en
Feedback
Applied Tech Development

Applied Tech Development

Open in Telegram
2 562
Subscribers
No data24 hours
-207 days
-8730 days
Posts Archive
photo content

နောက်တစ်ဆင့်ဖြစ်တဲ့ Visionary Association ကတော့ Brand တိုင်း မလုပ်နိုင်ပါဘူး။ Story Telling ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ Boutique Brand တွေရယ်၊ နှစ်ပေါင်းများစွာ စနစ်တကျရပ်တည်လာခဲ့တဲ့ Brand တွေပဲ အောင်မြင်စွာလုပ်နိုင်ပါတယ်။ Brand ရဲ့ ယုံကြည်ချက်နဲ့ ရှေ့ရေးအမျှော်အမြင် အဲဒါနဲ့ ချိတ်ဆက်တာပါ။ Story Telling နဲ့ တည်ဆောက်တဲ့ Brand တွေကတော့ လူမှုအကျိုးပြုဆောက်ရွက်ချက် Social Cause တစ်ခုခုနဲ့ ချိတ်ဆက်ထားပါတယ်။ ဥပမာ Toms ဆိုတဲ့ ကော်ဖီ Brand… သူက အာဖရိကက ကော်ဖီတွေနဲ့ ထုတ်လုပ်တယ်၊ အာဖရိကမှာရေရှားပါးတဲ့ အတွက် သူ့ကော်ဖီတစ်ထုတ်ရောင်းရတိုင်းမှာ ရေဂါလံဘယ်လောက်ပြန်ရအောင်လုပ်တယ်ဆိုတဲ့ Social Cause ကို အခြေခံထားတယ်။ ပြီးရင် ရန်ကုန်က SoyAi ပဲနို့၊ ရတဲ့အမြတ်တွေကို မိဘမဲ့ကလေးတွေ မပြည့်စုံတဲ့ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ ပြန်သုံးတယ်။ ဒီနေရာမှာ လူတွေဟာ ဒီပစ္စည်းတွေကို ဝယ်တဲ့အခါတိုင်းမှာ ကော်ဖီဝယ်နေတာ ပဲနို့ဝယ်နေတာသက်သက်မဟုတ်ဘူး တစ်စုံတစ်ယောက်ကို ပြန်လည်ကူညီပေးနေတယ်ဆိုတဲ့ စိတ်ခံစားမှု အတွေးအမြင် Brand ရဲ့ Vision ကိုပါ ဝယ်နေတာဖြစ်ပါတယ်။ ပြီးရင် ခုနကလို Social cause ကို အခြေခံတာမဟုတ်တဲ့ Brand ထဲမှာ ဆိုရင် Royal Myanmar Teamix… သူကတော့ နိုင်ငံရဲ့ပြယုဒ်နဲ့ သွားချိတ်တာ။ “မြန်မာ့လက်ဖက်ရည်အရသာစစ် Royal Myanmar Teamix” သာမန် Ration ချိတ်ဆက်မှု Emorional ချိတ်ဆက်မှုထက်ပိုတဲ့ Visionary ချိတ်ဆက်မှု တစ်မျိုးပဲ။ နိုင်ငံချစ်စိတ်ဆိုတာ လူတိုင်းမှာရှိတာကိုး။ နိုင်ငံတစ်ကာ Brand တွေထဲမှာ ဆိုရင် Dove ခေါင်းလျှော်ရည် သူ့ရဲ့ Brand Vision က “Beauty is the source of self-confiudence, not anxiety” တဲ့။ သူကဘာကို ဦးတည်လဲဆိုရင် အမျိုးသမီးတွေ သဘာဝကိုယ်ပိုင်အလှကို လက်ခံဖို့ Women Empoerment ကို ဉီးစားပေးတယ်။ အမျိုးသမီးတိုင်းဟာ ကိုယ့်ထူးခြားမှုနဲ့ကိုယ် လှတယ်၊ ကိုယ့်ရဲ့အလှစစ်ကို လက်ခံအောင် empower လုပ်ပြီး ယုံကြည်မှုကို တည်ဆောက်ပေးတာ။ သူလုပ်သွားတာလေးက သေသပ်လှတယ် သူက ခေါင်းလျှော်ရည် Brand လေ… ဆံပင်ဆိုတာ သဘာဝကိုး အဲဒီတော့ သဘာဝအလှနဲ့ တွဲပြီး Empoweremnt နယ်ပယ်မှာ ကစားလိုက်တာပဲ။ Make Up တွေဆို ဒီလိုမျိုး ဘယ်လုပ်လို့ရမလဲ။ Dove ရဲ့ True Beauty ဆိုတဲ့ Campaign ကို Youtube မှာ ရှီာကြည့်ကြပါ။ Brand Communication ကိုယ့် Brand ကိုယ် ဘယ်လိုမြင်စေချက်လဲဆိုတဲ့ အချက်တွေ Brand Personality ၊ Brand Association တွေကို သတ်မှတ်ပြီးတဲ့ အခါမှာတော့ ဒီအချက်တွေကို လူတွေ Brand နဲ့ တွဲပြီး မှန်မိစေမယ့် သိမှုတွေအဖြစ် တည်ဆောက်ဖို့လုပ်ရပါတယ်။ ဒါကို Brand Communication လို့ခေါ်ပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ ပုံစံအတိုင်း မြင်စေဖို့ သိမှုအဖြစ်ချိတ်ဆက်နေစေဖို့ ဘယ်လိုနေရာတွေမှာ အသုံးချရမလဲ? တကယ်ကတော့ Brand သတ်မှတ်ချက်တွေသည် ကျွန်တော်တို့ Marketing မှာ Marketing Mix လို့ခေါ်တဲ့ 7P (အချုပ်ကတော့ 4P ဆိုပြီးလေးချက်သတ်မှတ်ပါတယ်) မှာ အသက်သွင်းရပါတယ်။ Product ၊ Price ၊ Place ၊ Promotion ၊ People ၊ Process ၊ Physical Evidence ဒီ (၇) ချက်လုံးမှာ သတ်မှတ်ထားတဲ့ Brand Personality ၊ Brand Association နဲ့ ကိုက်ညီရပါတယ်။ ဘာကြောင့်လဲဆိုတော့ Branding သည် အပြနဲ့ အပြောမှာ အပြကို ပိုလုပ်ရတဲ့ ကိစ္စမို့လို့ပါ။ Toyata ဟာ Realible ဖြစ်တယ်ဆိုပြီး နာမည်ကြီးပါတယ်။ တစ်ကမ္ဘာလုံးမှာ။ သူ့ကားတွေက စိတ်ချရတယ်၊ အပျက်အယွင်းနည်းတယ်၊ ပါဝင်တဲ့ပစ္စည်းတွေဟာလဲ ကွာလတီကောင်းတယ် တော်တော်နဲ့မပျက်ဘူး စသဖြင့်။ အဲဒီလို နာမည်ကြီးတာဟာ သူကြော်ငြာတွေမှာအမြဲ Realiable ဖြစ်ပါတယ်အော်နေလို့မဟုတ်ဘူး၊ အော်နေလို့လည်း မထူးဘူး။ Toyota ဟာ သူ့ရဲ့ ထုတ်ကုန်၊ စျေးနှုန်း၊ ကြော်ငြာ၊ ရောင်းချရာနေရာ ရောင်းချတဲ့စနစ်တွေ၊ ဝန်ထမ်းတွေ၊ ထုတ်လုပ်မှုစနစ်တွေ၊ အခြားရုပ်ပိုင်းဆိုင်ရာသက်သေတွေအားလုံးမှာ တကယ်ကို Realiable ဖြစ်အောင်တည်ဆောက်ထားလို့ပါပဲ။ ဒီလိုတည်ဆောက်ထားတာကိုမှ ကြော်ငြာကိုအသုံးပြုပြီး ဒီအကြောင်းအရာတွေ လူတွေစိတ်ထဲပိုစွဲမြဲဖို့ ဇာတ်လမ်းဆင်ပြီး Storytelling လုပ်ကြတာပါ။ တည်ဆောက်ထားပြီးသားအချက်တွေ ပိုမိုထင်ပေါ်ပြီး ပိုမိုအရေးပါလာအောင်။ အဲဒါက Brand Communication ပါ။ ဒီတော့ Advertising ၊ Sale Promotion ၊ Perosnal Selling ၊ Direct Marketing ၊ Public Relations စသဖြင့် လူတွေနဲ့ ထိတွေ့သမျှ နယ်ပယ်အကုန်လုံးမှာ အပေါ်က သတ်မှတ်ထားတဲ့ Brand Personality နဲ့ Brand Association ကို ခြုံငုံအသက်ဝင်အောင် လုပ်ကြရတာ။ အဲဒီတော့ ကြော်ငြာ Cocept တစ်ခုရလာတယ်၊ ကိုယ့် Brand နဲ့ကိုက်မကိုက် ဒီနှစ်ချက်နဲ့ ချိန်တွယ်ပါ။ influencer တစ်ယောက်သုံးချင်တယ် အိုကေ ကိုယ့် Brand နဲ့ ကိုက်မကိုက်ချိန်ထိုးပါ၊ ကိုယ့် Brand Perosnality နဲ့ Association တွေနဲ့ ဒီလူနဲ့ကိုက်ရဲ့လားဆိုတာ။ လုပ်ချင်တာတွေ လုပ်လိုက်လို့ လလေးလုံးတွေ ဖြစ်သွားတဲ့ Case Study တွေလည်း မြန်မာနိုင်ငံမှာတင် အများကြီးရှိပါတယ်။ ထွေထူးပြီးတော့ ရွေးပြောမနေတော့ပါဘူး။

အရက်ဘီယာ Brand တွေ ဆိုရင် များသောအားဖြင့် ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့လူ၊ လွတ်လပ်မှုကိုအလေးထားတတ်သူ၊ ကန့်သတ်မှုတွေကိုဖောက်ဖျက်ပြီး ပျော်ရွှင်ခြင်းကိုရှာဖွေတတ်သူ အဲဒီလို Personality မျိုးတွေများပါတယ်။ Brand တစ်ခုနဲ့ တစ်ခု အသေးစိတ်လေးတွေ အနည်းငယ်ကွဲပေမယ့် များသောအားဖြင့်အခြေခံကဒါပါပဲ။ ဘာကြောင့်လဲဆိုတော့ Product ကြောင့်ပါ။ Whisky လို Brand မျိုးတွေကျတော့ Classy ဖြစ်တဲ့ဖက်ကိုသွားတာ တွေ့ရပါလိမ့်မယ်။ Brand Association အဲဒီလိုသတ်မှတ်ပြီးတဲ့ အခါမှာတော့ ကိုယ့် Brand ကို ဘယ်လိုအချက်တွေနဲ့ တွဲမှတ်မိစေချင်လဲဆိုတဲ့ Brand Association ကို ပြုစုသတ်မှတ်ရပါတယ်။ ဒီနေရာမှာတော့ အဆင့်သုံးဆင့်ထားပြီးသတ်မှတ်ကြပါတယ်။ Rational Association ၊ Emotional Association ၊ Visionary Association ဆိုပြီး။ Rational Association ဆိုတာကတော့ အခြေခံနှိုင်းယှဉ်လို့ရတဲ့ လက်တွေ့အချက်တွေနဲ့ ချိတ်ဆက်တာမျိုးပါ ဥပမာ- ကုန်ပစ္စည်ရဲ့ ထူးခြားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ စွဲမြဲမှတ်မိအောင်လုပ်တာမျိုး၊ ကောင်းကျိုးတွေနဲ့ ယှဉ်တွဲမှတ်မိအောင်လုပ်တာမျိုး။ ဦးချိန်တီအမှတ်တံဆိပ်ဟာ Rational Association မှာ အရမ်းခိုင်မာပါတယ်၊ အစာကြေအားတိုးဆေးလုံးဘုရင်ဆိုတာနဲ့ ဦးချိန်တီကိုပြေးမြင်ပါတယ်။ တကယ်သုံးစွဲဖို့လည်း ယုံကြည်မှုရှိပါတယ်။ Rational Association မှာ အားကောင်းတဲ့ နောက် Brand တစ်ခုက Brands ကြက်ပေါင်းရည်။ စာမေးပွဲဖြေတော့မယ့် အသိသားလေးအတွက် လက်ဆောင်ဘာပေးမလဲ? Brands ကြက်ပေါင်းရည်ပဲ လူများစုခေါင်းထဲမှာ အရင်ပေါ်လာပါလိမ့်မယ်။ XiaoMi ဆိုရင် တန်တယ်လို့ လူတွေစွဲမြဲမှတ်မိကြတယ်၊ ပါတဲ့ ပစ္စည်းတွေနဲ့ Feature တွေနဲ့ ပေးရတဲ့စျေးနဲ့ တန်တယ်ဆိုတာမျိုး။ Emotion Association ကတော့ အပေါ်မှာ ပြောခဲ့တဲ့ Brand Personality ထဲက Attitude စိတ်အမူအကျင့် စရိုက်ကို ချိတ်ဆက်တာဖြစ်ပါတယ်။ ကာကွယ်ပေးတဲ့ Brand ၊ ပျော်စရာအခိုက်အတန့်တွေယူဆောင်လာတဲ့ Brand၊ ဆန်းသစ်တာတွေ ဆောင်ကျဉ်းတယ် ၊ ကြင်နာတတ်တယ် စာနာသနားတယ် အစရှိသဖြင့် Brand ရဲ့ Attitute ကို လူတွေရဲ့ စိတ်ခံစားချက်အဆင့်မှာ ချိတ်ဆက်တာမျိုးပါ။ ပုံမှန်ဆိုရင် Rational Branding အားကောင်းပြီးမှသာ Emotional Association ကိုလုပ်ဆောင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူရဲ့ စိတ်က အဆင့်ဆင့်အလုပ်လုပ်တာဖြစ်ပါတယ်။ သူစိမ်းတစ်ယောက်ကို စစတွေ့ချင်းမှာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်၊ အပြုအမူတွေကို စတင်သတိထားမိပြီး ဒီအပြုအမူတွေကနေမှ ဒီလူဟာဘယ်လိုလူလဲဆိုတာကို ခေါင်းထဲမှာပုံဖော်တာဖြစ်လို့ပါ။ ကိုယ့်ကိုလူတွေက သနားကြင်နာတတ်တဲ့ လူတစ်ယောက်လို့ မြင်စေချင်တယ်ဆိုကြပါစို့။ ကိုယ်က သနားကြင်နာတတ်ပါတယ်ဆိုပြီး လော်စပီကာနဲ့ ရပ်ကွက်ပတ်ပြီးအော်နေလည်း လူတွေအဲဒါကို စိတ်ထဲမှာ စွဲမြဲမှတ်မိနေမှာ မဟုတ်ပါဘူး လက်ခံမှာလည်း မဟုတ်ပါဘူး။ သနားကြင်နာတတ်တဲ့ လူတစ်ယောက်လို့ မြင်စေဖို့အတွက် ရှေ့မှာ တည်ဆောက်ရမှာတွေရှိပါတယ်။ လူကြီးလူကောင်းဆန်မှုတွေ၊ လူတစ်ဖက်သားအတွက် ထည့်သွင်းစဉ်းစားပေးတာတွေ၊ အကူအညီလိုအပ်နေသူတွေကိုကူညီတတ်တာတွေ။ စသဖြင့် ဒီလိုတည်ဆောက်မှုတွေရှိခဲ့မှ ကိုယ်မြင်စေချင်တဲ့ “သနားကြင်နာတတ်တဲ့ လူတစ်ယောက်” ဆိုတာက ပုံပေါ်လာမှာဖြစ်ပါတယ်။ အဲဒီတော့ Emotional Association အလုပ်ဖြစ်ဖို့အတွက် Rational Association မှာ ကောင်းမွန်စွာတည်ဆောက်ခဲ့ပြီးဖြစ်ဖို့လိုပါတယ်။

Branding ဆိုတာ ဘာလဲ? Branding ဆိုတာ အလွယ်ဆုံးပြောရရင် Gut Feeling ဆိုတဲ့ ရုတ်ချည်းသိမှု ပါပဲ။ နာမည်တစ်ခုကြားလိုက်တယ်၊ တစ်စုံတစ်ခုမြင်လိုက်တယ်၊ တစ်ခုခုကြားလိုက်တယ်၊ တစ်ခုခုခံစားလိုက်ရတယ် စသဖြင့် အဲဒီအချိန်မှာ ဖြစ်ပေါ်လာတဲ့ ရုတ်ချည်းသိမှု။ ဥပမာပေးရရင် တစ်ကိုက်ကိုက်ထားတဲ့ ပန်းသီးပုံမြင်တာနဲ့ လူတိုင်း Apple ဆိုတာသိတယ်၊ ပြီးတာနဲ့ စိတ်ထဲမှာ “ဆန်းသစ်တယ်၊ မိုက်တယ်၊ စျေးကြီးတယ်၊ စတိဗ်ေဂျော့” စသဖြင့် ရုတ်ချည်းသိမှုတွေ ပေါ်လာတာပဲ။ ပင်နီအင်္ကျီမြင်တာနဲ့ NLD ဆိုတာ လူတိုင်းသိတယ် အဲဒီနောက်မှာမှ NLD နဲ့တွဲပြီး ကိုယ့်စိတ်ထဲမှာ စွဲနေတဲ့ဝိသေသတွေလိုက်လာတယ် “တည်ကြည်ဖြောင့်မတ်တယ်၊ အမေ့ပါတီ၊ ပြည်သူ့ပါတီ” စသဖြင့်… NLD အားမပေးတဲ့သူအတွက်ကျ negative ဝိသေသတွေပေါ့… ဒီမှာဆို ပင်နီဟာ လိုဂိုမဟုတ်ဘူး… ဒါပေမယ့် ဝိသေသတစ်ခုအနေနဲ့ Branding ဖြစ်နေတယ်… ဒါကြောင့် လိုဂိုဟာ Branding မဟုတ်ဘူးလို့ မကြာခဏပြောရတာ… အဲဒီအကြောင်းတော့ ပြီးမှ အကျယ်ချဲ့ ဆက်ပြောတာပေါ့… နောက်ဥပမာတစ်ခု “ခေါင်းကိုက်တယ်၊ ဖင်မူးတယ်၊ လက်ကျိုးတယ်” ဘာပဲ အမေ့ကိုသွားပြောပြော အမေပြန်ပြောတာက???? “ဆရာခိုလိမ်းလိုက်လေ” ဒီမှာဆိုလည်းကြည့်… လိုဂိုနဲ့လည်း မဟုတ် ဘာနဲ့မှ မဟုတ်… အခြေအနေတစ်ခုနဲ့ ဆက်စပ်ပြီး နောက်ကလိုက်လာတဲ့ ရုတ်ချည်းသိမှု အဲဒီသူ့စိတ်ထဲပေါ်လာတဲ့ သိမှုအတိုင်းပဲ အမေကလည်း ပြောတာပဲ… Branding ဆိုတာ ဒါပါပဲ… ဆရာခိုအခြေအနေမှာကျတော့ သူက စနစ်တကျတည်ဆောက်ထားတဲ့ သိမှုမဟုတ်ဘဲ အခြေအနေအရ ထုံတမ်းအစဉ်အလာအရ အတွေ့အကြုံအရဖြစ်ပေါ်လာတဲ့ သိမှုမျိုး။ ဆင်းရဲနုံချာခဲ့တဲ့ တိုင်းပြည်အခြေအနေကြောင့် ဆေးရုံဆေးခန်းနဲ့ ဝေးကွာပြီး ဆေးပညာအသိနဲ့ နှစ်ပေါင်းများစွာဝေးကွာလာခဲ့တဲ့ အခြေအနေအရ ဆေးမှီးတို အားကိုးခဲ့ရတာကိုး။ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကန်းအသိတွေ ထုံးတမ်းတွေကနေ ဆင်းသက်လာပြီး ဒီနေ့အထိ အခြေခံမိသားစုတွေ တောရွာတွေမှာ ဘာလာလာ ဆရာခိုဆိုတဲ့အသိက စွဲနေတုန်းဖြစ်တာပေါ့… ဒါမျိုးကျတော့ Negative Association လို့ ခေါ်တယ်။ ဖြစ်စေချင်လို့ တည်ဆောက်တာမဟုတ်ပဲ သူ့အလိုလိုသွားချိတ်ဆက်မိတဲ့ အချက်တွေ၊ ပြီးတော့ တကယ်စစ်မှန်တဲ့အချက်အလက်မဟုတ်တဲ့အတွက် ရေရှည်မှာ Brand အတွက် ဆိုးကျိုးဖြစ်စေနိုင်တဲ့ ချိတ်ဆက်မှုတွေ။ အဲဒါတွေကိုတော့ အချိန်ယူပြီး စနစ်တကျပြန်ဖျောက်ရတယ်။ Branding ဆိုတာ အဲဒီ “ရုတ်ချည်းသိမှု” ကို ကိုယ်လိုချင်တဲ့ ပုံစံ၊ ကိုယ်ဖြစ်စေချင်တဲ့ အချက်တွေဖြစ်အောင် တည်ဆောက်ယူရတာပါပဲ။ Brand တွေကို ဘယ်လိုတည်ဆောက်လဲ? တည်ဆောက်ယူရတဲ့ လုပ်ငန်းစဉ်မှာ သုံးပိုင်းခွဲကြည့်ရင် ရှင်းလင်းပါတယ်။ Foundation (Identity) ၊ Association ၊ Communication ဆိုပြီးသုံးပိုင်းကြည့်လို့ရတယ်။ ကိုယ့် Brand ကိုဘယ်လိုမြင်စေချင်လဲဆိုတာ အုတ်မြစ်ချ၊ ဘယ်လိုအချက်တွေနဲ့ တွဲပြီးမှတ်မိနေစေချင်လဲ ဆိုတာကို သတ်မှတ်၊ ပြီးရင် ဒါတွေကို လူတွေနဲ့ ထိ်တွေ့ဆက်ဆံတိုင်းမှာ လိုက်လျောညီထွေဖြစ်အောင်အသုံးချ… ဒီသုံးဆင့်ပါပဲ။ ဒီအသုံးအနှုန်းတွေက စာအုပ်ထဲက အသုံးအနှုန်းမဟုတ်ဘူး ဒီတိုင်းလူတိုင်းနားလည်နိုင်အောင် အရှင်းလင်းဆုံးသုံးတာ (ဂူဂယ်ကဝိတွေ လာငြင်းနေမှာစိုးလို့ပါ :3) ပညာရပ်မှာတော့ Brand Identity ၊ Brand Association ၊ Brand Communication ရယ်ဆိုပြီး သုံးနှုန်းပါတယ်။ Brand Identity Brand တစ်ခုတည်ဆောက်တဲ့ နေရာမှာ ဘာမှမလုပ်ခင်အရင်ဆုံး အခြေခံကျကျ အုတ်မြစ်ချရမယ့် Foundation က Brand Identity တည်ဆောက်တာပါ… ရုပ်နာမ်လက္ခဏာတွေ သတ်မှတ်တာပဲ။ ဒီအဆင့်ကို လုပ်တော့မယ်ဆိုရင် Brand တစ်ခုကို လူတစ်ယောက်အနေနဲ့ ပုံဖော်ရပါတယ်။ လူတစ်ယောက်မှာ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေရှိတယ်၊ ဘယ်လိုဝတ်စားတတ်လဲ၊ ဘာအရောင်တွေ ဝတ်တတ်လဲ၊ ဘယ်လိုပြုမူနေထိုင်လဲ၊ အသံကဘယ်လိုလဲ၊ စကားပြောရင်ဘယ်လိုလေသံလဲ၊ တစ်ပါးသူတွေနဲ့ ဆက်ဆံပြောဆိုတဲ့ အခါဘယ်လိုဆက်ဆံလဲ။ ပြီးရင် စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေရှိတယ်၊ ဘယ်လိုစိတ်သဘောထားရှိလဲ၊ ပတ်ဝန်းကျင်နဲ့လူတွေအပေါ်ဘယ်လိုစိတ်တိမ်းညွတ်လဲ။ နောက်တစ်ခု ယုံကြည်ချက်နဲ့ တန်ဖိုးထားမှုတွေ သူကဘာကိုယုံကြည်သက်ဝင်လဲ ဘဝမှာ ဘာတွေကိုတန်ဖိုးထားလဲ။ ဒီတော့ Brand Personality သတ်မှတ်တဲ့နေရာမှာ Brand ရဲ့ ဇာတ်ကောင်အသွင်အပြင် Character ၊ စိတ်အမူအကျင့်နဲ့ စရိုက် Attitude ၊ ယုံကြည်ချက် (သို့) ခံယူချက် Vision/Belief ဆိုပြီးပါဝင်ရပါတယ်။ “သန့်ရှင်းသပ်ရပ်ပြီး အမြဲစမတ်ကျကျဝတ်စားတတ်တဲ့လူလေ၊ စကားပြောတာလည်း တိကျသေချာပြီး လိုသလောက်ပဲပြောတဲ့သူ၊ တစ်ဖက်သားကိုလည်း အမြဲတလေးတစားဆက်ဆံတာ၊ စိတ်ထားကလည်း အရမ်းဖြောင့်မတ်၊ တစ်ဖက်သားကို အမြဲကူညီရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့သူပဲ ရိုးသားဖြောင့်မှန်မှုကို အင်မတန်တန်ဖိုးထားတတ်တဲ့ လူဗျာ” စသဖြင့် လူတစ်ဖက်သားကို စိတ်ထဲက သိမှုတွေနဲ့ ပုံဖော်ပြောလေ့ရှိကြပါတယ်။ Brand Identity လုပ်တယ်ဆိုတာလဲ ဒီလိုပဲ လူတွေဘယ်လိုပုံစံနဲ့ ကိုယ့် Brand ကို မှတ်မိနေစေချင်လဲဆိုတာ သတ်မှတ်ထားတာပါပဲ။

အရင်က old customersတွေရော new customers တွေရောကျေးဇူးတင်ပါတယ်ဗျာ တဖြည်းဖြည်းချင်းဖြည့်သွားပါ့မယ် လိုအပ်ချက်တွေကို လောလောဆယ်တေ
အရင်က old customersတွေရော new customers တွေရောကျေးဇူးတင်ပါတယ်ဗျာ တဖြည်းဖြည်းချင်းဖြည့်သွားပါ့မယ် လိုအပ်ချက်တွေကို လောလောဆယ်တော့ pc setဆင်ဖို့ မှာထားပါတယ်ဗျ ပြန်updateလုပ်ပေးပါ့မယ် Thank you so much

@kohponee dm me for asking anything for knowledge အကုန်ဖရီးပြောပြသွားမှာပါဗျ (သိသလောက်)

photo content

Tgမှာစီးပွါးရေးမလုပ်ပေါင်နော် 😌

လူလိမ်လို့လဲစွပ်စွဲချင်တယ်ဒါမယ့် သင်တန်းလည်းမဖွင့်ထားဘူး ဘာမှကိုမလုပ်တာ ငါ့ဘာသာ မော်ဒယ် ရှူတင်ပဲရိုက်နေတာကို 😎

ဆောတီးဗျ ကျတော်၂ခုလုံးကိုင်ပါတယ်
ဆောတီးဗျ ကျတော်၂ခုလုံးကိုင်ပါတယ်

S24 ultra နဲ့ 16 pro ဘယ်ဟာကောင်းလဲမေးရင်

14နှစ်သား ကျားဖြန့်ခေါင်းဆောင်😩

“I kept you in my prayer.” 🙏
“I kept you in my prayer.” 🙏

By Thomas

ကျားဖြန့်ခေါင်းဆောင် Ko Ethan

sticker.webp0.39 KB

ငါ့ပုံ တွေခိုးသာခိုး မင်းတို့တကယ်ပိုင်တာမှမဟုတ်တာ

Next goal- digital camera

Tripod activate Only PC left 🥰
Tripod activate Only PC left 🥰

Will Use Only for photography and videography ❤️