en
Feedback
မြဝတီ/ရွှေကုက္ကိုလ်အလုပ်ကိုင်ရှာဖွေးရေး

မြဝတီ/ရွှေကုက္ကိုလ်အလုပ်ကိုင်ရှာဖွေးရေး

Open in Telegram
1 221
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Heroic (2023) ကြီးနိုင်ငယ်ညှဉ်းနှိပ်စက် အနိုင်ကျင့်မှုတွေက နေရာအနှံ့အပြားမှာရှိနေတတ်ကြပါတယ်။ အဆိုးဆုံးကတော့ စစ်တပ်တွေ၊ အစိုးရ
Heroic (2023) ကြီးနိုင်ငယ်ညှဉ်းနှိပ်စက် အနိုင်ကျင့်မှုတွေက နေရာအနှံ့အပြားမှာရှိနေတတ်ကြပါတယ်။ အဆိုးဆုံးကတော့ စစ်တပ်တွေ၊ အစိုးရနဲ့ပတ်သက်တဲ့ဌာနတွေပါပဲ။ အခုဆယ်စုနှစ်ပိုင်းမတိုင်ခင် လူတိုင်းဖုန်းတွေမကိုင်နိုင်ခင်နှစ်တွေလို သတင်းတွေကျယ်ကျယ်ပြန့်ပြန့် မသိရနိုင်တဲ့နှစ်တွေတုန်းကတောင် စစ်ဗိုလ်လောင်းကျောင်းက လူသေစေလောက်တဲ့အထိနှိပ်စက်မှု၊ သူနာပြုကျောင်းမှာ ကိုယ့်အတွင်းခံကို ဂျူနီယာတွေကို လျှော်ခိုင်းတာတွေ၊ စိတ်ပိုင်းဆိုင်ရာညင်းဆဲမှုတွေကို တိုးတိုးတဖုံ ကျယ်ကျယ်တဖုံကြားဖူးကြမှာပါ။ဒီကားလေးထဲမှာတော့ မက္ကဆီကိုစစ်တပ်ထဲက ကြီးနိုင်ငယ်ညှဉ်းနှိပ်စက်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ Brainwash လုပ်တာတွေကို မြည်းစမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ လူအများအမြင်နောက်ကွယ်က ကြမ်းတမ်းတဲ့အမှန်တရားတွေကိုချပြထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုခြောက်ဆုနဲ့ ဆန်ခါတင်ဆု ကိုးခု၀င်ထားပါတယ်။

Survival of the Dead (2009) ခေတ်ကြီးက Zombies တွေ နဲ့ ကမ္ဘာကြီးကပရမ်းပတာတွေဖြစ်နေတဲ့အချိန်ပေါ့။ ဒီလိုအခြေအနေတွေကြားမှာ အထက်ကိ
Survival of the Dead (2009) ခေတ်ကြီးက Zombies တွေ နဲ့ ကမ္ဘာကြီးကပရမ်းပတာတွေဖြစ်နေတဲ့အချိန်ပေါ့။ ဒီလိုအခြေအနေတွေကြားမှာ အထက်ကိုစိတ်နာပြီးတပ်ပြေး လာတဲ့ ‌ဆာ့ခ်ျတို့ စစ်သားတွေတသိုက်။ပလမ်းကျွန်းပေါ်မှာကလည်း အိုဖလင်း မိသားစုနဲ့ မဲလ်ဒွန်းမိသားစုရဲ့ဇွန်ဘီးတွေအပေါ်အယူအဆကွဲလွဲပုံကြောင့်ပစ်ခတ်နေကြတာကပုံမှန်လိုပဲ။အိုဖလင်းတွေက ဒီဖုတ်ကောင်တွေကိုအမြစ်ဖြုတ်သတ်ပစ်ရမယ်ထင်ကြတယ်။ မဲလ်ဒွန်းတွေက ဒီကောင်တွေကိုပြောင်းလဲနိုင်မယ်ထင်ကြတယ်။အားလျော့တာတဲ့ အိုဖလင်းတွေရဲ့ခေါင်းဆောင် ပတ်ထရစ်ဟာတနေ့မှာ‌တော့ ကျွန်းကနေပါနှင်ထုတ်ခံရပါတော့တယ်။ ကျွန်းကိုပြန်နိုင်ဖို့ကြံနေတဲ့ပတ်ထရစ်နဲ့ ဘေးကင်းရာနေရာတခုရှာနေတဲ့ဆာ့ခ်ျတို့တွေ့ကြတဲ့အခါဘာတွေဆက်ဖြစ်ကြမလဲ သူတလူငါတမင်းခေတ်မှာဘယ်သူကများအသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါဦး

Day Zero (2022) အောင်လနဲ့ ထိုးသတ်တုန်းကထက် ပိုကြမ်းပြီး ပိုမိုက်မယ့် ဘရန်ဒန် ဗီယာရဲ့ဖိလစ်ပိုင် Zombie ကားကောင်းတစ်ကားလာပါပြီ…
Day Zero (2022) အောင်လနဲ့ ထိုးသတ်တုန်းကထက် ပိုကြမ်းပြီး ပိုမိုက်မယ့် ဘရန်ဒန် ဗီယာရဲ့ဖိလစ်ပိုင် Zombie ကားကောင်းတစ်ကားလာပါပြီ…။Zombieကားဆိုတော့ ကိုက်မယ်ဆွဲမယ် စတာပါတဲ့အပြင်ဇာတ်လိုက်မင်းသားက US အထူးတပ်သားဟောင်း ဆိုတော့ ဖိုက်တင်ခန်းတွေပါ အများကြီးကြည့်ရမှာပါ…။ ဇာတ်လမ်းအကျဥ်းကတော့ အေမွန်ဟာ အမေရိကန်အထူးတပ်သားဟောင်းဖြစ်ပြီး သူငယ်ချင်းကိစ္စ၊ သူများရန်ပွဲထဲဝင်ပါလွန်းလို့ ထောင်ကျနေရတာပါ…။သူ့မှာ စကားမပြောတတ်နဲ့ သမီးလေးနဲ့ ဇနီးလည်းရှိပါတယ်…။တစ်နေ့ကျတော့ တုပ်ကွေးရောဂါကနေ သန္ဓေပြောင်းပြီး Zombieတွေ‌ပေါ်လာပါတော့တယ်…။ဒီတော့ အေမွန်တစ်ယောက် သမီးနဲ့ ဇနီးကို ကယ်ဖို့ ထောက်ဖောက်၊Zombieတွေနဲ့ တိုက်ခိုက်ပြီး ပွဲကြမ်းပါတော့တယ်…။ဇာတ်လမ်း အစအဆုံး zombie များနဲ့ တိုက်ခိုက်ခန်းတွေ အများကြီးကြည့်ရမယ့် ကားလေးပါ။အဆုံးသတ်မှာ ဘယ်သူတွေ ဘာဖြစ်သွားမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲကြည့်ရှုလို့ရပါပြီ…။

Freedom’s Path (2022) ဒီရုပ်ရှင်ကတော့ သမိုင်း၊ စစ်ပွဲနောက်ခံ ဒရာမာ လေးပါပဲ။ သမိုင်းကတော့ အမေရိကန် ပြည်တွင်းစစ် ( ၁၈၆၁ – ၁၈၆၅) ကို အခြေခံထားတာဖြစ်ပါတယ်။ ကျွန်စနစ်ဖျက်သိမ်းရေးကိုထောက်ခံတဲ့ မြောက်ပိုင်းတပ် (ယူနီယံတပ်) နဲ့ မထောက်ခံတဲ့ တောင်ပိုင်းတပ် (ကွန်ဖဒရေစီ) တပ်တွေ တိုက်ခိုက်ကြတဲ့ကာလပါ။ အဲဒီပြည်တွင်းစစ်မှာ လူမည်း ၁၈၀၀၀၀ လောက် ပါဝင်တိုက်ခိုက်ပေးခဲ့ပါတယ်။ အမေရိကန်မှာ ၁၇၆၀ ကျော်ကစပြီးနှစ် ၁၀၀ လောက်အမြစ်တွယ်နေတဲ့ ကျွန်စနစ်ကို တိုက်ဖျက်ရတာ မလွယ်ခဲ့ပါဘူး။ မြောက်ပိုင်းသား ယန်းကီးတွေတောင်မှ နိုင်ငံပေါင်းစည်းရေးအတွက်ပဲ တိုက်ပြီး ကျွန်တွေကိုအထင်သေးတဲ့သူတွေရှိတုန်းပါပဲ။ စစ်ပွဲကာလ တောင်ပိုင်းကနေ မြောက်ပိုင်းကိုထွက်ပြေးဖို့ ကြိုးစားကြတဲ့ ကျွန်တွေအကြောင်း၊ ကျွန်တွေကို ပြန်လိုက်ဖမ်းတဲ့မုဆိုးတွေအကြောင်း ပါပါတယ်။ နောက်ဆုံး စစ်ပွဲကြီးအပြီး မြောက်ပိုင်း ယူနီယံတပ်တွေနိုင်ပြီး ကျွန်စနစ် ဖျက်သိမ်းခဲ့တာတောင် လူမည်းတွေကို အကြီးအကျယ်နှိမ်တဲ့ နယ်မြေတွေရှိခဲ့တုန်းပါပဲ (Green Book ရုပ်ရှင်မှာတွေ့နိုင်ပါတယ်) ။ လူမျိုးရေးခွဲခြားမှုကတော့ ယနေ့ခေတ်အထိ ဥပဒေနဲ့ ထိန်းချုပ်ထားတာတောင် ဖြစ်ပျက်နေဆဲပါပဲ။အခု ရုပ်ရှင်ကတော့ ယူနီယံစစ်သား ဝီလီယံ တစ်ယောက် ကွန်ဖဒရိတ်တွေနဲ့ ပထမဆုံးစစ်ပွဲမှာ ဒဏ်ရာနဲ့ ထွက်ပြေးလာပြီး တောင်ပိုင်းမှာ တစ်ယောက်တည်း သေဖို့ကျန်ခဲ့တဲ့အချိန်မှာ တောင်ပိုင်းကနေ ထွက်ပြေးလာပြီး ယူနီယံတပ်ထဲဝင်ဖို့ ထွက်လာတဲ့ လူမည်းတစ်စုက ကယ်တင်တာခံရပုံပဲ။ ဝီလီယံက ယူနီယံတပ်သားဖြစ်ပေမဲ့ ကျွန်စနစ်ကို ဘာလို့တိုက်ဖျက်ရမှန်းတောင် နားလည်တဲ့သူမဟုတ်ပါဘူး။လူမည်းတွေကို အထင်သေးပါသေးတယ်။ ဒါပေမဲ့ လူမည်းတွေကြားမှာ ရှင်သန်ရင်းနဲ့ ညီအစ်ကိုလို မိသားစုလိုဖြစ်လာပြီး တောင်ပိုင်းက ကျွန်မုဆိုးတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့.....

Cassadaga (2011) လီလီဟာ ငယ်စဉ်ကတည်းက အကြားအာရုံချို့တဲ့ခဲ့တဲ့ ပန်းချီဆရာမတစ်ဦးဖြစ်ပါတယ်။ သူမတက္ကသိုလ်ရှိရာ ကာဆာဒက်ဂါမြို့လေးက
Cassadaga (2011) လီလီဟာ ငယ်စဉ်ကတည်းက အကြားအာရုံချို့တဲ့ခဲ့တဲ့ ပန်းချီဆရာမတစ်ဦးဖြစ်ပါတယ်။ သူမတက္ကသိုလ်ရှိရာ ကာဆာဒက်ဂါမြို့လေးကိုပြောင်းရွှေ့လာကာစမှာပဲ ဝိဉာဉ်ခေါ်ဆရာဆီသွားပြီး သေဆုံးသွားတဲ့ညီမဖြစ်သူရဲ့ ဝိဉာဉ်နဲ့ဆက်သွယ်ဖို့ကြိုးစားပါတယ်။ ဝိဉာဉ်ခေါ်ပွဲမှာ ကမောက်ကမအဖြစ်အပျက်တစ်ခုကြောင့် မဆိုင်တဲ့ဝိဉာဉ်ပါရောက်လာပြီးလီလီကိုလိုက်လံခြောက်လှန့်ပါတော့တယ်။ဝိဉာဉ်ရဲ့ခိုင်းစေချက်အရ လီလီဟာ စိတ္တဇလူသတ်သမားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းမိလျက်သားဖြစ်သွားပြီး အဲဒီဝိဉာဉ်ကိုယ်တိုင်ဟာလည်း အဆိုပါလူသတ်သမားရဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရသူတစ်ယောက်ဆိုတာ သိလာရပါတယ်။ စိတ္တဇလူသတ်သမားဟာ အမျိုးသမီးငယ်လေးတွေကို လူသားရုပ်သေးရုပ်ဖြစ်အောင် ဖြတ်တောက်ပြီး အမျိုးမျိုးနှိပ်စက်ညှင်းပန်းတတ်သူဖြစ်ကြောင်း ထင်ရှားလာတဲ့အပြင် လီလီကိုယ်တိုင်ဟာလည်း လူသတ်သမားရဲ့လက်ထဲကျရောက်ရမယ့်အဖြစ်မျိုး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါတော့တယ်။လီလီဟာ လူသတ်သမားလက်ကလွတ်နိုင်ပါ့မလား..လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ဖော်ထုတ်နိုင်ပြီး သေဆုံးသွားတဲ့အမျိုးသမီးငယ်လေးရဲ့ ဝိဉာဉ်အတွက် လက်စားချေပေးနိုင်ပါ့မလား…လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ကကော ဘာတွေရှိမလဲ.......

The Dark Tower (2017) 🔰🔰 ကမ္ဘာတွေဟာ အများကြီး ရှိနေပြီး ကမ္ဘာတစ်ခုနဲ့ တစ်ခုဟာ စွမ်းရည်တွေ မတူညီကြပါဘူး ဒီကမ္ဘာတွေ အားလုံးရဲ
The Dark Tower (2017) 🔰🔰 ကမ္ဘာတွေဟာ အများကြီး ရှိနေပြီး ကမ္ဘာတစ်ခုနဲ့ တစ်ခုဟာ စွမ်းရည်တွေ မတူညီကြပါဘူး ဒီကမ္ဘာတွေ အားလုံးရဲ့ အလယ်ဗဟို တည့်တည့်မှာတော့ ကမ္ဘာကြီးရဲ့ ထောက်တိုင် တစ်ခု တည်ရှိနေပြီး ထို ထောက်တိုင်ကြီး မရှိတော့တဲ့အခါမှာတော့ ကမ္ဘာတွေဟာ မှောင်အတိပြီး၍ မီးလောင်ကျွမ်းကုန်မှာပဲ ဖြစ်ပါတယ်... ထို ထောက်တိုင်ကြီးကို ဖျက်ဆီးဖို့ ကြံရွယ်နေသူတွေကတော့ ဝေါ်တာ ဆိုသော မကောင်းဆိုးဝါး နှင့် အရေခွံခြုံသူများ ဖြစ်ပါတယ် ထိုကဲ့သို့ ဖျက်ဆီးဖို့ရန် အတွက် စိတ်ထားသန့်စင်သော ကလေးများကို ဖမ်းပြီး စိတ်စွမ်းအင် ထုတ်ယူ၍ ကမ္ဘာတွေရဲ့ အလယ်ဗဟို ထောက်တိုင်ကို တစ်ဖြေးဖြေးအားနည်းစေရန် တိုက်ခိုက်လျက် ရှိပါတယ်... ဝေါ်တာကို လက်စားချေလိုစိတ်ပြင်းပြစွာ ရှာဖွေနေတဲ့ အချိန်မှာ သူ့ကို လာရှာတဲ့ ဂျိတ် နဲ့ စတင်တွေ့ပြီး ဝေါ်တာ ကို ရှာဖို့ ဂျိတ် ရဲ့ စိတ်စွမ်းအင် အကူအညီကိုယူကာ နှစ်ဦးသား ပူးပေါင်းမိခဲ့ပါတယ်... ဝေါ်တာ ကြောက်ရတဲ့ နောက်ဆုံးမျိုးဆက် သေနတ်သမား ရိုလန် နှင့် ဝေါ်တာ ရှာဖွေနေသော စိတ်စွမ်းအင်မြင့်သူ ဂျိတ်တို့ဟာ ဝေါ်တာကို ကလဲ့စားချေရန် ရှာဖွေခဲ့ကြသော အခါမှာတော့.....

Creepypasta (2023) ဒီဇာတ်ကားက လိုင်းပေါ်မှာထိတ်လန့်ခြောက်ခြားစရာ ဇာတ်လမ်းတွေကို ရေးတင်လေ့ရှိတဲ့အသက် ၁၄နှစ်အရွယ် စာရေးဆရာမလေး
Creepypasta (2023) ဒီဇာတ်ကားက လိုင်းပေါ်မှာထိတ်လန့်ခြောက်ခြားစရာ ဇာတ်လမ်းတွေကို ရေးတင်လေ့ရှိတဲ့အသက် ၁၄နှစ်အရွယ် စာရေးဆရာမလေး ပျောက်ဆုံးပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ထူးဆန်းထိတ်လန့်ဖွယ်ရာတွေ အပေါ်ကိုဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာတွေဖြစ်ကြတဲ့ Carlos Cobos Aroca,Berkley Brady, Mikel Cravatta သုံးယောက်ပေါင်းစပ်ဖန်တီးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး မင်းသားတွေဖြစ်ကြတဲ့ Joie Bauer,Fernando Boza နဲ့မင်းသမီး Silvia Casanovaတို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းက အသက် ၁၄နှစ်အရွယ် စာရေးဆရာမလေးပျောက်ဆုံးပြီးတဲ့နောက်အနီးနားပတ်ဝန်းကျင်မှာ ထူးဆန်းစွာပဲ လူတွေဆက်တိုက်ဆိုသလို ပျောက်ဆုံးလာပါတယ် လူတွေဘာကြောင့် အကြောင်းအမျိုးမျိုးနဲ့ သဲလွန်စရှာလို့မရအောင်ပျောက်ဆုံးနေကြတာလဲ ရဲတွေကရော ဒီကိစ္စကိုအဖြေရှာထုတ်နိုင်ပါ့မလားလူတွေကကော ဘာလို့ထူးဆန်းစွာပျောက်ဆုံးကုန်ကြတာလဲ လူတွေပျောက်ဆုံးမှုတွေက လိုင်းပေါ်မှာပျံ့နှံ့နေတဲ့ ထိတ်လန့်ဖွယ်ရာဇာတ်လမ်းတစ်ပုဒ်နဲ့တစ်ကယ်ပဲဆက်နွယ်နေတာလားဆိုတာ ဒီဇာတ်ကားလေးထဲမှာပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါခံစားစီးမျောကြည့်ရှုလိုက်ပါဦး.....

Dangerous water (2023) စွန့်စားခန်း thriller ကားကောင်းကောင်းမျှော်နေသူတွေအတွက် အရမ်းမိုက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ပင်လယ်
Dangerous water (2023) စွန့်စားခန်း thriller ကားကောင်းကောင်းမျှော်နေသူတွေအတွက် အရမ်းမိုက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ပင်လယ်ပြင်ကို မွေးနေ့အပျော်ခရီး ရွက်လွှင့်ထွက်လာခဲ့တဲ့ ရို့စ် ၊ အယ်မာနဲ့ ဒဲရက် စတိုက်တို့ ၃ ယောက်ဟာ… တဖြည်းဖြည်းနဲ့ရေစီးကြောင်းပြောင်း လဲမှုကြောင့် ဘာမြူဒါတြိဂံနားအထိရောက်သွားပါတယ်ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်မှာ ခရီးဆက်ရင်း လူသူမနေနဲ့ စွန့်ပစ်ကျွန်းကြီးကိုရောက်သွားတဲ့အခါမှာတော့ ဆန်းကြယ်မှုတွေနဲ့ အပြည့်ဖြစ်နေခဲ့ပြီး သူတို့ ၃ ယောက်ကြားမှာလည်း မပြီးပြတ်သေး တဲ့ ပြဿနာလေးတွေကိုဖြေရှင်းရင်း သမုဒ္ရရာကြီး‌ကနေ ဘယ်လို လွတ်မြောက်သွားမလဲဆိုတာကို.....

Hanuman Shadow Master (2022) ဒါကတော့ မွေ့ထိုင်းအတိုက်အခိုက်တွေကို အခြေခံပြီး သမ္မာကျမ်းစာလာ မြင်းစီးသမားလေးယောက်ရဲ့ ကမ္ဘာပျက်
Hanuman Shadow Master (2022) ဒါကတော့ မွေ့ထိုင်းအတိုက်အခိုက်တွေကို အခြေခံပြီး သမ္မာကျမ်းစာလာ မြင်းစီးသမားလေးယောက်ရဲ့ ကမ္ဘာပျက်ကိန်းကို ရာမရဲ့ စစ်သူကြီး ဟာနုမန်က သေမင်းနတ်ဘုရားအနေနဲ့အင်္ဂလိပ်လိုတွေပြောပြီးဝင်တားတဲ့ကားမျိုးဖြစ်လို့နည်းနည်းတော့ကြောင်ပါတယ်။ ဒါပေမဲ့ Ong-bak ဆန်ဆန် အက်ရှင်တွေနဲ့ ပဟေဠိဆန်ဆန်ရိုက်ချက်တွေကြောင့် အပျော်ကြည့်အနေနဲ့တော့အဆင်ပြေမယ့်ကားမို့ တင်ပေးလိုက်ပါတော့တယ် မင်းသားကတော့ စားစရာနေစရာမရှိလို့ ဆေးရုံပျက်တစ်ခုမှာညစောင့်ကင်းသမားလာလုပ်ရတဲ့သူပေါ့။ သူ့အတိတ်ကိုဆေးရုံမှာမှီခိုနေရတဲ့လူတွေကလည်းမသိကြဘူး။ ကြည့်တဲ့သူတွေပဲသိမှာပါ သူကဂန်းစတားဟောင်းကြီး မွေ့ထိုင်းကျွမ်းတယ်ဘာညာပေါ့။ ဒါပေမဲ့ဟာနုမန်နတ်ဘုရားက မြင်းသည်တော်လေးယောက်နဲ့ချဖို့အသုံးချတာကိုခံလိုက်ရတဲ့အခါ ပိုပြီးကြမ်းလာပြီးနတ်ဆိုးတွေနဲ့ပါ ချနိုင်သွားတာပေါ့။ Credit...

Wrath of Dracula (2023) 19ရာစုရဲ့စာရေးဆရာ Bram Stokerရဲ့ နာမည်ကြီးဝတ္တု Draculaကို low budget adaptationအနေနဲ့ ပြန်လည်ရိုက်ကူ
Wrath of Dracula (2023) 19ရာစုရဲ့စာရေးဆရာ Bram Stokerရဲ့ နာမည်ကြီးဝတ္တု Draculaကို low budget adaptationအနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ တခြား romance vampireဇာတ်လမ်းတွေလိုမဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင်ဆိုတဲ့ဖြစ်တည်မှုကို လက်တွေ့ဆန်ဆန် မသတီဖွယ်factတွေနဲ့မကောင်းဆိုးဝါးပုံစံမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းထဲမှာတော့ မီနာဟာကာရဲ့ခင်ပွန်း ဂျွန်နသန်ဟာကာက ထရန်စ်လေဗေးနီးရားမှာရှိတဲ့ ဒရာကူလာရဲတိုက်ကို အလုပ်ခရီးနဲ့ရောက်ရှိပြီး ရဲတိုက်မှာပိတ်မိနေခဲ့တယ်။ မီနာဆီကို ဝှက်စာပေးပို့အပြီးမှာ မီနာက အင်္ဂလန်ကနေချက်ချင်းပဲထွက်လာပြီး ခင်ပွန်းဖြစ်သူကို လာကယ်ဖို့ကြိုးစားတယ်။ ရဲတိုက်နားကိုရောက်ရောက်ချင်းမှာ ပရော်ဖက်ဆာဗန်ဟဲလ်ဆင်နဲ့ဆုံပြီး နှစ်ဦးသားပူးပေါင်းရင်း မြို့စားဒရာကူလာနဲ့ရင်ဆိုင်ရပုံကို ဇာတ်လမ်းတည် ရိုက်ကူးထားတဲ့ gothic horror အမျိုးအစားဇာတ်ကားတစ်ကားဖြစ်ပါတယ်။