✧CRD OFFICIAL ✧
Open in Telegram
ဟာသ/စာရှည်/လင်္ကာ/ကဗျာနှင့်စာတို ကြိုက်နှစ်သက်သူများအတွက် စာရေးဆရာနှင့်ကဗျာဆရာများ၏ရေးသားထားသောကဗျာ/စာများကိုပြန်လည်တင်ဆက်ပေးထားခြင်းဖြစ်သည်။
Show moreMyanmar30 693The category is not specified
273
Subscribers
No data24 hours
No data7 days
-330 days
Posts Archive
ဂစ်တာလည်းမတီးချင်ဘူး
ကဗျာလည်းမရေးချင်ဘူး
ဖြစ်နိုင်မယ်ဆိုရင်
လက်ကလေးကိုကိုင်ထားချင်တယ်
ဆံပင်တွေကိုခပ်ဖွဖွပွတ်သပ်ပေးချင်တယ် မျက်ဝန်းကလေးကိုအနီးကပ်ကြည့်ချင်တယ်
သူကောင်းမဖြစ်ချင်နေပါ
ကျွန်တော်ဘယ်ရွာမှမပြောင်းဘူး
သူမကိုပဲချစ်တယ်
သူမကိုပဲမြတ်နိုးတယ်
ရီဝေ
#Austin
မင်းကိုချစ်ခဲ့မိလို့ ကိုယ့်မှာနောင်တဆိုတာ မရှိပါဘူးကွယ်။
မင်းမို့လို့ကို ချစ်တယ်။
မင်းဖြစ်နေလို့ကို ချစ်တယ်။
#Austin
တန်ဖိုးထားတတ်တဲ့သူနဲ့ တန်ဖိုးရှိတဲ့သူတွေ့ဆုံသွားတဲ့အခါ အချစ်ဟာတန်ဖိုးရှိသွားတယ်
#Austin
ငါပြောချင်တာက နင်တို့ဘာသာယောကျာ်းကြိုက်ရင် ယောကျာ်းယူ
ငါတို့ဘာသာ မိန်းမကြိုက်ရင် မိန်းမယူမယ် သဘာဝတွေ နာနာဘာဝတွေ မသိချင်ဘူး
#Austin
galleryရှင်းတော့ မင်းရဲ့ပုံတချို့ကို
တွေ့တယ်ရယ် လွမ်းမိသွားတယ်အချစ်ရယ်
အခုချိန်မင်းဘာတွေများလုပ်နေမလဲ
ဆေးလိပ်တွေများသောက်နေမလဲ
သူငယ်ချင်းတွေနဲ့အတူရှိနေမလား
ဒါမှမဟုတ်... မင်းချစ်တဲ့ဟိုအမျိုးသားနဲ့များ
စကားတွေပြောနေမလား
သေချာပေါက်ပြောနေမှာပေါ့
ဟုတ်တယ်မလား
#van
အောင်ရဲလင်းပြောသလိုပဲ ဘေဘီနဲ့ပတ်သတ်ရင် ဘယ်တော့မှဇာတ်လမ်းမပြီးဘူးတဲ့ မောင်လည်း မမနဲ့ပတ်သတ်ရင်ဘယ်တော့မှ ဇာတ်လမ်းမပြီးဘူးနော်
#Austin
In Myanmar
We don't say
"ကိုကို ရန်မဖြစ်ရဘူးနော်"
We say
"ကိုကိုထင်ရာမလုပ်နဲ့ စိုးရမ်လို့ပြောတယ် စိတ်ညစ်ရင် ကိုကိုတီးပါလား ဂစ်တာရယ်"
#Normal
ချစ်တယ်ဆိုတာ လူတိုင်းပြောနိုင်တယ်
ဆိုးသမျှသည်းခံနိုင်ပြီး အရာရာနားလည်ပေးနိုင်တယ်ဆိုတာ တကယ်ချစ်တဲ့သူမှလုပ်နိုင်တာ
#Austin
မင်းကလွဲပြီး အားလုံးကို
ငါမေ့နိုင်ခဲ့ပါတယ်
အားလုံးကလွဲပြီး ငါ့ကိုမေ့သွားတဲ့မင်း
အဆင်ပြေပါရဲ့လား။
-နွေသစ်ငြိမ်း
#Apple
ဘာဝန်ထုတ်ဝန်ပိုမှ မရှိတဲ့ လူတစ်ယောက်လို
နံရံပေါ်က မှန်ကိုကြည့်ပြီး
"ငါနေကောင်းလား" လို့ မေးမယ် ။
မနက်စာကို ဖြစ်သလိုစား
ဝရန်တာကို ထွက်ပြီး ထောင့်မကျိုးတဲ့ကောင်တွေ
တွေ့ရင် အော်ဆဲချင်လဲဲမယ် ။
ဘာလို့ဆို ငါ့ဘေးဝန်းကျင်ကမ္ဘာကြီးကို
ငါလျစ်လျူရှုထားလို့ပဲ ။
မင်းဘာမင်း ဘာကောင်ဖြစ်နေနေ
ငါဂရုမစိုက်ဘူးဆိုတဲ့ ပုံစံနဲ့ ရှင်သန်တဲ့အတွက်
လူမုန်းများတာကလွဲရင်
ကျန်တာ အေးဆေးပါပဲ ။
#Apple
အိမ်ကိုလူပဲရောက်တာပါ
စိတ်က မင်းဆီမှာကျန်ခဲ့တာ
စိတ်နဲ့ကိုင်ထားတဲ့လက်ဆိုတာ
အတိတ်မေ့တာမျိုးလည်းမရှိဘူး။
-သွယ်မြိတ်
#Apple
ငါနဲ့မဟုတ်တော့တဲ့နေ့သစ်တွေမှာ
ပျော်ရွှင်ဖို့ဆုတောင်းပေးပါတယ်
ဝမ်းနည်းမှုကင်းပြီးပျော်နေနိုင်ပါစေ
#van
