942
Subscribers
No data24 hours
+37 days
+2230 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
February '25
February '25
+31
in 0 channels
January '25
+84
in 0 channels
Get PRO
December '24
+117
in 1 channels
Get PRO
November '24
+124
in 0 channels
Get PRO
October '24
+148
in 2 channels
Get PRO
September '24
+63
in 2 channels
Get PRO
August '24
+94
in 0 channels
Get PRO
July '24
+107
in 1 channels
Get PRO
June '24
+386
in 2 channels
| Date | Subscriber Growth | Mentions | Channels | |
| 14 February | +1 | |||
| 13 February | +2 | |||
| 12 February | +1 | |||
| 11 February | +2 | |||
| 10 February | +1 | |||
| 09 February | +1 | |||
| 08 February | +2 | |||
| 07 February | +6 | |||
| 06 February | +3 | |||
| 05 February | +2 | |||
| 04 February | +3 | |||
| 03 February | +4 | |||
| 02 February | 0 | |||
| 01 February | +3 |
Channel Posts
| 2 | မွန်-ကရင် ရှိ စစ်စခန်း (၂) ခု ကို ပကဖ နဲ့ KNLA ပူးပေါင်းတိုက်ခိုက်
…………………….
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေအတွင်းက အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်စခန်း ၂ ခုကို ဇန်နဝါရီလ ၁၁ ရက်နေ့မှာ မွန်ပြည်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့နဲ့ KNLA တပ်ရင်း (၁၆) တို့ ပူးပေါင်းပြီး (၁၂၀) မမ ဒရုန်း ဗုံးသီးတွေနဲ့ ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၀၅:၀၀ နာရီ ခန့်မှာ မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ် အတွင်းမှာရှိတဲ့ ချောင်းနှစ်ခွ စစ်ကောင်စီတပ်စခန်း၊ နံနက် ၀၈:၄၀ နာရီခန့်မှာတော့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းမှာရှိတဲ့ ဇီးဖြူကုန်း စစ်ကောင်စီတပ်စခန်းတွေကို (၁၂၀) မမ ဒရုန်းဗုံးသီးတွေ နဲ့ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်း ဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေ နဲ့ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံတပ်တွေ ပူးပေါင်းပြီး အကြမ်းဖက် စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်နေတာတွေ့ရှိရပါတယ်။
ပုံ - မွန်ပြည်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ Facebook Link -
https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy | 602 |
| 3 | ဒီပဲယင်းမြို့၊ လွတ်မြောက်တနေရာတွင် စုံညီပွဲနဲ့ ပညာရည်ချွန်ဆုပေးပွဲကျင်းပ
—--------------------
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဒီပဲယင်းမြို့နယ်၊လွတ်မြောက်တစ်နေရာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နဲ့ ပညာရည်ချွန်ဆုပေးပွဲကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ဒီဆုပေးပွဲမှာ ၊ရွှေဘိုခရိုင် ပကဖ ထုတ်လုပ်ရေးတာဝန်ခံ နဲ့ ဒီပဲယင်းမြို့နယ် ပကဖ တိုက်နယ်(၂) က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ Facebook Link -
https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy | 488 |
| 4 | ပုသိမ်-မုံရွာကားလမ်းအပိုင်း ယာဥ်သွားယာဥ်လာများအား ရှောင်တခင်စစ်ဆေး
—---------------
အထက်မင်းလှမြို့နယ် ပုသိမ်-မုံရွာကားလမ်းတွင် ယာဥ်သွားယာဥ်လာများကို စစ်ဆေးခြင်းနဲ့ လမ်းပိုင်းလုံခြုံရေးလုပ်ငန်းတွေကို ဇန်နဝါရီလ ၁၂ရက်နေ့က လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
လမ်းပိုင်းစစ်ဆေးစဉ်အတွင်းမှာလဲ ခရီးသွားမိဘပြည်သူတွေဟာ ပကဖတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးနဲ့ စစ်ဆေးရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့တာအတွက် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်းကိုလဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ မဟာဗျူဟာလမ်းမကြီးတွေဖြစ်ကြတဲ့ မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်း/ ရထားလမ်း၊ မန္တလေး-မတ္တရာ-သပိတ်ကျင်း-ဗန်းမော်လမ်း၊ မန္တလေး-လားရှိုး-မူဆယ်လမ်း၊ ပုသိမ်-မုံရွာလမ်း၊ ရန်ကုန်-မော်လမြိုင်-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်း၊ ပဲခူး-သထုံ-ဘားအံ-မြဝတီလမ်း၊ မုံရွာ-ကလေး-တမူးလမ်း၊ မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပြည်-ပန်းတောင်း-တောင်ကုတ်လမ်းတွေရဲ့ အဓိက နေရာအစိတ်အပိုင်းတွေကို စိုးမိုးထိန်းချုပ်ထားနိုင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၄ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အစီရင်ခံစာရဲ့ ဖော်ပြချက်အတိုင်းပဲ လမ်းမကြီးတွေမှာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှု ဖြစ်ပေါ်တိုးတက်နေမှုတွေကို မိဘပြည်သူတွေပါ မျက်မြင် တွေ့နေကြရတာဖြစ်ပါတယ်။
Facebook Link -
https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy | 363 |
| 5 | No text... | 339 |
| 6 | ကောလင်းခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ ပုံရိပ်များ.....
ဓာတ်ပုံတွေကို ကောလင်းခရိုင် ပကဖ Page မှ ပြန်လည်ကူးယူဖော်ပြအပ်ပါတယ်။ Facebook Link -
https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy | 496 |
| 7 | No text... | 369 |
| 8 | No text... | 324 |
| 9 | သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့မှ သပိတ်ကျင်းမြို့နယ် (ပကဖ) အဖွဲ့ ၊ နွေဦးမေနှင့်သွေးချင်းညီမများ အဖွဲ့နဲ့အတူ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ၊ အနွေးထည်နဲ့ စောင် တွေကို ဇန်နဝါရီလ ၇ရက်နေ့က သွားရောက်ကူညီထောက်ပံ့ပေးခဲ့မှု မှတ်တမ်းတွေပဲဖြစ်ပါတယ်။
ဓာတ်ပုံမှတ်တမ်းတွေကို သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့ရဲ့ Page ကနေ ပြန်လည်ကူးယူဖော်ပြအပ်ပါတယ်။ Facebook Link -
https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy | 270 |
| 10 | အမြန်လမ်းဒေသတွင် အင်အား ရာချီပါ စစ်တပ်ကို ပကဖ ပူးပေါင်းတပ်တိုက်ခိုက်၊ ရန်သူ (၆၀) သေဆုံး
…………………………………..
ပဲခူးတိုင်းတွင်းရှိ အမြန်လမ်း ဆက်စပ်ဒေသဖြစ်တဲ့ အုတ်တွင်းမြို့နယ် နဲ့ ဖြူးမြို့နယ်စပ် မှာ အင်အား (၅၀၀) ပါ ရန်သူ့ စစ်ကြောင်း နဲ့ ပကဖ၊ PDF ပူးပေါင်းတပ်တို့ ၂၀၂၄ ခုနစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားရာ ရန်သူ (၆၀) ထက်မနည်း သေဆုံးခဲ့ပါတယ်။
အုတ်တွင်းမြို့နယ်၊ ကံကလေးရွာ နဲ့ ပေါက်ကုန်းကျေးရွာဘက်မှ မြတ်နီကွင်းကျေးရွာ၊ နှောခင်ရွာ၊သရက်ကုန်းရွာ၊ ကြူအင်းရွာ၊ ထန်းကုန်း၊ဖြူးမြို့နယ် အပိုင်ရှိ ဂရမ္မတီးကျေးရွာအထိ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် မြတ်နီကွင်းရွာ အရောက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက်မှာ စစ်ကောင်စီတပ်သားတွေဟာ မူးယစ်ဆေးဝါးသုံးစွဲပြီး မရပ်မနား ဝင်ရောက် တိုက်ခိုက်ခဲ့ တာ ကြောင့် ရန်သူ (၆၀) ထက် မနည်းသေဆုံးခဲ့ပါတယ်။ တိုက်ပွဲတွင်းမှာ ပိတ်မိနေတဲ့ တော်လှန်ရေးရဲဘော် (၃) ဦး ကိုလဲ (၂၄) နာရီအတွင်း ပြန်လည် ကယ်ထုတ်နိုင်ခဲ့ပြီး ပကဖ နဲ့ PDF တွေရဲ့ စစ်ရေးစွမ်းရည်ကို ပြသခဲ့ပါတယ်။
ဒီတိုက်ပွဲဖြစ်စဉ်ကို ကြည့်ရင် ပကဖ နဲ့ PDF တပ်တွေ ဟန်ချက်ညီပူးပေါင်း တိုက်ခိုက်နိုင်တာ၊ အမြန်လမ်း ဒေသ ကိုပါ စိုးမိုးထိုးဖောက်နိုင်တာ၊ အင်အားရာချီပါဝင်တဲ့ ရန်သူ့စစ်ကြောင်းကိုပါ ကြံ့ကြံ့ခံ တိုက်ခိုက်နိုင်တာ၊ ရန်သူ့ အနေနဲ့ မူးယစ်ဆေးဝါး အသုံးပြုပြီး စစ်တိုက်နေရတာ စတာတွေကို တွေ့နိုင်ပါတယ်။
အမြန်လမ်းဒေသ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တော်၊ တပ်ရင်းအမှတ်-၃၅၀၂ စစ်တောင်းစစ်ကြောင်း၊ ဧရာဝတီအမှတ် (၃) တပ်ရင်း၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ ဖြူး ပကဖ - PDO၊ ၃၄၀၂ သရက်ခရိုင်တပ်ရင်း၊ အုတ်တွင်း ပကဖ၊ ပူးပေါင်း Drone Team နဲ့ တခြားသော မဟာမိတ်တွေ ပါဝင် တိုက်ခိုက်ခဲ့ပါတယ်။ Facebook Link -
https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy | 374 |
| 11 | No text... | 293 |
| 12 | မြေပြန့်ဒေသမှာပါ စစ်ကြောင်းချေမှုန်းရေး လုပ်ဆောင်လာတဲ့ ပကဖ
……………………………..
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက် မြို့နယ်ထဲမှာ အကြမ်းဖက်တပ်က ဗိုလ်မှူး မျိုးမင်းသူ ဦးစီးတဲ့ အင်အား (၇၇) ဦး ပါ စစ်ကြောင်းကို ပကဖ နဲ့ PDF ပူးတွဲတပ်တွေက ၂၀၂၅ ခုနစ်၊ ဇန်နဝါရီလ (၅) ရက်နေ့မှာ စစ်ကြောင်းတခုလုံး ပြုတ်အောင်ချေမှုန်းနိုင်လိုက်ပါတယ်။
ဝက်လက်မြို့နယ် လက်ကိုင်းရွာမှာ ရန်သူ့စစ်ကြောင်း တပ်စွဲနေတုန်း ဝက်လက် အရှေ့ခြမ်း ပကဖ အဖွဲ့တွေ၊ ဒေသတွင်းမှာရှိတဲ့ တိုက်နယ်ပကဖ တွေက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဇန်နဝါရီလ (၄) ရက်နေ့မှာ ကနဦး တိုက်ခိုက်ခဲ့ပါတယ်။ဲဒီနောက် ဇန်နဝါရီလ (၅) ရက်နေ့၊ မနက်ပိုင်းတွင် မှတ်ထိရွာ နဲ့ မင်းကုန်းရွာနားမှာ ရွှေဘိုခရိုင်ကွပ်ကဲမှု နဲ့ PDF တပ်ရင်းတွေ၊ ပကဖ အဖွဲ့တွေက စစ်ကြောင်းကို ဝိုင်းပတ်တိုက်ခိုက်ရာ ညနေပိုင်းမှာ စစ်ကြောင်းတခုလုံး နီးပါး ချေမှုန်းခံခဲ့ရပြီး တချို့ရန်သူတွေ ဦးတည်ရာမဲ့ ထွက်ပြေးသွားခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်၊ လက်နက်ကြီး ပစ်ကူ ပေးမှုတွေကြားက ရန်သူ့စစ်ကြောင်းတခုလုံးကို ပကဖ နဲ့ PDF ပူးပေါင်းတပ်က ချေမှုန်းနိုင်လိုက်တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲ အပြီးမှာ ရန်သူ့ထံက လက်နက်မျိုးစုံ (၅၀) ကျော် နဲ့ ကျည် (၃၀၀၀) ကျော် သိမ်းဆည်းရရှိခဲ့ပါတယ်။
ရန်သူ့စစ်ကြောင်းဟာ ကွန်မန်ဒို တပ်ခွဲလို့ နာမည်တပ်ထားပေမယ့်လဲ ရဲတွေ၊ ပြည်သူ့စစ်တွေ၊ အဓမ္မစုဆောင်းခံရတဲ့ တပ်သားသစ်တွေနဲ့ စစ်သားတွေ စုပေါင်းစပ်ပေါင်းတပ် တတပ်ဖြစ်ပါတယ်။ အခုလို အင်အား အတင်းဖြည့်ထားတဲ့ စစ်ကြောင်းတွေ၊ တပ်မတွေ နဲ့ စစ်တိုက်လို့မရဘူးဆိုတာ ဝက်လက်နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကြောင်းချေမှုန်းမှုဖြစ်စဉ်က စစ်အာဏာရှင် မင်းအောင်လှိုင်ကို ညွှန်ပြလျက်ရှိပါတယ်။ ဒါပေမယ့်လဲ အာဏာတည်မြဲရေးအတွက် အပြစ်မဲ့အရပ်သားတွေကို အသေခံခိုင်းပြီး စစ်မြေပြင်ကို မအလ က ဆက်လက် စေလွှတ်နေဆဲဖြစ်ပါတယ်။
တဘက်က ကြည့်ရင်လဲ တောင်တန်းဒေသ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ နယ်မြေသာမကဘဲ ရွှေဘို မြေပြန့် ဒေသမှာပါ ရန်သူ့စစ်ကြောင်း တခုလုံး ပြုတ်အောင် ပကဖ နဲ့ PDF တပ်တွေ ချေမှုန်းနိုင်လာတာကို ပြသပါတယ်။ ဒါဟာ ပကဖ နဲ့ PDF တွေရဲ့ အမိန့်နာခံမှုအားကောင်းမှု၊ စစ်ရေးစွမ်းရည်ထက်မြတ်မှု၊ ရန်သူ့သတင်း ထောက်လှမ်းမှုကောင်းမွန်မှု၊ ပြည်သူ့စစ်မဟာဗျူဟာကို စနစ်တကျ လက်တွေ့ကျင့်သုံးနိုင်မှုတွေကြောင့် ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလဲ ပြည်သူကို စည်းရုံးပြီး ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးတိုက်ခိုက်နေတဲ့ ပကဖ အဖွဲ့တွေ အားကောင်းစနစ်ကျလာတာနဲ့အတူ ရန်သူ့စစ်ကြောင်းလိုက်ချေမှုန်းမှုတွေ ပိုမို ရရှိလာမှာဖြစ်ပါတယ်။ Facebook Link -
https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy | 438 |
| 13 | No text... | 309 |
| 14 | ပကဖရဲဘော်တွေကို တနင်္သာရီမြို့နယ်ပကဖမှ ဘတ်တံဆိပ်တပ်ဆင်
—--------------------
တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဇုန် (၃) တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေကို တနင်္သာရီမြို့နယ် ပကဖ ကနေ ဘက်တံဆိပ်တွေ တပ်ဆင်ပေးခဲ့တယ်လို့ ဇန်နဝါရီလ (၈)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဇုန် (၃) တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေကို ဘတ်တံဆိပ်တပ်ဆင်ခြင်း အခမ်းအနားကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဒုတာဝန်ခံ ရဲဘော် ဗီနိုတက်ရောက်ခဲ့ပြီး ပကဖလမ်ညွန်ချက်နဲ့ စစ်သည်တော်ကျင့်ဝတ်တွေအကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။ Facebook Link -
https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy | 337 |
| 15 | ဧရာဝတီတိုင်း၊ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနဲ့ တိုင်းပကဖ ဦးဆောင်အဖွဲ့ ပကဖတွေနဲ့တွေ့ဆုံ
—--------------------------------
ဧရာဝတီတိုင်း၊ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ နဲ့ တိုင်းပကဖဦးဆောင်အဖွဲ့မှ ပုသိမ်ခရိုင် ၊ မြောင်းမြခရိုင်ပကဖ ၊ မအူပင်ခရိုင် နဲ့ ဟင်္သာတခရိုင်ပကဖ တာဝန်ရှိသူတွေ၊ ရဲဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲမှာ ဧရာဝတီတိုင်းပကဖရဲ့ ဆောင်ရွက်ထားရှိမှုအခြေနေတွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို ပကဖလုပ်ငန်းလမ်းညွန်ချက်နဲ့ အညီ ဧရာဝတီ တိုင်းစစ်ဌာန ၊ ဗျူဟာ၊ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့ တိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီညီ ဖော်ဆောင်သွား နိုင်ကြဖို့အရေး ဆွေးနွေးခဲ့ကြတယ်လို့ ပကဖအရင်းအမြစ်ထံက သိရပါတယ်။
ဒီတွေ့ဆုံမှု ခရီးစဉ်မှာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၊ တိုင်းပကဖတာဝန်ခံ ရဲဘော်အတူး ၊ စစ်ရေးတာဝန်ခံ ရဲဘော်ဂျိုကာ ၊စည်းရုံးရေးတာဝန်ခံ ရဲဘော်ထူးထက် ၊ဘဏ္ဏာရေးမှုး ရဲဘော်ဂျီးတော်၊ရုံးအဖွဲ့မှူး ရဲဘော်ဗေဒါနှင့် ပုသိမ်ခရိုင်၊ မြောင်းမြခရိုင် ၊ မအူပင်ခရိုင် ၊ င်္ဟသာတခရိုင်ပကဖတာဝန်ခံများ၊CRAH ဥက္ကဌနှင့်တိုင်းလွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခဲ့ကြပါတယ်။ Facebook Link -
https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy | 289 |
| 16 | No text... | 395 |
| 17 | ဂန့်ဂေါခရိုင် ပကဖ၊ ယောဧရာ အဖွဲ့ ရော့ကတ်တပ်ဖွဲ့
Facebook Link -
https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy | 451 |
| 18 | ချောက်မြို့ရှိ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို လက်နက်ကြီး၊ငယ်တွေနဲ့ တိုက်ခိုက်
—------------------
ချောက်မြို့နယ် ပကဖ၊ Chauk Guerrilla Force ( C.G.F ) ၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ အာဠာဝက မြို့ပြပျောက်ကျားတပ်ဖွဲ့ ၊ Kyaukpadaung Special Defense Force တို့ ပူးပေါင်းကာ ချောက်မြို့နယ် ကတောက်ချောင်း ကျေးရွာအနီးတွင် ကုန်းကြီးပျူရွာရှိ စကစ နှင့် ပျူများအားစောင့်ကြိုပြီး လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေမှ လက်နက်ငယ်တွေအပြင် ၆၀ မမ လက်နက်ကြီး ( ၃ ) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရန်သူ့ဘက်က အထိအခိုက်အကျဆုံးများပြားနိုင်တယ်လို့သိရပါတယ်။
Facebook Link -
https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy | 536 |
| 19 | ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးရဲဘော်များထံပြည်ထောင်စုဝန်ကြီးချုပ်သွားရောက်တွေ့ဆုံနှုတ်ဆက်
—---------------------------------
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေနဲ့ ရန်ကုန်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့၄ ရဲဘော်တွေ တွေ့ဆုံကာ အားပေးစကားပြောကြားပြီး လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပေးအပ်အားဖြည့်ခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံမှု ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အတူ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး(၂) ရဲဘော်စောရှားတို့ လိုက်ပါခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးချုပ်ကိုယ်စား ရန်ကုန်တိုင်းပကဖတာဝန်ခံရဲဘော်နောင်ရိုးက ရဲဘော်များထံ စားစရာနှင့်အသုံးအဆောင်ပစ္စည်းများပေးအပ်ခဲ့ပါတယ်။
Facebook Link -
https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy | 474 |
| 20 | ဆိပ်ဖြူမြို့နယ် စစ်ကောင်စီ အထိုင်စခန်းနဲ့ ရဲစခန်းတွေကို ဒရုန်း. လက်နက်ကြီးတွေနဲ့ တိုက်ခိုက်
—---------------
ဆိပ်ဖြူမြို့နယ် အတွင်းရှိထမ္မကောက်ကျေးရွာ စစ်ကောင်စီ အထိုင်တပ်စခန်း၊တပေါင်းကျေးရွာ စစ်ကောင်စီ အထိုင်တပ်စခန်းနဲ့ လက်ဆည်ကျေးရွာရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးသီး အလုံး(၅၀)၊ Rocket ၃လုံး၊ (၆၀)မမလက်နက်ကြီးတွေနဲ့ ဒီဇင်ဘာ ၂၀-၂၁-၂၂ နဲ့ ၂၄ ရက်နေ့တွေမှာ ၄ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီ အထိုင်တပ်စခန်း နေရာအဆောက်အအုံတွေ၊ ဂျမ်ဘာတွေ ထိမှန်ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်သားအများအပြားလဲ ထိခိုက်သေဆုံးခဲ့တယ်လို့ တပ်တွင်းအရင်းအမြစ်တွေထံက သိရပါတယ်။
ယခုတိုက်ခိုက်မှုတွေကို မကွေးတိုင်း ပကဖ Drone လက်ရုံး တပ်ဖွဲ့ ဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ ဆိပ်ဖြူမြို့နယ်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့- NSP၊ ပကဖ/ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲ (၃)တို့မှ ပူး ပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပါတယ်။
Facebook Link -
https://www.facebook.com/profile.php?id=61556759138761&mibextid=sCpJLy | 255 |
