en
Feedback
မြတ်ဗုဒ္ဓ၏ တရားတော်များ သစ္စာရွှေစည် Thitsarshwesi

မြတ်ဗုဒ္ဓ၏ တရားတော်များ သစ္စာရွှေစည် Thitsarshwesi

Open in Telegram
7 907
Subscribers
No data24 hours
+207 days
+8430 days
Attracting Subscribers
September '26
September '26
+21
in 1 channels
August '26
+181
in 1 channels
Get PRO
July '26
+235
in 1 channels
Get PRO
June '26
+310
in 2 channels
Get PRO
May '26
+1 307
in 2 channels
Get PRO
April '26
+614
in 1 channels
Get PRO
March '26
+106
in 1 channels
Get PRO
February '26
+110
in 2 channels
Get PRO
January '26
+122
in 2 channels
Get PRO
December '25
+210
in 0 channels
Get PRO
November '25
+207
in 0 channels
Get PRO
October '25
+531
in 1 channels
Get PRO
September '25
+389
in 1 channels
Get PRO
August '25
+173
in 1 channels
Get PRO
July '25
+140
in 0 channels
Get PRO
June '25
+131
in 0 channels
Get PRO
May '25
+115
in 0 channels
Get PRO
April '25
+335
in 1 channels
Get PRO
March '25
+130
in 0 channels
Get PRO
February '25
+150
in 0 channels
Get PRO
January '25
+352
in 1 channels
Get PRO
December '24
+505
in 0 channels
Get PRO
November '24
+142
in 0 channels
Get PRO
October '24
+174
in 0 channels
Get PRO
September '24
+381
in 0 channels
Get PRO
August '24
+2 404
in 0 channels
Date
Subscriber Growth
Mentions
Channels
04 September+1
03 September+6
02 September+5
01 September+9
Channel Posts
2
No text...
413
3
အပိုတွေ မလျှော့သမျှ ဒုက္ခမငြိမ်ဘူး ____________________ တွေးကြည့်မယ်ဆိုလို့ရှိရင် ဘုန်းကြီးတို့ဟာ အပိုအလုပ်တွေကို အလွန်လုပ်ကြတာပဲ။ အဲဒီအပိုအလုပ်တွေ လုပ်နေသေးသမျှ ဘုန်းကြီးတို့ဟာ ဆင်းရဲဒုက္ခငြိမ်းဖို့ မမျှော်လင့်နိုင်ဘူး။ ဒီသဘောမျိုးကိုလည်းပဲ ဘုန်းကြီးတို့ နားလည်လို့ ရတယ်နော်၊ ဟုတ်တယ်မဟုတ်လား။ ကိုယ်လုပ်နေတဲ့ အလုပ်တွေထဲမှာ ဘယ်အလုပ်က လိုအပ်တယ်၊ ဘယ်အလုပ်ကတော့ မလိုအပ်ဘူး။ ကိုယ့်ဟာကိုယ် ခွဲခြမ်းပြီးတော့ နားလည်ဖို့ လိုမယ်နော်။ ဘယ်အလုပ်ကတော့ အဓိက လိုအပ်တယ်။ လိုအပ်တယ်ဆိုတဲ့ နေရာမှာတောင် ဘယ်အလုပ်က ဘယ်အလုပ်ထက် ပိုပြီးတော့ လိုအပ်သေးတယ်ဆိုတာကိုလည်း ဘုန်းကြီးတို့ ဉာဏ်နဲ့ ခွဲခြမ်းစိပ်ဖြာပြီးတော့ နားလည်ရမယ်။ ဒါ ဘာနဲ့ပတ်သက်ပြီးတော့ ဘုန်းကြီးက ဘာပြောနေတာလဲဆိုတော့ တာဝန်၊ အလုပ်။ ဟုတ်လား၊ စောစောကတော့ ဒီ အခွင့်အရေးသည်ပင်လျှင် တာဝန်ဖြစ်တယ်လို့ ဘုန်းကြီးတို့ ပြောခဲ့တယ်။ ဟုတ်လား၊ အဲဒါကို ပိုပြီးတော့ အသေးစိတ်ကလေး စဉ်းစားမိဖို့၊ ဆင်ခြင်မိဖို့ သြော်... လုပ်သင့်တဲ့အလုပ်ကို ငါ ထိထိရောက်ရောက်လုပ်မှ ဒုက္ခငြိမ်းမှာပါလားဆိုပြီးတော့ အလုပ်နဲ့ပတ်သက်ပြီးတော့ တန်ဖိုးရှိသထက်ရှိတဲ့ အလုပ်ဆီကို ကိုယ့်ရဲ့ဉာဏ်ဟာ ချဉ်းကပ်ပြီးတော့ အဲဒါကို ပုံဖော်နိုင်ဖို့ ဘုန်းကြီးက ဒီဂါထာလေးကို ပြောပြတာ။ သစ္စာရွှေစည်ဆရာတော်
619
4
No text...
638
5
ရုပ်မှာ ဖြစ်နေတဲ့ အညစ်အကြေးကို ဘာလို့ လျစ်လျူရူရမလဲ? ____________________ ဒီမှာ ရုပ်မှာဖြစ်နေတဲ့ အညစ်အကြေးကို လျစ်လျူရှု၍... မတူဘူးနော်။ ရောဂါကိုကျတော့ သည်းခံရမယ်၊ အညစ်အကြေးကိုကျတော့ လျစ်လျူရှုရမယ်။ အဲဒီ အသုံးအနှုန်းတွေမှာကိုက လေးနက်တဲ့ အဓိပ္ပာယ်တွေက ပါနေပြီးသား။ ရုပ်မှာဖြစ်နေတဲ့ ရောဂါကို ဟုတ်တယ်၊ ဘုန်းကြီးတို့ ပျောက်အောင်လည်းပဲ ကုသတဲ့ အပိုင်းတွေ လုပ်ဖို့လိုသလို ဘယ်လိုမှ ပျောက်အောင်လုပ်လို့မရတဲ့ အပိုင်းတွေကလည်း ရှိနေတဲ့အတွက်ကြောင့် သည်းခံမှကို အဆင်ပြေမှာ။ ခုဒီမှာ ရုပ်မှာဖြစ်နေတဲ့ အညစ်အကြေးကို လျစ်လျူရှု၍... ဟုတ်တယ်၊ ကျုပ်တို့ မဆေးရဘူးလို့ ပြောတာမဟုတ်ဘူး၊ သန့်ရှင်းအောင် လုပ်ရမှာပေါ့။ တစ်ကိုယ်ရေ သန့်ရှင်းရေး မြတ်စွာဘုရား အလွန်မှ အလေးထားပါတယ်။ ခြေသည်း လက်သည်းတွေ ကိုက်ရမယ်၊ ဆံပင်တွေရှည်ရင်၊ မုတ်ဆိတ်တွေရှည်ရင် ရိတ်ရမယ်၊ သန့်သန့်ရှင်းရှင်း နေရမယ်။ ခုဒီမှာ ဘာဖြစ်လို့ သူက လျစ်လျူရှု၍လို့ ပြောထားသလဲ။ ကျုပ်တို့ သန့်ရှင်းလို့ မရတဲ့ အပိုင်းတွေ အများကြီး ရှိနေတယ်။ ဟုတ်တယ်မဟုတ်လား။ လုံးဝ ရာခိုင်နှုန်းပြည့် ရုပ်ခန္ဓာကြီးကို သန့်ရှင်းရေး လုပ်နိုင်ပါပြီလို့ ပြောလို့ ရသလား။ (မရပါဘူးဘုရား) ဘယ်တော့မှ လုပ်လို့ မရဘူး၊ ဟုတ်တယ်မဟုတ်လား။ သူ့ရဲ့ ပင်ကိုယ်သဘာဝကိုက ပြောရရင် အညစ်အကြေးတုံးကြီးပဲလေ။ ဟုတ်တယ်မဟုတ်လား။ "လူ့တစ်ကိုယ်လုံး ညစ်ကြေးတုံး၊ ရွံမုန်းကြောက်စရာ"။ မနက်တိုင် ဆိုနေကြတယ်၊ ဟုတ်လား။ အဲ့တော့ ရုပ်ခန္ဓာက အညစ်အကြေးတုံး ဖြစ်တဲ့အတွက်ကြောင့် ဒီအညစ်အကြေး တွေကို ဆေးကြောသင့်၊ ဆေးကြောထိုက်တာကို ဆေးကြောပစ်ရမှာပေါ့။ သို့သော် ဆေးကြောလို့မရတဲ့ အစိတ်အပိုင်းတွေ၊ ဆေးကြောလို့ မရတဲ့ အနေအထားတွေ များစွာရှိနေသေးတာကို ရည်ရွယ်ပြီးတော့ ရုပ်အညစ်အကြေးကို ဘာလုပ်ခိုင်းလဲ၊ လျစ်လျူရှုလိုက်၊ ထားလိုက်တော့၊ ဒါကြီးက ဒီအတိုင်းပဲ။ ဟုတ်လား၊ ဘယ်လိုမှလဲ ဘုန်းကြီးတို့ လုပ်လို့ မရဘူး။ ဒီသဘောကို ပြောတာနော်။ သစ္စာရွှေစည်ဆရာတော် ဓမ္မရေ တရားတော်မှ ကူးယူ ပူဇော်သည်
748
6
No text...
750
7
No text...
753
8
No text...
842
9
ကုသိုလ်ရှိသူ သေမှာ မကြောက် ____________________ ကောင်းမှုရှိတဲ့သူဟာ သေရမှာ မကြောက်ဘူးတဲ့။ မိမိတို့မှာ ကောင်းမှုကို လုပ်နိုင်တဲ့ အခွင့်အရေး အချိန်တိုင်းရှိနေတယ်။ ဒါကို သိပြီးတော့ ကောင်းမှုကို တတ်နိုင်သမျှ ပြုလုပ်နေရမယ်။ ကောင်းမှုပြုတယ်ဆိုတာ စိတ်ထဲမှာ ကောင်းမြတ်တဲ့ သဘောလေး ဖြစ်သွားအောင် လုပ်တာကိုပြောတာ။ ဒါန သီလ သမာဓိ ပညာ ကောင်းမှုကို စုံအောင်ပြုရမယ်။ ကောင်းမှုကိုပြုတဲ့နေရာမှာ လောလောဆယ် ချမ်းသာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း ပြုလုပ်ရမယ်။ စိတ်ထဲမှာ ကောင်းတဲ့သဘော ဖြစ်သွားရင် ချမ်းသာတာပဲကိုး။ နောက်ပြီးတော့ အနာဂတ်မှာ ချမ်းသာခြင်းဆိုတဲ့ အကျိုးရလဒ်ကို ရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း ကောင်းမှုကိုပြုရမယ်။ နောက်တစ်မျိုးပြောရရင် သေခြင်းတရားကို အဆင်ပြေပြေ ရင်ဆိုင်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့လည်း ကောင်းမှုကို ပြုရမယ်။ မြွေဆိုးကို အကျဉ်း အကြပ်နေရာမှာ တွေ့ခဲ့ရင် ကိုယ့်မှာ လက်နက်ရှိဖို့လိုတယ်။ သေခြင်းတရားဆိုတဲ့ မြွေဆိုးကို ကိုင်တွယ်နိုင်ဖို့အတွက် ကောင်းမှုလက်နက်ဟာ အကောင်းဆုံးအားကိုးရာလို့ ဆိုနိုင်သည်။ သစ္စာရွှေစည်ဆရာတော်
1 051
10
ငဲ့ကွက်မူနဲ့ သေရတာသာ ဆင်းရဲတယ် __________________ ပတ်ဝန်းကျင်ရဲ့အပေါ်မှာ ပိုင်ဆိုင်မှုတွေရဲ့အပေါ်မှာ ပတ်သက်မှုတွေရဲ့အပေါ်မှာ နောက်ဆုံး ကိုယ့်ခန္ဓာရဲ့အပေါ်မှာ၊ ဘယ်အပေါ်မှာဘဲဖြစ်ဖြစ် ငဲ့ကွက်မှုမကင်းပဲနဲ့ သေရမယ်ဆိုရင် အဲဒီသေခြင်းဟာ ဆင်းရဲတယ်။ ငဲ့ကွက်မှုရှိရင် သူသေရမှာ လက်မခံနိုင်ဘူးလေ။ သွားရတော့မယ့် အနေအထားမှာ လွတ်လွတ်မထားခဲ့နိုင်ဘူး။ သူ မလွတ်လည်း ဒါက ထားခဲ့ရမှာပဲ။ သူ မလွတ်နိုင်ဘူးဆိုရင် သူ့စိတ်နဲ့ သဘာဝတရားတွေက ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်။ သူ့စိတ်ကမခွဲနိုင်ဘူး သဘာဝတရားက ခွဲမယ်။ အဲသလို သူ့စိတ်က သဘာဝတရားနဲ့ ရန်ဖြစ်နေတယ်။ သဘာဝတရားကို ငြင်းဆန်နေတယ်။ မကျေမနပ်ဖြစ်နေတယ်။ သူ့စိတ်က ဘယ်လိုတွေ ဖြစ်လို့နေနေ သဘာဝတရားကတော့ သူ့လမ်းကြောင်း သူသွားမှာပဲ။ သူ့လမ်းကြောင်းက ပျက်စီးရေးလမ်းကြောင်း။ ခွဲခွာရေးလမ်းကြောင်း။ ဒါကြောင့် ဘယ်လောက်ပဲ ဒီအရာတွေကိုငဲ့ကွက်နေနေ၊ တွယ်တာမက်မောနေနေ၊ မစွန့်နိုင်မခွဲရက်ဖြစ်နေနေ မရဘူး။ ပြီးရင်သွားမှာပဲ။ ဒါကြောင့် ငဲ့ကွက်မှုနဲ့ သေရတာဟာ ဆင်းရဲတယ်၊ အကျိုးမဲ့တယ်။ သစ္စာရွှေစည်ဆရာတော်
1 117
11
ဘယ်အတွေ့အကြုံပဲဖြစ်ဖြစ် ပြီးသွားမှာချည်းပဲ _________________________________ ဘယ်အတွေ့အကြုံပဲဖြစ်ဖြစ် ပြီးသွားမှာချည်းပဲ၊ ဟုတ်လား။ အဲလိုပြောလို့ ခပ်ပေါ့ပေါ့ သုံးသပ်လိုက်တာ မဟုတ်ဘူး၊ ဒါ အမှန်တရားပဲ။ ဟုတ်လား၊ အကုန်လုံးက ဘာဖြစ်သွားမှာတုန်း၊ ပြီးသွားမှာချည်းပဲ။ ဟုတ်လား၊ အဲဒီ ပြီးဆုံးခြင်းဆိုတဲ့ အနိစ္စကို မသိလို့ ဘုန်းဘုန်းတို့ရဲ့ စိတ်တွေက အရေးပါတယ်၊ အရာရောက်တယ် ထင်ပြီးတော့ ပြယာတွေ ခက်နေတာနော်။ ဒုက္ခတွေ ရောက်နေတာ တကယ်တမ်းက ဟုတ်လား။ အကုန်လုံးက ဘာဖြစ်သွားမှာတုန်း၊ ပြီးသွားမှာပဲ။ အဆင်ပြေလည်း ပြီးသွားတာပဲ၊ အဆင်မပြေလည်းပဲ ပြီးသွားတာချည်းပဲ၊ ဟုတ်လား။ အရင်တုန်းက ဖြစ်ခဲ့တာတွေ အကုန်လုံးဟာ ပြီးခဲ့တာချည်းပဲ။ ခုဖြစ်နေတာတွေလည်း ပြီးနေဆဲ။ နောင်ဖြစ်သွားမယ့် အရာတွေလည်း ပြီးသွားမယ့် အရာတွေချည်းပဲပေါ့နော်။ ဒီစကားလုံးလေးကို ဘုန်းဘုန်းစိတ်ထဲမှာ ဘယ်လိုခံစားရတုန်းဆိုတော့ ဘယ်လိုလောကဓံနဲ့ပဲ တွေ့တွေ့ စိတ်ကို လောဘ၊ ဒေါသ အစွန်းနှစ်ဖက်ကို မရောက်အောင် အလွန်တည်ငြိမ်အောင် ထိန်းသိမ်းနိုင်တဲ့ စကားလုံးပေါ့နော်။ ကောင်းတာနဲ့တွေ့လို့လည်း လောဘ အစွန်းကို မရောက်အောင် သူထိန်းနိုင်တယ်။ ကောင်းတာလည်း ပြီးသွားမှာပဲ၊ ဒီလောက်ကြီး တန်ဖိုးရှိလှတယ် မဟုတ်ဘူးပေါ့နော်။ မကောင်းတာလည်း ပြီးသွားမှာပဲလို့ စဉ်းစားလိုက်တဲ့အခါ ဒီလောက်ကြီး စိတ်ပျက်စရာ မဟုတ်ဘူးလို့။ အဲ့လိုမျိုး အစွန်းနှစ်ဖက်ကို မရောက်အောင် ထိန်းညှိပေးနိုင်တဲ့ အစွမ်းရှိတယ်နော်။ ကောင်းတာကိုလည်း သိပ်အထင်ကြီးစရာကြီး မဟုတ်ဘူးလို့ ပြောရာရောက်တယ်။ မကောင်းတာကလည်း သိပ်ကြောက်စရာ မဟုတ်ဘူးလို့ ပြောရာရောက်တယ်။ သဘောပေါက်လား မသိဘူး။ အဲ နောက်ဆုံးပြောချင်တာကတော့ တွေ့ကြုံလာတဲ့ လောကဓံတရားတွေနဲ့ ပတ်သက်လာရင် အဲဒီ "ပြီးသွားမှာပါ"ဆိုတဲ့ စကားလုံးလေး၊ တစ်နည်းအားဖြင့် "အနိစ္စ" ပေါ့နော်။ အဲ့ဒီ အနိစ္စဆိုတဲ့ စကားလုံးတစ်လုံးကို ဘုန်းဘုန်းတို့ အလွန် ပိုင်ပိုင်နိုင်နိုင် ဖြစ်အောင် လေ့ကျင့်ထားပေါ့၊ ဟုတ်လား။ အဲ့ဒီ အနိစ္စဆိုတဲ့ စကားလုံးတစ်လုံးထဲကပဲ ဘယ်လိုလောကဓံနဲ့ပဲ တွေ့တွေ့ ကိုယ့်ရဲ့ စိတ်ကို လောဘ၊ ဒေါသဖြင့် မတုန်လှုပ်အောင် ထိန်းသိမ်းပေးနိုင်လိမ့်မယ်လို့ ဒါကို ဘုန်းဘုန်းတို့ နားလည်စေချင်တာ။ ဟုတ်လား။ သစ္စာရွှေစည်ဆရာတော်
1 408
12
အစွဲဥပါဒါန် အားကြီးရင် ခွဲခွါမူနှင့် ကြုံတဲ့အခါမှာ ထိခိုက်ကြလိမ့်မယ်။ ခွဲခွါမူကလည်း မကြုံဘဲ နေမှာ မဟုတ်ဘူး။ ခွဲခွါရမူ၊ ပျက်စီးရမူဆိုတာ လောကကြီးရဲ့ ပင်ကိုယ်သဘောပဲ။ သစ္စာရွှေစည်ဆရာတော်
1 375
13
ဘဝရဲ့အကြောင်းကို မှန်မှန်ကန်ကန် သိမြင်နားလည်မူ မြင့်မားလာလေလေ အဲဒါ ပညာကြီးမားလာလေလေလို့ ဆိုရတယ်။ အဲဒီပညာ ကြီးမားလာလေလေ ပျက်စီးခြင်းနဲ့ တွေ့ကြုံလာရတဲ့ အခါကာလမျိုးမှာတောင်မှ ဒီလူရဲ့စိတ်ဟာ သောကပရိဒေဝ မဖြစ်ပေါ်လေလေပဲ။ သစ္စာရွှေစည်ဆရာတော် ဓမ္မလမ်းတရားတော် မှတ်စု တရားတော်အပြည့်အစုံ https://youtu.be/bNJHgP-ieHw?si=hE9yKGoadIoMD1u6
2 068
14
ဧည့်သည်များသည့် ရွာကြီး _________________ စဉ်းစားကြည့်ရင် လောကကြီးဟာ ဧည့်သည် အဝင်အထွက် များပြား ရှုပ်ထွေးလှတဲ့ ရွာကြီး တစ်ရွာနှင့် အလွန်တူတယ်။ ဧည့်သည်အသစ်တွေကလည်း ဝင်လာမစဲ တသဲသဲပဲ။ ကြိုဆိုသူတွေ ဧည့်ခံသူတွေနဲ့ ပျော်ကြ ရွှင်ကြ ကြည်နူးကြပေါ့။ ကလေးလေး တစ်ယောက် လူ့လောကထဲ ရောက်လာတဲ့ မြင်ကွင်းကို မြင်ယောင်ကြည့်ပေါ့။ ဝင်လာတဲ့သူတွေရှိသလို တစ်ဖက်မှာလည်း ထွက်ခွာသွားကြသူတွေနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်။ လိုက်ပို့သူတွေ နှုတ်ဆက်သူတွေနဲ့ ငိုကြ ယိုကြ ဝမ်းနည်းကြပေါ့။ အဲဒီဘက်မှာလည်း တကယ့်ကို စည်စည်ကားကားပါပဲ။ ဒါကြောင့် လူ့လောကကြီးဟာ ဝင်သူ ထွက်သူ၊ လာသူ ပြန်သူတွေနဲ့ အမြဲတမ်း ရှုပ်ယှက်ခတ်နေတဲ့ နေရာကြီး ဖြစ်ပါတယ်။ သစ္စာရွှေစည်ဆရာတော်
2 555
15
No text...
1 916
16
အပိုအလိုမပါ သဘာဝအတိုင်း ရှုမှတ်နည်း ______________________________ ချမ်းသာရင် လောဘနဲ့ တုံ့ပြန်မယ်၊ ဆင်းရဲရင် ဒေါသနဲ့ တုံ့ပြန်မယ်၊ အဲဒါတွေလည်း ဖြစ်ခြင်းတရားတွေပဲ။ အဲသလို အကြောင်းအားလျော်စွာ မျိုးစုံဖြစ်နေတာကိုပဲ ဘဝလို့ခေါ်တာ၊ ဘဝဆိုတာ ဖြစ်နေတဲ့သဘောပဲ။ အဲဒီ ဖြစ်နေတဲ့သဘောတွေကို ဖြစ်နေတဲ့အတိုင်း သိနေအောင် ကြိုးစားတာကို သတိပဋ္ဌာန်းတရား အားထုတ်တယ်လို့ခေါ်တယ်။ ဘာပဲဖြစ်ဖြစ် ဖြစ်နေတာကို ဖြစ်နေတဲ့ အတိုင်း သိနေအောင်လုပ်ရမယ်။ ဥပမာ ဝင်လေလေး ဝင်သွားတယ်၊ ဝင်သွားတယ်လို့ပဲ သိလိုက်တယ်။ ထွက်လေလေး ထွက်သွားတယ်၊ ထွက်သွားတယ်လို့ပဲ သိလိုက်တယ်။ ဘာအပိုအလိုမှ မပါဘူး။ ဘာဘက်လိုက်မှုမှ မပါဘူး။ ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိနေလိုက်တာပဲ။ အဲဒါ သတိပဋ္ဌာန်းတရား အားထုတ်နေတာပဲ။ သတိပဋ္ဌာန်းတရား အားထုတ်တယ်ဆိုတာ နယ်ပယ်အကျယ်ကြီး။ စောစောက ပြောခဲ့တဲ့ မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊ စားခြင်း၊ ထိခြင်း၊ တွေးခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း အဲဒါတွေကိုလည်း ဖြစ်နေတဲ့အတိုင်း အမှန်သိပြီးနေရမှာ။ အနှစ်ချုပ်ပြောရရင် သတိပဋ္ဌာန်းတရား ပွားတယ်ဆိုတာ ရုပ်ပဲဖြစ်ဖြစ် နာမ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဖြစ်နေတာကို ဘာအပိုအလိုမှ မလုပ်ဘဲနဲ့ ဘာဘက်လိုက်မှုမှ မရှိဘဲနဲ့ ဖြစ်နေတဲ့အတိုင်းလေး သိသိနေအောင် ကြိုးစားတာကိုပြောတာ။ သစ္စာရွှေစည်ဆရာတော်
2 377
17
No text...
1 950
18
No text...
1 983
19
သစ်သီး (သို့မဟုတ်) မြေအိုး __________________ လူငယ်တွေလည်း စဉ်းစားစရာကောင်းတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေနိုင်ဘူးလို့ မထင်နဲ့။ ဘဝက အဲလို အာမခံချက်မျိုးမရှိဘူး။ သစ်သီးများလိုပဲ။ သီးပြီဆိုတာနဲ့ အချိန်မရွေး ကြွေနိုင်တဲ့အနေအထား ရှိတယ်။ သစ်သီးဟာ ဘယ်အချိန်မှာ မကြွေနိုင်ဘူးလို့ သူ့မှာ အဲဒီအာမခံချက် မရှိဘူး။ ယေဘုယျသဘောကတော့ မှည့်မှ ကြွေတာပေါ့။ သို့သော် မမှည့်ခင်မှာလည်း အမျိုးမျိုးသောအကြောင်းကြောင့် ကြွေကျနိုင်သည်။ မြေအိုးတွေ အိုးဖြစ်တဲ့ အချိန်က စပြီးတော့ ကွဲနိုင်ချေဟာ အချိန်တိုင်းမှာရှိတယ်။ အဲလိုပဲ ဘဝဆိုတာ ဘာအာမခံချက်မှ မရှိဘူး။ ဒါကြောင့် ဘဝရဲ့ အချိန်မရွေး ပျက်စီးနိုင်တဲ့သဘောကို ရိုးရိုးရှင်းရှင်းနဲ့ မှန်မှန်ကန်ကန် သိထား နားလည်ထားဖို့လိုတယ်။ သစ္စာရွှေစည်ဆရာတော်
2 457
20
No text...
1 779