cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

မြဝတီသတင်း

The Myawaddy News မှကြိုဆိုပါတယ်ခင်ဗျာ အချိန်နဲ့တပြေးညီသတင်းတွေတင်ဆက်ပေးနိုင်ဖို့ကျွန်‌တော်တို့အမြဲကြိုးစားနေပါတယ် သင့်ရဲ့မြေပြင်သတင်းအချက်အလက်တွေကိုလဲကျွန်ုပ်တို့လိုအပ်ပါတယ် အောက်ကလင့်ကနေသတင်းပေးပို့နိုင်ပါပြီခင်ဗျာ https://forms.gle/WkFY3w2UXC29gEt6A

Show more
Advertising posts
1 155
Subscribers
+824 hours
+487 days
+21930 days

Data loading in progress...

Subscriber growth rate

Data loading in progress...

​​မဲဆောက်မြို၊ တော့ပ်ဖောင်းစက်ရုံ စက်ချုပ်ဌာနတွင် အမျိုးသမီးဝန်ထမ်းများခေါ်ယူနေ မဲဆောက်၊ ဇွန် ၁၆ ထိုင်းနိုင်ငံ၊ မဲဆောက်မြိုနယ်၊ အမှတ်(၂)မယ်ကုကျေးရွာရှိ တော့ပ်ဖောင်းစက်ရုံ၏ စက်ချုပ်ဌာနတွင် အမျိုးသမီးဝန်ထမ်း (၅၀) ဦး ခေါ်ယူမည်ဖြစ် ကြောင်း သိရသည်။ အလုပ်လျှောက်ထားသူသည် အသက် ၁၈ နှစ်အထက်တွင် ရှိရမည်ဖြစ်ကာ နေထိုင်ခွင့်အထောက်အထား အပြည့်အစုံရှိပါက စက်မချုပ်တတ်လျှင်လည်းအလုပ်လျှောက်လွှာအား လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရရှိသည်။ ထိုကြောင့် မဲဆောက်မြိုတွင် အလုပ်ရှာဖွေနေသည့် အမျိုးသမီးများအနေဖြင့် စိတ်ဝင်စားမှုရှိပါက အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တိုတွင် နေ့လယ် ၁ နာရီမှ ၃ နာရီအတွင်း စက်ရုံသို လူကိုယ်တိုင်သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။ ထိုသို အလုပ်လျှောက်ထားရာတွင် ကုမ္ပဏီမှ အခကြေးငွေကောက်ခံခြင်းမရှိသလို ပွဲစား ကိုယ်စားလှည်များဖြင့် အလုပ်လျှောက်ထားပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူ ဖြေရှင်းသွားမည်မဟုတ်ကြောင်းလည်း ကုမ္ပဏီမှ အသိပေးထုတ်ပြန်ထားသည်။ source - Click here မြဝတီသတင်း - @myawaddynews2
Show all...

2🔥 1
Repost from N/a
Photo unavailableShow in Telegram
ယနေ့ရွှေစျေး☀️
16/6/2024
🔹
(15ရက်နေ့နောက်ဆုံးရစျေးနုန်းများဖြစ်ပါတယ်)
16ပဲရည် 5,460,000 MMK  🟢 15ပဲရည် 5,138,000 MMK 🟢 14ပဲရည် 4,853,000 MMK 🟢 13ပဲရည် 4,597,000 MMK 🟢
YGEA မြောက်မြန်မာရွှေစျေး
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း - အကယ်ဒမီ မီးလင်းရွှေ တကျပ်သား 4,629,551  MMK
စျေးနှုန်းများအချိန်နဲ့အမျှပြောင်းလဲနိုင်သည်ကိုသတိပြုပါ
#MMK_Today Follow for daily update - @mmktoday
Show all...
🤣 2
Repost from N/a
Photo unavailableShow in Telegram
MMK Today Update✅
16/6/2024
🔹
(15ရက်နေ့နောက်ဆုံးရစျေးနုန်းများဖြစ်ပါတယ်)
🇺🇸အမေရိကန်ဒေါ်လာ‌ ရောင်းဈေး - ၄၄၅၀ ကျပ် ဝယ်ဈေး     - ၄၃၅၀ ကျပ် 🇸🇬စင်္ကာပူဒေါ်လာ ရောင်းဈေး - ၃၃၂၀ ကျပ် ဝယ်ဈေး     - ၃၂၂၀ ကျပ် 💶ယူရို ရောင်းဈေး - ၄၈၅၅ ကျပ် ဝယ်ဈေး     - ၄၆၈၀ ကျပ် 🇹🇭ထိုင်းဘတ် ရောင်းဈေး - ၁၂၃.၄၆ ကျပ် ဝယ်ဈေး     - ၁၁၉.ဝ၅ ကျပ် 🇲🇾မလေးရှားရင်းဂစ် ရောင်းဈေး - ၉၆၀ ကျပ် ဝယ်ဈေး     - ၉၂၆ ကျပ် 🇨🇳တရုတ်ယွမ် ရောင်းဈေး - ၆၂၅ ကျပ် ဝယ်ဈေး     - ၆၀၂ ကျပ် 🇯🇵ဂျပန်ယန်း ရောင်းဈေး - ၂၈.၄၀ ကျပ် ဝယ်ဈေး     - ၂၇.၃၈ ကျပ် 🇮🇳အိန္ဒိယရူပီး ရောင်းဈေး - ၅၄ ကျပ် ဝယ်ဈေး     - ၅၂ ကျပ် 🇰🇷ကိုရီးယားဝမ် ရောင်းဈေး - ၃.၃၃ ကျပ် ဝယ်ဈေး     - ၃.၂၁ ကျပ် 💷စတာလင်ပေါင် ရောင်းဈေး - ၅၇၃၅ ကျပ် ဝယ်ဈေး     - ၅၅၃၀ ကျပ် 🇦🇺ဩစတြေးလျဒေါ်လာ ရောင်းဈေး - ၃၀၀၀ ကျပ် ဝယ်ဈေး     - ၂၈၉၀ ကျပ် 🇨🇦ကနေဒါဒေါ်လာ ရောင်းဈေး - ၃၂၉၅ ကျပ် ဝယ်ဈေး     - ၃၁၇၅ ကျပ် 🇭🇰ဟောင်ကောင်ဒေါ်လာ ရောင်းဈေး - ၅၈၀ ကျပ် ဝယ်ဈေး     - ၅၆၀ ကျပ် 🇦🇪ယူအေအီး ရောင်းဈေး - ၁၂၃၅ ကျပ် ဝယ်ဈေး     - ၁၁၉၀ ကျပ်
စျေးနှုန်းများအချိန်နဲ့အမျှပြောင်းလဲနိုင်သည်ကိုသတိပြုပါ
#MMK_Today Follow for daily update - @mmktoday
Show all...
Repost from N/a
Photo unavailableShow in Telegram
ယနေ့ ဘတ်ပေါက်စျေး
16/6/2024 #MMK_Today subscribe now: @mmktoday
Show all...
2
Follow Us
Photo unavailableShow in Telegram
မြဝတီသတင်း ပရိတ်သတ်များအားလုံးမင်္ဂလာနံနက်ခင်းပါ ================================== မနက်သစ်ကို စိတ်သစ်လူသစ်နဲ့နိုးထိုင်ကြပါစေ ဘေးရန်အပေါင်းကင်းစင်လို့ အမှောင်ထုထဲကအမြန်လွတ်မြောက်ကြပါစေလို့ ကျွန်တော်တို့မြဝတီသတင်းအဖွဲသားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ သတင်းများကိုအခုအချိန်မှစပြီးပြန်လည်တင်ဆက်ပြီဖြစ်တဲ့အတွက် သတိထားစောင့်ကြည့်ပေးကြဖို့သတိပေးလိုက်ပါတယ်။ ကောင်းမွန်ပြည့်စုံတဲ့နေ့ရက်ကလေးကိုပိုင်ဆိုင်ကြပါစေဗျာ။ မြဝတီသတင်း - @myawaddynews2✅ မြဝတီမုန့်စျေးတန်း- @themyawaddy0
Show all...
4
Follow Us
သတင်းပို့ရန်
Photo unavailableShow in Telegram
မအူပင်တွင် အွန်လိုင်းမှ ငွေလိမ်သည့် ပျူစောထီးတစ်ဦးဖမ်းဆီးပြီး ကျန်ပျူစောထီးအဖွဲ့ဝင်၁၀ဦးထက်မနည်းကိုစစ်ကောင်စီမှ ဖမ်းဝရမ်းထုတ် ဧရာဝတီတိုင်းမ် ဇွန် ၁၅ ရက် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် တရားမဝင်အွန်လိုင်းမှ ငွေလိမ်သည့်လုပ်ငန်း လုပ်ကိုင် သည့်ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရ၍ ကျန်ဆက်စပ်သည့် ပျူစောထီးအဖွဲ့ဝင် ၁၀ဦးထက်မနည်းကို စစ်ကောင်စီမှဝရမ်းထုတ် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မအူပင်မြို့နယ် ရေလဲလမ်း၊ခိုင်မေတ္တာလမ်းထိပ် တင့်တယ်(စတီးလုပ်ငန်း) တည်ထောင် ထားသူ ပျူစောထီးအဖွဲ့ဝင် အသက် (၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးကို ပြီးခဲ့သည့်ဇွန်လ ၇ရက်နေ့က မအူင်ခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကာ ၎င်းနှင့်ဆက်စပ်သူများကို လိုက်လံစုံစမ်းနေကြောင်း မအူပင်ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့်နီးစပ်သည့်ရဲသတင်းအရင်းအမြစ်များထံက သိရသည်။ “ ပြီးခဲ့တဲ့ ၇ရက်နေ့က တင့်တယ်(စတီး) လုပ်ငန်းရှင်ကိုဖမ်းထားတယ်။ အဲ့တာကို ဆက်စပ်ပြီးတော့လိုက်စုံစမ်းတာတွေလုပ်နေတယ်။ အဖမ်းခံရတဲ့သူက အရင်ကတည်းက သတင်းပေးလုပ်တဲ့သူဖြစ်နေတော့ မအူပင်ရဲစခန်းမှာပဲစစ်နေတုန်းပဲ။ မအူပင်မှာက အွန် လိုင်းက ငွေလိမ်တဲ့သူတွေကို ခလရ(၂၇)နဲ့ စရဖက နေ စီးပွားရေးပုံစံလုပ်နေကြတာ။ အခုက နေပြည်တော်ကနေအမိန့်ပေးလို့ဖမ်းရတဲ့သဘောဖြစ်သွားတာပေါ့”ဟု မအူပင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့်နီးစပ်သည့် ရဲသတင်းအရင်းအမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။ ယင်းစုံစမ်းနေမှုအတွင်းအမှတ် (၆)ရပ်ကွက် အတွင်း နေထိုင်သောလုပ်ငန်းရှင် ပျူစောထီးအဖွဲ့ဝင်( ၁၀) ဦးထက်မနည်းကို အမှုနှင့်ဆက်စပ်နေသည်ဟုဆိုကာ မအူပင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ပြီးခဲ့သည့် ဇွန်လ ၁၂ရက်နေ့ကစ၍ဝရမ်းထုတ်၍ လိုက်လံဖမ်းဆီးမှုများပြုလုပ်နေကြောင်းသိရသည်။ ထိုသို့ ဝရမ်းထုတ်လိုက်လံဖမ်းဆီးနေမှုကြောင့် လုပ်ငန်းရှင်ပျူစောထီးအများစုသည် ဇွန်လ၁၃ရက် နေ့ကစပြီး ရပ်ကွက်အတွင်းမှထွက်ပြေးတိမ်းရှောင် ကာ နေအိမ်များကိုပွဲစားအပ်၍ရောင်းချနေကြောင်းမြို့ခံများကပြောဆိုသည်။ “ ကျားဖြန့်နဲ့ဆက်စပ်လို့လားမပြောတတ်ဘူး။ အခုရပ်ကွက်ထဲကဒလန်တွေရော ပျူတွေရောမိသားစုလိုက် အကုန်ပြောင်းပြေးကုန်တယ်။ အိမ်တွေပါပွဲစားအပ်ပြီးလိုက်ရောင်းကြတာ။အခုရပ်ကွက်ထဲမှာပျူဒလန်တွေသိပ်ပြီးမလှုပ်ရဲဘူးဖြစ်နေတယ်။ သိပ်မတွေ့ရသလောက်ဖြစ်နေတယ်”ဟုမအူပင် မြို့ခံတစ်ဦးကဆိုသည်။ အဆိုပါ ပျူစောထီးလုပ်ငန်းရှင်ကို ဖမ်းဆီးပြီးနောက် ဇွန်လ (၁၂)ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်များသည် ရပ်ကွက်များအတွင်းသို့ညစဉ်ဧည့်စာရင်းစစ်ဆေးကာာ ဖမ်းဝရမ်းထုတ်ထားသူများကို လိုက်လံရှာဖွေနေကြောင်းလည်း မြို့ခံများထံကသိရသည်။ #မအူပင် #အွန်လိုင်းငွေလိမ် #ပျူစောထီးတစ်ဦးဖမ်းဆီးပြီး #ပျူစောထီးအဖွဲ့ဝင်၁၀ဦး #စစ်ကောင်စီဖမ်းဝရမ်းထုတ် #Ayeyarwaddy_Times မြဝတီသတင်း-@myawaddynews2
Show all...
👍 1
တနင်္သာရီက အောင်သာဝရ စစ်တပ်စခန်းကို မဟာမိတ်ဖွဲ့တွေ သိမ်းယူ ~~~ ■ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အောင်သာဝရစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ ဇွန်လ ၁၄ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ တိုင်းစစ်ဌာန၊ စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။ ဒီစခန်းကို မေလကတည်းက သိမ်းဖို့ ပြင်ဆင်ခဲ့တာလို့ တိုင်းစစ်ဌာန ၊ စစ်ဆင်ရေးတာဝန်ခံ ရဲဘော် STAR က RFA ကို ပြောပါတယ်။ "အဲဒီစခန်းကို ကျွန်တော်တို့ KNLA ရယ်၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက မေလလောက်ကတည်းက ဝိုင်းပတ်ပိတ်ဆို့ထားတာပေါ့နော်၊ စခန်းပတ်လည်မှာ မိုင်းတွေချထားတဲ့အတွက် မိုင်းရှင်းလင်းပြီးတော့ သူတို့ပိတ်ဆို့ထားတဲ့အနေအထားဖြစ်တယ်၊ ပြီးတော့ သူတို့ကိုလည်း လက်နက်ချအလင်းဝင်ခိုင်းတယ်၊ လက်နက်မချတဲ့အတွက် နောက်ဆုံးမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ရတဲ့ အနေအထားမျိုးဖြစ်တယ်လို့သိထားတယ်၊ သတင်းအချက်အလက် အသေးစိတ်တော့ မရသေးဘူး" ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၇ ဦးထက်မနည်းသေဆုံးပြီး ကျန်တဲ့စစ်ကောင်စီတပ်သား ၃၀ လောက်က ထွက်ပြေးသွားကြတယ်လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားက ဒေသအခြေစိုက် The Tanintharyi Times သတင်းဌာနကို ပြောဆိုထားပါတယ်။ စခန်းသိမ်းတိုက်ပွဲနောက်ဆက်တွဲအခြေအနေအသေးစိတ်ကို RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။ တနင်္သာရီမြစ်ကမ်းနံဘေးမှာရှိတဲ့ ဒီစခန်းဟာ ၁၉၉၇ ခုနစ်ကတည်းက ရှိနေတာဖြစ်ပြီး စစ်ကောင်စီတပ်သား ၅၀ လောက် တပ်စွဲထားတဲ့စခန်းလို့လည်း သိရပါတယ်။ စခန်းသိမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ စခန်းတွေကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေသိမ်းယူထားတာ အခု အောင်သာဝရစခန်းအပါအဝင် ဆယ်ခုအထိ ရှိလာပြီဖြစ်ပါတယ်။ _________ RFA Burmese Website တွင် ဖတ်ရှုရန်... #RFA မြဝတီသတင်း-@myawaddynews2
Show all...
တနင်္သာရီက အောင်သာဝရ စစ်တပ်စခန်းကို မဟာမိတ်ဖွဲ့တွေ သိမ်းယူ

တနင်္သာရီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အောင်သာဝရစခန်းကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ဇွန်လ ၁၄ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ တိုင်းစစ်ဌာန၊ စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။

တနင်္သာရီမြို့နယ်ရှိ အောင်သာဝရ စစ်စခန်းကို KNLA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ ဇွန် ၁၅ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အောင်သာဝရ စစ်တပ် စခန်းကို KNLA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးကာ လက်နက် အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်ထံမှသိရသည်။ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အောင်သာဝရ စခန်းကို KNLA တပ်မဟာ ၄ ၊ KNDO တပ်ရင်း ၇ နှင့် PDF ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦး သေဆုံးပြီး ကျန်ရှိနေသော စစ်သားများသည် စခန်းတွင်းမှ ထွက်ပြေး သွားကြောင်း၊ ထို့ပြင် လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ လက်ရှိချိန်တွင် အဆိုပါ တပ်စခန်း ဝန်းကျင်ကို KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်လျက်ရှိကြောင်း သိရသည်။ source - Click here မြဝတီသတင်း-@myawaddynews2
Show all...
◼တနင်္သာရီရှိ အောင်သာ၀ရ စစ်ကောင်စီတပ်စခန်းကို KNLA နဲ့ PDFပူးပေါင်းတပ် သိမ်းပိုက် ၁၅ ဇွန် | နွေဦးအသံ | တနင်္သာရီဒေသ၊ တနင်္သာရီမြို့နယ် အောင်သာ၀ရကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ကရင်အမျိုး သားလွတ် မြောက်ရေးတပ်မတော်(KNLA)နဲ့ PDF ပူးပေါင်းတပ်တွေက ဇွန် ၁၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၂၇ နှစ်ကြာတပ်စွဲထားတဲ့ အဲဒီ တပ်စခန်းကို မတိုက်ခိုက်ခင်ကတည်းက လက်နက်ချဖို့ အ ကြောင်းကြားခဲ့ပေမဲ့ လက်နက်မချတာကြောင့် ဇွန် ၁၄ ရက် မနက်ပိုင်းမှာထိုးစစ်ဆင်ခဲ့ရာ နေ့လယ် ၁၂ နာရီတွင် သိမ်းပိုက် နိုင်ခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက် ပြေးသွားကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ထိခိုက် သေ ဆုံးမှုနဲ့ လက်နက်ခဲယမ်း ရရှိမှု အခြေ အနေကို စုံစမ်းထားဆဲဖြစ်ကြောင်း ပဒိုစောအယ်နားက People's Spring ကို ​ဖြေဆိုထားတာ တွေ့ရပါတယ်။ KNLA တပ်မဟာ(၄)နဲ့ ပူးပေါင်းတပ်တွေဟာ ထား ဝယ်ခရိုင်အတွင်းရှိ စစ်ကောင်တပ်စခန်းတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို ဒီနှစ်အတွင်းမှာ ခပ်စိပ်စိပ်ပြုလုပ်နေပြီး စစ်ကောင်စီတပ်ဘက်က တပ် ရင်းလိုက်လက်နက်ချတာတွေ၊ တပ်စခန်းတခုလုံး စခန့်စွန့်ခွာ ထွက်ပြေးတာတွေ ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဓာတ်ပုံ | KNU တပ်မဟာ ၄ နယ်မြေမှာ စကစ တွေ လက်နက်ချခဲ့စဥ်(ပုံဟောင်း) သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့ Telegram : https://t.me/VOStelegram YouTube : https://youtube.com/c/TheVoiceOfSpringTV ကို Subscribe လုပ်ထားနိုင်ပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။ မြဝတီသတင်း-https://t.me/myawaddynews2
Show all...
The Voice Of Spring | နွေဦးအသံ |

Investigative, Innovative, Independent Digital Media

1
Repost from N/a
Photo unavailableShow in Telegram
ယနေ့ ဘတ်ပေါက်စျေး
15/6/2024 #MMK_Today subscribe now: @mmktoday
Show all...
Follow Us