမှ သောက်သင့်တယ်။ ချဉ်စော်ခါး ( % မသိ ) ပြဲချင်လား။ အမဲကြော်တစ်ပွဲ၊ ကြက်ဥမွှေကြော်တစ်ပွဲနဲ့ ချဉ်စော်ခါးတစ်လုံး ရေခဲတစ်ပွဲမှာသောက်။ သူလည်းဆိုင်ရွေးတယ်။ ပြင်းပြင်းရှရှပြဲတဲ့ဆိုင်ရှိတယ်။ အူမြူးပြီးပြဲတဲ့ဆိုင်ရှိတယ်။ သူ့အထာနဲ့သူ။ မိုးအေးအေးနေ့တွေ ဂစ်တာတီးချင်ပါတယ် သီချင်းဆိုချင်ပါတယ်ဆို ပါဆယ်ဆွဲခဲ့။ လည်ချောင်းထဲရှင်းပြီးပူဆင်းတာ၊ သီချင်းဆိုလို့ အတော်ကောင်း။ 😂😂😂 Regency (Thai made) Brandy အမျိုးအစား On the rock သောက်ရင်အလွန်ကောင်း။ သုံးခွက်လောက်သောက်ပြီးရင် အရသာ သိသိသာသာ သောက်လို့ပိုကောင်းလာတယ်။ သောက်တာများလေလေ အဝင်ပိုကောင်းလာလေလေပဲ။Smooth ဖြစ်တယ် ငြိမ့်တယ် အိပ်လို့ကောင်းတယ် ။ အကြိုက်ဆုံးအချက်ကတော့ မနက်အိပ်ယာနိုးရင် ခေါင်းမကိုက်ပဲ စိတ်ကြည်လင်လန်းဆန်းနေရောပဲ😁။ အတုမမိဖို့တော့လိုမယ်။ မြိတ် နဲ့ ကော့သောင်း မှာတော့ရနိုင်တယ်။ #Crd

အရက်အကြောင်းသိကောင်းစရာ Beer: alcohol 5% သောက်လိုက်ပေါက်လိုက် မူးနေချင်ရင် သေးမပေါက်ပါနဲ့။ ပေါက်လိုက်တိုင်း အမူး လျော့သွားစေတယ် များများသောက်လေ မနက်ကြ ခေါင်းကိုက်လေ ထုံထုံကြီး မူးတာမျိုး က beer ဗိုက်ကြီးတင်းပြည့်ပြီး အမူးမျိုး Stout: alcohol 8% ABC လို black shield လိုမျိုး သောက်ပြီးရင် ဆန့်ကျင်ဖက် လိင်ကို တောင့်တ တတ်တယ် Homo ဆိုရင်တော့ မသိပါ။ မူးတာက ခေါင်းထဲမှာ မူးနောက်နောက်နဲ့ ရဟတ်စီးပြီး မူးတာမျိုးက stout Wine: alcohol 13.5% အိပ်ချင်သလို မျက်လုံးစဉ်းလာပြီး မူးတာမျိုးပါ တန်းပြီး အိပ်ဖို့ အဆင်ပြေရင် ကောင်းပါတယ် အရမ်း များရင် အန်ဖို့ အရမ်း လွယ်ကူတဲ့ အမူး မျိုး Red Label: alcohol 40% အမူးက ရိုင်းတယ် ချက်ခြင်း ဆောင့်တက်ပြီး မူးတယ် သွေးဆူလွယ်တယ် ရန်ဖြစ်မယ် ဆိုလည်း ဖြစ်ပေါ့ ဆိုတဲ့ အမူးမျိုး များရင် ခေါင်းကိုက်လိမ့်မယ် Black and double black label: alcohol 40% နည်းနည်းလေး ထွေတေတေလေး ပတ်ဝန်းကျင် ကို ကြည့်လိုက်ရင် ပျော်စရာတွေ ပြည့်နေသလိုလို ကဖို့ ခုန်ဖို့ တော်ကီပစ်ဖို့ ကောင်းတယ် မဆိုးပါဘူးလို့ မှတ်ချက်ပြုရမယ် Johnnie walker Explorer series: alcohol 40% the spice road လို အတက်ကြမ်းပေမယ့် နောက်နေ့ လန်းလန်းဆန်းဆန်း ရှိနေစေတယ် Gold label: alcohol 40% တခွက်သောက် ဘာမှန်းမသိသေးဘူး နှစ်ခွက်မှာ စငြိမ့်လိမ့်မယ် သူ့ အငြိမ့်လေးက ငြိမ်တယ် bar တို့ ဘာတို့ထက်ဆိုင်ရင် classical လို ငြိမ့်တဲ့ musicလေးနဲ့ဆို လွင့်နေမှာ သေချာတယ် တစုံတခုပဲ တွေးပြီး စိတ်နှစ်ကြည့် အဲဒိအပေါ်မှာ မျောသွားမယ့် feel က အမိုက္စား မနက်ကြတော့ လန်းနေရော Platinum label: alcohol 40% Gold နဲ့ မကွာလှဘူး ငြိမ့်တာကတော့ ချစ်သူကို ကြူလို့ သိပ်ကောင်းတာ သောက်ပြီးရင်😀😀😀 Johnnie walker 18: alcohol 40% Gold labelရဲ့ အပေါ်မှာ blue လောက် မသုံးချင်ရင် သိပ်ကောင်းတဲ့ အရာပါ KTV ရောက်ရင် ကွကိုယ် အဆိုတော်အလား လမ်းလျှောက်ရင် မြေကြီးတောင် ထိရဲ့လား ထင်ရလောက်အောင် ပံ့ပိုးပေးပါတယ် စိတ်ကူးထဲက အတိုင်း ဘုရင်ကြီးအလားပေါ့ Blue label: alcohol 40% ငြိမ့်ချက်ဆိုတာ သင်္ဘောမှာတုန်းက Fitter ကြီးတယောက်ရှိတယ် အရက်မူးရင် သူ့ကို စ စလို့ရှိရင် မကြိုက်ဘူး ပြန်ပြီး တခုခု လိုက်လုပ်တယ် သူလို လူမျိုးတောင် blue သောက်ပြီး စ ရုံမကလို့ ခေါင်း ပုတ်ရင်တောင် ပြုံးပြနေတယ် ပြောချင်တာ အရမ်း ငြိမ့်တယ် ရန်မလိုဘူး ငြိမ့်ပြီး အတွေး အရမ်းကောင်းစေတယ် အတွေး ထဲကအတိုင်း စီးမျော သွားတာ မိန်းမ ချစ်ဆေး လို့ တင်စားရမလားပဲ Johnnie walker XR 21: 21 years old alcohol 40% blue ဈေးပဲမို့ blue နဲ့ ခံစားရတဲ့ feel သိပ်မကွာလှပါဘူး ခွန်အားဖြိုးမောက် ဇော်ဂျီလက်စွဲ ဆိုလား😬😬😬 Monkey shoulder: alcohol 40% အမူးလွယ်တယ် percetage တူပေမယ့် ပိုမူးသလိုပဲ မွှေးလည်းမွှေး အဝင်လည်းမိုက် သီချင်းဆိုလို့လည်း ကောင်းပ ကြိုက်တယ် မနက်ဆို အလန်းပဲ ခေါင်း လုံးဝ မကိုက် ကြည်လင်လို့ Jagermeister 35% အဝင်မဆိုးဘူး၊ လည်ချောင်းထဲပူဆင်းသွားတာမျိုး။ အူရွှင်တယ်၊ ယဉ်ယဉ်လေးမူးတယ်။ ကျွဲရိုင်းတို့ shark တို့နဲ့ Jager Bomb လုပ်လိုက်လို့ကတော့ မနက်လည်းခေါင်းမကိုက်ဘူး။ Grand Royal ID 37.2% အဝင်ရှင်းတယ်နော်၊ ဇွတ်ခွသောက်ရင်တော့ အပြဲပဲ။ စိတ်ညစ်လို့အော်ချင်ဟစ်ချင်ရင် သောက်။ မနက်နိုးရင်တော့ ခေါင်းနည်းနည်းကိုက်မယ်။ အိပ်ရာဘေး သံပုရာသီးဆောင်ထား။ Baileys 17% နုနုရွရွသောက်မယ်၊ ဆော်ရောသောက်မယ်ဆို ရွေးသင့်တယ်။ ချောကလက်ပျစ်ပျစ်လေးသောက်ရသလိုပဲ။ Classical ဆန်ဆန်သောက်၊ လုံးဝအထာကျတယ်။ မွှေးချိုပူဆင်း လည်ချောင်းရှင်း။ ဇွတ်မူးချင်တယ်ဆိုရင်တော့ မရွေးနဲ့၊ ပိုက်ဆံပဲကုန်တာအဖတ်တင်မယ်။ Chivas Regal 40% ကဲချင်ခုန်ချင်ပေါက်ချင်ရင် သောက်၊ ခွေးသောက်သောက်ရင် ခွေးလိုအန်မှာပဲ။ ခွက်ထဲ နှစ်ပတ်လာက်ထည့် ရေခဲတစ်တုံးထည့် ဖရဲသီးတစ်စိတ်စိမ်ပြီးမှသောက်၊ ကြာကြာသောက်နိုင်တယ်။ ဖင်ယားပြီး ခွက်ထဲကဖရဲသီးစိတ်သွားမကိုက်နဲ့။ ဖင်ထိုင်လဲသွားမယ်။ ဘားမှာ ကေတီဗီမှာ ကဲမယ်ဟေ့ဆို ရွေးသင့်။ Vodka 40% ပြင်းပြင်းရှရှ ပူဆင်းချင်ရင်သောက်။ နွေပူပူ နေပူပူမှာတော့ မသောက်နဲ့။ အလွတ်ရူးသွားမယ်။ ကျုပ်ကတော့ သိပ်မကြိုက်ဘူး။ အမူးရိုင်းလို့။ Gin 40% ( approximately ) သူလည်း Vodka လိုပဲ။ ပိုတောင်ရှသေးတယ်။ မရှိလို့သောက်ရင်တောင် နှာခေါင်းပိတ်သောက်ရတဲ့အမျိုး။ ဆိုးလိုက်တဲ့အဝင်။ ဂျင်နှစ်ပတ် သံပုရာသီးတစ်စိတ်ညစ် သကြားတစ်ဇွန်းမွှေထည့်။ ဒါက ရိုးရာပေါ့နော။ ကျုပ်တော့ လုံးဝမကြိုက်။ AK47 မှာရင်တောင် Gin မထည့်ခိုင်းဘူး။ မုန်းလို့။ Soju 20% ဖင်မယားသင့်တဲ့အရက်ဖြစ်ပါတယ်။ တစ်ခါက ဆိုဂျူကို အကြမ်းခွက်အသေးနဲ့ငှဲ့ ရေခဲတစ်တုံးထည့်၊ ကမ်းပေ့လုပ်ပြီးပြိုင်သောက်ကြတာ။ အိမ်ကိုဘယ်လိုပြန်ရောက်ခဲ့မှန်းမသိဘူး။ နောက်နေ့မေးကြည့်တော့ ဥသြတွေဆွဲတာ ဝက်စာပုံးမှောက်တဲ့အတိုင်းဆိုပဲ။ အဝင်က Vodka လောက်တောင်မဆိုးဘူးဆိုပြီး ဖင်ယားခဲ့မိလေခြင်း။ ခေါင်ရည် ( % မသိ 😂 ) စကားပြောမယ်၊ အပျင်းပြေသောက်မယ်ဆို ငချိပ်ရတဲ့ဆိုင်သွား။ သေးခဏခဏထပေါက်မယ်၊ ဘီယာလောက်ဗိုက်မတင်းပေမယ့် များရင်တော့ ရီဝေဝေနဲ့ အတော်တွေးလို့ကောင်းတယ်။

ဒီမယ် မင်းတို့ မှတ်ထား အရက်တစ်ခွက်သောက်လို့ မူးပြီးရမ်းရင် အဲဒီကောင်ဟာ အဲဒီ အရက်နဲ့ မတန်တဲ့ကောင်ကွ ငွေတစ်သိန်းရှိလို့ မောက်မာ
ဒီမယ် မင်းတို့ မှတ်ထား အရက်တစ်ခွက်သောက်လို့ မူးပြီးရမ်းရင် အဲဒီကောင်ဟာ အဲဒီ အရက်နဲ့ မတန်တဲ့ကောင်ကွ ငွေတစ်သိန်းရှိလို့ မောက်မာလာရင် အဲဒီကောင်ဟာ အဲဒီ ငွေတစ်သိန်းနဲ့ မတန်တဲ့ ကောင်ကွ အေး..... အဲဒီလိုပဲ ပညာလေးတစ်ခုလောက် တတ်ပြီး စောက်ဖင်ခေါင်းကျယ်နေရင် အဲဒီကောင်ဟာ အဲဒီပညာနဲ့ တစ်ပြားသားမှ မတန်တဲ့ ကောင်လို့မှတ်။ #crd_to_owner_with_respect

သားသမီးကိုငရဲပေးတဲ့ မိဘဆိုတာတကယ်ရှိပါသလား ရှိပါတယ် . . ​ 1။`အပြစ်တင်လွန်းတဲ့မိဘ´ ဘာလုပ်လုပ်အပြစ်တင်နေတတ်တာ . . တစ်နည်းဆိုရရင်
သားသမီးကိုငရဲပေးတဲ့ မိဘဆိုတာတကယ်ရှိပါသလား ရှိပါတယ် . . ​ 1။`အပြစ်တင်လွန်းတဲ့မိဘ´ ဘာလုပ်လုပ်အပြစ်တင်နေတတ်တာ . . တစ်နည်းဆိုရရင် လောဘကြီးမိကြတာပါ... အသုံးမကျဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ သားသမီးက တကယ်အသုံးမကျ တာ ဖြစ်ချင်ဖြစ်မယ် ဒါပေမဲ့အသုံးမကျတာ ကိုပဲ ဖောက်မြင်နေတတ်တာ . . . ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသကမိဘကိုပြန်ခံပြောတတ်ဖို့ စတင်လာတယ်... 2 ။`ဘက်လိုက်တာ´ သားသမီးချင်းတူတု ငါ့သမီးလေး …ငါ့သားလေး ဘက်လိုက်ဆက်ဆံတတ်တာ... ဘက်လိုက်တတ်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ မစည်းလုံးကြတာများတယ် မိဘကသွေးခွဲထားလို့ပါ "နင်ကညံ့တယ် နင်ကတော်တယ်"ဆိုပြီးကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ ဘယ်တော့မှစျေးနှုန်းညှိမရကြတော့ဘူး... ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ် အချင်းချင်း မနာလိုစိတ်ကနေ အမုန်းတရားပွားများလာတယ် ကလေးဘဝကတည်းက အရိုးစွဲတဲ့ အမုန်းတရားက ဘယ်တော့မှဖျောက်မရတော့ဘူး. မိဘတွေသာမရှိကြတော့ရင် ဒီမောင်နှမတွေဟာပက်သက်စရာလုံးဝကိုမရှိတော့တဲ့လူတွေဖြစ်နေကြပါလိမ့်မယ်.. 3 ။`ဆဲဆိုလွန်းတာ´ နေ့စဉ်အဆဲခံရတဲ့လူဟာ မခံချင်စိတ်ကြောင့်ဒေါသများမယ် ပြန်ပြောမိရင်တော့ မိဘကိုခံပြောသလိုဖြစ်တယ် ငရဲကြီးမယ် ဒုက္ခရောက်မှအေးမယ် ခွေးဖြစ်မှာဆိုတဲ့ကျိန်စာဆန်ဆန် စကားတွေဟာအရမ်းဆိုးပါတယ် ကောင်းကောင်းမွန်မွန်ပြောပြီးခိုင်းလို့ရနိူင်ပေမဲ့ဆဲရေးပြီးမှလုပ်မယ် ထင်တဲ့အတွေးနဲ့ခိုင်းတာဟာ ဆိုးဝါးလွန်းပါတယ် 4 ။`သားသမီးအိမ်ထောင်ရေးကိုစွက်ဖက်တာ´ "နင့် ယောက်ကျားကဘယ်လို " "နင်ယူထားတဲ့ မိန်းမကဘယ်လို "ဆိုတာမျိုးမပြောသင့်ပါဘူး … သားသမီးရဲ့ ရွေးချယ်မှုကိုလဲလေးစားရပါမယ် သူတောင် သူ့ဘဝကိုသူနေတတ်လို့နေနေတာပါ သားသမီးက သူ့အိမ်ထောင်နဲ့ပက်သက်ပြီးကူညီပါလို့မပြောမချင်း ဝင်ပါစရာမလိုတာပါ.. ငါ့သမီးမှန်တယ် ငါ့သားမှန်တယ် ဆိုတဲ့ အယူအဆဟာမှားပါတယ်. ကိုယ့်သားသမီးအကြောင်းသိတယ်ဆိုတာကလေးဘဝမှာပဲဖြစ်ပါလိမ့်မယ်... ကလေးဘဝမှာသာမိဘနဲ့တစ်နေကုန်ရှိနေလို့သူတို့ အကျင့်လေးတွေသိနေကြရတာ... သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့နေချိန်နည်းလေ မိဘကသားသမီးစိတ်ကိုမသိရလေဆိုတာကို သတိထားသင့်ပါတယ်... သားသမီးဆိုတာ မိဘကိုအစစအရာရာ ပြောပြချင်တဲ့အရွယ်ဆ်ိုတာ အသက်လေးငါးဆယ်နှစ်အရွယ်မှာပဲရှိတယ်... ဒါကိုကလေးလိုပဲ အကုန်သိချင် အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်တော့ တကယ်ဖြစ်လာရင်တောင် မိဘကိုမတိုင်ပင် ကြတော့တာများပါတယ်... " ငါပြောသားပဲ" ဆိုတဲ့စကားနောက်ကအပြစ်တင်မှုတွေဟာ ပြဿနာကိုဖြေရှင်းဖို့ဝေးကွာစေတာသားသမီးတွေကရိပ်စားမိကြပါတယ်... သားသမီးအကြောင်းတကယ်သာသိရင်ဒါမျိုးမလုပ်သင့်တာကိုသိကိုသိထားရမယ်... 5 ။`သားသမီးကိုပြောဆိုဆက်ဆံပုံမှားတာ´ အချို့ မိဘတွေရှိပါတယ် ။ ပြင်ပမှာတော့လူငယ်လူကြီးမရွေးကို အရမ်းအလေးထား ဆက်ဆံတတ်ပါတယ် ။ ပြောရရင် လူတွေအပေါ်လေးစားမှုရှိတာပေါ့ ။ သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး ။ သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့ စိတ်အလိုမကျ တိုင်းသားသမီးကို နှိမ်နေတတ်တာမျိုးပါ...။ စေတနာစကားပေမဲ့ အပြောမတတ်ရင်နားခါးတာလူ့သဘာဝပါ...အပြင်ပန်းကမှတ်မထားချင်ရင်နေမယ် စိတ်ခံစားချက်ကတော့ မိဘကငါပြောတိုင်း မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့ သားသမီးတွေရှိလာရတာပါ... စိတ်ဆိုတာအမြဲကြည်သာမနေပါဘူး အမြဲနားပူအောင်နေ့စဉ်ဆုံးမစကားဆိုမနေမိပါစေနဲ့... သူနေ့စဉ်လုပ်တာတွေမှတ်ထားပြီး တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ စားပွဲဝိုင်းမှာအေးအေးဆေးဆေးပဲ ဆုံးမစကားတစ်ခွန်းချင်းပြော သင့်ပါတယ် တစ်ပတ်တစ်ခါမို့ ဆုံးမရတာ စိတ်လဲရှည်တယ် … သားသမီးအနေနဲ့လဲမိဘက ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်. ။ သူ့အမှားကိုဆင်ခြင်နိုင်တယ် ။ "ဒေါသပါတဲ့ ဆုံးမစကားဟာ ပြောင်းပြန်အကျိုးသက်ရောက်ပါတယ် . . ." ဘာလို့လဲဆိုေတာ့ သားသမီးဆိုတာလူသားမို့ ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ... အဆင်မပြေမှုတွေကိုသူတို့လဲမလိုလားကြပါဘူး ဒါပေမဲ့ ငြင်းဆန်မရရင်တော့ မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့ထင်မြင်ယူဆလာကြပါတယ်...… မိဘနဲ့အဆင်မပြေတဲ့ သားသမီးဟာ သူ့ဖာသာရပ်တည်နေရတဲ့အခါမှာလဲအဆင်ပြေဘ်ို့ဆိုတာမလွယ်ကူပါဘူး အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့ အဆင်ပြေတယ်ပဲပြောလိုက်ပါ ။ တွေးပူနေတတ်တဲ့ မိဘကိုလည်းစိတ်မပင်ပန်းစေသလို အကုသိုလ်လဲနည်းစေပါတယ် တတ်နိုင်ရင် အဝေးကနေထောက်ပံ့ခြင်းကိုလုပ်လို့ရပါတယ်... အနီးမှာပဲနေမယ်ဆိုလဲမိဘနဲ့ အဆင်ပြေအောင်နည်းလမ်းရှာပြီး စိတ်လျော့ကြပါ မိဘဆိုတာ အဖိုးတန်ပါတယ် ဒါပေမဲ့ သားသမီးဆိုတာလဲ လူသားမို့သူလဲသူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာ မိဘများအထူးသတိချပ်မိကြရင် မိဘနဲ့သားသမီးများ ဆက်ဆံရေးဟာလဲပိုအဆင်ပြေကြမှာပါ...။ Credit

အလုပ်မှာ တအား လုပ်မပြပါနဲ့... ====================== တစ်ခါတုန်းက ရွာတစ်ရွာမှာ သူဆင်းရဲသားတစ်ယောက်ရှိတယ် ။ သူမှာနွားပိန်တစ်ကော
အလုပ်မှာ တအား လုပ်မပြပါနဲ့... ====================== တစ်ခါတုန်းက ရွာတစ်ရွာမှာ သူဆင်းရဲသားတစ်ယောက်ရှိတယ် ။ သူမှာနွားပိန်တစ်ကောင်ပဲရှိတယ် လယ်လုပ်ရတာနွားနဲ့ အတူရုန်းကန်နေရတယ်။ သိကြားမင်းကသူကိုတစ်နေ့တစ်နေ့ကြည့်ပြီးသနားလာ တယ်။ သနားပြီးတော့ တဲနားမှာ နွားလားဥဿဖ ကြီး ယောင်ဆောင်ပြီး နေတယ်။ သူဆင်းရဲအဖိုအိုက တွေ့တော့ချော့ဖမ်းပြီး သူနွားပိန်နဲ့တွဲခိုင်းတော့တာပေါ့ကွယ်။ အဲ့မှာစတွေ့တာပဲ တွဲခိုင်းတော့ နွားပိန်ကမရုန်းနိုင်ဘူး။ လိုက်တောင်တရွတ်ဆွဲနေသေး ၊ နွားလားဥဿဖသိကြားမင်းလည်းအသကုန်ပြိုင်းတာပေါ့။ တစ်နေ့တစ်နေ့အားကုန်ရုန်းရတဲ့အပြင် ၊ သူဆင်းရဲအဖိုးအိုက ပါးစပ်က ရေရွတ်ဆဲပြီးကြိမ်လုံးနဲ့ အသကုန်ရိုက်သေးတယ်။ ၃ / ၄ ရက်ကြာလာတော့သိကြားမင်းမခံနိုင်တော့ဘူး၊ နွားအသွင်ကနေပြောင်းပြီး အဖိုးကြီးကိုမေးတော့တာပေါ့ ဘာလို့စွတ်ရိုက်စွတ်ဆဲနေတာလည်း ဟိုခင်ဗျားနွားကော ဆဲပါလားဆိုတော့အဖိုအိုပြောတဲ့စကားကအရမ်း မှတ်သားလောက်တယ် ။ ကျနော်နွားပိန်ကို စွတ်ရိုက်ရင်သေသွားမှာပေါ့ ရုန်းမှမရုန်းနိုင်တာ ၊ဒါသူအတွက်အစွမ်းကုန်ပဲ နွားလားဥဿဖပဲရုန်းနိုင်မှာ ၊ အဲ့တော့ရုန်းအားပိုကောင်းအားသန်တဲ့ကောင်ကို ပဲဖိရိုက်ရပါတယ်လို့ ပြန်ပြောတာပေါ့ ။ သိကြားမင်းလည်းနောင်တအသိတရားရပြီး နတ်ပြည် ပြန်တက်သွားတယ်။ မောင်လေးညီမလေးတို့ လူဘဝ လက်တွေ့ဘဝမှာလည်း အဲ့လိုပဲ အိမ်တွေ ၊ရုံးတွေ ၊ အလုပ်တွေမှာ အဲ့လိုနွားပိန် တွေရွိတယ်။ အလုပ်ရှင်က ရုန်းနိုင်မယ်ထင်တဲ့သူ ၊ အားကောင်းတဲ့သူ ကို ဖိခိုင်း၊ဖိနင်းကြတယ်တဲ့ အာကြောင့် အရမ်းစွတ်မလုပ်ပြနဲ့ အားမကောင်းစေနဲ့တဲ့ ဘဝမှာတစ်ခါတစ်လေ မရုန်းပဲတရွတ်တိုက်ဖို့လည်းလိုတယ် ၊ ဒါမှ အရမ်းရိုက်ခံရတဲ့ ဘေးကလည်းလွတ်မှာ ၊ သိကြားမင်းတောင် ထွက်ပြေးရဖူးတယ်။ Credit;

36.jpg1.42 KB

မင်မင်ရဲ့ Telegram Channel အသစ်လေးကို Join ပေးကြပါဦး 🙏🙏 Games and Tech Review Telegram Channel 👇 https://t.me/GAT_ReviewTL
မင်မင်ရဲ့ Telegram Channel အသစ်လေးကို Join ပေးကြပါဦး 🙏🙏 Games and Tech Review Telegram Channel 👇 https://t.me/GAT_ReviewTLG #Join

Tecno Camon 30 ရဲ့ Feature အလန်းများ Video Link https://youtu.be/EpmGw1538dA Channel အသစ်လေးမို့ Subscribe လုပ်ပေးကြပါဦးနော် ==================================== YouTube Channel Link 🔗 https://youtube.com/@gat-review?si=8i2FWKnI2DMbUPv8 Games and Tech Telegram Channel 👇 https://t.me/GAT_ReviewTLG #GAT #Games And #Tech

ကိုယ်တကယ် ပြိုလဲတဲ့အခါ ကိုယ့်ဘေးနာ ဘယ်သူကျန်ခဲ့လဲ ဆိုတာ ကောင်းကောင်းကြီး သိခွင့်ရတယ် ။ ကိုယ်တစ်ခုခုဖြစ်တိုင်း ဘေးမှာအမြဲရှိနေပေးပြီး စိတ်ပူပေးတတ်ကြတဲ့ လူနည်းနည်းလေးကို တကယ်ချစ်တယ် ။ " ဘာမှမဖြစ်ဘူး အေးဆေးပဲ " လို့ ပြောနေတာတောင် " တစ်ခုခုဖြစ်နေတာ ငါသိတယ် " ဆိုပြီး ပြန်မေးတတ်တာမျိုးကို သဘောကျတယ် ။ ကိုယ့်စိတ်ကို နည်းနည်းလေး ဖြစ်ဖြစ် နားလည်ပေးတယ်လို့ခံစားရလို့ ။ ဘယ်လောက်ပဲ နာကျင်နေပါစေ ပြုံးနေတတ်တဲ့လူတွေထဲ ကျွန်တော်လဲ ပါနေတတ်တာပဲလေ ။ ကြီးကြီးမားမား ကူညီမပေးနိုင်ရင်တောင် စာလေးတစ်ကြောင်း စကားလေးတစ်ခွန်းနဲ့ အားပေးဖော်ရ ရင်ပဲ တကယ်ကျေးဇူးတင်စရာ ကောင်းနေပြီ ။ ရေနစ်နေသူ အဖို့ ကောက်ရိုးတမျှင်ကလဲ အားအင်ပဲမလား ။ စဥ်းစားကြည့်လေ လူ့ဘဝက တကယ်ခက်တယ် ။ ဆက်သွားရမဲ့ သံသရာ ရှည်ကြီးထဲမှာ ၊ ကိုယ့်ဆီက ထွက်သွားတဲ့သူတွေရော ရောက်လာတဲ့သူတွေရော အများကြီးပဲ ။ ကိုယ့်အခက်ခဲ ကို သူ့အခက်ခဲလို အေးအတူ ပူအမျှ ထပ်တူ ခံစားပေးတဲ့ အပေါင်းသင်း ဆိုတာ အရမ်းရှားတယ် ။ ဒီလို အပေါင်းသင်းမျိုး ကိုယ့်မှာရှိတယ်ဆိုတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ ။ လူတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲတတ်ကြတယ် ။ ပိုက်ဆံ မရှိတဲ့အချိန်ဆို ပိုလို့တောင် ပြောင်းလဲသွားတတ်ကြတာပဲ ။ အခက်ခဲတွေကြုံရလေလေ ၊ လူတွေဟာ ပြောင်းလဲလေလေပဲ ၊၊ ဟန်ဆောင်သူတွေဟာ အရမ်းများတယ် ၊၊ ကိုယ်တကယ် ဒုက္ခရောက်နေတဲ့အချိန်တွေမှာတော့ မိတ်ဆွေစစ်ကို ရှာတွေ့လိမ့်မယ် ။

အသေးဖွဲ့လေးတွေနဲ့စိတ်ညစ်မနေပါနဲ့ Premium Book 📖 #GrowUp

photo content

သူများထက်ခြေတလှမ်းပိုသာချင်တယ်ဆိုရင် ============================ သူများအိပ်တဲ့အခါ ကိုယ်က လေ့လာပါ ~~~ သူများ တွေဝေနေတဲ့အခါ ကိုယ်က ဆုံးဖြတ်ပါ ~~~ သူများ လေထဲ တိုက်ဆောက်နေတဲ့အခါ ကိုယ်က ပြင်ဆင်ပါ ~~~ သူများ အချိန်ဆွဲနေတဲ့အခါ ကိုယ်က စတင်ပါ ~~~ သူများ ဆုတောင်းနေတဲ့အခါ ကိုယ်က လက်တွေ့လုပ်ပါ ~~~ သူများ ဖြုန်းနေတဲ့အခါ ကိုယ်က စုပါ ~~~ သူများပြောနေတဲ့အခါ ကိုယ်က နားထောင်ပါ ~~~ သူများမျက်နှာကြောတင်းနေတဲ့အခါ ကိုယ်က ပြုံးပါ ~~~ သူများရပ်လိုက်တဲ့အခါ ကိုယ်က ဇွဲရှိပါ ~~~ .. မဖြုန်းသင့်သည့်အရာ ( ၃ )ခု .. ငွေကို ဖြုန်းလျှင် ..... .. ဥစ္စာကို ဆုံးရှုံးရတတ်သည် ....'' .. စကားကို ဖြုန်းလျှင် .. သိက္ခာကို ဆုံးရှုံးရတတ်သည် .... '' .. အချိန်ကို ဖြုန်းလျှင် .. ဘဝကို ဆုံးရှုံးရတတ်သည် ....... #Credit