တက္ကသိုလ်ဘုန်းနိုင်
Open in Telegram
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တပိုဒ်တလေ တွေ့ငြားလေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါအမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။
Show more915
Subscribers
No data24 hours
+217 days
+14830 days
Posts Archive
ကိုးကွယ်သူဟာ ဘယ်တော့မှ..
ပိုင်ဆိုင်ခြင်းကိုမရဘူး....
ကိုယ်က ပူဇော်ရတာပဲရှိတယ်
#သူငယ်ချင်းလိုပဲဆက်၍ခေါ်မည်ခိုင်
နှလုံးသားကိစ္စ ဆိုတာ ပိတောက် တစ်ခါ ပွင့်တဲ့ရက်လောက်ပဲ ရှိမယ်လို့ ထင်တယ်
#မေတ္တာများနှင့်စိန်ပန်းနီနီ
မက်မောတ,သဖွယ်ရာ မဟုတ်သော်လည်း
မမေ့နိုင်သောအရာကို
လွမ်းဖွယ်ရာဟု ဆိုခွင့်ရှိလျှင်မူ
ကျွန်တော်၌ လွမ်းဖွယ်သောအတိတ်
ရှိခဲ့ဖူးပါသည်…….။
#တပြည်သူမရွှေထား
ငွေလမင်းဟူသည်ကို လူကမပိုင်နိုင်ပါ
မပိုင်နိုင်ပေမဲ့ ချစ်ရသည်……..
#ပိတောက်ပွင့်ဆဲလသာဆဲဝယ်
လွမ်းတယ်ဆိုတာ ငိုချင်တာမျိုး
ဒါပေမဲ့…….
ရင်ထဲမှာငိုပြီး ရင်ထဲမှာတိတ်တာ !
#တပြည်သူမရွှေထား
ကိုယ့်ဘဝ ကိုယ်မှမပိုင်တာ
တခြားသူ တစ်ယောက်ရဲ့ ဘဝကို
ဘယ်လိုလုပ် ပိုင်နိုင်မှာလဲ….
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
သံယောဇဥ်ဆို
ဘယ်သံယောဇဥ်မှ မကောင်းဘူး၊
သံယောဇဥ် မရှိသေးသူများ
မရှိတဲ့အတိုင်းပဲနေကြစေချင်တယ်၊
ရှိကြလို့ ရှိရင်လဲ
သံယောဇဥ်ကြိုးကို မရှည်ခင်
တိုတိုဖြတ်တာကောင်းတယ်။
မုန်းစကိုတိုစေ၊ချစ်စကိုရှည်စေလို့
ဆိုရိုးစကားရှိတယ်၊
တခါတလေ ကျွန်တော်တွေးမိတယ်၊
ချစ်စကို တိုနိုင်ရင် လူတွေဟာ ဒီထက်
ကံကောင်းကြမလားမသိဘူး….။
#မောင့်ဘဝညအလားကွယ်
အချစ်နှင့် သစ္စာ ဆိုသည်မှာ
ဘဝနှင့် အသည်းလွှာကို
ရင်းဖူးပါမှ ယထာဘူတကျစွာ
သိမြင်နိုင်သော တရားများ ဖြစ်ပေသည်။
#မောင့်ဘဝညအလားကွယ်
ယခင်က အရာတို့သည် ယခုမရှိတော့ပြီ
ယခင်အရာတို့ ယခုမရှိတော့သော်လည်း
ယခင်ဆိုသော အတိတ်သည်
ရင်၌ ဘာကြောင့် ရှိနေသေးပါသနည်း…။
#ဝသန်လေချိန်မှန်ကူး
ပို့လိုက်ပါ မောင်
နွမ်းကာမှနွမ်းရော
မောင်ပို့လိုက်မယ်ဆိုရင်
ချယ်ရီနွမ်းကိုလည်း
လန်းတယ်အမှတ်နဲ့
ရင်မှာထင်မြင်ပြီး
ကျေနပ်ရမှာပါ မောင်
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
ကို့ကို နေလုံးကြီးမဖြစ်စေချင်ဘူး
ကြယ်မင်းကြီးသာ ဖြစ်စေချင်တယ်
နေဆိုတာ ထွက်လာတော့လည်း မျက်လုံးနီနီ
ဝင်သွားတော့လည်း မျက်လုံးနီနီ
အစမှာလည်းငိုရသလို အဆုံးမှာငိုရတယ် ကိုရယ်
ကြယ်တွေဆိုတော့လည်း ထွက်လာတာလည်း
မမြင်ရဘူး ဝင်သွားတာလည်းမသိရဘူး
တိမ်ဖုံးနေရင်တော့ သူတို့ကိုမတွေ့ရပါဘူး
ဒါပေမယ့် သူတို့ရှိနေတာကိုတော့ နုငယ်သိတယ်
ကို့ကို မမြင်ရပေမဲ့ ကိုရှိနေတာကို နုငယ်သိတယ်
အဲဒါနဲ့ပဲနုငယ်စိတ်ချမ်းသာတယ်။
#နွေကန္တာဦး
ကျွန်တော် ရင်နာလာသည်
" ငါ့ညီကပဲ သဘောထားကြီးပါ " တဲ့
ဪ ပြောသူက လွယ်သည်
စွန့်လွှတ်ရမှာက ကျွန်တော့် ငွေလမင်းကြီး
#ပိတောက်ပွင့်ဆဲလသာဆဲဝယ်
ဘဝဟာ ညအလားဆိုတာ
ဘာကိုပြောတာလဲ မမမေ
ကျွန်တော်တော့ ညကိုချစ်တယ် ညမှာဆိုရင်
လရောင်ဟာ ဝင်းလက်ပြီး ကြယ်တွေက
လက်နေလေ့ရှိတယ် အဲ့ဒိကြယ်တွေလတွေကို
ကြည့်ရင်း နတ်သျှင်နောင်လို ကဗျာစပ်ချင်တယ်
တခုတော့ ရှိတယ် နတ်သျှင်နောင်လို
ဖွဲ့နွဲ့စရာ ကျွန်တော့မှာ သခင် မရှိဘူး
#မောင့်ဘဝညအလားကွယ်
သူမပန်ချင်လို့ အပစ်ခံရတဲ့ပန်း မဟုတ်ပါဘူး
မမမေရယ်၊ ကျွန်တော်နဲ့ထိုက်တန်လို့ ကံကြမ္မာ
က ကြံဖန်ဆောင်ပို့ပေးတဲ့ မြတ်ပန်းတော်ဝင်ပါ
#မောင့်ဘဝညအလားကွယ်
ချစ်ခြင်း ဆိုသည်မှာလည်း ကွဲကွာခြင်းနှင့်ဆုံမှ
သရုပ်သကန် အကုန်ကို အဟုန်ပြည့်နှင့်
ဖော်လေ့ရှိသည်လား မပြောတတ်
#လွမ်း
သစ္စာဖောက်တယ်... အင်း ဒါက တစ်မျိုးပေါ့။
ဒါပေမယ့် ဥပမာ အစကတည်းက
သစ္စာဆိုတာဟာ မရှိခဲ့တာဆိုရင်ကော
ဘယ်လိုခေါ်ရမလဲ နှင်း...
နှင်းကဘယ်လိုလုပ် သိမလဲ
လှည့်စားတာပေါ့ နှင်းရယ်….
လှည့်စားတာပေါ့၊ လှည့်စားခြင်းဟာ သစ္စာဖောက်ခြင်းထက်ဆိုးတယ်။
သစ္စာဖောက်ရတာမှာ ခွင့်လွှတ်နိုင်ဖွယ်အကြောင်း ရှိချင်ရှိလိမ့်ဦးမယ်။
လှည့်စားတာမှာတော့ မူလကတည်းက
ရက်စက်တဲ့စေတနာရှိနှင့်တယ်။
#လွမ်းပါလေရစ်သည်သောင်ငွေဦး
တလောကလုံးမှာ ကျွန်တော်
မစော်ကားဝံ့ဆုံး လူတယောက်ဟာ မမခိုင်ပါပဲ။
မမခိုင်ကို စော်ကားကြတဲ့ သမုတ်ကြတဲ့၊
စွပ်စွဲကြတဲ့ လူတွေရဲ့ သရော်
လှောင်ပြောင်ချက်ကို ဂရုမထားပဲ
မမခိုင်ကို ကျွန်တော် ချစ်ခဲ့တယ်။
ချစ်ခဲ့တယ် ဆိုတဲ့ စကားဟာ မှားပါတယ်၊
ကိုးကွယ်ခဲ့မိတယ်။ အဲ့လို ကိုးကွယ်ခဲ့မိတာလဲ
ကျွန်တော်မှားတာပဲ။
ဘာဖြစ်လို့လဲဆိုတော့ ကိုးကွယ်သူတွေဟာ
ဘယ်တော့မှ ပိုင်ဆိုင်ခြင်းကို မရဘူး။
ကိုယ်က ပူဇာ်ရတာပဲရှိတယ်။
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
ဆရာဆိုတာ... စာဖတ်ရတယ်ကွ၊
မဖတ်ရင် တုံးသွားမယ်၊ အချို့ ဆရာတွေက ဓားသွေး ကျောက်နဲ့အလွန်တူတယ်...၊
မင်းတို့ ကျောင်း သားလေးတွေက
သံမဏိဓားလေးတွေပေါ့၊
ဓားလေးတွေကတော့ ထက်ထက်သွားတယ်၊
ကျောက်တုံးကြီးကတော့ ပွန်းပွန်းပြီး
ပါးပါးကျန်ရစ်တယ်၊
ငါကတော့ အပွန်းအပါးမခံဘူး၊
ဘာပြုလို့လဲဆိုတော့ ငါကိုယ်၌က
ဆရာမဟုတ်ဘူး….၊
ထာဝရကျောင်းသားကြီးကွ၊
ငါ့ကိုယ်ငါလည်း အမြဲသွေးနေတာပဲ။
#စိမ်းနေဦးမည့်ကျွန်တော့မြေ
ချစ်တာဟာ ချစ်တာပါပဲ။
အလိုလိုက်မှ စရိုက်တူမှ အကြိုက်ညီမှ
ချစ်တယ်ဆိုတဲ့ သဘောကို လက်မခံနိုင်ဘူး။
မတူတာတွေ မညီတာတွေ ကွဲလွဲချက်
အထွေထွေဟာ ချစ်ခြင်းမေတ္တာစစ်ကို
လွှမ်းပစ်လို့ မရပါဘူး။
#ညီမလေးရယ်စိုးရိမ်မိတယ်
ချစ်မိတာဟာ ချစ်မိတာပဲ
ချစ်လို့လည်း မခွဲချင်ဘူး
ခွဲရဖို့ဆိုရင်လည်း ဘာလို့
အစတည်းက ချစ်ရမလဲ။
#လွမ်းပါလေရစ်သည်သောင်ငွေဦး
