548
Subscribers
No data24 hours
-107 days
-4330 days
Posts Archive
ပညာရှိတွေရှိမှ နိုင်ငံတိုးတက်မည်
--------------------------------------------------
- ပညာတတ်၊
- ပညာရှင်၊
- ပညာရှိ..
ဒီသုံးခုဟာ တစ်ခုနဲ့တစ်ခု မတူဘူး။
#ပညာတတ် ဆိုတာက ပညာရပ်တစ်ခုခုကို တတ်မြောက်ထားတာကို ခေါ်တာ။
#ပညာရှင် ကျတော့ တတ်မြောက်ထားတဲ့ ပညာရပ်အပေါ်မှာ ကျွမ်းကျင်နေတာမျိုးကို ခေါ်တာ။
#ပညာရှိ ကတော့ ပညာလည်းတတ်တယ်၊ ပညာရှင်လည်းဖြစ်တယ်၊ နောက်ပြီး ဒီပညာရပ်ဟာ လူတွေအတွက် ဘာကောင်းကျိုးရှိနေလဲဆိုတာကို ခဏခဏတွေးနေတဲ့ လူမျိုးကို ခေါ်တာပါ။
ပညာတတ်တိုင်း ပညာရှင်မဖြစ်နိုင်ဘူး။ ပညာရှင်ဖြစ်တိုင်းလည်း ပညာရှိမဖြစ်နိုင်ဘူး။
ပညာရှိဖြစ်ဖို့ ပညာတတ်ရမယ်၊ ပညာရှင်လည်း ဖြစ်ရမယ်။ ပညာရှိတွေ မရှိဘူးဆိုရင် ငါးပါးမှောက်ရလိမ့်မယ်။
လူတွေရဲ့ သဘာဝအတိုင်း ပညာမတတ်ရင် နှိမ်တတ်ကြတာကို သတိထားပါ။ လူသားအကျိုးပြုတဲ့ ဘယ်ပညာရပ်ကိုမဆို ကျွမ်းကျင်အောင် သင်ထားပါ။ နောက်ပြီး စာဖတ်ပါ။ ပညာတတ်တိုင်း စာဖတ်တတ်တယ် မထင်နဲ့၊ တချို့က စာမဖတ်ဘူး။ ဒီတော့ စဉ်ဆက်မပြတ် စာဖတ်ပါ။ နေ့ညမပြတ် စာဖတ်ပါ။
လူ့အဖွဲ့အစည်းတစ်ခုမှာ ပညာတတ်များပြီး ပညာရှင်မပေါ်ထွန်းရင် ဒီလူ့အဖွဲ့အစည်းဟာ တိုးတက်လာဖို့ ဝေးပါတယ်။
အဲဒီလိုပဲ ပညာရှင်တွေရှိပြီး နောင်လာမယ့်မျိုးဆက်သစ်တွေကို ပညာရှိတွေဖြစ်အောင် မစွမ်းဆောင်ပေးနိုင်ရင်လည်း ဒီလူ့အဖွဲ့အစည်းထဲမှာ လူတစုကိုပဲ ကောင်းစားသွားစေနိုင်ပါတယ်။
ဒါ့ကြောင့် ပညာတတ် ပညာရှင် ဖြစ်နေပေမယ့်လည်း ပညာပြည့်ဝ နှလုံးလှဖို့ရာ အကောင်းအဆိုး ဘေးထွက်ဆိုးကျိုး ကောင်းကျိုးမှန်သမျှကို ဆင်ခြင်နိုင်စွမ်းရှိတဲ့ "ပညာရှိ" ဖြစ်ဖို့လည်း လိုသေးတယ်။
တက္ကသိုလ်ဘုန်းနိုင်
Microsoft က Windows ကို ထွင်တယ်။ Amazon က E-commerce ကို ပီပြင်အောင် အသက်သွင်းတယ်။ Netflix က Streaming ကို လုပ်ပြတယ်။
ဒီလိုမျိုး အရင်က ပီပီပြင်ပြင် မရှိသေးတဲ့ နည်းပညာတွေကို အစပြုဖော်ထုတ်ပြီး အောင်မြင်သွားသူတွေ ရှိကြသလိုပဲ...
Google က နောက်မှလိုက်လုပ်ပြီး Yahoo ကို ကျော်တက်သွားတယ်။ Facebook က နောက်မှ လိုက်လုပ်ပြီး MySpace တို့ Friendster တို့ကို ကျော်တက်သွားခဲ့တယ်။
First Mover Advantage တို့ Second Mover Advantage တို့ပေါ့။ ဒါတွေတင်မကပါဘူး...
တော်တော် နောက်ကျပြီးမှ လိုက်လုပ်ပေမယ့် Chrome က IE, Firefox, Safari တို့ကို ကျော်တက်သွားတယ်။ Blackberry, Symbian, iOS တို့ရဲ့ နောက်မှ ထွက်ပေါ်ပေမယ့် Android က ဈေးကွက် ထက်ဝက်ကျော် ယူထားနိုင်တယ်။
ဒါကြောင့် အရင်ဆုံး စလုပ်တာတွေ၊ နောက်မှလိုက်လုပ်တာတွေ၊ တော်တော် နောက်ကျပြီးမှ လိုက်လုပ်တာတွေဟာ အဓိက မဟုတ်ကြပါဘူး။ အားလုံးမှာ အားသာချက် အားနည်းချက် ကိုယ်စီနဲ့ပါပဲ။
ဥပမာ - အရင်ဆုံး လုပ်တဲ့သူက ဈေးကွက်ထဲမှာ အရင် နေရာဦးနိုင်ပေမယ့်၊ နောက်မှလိုက်လုပ်သူက အရင်လူရဲ့ အမှားတွေ လိုအပ်ချက်တွေကို ကြည့်ပြီး ပိုကောင်းအောင် လုပ်နိုင်တယ်။
"ပိုကောင်းအောင်" ဆိုတာ အဓိကပါပဲ။ အရင်ပဲ လုပ်လုပ် နောက်မှပဲ လုပ်လုပ် ပိုကောင်းအောင် လုပ်နိုင်ဖို့ကသာ အဓိကပါ။
ChatGPT ရဲ့ First Mover Advantage နဲ့ DeepSeek ရဲ့ Second Mover Advantage တို့အကြောင်း အတွေးနယ် ချဲ့မိတာလေး ချရေးလိုက်တာပါ။
"DeepSeek AI ကြောင့် ကျသွားရတဲ့ အမေရိကန် စတော့စျေးကွက် အပိုင်း (၁)"
ဖေဖေ မေမေ အရွယ်တွေ နားလည်အောင် AI က ဘာလဲဆိုတာ အရင် ရှင်းပြပါမယ်။ Google ကို လူတိုင်းသိကြမှာပါ၊ တစ်ခုမေးလိုက်ရင် အဖြေပေးတယ်၊ ဒါပေမဲ့ Cat 🐈 လို့ရိုက်လိုက်တဲ့ စာတစ်လုံးတည်းနဲ့ အဖြေက သန်းနဲ့ချီ ကျလာတယ်၊ အဲဒီထဲက ဘယ်ကြောင်က ကိုယ်သိချင်တာနဲ့ ကိုက်ညီမလဲ၊ ရှာရခက်တာပေါ့။
အဓိပ္ပာယ်က "မင်းသိချင်တာ အကုန် အောက်မှာ ပြပေးထားတယ်။ လိုတာကိုသွားရွေးပါ။" ဒါက Google Search. AI က ကြောင် ဆိုတာ လူအနားနေတဲ့ ရင်းနှီးတဲ့ နို့တိုက်သတ္တဝါ လို့ စာအတိုလေး ဖြေပေးပြီးတော့
Physical Characteristics-ပြုမူနေထိုင်ပုံ
Behaviour-အမူအကျင့်
Diet-အစားအသောက်
Lifespan-သက်တမ်း
Breeds-အမျိုးအဆွေ တို့ကို သာမန်လူတစ်ယောက်နားလည်အောင် စာတစ်စုတည်း အရင် ဖြေပေးပါတယ်။ ကွာတာက နောက်ထပ် အသေးစိတ် အဖြေတစ်ခုကို သွားမရှာခင် သိချင်တာကို အတိုချုပ်လေး အရင် သိလိုက်ရတာပါ။
အဲဒီထဲကမှ ထပ်သိချင်ရင် ဆင့်ကဲဆင့်ကဲသော မေးခွန်းတွေကို ထပ်မေးလို့ရပါတယ်၊ ဒါကိုမှ မကျေနပ်သေးရင် Google ပြန်ခေါက်ရင် အဖြေထပ်ရပြန်တယ်။
Google က မျက်နှာလွှဲခဲပစ်ပြီး ကြိုက်တဲ့အဖြေသွားရှာလို့ ပြောနေတဲ့အချိန်၊ AI က "ခဏလေးစောင့်၊ အဖြေသွားရှာပြီးချက်ချင်းပြန်လာမယ်" ဆိုတဲ့ စားစရာကို ချက်ချင်း အရှေ့ကို လာချပေးတဲ့ လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးလိုပါပဲ။
Google က အဖြေသန်းနဲ့ချီ ပေးဖို့ လျှပ်စစ်စွမ်းအင် (ဥပမာ) ငွေ ၁၀၀ ကျပ် ကုန်ရင် AI ကိုသုံးထားတဲ့ ဉာဏ်ရည်ပြိုင်စွမ်းအင်က ၁၀၀၀ ကျပ်နဲ့ ၂၂ဝဝ ကျပ်ကြား ကုန်တယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ AI ကို သုံးထားတဲ့စစ္စတမ်က အဆ၂၀ လောက် မြန်အောင် အဖြေကိုသွားရှာပြီး ပြန်လာရလို့ပါ။
Google က လူတွေ တင်ထားသမျှ သတင်းတွေကို ပြန်ရှာပေးတာပါ၊ ပွစိရှုတ်လောက်အောင်ကို အကုန်ပြပေးတယ်။ ကြော်ငြာကလည်း ကြားထဲမှာ ထည့်လိုက်သေးတယ်။ AI က အဲဒီအများကြီးထဲက စုပေါင်းစပ်ပေါင်း တမဟုတ်ချင်း ဖတ်လို့ လွယ်မယ့် အဖြေတစ်ခုကို ချက်ချင်းပေးတယ်။၊ ဒါကြောင့် လူတွေက AI ဟာ အလုပ်ပိုပြီးတယ်လို့ ပြောကြတာပေါ့။
Google က သူဟာသူ ဘာမှဆုံးဖြတ်လို့ မရပါဘူး၊ လူက ရှာခိုင်းတာကို ရှာပေးတဲ့ ကွန်ပျူတာစနစ်တခု ဖြစ်ပါတယ်။ AI ကျတော့ ပညာရှင်တွေက သင်တန်းပေးတာပါ၊ Train လုပ်တယ်လို့ ခေါ်တာပေါ့။
အဲဒီလို အလေ့အကျင့်ကနေ လူတွေ မေးလာတဲ့မေးခွန်းကို AI က သင်္ချာညီမျှခြင်းပေါင်း များစွာအဖြစ် ပြောင်းလဲလိုက်တယ်၊ အဲဒါကိုတွက်ချက်ပြီးတော့ မေးခွန်းမေးတဲ့လူက ဘာကို သိချင်သလဲဆိုတာကို အနီးစပ်ဆုံး အဖြေထုတ်ပေးတာ AI ဉာဏ်ရည်ပြိုင်လို့ ခေါ်တာပါ။
DeepSeek အကြောင်း မပြောရသေးဘူး၊ AI ကို ရှင်းပြတာနဲ့တင် ပထမအပိုင်း ပြီးသွားပြီ၊ ဆက်မယ်နော်။
Android Phone အတွက် APP
https://man-shwe-myotaw.violetapp.net/
Iphone အတွက် Web
https://msmt.violetapp.net
ကျွန်တော်တို့ အလုပ်တစ်ခု လုပ်တဲ့နေရာမှာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ ဗဟုသုတ၊ လိုအပ်တဲ့ အခြေခံပစ္စည်းတွေ၊ သူတို့ရဲ့ကိုယ်ပိုင်အချိန်၊ သူတို့ရဲ့ မိသားစုဘဝနဲ့ တခြားတခြားသော အရာတွေကို ပေးဆပ်ထားရတယ်ဆိုတာလည်း တွေးမိဖို့ပါပဲ။
JADE STARS ENTERTAINMENT
ဖားကန့်မြို့နယ်
ဆိုင်းတောင်ကျေးရွာ
ယူမာရပ်ကွက်။
ကာရာအိုကေလုပ်ငန်းသုံး စာရင်းကိုင်ဆောလ့်ဝဲလ်-25သိန်း
ကိုတင်လိူင်ဝင်း
မန္တလေးမြို့
09-886664447
09-775588392
