341
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
341
"သစ်တောက်ငှက်ကလေးမောင်နီသွေး"။
P2 End
အဲ့ဒီအခါ ခိုကလေးက"ရောက်လာပြီး ပြောသတဲ့"
လောကကြီးမှာဒီလောက်ပျော်စရာကောင်းတာဒီမှာလာပြီးညည်းညူနေတာ ဘယ်သူလည်း "လို့ပြောလိုက်သတဲ့
အဲ့ဒီအခါ မောင်နီသွေးက"
ဟာ..အကိုကြီးခိုပါလား ကျွန်တော်ကိုကူညီနိုင်ရင်ကူညီပါခင်ဗျာ "လို့ပြောသတဲ့
ခိုကလေးက" အေးမင်းကဘယ်လိုဖြစ်နေရလို့လည်းပြောစမ်းပါအုံးကွာ "ဟုပြောလိုက်သတဲ့
မောင်နီသွေးက "သူ့ရဲ့အခက်အခဲကိုပြောပြလိုက်တာပေါ့
ခိုကလေးက "ဒါဖြင့်အတော်ပဲငါ့မှာလည်းအခက်ခဲတစ်ခုရှိနေလို့မင်းဆီကအကူညီတောင်းရမှာပဲ "လို့ပြောသတဲ့
မောင်နီသွေးက "ခင်ဗျား!
ခိုကလေးက "ဒီလိုပါငါက စာပို့လုလင်ဆိုတော့စာတွေလိုက်ပြီးဝေရတယ် ငါ့ဆီက စာရကြတဲ့အခါသိပ်ပြီးပျော်ကြတယ် ဒါပေမဲ့ ငါ့နှုတ်သီးကသေးနေတော့ ငါတံခါးခေါက်တာကိုမကြားကြလို့ငါ့မှာခက်ခဲနေတယ်"
အဲဲ့ဒီအခါ မောင်နီသွေးက "
ဒီတော့ ကျွန်တော်ကလိုက်ပြီးတံခါးခေါက်ပေးရမယ်ဆိုပါတော့ "လို့ပြောသတဲ့
ခိုကလေးက " ဟုတ်တာပေါ့ငါလည်းအလုပ်ဖြစ်မင်းလည်းသစ်ပင်ခေါက်ရ သူတို့လည်းဝမ်းသာရပေါ့ကွာ" လို့ပြောလိုက်သတဲ့
မောင်နီသွေးက "ကောင်းပြီကျွန်တော်လိုက်ခေါက်ပေးမယ် "ဟုပြောလိုက်သတဲ့
အဲ့ဒီလိုနဲ့ "ပထမဆုံးဒေါ်ဇီးကွက်ထံသွားပြီး စာကလေး၏မွေးနေ့ မဂ်လာဖိတ်စာသွားပေး"သတဲ့
အဲ့ဒီအခါ "ဒေါ်ဇီးကွက်ကလည်းပျော်နေသတဲ့
ထို့နောက် "ရှဥ့်ကလေး ဖိုးလုံးထံသွားပြီး ရှဥ့်မလေ မွှေးမွှေးထံမှ ပျော်ပွဲစားထွက်ရန်ဖိတ်စာသွားပေး "သတဲ့
ရှဥ့်ကလေးက "ဝမ်းသာလိုက်တာဗျာ "လို့ပြောသတဲ့
တဖန် စာမလာတာကြာပြီဲဖြစ်သော သားထံမှ စာကို ယုန်ကလေးသို့သွားပေးသတဲ့
အဲ့ဒီအခါယုန်ကလေးက ဝမ်းသာလွန်းလို့ထခုန်နေသတဲ့
အဲ့ဒီနောက်မှာတော့ "နီသွေးလေးရဲ့ သစ်တောက်သံကို သူတို့အားလုံးအမြဲတမ်းကြိုဆိုနေကြတော့ သည်"
ပုံပြင်လေးကတော့ဒါပါပဲရှင် ဖက်ရှု့ပေးကြတဲ့တစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်. .
ပုံပြင်လေးမှာပေးချင်တဲ့သင်ခန်းစာကိုတော့ Cmမှာရေးပေးသွားကြပါအုံး
https://t.me/addlist/e0mfocRfHUQxNGM1
341
"သစ်တောက်ငှက်ကလေးမောင်နီသွေး"
မောင်နီသွေးဆိုတဲ့သစ်တောက်ငှက်ကလေးဟာ"
သစ်ပင်ကိုခေါက်နေရမှကျေနပ်နေတဲ့သူဖြစ်ပါတယ်
တစ်နေ့မှာ"
ဒေါ်ဇီးကွက်နေတဲ့အိမ်ရှေ့မှာ
မောင်နီသွေးက သစ်ပင်ကိုခေါက်နေတာပေါ့"
အဲ့ဒီအခါ"
ဒေါ်ဇီးကွက်က "ဟေ့ဘယ်သူလည်း စောစောစီးစီးလာပြီးဆူညံနေတာပဲ"လို့ပြောလ်ိုက်သတဲ့
သစ်တောက်ငှက်ကလေးက "ကျွန်တော်မောင်နီသွေးပါဗျ
ဒေါ်ဇီးကွက်က "ငါတစ်ညလုံးအစာရှာထွက်နေရလို့ အခုမှအိပ်ရတယ် ဒီမှာလာပြီးဆူမနေနဲ့တခြားမှာသွားဆူစမ်းပါ"
လို့ပြောလိုက်သတဲ့
အဲ့ဒီလိုနဲ့
မောင်နီသွေးလေးကထွက်လာခဲ့လိုက်သတဲ့"
အဲ့ဒီနောက်ထပ်ပြီး"
သစ်ပင်တစ်ပင်တွင်နားလိုက်ပြီး နှုတ်သီးနဲ့ခေါက်ပြန်သတဲ့"
အဲ့ဒီအခါ ရှဥ့်ကလေးက ရုတ်တရက်ထွက်လာပြီးတော
မင်းလားငါ့တံခါးလာခေါက်တာ"လို့ပြောသတဲ့
ရှဥ့်ကလေးက " ငါသစ်ကြားသီးတွေ ရေတွက်နေတာ မင်းလုပ်တာနဲ့မှားကုန်ပြီ. အလုပ်လုပ်တာကိုလာပြီးမနှောက်ယှက်ပါနဲ့"လို့ပြောလိုက်သတဲ့
အဲ့ဒီအခါ " မောင်နီသွေးလေးက ထွက်လာခဲ့ရပြန်တယ်
လူသူမနီးတဲ့ သစ်ပင်ကြီးတစ်ပင်နားကိုပျံခဲ့တယ်
မောင်နီသွေးက "ကဲ..အခုမှပဲအေးအေးဆေးဆေးသစ်ပင်ခေါက်ရတော့တယ်ကွာ "လို့ပြောလိုက်သတဲ့
အဲ့ဒီအခါ" ယုန်လေးက ငါ့ခေါင်းပေါ်က ဘယ်သူလည်းကွ အော်မင်းလား မင်းစာမဖတ်တက်ဘူးလား
မောင်နီသွေးက "ဘာစာတွေရေးထားလို့လည်းလို့ မေးလိုက်တဲ့အခါ
ယုန်လေးက ဒီမှာကြည့်လို့ပြလိုက်တယ်"
"မောင်နီသွေးသစ်ပင်လာမခေါက်ရ '
လာခေါက်လျှင်အရေးယူချင်းခံရမည်
ပုံ ဖြူဖွေး
ဟုရေးထားတာကို ယုန်လေးကပြသလိုက်သတဲ့
အဲ့ဒီအခါ "မောင်နီသွေးက စိတ်ညစ်သွားသတဲ့
အော် လောကမှာငါဟာအထီးကျန်ဖြစ်နေတာပါလားငါ့ကိုဘယ်သူမှလည်းအလိုမရှိကြဘူး ငါလာတာနဲ့မောင်းထုတ်ကြတာပဲလို့" သူ့ကိုသူပြောလိုက်သတဲ့
အဲ့ဒီအခါ ခိုကလေး"က
P2စောင့်ပေးပါဗျ
https://t.me/addlist/1GPuL4sUKQA0OTBl
341
ကိုယ်မသိတဲ့အခြားသူရဲ့ဘ၀ကို မဝေဖန်ပါနဲ့။
ဆရာ၀န်တစ်ယောက်က အရေးပေါ်ခွဲစိတ်စရာရှိတဲ့အတွက်ကြောင့် ဆေးရုံထဲ မောပန်းတကြီးနဲ့ ၀င်ချလာပါတယ်။ ခွဲစိတ်ခန်းထဲမ၀င်မီ ခွဲစိတ်ခံရမယ့်လူနာကလေးရဲ့အဖေဟာ ဆရာ၀န်အလာကို စိတ်ပူပန်စွာ ထိုင်စောင့်နေတာကို တွေ့လိုက်ပါတယ်။ အဲဒီ့အချိန်မှာပဲ လူနာကလေးရဲ့အဖေဟာ ဆရာ၀န်ကို ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ “လူတစ်ဖက်သားရဲ့အသက်အန္တရာယ်ကို ကူသဖို့တာ၀န်ယူထားပြီး ဘာလို့ နောက်ကျနေရတာလဲ၊ တကယ်လို့များ ငါ့သား တခုခုဖြစ်သွားခဲ့ရင် မင်းတာ၀န်ယ” လို့ ပြောလိုက်ပါတယ်။“ဟုတ်ကဲ့ခင်ဗျာ၊တောင်းပန်ပါတယ်။ ကျွန်တော်လည်း ဖုန်းရရခြင်းလာခဲ့တာပါပဲ။ စိတ်အေးအေးထားမှ ကျွန်တော်လည်း ခွဲစိတ်ခန်းကို စိတ်အေးလက်အေးနဲ့၀င်လို့ရမှာပါ” လို့ ဆရာ၀န်က ဖြောင်းဖျလိုက်ပါတယ်။ ‘ဒါပေမယ့် လူနာကလေးရဲ့အဖေကတော့ ဒေါသတကြီးဖြစ်နေတုန်ပါပဲ။ အချိန်ခွဲစိတ်ပြီးတဲ့အခါ ဆရာ၀န်က ခွဲခန်းထဲက ထွက်လာပြီး စိတ်ပူနေတဲ့အဖေကို ပြောလိုက်ပါတယ်။ “ ကျွန်တော်တို့အကောင်းဆုံးကြိုးစားပေးထားပါတယ်၊ ခင်ဗျားသားရဲအသက်ကို ကယ်နိုင်ပါပြီ” လို့ပြောလိုက်ပြီး လူနာရှင်ကလေးအဖေရဲ့စကားကိုတောင် ဆုံးအောင်နားမထောင်နိုင်တော့ဘဲ ဆေးရုံထဲကနေ ပြေးထွက်သွားပါတယ်။မေးခွန်းတွေမေးချင်နေတဲ့ လူနာကလေးအဖေရဲ့အနားကို သူနာပြုဆရာမရောက်လာပြီး သူနာပြုဆရာမရဲ့စကားကို ကြားတဲ့အခါမှာ ကလေးအဖေဟာ ၀မ်းနည်းဆွံ့အသွားပါတော့တယ်။“တကယ်တော့ ဆရာ့သားလေးဟာ မနေ့ကပဲ ကားအက်စီးဒင့်ဖြစ်ပြီး ဆုံးသွားခဲ့တာပါ။ ဆရာ့သားလေးရဲ့အသုဘအခမ်းအနားမှာ ကျွန်မတို့က ဦးလေးသားခွဲစိပ်ဖို့အတွက် ဆရာ့ကိုဖုန်းဆက်ခေါ်ခဲ့တာပါပဲ။ အခု ဦးလေးသားရဲ့အသက်ကို ကယ်ပေးနိုင်ခဲ့ပေမယ့် ဆရာက သူ့သားလေးရဲ့အသက်ကိုတော့ မကယ်ပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အခုလည်း သူ့သားရဲ့မျက်နှာကို နောက်ဆုံးမြင်ရမယ့် အသုဘအခမ်းအနားကို ပြန်ပြေးသွားတာပါပဲ။
ပုံပြင်ရဲ့အနှစ်ချုပ်ကတော့ တခါတလေမှာ ကျွန်တော်တို့တွေဟာ ကိုယ်ဖြစ်လိုတာကိုသာတွေးပြီး တဖက်လူရဲ့အခြေအနေမျိုးတေါကို ထည့်မတွေးမိတတ်ကြပါဘူး။ ကိုယ်က အရေးပေါ်သေရေးရှင်ရေးရယ်လိုဖြစ်နေချိန်မှာ ကိုယ့်ကို မကူညီခဲ့ရင် စိတ်ကွက်တတ်ကြပေမယ့် တဖက်လူမှာရော ဘယ်လိုအခက်အခဲတွေရှိနေမလဲဆိုတာမျိုးတွေ ထည့်တွေးပေးဖို့လိုပါတယ်။ အဲဒီလို ထည့်တွေးတတ်သွားမယ်ဆိုရင် အချို့သောကိစ္စတွေမှာ နောင်တရမယ့်အဖြစ်ကနေ ကင်းဝေး သွားမှာအမှန်ပါပဲနော်။
https://t.me/addlist/1GPuL4sUKQA0OTBl
341
ကဲ Editတေဘာတေစိတ်ဝင်စားရင်
Cmမှာ လုပ်ချင်တဲ့ပုံစံတေပြောခဲ့ပါဗျ။
Recအများဆုံးလူကို Edit အခမဲ့လုပ်ပေးမှာပါ။
Stop time:12.8.2024 ၊5:00P.M🎚
#Oli ✅
341
ဘုရားလောင်း ကျီးမင်း
📖📖📖📖📖📖📖📖
ဒီတစ်ပတ်မှာတော့ ဗုဒ္ဓဘုရားရှင် ကျီးမင်းဖြစ်ခဲ့စဉ်က ကျီးအပေါင်းအား အန္တရာယ်ဘေးမှ စွန့်စားအားထုတ်ကာကွယ်ခဲ့သော ဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာခင်ဗျာ …
ငှက်များတွင် ကျီးသည် လူနှင့်နီးကပ်စွာ ကျက်စားခွင့်ရသော်လည်း လူသားများ၏ မေတ္တာစေတနာကို ခံယူခွင့်မရကြပါ။ ကျီးများသည် မိမိတို့အား သဒ္ဓါကြည်ဖြူ ကျွေးမွေးမည့်လူသားများ မရှိသည့်အလျောက် လူတို့၏အစားအစာကို လစ်လျှင်လစ်သလို နှိုက်စွက်စားသောက် တတ်ကြသဖြင့် တချို့ကပင် ကျီးကန်းဟု ချိုးဖဲ့ခေါ်တတ်သည်။ အမြဲတစေ မျက်စိကိုဖွင့် နားကိုစွင့်ကာ ပါးနပ်လိမ္မာ လျင်မြန်ဖျတ်လတ်စွာ လူတို့အနီးအနားအပါး လှည့်လည်ကျက်စားသောငှက်မှာ ကျီးမျိုးဖြစ်သည်။
အချိန်ကား ဗာရာဏသီနေပြည်တော်တွင် ဗြဟ္မဒတ်မင်းကြီး နန်းစံနေချိန် မြတ်စွာဘုရားရှင်သည် ကျီးအပေါင်းတို့အားကိုးအားထားရာ ခေါင်းဆောင်ကျီးမင်း ဖြစ်နေခိုက်ဖြစ်၏။ တစ်နေ့သော်ခါ ဗြဟ္မဒတ်မင်းကြီး၏ ပုရောဟိတ်ပုဏ္ဏားကြီးသည် ဂင်္ဂါမြစ်မှာရေချိုးပြီးလျှင် နန်းတော်သို့အခစားဝင်ရောက်ရန် မွှေးကြိုင်ထုံသင်းနံ့သာများ လိမ်းခြယ်ကာ အဝတ်အစားသစ်များ ဆင်ယင်လာခဲ့၏။ လျှပ်ပေါ်လော်လည်သော ကျီးမိုက်တစ်ကောင်မှာ အသန့်အပြန့်အကောင်းကြိုက်သော ပုဏ္ဏားကြီး နန်းတော်မြို့ရိုးတံခါးသို့ဝင်လိုက်သည်နှင့် ထိပ်ပြောင်ပြောင် ဦးခေါင်းထက်သို့မစင်များစွန့်ချလေသည်။ ပုဏ္ဏားကြီးကလည်း ရုတ်တရက်မော့ကြည့်ရာ တံခါးတိုင်ပေါ်မှ ကျီးတစ်ကောင်ထပျံသွားသည်ကို တွေ့မိလိုက်သည်။ ပုရောဟိတ်ကြီး အမျက်ထွက်ကာ ‘‘ ဒါ .. တမင်သက်သက် ငါ့ကိုအရှက်ခွဲစော်ကားတာ .. သင်းတို့တစ်နေ့သိစေရမယ် ’’ ဟု တေးမှတ်ထား၏။
တစ်နေ့သ၌ မောင်းထောင်းစားရသော အလုပ်သမတစ်ယောက်သည် မောင်းထောင်းရန် စပါးများကို နေလှန်းထား၏။ စပါးခြောက်မည့်အချိန်စောင့်ရင်း ခေတ္တတုံးလုံးလှဲလိုက်ရာ အ်ိပ်ပျော်သွားသည်။
ထိုအချိန်တွင် ဆိတ်တစ်ကောင်မှ စပါးများကို လာစားကာ အတန်အသင့်စားပြီးချိန် အလုပ်သမ နိုးလာလျှင် ခြောက်လန့်နှင်ထုတ်၏။ နောက်နေ့တွင် ထိုဆိတ်မှ လှန်းထားသောစပါးများကို လာစားပြန်သည်။ နှစ်ရက်မှသုံးရက်ဆက်လာသော်ခါ အလုပ်သမလည်း သည်းမခံနိုင်အဆုံး မီးစနှင့်ကောက်ပေါက်လိုက်မိသည်။
မီးစသည် ဆိတ်ကိုထိမှန်ကာ အမွေးများမီးလောင်၍ ထိတ်လန့်တကြားပြေးခိုက် ဘုရင့်ဆင်တင်းကုပ်နားသို့ရောက်သွား၏။ဆင်ကျွေးသောမြက်များ သိုလှောင်ထားသောတဲကြီးအတွင်းရောက်သော် ဆိတ်မှာမိမိကိုယ်ပေါ်ကမီးငြိမ်းအလိုငြာ မိမိကိုယ်နှင့်ပွတ်သပ်လေသည်။ ဤအခါ လောင်သောမီးမငြိမ်းဘဲ မြက်များကိုမီးစွဲလေသည်။ ထိုမှတဆင့် ဆင်တင်းကုပ်ပါမီးလောင်ရင်း မင်းကြီး၏ဆင်ကြီးများပါ မီးစွဲကာဒဏ်ရာများရကြသည်။
နန်းတွင်းသမားတော်များသည် ဆင်တော်ကြီးများ၏ မီးလောင်နာကိုကြိုးစားကုကြရ၏။ ဒဏ်ရာများက ကြီးသဖြင့်တော်ရုံကုသ၍ မဖြစ်နိုင်။ ဗြဟ္မဒတ်မင်းကြီးမှာ ပညာရှိပုရောဟိတ်ထံ ကုသရန်နည်းလမ်းကို
‘‘ ပုရောဟိတ်ကြီး .. ဆင်တော်များ၏ မီးလောင်ဒဏ်ရာအတွက် ဆေးကုမမီနိုင်အောင်ဖြစ်နေရာ အခြားဆေးနည်းများရှိလျှင် ကြံဆလျှောက်ထားပါ’’ ဟုမေးမြန်းရာ မစင်စွန့်ချသောကျီးကို လက်စားချေလိုသော ပုရောဟိတ်ကြီးမှာ နည်းလမ်းရှာတွေ့သွား၏။
‘‘ မှန်လှပါ ဘုရား .. တခြားဆေးနည်းရှိပါကြောင်း .. လိုအပ်သောဆေးများက ကျီးများရဲ့အဆီသာဖြစ်ပါတယ် ဘုရား ..’’ ဟု လျှောက်ထားသည်။မင်းကြီးလည်း လျှောက်ထားချက်အတိုင်း ကျီးများအစုလိုက်အပြုံလိုက် မြားဖြင့်ပစ်ခတ်သေစေကာ မင်းချင်းများက ဖမ်း၍ရသောကျီးများကို မိုးဗြဲဒယ်ကြီးများဖြင့် ချက်ကြကြော်ကြ၏။ ထိုသို့ချက်ကြော်သော်လည်း ကျီးများထံမှ အဆီတစ်စက်မှမရရှိကြချေ။
ဤအကောင်များမှမရလျှင် နောင်အကောင်များ ရလိုငြားမျှော်လင့်ကာ ကျီးသတ်ပွဲကြီးကို ဆက်လက်ဆင်နွှဲကြပေသည်။ ထိုသတ်ပွဲကြီးမှ ကံထောက်၍ လွတ်မြောက်သော ကျီးတစ်ကောင်မှာ ဘုရားလောင်းကျီးမင်းရှိရာသုသာန်သို့အလျင်အမြန်ပျံကာ ခေါင်းဆောင်းကျီးမင်းထံ
ဖြစ်စဉ်အကုန်လျှောက်တင်၏။ ကျီးမင်းသည် မိမိ၏အမျိုးအဆွေများကိုကယ်တင်မည်ဟု ဆုံးဖြတ်ချက်ချပြီးလျှင် တရွှီးရွှီးလွှတ်တင်နေသော မြားများအကြားမှ ရဲဝံ့စွာပျံသန်းကာ ဗြဟ္မဒတ်မင်းကြီးနန်းဆောင်ပြတင်းပေါက်မှ ဝင်ရောက်လျက် မင်းကြီးထိုင်နေသော သလွန်အောက်မှာ ဝင်ခိုနေ၏။ မင်းချင်းများက ပစ်ခတ်ရန်ဟန်ပြင်ကြရာ မင်းကြီးမှ ‘‘ ဘေးလွတ်ရာလာခိုနေတဲ့ ကျီးတစ်ကောင်ကို မဖမ်းကြနှင့် ..’’ ဟု တားမြစ်လေသည်။
ကျီးမင်းသည် သလွန်အောက်၌ အတန်သင်အပန်းဖြေပြီး မင်းကြီးရှေ့မှောက်သို့ထွက်ကာ အတောင်နှစ်ဖက်တို့ဖြင့် အခစားဝင်ရောက်၍ ‘‘ အရှင်မင်းကြီး .. ကျီးအဆီနဲ့ဆေးကုဖို့ဆိုတာ ဘယ်ဆေးကျမ်းမှာမှ မပါဝင်ပါ။ ပုရောဟိတ်ကြီးက ကျီးများကိုရန်အငြိုးထား လျှောက်ထားတာဖြစ်ပါတယ်။ အမှန်တော့ ကျီးဆိုတဲ့အမျိုးဟာ အဆီရှာမရတဲ့သတ္တဝါသာဖြစ်ပါတယ် ဘုရား..’’ ဟု လျှောက်တင်သဖြင့် မင်းကြီးမှာ ‘‘အမောင်ရွှေကျီး.. ကျီးတွေမှာ ဘာကြောင့်အဆီမရှိရပါသလဲ’’ မေးရာ
https://t.me/addlist/1GPuL4sUKQA0OTBl
341
ခြင်္သေ့မင်းနှင့်ခွေးအ
ခွေးအတစ်ကောင်သည် ခြင်္သေ့ထံသို့ ရောက်လာပြီး "သတ္တိရှိရင် မင်း နဲ့ ငါ အားပြိုင်ရအောင်" စိန်ခေါ်သတဲ့။ ခွေးအရဲ့ စိန်ခေါ်ချက်ကို ခြင်္သေ့က လုံး၀ဂရုမစိုက်ဘဲ လျစ်လျူရှုလိုက်တယ်။ အဲဒီတော့ ခွေးအက "မင်းဟာ သရဲဘောကြောင်တဲ့အကောင်။ ငါ့ကိုတုန်နေအောင် ကြောက်တဲ့အကောင်ဆိုပြီး တစ်တောလုံးကို လျှောက်ပြောမယ်" ဆိုပြီး ခြိမ်းခြောက်လိုက်ပါတယ်။ အဲဒီအချိန်မှာ ခြင်္သေ့က မျက်မှောင်ကုတ်ပြီး "င့ါကို ကြောက်လို့ ပြောချင် ပြောကြပါစေ။ ခွေးအနဲ့ ရန်ပြိုင်ဖြစ်တဲ့အကောင်ဆိုပြီး အထင်သေးမခံနိုင်ဘူး" လို့ ပြန်ပြောလိုက်ပါတော့တယ်...
မတန်သူတွေနဲ့ ရန်မဖြစ်စတမ်းနော်......။
https://t.me/addlist/1GPuL4sUKQA0OTBl
341
ကမ္ဘာဟာ ခဗျားဖြစ်ကြောင်း
P-1 နားထောင်ရန်နိပ်ပါ🤩
P-2 နားထောင်ရန်နိပ်ပါ🤩
P-3 နားထောင်ရန်နိပ်ပါ🤩
P-4 နားထောင်ရန်နိပ်ပါ🤩
P-5 နားထောင်ရန်နိပ်ပါ🤩
#𝐎𝐰𝐧𝐞𝐫
341
"ရေထဲကလ"
P2 End
"အဆွေတော်ယုန်... တောထဲမှာ ဘာတွေဖြစ်နေကြတာလဲခဗျ"
အဲ့ဒီအခါယုန်က... "ဒီတော ကြီးကို မပျက်စီးအောင် ထိန်းသိမ်းထားတဲ့ အရာကြီး တောစပ်က ရေကန်ထဲမှာ နစ်နေလို့တဲ့..."
"အဲ့ဒါကြီး အပေါ် ပြန်မရောက်ရင် ဒီတော ကြီး ပျက်စီးပြီ...တောကြီးမပျက်စီးခင် သိမ်းစရာရှိတာ အမြန်သိမ်းထားပါ" လို့ ပြောလိုက်သတဲ့
ဇီးကွက်ကလည်းဘာမှမရေမရာဖြစ်နေတာကြောင့်...
တောဝက်ကြီးကို..သွားမေးတယ်သတဲ့...
ဒီမှာ ...တောဝက် တောတဲမှာဘာတွေဖြစ်နေတာလဲ
တောဝက်ကနေပြန်ဖြေတယ်..."မကောင်းဆိုးဝါးတွေက ဒီတောကိုသိမ်းပိုက်လိုက်လို့ဒီတောကြီးညဆို..အလင်းရောင်မရတော့ဘူးတဲ့ဗျ... တောစပ်က ရေကန်တည်းမှာတော့ မကောင်းဆိုးဝါးကို နိုင်မဲ့သူ ရေနစ်နေတယ်ဆိုလို့...
အချို့ သွားဆယ်နေကြတယ်"
ဇီးကွက် လည်းမတင်မကျစကားတွေက စစ်မှန်တဲ့ နည်းလမ်းကို မပေးနိုင်ဘူးဆိုတာသိတာကြောင့်...
ပြဿနာရဲ့အရင်းမြစ်ဖြစ်တဲ့...
တောစပ်ကရေကန်လေးကိုသွားကြည့်မှ သင့်တော်မယ်လို့ တွေးမိတယ်..
ဒါကြောင့် ရေကန်လေးဆီကို ထွက်လာခဲ့တယ်..
ရေကန်လေးဆီကိုရောက်တယ်ဆိုပေမဲ့ ရေတွေခပ်နေတဲ့ ဆင်ကိုတွေ့တဲ့အခါ..
အဆွေဆင်.. "ရေကန်တည်းကရေတွေ ဘာလို့ခပ်ထုပ်နေတာတုံး"
ဆင်ကလည်း.. "မသိပါဘူးကွာ
မျောက်က ရေတွေအကုန်ခပ်ပေးပါဆိုလို့ ခပ်နေတာလို့ "
မျောက်ကိုသွားမေးတော့ "လ"ကြီးက ရေနစ်နေတယ်အကြောင်းသိရတာပေါ့.....
အဖြစ်မှန်ကိုသိရတဲ့အခါ ဇီးကွက် က အားရပါးရ ရယ်တယ်...
ကျုပ်အစာရှာထွက်တဲ့တစ်လျှောက်လုံး "လ"က ကျုပ်နဲ့အတူလိုက်နေတာဗျ... ရေထဲမှာလပေါ်နေတာက လ ရဲ့အရိပ်သာဖြစ်ပြီး တကယ့်လ မဟုတ်ကြောင်း ကောင်းကင်ကိုလည်း မော့ကြည့်ခိုင်းပြီး လဟာ အပေါ်မှာပဲရှိနေကြောင်းကို သေချာရှင်းပြကာမှ အခြား တိရစ္ဆာန် တွေလည်း ကောင်းကင်ပေါ်က လ ကြီးကို သတိ ထားမိကြတယ်"
အဲ့ဒီတော့မှ ရေကန်တည်းက "လ"ဟာ..အရိပ်ဆိုတာသိသွားတာပေါ့...
ပုံပြင်လေးကတော့ဒါပါပဲရှင် ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်
"ဒီပုံပြင်လေးရဲ့ သင်ခန်းစာကတော့
လောကမှာ
လူတော်တော်များများက
ကိုယ်တိုင်မမြင်မတွေ့ဘူးပါပဲနဲ့
တခြားလူတွေစကားနဲ့တင်
လမ်းဆုံးရောက်တက်ကြပါတယ်ကိုယ်တိုင်လေ့လာပြီး
ကိုယ်ပိုင်ညာဏ်နဲ့ကိုယ်ပိုင်အသိနဲ့
ပိုင်းခြားကြည့်ဖို့
မေ့နေတက်ကြပါတယ်
ဒါကြောင့် ဘယ်အရာမဆို
ကိုယ်ပိုင်ညာဏ်နဲ့ကိုယ်ပိုင်အသိတရားနဲ့
စဥ်းစားဆင်ခြင်တွေးခေါ် ကြရပါမယ်"
https://t.me/addlist/1GPuL4sUKQA0OTBl
341
"ရေထဲကလ"
P 1
ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ညတညမှာ
မျောက်ကလေးတစ်ကောင်ဆော့ကစားရင်းနဲ့ ရေကန်လေး တစ်ခုနားကိုရောက်ခဲ့တာပေါ့
ရေကန်လေးထဲ ကြည့်မိလိုက်တဲ့အခါ ရေကန်ထဲက လရိပ်ကိုမြင်သွားသတဲ့ အဲ့ဒီမှာ မျောက်ကလေးလဲ အလန့်တကြား ဖြစ်သွားလေတယ်
"ဟာ ရေထဲမှာ လရှိနေတာပါ့လား လဟာ ရေနစ်နေတယ် ထင်တယ် ငါအမြန်ပဲတခြားလူတွေကိုပြောပြရမယ်" ဆိုပြီး မျောက်ကလေးဟာ ချက်ချင်းပဲ တောထဲကို အမြန်သွားပြီး "လ"ရေနစ်နေတဲ့အကြောင်းကို.....လိုက်ပြောတော့တာပေါ့ကွယ်....
အဲ့ဒီမှာတင် အိပ်စက်အနားယူနေတဲ့ တိရစ္ဆာန်တွေဟာ အလန့်တကြား ဖြစ်ကြရင်း တစ်ဆင့်စကား တစ်ဆင့်ကြားရင်းတစ်တော လုံးပြန့်နှံ့သွားတာပေါ့ကွယ်
ဆင်ကပြောသတဲ့ " လကြီးမရှိတော့ရင် ညပိုင်းအလင်းမရှိရင်ဘယ်လိုလုပ်ကြမလဲ "
ခွေးအက ပြောသတဲ့ " ဒီလကြီးမရှိတော့ရင်... တော ကြီးဟာ ပျက်စီးသွားမှာသေချာနေပြီ"
တခြားတိရစ္ဆာန်များကလဲပြောတာတွေနားထောင်ရင်းအမျိုးမျိုးကြောက်လန့်နေကြတာပေါ့ကွယ်
ဆင်အုပ်ရဲ့ခေါင်းဆောင်က လကိုကယ်ဖို့ ကန်ထဲကရေတွေထုတ်ကြလောဟု အမိန့်ပေးသတဲ့
ဆင်ခေါင်းဆောင်နဲ့သူ့အပေါင်းအပါတွေဟာ နှာမောင်း တွေနဲ့ ကန်တည်းက ရေကို စုပ်ယူပြီးတော့ အပြင်ကို ခပ်ကြတယ်
မြေခွေးတွေဝက်ဝံတွေကလည်း ရေမြောင်းတွေဖောက်ကြတယ်..
မျောက်အုပ်ကလည်း ကြိုးတွေရှာကြတာပေါ့
ညပိုင်း မှာအစာရှာထွက်လေ့ရှိတဲ့ ဇီးကွက်ကြီးက အစာရှာပြီးတော့ ပြန်လာတော့ တစ်တောလုံး အလုပ်ရှုပ်နေတာမြင်တွေ့တော့ အံ့ဩ သွားရတာပေါ့
ဒီကောင်တွေ ညပိုင်း အိပ်စက်တဲ့ သတ္တဝါ တွေဆိုတာသူသိပါတယ်
ဒါပေမဲ့ထူးထူးခြားခြား တစ်တောလုံး အလုပ်ရှုပ်နေတာမြင်တွေ့တော့
တစ်ခုခုထူးရှားနေပြီဆိုတာသိလိုက်တယ်
အဲ့ဒီလိုနဲ့ တော ပြောင်းတော့မဲ့ ယုန်လေးကို ဇီးကွက်ကမေးလိုက်တယ်
P2စောင့်ပေးပါဗျ
https://t.me/addlist/1GPuL4sUKQA0OTBl
341
ဒီနေ့အတွက်ပုံပြင်လက်ဆောင်
ပုံပျက်သွားသော ရိုးသားမှု(အာရပ်ပုံပြင်)
🦄🦄🦄🦄🦄🦄🦄🦄
တစ်ခါတုန်းက အာရပ်ကုန်သည်တစ်ဦးမှာ သန်မာလှတဲ့ မြင်းတစ်
ကောင်ရှိတယ်။
အဲ့ဒီမြင်းဟာ တစ်နေ့အတွင်းမိုင်ပေါင်းများစွာ ခရီးတွင်အောင်သွားလာနိုင်တာမို့...
ပိုင်ရှင်ကုန်သည်က အလွန်မြတ်နိုးလွန်းတယ်လို့ဆိုတယ်။
အဲ့ဒီအဖိုးတန်မြင်းကို ကုလားအုပ်တစ်ကောင် ပိုင်ဆိုင်ထားတဲ့ ဒုတိယကုန်သည်တစ်ဥက မျက်စိကျနေတယ်။
တစ်နေ့မှာ ကုလားအုပ်ပိုင်းရှင်က မြင်ပိုင်ရှင်ကို ကုလားအုပ်နဲ့ မြင်းနဲ့ လဲရအောင်ဆိုပြီး စကားကမ်းလှမ်းပါတယ်။
မြင်းပိုင်ရှင်က ငြင်းပြန်တယ်။ကုလားအုပ်ပိုင်ရှင်က သူ့မှာရှိသမျှ စည်းစိမ်တွေနဲ့ လဲမယ်လို့တောင်းဆိုပြန်တယ်။
မြင်းပိုင်ရှင်က ဒီမြင်းဟာ ကျနော့်ဘဝအတွက် အကောင်းဆုံးအဖော်အမွန်...။
ကျနော်အသက်ရှင်နေသ၍ ဒီမြင်းကို ဘယ်လိုအရာမျိူးတွေနဲ့မှ မလဲနိုင်ဘူး လို့ ဆိုလိုက်တယ်။
ကုလားအုပ် ပိုင်ရှင်က မြင်းကို အလွန်နှစ်သက်မိတာကြောင့် မြင်းကို ပိုင်ဆိုင်ရနိုင်ဖို့ အမျိူးမျိူး အကြံထုတ်ပါတော့တယ်။
တစ်နေ့မှာ ကုလားအုပ်ပိုင်ရှင်က အဝတ်အစားအစုပ်အပြတ်ကို ဝတ်ဆင်ပြီး မြင်းပိုင်ရှင် လာရာ လမ်းတစ်နေရာမှာ ဖျားနာချင်ရောင် ဟန်ဆောင်ပြီး လှဲလျောင်းနေခဲ့တယ်။
မြင်းပိုင်ရှင်က လှဲနေတဲ့သူကို တွေ့တဲ့အခါ မြင်းပေါ်က အလျှင်အမြန်ဆင်းပြီး ဖျားနေတဲ့သူကို မြင်းပေါ်ပွေ့တင်လိုက်တယ်။
ဟန်ဆောင်လဲ နေတဲ့ ကုလားအုပ်ပိုင်ရှင်ဟာ မြင်းပေါ်ရောက်တာနဲ့ အကောင်းပကတိလို ဖြစ်သွားပြီး မြင်းပိုင်ရှင်ကို
"ဒီမြင်း ကို ပိုင်ဆိုင်ရဖို့ ကျနော်အမျိုးမျိူး အကြံထုတ်ခဲ့တယ်။တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လဲခဲ့တယ်။ ခင်ဗျားလက်မခံခဲ့ဘူး။အခု ကျနော်မြင်းပေါ်
ရောက်နေပြီ ဒီမြင်းကို ကျနော် ပိုင်သွားပြီ..."လို့ ပြောလိုက်ပါတယ်။
မြင်းပိုင်ရှင်က.....
ကောင်းပြီလေ မြင်းကိုခင်ဗျားပိုင်သွားပြီပေါ့ ၊ဒါပေမဲ့ ခင်ဗျား ထွက်မသွားခင် ကျွန်တော် စကားတစ်ခွန်းပြောချင်သေးတယ်။
ဒီစကားကို ခင်ဗျား အသေအချာ မှတ်ထားပါ။
မြင်းကို ကျနော် ပိုင်ပြီလို့ တစ်ခွန်းမကဘူး ကြိုက်သလောက် ပြောလို့ရပါတယ်။
တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျားဘယ်က ရခဲ့သလဲလို့မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့ ၊ခင်ဗျား ဒီစကားကို မှတ်ထားပေးပါ။
အဲ့ဒီလို ပြောတော့ ကုလားအုပ်ပိုင်ရှင်က နားမလည်စွာနဲ့ ပြန်မေးတယ်
ဘာဖြစ်လို့လဲ ပေါ့...
မြင်းပိုင်ရှင်က. ....
ဒီမြင်းကို ဘယ်လိုရလဲ ဆိုတဲ့ အကြောင်းအမှန်ကို ခင်ဗျားပြောခဲ့ရင် နောင်တစ်ချိန်မှာ လမ်းဘေးမှာ ဖျားလို့ လဲနေတဲ့သူကိုတွေ့ရင် ဘယ်သူက ကယ်ရဲတော့မှာလဲ ဗျာ...
မြင်းပိုင်ရှင်ရဲ့ ရှင်းပြတဲ့ စကားကို ကြားလိုက်ရတဲ့ ဒုတိယကုန်သည်
ဟာ တစ်ခဏမျှ စွန့်အ သွားတယ် အဲ့ဒီနောက် ရှက်ရွံ့ အားနာပြီး မြင်းပေါ်က ခုန်ဆင်းကာ မြင်းပိုင်ရှင်ကို တောင်းပန်တယ် ။
ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျနော့်ရဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင် လုပ်ခဲ့တယ်။ အရှက်တရားနဲ့ နောင်တတွေ ရလိုက်ပါတယ်။ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ။
ကျနော့်ကို ခွင့်လွှတ်ပါဗျာ....တဲ့..."
ရိုးသားမှု ဆိုတာ လောဘရမ္မက်ကြောင့် ဘာကြောင့်၊ ညာကြောင့်
အချိန်မရွေးပုံပျက်သွားနိုင်တယ်။
ပုံပျက်ခဲ့ဘူးပေါင်းလည်း များစွာကြုံဘူးကြလိမ့်မယ်။
မကြုံပါဘူးလို့ပြောပြီး မရိုးမသားတော့ မလုပ်မိစေပါနဲ့...
အဲ့ဒီလိုလုပ်မဲ့အစား မိမိမရိုးမသားလုပ်လိုက်မိတာကို မိရိုးသားလိုက်မိမှန်း မှန်စွာသိပြီး အလျင်အမြန် ပြုပြင်ရိုးသားမယ်ဆို ပုံပျက်သွားတဲ့ ရိုးသားမှုဟာ ပြန်လည်တည့်မတ်လာပါလိမ့်မယ်....။
Credit to original
https://t.me/addlist/1GPuL4sUKQA0OTBl
341
မဖြစ်နိုင်တဲ့ အလုပ်
🏹🏹🏹🏹🏹🏹🏹🏹🏹
လွန်ခဲ့တဲ့ သုံးရာစုနှစ်လောက်က တရုတ်နိုင်ငံက စစ်တိုက်တာ အင်မတန်တော်တဲ့ စစ်သူကြီးချူဟာ ဘုရင် မကြိုက်တာတစ်ခုကို လုပ်မိလိုက်တယ်။ ဘုရင်က အမျက်တော်ရှပြီး သူ့ကို ခုလို အမိန့်ချလိုက်ပါတယ်။
"၃ ရက်အတွင်း မြားအစင်း တစ်သိန်းလုပ်ပေးရမယ်။ မလုပ်ပေးနိင်ရင် ခေါင်းဖြတ်သတ်ခံရမယ်"တဲ့။
အဲဒီအချိန်မှာ အင်အားကြီးမားတဲ့ ရန်သူဟာ သူတို့မြို့ကို သိမ်းဖို့ ရေကြောင်းကနေ ချီတက်လာရင်း မြို့နားရောက်ခါနီး မြစ်ကမ်းစပ်တစ်နေရာမှာ စခန်းချနေပါတယ်။ ဘုရင့်မှာ အဲဒီရန်သူကို ပြန်တိုက်ဖို့ မြားတွေ အများကြီး လိုအပ်နေပါတယ်။
စစ်သူကြီးချူက ၃ ရက်အတွင်း မြားအစင်း တစ်သိန်းလုပ်ပေးပါမယ်လို့ ဘုရင်ကို ပြန်လျှောက်လိုက်တယ်။ တကယ်တော့ မြားအစင်း တစ်သိန်းလုပ်ပေးဖို့ သူ့မှာ ဝါး၊ အလုပ်သမား အလုံအလောက် မရှိသလို ၃ ရက်ဆိုတဲ့ အချိန်တိုလေးမှာ ပြီးဖို့ဆိုတာ ပိုပြီး မဖြစ်နိုင်သေးတယ်။
ဒါပေမဲ့ သူ အသက်အသေမခံနိုင်လို့ အဲဒါကို ရွေးချယ်လိုက်တယ်။ စစ်သူကြီးဟာ တညလုံး မအိပ်ဘဲ ဘာလုပ်ရမလဲလို့ အကြံထုတ်တယ်။
မိုးလင်းခါနီးမှာ အကြံတစ်ခုရလိုက်တယ်။
စစ်သူကြီးချူဟာ သူ့စစ်သားတွေကို ရွက်သင်္ဘောတွေ၊ လှေတွေရဲ့ ဘေးတွေမှာ ကောက်ရိုးထုံးတွေကို ချည်ခိုင်းလိုက်တယ်။
ကုန်းပတ်အပေါ်တွေမှာလည်း ကောက်ရိုးထုံးတွေနဲ့ ဖုံးအုပ်ခိုင်းလိုက်တယ်။ ရွက်တွေကိုလည်း ကောက်ရိုးမျှင်တွေနဲ့ ကာခိုင်းလိုက်တယ်။
နောက်တစ်နေ့ ညနေ နေဝင်ခါနီး နှင်းတွေ ထူထူထဲထဲ ကျနေချိန်ုမှာ စစ်သူကြီးက ရွက်သင်္ဘောတွေ၊ လှေတွေကို မြစ်ကြောင်းအတိုင်း ရန်သူ့စခန်းနားကို ချီတက်ခိုင်းလိုက်တယ်။
ရန်သူဟာ နှင်းထုတွေကြားက မသဲမကွဲ မြင်ရတဲ့ မည်းမည်းအကြီးကြီးတွေဟာ စစ်သူကြီးချူရဲ့ ရွက်သင်္ဘောတွေ လှေတွေလို့ ရိပ်မိပေမယ့် ရေပြင်ကို ထွက်မတိုက်ရဲဘူး။
ဘာကြောင့်လဲဆိုတော့ စစ်သူကြီးချူဟာ စစ်ရေးပရိယာယ် အင်မတန် ကြွယ်ဝတယ်ဆိုတာကို သူတို့ သိထားကြလို့ပါ။
ဒီတော့ ရန်သူဟာ စစ်သူကြီးရဲ့ သဘောင်္တွေ သူတို့စခန်းနား ကပ်မလာနိုင်အောင် မြားတွေနဲ့ ပစ်ကြတယ်။
သင်္ဘောတွေကလည်း စခန်းနား ကပ်နိုင်သလောက် ကပ်ကြတယ်။ ရန်သူလည်း ကြောက်လန့်ပြီး ရှိသမျှ မြားတွေ ပစ်လွှတ်ကြတယ်။
မိုးချုပ်တော့ စစ်သူကြီးချူက သင်္ဘော လှေတွေကို မြို့ကို လှည့်ပြန်ခိုင်းလိုက်တယ်။
မနက်ရောက်တော့ စစ်သားတွေဟာ သင်္ဘော လှေတွေပေါ်က ကောက်ရိုးထုံးတွေမှာ စိုက်နေတဲ့ ရန်သူ့မြားတွေကို နူတ်ယူပြီး စစ်သူကြီးချူဆီမှာ အပ်နှံကြတယ်။
စစ်သူကြီးက ဘုရင့်ထံ မြားအစင်း တစ်သိန်းကို ၃ ရက်အတွင်း ပေးအပ်လိုက်နိုင်လို့ ဘုရင်က သူ့ကို အသက်ဘေးက ကင်းလွှတ်ခွင့်ပေးလိုက်ပါတယ်။
အလုပ်တစ်ခုဟာ ကြီးမားခက်ခဲလွန်းလို့ စစချင်းမှာ မဖြစ်နိုင်ဘူးလို့ ထင်စရာပါ။ ဒါပေမဲ့ သင့်ဦးနှောက်ကို အပြည့်အဝ အသုံးချပြီး ဖြစ်နိုင်တဲ့ နည်းလမ်းကို စဉ်းစားရင် လုပ်လို့ရမယ့် နည်းလမ်းကို ရှာတွေ့ပါလိမ့်မယ်။
(အထိရောက်ဆုံးနည်းက သင် အဲဒီနည်းလမ်းကို မရရင် အသက်သေတော့မယ်လို့ သဘောထားစဉ်းစားပါ။ သေချာပေါက် အဖြေကို ရှာရပါလိမ့်မယ်)။
https://t.me/addlist/1GPuL4sUKQA0OTBl
341
ကြင်နာသူနဲ့ရက်စက်သူ
တခါက မြင်းပိုင်ရှင် လူနှစ်ယောက်ရှိပြီး ပထမမြင်းပိုင်ရှင်ဟာ အပြောအဆိုကြမ်းတမ်းပြီး ရက်စက်ပြီးမညှာတာတတ်သူဖြစ်ပါတယ်။ ဒုတိယမြင်းပိုင်ရှင်ကတော့ သူ့ရဲ့မြင်းအပေါ်ကြင်နာဂရုစိုက်ပြီး ကြင်နာတတ်သူဖြစ်ပါတယ်။ တစ်နေ့သောအခါမှာ မြင်းပိုင်ရှင်နှစ်ဘောက်ရဲ့တိုင်းပြည်ကို အခြားတစ်နိုင်ငံက လာရောက်တိုက်ခိုက်ခြင်းကို ခံကြရပါတယ်။ သူတို့နှစ်ဦးလည်း ဘုရင့်အမိန့်အရ အခြားသော ယောကျ်ားများနဲ့အတူ စစ်တိုင်ဖို့ရာ ထွက်ကြရပါတော့တယ်။ သူတို့ကိုယ်စီပိုင် မြင်းများကို စီးနင်းလျက် စစ်မြေပြင်ကို ထွက်ခဲ့ကြပါတယ်။ ရန်သူများနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့အခါ ရန်သူများဘက်က အားသာသဖြင့် မြင်းပိုင်ရှင်၂ဦးလုံးပင် အရေးနိမ့်ကာ ထိခိုက်ဒဏ်ရာရကြပါတယ်။ စစ်ပွဲအလယ်မှာ မြင်းပေါ်က ကိုယ်စီကိုယ်ငှ ပြုတ်ကျခဲ့ကြပါတော့တယ်။ အဲဒီ့အခါမှာ ကြင်နာတတ်သူမြင်းပိုင်ရှင်ရဲ့မြင်းဟာ သခင်ဖြစ်သူကို ခါးလည်မှခါးပတ်ကိုကိုက်ချီလျက် စခန်းရှိရာဆီ အပြေးနှင်လာခဲ့ပါတော့တယ်။ ရက်စက်ကြမ်းတမ်းသူရဲ့မြင်းကတော့ သူ့ရဲ့မြင်းပိုင်ရှင် မြင်းပေါ်က ပြုတ်ကျသွားတဲ့အခါမှ ပြန်လည်ပြီး မြင်းဆီအရောက်သွားကာ စခန်းသို့ပြန်ရန်ကြိုးစားသော်လည်း မြင်းမှာ မိမိပိုင်ရှင်ဖြစ်သူမှာမိမိကို ရိုက်နှက်ကန်ကြောက်တော့မယ်ဟု အထင်ရောက်လျက် ပိုင်ရှင်ကို အကပ်မခံဘဲ ထွက်ပြေးပါတော့တယ်။ နောက်ဆုံးမှာတော့ ရန်သူလက်ချက်ဖြင့် ရက်စက်သူမြင်းပိုင်ရှင်မှာ အသက်သေဆုံးသွားရပါတော့တယ်။ ဒီပုံပြင်လေးမှာလည်း လူမပြောနဲ့ တိရိစ္ဆာန်တောင်မှ ရက်စက်သူနဲ့ ကြင်နာသူအပေါ် တုံ့ပြန်ပုံခြင်းမတူဘူးဆိုတာကို ပြသသွားတာဖြစ်ပါတယ်။ အကြင်နာတရားထားရင် ကိုယ့်ရဲ့အကြင်နာတရားကိုတိရိစ္ဆာန်တောင်မှ နားလည်တယ်ဆိုတဲ့သဘောပါပဲ။
https://t.me/addlist/1GPuL4sUKQA0OTBl
