ကဗျာပျိုးဥယျာဥ်
Open in Telegram
ကျွန်တော်တို့ရဲ့ နေ့စဉ်ရက်များဟာ ဒဏ်ရာနဲ့ ရက်များချည်းပါပဲ။ ချစ်ခြင်းမေတ္တာရဲ့ ဟိုဖက်မှာ ဘာများရှိပါသလဲ။ - မောင်ချောနွယ် - Owner- @ZoeLixx0
Show more1 088
Subscribers
+224 hours
No data7 days
+1530 days
Posts Archive
1 088
မင်းကလွဲရင်
အားလုံးကို အကြာကြီးစဉ်းစားရပါတယ်
မေ့တတ်တာဟာ ရောဂါဖြစ်ပြီး
မေ့မရတာဟာလည်း ရောဂါပါပဲ ။ ။
-ဆူးရစ်နွယ်
1 088
ငယ်ရွယ်မှုက
ဘာနဲ့မှတုလို့ မရပါဘူး
ဒါကြောင့် သူတို့ သူတို့
အရူးအမူး ချစ်ကြပါစေ။
-အောင်ချိမ့်
1 088
ငါဖြတ်သန်းခဲ့တဲ့
ရက် လ နစ် တွေကုန်းဆုံးခဲ့သော်
ဆန္ဒ နဲ့ ဘဝ
ပြောင်းပြန် အချိုးကျသွားတဲ့ အခြေအနေမှာ
ပစ္စုပ္ပန် ရက်တွေက
ကမောက်ကမ နိုင်လွန်းခဲ့တယ်လေ
အချစ်ဆိုတဲ့အရာတောင်
ကံကောင်းစွာတွေ့ရှိခဲ့ပေမဲ့
မျှော်လင့်ငုတ်တုပ်စောင့်ရင်း
တစ်ဖတ်သတ်အချစ်တွေနဲ့....
ဆက်ချစ်ရင်း........
#ခန့်ထည်
1 088
ငယ်ရွယ်မှုက
ဘာနဲ့မှတုလို့ မရပါဘူး
ဒါကြောင့် သူတို့ သူတို့
အရူးအမူး ချစ်ကြပါစေ။
အောင်ချိမ့်
1 088
အနှစ်နှစ် အလလ
စိတ်ကူးယဉ်ခဲ့တာကိုမှ
လက်လွှတ်ရတဲ့အခါ
ကျွန်တော် အိပ်မက်တွေကို
မုန်းခဲ့တယ်...။
-အံ့လွန်းပျို
1 088
ကိုယ်ချစ်တဲ့သူကို
သူချစ်တဲ့သူနဲ့
တွဲပြီးမြင်ရတာလည်း
တစ်မျိုးတော့
ဝမ်းသာစရာကောင်းပါတယ် ။
-နောဧက
1 088
မင်းတစ်ယောက် သာဓု ခေါ်ပါလေ
ဘဝက ရူးသွပ်ခြင်းမုန်တိုင်းတွေ
ခပ်ရိုင်းရိုင်းတိုက်ခတ်နေမှာတော့
ဒီဘဝက ဘယ်နေပျော်ပါတော့မလည်းကွယ်
မင်းကမုန်းတယ်လို့ မပြောပေမဲ့
မုန်းလိုက်ပါမေ့လိုက်ပါတော့လိုပြောတော့
ငါကလည်း တစ်ဖက်လက်နဲ့
ကိုယ့်ကိုယ်ကိုယ် နားလည်မှုလွဲလိုက်တယ်
ကိုယ့်ကိုမချစ်တဲ့သူကိုမှ
ချစ်မိနေတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းလာတယ်
ပျော်စရာတွေ ရှားပါးနေသူမို့
မင်းအပြုံးကို ငေးရင်း ပီတိနဲ့ပြုံးနေရတယ်
မင်း ဘယ်အရပ်ဒေသမှာ နေသာသာ
မင်း ဘယ်အရပ်ဒေသမှာ မိုးရွာရွာ
ငါက မင်းကောင်းကင်နဲ့လူလုပ်နေတဲ့အကောင်မို့
မင်းစိတ်ညစ်တဲ့ နေ့ရက်တွေဆို
ငါက ကမ္ဘာပျက်မတက်ပါပဲကွယ်...
ကိုယ့်ကိုယ်ကိုယ်တော့ မင်းကို ချစ်မိနေတဲ့
စိတ်ဆိုတာနဲ့ ဖြေသိမ့်နေမိတော့တယ်...
ပြီးတော့ မင်းအပြုံးတွေနဲ့ဖြေတယ်
မင်းအပြုံးကိုတော့ ကြွေတယ်
မင်းမျက်ဝန်းမှာတော့ ပုန်းလို့မလွတ်တဲ့ စွဲလန်းမှုကြီးပေါ့ကွယ်
ဘယ်အရပ်ကိုရောက်ရောက်
စွဲလန်းတဲ့စိတ်ကြောင့် ပုန်းလို့မလွတ်တဲ့
မင်းမျက်ဝန်းတွေ မြင်နေရတယ်
ဒါကြောက်မို့လည်း
အသောက်အစား မလုပ်မိအောင်နေတယ်
ငါ့ရဲ့စွဲလန်းတဲ့စိတ်နဲ့ မလွယ်မှန်းသိလို့ပါပဲ အချစ်ရယ်
အခုပဲကြည့် မင်းကိုချစ်မိတဲ့
စွဲလန်းမှုနဲ့ ရူးနေရတဲ့ သူကြီးရေ
မင်းနဲ့ဝေးတဲ့နေ့ရက်တွေဆို
အဆင်မပြေမှုတွေက မြှားချက်တွေလို
ပြစ်ခွင်းဝင်ရောက်နေရပါတယ်ကွယ်
မင်း ရယ်သံတွေနဲ့
မင်း သက်ပြင်းသေးသေးလေးနဲ့
မင်းရဲ့ မဆိုးပဲရဲတဲ့နူတ်ခမ်းလေးကိုပဲ
စိတ်နဲ့မှန်းလို့ ဆုတောင်းရင်း
မင်းနေ့နံနဲ့ ပန်းရေချမ်းကပ်လို့
ပြုသမျှကောင်းမှု အဆုဆုနဲ့
မင်းအတွက်အမျှဝေလိုက်တယ်
ငါမဟုတ်တဲ့ တစ်ခြားရင်ခွင်မှာ
ပြုံးတော်မူပြီး ရွှင်ပြုံးပျော်မြူးစွာနဲ့
မင်းတစ်ယောက် သာဓု ခေါ်ပါလေ...
♡ ခန့်ထည် ♡
#မင်းတစ်ယောက်သာဓုခေါ်ပါလေ
အဆင်မပြေခြင်းအနုပညာ
1 088
ငွေရှားလို့ ငွေရှာရခက်တဲ့
အခုခေတ်မှာ ငွေမမက်တဲ့
နွယ်"ကို ကျုပ်နှလုံးသားဖြင့်
ချစ်ပါသည်။
_ဦးခက်ဂုဏ်{ပုဂံ}📖
1 088
နိယာမ
ငါတို့လက်ကောက်ဝတ်က
နာရီကိုချွတ်ပြစ်လိုက်လဲ
အချိန်ဟာရပ်တန့်မသွားဘူး
အရာရာမှာအရမ်းကြီးခံစားပြရင်
ဟာသတွေဖြစ်ကုန်မှာပေါ့
ရှင်သန်နေထိုင်ရာဟာ
ငါတို့နဲ့သက်ဆိုင်ပေမယ့်
ငါတို့မပိုင်တဲ့ကမ္ဘာကြီးလေ ။
-ညိုပြာရီ
1 088
စကားတွေအများကြီးပြောနေရင်
မေးခွန်းတွေအများကြီးမေးနေရင်
တစ်ခုခုကို အထပ်ထပ်အခါခါပြောနေရင်
မင်းမပေးချင်တာတွေ ငါတောင်းနေရင်
ချစ်ခြင်းမေတ္တာလို့သာ သတ်မှတ်လိုက်ပါ။
ဘဝကို မူးမှ အသံထွက်ရန်တွေ့ရဲတဲ့သူ
မဟုတ်လား။
- အလ်နီ
1 088
စိတ်ထောင်
ကိုယ်လက်မလွတ်နိုင်တဲ့
အတ္တတစ်ဖက်ခြမ်းမှာ
ကိုယ့်အတွေးနဲ့ကိုလောင်မြိုက်နေရတယ်...
#ခန့်ထည်
1 088
အခုထိ
အရင်လူကြောင့်
နောက်လူကြောင့်နဲ့
နေရာမရသေးတဲ့သူတွေ
ရှိကြဦးမယ်ထင်ပါတယ်။
_ဦးခက်ဂုဏ်{ပုဂံ}📖
1 088
ကိုယ်ချင်းစာ တရား
သူ့ကြောင့် ကျွန်တော်ငိုဖူးလို့
ကျွန်တော်ကြောင့်
ဘယ်သူ့ကိုမှမငိုစေချင်။
#လွမ်းသူမကွေး
1 088
ကုသိုလ်နဲ့ အကုသိုလ်ကြား
ငါဟာ မသေချာတဲ့
လူမိုက်တစ်ယောက်ပါ
ဘုရားကျောင်းဆောင်ရှေ့မှာ
လက်အုပ်မချီဖြစ်ခဲ့တဲ့
ငါ့လက်တွေဟာ
မင်းကို ပွေ့ဖက်ဖို့ကျတော့
အဆမတန် သစ္စာရှိခဲ့ကြတယ်
နှုတ်ကဘုရားစာမမြဲတာ
ငါ့ရဲ့ ယုတ်ညံ့မှုဆိုရင်
မင်းနဲ့မှ ဖူးစာဆုံချင်တာဟာ
ငါ့ဘဝရဲ့ တစ်ခုတည်းသော
သန့်ရှင်းမှုပါပဲ
ဘုရားဆုတောင်း
မသိခဲ့တဲ့နှုတ်ခမ်းက
မင်းနာမည်ကိုတော့
စက္ကန့်မလပ် ရွတ်ဆိုနေခဲ့တာ ။
-ညိုပြာရီ
1 088
မိုးကရွာတယ် အလွမ်းက
ညာတယ်...
မညာတမ်း ပြောကြေးဆို
ချစ်နေမိတာ ရက် ၃၀ ကျော်ခဲ့ပြီ...
ပြန်ရခဲ့တာ ဉပက္ခာတဲ့လေ...
-လင်းအင်
1 088
အခက်အခဲတွေ ဆိုတာ
ငါတို့ရဲ့ အချစ်ကို စမ်းသပ်ရုံ
သက်သက်ပါပဲ၊
မင်းရဲ့ လက်တစ်ဖက်ကို
ငါ ဆုပ်ကိုင်ထားသမျှ
ဒီကမ္ဘာပေါ်မှာ ငါ မကျော်လွှားနိုင်တဲ့
အတားအဆီး မရှိဘူး။
◾လွန်းတိမ်ညို
မင်းဆိုတဲ့ ရပ်ဝန်းငါ့အနားရှိသ၍
ငရဲလည်း သွားရဲသလို နတ်ပြည်ထိလည်းတက်ရဲပါတယ်။
◾လိပ်ပြာ
ဘဝတွေထဲ နောက်ဆုံးဘဝအထိ
ငါမလွှတ်ချမိမယ့် လက်တစ်စုံ
စိတ်ကူးလေးတစ်ခု
ငါ့ဇာတ်ကြောင်းတွေအား
ဘယ်ပုံမျိုးပဲ ပြန်ပြောင်းဖတ်ဖတ်
မင်းဟာ ငါ့အောက်ဆီဂျင်အသေးစားလေး
ဖြစ်နေတယ်...။
▪️စောနွယ်
တရားဓမ္မတွေ
မေတ္တာဟူသမျှခက်ထန်တယ်
ငါတို့အတူရှိနေခြင်းက
နိဗ္ဗာန်ရောက်ကြောင်းပါအချစ်ရယ်။
◾ချည်မျှင်
