အချစ်ရပ်ဝန်းငယ်
Open in Telegram
ဝင်ပြီးရင်ပြန်မထွက်ကြပါနဲ့နော်💕 channel လေးကို ဂျိုင်းပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နော့်...
Show moreMyanmar28 052The category is not specified
261
Subscribers
+324 hours
+67 days
+1430 days
Posts Archive
သူရဲ့ ဆုံးမသံလေးတွေကို
ကိုယ်တခါလောက်ဖြစ်ဖြစ်ပြန်ကြားခွင့်ရရင်...
သူမကြိုက်တာတွေပြင်မိမှာသေချာတယ်...
#သုည
ကိုယ်မဟုတ်တဲ့ ဥယျာဥ်မှူး လက်ထဲမှာတနေ့တခြားလှပနေတဲ့ ပန်းလေးတစ်ပွင့်ကို...
ကိုယ်ကဘာဖြစ်လို့ ပိုင်ဆိုင်ချင်နေရတာလဲ...
#သုည
ကိုယ်ကို အဆက်အသွယ်မလုပ်ချင်လို့ blockသွားတာတောင် ကိုယ်ကဘာတွေဖြစ်နေတာလဲ တကယ်မသိတော့ဘူးဗျာ...
#သုည
မင်းမချစ်ပဲ ပြောတဲ့ခဲ့စကားတွေက
သိပ်ချိုမြိန်တာပဲဗျာ
ဒါမယ့် နှလုံးသားနဲ့ဆိုရင်တော့ သိပ်နာကျင်ရတာပေါ့ဗျာ...
#သုည
မင်းမကြိုက်တဲ့ဆေးလိပ်တွေသောက်မယ်...
ဘဝကိုယ်ဖြစ်သလိုပဲနေထိုင်မယ်...
မင်းကိုလဲမေ့နိုင်အောင်ကြိုးစားမယ်...
#သုည
လူတချို့က သူချစ်ရတဲ့သူတစ်ယောက်ကို မေ့နိုင်မို့အတွက် လူတစ်ယောက်ကို အစားထိုးကြတယ်...
#သုည
ကျွန်တော်ဟာ နောက်နှစ်ဆိုရင်
ကျွန်တော်သိပ်ချစ်တဲ့အညာမြေနဲ့ခွဲရမယ်ဆိုတာတွေးမိရင်း မျက်ရည်ကျမိတယ်....
#သုည
တစ်ချိန်တုန်းက
ညတိုင်းညတိုင်း
အိပ်ပျော်နေရင်
ချစ်စရာကောင်းတဲ့
မင်းရဲ့မျက်နှာလေးကို
Online ပေါ်ကနေ
ပီတိ ဖြစ်ရင်း တစ်ညလုံး
ထိုင်ကြည့်ဖြစ်တယ်
တစ်ယောက်ထဲ ပြုံးပြီး
မင်းနဲ့ ထူထောင်မဲ့
အနာဂတ်အကြောင်းတွေတွေးထားတယ်
အခုတော့ မင်းက
လမိုက်ည မိုးရွာချိန်မှာ
လျှက်စီး လေးလက်သလို
ခဏလေးပဲ လာရောက်ခဲ့လေသလား
#အမည်မသိ
နွေဦးမှာ လေရူးတွေက
ကျီစယ်တယ် ဆိုပင်မယ့်
ရွက်ဝါလေးတွေက
တစ်ကယ်ကြွေရတာဗျ
ဘယ်သူကမြေခချင်ပါ့မလဲလေ
ခိုင်ခိုင်မြဲမြဲနေချင်တာပေါ့ "???"ရယ်
အသက်မသေပဲ နှလုံးသားသေသွားတဲ့
လူတစ်ယောက် ဒီခံစားချက်ကို
ဘာနဲ့မှ ဖော်ပြလို့မရဘူး
မေ့ချင်ရင်မူးရမယ်တဲ့
အိပ်စက်နိုင်ဖို့ကို မူးရပါဦးမယ် "???"ရေ
#အမည်မသိ
ဘာအကြောင်းပြချက်မှ မရှိပဲ
ထားသွားခဲ့ရင် ဘာအကြောင်းကြောင့်နဲ့မှ
ပြန်မလာပါနဲ့ ပျော်မယ်ထင်တဲ့လမ်းကို
ရွေးသွားပြီးရင် သေချာပေါက်
ပျော်အောင်နေပေးပါ မင်းဝမ်းနည်းနေရင်
ကိုယ်တို့ဝေးရတာမတန်ဘူး...
လိမ်လိမ်မာမာနေပါ စာအုပ်တွေဖတ်ပါ
ကိုယ့်ကိုယ်မေ့ထားခြင်းဖြင့်
တစ်စုံတစ်ယောက်ကိုပိုချစ်ပေးပါ
ညဘက်တွေစောစောအိပ်ပါ
စိတ်အလိုမကျတဲ့ အခါတိုင်း
ကိုယ့်ကိုယ်စိတ်နာပါ...😔🥀
#အမည်မသိ
ပြုံးပြုံးလေးနေပါ"
**
ဘဝဆိုတာ~
အနိမ့်ရှိသလို အမြင့်လည်းရှိတယ်။
အတက်ရှိသလို အကျလည်းရှိတယ်။
ဖေးမ,မယ့်သူရှိသလို ဆွဲချမယ့်သူလည်းရှိမယ်။
အားပေးမယ့်သူရှိသလို ရှုပ်ချမယ့်သူလည်းရှိမှာပဲ။
ချီးမွမ်းမယ့်သူရှိသလို ကဲ့ရဲ့မယ့်သူလည်းရှိဦးမယ်။
မြှင့်တင်မယ့်သူရှိသလို ပုပ်ချမယ့်သူလည်းရှိနေမှာပါ။
လူဆိုတာ စရိုက်ခြင်းမတူညီလေတော့
အကြိုက်ခြင်းလည်း မတူနိုင်ဘူးရယ်။
ဒါ့ကြောင့်~
ကိုယ့်လမ်းကိုယ်ထွင် စိတ်ရွှင်ရွှင်နဲ့
ကိုယ့်လမ်းကိုယ့်ဆက် စိတ်မပျက်ဘဲ။
ကိုယ့်လမ်းကိုယ်လျှောက် စိတ်မနောက်လိုက်ပါနဲ့။
ရွေးချယ်ထားတဲ့ ကိုယ့်ရဲ့ဘဝမှာ
တွေ့ကြုံနေရတဲ့ အရာမှန်သမျှကို
ခပ်ပြုံးပြုံးနေပြီး ရင်ဆိုင်ကျော်လွှားပစ်လိုက်ပါ။
#အမည်မသိ
ကောင်းကင်ကိုငေး စိတ်ထဲမှာတွေးရုံနဲ့
ရောက်ရောက်လာတတ်တဲ့ အတိတ်က
အလွမ်းတွေရယ် လူကိုဘေးဖြစ်စေပင်မဲ့
မကျွတ်မလွတ်နိုင်တဲ့ ကျွန်တော်ရဲ့စွဲလန်းမှု
ချစ်ခြင်းမေတ္တာတွေရယ်
မဖြစ်နိုင်တော့တာတောင် အခုထိ
“မမ”မှ“မမ”ဖြစ်နေတုန်းပဲ “မမ”ရယ်..
လွမ်းလို့လဲ မဆွေးချင်တော့ဘူး
လှမ်းလို့လဲမငေးတော့ပါဘူးဗျာ
အချစ်သဒ္ဒါပိုခဲ့ခြင်းရဲ့ တန်ပြန်မှု့က
ကျွန်တော်ရဲ့ မေတ္တာတွေဟာ
“မမ”အတွက်တော့ ဈေးပေါသွားခဲ့ပါပြီ🥀
#အမည်မသိ
