✨Always Learning Domain✨
Open in Telegram
325
Subscribers
No data24 hours
+77 days
+8230 days
Posts Archive
မင်္ဂလာပါ Always Learning Domain ကနေကြိုဆိုပါတယ်။✨
ဘာမှစမပြောခင်မှာ ကျွန်တော်တို့ ALDကို ဘာလို့တည်ထောင်ခဲ့တယ် ဆိုတာနဲ့အရင်ဆုံးစပြောချင်ပါတယ်။
Always Learning Domainရဲ့ရည်ရွယ်ချက်ကတော့ လူမျိုးဘာသာ၊နောက်ခံအသိုင်းအ၀ိုင်းမရွေးပဲ လူတိုင်းအတွက် အဆင့်မြင့်ပညာရေးပေးဖို့ပါပဲ။ Knowledge is power ဆိုတဲ့အတိုင်းပဲပညာရေးက လူတစ်ယောက်ရဲ့ အမြင့်ဆုံးအလားအလာ ကိုရောက်ရှိစေမဲ့လက်နက်တစ်ခုပါပဲ။ကျွန်တော်တို့ရဲ့အသိပညာအတတ်ပညာတွေက သမိုင်းတစ်လျှောက် လူမှုအသိုင်းအဝိုင်းကို အဆင့်မြင့်တင်ပေးခဲ့တာပဲဖြစ်ပါတယ်။📈
ALDရဲ့မျှော်မှန်းချက်ကတော့ ကျွန်တော့်တို့ organizationအတွင်း ဖွံဖြိုးတိုးတက်ပြီး ကူညီတတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ပါပဲ။ Volunteerများက အချင်းချင်း တန်းဖိုးထားတတ်ပြီး မိမိတို့၏ပညာရပ်အသီးသီးကို မြှင့်တင်ရန်စိတ်အားထက်သန်မှု နဲ့ positive learning and working environmentက ALDရဲ့အောင်မြင်မှုအတွက်လိုအပ်တဲ့အရာတွေပဲဖြစ်ပါတယ်။🏆
Always Learning Domain ကို 10.6.2023🗓ရက်မှာ teenagerတွေေစုပေါင်းပြီး teenagerတွေရဲ့ပညာရေးအတွက် Non-profit organizationတစ်ခု တည်ထောင်မယ်ဆိုရင်းကနေစခဲ့တာပဲဖြစ်ပါတယ်။ALDက ယနေ့အချိန်အထိ ချမှတ်ခဲ့တဲ့ ရည်ရွယ်ချက်တွေကို အရောင်တင်နိုင်အောင်လို့🖼 ကြိုးစားစမြဲပါ။ALDဟာ တစ်နှစ်မပြည့်သေးပေမဲ့လည်း အသိပညာအတတ်ပညာနဲ့ဆိုင်တဲ့ event၊ webinar၊ program ၊ meeting၊ clubတွေကို အောင်အောင်မြင်မြင်နဲ့ လုပ်နေပါပြီ။ALDက volunteerတွေနဲ့ organizationရဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ Learnerတို့အတွက်တတ်နိုင်သမျှ ကောင်းတထက်ပိုကောင်းလာအောင် knowledge sharing လုပ်ပေးနေပါတယ်။
ALDကနေ knowledge sharing အတွက် လုပ်ဆောင်နေသော activitiesများ:
1. Englishစာ စာအရေးအသားအတွက် reading class၊ writing class များ။
2. Knowing sharing နဲ့ englishစကားနဲ့ ရင်းနှီးမှုရှိအောင် Teen Talk ဆိုတဲ့ club ကိုတည်ထောင်ထားပြီး။
3. Page မှာလည်း ဗဟုသုတရအောင် အပတ်စဥ်knowledge sharing post နှင့် quiz postများ။
4. ALDက ဗဟုသုတတင် မကပဲ learnerတို့အတွက် motivational quote တွေနဲ့ ပညာပေး quote တွေပါအပတ်စဥ် တင်ပေးနေပါတယ်။
5. Learner တို့သိသင့်သိထက်တဲ့ နယ်ပယ်အရပ်ရပ်က အသိပညာ၊အတတ်ပညာတွေကို ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်နိုင်ရန်အတွက် webinar အမျိုးမျိုးပြုလုပ်ပါတယ်။ALDက knowledge sharing webinarတင်မရပဲ learner တို့ရဲ့ mental health အတွက်လည်း ပညာရှင်အမျိုးမျိုးနဲ့ webinar များ event များကျင်းပပေးပါတယ်။
Always Learning Domainက Face book page မှာ follower 1ထောင်ကျော်ခဲ့ပါပြီ။🎉ALDမှနောက်ပိုင်းတွင် YouTube channel ၊ Tiktok account များနှင့်လည်း knowledge sharing videoများ podcast များတင်နိုင်ရန်ကြိုးစားနေပါတယ်။
ကျွန်တော်တို့ ALDရဲ့ ရည်ရွယ်ချက်တွေကိုအကောင်ထည်ဖော်တဲ့နေရာမှာ ကူညီပံပိုးပေးချင်တယ်ဆိုရင်တော့ ALDရဲ့learner တစ်ယောက် (သို့) volunteer တစ်ယောက်အနေနဲ့ အခုပဲ joinလိုက်ပြီး Always Learning Domain ရဲ့အောင်မြင်မှုလမ်းခရီးစဥ်မှာ အတူလိုက်ပါစီးမျှောလိုက်ပါ။🫂
Content - Miles
Graphic - Sawai
Telegram Channel:
https://t.me/alwayslearningdomainOur
Tiktok Account Username:
@alwayslearningdomain_ald
#alwayslearningdomain
#ald
#volunteeringorg
#nonprofitorg
#youthorg
#publicprofile
#education
Hello ဒီနေ့မှာတော့ ALDမှာ ပြုလုပ်တဲ့ Teen-talk နဲ့တခြား Reading and Writing class တွေေရဲ့ batch 2 ပြီးသွားပါပြီလို့အသိပေးလိုက်ပါတယ်။Batch 2 မှာ ပါ၀င်အားဖြည့်ပေးခဲ့တဲ့ volunteer၊learnerတွေ ရဲ့ကြိုးစားမှုကြောင့် အောင်မြင်စွာနဲ့ပြီးဆုံးသွားပါပြီ။🎉ဒီbatchမှာမပါ၀င်လိုက်ရတဲ့ သူများလည်း batchအသစ်မှာပါ၀င်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
အခုအချိန်အထိ ALDမှာ volunteerလုပ်နေတဲ့သူများနဲ့ batch 2 မှာပါ၀င်အားဖြည့်ပေးခဲ့တဲ့ trainerတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ကျွန်တော်တို့ရဲ့ ပေးဆက်လိုက်ရတဲ့အချိန်တွေဟာ ဒီorganizationမှာ အလကားဖြစ်သွားတာမရှိပါဘူး။
Batch 2အပြီးမှာ ကိုယ်ရဲ့skillတွေအရင်ကထက် ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။Batch 3မှာလည်း batch 2 ကlearnerတို့ကိုတွေ့ချင်ပါသေးတယ်။သင်ယူခြင်းဟာ တစ်ဘ၀လုံးပြုလုပ်ရမဲ့ ခရီးစဥ်တစ်ခုပါ။ ဒါကြောင့်မလို့ ဘယ်အခြေအနေပဲဖြစ်နေ သင်ယူစရာတွေကတော့ ရှိဦးမှာပါ။Batch 3မှာလည်း သင်ယူစရာအကြောင်းအရာတွေအပြည့်နဲ့မလို့ batch 3ကိုလည်း ပါ၀င်သင်ကြားနိုင်ပါစေလို့ ဆုတောင်းရင်းနဲ့ပဲ ကျွန်တော်တို့ရဲ့ batch 2 ကိုနှုတ်ဆက်လိုက်ရအောင်။👋
Content - Miles
Graphic - Sa Wai
Telegram Channel:
https://t.me/alwayslearningdomainOur
Tiktok Account Username:
@alwayslearningdomain_ald
Song of the weekend အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။☀
ဒီတစ်ခါတော့song of the weekendကို တစ်ယောက်တည်းသမားတွေ အတွက်အထူးspecial သီချင်းလေးရွေးထားပါတယ်။👤
သီချင်းအမျိုးအစားကတော့ bossa nova ဖြစ်ပြီး August,11,2022 ကထွက်ရှိထားတဲ့ Laufeyရဲ့ Falling Behind ပဲဖြစ်ပါတယ်။✨
ဒီသီချင်းလေးကတော့ Laufeyရဲ့ "Everything I Know About Love" albumထဲကဖြစ်ပြီးတော့ ဒီalbumကတော့ Laufeyရဲ့အရွယ်ရောက်တဲ့ကာလက အဖြစ်အပျက်တွေအကြောင်းကိုရေးထားပြီး၊hopless romanticဖြစ်နေတဲ့သူတွေ relateဖြစ်နိုင်မဲ့albumလေးတစ်ခုပါ။albumထဲမှာပါတဲ့သီချင်းတွေအားလုံးဟာ သူမရဲ့အချစ်ရေးနဲ့ပတ်သတ်တဲ့ အတွေ့အကြုံအားလုံးကို fictionပုံစံနဲ့ရေးထားပြီး၊သူမကြုံတွေ့ခဲ့ရတဲ့အသည်းကွဲစရာအဖြစ်အပျက်တွေ၊တစ်ဖက်သတ်ကြိုက်ခဲ့ရတဲ့အကြောင်းတွေနဲ့ တစ်စုံတစ်ယောက်နဲ့မှ relationshipမဖြစ်ဖူးတဲ့ အခြေအနေတွေကိုရေးထားတာမလို့ လူပျိုကြီးအပျိုကြီးတွေ အကြိုက်တွေ့မဲ့ albumလေးလည်းဖြစ်ပါတယ်။👤
Falling behindကတော့ ဒီalbumထဲကသီချင်းတစ်ပုဒ်ဖြစ်ပြီး albumရဲ့themeနဲ့အတော်ကိုက်ညီတဲ့သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။သီချင်းထဲက "my life won't go my way"စာသားဟာ သူမစိတ်ကူးယဥ်ထားတဲ့ဘ၀ နဲ့လက်တွေ့ဘ၀က ထက်တူမကျတာကြောင့် တစ်သက်လုံးfaဖြစ်မဲ့ ကံကြမ္မာကို အရှုံးပေးကြောင်းရေးသားထားပြီး၊"everybody's falling in love and I'm falling behind"စာသားဟာဒီသီချင်းရဲ့ hopeless romantic vibeကိုပိုမိုပေါ်လွင်အောင်လုပ်ဆောင်နိုင်ခဲ့တာကြောင့် လူကြိုက်များတဲ့ စာသားတစ်ခုပဲဖြစ်ပါတယ်။
"ကျွန်မပတ်၀န်းကျင်မှာရှိတဲ့လူတိုင်းဟာ အချစ်ရေးကိစ္စတွေကိုကြုံတွေ့နေရပြီး ကျွန်မတစ်ယောက်တည်း နောက်ကျကျန်နေတယ်လို့ ခံစားရလို့ ဒီသီချင်းလေးကို ရေးဖြစ်ခဲ့တာပါ"လို့Laufeyကရှင်းပြထားပါတယ်။❤️🩹
Learnတို့လည်း hopeless romantic အခြေအနေရောက်နေပြီဆိုရင်တော့ ဒီသီချင်းလေးကို နားထောင်ရင်း အားတင်းထားပါ💪။နောက်တစ်ပတ်ရဲ့song of the weekendအစီအစဉ်မှာ ပြန်တွေ့ကြပါမယ်။👋
Content - Miles
Graphic - Sa Wai
Telegram Channel:
https://t.me/alwayslearningdomainOur
Tiktok Account Username:
@alwayslearningdomain_ald
ဝါဆိုလပြည့်နေ့မှာ အကြည်လင်ဆုံးစိတ်၊
အအေးချမ်းဆုံး နှလုံး၊
အကျန်းမာဆုံး ခန္ဓာနဲ့
ဆောင်ရွက်ကြံစည်သမျှ အောင်မြင်ပါစေ
အန္တရာယ်ကင်းဘေးရှင်းပါစေ
ကောင်းမှုကုသိုလ်တွေလည်း ပြုလုပ်နိုင်ပါစေ
လို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ် 🕊
Song of the weekend အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။☀
ဒီတစ်ခါတော့song of the weekendကိုpop rockအမျိုးအစားထဲကရွေးချယ်ထားပါတယ် ။🎼
April 1, 2022ရက်ကထွက်ထားတဲ့ Harry Stylesရဲ့ As It Wasပဲဖြစ်ပါတယ်။As It Wasသီချင်းကသုံးခုမြောက် studio album ဖြစ်တဲ့Harry's House albumထဲကသီချင်းတစ်ပုဒ်ပါ။💽
လွမ်းဆွတ်သောလေသံဖြင့် Styles ရဲ့သမီးမှ ဖုန်းခေါ်ဆိုမှုနှင့် သီချင်းကိုစတင်ထားပြီး။ သီချင်းစာသားများသည် အပြောင်းအလဲ၊ အထီးကျန်မှု၊ တောင့်တသည့်ခံစားချက်နဲ့ အမှတ်တရတွေအကြောင်းကို သီချင်းစာသားထဲမှာထည့်ရေးထားပါတယ်။ Styles သည် သူ၏ကိုယ်ပိုင်အတွေ့အကြုံများကို ရောင်ပြန်ဟပ်ကာ တောင့်တသည့်ခံစားချက်နှင့် အမှတ်တရများ၏ ချိုမြိန်သောသဘောသဘာဝကို ဖမ်းစားသည်။🌤
တေးဂီတတွင် "As It Was" သည် စွဲမက်ဖွယ်ကောင်းသော တေးသွားနှင့် 80s တူရိယာပစ္စည်းများပါရှိပါတယ်။ ၎င်း၏ လွမ်းဆွေးသော စာသားများနှင့် ၎င်း၏ တက်ကြွသော အသံ၏ ပေါင်းစပ်မှုသည် ဆွဲဆောင်မှုရှိသော ဆန့်ကျင်ဘက်တစ်ခုကို ဖန်တီးပေးကာ သီချင်းကို ကခုန်နိုင်စေကာ နက်ရှိုင်းစွာ ခံစားမှုဖြစ်စေပါတယ်။🎷
ထွက်ရှိပြီးသည့်နောက်တွင်၊ "As It Was" သည် ၎င်း၏ စိတ်ကူးယဉ်ဆန်သော စာသားနှင့် ဆန်းသစ်သော အသံအတွက် ဝေဖန်အားပေးမှုကို ရရှိခဲ့သည်။ ၎င်းသည် ကမ္ဘာတစ်ဝှမ်းရှိ ဇယားများတွင် လျင်မြန်စွာ ထိပ်ဆုံးမှ ရပ်တည်နေပြီး ပရိသတ်များနှင့် ဝေဖန်ရေးသမားများကို ပဲ့တင်ထပ်နေပါတယ်။ 📈
"In this world, it's just us, you know it's not the same as it was," ဒီသီချင်းစာသားက ပိုမိုရိုးရှင်းသောအချိန်များအတွက် တောင့်တသည့်ခံစားချက်နှင့် ဘဝသည် မလွဲမသွေပြောင်းလဲလာကြောင်း အသိအမှတ်ပြုမှုကို ပေါ်လွင်စေသည်။ စိတ်ကူးယဉ်စာသားများဖြင့် ပေါင်းစပ်ထားသော အလန်းစား tempo သည် အပြောင်းအလဲကို လက်ခံခြင်းနှင့် ရှေ့ဆက်လှမ်းခြင်းဆိုင်ရာ ဆွဲဆောင်မှုရှိသော ဇာတ်ကြောင်းကို ဖန်တီးပေးပါတယ်။
အပြောင်းအလဲများကြုံရတိုင်း အတိတ်မှာပိတ်မိနေမယ်ဆိုရင် သဘောမတွေ့မှုများနဲ့စိတ်ဓာတ်ကြတာတွေဖြစ်တတ်တာမလို့ အတိတ်ကိုအတိတ်မှာထားပြီး လက်ရှိအခြေအနေကိုလက်ခံနိုင်ပါစေ။
Content - Miles
Graphic - Sa Wai
Telegram Channel:
https://t.me/alwayslearningdomainOur
Tiktok Account Username:
@alwayslearningdomain_ald
ကြေကွဲလူငယ်လေးတို့ မင်္ဂလာပါ 🌚
Always Learning Domain က ကြေကွဲနေတဲ့ Learners လေးတို့အတွက် ပိုပြီး အရသာရှိရှိ လွမ်းနိုင် ဆွေးနိုင်ဖို့ ဒီတစ်ပတ်ရဲ့ Song of the week မှာ ပြင်သစ်သီချင်းကောင်းလေးတစ်ပုဒ်ကို မျှဝေပေးဖို့ ရွေးချယ်ထားပါတယ် 🤗
ပြင်သစ်အဆိုတော် ချောချောလေး Indila သီဆိုထားတဲ့ Dernière Danse ( Last Dance) လို့ အမည်ရတဲ့ သီချင်းလေးကတော့ နောက်ဆုံးကကြိုး ဆိုတဲ့ နာမည်အတိုင်းပဲ ကွေကွင်းခဲ့ရတဲ့ တစ်ယောက်သောသူနဲ့ နောက်ဆုံးတစ်ကြိမ်လောက်တွေ့ပြီးမှ ဘဝကို အသစ် စတင်ပါရစေလို့ တောင်းဆိုနေတဲ့ အလွမ်းတေး သီချင်းတစ်ပုဒ်ဖြစ်ပါတယ် 🍁
ချစ်ပြီးမှတော့ ဘယ်သူမှ မဝေးချင်ကြဘူး မဟုတ်လား
အဝေးကချစ်နေလည်း အချစ်ပါပဲတို့၊ ပိုင်ဆိုင်ရမှ အချစ်မဟုတ်ဘူးတို့ ဆိုတဲ့ စကားလေးတွေက နားထောင်လို့ ကောင်းပေမဲ့ ကိုယ်ခံစားရတာ ကိုယ်အသိဆုံးပါ 💔
ကျွန်တော်တို့မှာ ခံစားခွင့်ရှိပါတယ်၊ လွမ်းဆွတ်တမ်းတခွင့်ရှိပါတယ် ဒါပေမဲ့ တစ်ချိန်မှာ ပျံသန်းရဦးမယ်ဆိုတာကိုလည်း မမေ့ဖို့ လိုပါတယ်
ဘဝက အဓိပ္ပါယ်မဲ့နေတယ်လို့ ခံစားရတဲ့အခါ ပြက္ခဒိန်ကို ကြည့်ပါ၊ နာရီကို ကြည့်ပါ၊ စိတ်ပင်ပန်းစေမယ့် အတွေးပေါင်း သောင်းခြောက်ထောင်အစား ခေါင်းထဲကို အုန်းဆီပဲ ထည့်ထားပါ
Indila ရဲ့ Last Dance ကို အသံကုန်ဖွင့်ပြီး ငိုလို့ဝတဲ့အခါ နေ့အသစ်မှာ ပါမလာတော့မယ့် တစ်စုံတစ်ယောက်ကို စိတ်ချမ်းမြေ့စွာနဲ့ နှုတ်ဆက်ပြီး ရှေ့ဆက်နိုင်ပါစေလို့ ဆုတောင်းပေးရင်း အတွေးလေးတွေကို မျှဝေပေးလိုက်ရပါတယ်ဗျ💓
YouTube မှာ views 1B ကျော် ရခဲ့တဲ့ ပထမဆုံး ပြင်သစ်သီချင်းဖြစ်တဲ့ Dernière Danse ကတော့ Adila Sedraïa ရဲ့ debut album, Mini World ထဲက ပထမဆုံး single song တစ်ပုဒ်လည်း ဖြစ်ပါတယ်
ကြားဖူးတဲ့သူတိုင်းက ကြိုက်ကြတဲ့ သံစဉ်နဲ့ ကြိုက်တဲ့သူတိုင်းက ကြားလို့မဝအောင် အထပ်ထပ်နားထောင်မိစေတဲ့ Operatic pop သီချင်းလေးလည်း ဖြစ်ပါတယ်🦄
ပြင်သစ်ဘာသာစကားလေ့လာနေတဲ့ learners လေးတွေကတော့ ပိုသဘောကျမယ်လို့ ထင်ပါတယ်ဗျ
နောက်အပတ်တွေမှာလည်း သီချင်းကောင်းလေးတွေနဲ့ ထပ်မံနှိပ်စက်ဦးမှာမို့ page ကို follow ထားပါဦးနော် 🤗
Content - Anna
Graphic - Sa Wai
Telegram Channel:
https://t.me/alwayslearningdomainOur
Tiktok Account Username:
@alwayslearningdomain_ald
#AlwaysLearningDomain
#songoftheweek
#Dernière_Danse
Hellooooo 🤠
Quiz Time !!!
ဒီတစ်ခါ quiz လေးကတော့ နည်းနည်းခက်မယ်နော် အမျိုးတို့ရေ
Poor people have it
Rich people need it
If you eat it, you'll die
What is it? 🤔
"It" လေးက ဘာဖြစ်မလဲဆိုတာ မှန်အောင် ခန့်မှန်းနိုင်လားဗျို့ 🫣
Content - Anna
Graphic - Sa Wai
Telegram Channel:
https://t.me/alwayslearningdomainOur
Tiktok Account Username:
@alwayslearningdomain_ald
#alwayslearningdomain
#quizpost
"ကျရှုံးခြင်းဟာ အောင်မြင်ခြင်းရဲ့ ဆန့်ကျင်ဘက်မဟုတ်ပါဘူး၊ အောင်မြင်မှုရဲ့ အစိတ်အပိုင်းတစ်ခုပါ။" - Arianna Huffington
ရှုံးနိမ့်မှုကို သင်ယူမှုအခွင့်အလမ်းအဖြစ် ပြန်လည်ပုံဖော်ခြင်းသည် မည်သူမဆို ကျွမ်းကျင်နိုင်သည့် အရေးကြီးဆုံးသော ဘဝစွမ်းရည်များထဲမှ တစ်ခုဖြစ်ပါတယ်။
ကျရှုံးမှုအတွက် ပြန်လည်ပြုပြင် လှုံ့ဆော်ပေးသော ကိုးကားချက်များ---
"ဘယ်တော့မှ အရှုံးမပေးတဲ့သူကို အနိုင်ယူဖို့ ခက်တယ်။" - Babe Ruth
"ကြိုးစားမှု မရပ်မချင်း မင်း ဘယ်တော့မှ မကျရှုံးဘူး" - Albert Einstein
"ဘဝရဲ့ကျရှုံးမှုတော်တော်များများဟာ အောင်မြင်ဖို့ ဘယ်လောက်နီးစပ်နေတယ်ဆိုတာကို မသိလိုက်ပဲစွန့်လွှတ်လိုက်တဲ့သူတွေပါ။" - Thomas Edison
- "အောင်မြင်မှုသည် နောက်ဆုံးမဟုတ်ပါ၊ ရှုံးနိမ့်ခြင်းသည် အသက်မသေပါ။ ၎င်းကို ဆက်လက်လုပ်ဆောင်ရန် သတ္တိဖြစ်သည်။" - Winston Churchill
ရှုံးနိမ့်မှုတိုင်းသည် အောင်မြင်မှုဆီသို့ လျှောက်လှမ်းနေသော လမ်းကြောင်းတစ်ခုဖြစ်ကြောင်း သတိရပါ။ ရှေ့ကို ဆက်လျှောက်ပါ။🌟
#Motivation
#Success
#NeverGiveUp
#LifeLessons
#Alwayslearningdomain
Song of the weekend အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။☀
ဒီတစ်ခါတော့song of the weekendကိုpop songsတွေထဲကရွေးချယ်ထားပါတယ်။🎼
လူတိုင်းနဲ့ရင်းနီးပြီးသားဖြစ်တဲ့ Bruno Mars ရဲ့2010တုန်းကထွက်ရှိထားတဲ့ "Just the way you are" ပဲဖြစ်ပါတယ်။ 👩
ဒီသီချင်းက ပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ်ဖြစ်တဲ့ *Doo-Wops & Hooligans* (2010) မှ ထိပ်တန်း single အဖြစ် ထုတ်ဝေခဲ့သော သီချင်းဖြစ်ပြီး အဓိက အကျော်ကြားဆုံး ဖြစ်လာပြီး Mars ၏ အကျော်ကြားဆုံး သီချင်းများထဲမှ တစ်ခုဖြစ်ပါတယ်။
ချစ်ခြင်းမေတ္တာနှင့် ကိုယ့်ချစ်သူရဲ့ဖြစ်တည်မှုကိုသဘောကျလက်ခံကြောင်းသီဆိုထားတဲ့ သီချင်းလေးပါ။
"Cause you are amazing just the way you are "ဆိုတဲ့ စာသားလေးကတော့ သီချင်းရဲ့အသက်လို့တောင်ပြောလို့ရပါတယ်။သီချင်းစာသားများမှာ ပြောင်းလဲခြင်း သို့မဟုတ် တိုးတက်မှုကို မလိုအပ်ဘဲ လူတစ်ဦး၏ လှပမှုနှင့် တန်ဖိုးကို ချစ်တဲ့ unconditional love ကိုပုံဖော်ထားခြင်းပဲဖြစ်ပါတယ်။ သီချင်းရဲ့ချစ်ခြင်းမေတ္တာကိုဖော်ပြထားတဲ့စာသားနဲ့ သံစဥ်မြူးမြူးလေးကြောင့် မင်္ဂလာဆောင်၊proposal နဲ့တခြားသော အချစ်ရေးဆိုင်ရာပွဲတွေမှာပါ အသုံးပြုဖွင့်ခဲ့ကြပါတယ်။🍾🎀
Learnerတို့လည်း ကိုယ်ချစ်ရတဲ့သူကိုအပြောင်းလဲမရှိပဲချစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။❤
Content - Miles
Graphic - Sa Wai
Telegram Channel:
https://t.me/alwayslearningdomainOur
Tiktok Account Username:
@alwayslearningdomain_ald
“အညာသားလေးရောင်းတဲ့ ရခိုင်မုန့်တီတဲ့
ရယ်ရတယ်နှော် ခင်ဖုန်းသက်ဝေ”
ဆရာသန်းတင့်ရဲ့ ကဗျာစာသားလေးတစ်ကြောင်းနဲ့ ဒီအပတ်ရဲ့ Teen Talk ခေါင်းစဉ်လေးက ဘာဖြစ်မလဲလို့ ခန့်မှန်းကြည့်ပါလား
အညာသားလေးဆိုတော့ နေရာဒေသအကြောင်းများလား 🤔
ရခိုင်မုန့်တီလည်း ပါတယ်ဆိုတော့ စားစရာအကြောင်းပြောကြမှာလား 🤔
ဟုတ် နှစ်မျိုးလုံးပါပဲ 💯
နေရာဒေသအလိုက် ထင်ရှားတဲ့စားစရာတွေအကြောင်း
နာမည်ချင်းတူရင်တောင် ချက်နည်းနဲ့ အခေါ်အဝေါ်တွေ မတူလို့ ထူးထူးခြားခြားစားခဲ့ရတဲ့ အစားအစာတွေအကြောင်း (ဥပမာ မန္တလေးက နန်းကြီးသုပ်ကြီးပေါ့ 😐)
မြို့နယ်ဒေသတွေအလိုက် ထင်ရှားကျော်ကြားတဲ့ Signature Food တွေအကြောင်းကို ဗိုလ်လိုတွေ ပြောကြမယ့် ဒီတစ်ခေါက်ရဲ့ Teen Talk ကတော့ ထမင်းမစားထားဘဲ လာ join မိရင် အူတွေလှိမ့်နေအောင် ဗိုက်ဆာနေတော့မယ် ထင်တယ်နော်
ငါတို့မြို့မှာတော့ ဘယ်ဆိုင်က ဘယ် Menu တွေက ဘယ်လို ကောင်းကြောင်း အပြိုင်လေပေါရင်း ကပ်တိုးလေး ကြွားမယ်၊ လာစားဖို့ မျှားမယ် (ဝယ်ကျွေးမယ်လို့တော့ အာမ မခံမိစေနဲ့နော် 🤭)
ဒါဆိုရင်တော့ Talkie တွေ ပစ်ပြီး English Speaking လည်း တိုးတက်ဖို့၊ သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဖွဲ့ဖို့ စိတ်ပါဝင်စားတဲ့ Foodie လေးတို့ကတော့ Unique Regional Taste Specialities ဆိုတဲ့ Topic လေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဆွေးနွေးကြရအောင် လက်မနှေးဘဲ အောက်ပါ Register form လေးကို ဖြည့်ထားပြီး သူများကို ဗိုက်ဆာအောင် နှိပ်စက်ဖို့ စကားလုံးတွေ ကြိုရွေးထားလိုက်ပါတော့ဗျို့
Register form
https://forms.gle/GBg3HWEKG3hokTUG7
Content - Anna
Graphic - Phone Nanda Aung
Telegram Channel:
https://t.me/alwayslearningdomainOur
Tiktok Account Username:
@alwayslearningdomain_ald
#UniqueRegionalTasteSpecialities
#TeenTalk
#AlwaysLearningDomain
🌟 AhluAten Campaign အကြောင်း သင် ကြားပြီးပြီလား။
သည် Campaign က အားလုံးအတူတကွပါဝင်ပြီး အမှန်တကယ်လိုအပ်နေတဲ့ ဂေဟာတွေကို ကူညီနိုင်တဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ 🤲
👉 ဒါကို မြင်ယောင်ကြည့်ပါ- သင်က စျေးထဲမှာ စားစရာတခုခုသွားဝယ်ပြီး အပြန် အလှူပုံးတစ်ခုကို ရုတ်တရက် တွေ့လိုက်တယ်။ ပြီးတော့ ပါလာတဲ့ ပိုက်ဆံအကြွေလေးထည့်လိုက်တယ်။ ကိုယ်က မဖြစ်စလောက်လေးပါပဲလို့ တွေးကောင်းတွေးနိုင်ပါတယ်။ ဒါပေမယ့် အဲ့သည်အလှူပုံးထဲမှာ တခြားပိုက်ဆံအကြွေတွေ ပါသေးတယ်ဆိုတာ မမေ့ပါနဲ့။အသေးဆုံးအလှူငွေက ဘယ်လောက်အထိ ခရီးရှည်ရှည်ကိုရောက်နိုင်လဲ၊ လုပ်နိုင်သလဲဆိုတာကတော့ တကယ်ကို မယုံနိုင်လောက်အောင်ပါပဲ။
👤 ကုန်စျေးနှုန်းတွေက တစ်နေ့ထက်တစ်နေ့ တိုးလာတာ၊ မြင့်တက်လာတာ အားလုံးသိကြမယ်၊ကြုံနေရမယ်လို့ ယုံကြည်ပါတယ်။ သည်လိုအချိန်မှာ အလှူငွေအပေါ်မှာပဲ မှီခိုအားထားနေရတဲ့ ဘိုးဘွားရိပ်သာတွေ၊ မိဘမဲ့ဂေဟာတွေ၊ တိရိစ္ဆာန်ဂေဟာတွေအတွက် အင်မတန်ခက်ခဲပြီး အိပ်မက်ဆိုးတစ်ခုလို ကြုံတွေ့နေရာမှာတော့ မလွှဲမသွေပါပဲ။
ဒါကြောင့် ကျွန်တော်တို့ Always Learning Domain အနေနဲ့ အမှန်တကယ်လိုအပ်နေတဲ့ဂေဟာတွေကို ပံ့ပိုးကူညီဖို့အတွက် Blue Finch Foundation လို အံ့သြဖွယ်ကောင်းတဲ့ အဖွဲ့အစည်းအချို့နဲ့ လက်တွဲဆောင်ရွက်နေပါတယ်။ Blue Finch Foundation (BFF) စီစဥ်တဲ့ AhluAten Campaign က အခက်အခဲကြုံတွေ့နေရတဲ့ ဂေဟာတွေရဲ့ ပြဿနာလေးတွေကို ဖြေရှင်းပေးဖို့ရန်အတွက် ဖြစ်ပါတယ်။
▶ဘယ်လိုလုပ်ပေးနေတာလဲဆိုရင်တော့ အခက်အခဲကြုံနေရတဲ့ ဂေဟာတွေကို လူပိုသိအောင်လုပ်ပေးတာ၊ပြီးတော့ လူတွေကို လှူဒါန်းမှုတွေပြုလုပ်နိုင်အောင် တိုက်တွန်းပေးတာပဲဖြစ်ပါတယ်။
🌿တကယ်လိုအပ်နေတဲ့ဂေဟာတွေကို သေချာ Research လုပ်၊ စုစည်းပြီးတော့ Post လေးတွေကို
Blue Finch Foundation(BFF) ရဲ့ Facebook Page မှာ တင်ထားပေးမှာဖြစ်ပါတယ်။ ပြီးတော့ သူတို့ရဲ့ လက်ရှိလိုအပ်နေတဲ့ အကူအညီတွေ၊ လူကိုယ်တိုင်သွားရောက်လှူဒါန်းနိုင်မယ့် လိပ်စာလေးတွေ၊ သူတို့ရဲ့ အခြေအနေတွေကို သေချာမေးမြန်းပြီးတော့ ထည့်ပေးထားမှာပဲဖြစ်ပါတယ်။ သည် Information လေးတွေကို ရယူပြီး လှူဒါန်းချင်တဲ့ စာဖတ်ပရိတ်သတ်များ တိုက်ရိုက်လှူဒါန်းနိုင်ပါတယ်။✨
(BFF အနေနဲ့ Information စုပေးရုံ၊ အစပြုပေးရုံ၊ နိဗ္ဗာန်ဆော်အနေနဲ့ ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။ လှူဒါန်းပါဝင်ချင်တဲ့သူအနေနဲ့ ဂေဟာတွေကို "တိုက်ရိုက်" လှူဒါန်းရမှာပဲ ဖြစ်ပါတယ်။)
🍁AhluAten Campaign ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ အဓိက Goal ကတော့ "လှူဖြစ်သွားဖို့"ဖြစ်ပါတယ်။
✅များများပဲလှူလှူ၊ နည်းနည်းပဲလှူလှူ၊ အဓိက ကိုယ့်ရဲ့ လှူဒါန်းမှုကနေ ပီတိခံစားစေချင်တာဖြစ်ပါတယ်။
✅ကိုယ့်ရဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ်လှူဒါန်းလိုက်တဲ့အရာက အနာဂတ်အမှောင်ကျသွားပြီလို့ ခံစားနေရတဲ့နေရာကနေ တဖန်ထွက်ပေါ်လာမယ့် ကလေးလေးတွေရဲ့ ရယ်သံတွေ၊ တိတ်ဆိတ်မှုတွေ ဖုံးလွှမ်းနေတဲ့နေရာကနေ ပြန်လည်အသက်ဝင်လာမယ့် ဘိုးဘိုးဘွားဘွားတွေရဲ့ အပြုံးတွေ၊ ဆာလောင်မှုဒဏ်ကြောင့် အသံတောင်မထွက်နိုင်တဲ့နေရာကနေ ထွက်ပေါ်လာမယ့် တိလေးတွေရဲ့ အသံတွေကို ဖြစ်ပေါ်အောင် လုပ်ပေးနိုင်တယ် ဆိုတာကို သိစေချင်တာဖြစ်ပါတယ်။
💠ဒါကြောင့် ငွေအားဖြင့် မလှူဒါန်းနိုင်သူများလည်း
သည် AhluAten Campaign Post တွေကို ကိုယ့်
Facebook Account မှာ တင်ပေးတာ ဒါမှမဟုတ် ကိုယ်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကို သည် Campaign အကြောင်း ပြောပြတာမျိုးနဲ့လည်း ပါဝင်နိုင်ပါတယ်နော်။
🌻နောက်ထပ်အသေးစိတ်အချက်အလက် အပ်ဒိတ်
တွေကို Blue Finch Foundation ရဲ့ Facebook စာမျက်နှာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
🍀အတူတကွ စေတနာမေတ္တာ ပြန့်ပွားရေး ပန်းတိုင်ကို ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေ။ 🙌
Content - Si Mon
Graphic - Sa Wai
Telegram Channel:
https://t.me/alwayslearningdomainOur
Tiktok Account Username:
@alwayslearningdomain_ald
#AhluAtencampaign
#AlwaysLearningdomain
