တက္ကသိုလ်ဘုန်းနိုင်
Open in Telegram
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တပိုဒ်တလေ တွေ့ငြားလေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါအမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။
Show more915
Subscribers
No data24 hours
+217 days
+14830 days
Posts Archive
ပြဿနာအား ဖြေရှင်းရန်အတွက် နားလည်မှု၌ အခြေခံစတင်ရန်ထက် သာသောဆေးသည်မရှိ။
#ညီမလေးရယ်စိုးရိမ်မိတယ်
ဒုက္ခကို ဒုက္ခမှန်းသိလို့ဆက်ပြီးဒုက္ခမခံစတမ်းဆိုရင် လူတိုင်းနိဗ္ဗာန်ရောက်ပြီး လောကကြီးဆိတ်သုဉ်းသွားမှာပေါ့
#ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
အသည်းနှလုံးဆိုတာမျိုးက ချစ်သူနှစ်ဦးကို
ခွဲဝေပေးလို့ ရတာမျိုး မဟုတ်ဘူး။
တစ်ယောက်သော သူအတွက်
နှလုံးကို ပုံအပ်ပြီးပြီဆိုရင်.…..
အဲဒီတစ်ယောက်သောသူထံက
ဆုလာဘ်ရသည် ဖြစ်စေ မရသည် ဖြစ်စေ
ဒီအသည်းနှလုံးကို သူ ပြန်မပိုင်နိုင်တော့ဘူး"
#မောင့်ဘ၀ညအလားကွယ်
တစုံတယောက်မှ မပိုင်သေးတဲ့ အရာကို
လူတိုင်းဟာ ကိုယ်နဲ့ ဆိုင်တယ်လို့
ယူဆနိုင်ခွင့်ရှိပါတယ် ကိုကျော်စွာ...
#နွယ်ဦးမွန်မို့ချစ်ထွဋ်တင်သည်
စကတည်းက
မျက်ရည်ဝဲဝဲနဲ့ ချစ်ခဲ့ရတော့
တစ်သက်လုံးပဲ မျက်ရည်ဝဲဝဲနဲ့ပဲ
မောင်ဆက်ချစ်နေရဦးမည်….။
#ပိတောက်ပွင့်ဆဲလသာဆဲဝယ်
ပြဿနာအား ဖြေရှင်းရန်အတွက်
နားလည်မှု၌ အခြေခံစတင်ရန်ထက်
သာသောဆေးသည်မရှိ။
#ညီမလေးရယ်စိုးရိမ်မိတယ်
တခါတရံ ကျွန်တော့်ဘဝ၏အဓိပ္ပါယ်ကို
ပြန်ဆန်းစစ်မိသည်၊ ထိုအခါတွင် မရေရာ
မသေချာသောအဖြစ်ကို မြင်မိသည်။
မလွယ်သည်ကိုမှ မှန်း၍ မရနိုင်သည်ကို
လွမ်းနေသူတဦးအဖြစ် မြင်သည်။
သို့ရာတွင် ကျွန်တော့်၌လုံလောက်သော
ဆင်ခြင်ရှိပြန်၏၊ မလွယ်သည်မို့
မမှန်းရတော့ဘူးလား မရနိုင်သည်မို့
မလွမ်းရတော့ဘူးလား။
#မောင့်ဘဝညအလားကွယ်
နှလုံးသားကိစ္စ ဆိုတာ ပိတောက် တစ်ခါ ပွင့်တဲ့ရက်လောက်ပဲ ရှိမယ်လို့ ထင်တယ်
#မေတ္တာများနှင့်စိန်ပန်းနီနီ
ထားက ငိုရစ်ဟု ဆိုခဲ့သည့်အတိုင်း
ငိုဖြစ်အောင် ကျွန်တော်ငိုရစ်ပါသည်
ဪ..…ထားရယ်
မငိုလို့ကော ဖြစ်မတဲ့လား
ကိုယ်က ချစ်မိပြီကိုး၊
ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ်က
ထားကို စချစ်မိပြီကိုး…။
#တပြည်သူမရွှေထား
ကိုယ်ရွေးထားတဲ့တာဝန် ကိုယ်ကျေအောင်လုပ်။
ဘယ်သူ့ကိုမှမဝေဖန်နဲ့ သမိုင်းဆိုတာအရှည်ကြီး၊
တော်လှန်ရေးဆိုတာမှာလည်း အဆုံးမရှိ။
အချိန်တန်တော့ အမှန်တရား ပေါ်လာလိမ့်မယ်။
အဲဒီအချိန် ကျတော့သာ မောင်ဟာ
အမှန်တရားဘက်မှာ ရှိနေနိုင်ပါစေ။
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
အိမ်ဟူသည် တစ်လောကလုံး၌ ပျော်ရွှင်ဖွယ် အသာယာဆုံးနေရာ ဖြစ်၏။
အိမ်သူသက်ထားနှင့် ရင်သွေးဟူသည် ရင်ကို အအေးမြစေဆုံးသော ရတနာများဖြစ်ကြ၏။
#မိုးတွေရွာမှဖြင့်လျှင်ကွယ်
သူစမ်းတယ် ကိုစိမ်းတယ်ဆိုရင်
မေတ္တာဆိုတဲ့ စကားကို…..
ဘယ်သွားထားရမလဲ
#တပြည်သူမရွှေထား
ချစ်ခြင်း ဆိုသည်မှာလည်း ကွဲကွာခြင်းနှင့်ဆုံမှ
သရုပ်သကန် အကုန်ကို အဟုန်ပြည့်နှင့်
ဖော်လေ့ရှိသည်လား မပြောတတ်
#လွမ်း
အလိုလိုက်မှ စရိုက်တူမှ အကြိုက်ညီမှ
ချစ်တယ်ဆိုတဲ့ သဘောကို နွဲ့ လက်မခံနိုင်ဘူး။
မတူတာတွေ မညီတာတွေ ကွဲလွဲချက်
အထွေထွေဟာ ချစ်ခြင်းမေတ္တာစစ်ကို
လွှမ်းပစ်လို့မရပါဘူး။
#ညီမလေးရယ်စိုးရိမ်မိတယ်
လူ့ဘဝတွင် လူငယ်ဘဝသည် ပျော်ရွှင်ဖွယ်အကောင်းဆုံးဖြစ်သည်။ လူငယ်ဘဝတွင် ကျောင်းသားဘဝသည် ပျော်ဖွယ်အကောင်းဆုံးဖြစ်၏။ ကျောင်းသားဘဝတွင် တက္ကသိုလ်ကျောင်းသားဘဝကား ပျော်ဖွယ်အကောင်းဆုံးပေတည်း။
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
လူသာ အိုမည်
နှလုံးသားက အိုချင်မှအိုမည်၊
အိုလေသည့်တိုင်အောင်
နှလုံးသားသည် နုပျိုစဉ်က
တွယ်တာခဲ့ရသော…
သံယောဇဉ်များကို ထိန်းသိမ်းထားမည်။
#ဝသန်လေချိန်မှန်ကူး
လောကမှာ လူကိုနှိပ်စက်တတ်တဲ့
နောင်တ နှစ်မျိုးရှိတယ်။ တစ်မျိုးက မလုပ်သင့်သည်ကို လုပ်မိလို့ရခဲ့တဲ့နောင်တ၊ တစ်မျိုးက လုပ်သင့်သည်ကို မလုပ်ခဲ့မိလို့ရတဲ့နောင်တ။
#မိုးတွေရွာမှဖြင့်လျှင်ကွယ်
အချစ်တို့ ... အချစ်နှင့်ပတ်သက်သော သစ္စာတို့ ဆိုသည်မှာ ဝမ်းမပူရသူတို့၏ နှလုံးသားဆိုင်ရာ ဇိမ်ခံပစ္စည်း တစ်မျိုးပေလော
#နှင်းငွေ့တစ်ထောင့်မိုးတစ်မှောင့်
မရှိဘူး၊ ဘာမှမရှိဘူး၊
ကျုပ်တစ်ယောက်တည်း၊
ဒါပေမဲ့ ဒါကိုလည်း
ဝမ်းမနည်းတော့ပါဘူး
#စွန့်ခွာရသည့်နွေညများ
ခွဲခွာရမည်ဆိုတော့ အသည်းက နာမည်။
ချစ်တော့ အသည်းက နာမည်။
ဪ ... ချစ်လျှင် ခွဲခွာရက အသည်းဆိုသည် အမှန်ပင် နာတတ်ပါသလော။
အသည်းနာ အသည်းနင့်လောက်အောင် ချစ်ရပါသည်ဆိုသော အချစ်ဟူသည် ဘယ်လိုပါနည်း။
အကယ်ပင် ရှိရောရှိပါသလား။
#နွယ်ဦးမွန်မို့ ချစ်ထွဋ်တင်သည်
