en
Feedback
Burmese Gunner

Burmese Gunner

Open in Telegram

ဂန်းနားရပ်၀န်းမှ ညီအစ်ကိုတွေအားလုံးကို ကြိုဆိုပါတယ်

Show more
220
Subscribers
No data24 hours
-17 days
-430 days
Posts Archive
အာဆင်နယ် အသင်းဟာ လာမယ့် ရီးရဲလ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ကွာတးဖိုင်နယ် ဒုတိယအကျော့ ကို အနက်ရောင် ဂျာစီနဲ့ဝတ်ဆင် ကစားသွား
အာဆင်နယ် အသင်းဟာ လာမယ့် ရီးရဲလ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ကွာတးဖိုင်နယ် ဒုတိယအကျော့ ကို အနက်ရောင် ဂျာစီနဲ့ဝတ်ဆင် ကစားသွားမယ်လို့သိရပါတယ်။ ဘာလို့လဲဆိုတော့ အနောက်တိုင်းဓလေ့အရ နာရေးတွေကို တက်ရောက်တဲ့အခါမှာ အတက်ရောင်ဝတ်ဆင်ရလို့ပါတဲ့ :3 #BG #Kyi@burmesegunner

photo content

“ကူညီချင်တာကောင်းတယ်။ သတိမထားရင်တော့ မကောင်းတာကြုံရမယ်…” အရေးပေါ်ကယ်ဆယ်ရေးနောက်ကွယ်က လူကုန်ကူးမှုအန္တရာယ်ကို သတိထားစေချင်ပါတယ်… မြန်မာလူမျိုးတို့ရဲ့ ပရဟိတစိတ်အခံအတိုင်း ငလျင်၊ ရေကြီးမှု၊ မီးလောင်မှု များနောက်မှာ လူထုရဲ့ ညီညွတ်မှု၊ စည်းလုံးမှုနဲ့ အချင်းချင်းရိုင်းပင်းကူညီတတ်ကြပါတယ်။ ဓလေ့ကောင်းလေးပါ… အခုလည်း စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြီးအပြီး မြန်မာနိုင်ငံအလယ်ပိုင်းတစ်ကြော ဆုံးရှုံးထိခိုက်မှုတွေများနေ၊ ကယ်ဆယ်ရေးလိုအပ်နေချိန်မှာ အထူးသဖြင့် လူငယ်တွေဟာ သွားရောက်ကူညီလိုစိတ်ပြင်းပြနေကြတာ မြင်တွေ့နေရပါတယ်…. အဲဒီအချိန်မှာ သတင်းမီဒီယာတွေ၊ လူမှုကွန်ယက်တွေပေါ်မှာ "Foreigner ကယ်ဆယ်ရေးသမားတွေအတွက် စကားပြန်လိုအပ်ပါတယ်"၊ "လူကယ်ထုတ်ဖို့ အကူအညီလိုပါတယ်"၊ “အစားအစာအတွက် အကူအညီလိုအပ်နေပါတယ်" စသည့် ယခု Facebook ပေါ်မှာ အကူအညီခေါ်သံများစွာတက်နေပါတယ်… ဒါပေမယ့်… အဲဒီခေါ်သံတွေရဲ့နောက်မှာ လူကုန်ကူးမှု ဖြစ်နိုင်တဲ့အန္တရာယ်တစ်ခုလည်း ရှိနေပါတယ်။ သတိထားပါ။ ဒါတွေရဲ့ နောက်ကွယ်မှာ အစစ်အမှန်လား ကျားဖြန့်က မျှားခေါ်တာလားဆိုတာ မသိနိုင်ပါဘူး။ လက်ရှိ မြန်မာနိုင်ငံဟာ ကျားဖြန့် လူကုန်ကူးမှု အန္တရာယ်ဇုန်ပါ…. ဒီ ကရုဏာကြီးမားတဲ့ လူငယ်တွေရဲ့ ပရဟိတစိတ်ကို အသုံးချပြီး စကစ ပေါ်တာဆွဲတဲ့ အန္တရာယ်ကြောင့် အပြင်ထွက်နှုန်းနည်းတဲ့ လူငယ်တွေကိုခေါ်ထုတ်မယ်၊ မိသားစုမသိအောင် ထွက်လာခိုင်းပြီး တစ်နေရာရာမှာ လာရောက်တွေ့ဆုံခိုင်းမယ်…. ဒါမျိုးတွေကိုသတိထားဖို့လိုပါတယ်…

သတိထားဖို့အချက်တွေ ✅ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းမှသာ ဆက်သွယ်ပါ။ → Myanmar Red Cross, Fire Services, Local CSOs (သဘာဝဘေးအရေးပ
သတိထားဖို့အချက်တွေ ✅ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းမှသာ ဆက်သွယ်ပါ။ → Myanmar Red Cross, Fire Services, Local CSOs (သဘာဝဘေးအရေးပေါ်ကူညီရေးအဖွဲ့များ) 🔍 သတင်းအချက်အလက်တွေကို fact check လုပ်ပါ။ → Facebook စာမျက်နှာမှာ page verification ရှိ/မရှိကြည့်ပါ။ → လိပ်စာ၊ ဖုန်းနံပါတ် စသည်ဖြင့် အချက်အလက်အတိအကျ မရှိရင် သံသယထားပါ။ 🚨 အထူးသဖြင့် လူငယ်၊ မိန်းကလေးများ အထူးသတိထားပါ။ → လူကုန်ကူးမှုအတွက် target ဖြစ်နိုင်ပါတယ်။ 📞 သံသယရှိရင် အနီးစပ်ဆုံးလုံခြုံရေးအဖွဲ့/ CSO ကိုအသိပေးပါ။ ဘယ်လိုကူညီရမလဲ? • ပညာပေး content တွေကို share လုပ်ပါ။ • သတင်းအချက်အလက် မှန်ကန်မှုကို စစ်ဆေးပါ။ • သံသယရှိတဲ့အခေါ်အဝေါ်တွေကို report လုပ်ပါ။ ပရဟိတစိတ်ထက်သန်တာကောင်းပါတယ်။ ဒါပေမယ့် သတိမထားရင် မိမိကိုယ်တိုင် ဒုက္ခရောက်နိုင်ပါတယ်။ ကျားဖြန့် လူကုန်ကူးမှုအန္တရာယ် သတိထားပါ။ (မိုးဆက်) #ကျားဖြန့်အန္တရာယ် #လူကုန်ကူးမှု #မျှတလမ်းညွှန် #mhyatalannhyun #အခမဲ့ဥပဒေအကြံပေးဝန်ဆောင်မှု

Post from Ko Phone Zayr Linn Linn မလိုအပ်ပဲ ကုန်ကျနေတာတွေကို ကျနော်တို့ အတတ်နိုင်ဆုံး လျော့ချရရအောင် ဒီ post တင်တာပါ … တစ်ချို့တွေက စျေးကွက်ဖျက်လို့ဆဲလည်း ခံပါ့မယ် … ကျနော့်ကို messenger ကရော viber ကရော ဘယ်လို လှူရမလဲ … ဘယ်သူက စိတ်ချရလဲ လာလာမေးကြပါတယ် … ကျနော် အလှူလည်း မခံပါဘူး … ကျနော်လာလှူဖို့ ပြောရင် ကျနော် တို့ Rotary Club of Shwe Bangkok ကိုပဲလမ်းညွှန်ပေးဖြစ်တယ် … ကျနော် အလှူမခံပါဘူး … အဓိက ကျနော် အလုပ်ရှုပ်နေလို့ရယ် လူတွေနဲ့ ငွေရေးကြေးရေး ကင်းချင်လို့ရယ် ပါပါတယ် … ဟိုရက်က ဒီလို post တစ်ခု တင်ထားတာတွေ့တော့ ကျနော် ကူညီပြီး တစ်ယောက်စီက ကရိန်း တစ်စီး စီစဉ်ပေးလိုက်ပါတယ် … သိန်း ၂၀ လောက်ပဲ ကျတယ် … နောက် ၁၀ ပေးလေးတွေ ငှါးနေကြတယ် တစ်ရက် ၃ သိန်း ဆိုတာလေးတွေ တွေ့တယ် … ၁၀ စီး သိန်း ၃၀ ကျမယ် … လူ ၁၀ ယောက် မောင်းရမယ် … ဒါတွေ တွက်ပြီး 32 ပေကား အလကား လှူပေးလိုက်တယ် ကျနော် စီစဉ်ပေးလိုက်နိုင်တယ် … တစ်နေ့ကလည်း နေပြည်တော် ကို 21 ပေ ငှါးတာ သိန်း၃၀ တဲ့ မရရင် မသွားဘူး ဆိုပဲ … ကျနော့် မိတ်တွေက ဆီဖိုးလမ်းကြေး ပဲ ပေးဆိုလို့ ကျနော် ပဲ စိုက်ပြီး CSR program မှာ တစ်ဖက် တစ်လမ်း ကူညီပေးလိုက်တယ် … ကျနော် အခုလည်း ဒါလေးတွေ့ရလို့ … ကျနော့် ကို ဖုန်းဆက်ပါ ကားတွေလိုရင် … ကျနော် Team မှာ ကားတွေ အဆင်သင့်ရှိပါတယ် … ငှါးပေးနိုင်ပါတယ် … ကျနော် အခု သုံးနေတဲ့ ကားတွေ ဆို အရမ်း သက်သာပါတယ် … ဘာလို့လဲဆိုတော့ ကျနော့်ရဲ့ professional အလုပ်က Transportation ရယ် Materials Supply လုပ်တဲ့ လုပ်ငန်းလုပ်နေလို့ပါ … ကျနော် team ကိုဆက် လိုအပ်တာ ကူညီပေးမယ် ကျနော်တို့မှာ မရှိရင်တောင် ရှိတဲ့လူဆီ လမ်းညွှန်ပေးမယ် … Transportation Team 09 969 9999 299 မခြူးပပထွန်း 09 969 9999 499 ကိုချမ်းမြေ့ဇော် Tent တို့ ထီးတို့ မိုးကာတို့ လိုအပ်ရင် Support Team မသိမ့် 09 6777 0000 3 မစိမ့် 09 6777 0000 4 တိုက်တွေ အပျက်အစီးတွေ ဖျက်ချင်ရင် လည်း နောင်တစ်ချိန် ကူညီနိုင်ပါတယ် … အခုတော့ ကယ်တယ်ရေး နဲ့ ရှင်သန်ရေး အဓိက မို့ပါ မီးစက်တို့ ဖြတ်စက်တို့ လိုအပ်တာရှိရင် ကိုမောင်လတ် 09 959 555 559 Solar နဲ့ ပါတ်သက်တာ လေးတွေ ရှာပေးဖို့ဆိုရင် ခိုင်မွန်အောင် 09 949 9999 300

မနေ့ညက ပွဲရှိတာ သိတောင်မသိလိုက်ပါဘူး။ဒီနေ့ မှပဲ UTube Highlight တွေ့လို့သိရတာပါ။ အသင်းကတော့နိုင်ပွဲရပြီး ပရိတ်သတ်တွေပျော်ရမယ့
မနေ့ညက ပွဲရှိတာ သိတောင်မသိလိုက်ပါဘူး။ဒီနေ့ မှပဲ UTube Highlight တွေ့လို့သိရတာပါ။ အသင်းကတော့နိုင်ပွဲရပြီး ပရိတ်သတ်တွေပျော်ရမယ့် အခိုက်အတန့်တွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ကပျော်ရမယ့် အချိန်မဟုတ်လို့ ဘာသတင်းမှတင်ပေးဦးမှာမဟုတ်ပါဘူး။ ကိုယ့်လူတို့လည်း အစစ အရာရာ ဂရုစိုက်ကြပါ။ လှူဒန်းမယ့်သူတွေ အနေနဲ့လည်း ကိုယ့်လှူမယ့် အဖွဲ့အစည်းကို သေလျာ စုံစမ်းပြီးမှလှူဒါန်းကြပါ။လူလိမ်တွေကတော့ အချိန်တိုင်းနေရာတိုင်းမှာရှိနေပါတယ်။ တတယ် တန်း လိုအပ်တဲ့ ပစ္စည်းတွေကိုပဲ လှူဖို့ကြိုးစားပါ။သတင်းမှားတွေ မဖြန့်ဝေမိစေဖို့၊ တစ်တော့ ကတွေ့သမျှ သတင်းတွေကိုလည်း မယုံဖို့ လည်းလိုအပ်ပါတယ်။ ညရေးညတာတွေလည်း ဖောက်ထွင်း၊လုယက်၊ဓားပြမှုတွေ ရှိနေတာမို့ အချင်းချင်း စည်းစည်းလုံးလုံး နဲ့စောင့်ရှောက်ကြဖို့ မမေ့ပါနဲ့။ ကျွန်တောိလည်း အချိန်လေးရသလောက် လိုအပ်မယ်ထင်တဲ့သတင်းတွေ Facebook မှာရော Telegram မှာပါတင်ပေးနေပါတယ်။ #BG #Kyi

အာဆင်နယ်အသင်းက‌ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံ နဲ့ ထိုင်းနိုင်ငံအတွက် ယခုလိုပဲ X(Twitter)ဆပါ်မှာတင်လာခဲ့ပါတယ်။ဘာမှမပြောပဲန
အာဆင်နယ်အသင်းက‌ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံ နဲ့ ထိုင်းနိုင်ငံအတွက် ယခုလိုပဲ X(Twitter)ဆပါ်မှာတင်လာခဲ့ပါတယ်။ဘာမှမပြောပဲနေတာထက်စာရင် နောက်ကျတာကအဆင်ပြေပါသေးတယ်။ ကျေးဇူးတင်ပါဗျား ♥️ #BG #Kyi@burmesegunner

မန္တလေးမြို့နား ရရှိနိုင်သည် crane service များ။
မန္တလေးမြို့နား ရရှိနိုင်သည် crane service များ။

တော်လှ-န်ရေးဘက်အခြမ်းက လက်တလောပြုလုပ်နေတဲ့ ငလျင်ဘေးအတွက်ကမ်ပိန်း list များ၊ မြေပြင်တိုက်ရိုက် ပို့ဆောင်နေတဲ့ လူရင်းအဖွဲ့တွေပဲမို့ ယုံယုံကြည်ကြည် ထောက်ပံ့ကူညီလို့ရပါတယ်။ #စစ်ကိုင်းအတွက်သီးသန့် List... ၁။ စစ်ကိုင်းဘက်ကိုကူဖို့ အစ်မ Crystal Nge နဲ့ Aung Khant Zaw တို့ ပြုလုပ်နေတဲ့ "နွေးထွေးကူညီပြည်သူဆီ ကျွန်တော်တို့အရောက်လာမည်" ကမ်ပိန်း... https://m.facebook.com/story.php?story_fbid=637611772561471&id=100089379606172&mibextid=Nif5oz ၂။ Maung Kaung ဆီမှာလည်း စစ်ကိုင်းငလျင်ဘေးသင့်တွေအတွက် ကူလို့ရပါတယ်၊ သူကိုယ်တိုင်က အညာဒေသ စစ်ရှောင်စခန်းများစွာအတွက် အချိန်ပြည့်မြေပြင်တိုက်ရိုက်ဆင်းပြီး လုပ်ကိုင်နေသူဖြစ်ပါတယ်... https://www.facebook.com/share/19DCw42NCn/ ၃။ အစ်မ Phoo ဆီကိုလည်း စစ်ကိုင်းအတွက် ပို့ဆောင်ပေးလို့ရ။ စစ်ကိုင်းထဲက တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီး ကယ်ဆယ်ထောက်ပံ့ရေးတွေ လက်ရှိလုပ်ဆောင်နေ... https://www.facebook.com/share/p/15wfYtaXTJ/ ၄။ လက်ပံပွင့်ချိန် ပေ့ချ်က ပြုလုပ်နေတဲ့ စစ်ကိုင်းအတွက်ကမ်ပိန်း၊ ဒီအဖွဲ့ကတော့ မြေပြင်အချိတ်အဆက်များတဲ့ တော်လှန်ရေးအဖွဲ့အစည်းပါပဲခင်ဗျာ... https://www.facebook.com/share/p/1KQ6x2uabH/ ၅။ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု စစ်ကိုင်းတိုင်းဒေသအတွင်းမှာရှိတဲ့ သက်ဆိုင်ရာ သပိတ်အင်အားစု အသီးသီးကို အစည်းအဝေးခေါ်ယူထားပြီး ကယ်ဆယ်ထောက်ပံ့ရေး လုပ်ဆောင်ဖို့ရှိ၊ ပြည်သူပေးပို့မယ့် အထောက်အပံ့များအား ဖိတ်ခေါ်ထား... https://www.facebook.com/share/p/15NH7NhjMn/ ၆။ Nay Shine ကတော့ စစ်ကိုင်းစစ်ရှောင်တွေအတွက် အစဥ်တစိုက်မြေပြင်ဆင်းပြီး အထောက်အပံ့ပို့ဆောင်ပေးနေတဲ့ မြေပြင်ထောက်ပို့တစ်ဦးပါ... https://www.facebook.com/share/15ccLzzRvn/ ၇။ နောက်တစ်ဖွဲ့ကတော့ Link ချပေးလို့မရလို့ Messenger မှာ လာရောက် မေးမြန်းနိုင်ပါတယ်။ ____ အပေါ်က ၇ ခုတော့ စစ်ကိုင်းအတွက်သီးသန့်ပါ။ အောက်မှာဖော်ပြထားတဲ့ ကမ်ပိန်းတွေကတော့ ဘယ်ဒေသရယ်လို့တော့ ကြေညာထားတာမျိုးမရှိပဲ "ငလျင်ဘေးသင့်တဲ့နေရာတွေအတွက်"ဆိုပြီး ခေါင်းစဥ်တပ်ထားပါတယ်။ မြေပြင်ကိုလည်း အချိန်နဲ့တပြေးညီ ပို့ဆောင်လျက်ရှိ။ ၁။ ANTS - ပုရွက်ဆိတ်များ အဖွဲ့ကပြုလုပ်တဲ့ "ပြည်သူမှပြည်သူသို့" ကမ်ပိန်း... https://www.facebook.com/share/18bJFa7679/ ၂။ Cats- Association အဖွဲ့ကပြုလုပ်တဲ့ "နားခိုရာ"ကမ်ပိန်း.... https://www.facebook.com/share/p/16ETxzULZn/ ၃။ Dove KK အဖွဲ့ကပြုလုပ်တဲ့ ကမ်ပိန်း... https://www.facebook.com/share/p/154aaWcfsm/ ၄။ Clean Yangon အဖွဲ့မှပြုလုပ်တဲ့ ကမ်ပိန်း... https://www.facebook.com/share/p/1BGGxLSJSH/ ၅။ KTJ Supporting Group အဖွဲ့က ပြုလုပ်တဲ့ကမ်ပိန်း... https://www.facebook.com/share/15GqgWkogp/ ၆။ မောင် နှစ်ကျပ်ခွဲ ပြုလုပ်နေတဲ့ "စစ်ကိုင်း မန္တလေးငလျင်ဘေး" ကမ်ပိန်း... https://www.facebook.com/share/p/1EoJLUDE29/ ၇။ Spring Development Bank မှ ပြုလုပ်တဲ့ ကမ်ပိန်း... https://www.facebook.com/share/p/1A9NGnCGiM/ ၈။ NUGPay မှ ပြုလုပ်နေတဲ့ "ငလျင်ဘေး ရန်ပုံငွေအစီအစဥ်"ကမ်ပိန်း... https://www.facebook.com/share/p/191siATiaP/ #အေအန်န်အမ်မ်တီ

In the middle of all this, you might also see groups gathering for rescue efforts. But be careful—human trafficking rings are active too. Many posts include links saying, “Register here, and we’ll pick you up.” Some of these links come from fake accounts that had never posted anything before. Others belong to accounts filled with random game content or religious texts. There are so many suspicious accounts. Some links even lead to groups where people can be lured in—and once someone disappears, no one can save them. The country is falling apart. Please don’t share every link you see. At the very least, check the account that posted it. Look at their past 20 posts. Lately, it’s been difficult to verify anything because fake donation and earthquake-related posts are everywhere. Be extremely careful. If you see posts with “Copy/Credit/CrdtoOriginalUploader,” don’t share them immediately. Just yesterday in Yangon, people rushed onto the streets because of misleading posts about upcoming earthquakes. Before sharing any news, wait at least 10 minutes and check who posted it. If an unfamiliar group or person is calling for people to gather, be cautious. If at least three of your closest friends can’t confirm they’re legit, think twice. Ask around. Stay safe, everyone.

[English Below] ပြိုကျပျက်စီးမှုတွေအောက် ပိတ်မိသူတွေ ဘယ်လောက်များများ ရှိနေမလဲ တွေးမိပြီး မွန်းကျပ်ပြီး စိတ်မချမ်းသာပါ။ နိုင်ငံရပ်ခြား ရောက်နေသူတွေ အလုပ်လုပ်နေရသူတွေဆိုရင် ခုထိ သူတို့မိသားစုတွေအကြောင်း မေးကြတုန်း၊ လိုက်ရှာကြတုန်း၊ ရပ်ကွက်နာမည်ကလေးတွေနဲ့ ကွန်မင့်မှာ လိုက်မေးကြတုန်းပါပဲ။ . ငလျင်ပြီးတာ ၂ ရက်ရှိသွားပြီမို့လို့ အပုပ်နံ့တွေကတော့ တောက်လျှောက်ထွက်လာတော့မှာပါ။ ကြာလေ မလွယ်လေပါပဲ။ ကရိန်းကားကြီးတွေ၊ ဘက်ဟိုးတွေ မရောက်နိုင် မသွားနိုင်တော့ ပိုဆိုးပါတယ်။ ခုမှ တချို့နေရာတွေ စတင်ကြတုန်းရှိပါသေးတယ်။ . စစ်ကိုင်းဘက်မှာဆို စစ်ကောင်စီက လမ်းတွေကို ဘူဒိုဇာနဲ့ ထိုးထား ဖျက်ထားတွေရှိတော့ စက်ကြီးတွေ သွားဖို့ မလွယ်တာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။ ကူချင်တယ်ဆိုရင်တောင် ကူဖို့ခက်တာမျိုး။ စစ်ကိုင်းမြို့က စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါသေးတယ်။ . မြေပြင်ကို အလှူငွေရောက်နိုင်ဖို့ ယုံကြည်ရတဲ့သူဆီ ရောက်ဖို့ ကျနော်လည်း နည်းလမ်းတွေရှာကြည့်ပါတယ်။ အဖွဲ့တချို့နဲ့ စကားလိုက်ပြောကြည့်ပါတယ်။ နောက်ဆုံး အလှူငွေရတယ်ဆိုရင်တောင် မြေပြင်ကို ဘယ်လိုပုံစံနဲ့ ရောက်အောင် ပို့ပေးလို့ရမလဲဆိုတာ မစဉ်းစားတတ်ပါ။ . နဂိုကတည်းက PAY တွေ အခက်အခဲရှိလေတော့ ခုချိန် ပိုဆိုးကုန်ပါပြီ။ ကူချင်တယ်ဆိုရင်တောင် လက်တွေ့ကျကျ စဉ်းစားကြည့်ရင် မလွယ်တဲ့အခြေအနေကြီး။ . တဆက်စပ်တည်း လူလိမ်တွေ အများကြီး တွေ့လာရပါပြီ။ ခုချိန်မှာ လူတိုင်းက ကူညီပေးလိုဇောနဲ့ တွေ့သမျှ Share ကြလေတော့ စစ်ကိုင်းက ပုံ၊ မန်းလေးကပုံဆိုပြီး ကိုယ်တိုင်ကူညီနေသယောင်၊ ကိုယ်တိုင်ပဲ ရောက်နေသယောင်နဲ့ ဓာတ်ပုံတွေတင်ပြီး အလှူခံတွေ အများကြီး ပေါ်လာပါတယ်။ . ဒီကြားထဲမှာ တခါ ကူညီကယ်ဆယ်ရေးလုပ်ကြမယ်ဆိုတော့ လူတွေ စုနေကြတာ တွေ့ပါလိမ့်မယ်။ သတိထားရမှာက လူကုန်ကူးဂိုဏ်းတွေပါ။ “ဒီမှာလာပြီး စာရင်းပေးနိုင်ပါတယ်၊ လာခေါ်ပါမယ်” ဆိုပြီး Link ချတာတွေ အများကြီး တွေ့ပါတယ်။ . တချို့ Link တွေ ချထားသူတွေဟာ အကောင့်တုတွေဖြစ်ပြီး အရင်က ဘာမှ တင်ထားတာမျိုး မတွေ့ရပါ။ ဒါ့အပြင် ဂိမ်းတွေ၊ တရားစာတွေပဲ ရှဲထားတာမျိုးတွေ အများကြီးပါ။ သံသယရှိစရာအကောင့်တွေ အများကြီး တွေ့ပါတယ်။ တချို့ Link တွေကတော့ Group ထဲကို ခေါ်ပါတယ်။ ဒီအချိန်မှာ လူပျောက်သွားရင် ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ပါ။ . တိုင်းပြည်က ပျက်နေတာပါ။ . တွေ့သမျှ Link ကို မရှဲကြပါနဲ့။ အနည်းဆုံးတော့ တင်ထားသူ အကောင့်ထဲ အရင် ဝင်ကြည့်ကြပါ။ သူတင်ထားတဲ့ပို့စ် အနည်းဆုံး အခု ၂၀ လောက်တော့ ဝင်ကြည့်ပါ။ ဒီရက်ထဲဆို တော်ရုံစစ်ဖို့တောင် မလွယ်ပါ။ ငလျင်သတင်းတွေနဲ့ အလှူတွေချည်းပဲ တင်ထားတော့ အစစ်လို့ အယောင်ဆောင်တွေ အများကြီးပါ။ သတိကြီးကြီးသာထားကြပါ။ . Copy/Credit/CrdtoOriginalUploader ဆိုတာတွေဆိုရင် လုံးဝ လုံးဝ ချက်ချင်း မ Share ကြပါနဲ့။ မနေ့က ရန်ကုန်မှာ လမ်းပေါ်ထွက်ထိုင်ကြရတာ အဲ့ဒီလိုလူတွေကြောင့်ပါ။ သတင်းတခုခုကို ထပ်ဆင့် မဖြန့်ခင် အနည်းဆုံးတော့ ၁၀ မိနစ်လောက် စောင့်ကြည့်ပါ။ တင်ထားတဲ့အကောင့်တွေကို စစ်ပါ။ . ကိုယ်မသိတဲ့ အဖွဲ့၊ လူပုဂ္ဂိုလ်စတဲ့လူတွေက လူခေါ်နေတယ်ဆိုတာမျိုးတွေ့ရင် ကိုယ့်အရင်းနှီးဆုံး မိတ်ဆွေ အနည်းဆုံး ၃ ယောက်လောက်ကမှ အတည်မပြုပေးနိုင်ရင် သတိထားပါ။ လိုက်မေးကြည့်ပါ။ . အားလုံး အန္တရယ်ကင်းကြပါစေဗျာ။ ---------------------------------------- Under the rubble of destruction, I keep thinking—how many people are still trapped? It’s overwhelming and heartbreaking. Those abroad or working away from home are still searching for their families, commenting names on Facebook posts, desperately trying to find any information. It’s been two days since the earthquake, and soon, the smell of decay will start spreading. The longer it takes, the harder it gets. With rescue teams and heavy machinery unable to reach certain areas, things are getting worse. Some places are only now beginning to receive help. In Sagaing, reports say the military council bulldozed roads, making it difficult for heavy machinery to get through. Even when people want to help, providing assistance is nearly impossible. Sagaing city remains under military control. I’m also looking for ways to ensure donations actually reach the people in need. I’ve been talking with some groups, but even when funds are raised, getting them to the right place is another challenge. Payment systems have always been difficult—now, it’s even worse. Even those who genuinely want to help are facing obstacles. At the same time, scammers are everywhere. People are eager to help, sharing everything they come across. Because of this, fake donation posts are spreading, using images from Sagaing or Mandalay, pretending to be firsthand accounts to collect money.

စစ်ကိုင်းက ကိုယ့်အိမ်နဲ့ အဆက်အသွယ်မရတဲ့သူတွေအနေနဲ့ အောက်က အဖွဲ့အသီးသီးရဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး ကိုယ့်အိမ်နေရပ်လိပ်စာ
စစ်ကိုင်းက ကိုယ့်အိမ်နဲ့ အဆက်အသွယ်မရတဲ့သူတွေအနေနဲ့ အောက်က အဖွဲ့အသီးသီးရဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး ကိုယ့်အိမ်နေရပ်လိပ်စာပေးပြီး အိမ်အခြေအနေကို သွားကြည့်ခိုင်းတာ ဆက်သွယ်ခိုင်းတာမျိုးတွေ အကူအညီတောင်းနိုင်ပါတယ်။ ဖုန်းလိုင်းကလည်း atom / mytel ပဲရပြီး mpt တွေလည်းတချက်တချက်ရပါတယ်။ 🚨အရေးပေါ်လိုအပ်ရင် ဆက်သွယ်ရမယ့် စစ်ကိုင်းအဖွဲ့များ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၊ စစ်ကိုင်း နန္ဒဝန်ရပ်ကွက်၊ ဓမ္မာရုံအနီး၊ စစ်ကိုင်းမြို့ 09-779900100, 09-792119119 သုခကာရီ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း လေးကျွန်းမြေအုဌ်ကျောင်း၊စစ်ကိုင်းမြို့ 072-22808 ၊ 09-427063047 ဟိန်းထက် အောက်ဆီဂျင် ဟိန်းထက် အောက်ဆီဂျင်၊ စစ်ကိုင်းမြို့ 09-259486180, 09-786536633 အောက်ဆီဂျင် ဦးချိုင်း ဦးချိုင်း၊ စစ်ကိုင်းမြို့ 09-5182577 အောက်ဆီဂျင် အိုးဘို လူမှုကူညီရေးအသင်း အိုဘိုရပ်ကွက် ၊ စစ်ကိုင်းမြို့ 09-444807033 ၊ 09-793006800 ပညာမောင် လူမှုကူညီရေးအသင်း ရွာထောင်နန်းစုရပ် ၊ စစ်ကိုင်းမြို့ 09-458888535 သုခရွှေစီ လူမှုကူညီရေးအသင်း စီတီးရပ် ၊ စစ်ကိုင်းမြို့ 09-791414100 ရွှေမင်းဝံ လူမှုကူညီရေးအသင်း ရွှေမင်းဝံရပ်ကွက် ၊ စစ်ကိုင်းမြို့ 09- 662004200

ခုချိန်မှာ ကိုယ်က ငွေအား၊လူအား မကူညီပေးနိုင်တောင် သတင်းမှားတွေ ဖြန့်ဝေခြင်း၊ အများသူငှာ ဒုက္ခရောက်နေချိန်တွင် မသင့်မလျော်ပြုမ
ခုချိန်မှာ ကိုယ်က ငွေအား၊လူအား မကူညီပေးနိုင်တောင် သတင်းမှားတွေ ဖြန့်ဝေခြင်း၊ အများသူငှာ ဒုက္ခရောက်နေချိန်တွင် မသင့်မလျော်ပြုမူနေထိုင်ခြင်းတို့ကိုရှောင်ကျဉ် ပြီး အရေးကြီး / မှန်ကန်သော သတင်းများကိုမျှဝေခြင်း ၊ မိမိ ပတ်ဝန်းကျင်ကို ကူညီစောင်မပေးခြင်းတို့ ဖြင့် တစ်ထောင့်တစ်နေရာကပါဝင်နိုင်ပါတယ်ဗျ။ လိမ်ညာ အလှူခံသူများ၊ သူတစ်ပါးတို့၏ ပူပင်သောကကို အသုံးချ၍ Attention ရဏ္ဍာသူ များအားလည်း အထူးတလည်သတိထားကြပါ။ ကျွန်တော်လည်း တတ်နိုင်‌သလောက်ညတိကျမှန်ကန် တဲ့ သတင်းတွေ၊လှူပေးလို့ရတဲ့နေရာတွေကို ပေ့မှာတင်ပေးပါမယ်။သတင်းတင်ဆက်မှုတွေကိုလည်း အချိန်အတိုင်းအတာ တစ်ခုထိ ရပ်နားထားပါ့မယ်။ အားလုံးပဲအစစ အရာရာ ဂရုစိုက်လို့ ဖေးမ ကူညီပေးနိုင်ကြပါစေဗျား။ #BG #Kyi@burmesegunner

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် သို့တက်ရောက် သွားပြီဖြစ်တဲ့ မဟေသီ ဂန်းနားများ မနေ့ည ကယှဉ်ပြိုင်ခဲ့ကြတဲ့ ချတ်ပီယံလိဂ် ကွာတားဖိုင်နယ
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် သို့တက်ရောက် သွားပြီဖြစ်တဲ့ မဟေသီ ဂန်းနားများ မနေ့ည ကယှဉ်ပြိုင်ခဲ့ကြတဲ့ ချတ်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ လေဒီဂန်းနာတို့ဟာ ရီးရဲမက်ဒရစ်အသင်းကို ပထမအကျော့မှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားခဲ့ခြင်းအား အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ယူကာ နောက်တစ်ဆင့်တက်သွားပါပြီဖြစ်ပါတယ်။ အာဆင်နယ် အမျိုးသမီး အသင်းနည်းတူ အမျိူးသားမသက်းဟာလည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာရီးရဲလ်နဲ့တွေ့ဆုံဖို့ရှိပြီးဧပရယ် ၉ ရက်နေ့ နဲ့ ၁၇ ရက်နေ့တို့မှာ ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ #BG #Kyi@burmesegunner

ပျော်ရွှင်စရာ ၂၄ နှစ်ပြည့်မွေးနေ့ဖြစ်ပါစေ Wilo ရေ လက်ရွေးစင် အသင်းနဲ့ ‌နောက်အဆင့်တွေတက်လှမ်းနိုင်ပြီး ဒဏ်ရာကင်းကင်း နဲ့ပြန်လာ
ပျော်ရွှင်စရာ ၂၄ နှစ်ပြည့်မွေးနေ့ဖြစ်ပါစေ Wilo ရေ လက်ရွေးစင် အသင်းနဲ့ ‌နောက်အဆင့်တွေတက်လှမ်းနိုင်ပြီး ဒဏ်ရာကင်းကင်း နဲ့ပြန်လာနိုင်ပါစေကွား။ #BG #Kyi@burmesegunner

ကယ်လာဖီအိုရီ ရဲ့ ဒဏ်ရာဟာ ၁ ပတ် ၂ ပတ်ခန့် အနားယူရမှာဖြစ်လို့ ရီးရဲလ် နဲ့ပွဲစဉ်တွေကို‌လွဲချော်ဖို့ရှိပါတယ်။ #BG #Kyi@burmesegun
ကယ်လာဖီအိုရီ ရဲ့ ဒဏ်ရာဟာ ၁ ပတ် ၂ ပတ်ခန့် အနားယူရမှာဖြစ်လို့ ရီးရဲလ် နဲ့ပွဲစဉ်တွေကို‌လွဲချော်ဖို့ရှိပါတယ်။ #BG #Kyi@burmesegunner

မနေ့ညက ကစားခဲ့ကြတဲ့ အဂ်လန် နဲ့ အလ်ဘေးနီးယား တို့ရဲ့ပွဲစဉ်မှာ လူးဝစ်စကယ်လီဟာ အဂ်လန်ကစားသမား ဘဝကို ပထမဆုံး အကြိမ် အဖြစ် ပွဲထွက်
မနေ့ညက ကစားခဲ့ကြတဲ့ အဂ်လန် နဲ့ အလ်ဘေးနီးယား တို့ရဲ့ပွဲစဉ်မှာ လူးဝစ်စကယ်လီဟာ အဂ်လန်ကစားသမား ဘဝကို ပထမဆုံး အကြိမ် အဖြစ် ပွဲထွက်ခွင့်ရခဲ့ပြီး ပထမဦးဆုံးသော အဂ်လန်ကစားသမားဘဝ သွင်းဂိုး နဲ့စတင်ခဲ့ပါတယ်။ ဂိုးသွင်းယူခဲ့ပြီးတဲ့နောက် အပျော်မျက်ရည် တွေပါ ကျခဲ့ရတဲ့အထိပါပဲ။ What a moment 🤩 #BG #Kyi@burmesegunner

အီသန်ဝန်နာရီဟာ ဒီကနေ့မှာပဲ အသက် 18 နှစ်ပြည့်သွားခဲ့ပါပြီ။ ဒါကြောင့်မို့လို့ အခုအချိန်ကစပြီး စီနီယာကစားသမားတွေနဲ့အတူ အဝတ်လဲခန်
အီသန်ဝန်နာရီဟာ ဒီကနေ့မှာပဲ အသက် 18 နှစ်ပြည့်သွားခဲ့ပါပြီ။ ဒါကြောင့်မို့လို့ အခုအချိန်ကစပြီး စီနီယာကစားသမားတွေနဲ့အတူ အဝတ်လဲခန်းကိုအတူသုံးနိုင်တော့မှာဖြစ်ပါတယ်။ ဟက်ပီးတဲ့ဘက်ဒေးပါ ငါ့ကောင်ရေ ။ အသင်းနဲ့အတူအောင်မြင်မှုတွေများစွာ ရနိုင်ပါစေကွာ။ #BG #Kyi@burmesegunner

Line up ထွက်လာပါပြီ။ ဂါဘီအငယ်‌ကောင်ကိုတော့ ပွဲထွက်လူစာရင်းမှာ စတင်ထည့်ထားပါတယ်။ #BG #Kyi@burmesegunner
Line up ထွက်လာပါပြီ။ ဂါဘီအငယ်‌ကောင်ကိုတော့ ပွဲထွက်လူစာရင်းမှာ စတင်ထည့်ထားပါတယ်။ #BG #Kyi@burmesegunner

ယနေ့ည မြန်မာစံတော်ချိန် ၈ နာရီတိတိ မှာ အာင်ဆင်နယ် နဲ့ချလ်ဆီး တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရှိပါတယ်ဗျား။ အားလုံးပဲ မမေ့မလျော့ ဆ
ယနေ့ည မြန်မာစံတော်ချိန် ၈ နာရီတိတိ မှာ အာင်ဆင်နယ် နဲ့ချလ်ဆီး တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရှိပါတယ်ဗျား။ အားလုံးပဲ မမေ့မလျော့ ဆက်ဆက်ကြည့်ဖြစ်အောင် သတိပေးလိုက်ပါတယ်ဗျိူ့။ #BG #Kyi@burmesegunner