548
Subscribers
No data24 hours
-107 days
-4330 days
Posts Archive
စက်ဆရာကောင်းတွေရှားပါးလာရခြင်း
အချက်(၂)ချက်
1.စီးပွားရေးသမားတွေကြောင့်
2.လူငယ်တွေအများစုဟာ ပင်ပန်းပြီးခက်ခဲတဲ့အလုပ်ကိုစိတ်မ၀င်စားခြင်း
1.စီးပွားရေးသမားတွေကြောင့်
ခုနောက်ပိုင်း workshopတွေ တနေ့ထက်တနေ့များလာသလို တကယ့် professional စက်ပြင်တွေမရှိတဲ့
ရုံတွေလည်းပေါသထက်ပေါလာပါတယ်...
အဓိကတော့ professionalတစ်ယောက်ကို
စီးပွားရေး အမြင်ရှိတဲ့ လုပ်ငန်းရှင်အများစုက
မလိုအပ်တော့တာမလို့ပါ...
တစ်လငါးသိန်းပေးပြီး လူတစ်ယောက်ကိုခိုင်းရတာထက် တစ်လငါးသိန်းနဲ့ငါးယောက်ကိုခိုင်းရတာဟာပိုသဘောကြလာကြတာပါ...
ဒါမကောင်းရင်ဒါဖြုတ်လဲပေး အဓိက Spare Parts
ရောင်းစားဖို့ချောင်းတဲ့ နေရာကပိုများလာပါတယ်
တစ်ချို့နေရာတွေမှာဆို ဒီspare partကောင်းလား
ပျက်နေလား စက်ပြင်က စစ်ဆေးခွင့်တောင်မရှိပါဘူး ဖြုတ်ခိုင်းမယ် အသစ်တပ်ခိုင်းပြီး spare partဖိုးနဲ့လက်ခဖိုး တောင်းမယ် ဒီလိုနေရာတွေ
တော်တော်များများကိုတိုင်လည်း ကြုံဖူးပါတယ်...
2.လူငယ်တွေအများစုဟာ ပင်ပန်းပြီးခက်ခဲတဲ့အ
လုပ်ကို စိတ်မ၀င်စားကြတော့ပါဘူး သန့်သန့်ပြန့်ပြန်နဲ့ သကျသကျသာသာလုပျရတဲ့အလုပျကျိုပဲ
လုပ်ချင်ကြတော့တယ်...
ဟိုတလော ကသတင်းသတင်းတစ်ပုဒ် ဖတ်မိပါတယ် ဂျာမနီနိုင်ငံမှာ စက်ပြင်ပညာ လိုက်စားတဲ့
လူငယ်တွေအရမ်းရှားပါးလာလို့
စက်ဆရာတစ်ယောက်က သူ့ဆီမှာအလုပ်လုပ်တဲ့
လူငယ်ကို သတ်မှတ်တဲ့နှစ်အထိ အလုပ်လုပ်နိုင်ရင်
သူ့ရဲ့တန်ဖိုးကြီးတဲ့ကား တစ်စီးကို လက်ဆောင်ပေးမယ်ဆိုပြီး ကြော်ငြာတာတွေ့ရပါတယ်....
စက်ပြင်တဲ့ပညာက လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး
ပြင်ပမှာ ဘာပညာ ဘာဘွဲ့ကြီးပဲရလာရလာ
တကယ့်လက်တွေ့လုပ်ငန်းခွင်ထဲ နှာဖူးကနေ ခြေမအထိ ခွေှပွနျ အောင်လုပ်မှ တကယ် ပညာရဲ့အနှစ်တွေရတာပါ...ဆီကပေ ...ခါးကနာ..နှာဖူးကပြဲ
လက်ကအမာရွတ်နဲ့ နှစ်ရှည် လများ ကြိမ်ဖန်များစွာ
စာတွေ့ လက်တွေ့သင်ယူလေ့ကျင့်မှသာလျှင်
ယုံကြည်အားကိုးလို့ရတဲ့ စက်ပြင်အဆင့်ကိုရောက်လာတာပါ...တော်ယုံတန်ယုံမတောက်တခေါက်ဝါသနာနဲ့ဆို အကုန်လုံးထွက်ပြေးတာများပါတယ်...
ဒီလိုအခက်ခဲတွေ ကြောင့်လည်း professional mechanic တစ်ယောက် ဖြစ်ဖို့မလွယ်တာပါ
အဆိုးထဲကအကောင်းပြောရမယ်ဆိုရင်တော့
ဒိလိုခက်ခဲ ကြမ်းတမ်းတဲ့ပညာရပ်ကို ကျွမ်းကျင်ပြီဆိုရင်လည်း ဘယ်နိုင်ငံ ဘယ် ဒေသပဲရောက်ရောက်လခ ကောင်းကောင်းနဲ့အလုပ်တစ်ခုရဖို့ကလွယ်ကူပါတယ်..ဘာလို့ဆို လူတိုင်းကို ခေါ်ခိုင်းလို့မရတဲ့လုပ်ငန်းခွင်မို့လို့ပါပဲ...
စက်ပြင်ဝါသနာရှင်အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ကြပါစေ..
DJ ကို online Update ပေးလို့ရအောင်
Updateလုပ်ထားပါတယ်။
MI7 အတွက်သီးသန့်ရေးထားတာပါ။
နောက်တစ်ပါတ်ထဲ တင်ပေးပါ့မယ်။
Cloud Server ဝယ်ထားရတာမို့
Update ကြေးလေးတော့ယူပါ့မယ်။
