en
Feedback
Channel YLK

Channel YLK

Open in Telegram

မဂ်လာပါ Channel YLK မှကြိုဆိုပါ၏။ @yairlinnko

Show more
6 235
Subscribers
No data24 hours
-417 days
-5430 days
Posts Archive
The Blackout (2019)

The Blackout (2019) IMDb - 6.1/10 Genre - Sci-fi, Action တစ်နေ့ရရှားနိုင်ငံမှာ ဘာကြောင့်မှန်းမသိတဲ့ အခြေအနေတစ်ခုကြောင့် ဆက်သွ
The Blackout (2019) IMDb - 6.1/10 Genre - Sci-fi, Action တစ်နေ့ရရှားနိုင်ငံမှာ ဘာကြောင့်မှန်းမသိတဲ့ အခြေအနေတစ်ခုကြောင့် ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်သွားတဲ့အပြင် မြို့တွေအမှောင်ကျကုန်တယ်။ လူတစ်ချို့ဟာလဲ အသိစိတ်တွေပျောက်ကုန်ပြီး တိုက်ခိုက်မှုတွေ လုပ်တော့တယ်။ အမှောင်ကျသွားတဲ့ ဧရိယာအတွင်းကို စုံစမ်းဖို့ လွှတ်လိုက်တဲ့အဖွဲ့တိုင်းလဲ ပြန်မလာနိုင်ကြဘဲ အဆက်အသွယ်တွေပြတ်တောက်ကုန်တယ်။ ဒီတော့ ရုရှားအစိုးရဟာ ဘာကြောင့်လဲဆိုတာ စုံစမ်းဖို့ အထူးတပ်ဖွဲ့တွေဖွဲ့စည်းပြီး အတွင်းပိုင်းထဲထိသွားပြီး စုံစမ်းဖို့ စတင်တော့တယ်။ အထူးတပ်ဖွဲ့တွေလည်း ကူညီရာမဲ့ဖြစ်ပြီးအထဲမှာ ပိတ်မိနေတော့တယ်။ တစ်ဖက်မှာလည်း အစ်လို့ အမည်ရတဲ့ ဂြိုလ်သားတစ်ကောင်ဟာ အမည်ဖော်မရတဲ့ရန်သူကို ရှာဖွေဖို့ သူကူညီနိုင်တယ်ဆိုပြီး လူသားတွေကို သူ့ကို ကူညီဖို့ ကမ်းလှမ်းလာခဲ့တယ် … တကယ်တော့ ဂြိုဟ်သားတွေဟာ ကမ္ဘာပေါ်ကို အခြေချနေထိုင်ဖို့ ကြိုးစားနေတာသိလိုက်ရတဲ့အချိန်မှာ …… အထူးတပ်ဖွဲ့တွေအနေနဲ့ရော အပြင်ကို ပြန်ထွက်လာနိုင်ပါ့မလား…. အသိစိတ်မဲ့သွားတဲ့လူတွေကို ထိန်းချုပ်နေတာကရော ဘယ်သူလဲ… ဒီပြဿနာကြီးကိုရော သူတို့ဖြေရှင်းနိုင်ပါ့မလား....

The Lord Of The Ring:The Return Of The King

ဤ ကားကိုကြည့်မိပြီး မိမိခံစားချက်အမြင်တွေပြောင်းသွားမယ်ဆိုတာ လုံးဝသေချာတယ်။
ဤ ကားကိုကြည့်မိပြီး မိမိခံစားချက်အမြင်တွေပြောင်းသွားမယ်ဆိုတာ လုံးဝသေချာတယ်။

Ancestral World (2020)

Ancestral World (2020) ___ Action / Fantasy ရှေးရှေးတုန်းက နိုင်ငံတွေအားလုံးအတူတကွ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ပေမယ့်။
Ancestral World (2020) ___ Action / Fantasy ရှေးရှေးတုန်းက နိုင်ငံတွေအားလုံးအတူတကွ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ပေမယ့်။တစ်နေ့မှာတော့ ရှဲဒိုးဝါး ဦးဆောင်တဲ့ မိစ္ဆာစစ်တပ်တွေက အခြားနိုင်ငံတွေကို ဝါးမျိုလာလိုက် တာ ဂိုလန်မောဦးဆောင်တဲ့ တစ်နိုင်ငံပဲကျန်တော့တဲ့အထိဖြစ်လာခဲ့ပါတယ်။ စတေးခံမူအနစ် နာခံမူများစွာနဲ့ ရှဲဒိုးဝါးကို အနိုင်ရခဲ့သော်လည်း နောက်၁၀နှစ်အကြာမှာ မိစ္ဆာစစ်တပ်တွေကဂိုလန်မောရဲ့ သားကြီးကို ဖမ်းခေါ်သွားပါတော့တယ်။ အကြားအမြင်ဆရာမကို ဖမ်းရခြင်းအကြောင်းအရင်းမေးမြန်းရာမှ အကြောင်းအရင်းကို သိရှိပြီး ဂိုလန်မောရဲ့ သားငယ်က အကိုကိုကယ်ဖို ဖြစ်လာခဲ့ပါတယ်။ သူ သူ့အကိုကို ကယ်တင်တာအောင်မြင်မလား ….. ဘာအခက်အခဲတွေရှိနိုင်လဲ….ကယ်တင်နိုင်ဖိုက သူဘာကိုအောင်မြင်အောင်လုပ်ဆောင်ရမလဲ။ သူ့အကိုကိုဘာလိုဖမ်းသွားရလဲ စတာတွေကို ရင်ခုန်စွာနဲ့စောင့်ကြည့်ရမယ့် ရှေးခေတ်စစ်သမိုင်းကားတစ်ကားဖြစ်ပါတယ်။

Amanat (2022)

Amanat (2022) ၁၉ ရာစုအလယ် ၁၈၁၇-၁၈၆၄ က Caucasian စစ်ပွဲ (ရုရှားအင်ပါယာနဲ့ Caucasus လူမျိုးတို့ရဲ့စစ်ပွဲ) ကို အခြေတည်ထားပါတယ် တ
Amanat (2022) ၁၉ ရာစုအလယ် ၁၈၁၇-၁၈၆၄ က Caucasian စစ်ပွဲ (ရုရှားအင်ပါယာနဲ့ Caucasus လူမျိုးတို့ရဲ့စစ်ပွဲ) ကို အခြေတည်ထားပါတယ် တောင်ပေါ်သား အစ္စလာမ်မျိုးနွယ် Caucasus တို့ရဲ့ခေါင်းဆောင်က သူတို့နယ်ကို ရုရှားတပ်တွေ ဝိုင်းလာတဲ့အချိန် သူတို့ခေါင်းဆောင် Imma Shamil က သူ့ရဲ့သားဖြစ်သူ Jamalutdin ကို ဓားစာခံအဖြစ် စေလွှတ်ခဲ့ပါတယ် အသက်ကိုးနှစ်အရွယ်မှာ Jamal တစ်ယောက် စစ်မှုရေးရာကျောင်းမှာ တက်ရောက်ပြီး ရုရှားအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ် အဲဒီရုရှားမြေမှာပဲ အရာရှိတစ်ယောက်ရဲ့သမီးဖြစ်သူ Lisa နဲ့ချစ်ကြိုက်ခဲ့ပါတယ် Jamal က ရုရှား officer တစ်ယောက်ဖြစ်ပေမယ့် စစ်ကို ရွံမုန်းပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့သူပါ တစ်နေ့တော့ "တာဝန်ဝတ္တရား"နဲ့ "သူ့ချစ်သူ Lisa" နှစ်ခုကြား ခက်ခက်ခဲခဲရွေးချယ်ရတဲ့ အခြေအနေကို ရောက်လာတဲ့အခါမှာတော့ ....

The Rising Hawk (2019)

The Rising Hawk (2019) ===================== ဒီနေ့အတွက် အမိုက်စား Action , Drama, History ကားလေးကိုတင်ပေးချင်ပါတယ်။မွန်ဂိုတွေ
The Rising Hawk (2019) ===================== ဒီနေ့အတွက် အမိုက်စား Action , Drama, History ကားလေးကိုတင်ပေးချင်ပါတယ်။မွန်ဂိုတွေ အင်အားကောင်းချိန် ၁၂၀၀ ကျော်ခုနှစ်ကာလကို ဇာတ်အိမ်တည်ထားပါတယ်။ ဉရောပ – အာရှနယ်စပ် ယူကရိန်း အမေရိကန်နယ်မြေ၊ ကပ်သရီသန်တောင်းတန်းဒေသမှာ အေးအေးချမ်းချမ်းနေထိုင်တဲ့ ယူက‌ရေးနီးယမ်းလူမျိုးတွေဟာ တောင်ယာလုပ် အမဲလိုက်တဲ့လူမျိုးတွေဖြစ်ပါတယ်။ ဒီလူမျိုးတွေရဲ့နယ်‌မြေကို ဂျင်ဂျစ်ခန်ရဲ့ မွန်ဂိုတပ်တွေ ကျူးကျော်တိုက်ခိုက်လာတဲ့အခါ…. မိမိနယ်မြေကို ဘယ်လိုခုခံကာကွယ်သွားမလဲဆိုတာ ကြည့်ရမှာပါ။ သမိုင်းစိတ်ကူးယဉ်၀တ္ထုကို ရိုက်ကူးထားတဲ့ ..... ဇာတ်ကားကောင်းတစ်ခုဖြစ်ပေမယ့် သမိုင်းကြောင်းတစ်ခုကိုပြန်လည် မြင်ယောင်ထင်မှတ်စေလောက်အောင်ကောင်းမွန်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။

Furiosa: A Mad Max Saga (2024)

Furiosa: A Mad Max Saga (2024) ဇာတ်ကားသစ် ကမ္ဘာကျော် Mad Max ရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ ဖြူရီအိုဆာ လာပါပြီ။ ဒါရိုက်တာ ဂျော့မ
Furiosa: A Mad Max Saga (2024) ဇာတ်ကားသစ် ကမ္ဘာကျော် Mad Max ရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ ဖြူရီအိုဆာ လာပါပြီ။ ဒါရိုက်တာ ဂျော့မေလာ ရိုက်ကူးထားပြီး မင်းသမီး အာညာတေလာဂျွိုင်း နဲ့ ခရစ်ဟမ်းဆွာ့တို့ ပါဝင်ထားပါတယ်။   IMDb 7.8 အထိ ရရှိထားတာမို့ ရုံတင်ကားတွေထဲမှာတော့ အကောင်းစားလို့ပြောရမှာပါပဲ။ Mad Max နဲ့ မပူးပေါင်းခင် ဖြူရီအိုဆာရဲ့ ရာဇဝင်ကို ပြန်ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။   Mad Max: Fury Roadဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် Action Movies များကို ကြိုက်ပါသလား?” ကြိုက်တယ်ဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကတော့ “သင် ထို Action Movies တွေကို ဘယ်လောက်ထိ နှစ်သက်ပါသလဲ?” အရမ်းကိုနှစ်သက်တယ်ဆိုရင်တော့ ဒီ ရုပ်ရှင်ဟာ သင့်အတွက်ပဲ ဖြစ်ပါတယ်။

Point Break (2015)

Point Break [2015] ================ ဘဏ်ကိုဓားပြတိုက်ပြီး ဆင်းရဲသားတွေကိုပြန်ပေးတဲ့ကားလေးပါ ဇာတ်လမ်းကတော့ ဘက်စုံကျွမ်း အားကစား
Point Break [2015] ================ ဘဏ်ကိုဓားပြတိုက်ပြီး ဆင်းရဲသားတွေကိုပြန်ပေးတဲ့ကားလေးပါ ဇာတ်လမ်းကတော့ ဘက်စုံကျွမ်း အားကစားသမားဖြစ်တဲ့ ယူတာ့ရ်ှတစ်ယောက် FBI ကို စတင်ဝင်ဖြစ်ပုံနဲ့ စတင်ထားပါတယ်။ သူရောက်ပြီးနောက်ပိုင်းမှာတော့ ဘဏ်ဓားပြတိုက်အမှု ပိုက်ဆံသယ်လာတဲ့လေယာဉ်ကို တစင်းလုံးအပိုင်စီးပြီး ပိုက်ဆံတွေဆင်းရဲသားရွာပေါ်ကို ကြဲချခဲ့တဲ့အမှု စိတ္တဇဆန်ဆန် လုယက်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ ယူတာ့ရ်ှဟာ သူကိုယ်တိုင်လဲ အာကစားသမား၁ယောက်ဖြစ်နေတာကြောင့် အမှုသွား အမှုလာတွေကို လေ့လာပြီးတော့  သံသယရှိသူတွေဟာ ဘက်စုံကျွမ်း အားကစားသမားများ ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ အကြောင်းကတော့ အိုဇာကီ ၈ ချက် ဆိုတဲ့ သဘာဝတရားနဲ့ လိုက်လျောညီထွေ နေပေးရင် ထွက်ရပ်ပေါက်မယ်ဆိုတဲ့ အယူဝါဒကြောင့်ပါ။ ဒီလိုကိစ္စတွေကို လုပ်မယ့်သူတွေဟာ ဘက်စုံကျွမ်းအားကစားသမားများပင် ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ ဒါပေမယ့် FBI အထက်တန်းက အဲ့ဒီအယူအဆကို လက်မခံခဲ့ပါဘူး။ တစ်ခုရှိတာကတော့ ယူတာ့ရ်ှရဲ့ ဘော့စ် ဟောလ်က လက်ခံပေးလိုက်တာပါပဲ။ အဲ့ဒီမှာတင် အသွင်ယူစစ်ဆင်ရေးစတာပါပဲခင်ဗျ.......

Morbius (2022)

Morbius (2022) မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။ မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီး ဗ
Morbius (2022) မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။ မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီး ဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။   ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲ သိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ သွေးစုပ်ကောင်မုဆိုး ဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့ ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကို ပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။

American Fighter (2019)

American Fighter (2019) ဇာတ်အိမ်ကို 1980 ဝန်းကျင် အီရန်၊ အီရတ် စစ်ပွဲဖြစ်စဥ်ကာလမှာဇာတ်အိမ်တည်ထားပါတယ်…။ အီရန်မှာ စစ်တွေဖြစ်နေ
American Fighter (2019) ဇာတ်အိမ်ကို 1980 ဝန်းကျင် အီရန်၊ အီရတ် စစ်ပွဲဖြစ်စဥ်ကာလမှာဇာတ်အိမ်တည်ထားပါတယ်…။ အီရန်မှာ စစ်တွေဖြစ်နေတော့ ပါရှန်သားလေး အလီဟာ အမေရိကန်ကို ပညာသင်ဆုနဲ့ကျောင်းလာတက်တာပေါ့…။အလီရဲ့ မိဘတွေကတော့ အီရန်မှာ ကျန်ခဲ့ပြီး အမေဖြစ်သူကနယ်ခံတပ်တွေ ဖမ်းဆီးတာ ခံလိုက်ရပါတယ်…။မိခင်ကိုပြန်ခေါ်ဖို့အတွက် အစိုးရကိုအကူအညီတောင်းတော့ စစ်ပွဲကာလမို့ဘာမှလုပ်မပေးနိုင်ပါဘူး…။ဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အောက်လမ်းက ခေါ်ဖို့ကြိုးစားပါတော့တယ်…။အဲ့ဒီအတွက် ငွေကလည်း အများကြီးကုန်မှာဆိုတော့ ကောလိပ်ကျောင်းသားအလီတစ်ယောက် ငွေရဖို့အတွက် undergroundထိုးသတ်ပွဲတွေမှာ ဝင်ထိုးပါတော့တယ်…။စစချင်းမှာတော့ နပန်းအခြေခံရှိသူ အလီဟာ ပွဲတွေဆက်တိုက်နိုင်ပြီးငွေရှာလွယ်ကူခဲ့တာပေါ့..။ဒါပေမဲ့ undergroundလောကက အဲ့လောက်မရိုးရှင်းလှဘဲ ပြိုင်ဘက်နဲ့ပွဲစီစဥ်သူပေါင်းစားပြီး အလီကို ဂွင်ဆင်ကြတဲ့အခါမှာတော့….။1980စတိုင်နဲ့ Underground Fighting ထိုးသတ်ပွဲတွေကြည့်ချင်တဲ့သူတွေအတွက်တော့ actionကားကောင်းလေးတစ်ကားပါ…။

Ayla : The Daughter Of War (2017)

တပေါင်းလပြည့်နေ့ ကြည့်သင့်သော ဖခင်တစ်ယောက် မေတ္တာကြီးမားပုံ ဖွဲ့ညွှန်းထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကား တစ်ကားပါ Ayla: The Daughter
တပေါင်းလပြည့်နေ့ ကြည့်သင့်သော ဖခင်တစ်ယောက် မေတ္တာကြီးမားပုံ ဖွဲ့ညွှန်းထားတဲ့ ဖြစ်ရပ်မှန်  ဇာတ်ကား တစ်ကားပါ Ayla: The Daughter of War (2017) IMDB (8.5/10) ဖြစ်ရပ်မှန် စစ်နောက်ခံရုပ်ရှင်ကားတစ်ခုကို တင်ပေးလိုက်ပါတယ် တောင်မြောက်ကိုရီးယား စစ်ပွဲမှာ ကူညီဖို့ရောက်လာတဲ့တူရကီတပ်ရဲ့ တပ်ကြပ်ကြီး ဆူလီမန်ဟာ တိုက်ပွဲထဲမှာ တစ်ယောက်ထဲကျန်နေခဲ့တဲ့ ကိုရီးယားကလေးမလေးတစ်ယောက်ကို ကယ်တင်လာခဲ့တယ် ကလေးလေးက စကားလည်းမပြောနိုင်၊ နာမည်လည်း မသိတာမို့ အိုင်လာလို့ပဲ နာမည်ပေးခဲ့လိုက်ပါတယ်..အိုင်လာဆိုတာ လရောင်လို့ အဓိပ္ပါယ်ရတဲ့ တူရကီစကားလေးပါပဲ စစ်ပွဲတစ်လျှောက်လုံး အသက်ဘေးကြားထဲကနေ ကလေးလေးကိုစောင့်ရှောက်ခဲ့တဲ့ တူရကီစစ်သားနဲ့ သူ့ကို အဖေလို့ပဲထင်နေတဲ့ အိုင်လာလေးရဲ့ ဘဝဇာတ်လမ်းပါပဲ နည်းမျိုးစုံနဲ့ မခွဲရဖို့ ကြိုးစားခဲ့ပေမယ့် တူရကီကို ပြန်ရတော့မယ့် အချိန်ရောက်လာတဲ့အခါ ဆူလီမန်ဟာ အိုင်လာကို ပြန်လာတွေ့ပါ့မယ်လို့ ကတိပေးထားခဲ့တယ် ဆူလီမန်က ပြောခဲ့တယ်..အဖေဆိုတာသားသမီးကို ပေးတဲ့ ကတိကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသက်ရှင်နေတာပါတဲ့..ကြည့်ရင်းနဲ့ ငိုခဲ့ရတဲ့ ကားလေးမို့ ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်.....