en
Feedback
Virgo 07

Virgo 07

Open in Telegram

ဇာတ်ကားလင့် စုစီးမှု Disclaimer: Credit to original uploader.No copyright infringement intended. We do not own the audio, photo and video. For entertainment purpose and we are just Translated. All the contents in

Show more
8 721
Subscribers
-124 hours
-407 days
-15430 days
Posts Archive
အချစ်သစ်နဲ့ တောက်ပချိန် Fall in Love Again အချစ်အတွက် အနုပညာလောကကို စွန့်ခွာခဲ့ပေမဲ့... လက်ထပ်ပွဲနေ့မှာ သတို့သားရဲ့ သစ္စာဖောက
+1
အချစ်သစ်နဲ့ တောက်ပချိန် Fall in Love Again အချစ်အတွက် အနုပညာလောကကို စွန့်ခွာခဲ့ပေမဲ့... လက်ထပ်ပွဲနေ့မှာ သတို့သားရဲ့ သစ္စာဖောက်မှုကို ခံရပြီး ဘဝပျက်လုနီးပါး ဖြစ်ခဲ့ရတဲ့ မင်းသမီးချောလေး Chu Jingxi... နာကျင်မှုကို ခွန်အားအဖြစ်ပြောင်းပြီး ကိုယ်ပိုင်အေဂျင်စီထောင်၊ ဘဝကို သုညကနေ ပြန်စတဲ့အခါ... သူမအနားမှာ အမြဲရှိနေပေးတဲ့ Fan လေး He Zheng နဲ့ သူမကို ကူညီပေးမယ့် CEO Fu Sinian တို့ ရောက်လာကြတယ်။ ဒါပေမဲ့ မသမာတဲ့ နည်းလမ်းတွေနဲ့ အရှက်ခွဲ၊ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေ ဖြန့်ပြီး တိုက်ခိုက်လာတဲ့ Ex ကောင်စုတ်ကို သူမ ဘယ်လို ပညာပြန်ပေးမလဲ... အချစ်သစ်နဲ့ အောင်မြင်မှုကို ဘယ်လို ပြန်ယူပြီး စိန်ပွင့်လို တောက်ပလာမလဲဆိုတာကိုတော့... #FallinLoveAgain #Ch_by_K

ဇာတ်ထုပ်ထဲက မင်းနဲ့ငါ How Dare You (成何体统) ဒီဇာတ်ကားလေးရဲ့၀တ္ထုက တော်တော်လေး နာမည်ကြီးပြီး လက်ရှိမှာ Donghua version လည်း Seas
+9
ဇာတ်ထုပ်ထဲက မင်းနဲ့ငါ How Dare You (成何体统) ဒီဇာတ်ကားလေးရဲ့၀တ္ထုက တော်တော်လေး နာမည်ကြီးပြီး လက်ရှိမှာ Donghua version လည်း Season 2 ပြသနေဆဲဖြစ်တာမို့ အထူးညွှန်းနေစရာမလိုတော့ပါဘူး ကိုကိုချောချောနဲ့မမလှလှလေးရဲ့ ဇာတ်ကားမို့ မကြည့်မိရင် နောင်တ တသီကြီးရမယ့်ကားလေးနော်❤️ ဇာတ်လမ်းအညွှန်း မထင်မှတ်ဘဲ နန်းတွင်းအရှုပ်တော်ပုံဝတ္ထုထဲ ဆွဲခေါ်ခံလိုက်ရပြီး ဗီလိန်ဇာတ်ကောင် ကြင်ရာတော်် Yu Wanyin ဖြစ်လာတဲ့ Wang Cui Hua တစ်ယောက် သူ့ရဲ့ဗီလိန်ကံကြမ္မာကို ပြောင်းလဲဖို့ကြိုးစားရင်း သူ့လိုပဲကူးပြောင်းလာတဲ့ Xia Hou Dan နဲ့တွေ့ဆုံသွားတဲ့အခါမှာတော့ ဒီလောကကြီးနဲ့ မသက်ဆိုင်တဲ့သူတို့နှစ်ယောက် ရှုပ်ထွေးလှတဲ့ကံကြမ္မာလှည့်ကွက်‌တွေ လျှို့ဝှက်ကြံစည်မှုတွေ သေရေးရှင်ရေးအကြပ်အတည်းတွေ နန်းတွင်းအရှုပ်တော်ပုံတွေကို ဘယ်လိုပူးပေါင်းရင်ဆိုင်ကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဝတ္ထုကလည်း ဇာတ်လိုက်မင်းသမီး ဝိညာဥ်ပြောင်းရောက်ရှိလာတဲ့ဝတ္ထုတစ်ပုဒ်ဖြစ်နေတဲ့အခါမှာတော့ ခေတ်သစ်ကလူ ၃ ယောက် နန်းတွင်းထဲရောက်လာပြီး ကိုယ့်ကြမ္မာကို ဘယ်လိုဖန်တီးကြမလဲဆိုတာကတော့.. #HowDareYou #Ch_by_K

ရည်းစားဦးမဟုတ်တဲ့ အချစ်ဦး Predestined Love (其实不是初恋) ဇာတ်လမ်းအကျဉ်း အလုပ်ခွင်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Ren Xizhou
+8
ရည်းစားဦးမဟုတ်တဲ့ အချစ်ဦး Predestined Love (其实不是初恋) ဇာတ်လမ်းအကျဉ်း အလုပ်ခွင်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Ren Xizhou (Chang Huasen) ဟာ သူ့ရဲ့ ဇာတိမြို့လေးကို ပြန်လာပြီး မိခင်ဖြစ်သူရဲ့ စားသောက်ဆိုင်ကို ပြန်လည်ဦးမော့လာအောင် ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ မထင်မှတ်ထားတာကတော့ အထက်တန်းကျောင်းတုန်းက ရန်ဘက်ဟောင်း Xiang Nanfeng (Zhao Qing) နဲ့ ပြန်လည်ဆုံတွေ့ဖို့ ဖြစ်လာခဲ့တာပါပဲ။ ငယ်စဉ်က အထင်လွဲမှုတွေကြောင့် တစ်ယောက်ကိုတစ်ယောက် မကြည့်ချင်အောင် ဖြစ်ခဲ့ကြပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ လုပ်ငန်းခွင် အခက်အခဲတွေ၊ ဘဝရဲ့ စိန်ခေါ်မှုတွေကြားမှာ သူတို့နှစ်ယောက်ဟာ မဖြစ်မနေ လက်တွဲလုပ်ဆောင်ရင်း အမုန်းတွေကနေ နားလည်မှုတွေဆီကို ဦးတည်လာတဲ့အခါ Chang Huasen နဲ့ Zhao Qing တို့ရဲ့ လိုက်ဖက်ညီတဲ့ Chemistry နဲ့အတူ ငယ်ဘဝက အထင်လွဲခဲ့ရတဲ့ အချစ်ဦးဇာတ်လမ်းလေးက ဘယ်လိုပြန်လည် အသက်ဝင်လာမလဲဆိုတာကို ခံစားကြည့်ရှုရမယ့် Healing Youth Drama လေးပဲ ဖြစ်ပါတယ်။ #PredestinedLove #Ch_by_K #crd

ထာ၀ရမညှိုးနွမ်းလေသော Born To Be Alive (生命树 2026) ဇာတ်လမ်းအညွှန်း Bai Ju ဆိုတဲ့ ကောင်မလေးတစ်‌‌ယောက်ဇာတ်လမ်း~ Bai Pu Gen ဆိုတဲ့
+9
ထာ၀ရမညှိုးနွမ်းလေသော Born To Be Alive (生命树 2026) ဇာတ်လမ်းအညွှန်း Bai Ju ဆိုတဲ့ ကောင်မလေးတစ်‌‌ယောက်ဇာတ်လမ်း~ Bai Pu Gen ဆိုတဲ့မိသားစုက Bai Ju ဆိုတဲ့ မိဘမဲ့ ကလေးမလေးတစ်ယောက်ကို မွေးစားလိုက်တယ်။ ကလေးမလေးအရွယ်ရောက်လာတော့ Qingbai ဒေသမှာ တိဗက်နွားမွေးမြူရေးလေ့လာရေးနဲ့ အခြေစိုက်သုတေသနစခန်းတစ်ခုကို တည်ထောင်လိုက်ကာ~ ရွာသားတွေကိုလည်း သူကိုယ်တိုင်ဦးဆောင်ပြီး ယင်းသုတေသနမှာ ပါဝင်စေတယ်။ ရွာသားတွေအကျိုးကအစပြုပြီး နိုင်ငံတိုးတက်‌ရေးအထိပါ ပိုပြီးစဉ်းစားတွေးခေါ်တတ်တဲ့ Bai Ju ရဲ့ ဘဝခရီးလမ်းက ရှေ့လျှောက် ဘယ်လိုဖြစ်မလဲ...။ သူလိုချင်တဲ့ ရလဒ်ကိုရော ရရှိပါ့မလား...။ #BornToBeAlive #Ch_by_K #crd

နတ်ဆရာလေးရဲ့ ခမ်ဂျီရာ Khemjira (เขมจิราต้องรอด 2025) နတ်ဆရာလေးနဲ့ ခမ်ဂျီရာ တို့ရဲ့ Horror BL လေး😍❤️ -----------‐---‐----‐-‐-
+4
နတ်ဆရာလေးရဲ့ ခမ်ဂျီရာ Khemjira (เขมจิราต้องรอด 2025) နတ်ဆရာလေးနဲ့ ခမ်ဂျီရာ တို့ရဲ့ Horror BL လေး😍❤️ -----------‐---‐----‐-‐-----‐--‐----‐--------- <<ဇာတ်လမ်းအညွှန်း>> အသက် ၂၁နှစ်မပြည့်ခင် ယောက်ျားလေးမျိုးဆက်တိုင်း သေဆုံးရမဲ့ ကျိန်စာသင့်မိသားစုက ကောင်ကလေး "ခမ်ဂျီရာ" ကျိန်စာသင့်တော့မဲ့ အရွယ်ကို နီးကပ်လာတဲ့ "ခမ်ဂျီရာ" တစ်ယောက် သူငယ်ချင်းဖြစ်သူနဲ့အတူ အကူအညီပေးနိုင်မဲ့သူကို လိုက်ရှာရင်း နတ်ဆရာ "ဖာရန်" နဲ့ ဆုံနိုင်ခဲ့ပါတယ် ၆လအတွင်း သေဆုံးတော့မဲ့ "ခမ်ဂျီရာ" ကို "ဖာရန်" တစ်ယောက် ကူညီပေးရင်း ရှုပ်ထွေးလှတဲ့ အတိတ်ကံတရားတွေက လက်ရှိအထိပါ အကျိုးသက်ရောက်မှုတွေရှိလာတဲ့အခါ ကျိန်စာက ပြယ်နိုင်ပါ့မလား "ခမ်ဂျီရာ" အတွက် ထာဝရစာလုံခြုံမှုကို ဖော်ဆောင်ပေးရင်း နတ်ဆရာ"ဖာရန်" နဲ့ ဒီကျိန်စာသင့်ကောင်ကလေးကြား ခံစားချက်တွေ ဘယ်လိုတွေရစ်နွယ်သွားမလဲ ထိတ်လန့်စိတ်လှုပ်ရှားဖွယ် ဖြစ်ရပ်တွေကြား ချိုမြိန်တဲ့ ချစ်ခြင်းကိုပါ ခံစားရမဲ့ ရသစုံလင်‌သောလေး😍 #Khemjira #Ch_by_K

ဂုဏ်ရည်အပ်နှင်း ငြိမ်းချမ်းစေ Swords Into Plowshares ဒီဇာတ်ကားလေးကတော့ တွေ့တောင့်တွေ့ခဲ နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေရဲ့ဆုံတွေ
+9
ဂုဏ်ရည်အပ်နှင်း ငြိမ်းချမ်းစေ Swords Into Plowshares ဒီဇာတ်ကားလေးကတော့ တွေ့တောင့်တွေ့ခဲ နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေရဲ့ဆုံတွေ့မှုလက်ရာဖြစ်ပြီးRating 8.4 ထိရခဲ့တဲ့ Guardian ထဲက မင်းသားချော BaiYu နဲ့ Will Love in Spring , Nothing But You အစရှိတဲ့ နာမည်ကြီးကားတွေရဲ့ဇာတ်လိုက်မင်းသမီးချော Zhou YuTong တို့ရဲ့ ဒီဇာတ်ကားလေးက 2026 ကြည့်ရှုသူအမျှော်လင့်ဆုံး ဇာတ်ကားစာရင်းထဲမှာ ပါ၀င်ထားတာမို့ လက်မလွတ်တမ်း ကြည့်သင့်သော❤️ ဇာတ်လမ်းအကျဉ်း Qian Hong Chu ဟာ တိုင်းပြည်ရဲ့ပျက်စီးမှုတွေကို မြင်ခဲ့ရပြီး အကျပ်အတည်းတွေထဲမှ Chai Rong ၊ Zhao Kuang Yin တို့နဲ့ နက်ရှိုင်းတဲ့ရင်းနှီးမှုကိုရခဲ့ပါတယ် မြောက်ပိုင်းစုန့်မင်းဆက်ရဲ့စည်းလုံးညီညွတ်မှုနဲ့ပြည်သူတွေရဲ့ငြိမ်းချမ်းမှုအတွက် Zhao Kuang Yin နဲ့ Qian Hong Chu ဟာ သုံးနှစ်အတွင်း ငြိမ်းချမ်း‌ေရးအတွက် စစ်ပွဲကိုစွန့်လွှတ်ကာ “ပြည်ကို ပြန်လည်အပ်နှင်းခြင်း” ဆိုတဲ့ သမိုင်းကိုအစပြုရေးထိုးခဲ့ပါတယ် အုပ်ချုပ်သူတွေကြားက စစ်ပွဲတွေကြားမှာ ငြိမ်းချမ်းရေးကို ဘယ်လိုဖော်ဆောင်ရမလဲဆိုတာကို စောင့်မျှော်ကြည့်ရှူပေးကြပါအုံးနော်❤️❤️ Channel Link https://t.me/xokittyyaaa #SwordsIntoPlowshares #Ch_by_K

စကားပြောသောအမှန်တရားအတွဲ(၂) The Imperial Coroner Season 2 {御赐小仵作 第二季} ကဲကဲ လေးနှစ်ကြာပြီးတဲ့နောက်မှာ အတွဲ‌နှစ်လေးထွက်ရှိလို့လ
+9
စကားပြောသောအမှန်တရားအတွဲ(၂) The Imperial Coroner Season 2 {御赐小仵作 第二季} ကဲကဲ လေးနှစ်ကြာပြီးတဲ့နောက်မှာ အတွဲ‌နှစ်လေးထွက်ရှိလို့လာပါပြီ❤️❤️ Season 1 ကြည့်ပြီးသား ပရိသတ်ကြီးတို့အတွက်တော့ အများကြီးမိတ်ဆက်စရာမလိုတော့ဘူးပေါ့ အခု season 2 မှာလည်း သူတို့တွေလက်တွဲပြီး ဘယ်လိုဆန်းကြယ်တဲ့အမှုတွေကို ဖော်ထုတ်ကြမလဲ ...... ဘယ်လိုအန္တရာယ်တွေနဲ့ရင်ဆိုင်ပြီး တိုင်းပြည်ကို ဘယ်လိုကာကွယ်ကြမလဲဆိုတာကတော့.... #TheImperialCoronerSeason2 #Ch_by_K

#Glory လက်ဖက်ရနံ့ဝေရာ နှလုံးအိမ် Episode 1
#Glory လက်ဖက်ရနံ့ဝေရာ နှလုံးအိမ် Episode 1

Boys In Love
Boys In Love

အကြင်နာမဲ့သော ထိုဆောင်းဦးနှင်းပွင့်များ Loving Strangers ဒီကားလေးကတော့ IU ရဲ့ My Mister ကားကို remake ပြန်ရိုက်ထားတဲ့ကားလေးပဲ
+9
အကြင်နာမဲ့သော ထိုဆောင်းဦးနှင်းပွင့်များ Loving Strangers ဒီကားလေးကတော့ IU ရဲ့ My Mister ကားကို remake ပြန်ရိုက်ထားတဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ကျိုးယွီအန်းက ဆင်းရဲနွမ်းပါးတဲ့ မိသားစုကနေမွေးဖွားလာတဲ့သူဖြစ်ပြီး အဖေဖြစ်သူတွေရဲ့အကြွေးတွေကိုဆပ်ဖို့အတွက် ဘဝကိုကြိုးစားရုန်းကန်နေရတဲ့သူ. တစ်ဖက်မှာလည်း မိသားစုအဆင်မပြေမှုတွေနဲ့ အသက်မွေးဝမ်းကြောင်းမှာပါ ပြဿနာတွေကြုံတွေ့နေရတဲ့ကျန်းကျားချီ. ကုမ္ပဏီလုပ်ငန်းခွင်အားပြိုင်မှုကြားမှာပဲ ဆုံတွေ့ခဲ့ပါတယ်။ ကုမ္ပဏီစီအီးအိုဖြစ်သူ ကုချန်ဟာ ကျန်းကျားချီ ရဲ့ တဲ့တိုးပြောတတ်တဲ့အကျင့်ကြောင့်ပဲ ဆေးဝါးအသစ် ထုတ်လုပ်ဖို့အခွင့်အရေးဆုံးရှုံးသွားခဲ့ပါတယ်။ ကျိုးယွီအန်းကနှောင့်ယှက်ဖို့ကြိုးစားရင်းနဲ့  ကျန်းကျားချီရဲ့ နွေးထွေးပြီးတော့ စိတ်ရင်းမှန်နဲ့ဆက်ဆံတဲ့ပုံစံတွေကိုမြင်တွေ့လာတဲ့အခါ... ဒီဇာတ်လမ်းလေးမှာတော့ မတူညီတဲ့ဘဝနှစ်ခုကြားမှာ မတူညီတဲ့စိတ်ဒဏ်ရာတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကို သယ်ပိုးထားတဲ့လူနှစ်ယောက် အချင်းချင်းဘယ်လိုမျိုးကုသပေးသွားမလဲဆိုတာ... #LovingStrangers #Ch_by_K #Crd

Love between Lines ချစ်ခြင်း၏အစ ဂိမ်းမှ 🎮❤️ မင်းနဲ့မှ ချစ်တတ်ခဲ့တာပါ💝 အမြဲတစေ အချစ်ရေးရာကံမကောင်းသူလေး Hu Xiu တစ်ယောက် လူသတ
+9
Love between Lines ချစ်ခြင်း၏အစ ဂိမ်းမှ 🎮❤️ မင်းနဲ့မှ ချစ်တတ်ခဲ့တာပါ💝 အမြဲတစေ အချစ်ရေးရာကံမကောင်းသူလေး Hu Xiu တစ်ယောက် လူသတ်မှုဂိမ်း (role-playing game)ကိုကစားမိရာမှ ကိုလူချောNPCလေးတစ်ယောက်ကို မြင်မြင်ချင်းကြွေသွားမိပါတယ်။ Xiao Zhi Yu ဟာ NPCအဖြစ် သရုပ်ဆောင်ပြီး ကစားသမားတွေကိုပျော်ရွှင်အောင်လုပ်ပေးရတာကို အလုပ်တစ်ခုလို့ပဲထင်မှတ်ထားခဲ့သူပါ။ Hu Xiuနဲ့တွေ့ဆုံပြီးနောက် ဂိမ်းထဲမှအချစ်ဇာတ်လမ်းဟာ လက်တွေ့အပြင်လောကကိုကူးပြောင်းလာခဲ့ပြီး သူတို့ရဲ့သရုပ်မှန်မှာလျှို့ဝှက်ချက်တွေရှိနေခဲ့ပါတယ်။ ဂိမ်းဇာတ်ကြောင်းပုံရိပ်ယောင်လောကနဲ့ လက်တွေ့အပြင်လောကကြီး တဖြည်းဖြည်းထပ်တူကျလာပြီးနောက် အချိန်နဲ့အာကာသအပြောင်းအလဲတွေဖြစ်လာပြီး မတူညီတဲ့ dimension တွေနဲ့ပါထိတွေ့လိုက်ရတဲ့အခါ အတုမှအစစ်၊ အစစ်မှအတု စိတ်ကူးယဉ်နဲ့လက်တွေ့ကြား စစ်မှန်တဲ့ချစ်ခြင်းကဘာလဲဆိုတာကို ဖော်ကျူးထားတဲ့ ဒီလိုရင်သပ်ရှုမောဖွယ်ဇာတ်ကားလေးကို အသည်းတလှပ်လှပ်နဲ့ကြည့်ရှုနိုင်ပါပြီနော်😍

The Unclouded Soul အနှောင်အဖွဲ့မဲ့ တိမ်စိုင်ငယ် 逍遥 (2025) 2025 အတွက် အကောင်းဆုံးလက်ဆောင် ကျဲကျဲ Tan Song Yunရဲ့ ပထမဆုံး ဝူရှက
+7
The Unclouded Soul အနှောင်အဖွဲ့မဲ့ တိမ်စိုင်ငယ် 逍遥 (2025) 2025 အတွက် အကောင်းဆုံးလက်ဆောင် ကျဲကျဲ Tan Song Yunရဲ့ ပထမဆုံး ဝူရှကား.... ကိုကို Hou Ming Hao ရဲ့ အနားသား မိစ္ဆာနတ်မင်းဇာတ်လမ်းတွဲ "The Unclouded Soul" ဇာတ်လမ်းအကျဉ်း သက်တမ်းရာချီဆွဲဆန့်ပေးနိုင်တဲ့ ဝိညာဉ်စမ်းချောင်းလေးတစ်ခုကို လူသားမျိုးနွယ်ရော မိစ္ဆာမျိုးနွယ်ရောကရှာဖွေနေကြတယ် မိစ္ဆာမျိုးနွယ်တွေကိုအုပ်စိုးနေတဲ့ မိစ္ဆာဘုရင်ကြီး Hong Ye (Hou MingHao)က‌တော့ မိစ္ဆာတစ်သိန်းတောင်ကြားကိုကာကွယ်ဖို့ဆိုမွေးဖွားလာသူပေါ့ပွင့်လင်းသွက်လက်တဲ့စရိုက်ပိုင်ရှင် မိန်းမပျိုလေး Xiao Yao (Tan Song Yun) ရောက်လာချိန်မှာတော့ ဘုရင်ကြီးရဲ့နှလုံးသားအပါအဝင် အစစအရာရာ ကသောင်းကနင်းဖြစ်ကုန်ပါလေရောတဲ့ရှင် လောကဓံအနိမ့်အမြင့်ပြကွက်ပေါင်းစုံကိုမြင်ဖူးထားတဲ့ ဘုရင်ကြီးအတွက် သက်ရှိအားလုံးရဲ့လောဘတွေ မြစ်ဖျားခံ‌ရာက ဝိညာဉ်စမ်းချောင်းဆိုတာ သိနှင့်ပြီးသားဖြစ်နေတော့ Xiao Yao ရဲ့ ဖြူစင်လွန်းတဲ့နှလုံးသားဟာ ဘာနဲ့မှမလဲနိုင်တဲ့အထိတန်ဖိုးထားချင်စရာပါတဲ့ ဒီလိုနဲ့ လရောင်ဖြူလေးနဲ့မိစ္ဆာဘုရင်ကြီးတို့ ရွှေလက်တွဲပြီး ပဟေဠိဆန်လွန်းတဲ့ ပြိုင်ဘက်‌ကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ.. #Ch_by_K #TheUncloudedSoul #Crd

2025 ရဲ့ Drama of The Year လို့ တင်စားရမယ့် အားလုံးစောင့်မျှော် နေကြတဲ့ James Ji နဲ့ Bella ရဲ့ ကားသစ်ကြီး ဒီည ထွက်ရှိ လာပါတော
2025 ရဲ့ Drama of The Year လို့ တင်စားရမယ့် အားလုံးစောင့်မျှော် နေကြတဲ့ James Ji နဲ့ Bella ရဲ့ ကားသစ်ကြီး ဒီည ထွက်ရှိ လာပါတော့မယ် ✨💕 "ကမောက်ကမအချစ်" (2025) ဇာတ်လမ်းအကျဉ်း နာမကျန်းဖြစ်နေတဲ့ ဖခင်ဖြစ်သူ ကိုယ်စား ယောက်ျားရင့်မာကြီးတွေသာ လုပ်ကိုင်ကြတဲ့ ကျွဲကုန်သည် အလုပ်ကို ဦးစီးလုပ်ကိုင်ပေးနေတဲ့ ကျားကျားလျားလျား မိန်းမသား တောသူမလေး အီနန်ခမ်ဒွန်... သခင်ကြီး ခွန်အေ့ကတော့ မြို့ကြီးပြကြီးက ရာထူးမြင့် အစိုးရ အမှုထမ်းတစ်ယောက် ၊ သူ့မှာ ပြဿနာကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရပြီး အဲ့ကိစ္စကနေ ရှောင်တိမ်းဖို့ရာ သူ့မိန်းမအဖြစ် ခေတ္တဟန်ဆောင် ပေးနိုင်မယ့်သူကို အမြန်လိုအပ်နေတာပါ တစ်နေ့မှာ ကပြက်ကချော်နိုင်တဲ့ တွေ့ဆုံမှုတစ်ခုကနေ ဒီသူစိမ်းနှစ်ယောက်ကို လင်မယားတွေအဖြစ် ဟန်ဆောင်ဖို့ ကံတရားက အကြောင်းဖန်လာတော့တယ် ကျွဲကုန်သည် တောသူမလေး အဖြစ်ကနေ သခင်ကြီးရဲ့ ဇနီးသည် အထက်တန်းလွှာ အမျိုးကောင်းသမီးအဖြစ် ပြောင်းလဲဖို့ ကြိုးစားတဲ့အခါ... ဘာတွေဆက်ဖြစ်မလဲဆိုတာ တစ်ကားလုံး ပါးစပ်မစိရအောင် ရယ်နေရမယ့် ထိပ်တန်း မင်းသားမင်းသမီးနှစ်ယောက်နဲ့ ရိုက်ကူးထားတဲ့ ဟာသကားလေး❤️ #ကမောက်ကမအချစ် #Ch_by_K #Crd

casts တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ရှယ်ကြည့်ရမယ့် ကောကော #HouMinghao နဲ့ ကျဲကျဲ #Gulinazha တို့ ဦးဆောင်ပါဝင်ထားတဲ့ "Glory" ဇာတ
+7
casts တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ရှယ်ကြည့်ရမယ့် ကောကော #HouMinghao နဲ့ ကျဲကျဲ #Gulinazha တို့ ဦးဆောင်ပါဝင်ထားတဲ့ "Glory" ဇာတ်ကားလေးကို 29 ရက်နေ့မှာပြသတော့မှာဖြစ်ပါတယ် ဒီ Channel  လေးမှာပဲတင်သွားမှာမို့ Joined  ထားပေးကြပါအုန်းနော်❤️ #Glory #Ch_by_K #Crd

casts တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ရှယ်ကြည့်ရမယ့် ကောကော #HouMinghao နဲ့ ကျဲကျဲ #Gulinazha တို့ ဦးဆောင်ပါဝင်ထားတဲ့ "Glory" ဇာတ်ကားလေးကို 29 ရက်နေ့မှာပြသတော့မှာဖြစ်ပါတယ် ဒီ Channel  လေးမှာပဲတင်သွားမှာမို့ Joined  ထားပေးကြပါအုန်းနော်❤️ #Glory

အနမ်းတွေလိုချို နေရောင်ခြည်လိုနွေး Shine On Me ပြည်သူ့ကိုကို Song Weilong နဲ့ ပြည်သူ့ညီမလေး Zhao Jinmai တို့နှစ်ယောက် Shine O
+6
အနမ်းတွေလိုချို နေရောင်ခြည်လိုနွေး Shine On Me ပြည်သူ့ကိုကို Song Weilong နဲ့ ပြည်သူ့ညီမလေး Zhao Jinmai တို့နှစ်ယောက် Shine On Me မှာ တွေ့ကြပါပြီ❤️ ဇာတ်လမ်းအညွှန်း Nie Xi Guang (Zhao Jinmai) ဟာ ‌တက္ကသိုလ်ကျောင်းသူဘဝမှာ ထူးချွန်ကျောင်းသား Zhuang Xu (Lai Weiming) ကို ရင်ခုန်ဦးဖြစ်ခဲ့ပေမဲ့ တရားဝင်ချစ်သူအဆင့်ကို မရောက်ခဲ့ရှာပါဘူး ကျောင်းပြီးလို့ မိဘ‌ပိုင် လျှပ်စစ်ပစ္စည်းကုမ္ပဏီမှာ အောက်ခြေဝန်ထမ်းအဖြစ် စဝင်ရောက်ချိန်မှာ အထင်လွဲမှုတစ်ခုကြောင့် အထွေထွေမန်နေဂျာ Lin Yu Sen (Song Weilong) ရဲ့ပစ်မှတ်ထားခြင်းကို ဒီကလေးမလေးဟာ အလူးအလဲခံရပါတယ် အချစ်ဦးနဲ့ရေစက်မပါခဲ့တဲ့ Nie Xi Guang က မန်နေဂျာကြီးရဲ့ချစ်ခြင်းမေတ္တာကို ၁၅၀၀ မေတ္တာပြန်ပေးနိုင်သွားမှာလား? ကိုကိုက အထွေထွေမန်နေဂျာLin အဖြစ်ကနေ ဒေါက်တာLin ဘဝဆီ ပြန်သွားနိုင်ဦးမှာလား? ဝေးကွာခဲ့တဲ့ အချစ်ဦးက Nie Xi Guangရဲ့ဘဝထဲ‌ ပြန်ပေါ်လာတဲ့အခါ? ၂၀၂၅ ခုနှစ်ရဲ့ အလှပဆုံး အချစ်ဇာတ်လမ်းလေးဖြစ်လာမဲ့ "Jiao Yang Si Wo' ကို ရင်ခုန်လိုက်ရအောင်လားဆိုတာကတော့.. #ShineOnMe #Ch_by_K #Crd

ပိုချစ်ရသူ ဖြစ်ပါစေ 对的时间,对的人 Love is Always Online 2025 ချစ်တိုင်းလည်း မညားဘူးပြောကြပေမဲ့ မင်းကတော့ ကိုယ့်အတွက် Right Time Ri
+9
ပိုချစ်ရသူ ဖြစ်ပါစေ 对的时间,对的人 Love is Always Online 2025 ချစ်တိုင်းလည်း မညားဘူးပြောကြပေမဲ့ မင်းကတော့ ကိုယ့်အတွက် Right Time Right Person❤️ Rating 7.3 ရပြီးနာမည်ကြီးခဲ့တဲ့ Unnatural Fire ဇာတ်ကားထဲက မင်းသမီးချောလေး Elvira Cai နဲ့ My Mr. Mermaid ထဲက မင်းသား Xiong ZiQi တို့ရဲ့ အချစ်ကားချိုချိုလေး ဇာတ်လမ်းအကျဉ်း ကုမ္ပဏီသူဌေးလေး ကျန်းအန်းလန်ဟာ ကျောင်းသားဘဝက သူ့ကိုကယ်တင်ဖူးတဲ့ယောင်ယွမ်ကို ဂိမ်းတစ်ခုမှာပြန်ကယ်တင်ခဲ့ပြီး ဒီအခွင့်အရေးကိုအရယူကာပိုးပန်းခဲ့ပါတော့တယ်။ နောက်ဆုံးသူတို့တွေဟာ လက်တွေ့ဘဝထဲမှာပါ မေတ္တာသက်ဝင်လာကြပြီး အင်မတန်လိုက်ဖက်တဲ့ ချစ်စရာစုံတွဲတွေဖြစ်လာခဲ့ပေမဲ့ ကံတရားဟာသူတို့ကိုမျက်နှာသာမပေးခဲ့ဘူး.. သူတို့နှစ်ယောက်အရမ်းစိတ်ချမ်းသာနေတဲ့အချိန်မှာ ယောင်ယွမ်ဟာစိတ်မသက်သာစရာအဖြစ်အပျက်ကို သိလိုက်ရတယ် အဲဒါကတော့ သူမရဲ့မိဘတွေယာဉ်တိုက်မှုနဲ့သေခဲ့ရတာက ကျန်းအန်းလန်တို့မိသားစုနဲ့ ပတ်သက်နေတာကြောင့်ပ ယောင်ယွမ်ဟာ သူမချစ်သူကျန်းအန်းလန်နဲ့ လမ်းခွဲခဲ့တဲ့အခါသူမရဲ့ရွေးချယ်မှုဟာ မှန်ကန်ပါ့မလား... ကိုယ့်အသက်ကိုယ်မငဲ့ဘဲသူမအပေါ်ချစ်လွန်းတဲ့ကျန်းအန်းလန်ကိုတွေ့ရတဲ့အခါမှာသူမက အသည်းမာနိုင်ဦးမလား... #LoveIsAlwaysOnline #Ch_by_K

ကိုးသွယ်ပဟေဠိဒဏ္ဍာရီ : သောကကင်းတည်းခို‌‌ဆောင်Strange Chronicles of Tang 2025 အားလုံးရဲ့တခဲနက်အားပေးမှုကို ရရှိထားခဲ့တဲ့ Stran
+7
ကိုးသွယ်ပဟေဠိဒဏ္ဍာရီ : သောကကင်းတည်းခို‌‌ဆောင်Strange Chronicles of Tang 2025 အားလုံးရဲ့တခဲနက်အားပေးမှုကို ရရှိထားခဲ့တဲ့ Strange Tales of Tang Dynasty ဇာတ်ကားကြီးဟာ လေးကားမြောက်ထပ်မံထွက်ရှိလာခဲ့ပါပြီနော် အရှေ့သုံးကားလုံးကလည်း အောင်မြင်မှုတွေအဆက်မပြတ်ဆွတ်ခူးခဲ့တာမို့ အခု လေးကားမြောက်ကလည်း အံ့ဖွယ်ဇာတ်ကွက်တွေကို သယ်ဆောင်လာပေးဦးမှာပါ ဇာတ်လမ်းအကျဉ်း ထန်ခေတ်ဦးပိုင်းဟာ တရုတ်ပြည်ရဲ့အင်မတန်ကြွယ်ဝချမ်းသာပြီး ယဉ်ကျေးမှုထွန်းကားတဲ့ကာလဖြစ်ပါတယ် မြို့တော်ဖြစ်တဲ့ချန်အန်းကတော့ ကြွယ်ဝမှုတို့အားလုံးရဲ့စုဝေးရာလည်းဖြစ်သလို တစ်ဖက်မှာလည်း လူမသိနိုင်တဲ့လျှို့ဝှက်ချက်ဒဏ္ဍာရီတွေနဲ့ပြည့်နှက်နေတဲ့ ထိတ်ထိတ်ကြဲမြို့တော်ကြီးပေါ့ ဒီတစ်ခါမှာ ချန်အန်းမြို့တော်မှာဖြစ်ခဲ့တဲ့ သောကကင်းတည်းခိုဆောင်က သည်းထိတ်ရင်ဖိုအမှုတွေ၊ ရှန်နန်းဆောင်ရဲ့တေးသံအမှုအစရှိတဲ့ ထူးဆန်းထွေလာ အမှုတွဲ တွေနဲ့အတူ လူချန်ဖုန်း စူးဝူမင်တို့ ပြန်လာပါပြီနော် #Ch_by_K #Crd #StrangeChroniclesOfTang2025

Speed and Love ချိုမြမြ ပြင်းရှရှ သွေးသားမတော်စပ်လည်း သူက ကျွန်မ "ကိုကို"ပဲ ဇာတ်လမ်းအကျဥ်း အသက် ၉ နှစ် အရွယ် မိဘတွေကွာရှင်းခဲ
+7
Speed and Love ချိုမြမြ ပြင်းရှရှ သွေးသားမတော်စပ်လည်း သူက ကျွန်မ "ကိုကို"ပဲ ဇာတ်လမ်းအကျဥ်း အသက် ၉ နှစ် အရွယ် မိဘတွေကွာရှင်းခဲ့ရာက တစ်နေရာစီဝေးသွားကြတဲ့ Jiang Mu နဲ့ Jin Zhao ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်း ဘဝကိုအပူအပင်မရှိ ကြီးပြင်းခွင့်ရခဲ့တဲ့ ညီမလေး Jiang Mu အခြားတစ်ဖက်မှာက အသက်ရှင်သန်ဖို့ ဘဝအတွက်ရုန်းကန်နေရတဲ့ Jin Zhao လောကဒဏ်ဆိုတာ စာမေးပွဲအတွက် အိပ်ရေးပျက်ရုံလောက်သာ သိတဲ့ Jiang Mu နဲ့ လောကဒဏ်ပေါင်းစုံ ဝိုင်းရံခံထားရတဲ့ Jin Zhao တို့ ပြန်ဆုံတွေ့ဖို့အကြောင်းဖန်လာတဲ့အခါ.. လူငယ်နှစ်ဦး မဆင်မခြင်မက်မိကြတဲ့ အိပ်မက်ကြား ဘယ်လိုလျှောက်လှမ်းကြမလဲ .. Action အကြမ်းအစပ်ကိုမှ ကိုကိုနဲ့ညီမလေးတို့ရဲ့ ရိုရိုချိုချို အရသာလေးပါ ပေါင်းစပ်ထားတဲ့ ဇာတ်ကားလေးကို ကြည့်ရှုရန်link #SpeedAndLove

အာဏာတည်ရာ ချန်အန်းဗျူဟာ The Vendetta of An ကိုကိုချန်ရိဇာတ်ကားသစ်လေး လာပြီနော် Wen Cheng သက္ကရာဇ်ကာလမှာ ဟူပန်းလျှို့ဝှက်တပ်ဖွ
+9
အာဏာတည်ရာ ချန်အန်းဗျူဟာ The Vendetta of An ကိုကိုချန်ရိဇာတ်ကားသစ်လေး လာပြီနော် Wen Cheng သက္ကရာဇ်ကာလမှာ ဟူပန်းလျှို့ဝှက်တပ်ဖွဲ့က ချန်အန်းကို နှစ်ပေါင်းများစွာသိမ်းပိုက်ထားပြီးနေပြီး အမြစ်တွယ်လို့နေခဲ့ပါပြီ။ ဒီအချိန်မှာ ဟွိုင်နန်ခရိုင်တရားရုံးတော်မှ မော်ကွန်းထိန်းအရာရှိလေးရှဲ့ဟွိုင်အန်းက ဧကရာဇ်ထံမှ လျှို့ဝှက်အမိန့်တော်လက်ခံရရှိခဲ့ပြီး အမတ်ယုတ်တွေကိုနှိမ်နှင်းဖို့ရာ မြို့တော်ချန်အန်းဆီ အရေးပေါ်ရွှေ့ပြောင်းခံလိုက်ရပါတယ်။ ဒါပေမဲ့ အာဏာအရသာသိသွားတဲ့ ဟူပန်းစစ်သူကြီးက ဘယ်လိုလုပ် အလွယ်တကူလက်လွှတ်ခံပါ့မလဲ။ တစ်ခါတည်း ဟူပန်းလျှို့ဝှက်တပ်ဖွဲ့ရဲ့အင်အားကိုစုစည်းပြီး ကိုယ်တိုင်ဧကရာဇ်တက်လုပ်ဖို့ကြံပါတော့တယ်။ ဒီအခါမှာ ရှဲ့ဟွိုင်အန်းတစ်ယောက် ကိုယ့်မိသားစုကိုဖျက်ဆီးခဲ့တဲ့ ဟူပန်းစစ်သူကြီးကို ဘယ်လိုလက်စားချေပြီး နန်းတွင်းအရှုပ်တော်ပုံကြား တရားမျှတမှုကို ဘယ်လိုဖော်ဆောင်သွားမှာလဲ ??? အချိန်ကြာမြင့်စွာ အာဏာတည်တံ့လာတဲ့ ဟူပန်းစစ်သူကြီးကရော မိမိအကျိုးအတွက် ဘယ်လိုအကြံအစည်တွေထုတ်လေမလဲ ??? အာဏာလုပွဲကြီးအဆုံးမှာ ချန်အန်းကရော ပြန်လည်ငြိမ်းချမ်းနိုင်ပါ့မလားဆိုတာ… #TheVendettaOfAn #Ch_by_K #Crd