303
Subscribers
No data24 hours
+17 days
+630 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
April '25
April '25
+4
in 0 channels
March '25
+13
in 0 channels
Get PRO
February '25
+4
in 0 channels
Get PRO
January '25
+7
in 0 channels
Get PRO
December '24
+18
in 0 channels
Get PRO
November '24
+78
in 0 channels
Get PRO
October '24
+107
in 0 channels
Get PRO
September '24
+10
in 1 channels
Get PRO
August '24
+159
in 0 channels
Get PRO
July '240
in 1 channels
Get PRO
June '24
+40
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 15 April | +1 | |||
| 14 April | 0 | |||
| 13 April | 0 | |||
| 12 April | 0 | |||
| 11 April | 0 | |||
| 10 April | 0 | |||
| 09 April | 0 | |||
| 08 April | 0 | |||
| 07 April | 0 | |||
| 06 April | +1 | |||
| 05 April | +1 | |||
| 04 April | 0 | |||
| 03 April | 0 | |||
| 02 April | 0 | |||
| 01 April | +1 |
Channel Posts
Repost from နန်းမတော်မနု
❝ ငလျင်ဒဏ်ကြားက ဝိသမလောဘသားများနှင့် ပြည်သူများ၏ ပြောစကား ❞
👀အို...အတွေ့ကလေးရယ်တဲ့ အကြုံ။ မြန်မာပြည်မှာ မကြုံဖူး မဆုံဖူးတဲ့ ဒုက္ခဆင်းရဲဆိုတာရော ကျန်သေးရဲ့လားရှင်။ ခုလည်းပဲ ငလျင်ဘေးဒဏ် ကြုံနေရတဲ့ကြားက ဝိသမလောဘသားတွေအကြောင်း မြင်နေကြားနေရပြန်ပြီ။ ရှည်ရှည်ဝေးဝေး ပြောမနေချင်တော့ဘူး။ အပူရုပ်ကို ဟန်လုပ်ပြီး ပင်ပန်းဆင်းရဲနေကြရတဲ့ မမနုတို့ ပြည်သူတွေရဲ့ စကားသံတွေကိုသာ နားသောတ ဆင်လှည့်ပါတော့ ပရိတ်သတ်ရေ 📣
🎙"အရင်က Solar အသေးလေးတွေနဲ့ အားသွင်းလို့ရတဲ့ မီးသီးတွေက 35000 ပဲရှိတယ် ။ အခု 85000 ပါတဲ့"
🎙"အရေးကြီးရင် စျေးကြီးမယ်"
🎙"အရပ်ထဲမယ် ရေသန့်တစ်ဗူး အရင် 1000 အခု 2500/ 1 liter 6 လုံးတစ်ကဒ် 8000"
🎙"ဈေးဆိုင်တွေက ဈေးတက်ချင်လာရင် ကုန်ပစ္စည်းမရှိဘူးပြောတယ် ဆ်ိုင်ပိတ်တယ်။ နောက် ပြန်ဖွင့်တဲ့အခါ ဈေးတက်တယ်"
🔍"ငလျင်မဖြစ်ခင်က ခရမ်းချဥ်သီးတစ်ပိဿာ 800-1000 ဝန်းကျင်ပဲရှိတာ အခုမနက်ကျတော့ တစ်ပိဿာ 4000တဲ့"
🔍"ဖယောင်းတိုင်တစ်ထုပ် ၄၅၀၀ တဲ့ သာကေတမှာ"
🔍"ဆန် 6 ပြည်ကို 26000 တဲ့ဗျာ တခါမှ မကြားဖူးဘူး"
🔔"ရေခဲတစ်တုံးတောင် 10000 ကနေ ခု 16000"
🔔"ကုန်စျေးနှုန်းတွေ တင်မကဘူး ကယ်ရီ စရိတ်တွေပါ အဆမတန် တက်တာ။ ဆီစျေး စျေးကြီးတယ်ဆိုပြီး မနက်ပိုင်း ၁၅၀၀၀ ဖြစ်တဲ့ လမ်းခရီး ကို ညနေပိုင်း ကျ ၃၀၀၀၀ ဖြစ်သွားကော"
🔔"ရေသန့်တစ်ဘူးကို တစ်ရက် ၁၀၀ နှုန်းနဲ့ တက်နေတယ်"
🎙"ဖျော်ရည်တစ်ဘူး ၁၅၀၀ ကနေ ၅၀၀၀
ရောင်းတဲ့ဆိုင်ရှိနေပါတယ်"
🎙"ဆီ 15000 ကို 18000 ဖြစ်၊ ဆပ်ပြာဗူး 27500 က 30000 ဖြစ်"
ကဲ...ဝိသမလောဘသားတို့ရှင် ပြည်သူတွေရဲ့ အသံကို နားစွင့်နေရဲ့မဟုတ်လား။ ကောင်းခြင်း၊ ဆိုးခြင်းကို ကိုယ့်ဘာသာပဲ ဆင်ခြင်သုံးသပ်ကြပါ။ ငါတို့ကတော့ တစ်ဘဝပဲစံမှာ...
➡️ဘယ်သူဘာပြောပြော ကိုယ်ရှာမှ ကိုယ်စားရမှာလို့ တွေးတယ်ဆိုလည်း သဘောပါရှင်။ အပူရေစာတွေကို ဝအောင်စားထားကြပါလို့နော် 😊
မမနုတို့ရဲ့ ပြည်သူတွေလည်း ဘဝအဆက်ဆက် ဒီလို နိမ့်ကျတဲ့ စိတ်ဓာတ်နဲ့ ဝိသမလောဘသားတွေရှိတဲ့ မြန်မာပြည်မှာ လူလာမဖြစ်ကြပါစေနဲ့လို့ မမနုကဆုတောင်းပေးလိုက်ချင်ပါရဲ့....
အနီးအနားပတ်ဝန်းကျင်မှာ မတော်မတရား စျေးတင်ရောင်းနေတဲ့ စျေးဆိုင်တွေရှိရင်လည်း ပြည်သူတွေ ရှောင်ရှားလို့ရအောင် Comment မှာ ဖောက်သည်ချခဲ့ပါဦးနော် 👍
✉️ပြည်သူများရဲ့ စကားသံတွေကို အမြဲနားစွင့်လျက် မေတ္တာဖြင့် မမနု....
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/
| 2 | ⚠️မြေစာ မြေစာ .. တကယ် “မြေစာ” အတွက် မြေစာဖြစ်ရတဲ့ စည်ပင်လုပ်သားတွေအတွက် ရင်ထဲမကောင်းဘူးတော်။
💭ပြောပြမယ်။ အခုရက်ပိုင်း ဟိုးလေးတကျော်ကျော် ဖြစ်နေတဲ့ မြေစာရုပ်ရှင်အကြောင်း တော်တို့လဲ သိကြမှာပေါ့။
စည်ပင်ဝန်ထမ်းတွေဘဝကို မီးမောင်းထိုးပြထားတယ်။ အခြေခံလူတန်းစားတွေရဲ့ ဘဝကို ချပြထားတယ်။ ဘာညာပေါ့။ 🧑🌾
📌ဒါနဲ့ မမနုလဲ ဟယ် .. စစ်တပ်လက်အောက်မှာ ဒီလိုအခြေခံလူတန်းစားတွေရဲ့ ဘဝကိုချပြထားတာ မိုက်တာပေါ့။ ထွေလာလေးတော့ ပြေးကြည့်လိုက်ဦးမယ်ဟဲ့ဆိုပြီး ကြည့်တော့မှ။😩 တော်တို့တော့မသိဘူး။
ကျုပ်တော့ ဖန်တရာတေ ခေါက်ရိုးကျိုး ဇာတ်ထုပ်ကြီးပဲ တွေ့တယ်။ 🥱
📣မျက်ရည်မထွက် ထွက်အောင် ညှစ်ထုတ်နေတဲ့ ဒီလိုဇာတ်လမ်းတွေ မြန်မာ့ရုပ်ရှင်တွေထဲ အများကြီး အများကြီး ရှိခဲ့ပြီးပါပြီတော်။ ထူးခြားသွားတာဆိုလို့ စည်ပင်ဝန်ထမ်းကို အခြေခံထားတာ။ ဒီထက်မပိုဘူး။
➡️ဒါပေမယ့်လေ အဲ့တာ အခြေခံလူတန်းစားကို မီးမောင်းထိုးပြတယ်လို့မခေါ်ဘူး။
ခပ်ရင့်ရင့်ပြောရရင်တော့ စည်ပင်ဝန်ထမ်းတွေကို အသုံးချလိုက်တာပဲတော်တို့ရေ ..။ ရုပ်ရှင်မားကတ်ထဲမှာ ဒီလိုရိုက်ပြီး ဒီလိုမားကတ်တင်းဆင်း၊ ဒီလိုမျက်ရည်ခြူရင် ဒီလိုငွေတွေ ဝင်လာမယ်ဆိုတာ ထုတ်လုပ်ရေး စီးပွားရေးသမားတွေက သိပြီးသား။ 😏
➡️အခြေခံလူတန်းစားကို မီးမောင်းထိုးပြတယ်ဆိုတာလေ ..။ တိုးမလာတဲ့ လစာလေး နှစ်ပဲခြောက်ပြားနဲ့ သုံးဆ လေးဆ ခုန်တက်နေတဲ့ ကုန်ဈေးနှုန်း၊ မီတာခ၊ ဖုန်းဘေ၊ အိမ်လခ ဒါတွေကို ဖြူကာပြာကာကျအောင် နွံထဲ နှာခေါင်းလေးဖော်ပြီး ရှင်သန်နေရတဲ့ လူထုအကြောင်းကို ထိမိအောင် ရိုက်ပြမှ မီးမောင်းထိုးပြတယ်လို့ခေါ်တယ် အဖေတို့ရဲ့။
⛔️အခုဟာက စည်ပင်ဝန်ထမ်းတွေကို ကာဗာယူပြီး မျက်ရည်ခြူ၊ ငွေဝင်အောင်ရိုက်ထားတဲ့ မြန်မာကားထက် ဘာမှပိုပြီး ထူးခြားမနေဘူး။ အဲ ... ထူးခြားတာကတော့ ပေမမီ ဒေါက်မမီ အာဏာရူးဂျပုခန့်ထားတဲ့ စည်ပင်ဝန်ကြီးကို Press Show ဖိတ်တာပဲ
ပြောရရင်တော့ ခေါင်းကြီးတို့ ဘာတွေ မျှော်လင့်နေကြတာလဲဟေ။
➡️ပေတရာပေါ်က ဒင်းတို့ပစ်သတ်ခဲ့တဲ့ ပြည်သူ့အလောင်းတွေ၊ ပြည်သူ့သွေးတွေက မခြောက်ကြသေးဘူးနော်။ သေသွားတဲ့ ဝိဥာဏ်တွေကို နည်းနည်းပါးပါး အားနာပြီး မျက်ရည်ခြူကြ။
မျက်နှာပြောင်တိုက်ပြီး နေရာယူထားကြတဲ့ ဝံကြီးတွေ ဝံငယ်တွေနဲ့ ပလဲနံပ သင့်နေရင်တော့ မမနုတို့က ဘုတ် ဘုတ် ဘုတ်ပဲ။🤌
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 520 |
| 3 | ‼️ဖက်တီးမ အချဉ်ပေါင်းကို တိုးကြိတ်စားနေကြကတည်းက တစ်ခုခုတော့ ဂယက်ရိုက်လိမ့်ဦးမယ်ဆိုတာ မမနုတို့က သိပြီးသား။
🫵အခုပဲကြည့် ဖက်တီးမ အချဥ်ပေါင်းသည်ကို စျေးပေးမရောင်းတော့ဘူးတဲ့လေ။ မမနုတွေ့တာကတော့ FDA သတိပေးစာပို့တာက တစ်ဖွဲ့၊ စျေးရောင်းချင်ရင် အခွန် သိန်း ၆၀/ ၇၀ လောက်ဆောင်ရမယ်ဆိုတာက တစ်ဖွဲ့နဲ့ ဝိုင်းပြီး အကြပ်ကိုင်ကြတယ်ဆိုပဲ။
🔹လမ်းဘေးစျေးသည်နဲ့ FDA ဆိုတာ မမနုဖြင့် တွဲမြင်ကြည့်လို့ကို မရပါဘူးအေ။ ခေတ်အဆက်ဆက် ဒီအတိုင်းရောင်းလာကြတာကြီး။ သန့်ရှင်းမှု မရှိလို့ မစားချင်ရင်လည်း မစားလို့ရတယ်လေ အနေသာကြီးပဲ။ ကျေနပ်တဲ့သူတွေကတော့ စားမှာပေါ့။ အဖွဲ့အစည်းတွေအနေနဲ့ အစားအသောက် သန့်ရှင်းမှုအတွက် ထောက်ပြချင်တာဆိုရင်လည်း သတိပေးစာလောက်ပို့ရင် ရတယ်ထင်တာပဲတော်။
အခုက အပြင်ဆိုင်လည်း မဖွင့်ရ၊ အိမ်မှာလည်း မရောင်းရ၊ အကုန်ပိတ်ခိုင်းတာကြီးကျ လွန်တာပေါ့။ စျေးသည်ကို စျေးမရောင်းခိုင်းတော့ သူကဘာလုပ်စားရမတုန်း။ ရှင်တို့ တင်ကျွေးထားကြမလို့လား။ ‼️
⚠️အခုကိစ္စက ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းရဲ့ စနက်လဲဆိုတာတော့ မမနု မသိပါဘူး။ ဒါပေမဲ့ လူတွေရဲ့ မနာလိုဝန်တိုစိတ်က သိပ်ကြောက်ဖို့ကောင်းတယ်ဆိုတာတော့ မမနု သိသွားပြီ။
🔻အခုဖြစ်တဲ့ပြဿနာကလေ အလုပ်မရှိ ကြောင်ရေချိုး၊ ဘာနေနေ လိုင်းပေါ်တင်ချင်နေတဲ့ ဆယ်လီရူးတွေနဲ့လည်း ဆိုင်တယ်နော်။ မလိုအပ်ဘဲ သတင်းတွေပွထ၊ ခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီ။ သိပ်မကြာခင် ပေါ်လာပါလိမ့်ဦးမယ် စျေးဆိုင်ပိတ်လိုက်ရတဲ့ ဖက်တီးမကို ဘာဘာညာညာ လှူဒါန်းပါတယ်ဆိုတဲ့ မေတ္တာရှင်ကြီးတွေ။ ခေတ်ကြီးကိုက စိတ်ပျက်စရာပါအေ။
📌အာဏာရူးတွေကြောင့် တိုင်းပြည်ပျက်နေရတဲ့အထဲ သူများထမင်းအိုး ဒုတ်နဲ့ထိုးတဲ့သူတွေကလည်းရှိလာတော့ မမနုဖြင့် မနေနိုင်မထိုင်နိုင် ဝင်ပြောရပြန်တာပဲ။ ရှင်တို့တွေရော ဒီကိစ္စကို ဘယ်လိုထင်မြင်ယူဆကြလဲဆိုတာ မမနုကို ပြောပြလှည့်ပါဦး။
#photocrd
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 409 |
| 4 | 🔹အသဲကြားက မဲတပြား ဝဲစားမသွား စေနဲ့
📌 နိုင်ငံသားတစ် ယောက်ရယ်လို့ဖြစ်လာရင် အဲ့နိုင်ငံသားတစ်ယောက် ယူရမယ့် အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံးတာဝန်ဟာ မဲပေးခြင်းပါပဲ။
မိမိထည့်လိုက်တဲ့မဲတစ်ပြားဟာ မိမိတို့အနာဂတ်၊ နိုင်ငံအနာဂတ် အပြင် ကမ္ဘာတစ်ဝှမ်းလုံးရဲ့အနာဂတ်နဲ့ပါ တိုက်ရိုက်သက်ဆိုင်နေလို့ပါ။
🔻ပြည်သူတွေ မဲပေးလိုက်တဲ့ ပါတီ ၊ အမတ် ၊ သမ္မတဟာ ကောင်းသောအနာဂတ်တွေ ယူဆောင်လာနိုင်သလို ၊ အဆိပ်ပင်ရေလောင်း ဆိုသလို မကောင်းတဲ့ အရာ တွေလည်းယူ ဆောင်လာနိုင်ပါတယ်။
🇺🇲 ဒီကိစ္စကို American ရဲ့အခုအဖြစ်အပျက် တွေနဲ့ မမနု တို့ချဉ်းကပ်ကြည့်ကြရအောင်
‼️American ပြည်သူတွေမဲပေးရွေးချယ်ထားတဲ့ Trump ရဲ့လုပ်ဆောင်ချက် လေးတွကိုကြည့်ကြရအောင်ပါ။ လွန်ခဲ့တဲ့ ရွေးကောက်ပွဲမှာ အားလုံးသိမြင်ကြတဲ့အတိုင်း Republican party ရဲ့ Donald Trump ကြီးအနိုင်ရလာခဲ့တယ်။Donald Trump ဘာလို့အနိုင်ရလဲဆို American ပြည်သူတွေ သူ့ကိုရွေးချယ်ပြီးမဲ ပေးခဲ့လို့ပေါ့။
ဆိုတော့ Donald Trump တက်လာတယ် ။ Donald Trump တက်လာပြီးတာနဲ့ တာနဲ့ USAIDလို ကမ္ဘာလုံးဆိုင်ရာအကူအညီ ပေး နေတဲ့ ယန္တရားကြီးရပ်ဆိုင်းလိုက်ရပြီး ဝန်ထမ်းတွေလည်းမတရားအလုပ်ထုတ်ခံရတယ်။
ဒီကမ္ဘာလုံးဆိုင်ရာဆိုတဲ့ နေရာမှာ မမနု တို့မြန်မာနိုင်ငံလည်းပါဝင်တယ်။
❗️DOGE လိုနေရာမျိုးမှာ စီးပွားရေးသမား Elon Musk ကိုခန့်ထားပြီး DOGE ရဲ့ လုပ်ငန်း ဆောင်တာ တွေကို ကမောက်ကမ လုပ်ပစ်တယ်။အလုပ်တွေကို တပတ်အတွင်းလာမတင်ပြရင်ဘာလုပ်ပစ်မယ် ညာလုပ်ပစ်မယ်လာသေး။
ဒါ့အပြင် Trump ဟာ အခုချိန်မှာ အမှုပေါင်း (၉၀)ကျော်နဲ့လည်းတရားအစွဲခံထားရပါသေးတယ်။
📣လူဝန်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်အာဏာပိုင်အဖွဲ့ (ICE)ကို တင်းတင်းကြပ်ကြပ်လုပ်ပြီး ရွှေ့ပြောင်းနေထိုင်သူ တွေကို ပြည်နှင်ဒဏ်ပေးတယ်။ဒီလုပ်ရပ်ရဲ့ နောက်ဆက်တွဲ နဲ့ပတ်သတ်လို့လည်း မမနု postတစ်ခုတင်ခဲ့ဖူးပါတယ် ။
🇺🇲American ရဲ့ Constitution မှာအခြေခံအကျဆုံးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့် (Freedom of speech) နှင့် လွတ်လပ်စွာစုဝေးခွင့် ( Freedom of assembly) တွေတားမြစ်ခံရတယ်။
⚠️ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာရဲ့ ရှေ့မှောက်မှာလည်း အမေရိကန်ရဲ့သမိုင်းဟာ ရစရာမရှိ လောက်အောင်စုတ်ပြတ်သပ်နေပြီ။
မဟာမိတ်နိုင်ငံ တွေနဲ့လမ်းခွဲတယ်။
ယူကရိန်း ကိုဖိနှိပ်ပြတယ်။ရုရှားကို ပြောင် ပြောင်တင်းတင်းထောက်ခံပြတယ်။ Kamala ပြောဖူးတဲ့စကားကိုဒီ နေရာမှာပြန်သတိရတယ် ( Donald Trump ဟာ သူတက်လာတာနဲ့ နာရီပိုင်းအတွင်း ဒီစစ်ပွဲကြီးဟာ ပြီးသွားမယ်လို့ပြောနေတယ်ဆိုတာ သူရုရှားကိုအကုန်ပေးလိုက်မှာမို့လို့ပဲတဲ့ ) ဒါဟာ 100%ပါပဲ။
🔹Greenland ဟာ အမေရိကန်လက်အောက်ကို ရောက်လာရမယ်လို့ တရားမဲ့ပြောဆိုတယ်။
ဒါ့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ tariff war , trade war တွေစတင်လာတယ်။US ရဲ့ Liberal War Order ပုံရိပ်ဟာလည်း ကျဆုံးလာတယ်။🔽
🏳️🌈 LGBTQ တွေရဲ့အခန်းကဏ္ဌကိုလည်းသိသိသာသာထိန်းချုပ်တယ်။ ခေတ်အဆက်ဆက် ဒီမိုကရေစီ ဟေ့ဆိုတာနဲ့ အမြဲတွဲမြင်ရတဲ့ US ဟာလည်း အခုတော့ တဖြည်းဖြည်း အာဏာရှင် ပုံရိပ်ဖြစ်လာတယ်။
Great American great again ဖြစ်ဖို့ဒီလို တွေလုပ်မှဖြစ်မယ်လို့ တွေးတဲ့သူ့ရဲ့ အိုမင်းရင့်ရော်နေတဲ့ ဦးနှောက်ကြီးကိုလည်း လေးစားတယ်။😁
‼️ဒါနဲ့များ သူက ငြိမ်းချမ်းရေးနိုဘယ်ဆုလည်းယူချင်နေသေးတာ ငြိမ်းချမ်းရေးနိုဘယ်ဆု တော့ရမရမသိဘူး World War 3 ဘယ်ကစလဲလို့ မေးရင်သူ့ကိုလက်ညှိုးထိုးလို့တော့ရပြီ ။
🔹American ပြည်သူတွေဟာ ဒီလိုလူမျိုးကို မဲပေးခဲ့မိတာပါ ဒီနေရာမှာ ပြည်သူလူထုဟာ မိမိကြိုက်နှစ်သက်ရာ ပါတီ ၊လူပုဂ္ဂိုလ်ကို ၊အဖွဲ့အစည်းကို လွတ်လပ်စွာမဲပေးပိုင်ခွင့်ရှိပါတယ်။
🫵ဒါပေမယ့် ကိုယ်က အဆိပ်ပင်စိုက်ရင် အဆိပ်ပင်ပဲပြန်ရိတ်သိမ်းရမယ်ဆိုတာတော့ သတိချပ်ထားကြပြီး အသဲကြားက မဲတပြားဟာ ဝဲစားမသွားရရင်အကောင်းဆုံးပေါ့ရှင်
အိမ်း!!!! မမနု တို့ပြည်သူတွေလည်း မဲပေးရာမှာ လူရွေးမှန်ခဲ့ကြပါတယ် ဒါပေမယ့် စောက်ပုက ဒေါက်လုသွားတဲ့အခါကျတော့ အခုလိုတော်လှန် နေကြရတာ ပေါ့ရှင်။😏
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 535 |
| 5 | 👀မမနုတို့ မြန်မာပြည်မယ် ကန်စွန်းရွက်တစ်စည်း ၇၀၀၊ ကော်ဖီမစ်တစ်ထုပ် ၆၀၀၊ ဘတ်စ်ကားခ ၄၀၀ ဖြစ်နေတဲ့အချိန်မှာ အခြေခံလုပ်သားတစ်ယောက်ရဲ့ တစ်ရက်လုပ်အားခက ၄၈၀၀ ပါတဲ့ရှင်။ ကုန်စျေးနှုန်းတွေ ၄ဆလောက် ခုန်တက်သွားတော့ ဘဘကြီးတို့က သနားပြီး ထောက်ပံ့ကြေးလေးတော့ပေးရှာပါတယ်။ တစ်ရက် ၁၀၀၀ တဲ့။❗️
🥹တစ်ဒေါ်လာ ၄၀၀၀ ကျော်လို့ ၅၀၀၀ နားကပ်နေချိန်မှာ မမနုတို့လုပ်သားတွေရတဲ့ ဘုရားစူးလစာပါ အရပ်ကတို့ရေ။
⚠️လူကြားကောင်းအောင်သာ လုပ်အားခလို့ ခေါင်းစဥ်တပ်နေတာ။ တကယ်တမ်းကျ အခမဲ့ ကျွန်ပြုခိုင်းနေတာနဲ့ ဘာခြားသေးလို့လဲ။
မိသားစုဝင် ၄ယောက်ရှိရင် ၄ယောက်လုံး အလုပ်လုပ်ရတယ်။ ၅ယောက်ရှိရင် ၅ယောက်လုံး အလုပ်လုပ်ရတယ်။ ဒါတောင် ထမင်းတစ်နပ်စားဖို့အနိုင်နိုင်။ အဲ့လိုအချိန်မှာ ယောင်လို့တောင်မှ နေမကောင်းမဖြစ်လိုက်နဲ့။ အလုပ်သမားရယ်ဆိုပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နေနေသာသာ တစ်ရက်ပျက်ရင် တစ်ယောက်အစားထိုးပစ်တာပါရှင်။ နေ့စားသမားတွေရဲ့ မစားသာတဲ့ ဘဝတွေကိုပြောရရင်တော့ နေဝင်ပြီး မိုးပါချုပ်သွားလိမ့်မယ်...ကုန်မယ်မထင်။
🫵မမနုတို့ အခြေခံလုပ်သားပြည်သူတွေ ဒီလို ပင်ပန်းဆင်းရဲနေရတာဟာ လုပ်ခဝင်ငွေနည်းလို့လား။ အရင်းစစ်ကြည့်လိုက်ရင်တော့ ဒီထက်မက ပိုပါတယ်ရှင်။
⚠️မမနုတို့တတွေကို ခေတ်အဆက်ဆက် ဖိနှိပ်လာတဲ့ အာဏာရှင် ယန္တရားကြီးရယ်၊ အဲ့ဒီယန္တရားကြီးနဲ့အပြိုင် အသက်ဝင်လာတဲ့ လူနည်းစုကောင်းစားရေး ဥပဒေတွေကြောင့်ရယ်သာ ပြည်သူတွေ ဆင်းရဲတွင်းနက်နေရတာပါ။
🔻မမနုတို့ ပြည်သူတွေအနေနဲ့ ကိုယ်ရဲ့ ကြိုးစားအားထုတ်မှု၊ ပင်ပန်းမှုတွေနဲ့ ထိုက်တန်တဲ့ အသီးအပွင့်တွေကို ခံစားချင်တယ်ဆိုရင်တော့ ဆင်းရဲခြင်းရဲ့ အုတ်မြစ်ဖြစ်တဲ့ ဒီအာဏာရှင်စနစ်ဆိုးကြီးကို အပြီးပြတ် ချေမှုန်းပြီးမှပဲ ရနိုင်ပါလိမ့်မယ်။
ဒီအာဏာရှင်တွေ သက်ဆိုးရှည်နေသရွေ့တော့ မမနုတို့ရဲ့ နင်းပြားဘဝတွေဟာ နစ်သထက်နစ်ပြီး ဆုတ်ယုတ်လာဖို့ပဲရှိတာမလို့ ဒီခေတ်ဆိုး စနစ်ဆိုးကြီးကို အားလုံးပဲ အတူတူ တွန်းလှန် ရုန်းကန်ကြရအောင်ပါ။
💃ဒါမှလည်း မမနုတို့ရဲ့ နောင်လာမယ့်မျိုးဆက်မှာ ပန်းတွေပွင့်မှာ မဟုတ်ပါလားရှင်။
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 425 |
| 6 | အလုပ်သမား စေလွှတ်မှာလား သေတွင်းထဲပို့မှာလား
‼️ ပြည်ပထွက်ရပြီးရော ရုရှား လည်းသွားမယ်ကွ ဆိုတဲ့လူများလည်း ဒီစာလေးကိုဖတ်ပေးဖို့
မမနု ကပြောချင်ပါတယ်။
၃ ပေ ၄ လက်မ ဘဘကြီးဟာ ရုရှား နိုင်ငံကို မြန်မာအလုပ်သမားတွေအတင်းအကြပ် စေလွှတ်နိုင်ရေးအလွန်ကို အားခဲလုပ်ဆောင်နေတာတွေ့နေရပါတယ် အမျိုးတို့ ။
👀မြန်မာနိုင်ငံကနေ မိုင်ပေါင်း ၄၀၀၀ ကျော် ဝေးတဲ့ ရုရှားကိုပြည်တွင်းက အလုပ်သမားစေလွှတ်ဖို့ အသည်းအသန် လုပ်နေပေမယ့် တဖက်မှာ ထိုင်း၊ကိုးရီးယား၊စင်ကာပူ၊မလေးရှား၊ဂျပန် စတဲ့ပြည်ပနိုင်ငံတွေမှာအလုပ်သွားလုပ်ခွင့်ကိုတော့ အကန့်အသတ်မရှိ ရပ်ဆိုင်းထားပြန်တယ်။
🇷🇺ဆိုတော့ ရုရှား မှာ ဘာတွေဖြစ်နေလဲ ? ရုရှား ကိုအလုပ်သွားလုပ်မယ်ဆို ဘာတွေသိထားသင့်သလဲ ?
❗️ဘာသာစကား ပြောတက်ရမယ်၊ရာသီဥတုအေးတဲ့ဒဏ်ခံရမယ် ဘလာဘလာ နောက်မှထား✋🏻
⚠️ရုရှားဟာအားလုံးသိမြင်ကြတဲ့အတိုင်း စစ်ဖြစ် နေပါတယ်။
စစ်တောင်မှ မမနုတို့ နိုင်ငံလို ပြည်တွင်းစစ်မဟုတ်ပဲ ကျူးကျော်စစ်ဖြစ်နေတာပါ။သူ့ကိုလာကျူးကျော်တာတော့မဟုတ်ဘူး သူကသူများကိုသွားကျူးကျော်တာပါ💁🏻
🫵ဒါ့အပြင် ကမ္ဘာ့နိုင်ငံကြီးတွေကလည်း စီးပွား ရေးပိတ်ဆို့ ဒဏ်ခတ်ထားပါတယ်။
နောက်တစ်ချက် ရုရှား ကိုအလုပ်လုပ်ဖို့သွားရာကနေ ❗ကြေးစားစစ်သား❗ တွေဖြစ်သွားကြတဲ့ သာဓက တွေအများအပြားရှိပါတယ်။
လက်ရှိလည်းစစ်သား တွေအများအပြားလိုအပ် နေတာပါ။
🔻ဒီလိုပဲ မြောက်ကိုးရီးယား ဟာလည်း သူ့နိုင်ငံက စစ်သားတွေ ရုရှားကိုစစ်ကူပို့ ပေး ပေမယ့် အဲ့စစ်ကူ မြောက်ကိုးရီးယားသားတွေဟာလည်း စစ်ပွဲထဲမှာ အတုန်းအရုန်းသေတာမှ စစ်ကူထပ်ပို့လို့ တောင်မနိုင်ဘူး။
📣သူတို့က တော့ မသွားရခင်၊မရောက်သေးခင်တော့ အလုပ်သမားတွေလုံခြုံ ရေးကိုအပြည့်အဝတာဝန်ယူပါတယ်၊ safeဖြစ်ပါတယ်၊ လုံခြုံပါတယ် စသဖြင့် ပြောကြမှာပါပဲ။
ဟိုရောက်မှ ကိုယ့်နိုင်ငံသားတွေကို နှိက်စက်တာတွေ၊ဖိနှိပ်တာတွေ ၊ မတရားစစ်ထဲထည့်ပြီး ရှေ့တန်းလွှတ်ရင် ဘာတက်နိုင်မှာပါလဲ။
💯ကိုယ့်နိုင်ငံက ခေါင်းဆောင်လို့ခံယူထားတဲ့လူက တပါးနိုင်ငံကို ကျွန်ခံချင်တာကို သူကိုယ်တိုင်မခံပဲ ပြည်သူတွေကို ရောင်းစားလိုက်တာလေ
💯သူရလိုတဲ့ ဆန္ဒတွေ ၊ စစ်ရေးအကူအညီ တွေ ၊ ငွေကြေးအကူအညီတွေအတွက် ကိုယ့်နိုင်ငံ ကပြည်သူတွေကို သေတွင်းပို့နေတာ။
⚠️လက်ရှိမြန်မာမှာ တို့ပြည်သူတွေရနေတဲ့ လုပ်ခလစာဟာ လုပ်အားခလို့ မဆိုထားနဲ့ လက်ရှိဒေါ်လာပေါက်ဈေးနဲ့တွက်ရင် မတရားကျွန်ပြု ခံနေရတယ်ဆိုတာ မမနု တို့အားလုံးသိပါတယ်။
သို့ပေမယ့် ရုရှားလို သေတွင်း ကို သွားပြီး လစာအနှိမ်ခံရတာတွေ ၊ ရုရှားစစ်တပ်ထဲရောက်ပြီး ကြေးစားစစ်သားဖြစ်သွားရတဲ့သူ တွေအများကြီးမို့ မမနု တို့နိုင်ငံသားတွေအနေနဲ့ မသွားမလာခင် ကိုယ်သွားမယ့် နိုင်ငံအကြောင်းသေချာစုံစမ်း စေချင်တယ်ရှင် ။
🔹မလုပ်နိုင်လို့ ပြန်လာရအာင်လည်း မိုင်ပေါင်း (၄၀၀၀)တောင်ဝေးပါတယ်။နိုင်ငံ့ခေါင်းဆောင်ဆိုတဲ့ သူကလည်း ပြည်သူတွေကို အာမခံ ပေးဖို့ ကာကွယ်ပေးဖို့မ ပြောနဲ့ သူ့ဟာသူ တောင် ရုရှား ဘော ပြေးမလိုက် ၊ တရုတ် ဘော ပြေးမလိုက်နဲ့ သူလိုချင်တာရဖို့ ပြည်သူတွေကို ချနင်းမယ့်သူပါ။
📌ဗျာဒိတ်တော်လာ ညီနောင်နှစ်ပါးရဲ့ အခုလို ဖိအားပေး အခုO ကိုလက်မှတ်ထိုးထားတဲ့
📌ဆိုတော့ ပြည်ပထွက်ခွင့်ရမယ်ဆိုတဲ့ မက်လုံးတစ်ခုတည်းကို မကြည့်ပဲ ကိုယ့်ဘဝ၊ကိုယ့်အသက်ကိုပါတွေးပြီး စဉ်းစားချင့်ချိန်နိုင်ကြပါစေရှင်။
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 298 |
| 7 | 📣မမနုရဲ့ အမျိုးတို့ ကျန်းခန်းသာလို့ မာပါစ...
🔹ဒီနေ့ မမနု အကျေအလည် ဆွေးနွေးချင်တဲ့ ကိစ္စလေးတစ်ခုရှိလို့ နားထောင်ပေးကြပါဦး။
အားလုံးလည်း သတိထားမိကြမယ်ထင်ပါတယ်...
📌အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) ရဲ့ ပုဒ်မ (၃၃) နဲ့အညီ စစ်ကောင်စီကို အရေးယူဖို့အတွက် ပြည်သူတွေ ဆန္ဒထုတ်ဖော်ကြတာလေ။
အဲ့ဒီပုဒ်မနဲ့ စစ်ကောင်စီကို အရေးယူလိုက်ရင် ဘာတွေဖြစ်မလဲဆိုတော့ ကုလသမဂ္ဂ အေဂျင်စီတွေကနေ ထောက်ပံ့နေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီ၊ သံတမန်ရေး အဲ့ဒါတွေအပါအဝင် တခြားထောက်ပံ့မှုတွေကို ရပ်တန့်လိုက်မယ်။ ပြစ်မှုကျူးလွန်တဲ့ စစ်ကောင်စီအပေါင်းအပါတွေကို နိုင်ငံတကာတရားရုံးတွေမှာ ခုံရုံးတင် စစ်ဆေးအရေးယူမယ်။ သူတို့ရမ်းကားချင်တိုင်း ရမ်းကားလို့မရအောင် ပိတ်ဆို့လိုက်တဲ့သဘောပေါ့ကွယ်။
⚠️ဘာလို့ ဒီလိုအရေးယူတာလဲဆိုရင်တော့ ဘဘကြီးတို့ စစ်ကောင်စီက မမနုတို့ လုပ်သားပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ဆက်တိုက် ချိုးဖောက်တယ်၊ အဓမ္မ လုပ်အားပေးစေခိုင်းတယ်၊ စစ်မှုမထမ်းမနေရ ဖိအားပေးခြိမ်းခြောက်တယ်၊ တစ်နည်းအားဖြင့်ပြောရရင် စစ်မှုထမ်းလုပ်သား မတရားခေါ်ယူတယ်။
🔹အဆိုးဆုံးကတော့ အခြေခံလုပ်သားတွေရဲ့ လစာကို ခေါင်းပုံဖြတ်တာ၊ အလုပ်သမားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို လျစ်လျူရှုတာ၊ အလုပ်သမားတွေကို အကြမ်းဖက်နှိပ်စက်တာ...အို ရေးရင်တောင် ကုန်မယ်မထင်ပါဘူး။
🔹လူတန်းစေ့ ပညာသင်ကြားခွင့်မရတဲ့ မမနုတို့ တိုင်းပြည်အနေအထားကြောင့်ရယ်၊ ခေတ်အဆက်ဆက် အဖိနှိပ်ခံဘဝနဲ့ နေလာခဲ့ရတာတွေကြောင့်ရယ်သာ မမနုတို့ပြည်သူတွေဟာ မတရားမှုကို သာမန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုလို ယဉ်ပါးနေကြတာ။
💭ဒါပေမဲ့ အခုလို မျက်စိပွင့် နားပွင့် ဖြစ်လာကြတဲ့အချိန်မှာ မမနုတို့ လုပ်သားပြည်သူတစ်ရပ်လုံးအနေနဲ့ မတရားမှုကို ခေါင်းငုံ့ငြိမ်ခံမနေဘဲ ရရာနည်းနဲ့ ရသလို တွန်းလှန်နေကြဖို့ လိုတဲ့အကြောင်းကို သတိချပ်စေချင်ပါတယ်။
🔔အယ်....မမနုတစ်ယောက် လေကြောရှည်နေတာနဲ့ပဲ လိုရင်းပျောက်တော့မယ်။ ခုနကကိစ္စကို ပြန်ဆက်ရမယ်ဆိုရင် လာမယ့် ဇွန်လထဲမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ညီလာခံ ကျင်းပဖို့ရှိတယ်။ အဲ့ဒီမှာ စစ်အုပ်စုကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် လုပ်သားပြည်သူတွေက အင်တိုက်အားတိုက် ဆန္ဒပြနေကြတာဖြစ်တယ်။
➡️ဒါပေမဲ့လည်း တစ်ဖက်မှာ စစ်အုပ်စုအနေနဲ့ ILO ရဲ့ တရားစွဲဆိုမှုကို မခံရအောင် စစ်ကောင်စီကို တရားစွဲဆိုရေးကို ကန့်ကွက်ပါကြောင်း ကန့်ကွက်စာတွေမှာ လက်မှတ် ထိုးခိုင်းတာ၊ ကန့်ကွက်စာ ရေးသားခိုင်းတာနဲ့ ဆန္ဒထုတ်ဖော်ခိုင်းတာတွေကို အကြပ်ကိုင်လုပ်ခိုင်းတာမျိုးတွေ ရှိနေနိုင်ပါတယ်။
ဒါကို မမနုတို့ လုပ်သားပြည်သူတွေအနေနဲ့ သတိသေချာမူပြီး စစ်ကောင်စီရဲ့ အကွက်ထဲဝင်မသွားဖို့ မမနုက မှာချင်တာပါ။ အကယ်၍ မတရားခြိမ်းခြောက်ခံရတာမျိုးတွေ ရှိလာခဲ့မယ်ဆိုရင် နီးစပ်ရာ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။ တရားဥပဒေပိုင်းဆိုင်ရာကို တတ်သိနားလည်တဲ့ မိတ်ဆွေတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးရှောင်ရှားနိုင်ဖို့ ကြိုးစားကြပါရှင်။
⛔️တစ်ဖက်မှာလည်း မမနုတို့ပြည်သူတွေကို အဖက်ဖက်က ဖိနှိပ်ခေါင်းပုံဖြတ်ပြီး ဆင်းရဲတွင်းထဲတွန်းပို့နေတဲ့ မသမာသူ လူတစ်စုကို တရားစီရင်ရေး ငရဲခန်းထဲ အမြန်ဆုံးပို့နိုင်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပါဝင်ကြဖို့ရာ မမနုက နှိုးဆော်ချင်ပါတယ်ရှင်။
🔥မမနုတို့ အညတရ ပြည်သူတွေမှာ ပြည်သူပဲ ရှိတာမလို့ အဆုံးထိ လျှောက်လှမ်းကြရအောင်ပါ။
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 231 |
| 8 | "တပေါင်းမကူးခင် အကြောင်းထူးမည်"
"တပေါင်းမကျော်မီ ဒေါင်းပျော်မည်" တဲ့
တပေါင်းတွေလည်း အလီလီကူးခဲ့ပါပြီရှင်...
📌ဖြစ်နေတော့ အဝေးရောက် အစိုးရ၊ လုပ်နေတာတွေက မယောင်ရာဆီလူး၊ ပြောပြန်ရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပဲ ဖြစ်မှာ။
မမနုဖြင့် မြန်မာပြည် အနာဂတ်အတွက် ရင်မောလွန်းလို့။
🫵တစ်ဖက်မှာလည်း တိုက်တိုင်းရှုံးနေတဲ့ ဘဘကြီးတို့က စစ်မှုထမ်း တစ်သုတ်ပြီး တစ်သုတ်ခေါ်နေပြီ။
စစ်မှုထမ်းဥပဒေနဲ့ ခေါ်တာတစ်မျိုး၊ ပေါ်တာဆွဲတာတစ်ဖုံ၊ အတင်းအဓမ္မရိုက်နှက်ဖမ်းဆီးတာက တစ်သွယ်နဲ့ အရွယ်ကောင်းလေးတွေလည်း ကုန်သလောက်ဖြစ်နေပြီ။
💯အကြံကုန် ဂဠုန်ဆားချက်လုပ်ပြီး အခုဆို ပြည်ပရောက်နေတဲ့သူတွေကိုပါ စစ်မှုထမ်းဖို့ ပြန်ခေါ်နေပြီ။ နိုင်ငံက ချီးတွင်းထဲရောက်နေလို့ ပြည်ပ အလုပ်ထွက်လုပ်ပါတယ်ဆိုကာမှ အဝေးကနေလှမ်းဒုက္ခပေးသေးတာ။ ဘဘကြီး၏ ကျေးဇူးတရားကြီးမားမှုပေါ့။
‼️ပြည်ပမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရပြီဆိုရင် အလုပ်လုပ်နေတဲ့ စာချုပ်သက်တမ်း ပြည့်တာနဲ့ မပျက်မကွက် မြန်မာနိုင်ငံကို ပြန်လာရမယ်၊ စစ်မှုထမ်းရမယ်တဲ့။
‼️နောက်ပြီးရှိသေးတယ် ပြည်တွင်းကို ငွေလွှဲရင် သူတို့သတ်မှတ်ထားတဲ့ ဘဏ်ကနေပဲ လွှဲရမယ်၊ အခွန်ဆောင်ရဦးမယ်တဲ့တော်။
🔻ထိုင်းရောက် လုပ်သားတွေဆို ပိုတောင်ဆိုးသေးတယ် ထိုင်းရဲကြောက်ရ မြန်မာပြည်က ဘဘကြီးတို့ကို ကြောက်ရနဲ့....အသက်ရှူချောင်မလားလို့ ပြည်ပထွက်ပါတယ် မြန်မာနိုင်ငံသားဖြစ်နေရုံနဲ့တင် လူဖြစ်ရတာက အလိုလိုခက်ခဲနေပြီ။
ဒီအာဏာရှင်ယန္တရားကြီး အမြစ်မပြတ်သရွေ့တော့ ပိုပြီးဆိုးလာဖို့ပဲရှိတယ်။ ပြည်သူတွေလည်း ဖြူကာပြာကာကျနေပြီမလို့ ဆိုင်ရာပိုင်ရာတွေလည်း စာထုတ်တာထက်ပိုပြီး ထိရောက်တဲ့ Action လေးဘာလေး ယူဖို့လုပ်ကြပါဦးလို့နော်။
🙄ဆရာ့ဆရာကြီးများကို ပူဇော်ပါတယ်၊ ပသပါတယ်၊
ရိုသေပါတယ်၊ ကိုင်းရှိုင်းပါတယ်....တစ်နိုင်ငံလုံးက ပြည်သူတွေမှာ အဖက်ဖက်က အပူမီးတွေ တောက်လောင်နေရပြီမလို့ သဝဏ်လွှာအဖြာဖြာ ပေးပို့နေမယ့်အစား အလုပ်လေးနဲ့လည်း သက်သေပြကြပါဦးလို့။ ကျေးဇူး။👀
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 208 |
| 9 | ❤️ဒီနေ့ မတ်လ ၈ရက်နေ့က "အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့" ဖြစ်ပါတယ်။
✔️ဒီနှစ် အတွက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို "Accelrate Action"တန်းတူအခွင့်အရေးတွေနဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေကိုအရှိန်မြှင့်တင်ဖို့ရည်ရွယ်ခြင်းဆိုတဲ့ ဆောင်ပုဒ်တွေနဲ့ ကျင်းပကြမှာတဲ့။
🔔ဘာပဲဖြစ်ဖြစ် နွေဦးတော်လှန်ရေးကာလမှာ ပုံစံမျိုးစုံနည်းမျိုးစုံနဲ့ တော်လှန် အံတုနေကြတဲ့ နေရာဒေသအစုံက အမျိုးသမီးများအားလုံးကို အမျိုးသမီးတဦးဖြစ်တဲ့မမနုက ဂုဏ်ပြုအပ်ပါတယ်။
#Be the power that you are🔥
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 236 |
| 10 | ဗျာဒိတ်ရ ဘုရင်ရူး ဝရမ်းပြေး ၂ကောင်🫵 | 297 |
| 11 | 🔹အညာထမင်းဝိုင်းလေး သွေးစွန်းခဲ့လေပြီ
🔹ဒီမိသားစု လေးဟာ ပုံမှန်အတိုင်း မိသားစုလက်ဆုံထမင်းဝိုင်းလေး စားကြမယ်။
စားနေသောက်နေရင်းနဲ့ အာ့လာပ သာ့လာပ စကားလေး တွေ ရီရီမောမောပြောကြမယ်။
‼️ထမင်း စားသောက်ပြီးတဲ့အခါ ဒီထမင်းဝိုင်း လေးကိုအားလုံးဝိုင်းပြီးသိမ်းဆည်းကြမယ် ၊ အိုးခွက်ပန်းကန် လေး တွေဆေးကြကြောကြမယ်။
နောက် နေ့အတွက်လည်း သူတို့မှာစိုးထိတ်ပူပန်စရာ တွေရှိကောင်းရှိလိမ့်မယ်။
အခုတော့ ထမင်းဝိုင်း လေးဟာ စားလက်စ ပန်းကန်လေး တွေ ၊အပျက်အစီးတွေ၊ သွေးညှီအနံ့တွေ နဲ့ ဇာတ်သိမ်းသွားခဲ့ရတယ်။
🔹အညာကထမင်းဝိုင်း လေးဟာ အာဏာရှင် လူတစ်စုကြောင့် သွေးစွန်းသွားခဲ့ရတယ်။
အာဏာသိမ်းပြီးကတည်းက အခုလို လက်နက်ကိုင် တော်လှန်ရေး တွေ ပေါ် ပေါက်လာတဲ့အချိန်ထိ အာဏာရှင်ကြောင့် ပြည်သူလူထုအားလုံးဟာ ကျီးလန့်စာ စားနေကြရတယ်။
အိပ်ကောင်းချင်းမအိပ်ရ စားကောင်းချင်းမစားရ နဲ့ ဒို့ပြည်သူတွေဟာ ဘယ်အချိန် ငါတို့ကို ပေါ်တာလာဆွဲမလဲ၊ ဘယ်အချိန်ငါတို့ကို လေယာဉ်နဲ့ဗုံးကြဲချမလဲ၊ ဘယ်အချိန်ငါတို့ ရွာလေးကို မီးနဲ့လာရှို့မလဲဟဲ့ ဆိုတဲ့စိတ်တွေနဲ့ ကြောက်လန့်နေရတယ်။
အာဏာရှင်တို့မည်သည် သူ့ဘက်ထောက်ခံ ၏ ၊ ငါ့ဘက်ထောက်ခံ၏ ဆိုပြီးဘယ်သူ့ကိုမှ ငဲ့ညှာနေမှာမဟုတ်ဘူး ဆိုတာ အားလုံးသတိချပ်ထားစေချင်တယ်ရှင်။
📌အခု အညာထမင်းဝိုင်းလေး သွေးစွန်းခဲ့သလိုမျိုး နောက်ထပ်
မရေတွက်နိုင်တဲ့ မိသားစု ထမင်းဝိုင်းလေးတွေ ဘယ်လောက်ထိ သွေးစွန်းနေခဲ့လိမ့်မလဲ။
#photo crd
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 422 |
| 12 | ⚠️စစ်ရှောင်စခန်းမှာ မိန်းကလေးငယ် ၃ယောက်ကို ပြန်ပေးဆွဲပြီး မိဘတွေဆီကို ကလေးလေးတွေကို ကြိုးတုပ်ပြီး နှိပ်စက်ထားတဲ့ပုံတချို့ကို ပို့ပြီး ငွေတောင်းခဲ့တယ်တဲ့...
စစ်ရှောင်စခန်းမှာ နေနေရတဲ့ ပြည်သူတွေတောင် မရှောင်နိုင်တော့တဲ့ဒုစရိုက်သမား၊ ငွေမပေးလို့ ဆိုပြီး ကလေးလေးတွေကို ရက်ရက်စက်စက် သ_တ်ဖြတ်လိုက်တယ်၊ ဘယ်လောက်ရင်ကျိုးစရာ အဖြစ်အပျက်လဲကွယ်။
🫵မမနုတော့ဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းက ဒီ ပြန်ပေးဆွဲ လူ-တ်သမားကို ဖမ်းမိပြီး ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးစေချင်တယ်၊ ကလေးတွေ ဘယ်လောက်ကြောက်နေခဲ့လိုက်မလဲ၊ တွေးကြည့်ရင် ရင်တွေနာလွန်းလို့ကွယ်။
🚫အခုဆိုရင် မြို့အတော်များများမှာ သက်ကြီးသက်လတ် မရွေး ပျောက်နေတယ်ဆိုတဲ့ သတင်းတွေဟာ Facebook ပေါ်မှာ နေ့စဉ်တွေ့မြင်လာရတယ်နော်။ ‘’ အိမ်ကနေပြီး စျေးဝယ်ထွက်သွားတဲ့ မေမေ အိမ်ပြန်မရောက်သေးတဲ့ သတင်း’’ ၊
‘’ Taxi အငှါးမောင်းတဲ့ အိမ်ထောင်ဥိးစီးယောကျာ်း ပျောက်နေလို့ မိန်းမနဲ့ ကလေးတွေ တငိုငိုတရီရီနဲ့ ရှာဖွေနေရတဲ့ သတင်းတွေ’’ ‘’ကျောင်းသွားတဲ့ မောင်လေး အိမ်ပျောက်မရောက်သေးတဲ့ သတင်းတွေ ‘’ ဒီလိုမျိုး တရားဥပဒေ စိုးမိုးမှု မရှိတဲ့ နိုင်ငံမှာ လူလာဖြစ်ရတာကိုက အမှားလို့ ဆိုပြီး တွေးလာကြတယ်။ မမနုတို့ ကိုယ်သွားချင်တဲ့နေရာ ကိုယ်စိတ်ကြိုက်သွားဖို့တောင် တွန့်ဆုတ်လာရတဲ့ခေတ်ကြီး စနစ်ကြီးကြောင့်ပေါ့...
🔸ဖုန်းပျောက် ပိုက်ဆံအိတ်ပျောက်တယ်ဆိုတဲ့ ကားပေါ်က ခါးပိုက်နှိုက်ခံရတဲ့ သတင်းတွေကလဲ ပေါများချက်ဘဲနော်၊ လက်နက်ကိုင်ပြီး ရမ်းကား ခြိမ်းခြောက်နေတဲ့ လူတွေလဲ ပိုပိုပြီး ဆိုးဝါးလာတယ်၊ လက်နက်ကို ပေါ်ပေါ်ထင်ထင် သုံးပြီး ပြည်သူအချင်းချင်းကိုအနိုင်ကျင့် လူပါးဝနေကြတာတော့။ မမနုတော့စိတ်တိုလို့ပြောပြီကွယ်။
မမနုကတော့ ပြည်သူတွေကို ဘေးကင်းတာ စိတ်အေးချမ်းရတာပဲ မြင်ချင်တယ်၊ သွားလာရေးဂရုစိုက်ပါ ၊ ကိုယ့်မိသားစု အချင်းချင်း ပိုနွေးထွေးပေးကြဖို့နဲ့ ခေတ်ဆိုးကြီးကိုကျော်လွှားကြဖို့ အားတင်းထားကြဖို့မှာချင်တယ်။ ⭐️
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 409 |
| 13 | 📣စုတ်ပြတ်လာတဲ့ နိုင်ငံရဲ့ အခြေအနေနဲ့ အထိပိုနာရတဲ့ ပြည်သူတွေအကြောင်းက တနေ့ထက်တနေ့ ပိုဆိုးတာတွေဘဲ ကြားနေမြင်နေရတယ်ကွယ်။ ခုလဲ ရန်ကုန်မှာ အသည်းရောင် အသားဝါတွေ ပြန့်လာနေပြီတဲ့လေ။ Food Blogger တွေပါ ဖြစ်နေတာတဲ့နော်။
🔹မမနုတို့ပြည်သူတွေခဗျာ တနေ့တနေ့ရုန်းကန်ရလွန်းလို့ ရောဂါဖြစ်နေတာတွေကြားနေရတာတောင် “ တခဏလေးအတွင်း လေထဲမှာပျောက်ပြီး ငပိစားတာနဲ့ ရောဂါပျောက်သလို “ တွေးနေကျတာပေါ့လေ။
ကဲ မမနုက ဘာလို့ ဒီလိုတွေဖြစ်လဲ ပြောပြဦးမယ်။
📌ရေမသန့်တာကြောင့် ဆိုတော့ မီးတွေပျက်လွန်းတော့လဲ ရေသန့်စက်တွေကို သုံးစွဲချိန် လျော့ကျလာတွေ၊ ဂျိုးဖြူ ရေတွေကလဲ ပိုက်လုံးတွေကို သန့်ရှင်းမှု လုပ်မယ့် ဘဘကြီးတို့ရဲ့ ရေစီမံခန့်ခွဲမှု ဌာနကြီးကလဲ အလုပ်မလုပ်တာကြောင့်ရယ်။
📌တနေ့တနေ့ ဝမ်းဖြည့်နေရတဲ့ အစားအသောက်မှာ အသီးအရွက်တွေက ဆေးထိုးခြင်းကနေ မလွတ်နိုင်ပေါင် ။ စိုက်ပျိုး အသီးအနှံတွေကလဲ နှစ်တနှစ် ပိုလာတာနဲ့အမျှ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ဖြစ်ထွန်းတာတွေကလဲ ပိုပိုပြီး နည်းလာတယ်။ အဲ့တော့ ဘဘကြီးရဲ့ စီးပွါးဖက် မြန်မာ့ ‘ဩဘာ’က ဆေးတွေပိုကြေငြာပြီး ရောင်းတော့တာပေါ့ကွယ်၊ မမနုတို့ပြည်သူတွေစားနေရတာက ဓာတုဓာတ်မြေဩဇာတွေပေါ့။
📌 အသားငါးတွေကလဲ အရင်လို မလတ်ဆတ်၊ မသန့်တော့တာတွေဘူးပေါ့ကွယ်၊ ရေခဲရိုက်ရတဲ့ အသားတွေက မီးမလာတော့ ရေခဲကလဲရှားကရှားစျေးကကြီးဆိုတော့ စျေးသည်တွေကလဲ အသာခိုတာပေါ့ကွယ်၊
ကုန်စျေးနှုန်းကလဲ ၅ဆ ကျော် တက်လာတော့လေ အရင်လို ရောင်းမကောင်းတဲ့စျေးသည်တွေက “ ဒီနေ့မကုန်နောက်နေ့ထက်ရောင်း၊ နောက်နေ့ကျန် အကျန်စျေးတွေနဲ့ လျော့ရင်းနဲ့” စျေးပေါတာတွေ ရှာဝယ်နေရတဲ့ အိမ်ရှင်မတွေရဲ့ ဒုက္ခကလဲ ပိုကြီးလာရသကိုး။
📌အရင်ထက်ပိုလာတဲ့ အသားစားသုံးမှု Trend နောက်ကိုလဲ တို့ပြည်သူတွေကလိုက်ရသေးတာကိုး။ Food Blogger တွေကလဲ အသစ်သစ်တွေကို ရိုက်ပြ မှိုလိုပေါက်လာတဲ့ ဝက်ဆလပ်ဆိုင်တွေနဲ့ အရင်လို အစားကောင်းမကျွေးဘဲ ဖြစ်သလိုကျွေးတဲ့ မွေးမြူရေးပိုင်ရှင်တွေက လက်ဝါးခြင်းရိုက်ပြီးတော့ အသေသတ်နေကြတာပေါ့ကွယ်။ အနာရောဂါဖြစ်နေတဲ့ အသားကိုလှီးထုတ်လိုက်တာပြီး ကျန်တာတွေဆက်ရောင်းတာတွေလဲ ဝယ်ရောင်းလုပ်နေကျနဲ့။ ခက်လိုက်တာတွေကွယ်။
📌 ကဲနောက်ဆုံးက နေ့စဉ် မပါမဖြစ် စားသုံးဆီ တွေပေါ့ ။ ဆီမသန့်ရှင်းမှူမှာ ၆ဆကျော်တက်လာတဲ့စျေးနှုန်းကြောင့်အပြင် အထပ်ထပ်အခါခါပြန်သုံးတာတွေနဲ့ ဆီရှားပါးမှု ဖြစ်စေတဲ့ ဘဘကြီးကြောင့် တန်းစီပြီး ဝယ်ရတဲ့ မသန့်တဲ့ ဆီတွေက လက်ညိုးထိုးမလွဲပဲဟေ့။
🔹ဒါဆိုရင်တော့ မမနုက ရောဂါတွေကို ဘယ်လိုကာကွယ်ရမလဲ ၊ ကျန်းမာရေးနဲ့ပက်သက်တဲ့ သတင်းတွေကို သတင်း resource တွေကို သေချာဖတ်ပြီး ချင့်ချိန်ကာကွယ်ဖို့ မှာချင်ပါတယ်။
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 352 |
| 14 | ဒီတခါတော့ မမနု က အင်မတန်မှ စိတ်မကောင်းဖြစ်စရာကောင်းတဲ့ သတင်းလေးတစ်ခုကိုလာဝေမျှပေးတာပါရှင်။
🔹ဖြစ်ရပ်လေးကတော့ အမေရိကန် နိုင်ငံ ၊တက်ဆက်ဇ်( Texas) မြို့လေးမှာဖြစ်သွားခဲ့တာ။အသက် 11 နှစ်အရွယ် ၊ 6 တန်းကျောင်းသူလေး Jocelynn Rojo Carranza ဆိုတဲ့ စပိန်ကနေရွှေ့ပြောင်းနေထိုင် တဲ့ ကလေးမလေးဟာ သူ့ကိုယ်သူ Suicide -အဆုံးစီရင်သွားခဲ့တယ်။
📌အဆုံးစီရင်ရတဲ့အကြောင်းပြချက်ကလည်း အတန်းဖော်တွေက သူမ(Jocelynn)ရဲ့မိဘတွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်တာမို့ “ နင့်မိဘတွေကို ICE ( Immigration and Customs Enforcement)ကိုတိုင်ပစ်မယ် ၊ အဲ့လိုတိုင်လိုက်ရင် နင့်မိဘတွေကအဖမ်းခံရပြီး စပိန်ကိုပြန်ပို့ခံရမယ် ၊ နင်ကတစ်ယောက်တည်း ဒီနိုင်ငံမှာ ကျန်ခဲ့မယ် ” 🗣️စသဖြင့် အနိုင်ကျင့်ခြိမ်းခြောက် စနောက်ခြင်းကိုခံခဲ့ရလို့ဖြစ်တယ်။
🔻Jocelynn ရဲ့ အမေ ပြောပြတာကတော့ ကလေးဟာသူအနိုင်ကျင့်ခံနေရတာကို သူမတက်ရောက်နေတဲ့ ကျောင်းကို တိုင်ကြားခဲ့ပေမယ့် ကျောင်းဘက်ကနေ မိဘတွေကိုအကြောင်းကြားပေးတာတွေ ၊ အနိုင်ကျင့်တဲ့ကျောင်းသားတွေကို အရေးယူတာတွေလည်းမလုပ်ခဲ့ဘူးလို့ ဆိုတယ်။
🔻ကလေးလေး ကအရမ်းချစ်စရာကောင်းပြီး ပျော်ပျော်လည်း နေတက်တဲ့ သမီးလေးဖြစ်ပြီးတော့ ညီအစ်မတွေ နဲ့လည်း ပျော်ပျော်ရွှင်ရွှင်နေတက်တဲ့ ကလေးလေးတဲ့
🔹ဒီလို ကိစ္စတွေဖြစ်လာရတဲ့ တရားခံဟာ အခုလက်ရှိ အမေရိကန် မှာ လူဝန်မှုကြီးကြပ်ရေး နဲ့ အကောက်ခွန်အာဏာပိုင်အဖွဲ့ (ICE) ကို အသည်းအသန်တင်းတင်းကျပ်ကျပ် လိုအပ်တာထက်ပိုပြီး လုပ်နေတဲ့ American သမ္မတကြီး Donald Trump ရဲ့ လုပ်ဆောင်မှုတွေကြောင့်အများကြီးပါတယ် လို့ မမနု ကပြောချင်တယ်။
🫵အရင် အစိုးရ တွေတုန်းကပေးထားတဲ့ နိုင်ငံတကာဒုက္ခသည် ထောက်ပံ့ရေး အစီအစဉ်တွေ ကို ပိတ်ချတယ် ၊ အဲ့နေရာတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းထောင်နဲ့ချီကို အလုပ်ဖြုတ်တယ်၊ ရွှေ့ပြောင်းနေထိုင်သူတွေကို တရားမဝင်ခိုးဝင်သူတွေဆိုပြီး ပြည်နှင်ဒဏ်ပေးတယ် ဖမ်းတယ် ၊ ဒါတွေရဲ့အကျိုးဆက်တွေကြောင့် အများကြီးထိခိုက်နစ်နာရတယ် ။
🔹ဒီနစ်နာမှုထဲမှာ Jocelynn လို့ခေါ်တဲ့ အသက် 11 နှစ်အရွယ် ကလေးမလေးလည်း ပါဝင်ခဲ့တယ်ပေါ့ရှင်😢 ၊၊ နောက်ထပ်ဘဝတွေမှာလည်း ဒီလိုအဖြစ်ဆိုးမျိုး ဒီလို အစိုးရ မျိုး ၊ဒီလို ညစ်ညမ်းတဲ့ပတ်ဝန်းကျင်တွေမှာ ပြန်မမွေးဖွားပဲ ကောင်းမွန်တဲ့ပတ်ဝန်းကျင်လေးမှာပြန်လည်မွေးဖွားပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် 🕊️
🔸ထပ်ဆောင်းအနေနဲ့ Jocelynn ကို အနိုင်ကျင့်ပြောဆိုခဲ့ကြတဲ့ သူတွေဟာလည်း အသက် 11နှစ်၊12နှစ် ကျောင်းသား/သူ တွေ ၊ဒီအသက်အရွယ်လေး နဲ့ ဒီလိုမျိုး ကြမ်းကြုတ်တဲ့စကားတွေ နဲ့ ICE ကိုတိုင်မယ်ဆိုတာတွေအထိ ပြောဆိုရဲတာဟာလည်း သူတို့ရဲ့ မိဘတွေ၊မိသားစုအသိုင်းအဝိုင်းတွေ မဆုံးမ၊မသွန်သင်တဲ့အပြင် ကရှေ့ဆောင်လမ်းပြ ပြောဆိုပြနေတာကြောင့်ပဲ ဖြစ်မှာပါပဲကွယ်။
#photocrd
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 353 |
| 15 | မမနု က ဒါဘာတွေလဲ ဆိုတာ ပြောပြချင်လို့
‼️ဒါတွေက ငွေလိမ်နဲ့ ကျားဖြန့် appတွေပါ အများကြီးဘဲနော်
ငွေကြေးခက်ခဲနေတဲ့ အချိန်မှာ လူတိုင်းက ထွက်ပေါက်ရှာကြတာပဲလေနော်
🔻ဒါပေမယ့် ဒီ App တွေကို Download ဆွဲ တောင်းတဲ့ permission တွေပေးပြီး ကိုယ့်အချက်အလက်တွေကိုထည့်မိတာနဲ့....သွားပြီလို့သာမှတ်လိုက်တော့....
🔻မက်လုံးအမျိုးမျိုးနဲ့ အတိုးနှုန်း ဘယ်လိုသက်သာကြောင်းတွေပြောပြမယ် ပုံပြင်တွေပြောပြီး ချေးထားတဲ့ ပိုက်ဆံကို ဘယ်လို အသုံးချလိုက်လို့ ဘယ်လိုကြီးပွါးကြောင်းတွေ ပြောပြမှာပေါ့ကွယ်။ ကြပ်တည်းနွံနစ်နေတဲ့ ပြည်သူတွေခမျာလည်း ရပေါက်ရလမ်း အချိုအချောင်လေးတွေတွေ့တော့ စမ်းသပ်ကြည့်ချင်လာရော ။
▫️အဲ့လိုနဲ့ အဲ့ဒီ app တွေကနေ ချေးငွေယူမိတာနဲ့မတန်မဆ အတိုးတွေ ပေါင်းပြီး တောင်းပါမယ် ။ ငါးသောင်း ချေးပြီး တစ်သိန်းခွဲပြန်တောင်းကြတာမို့ ချေးငွေပြန်မပေးမချင်း အမျိုးမျိုး စိတ်ဒုက္ခပေးပါလိမ့်မယ် ...မူရင်းချေးငွေမပြောနဲ့ အတိုးနဲ့တင် နစ်ဝင်ရင်းနစ်ဝင်ဖြစ်လာရော ကိုယ်က အရှက်ကွဲမှာစိုးလို့ ကြိတ်ဖြေရှင်း မပေးနိုင်တဲ့ အဆုံးကြ မျိုးစုံ ခြိမ်းခြောက်အကြပ်ကိုင်မယ်။ ကိုယ့် Contact ထဲကလူတွေကိုဖုန်းလိုက်ဆက်မယ်။ အဲ့လိုနဲ့ အရှက်တကွဲ အကျိုးနည်းပြီး ဘဝပျက်ကြရော...
✔️ကိုယ်က App ကိုစသုံးထဲက ပေးခဲ့မိတဲ့ Permission တွေကိုသေချာမကြည့်တော့အဲ့ဒီထဲမှာ ကိုယ့် Contact ကို ဒီ App ကိုပေးမြင်မယ်ဆိုတဲ့ ခွင့်ပြချက်ကို ကိုယ်တိုင် ပေးမိထားတယ်လေ အဲ့ဒီတော့ ကိုယ့် Contact ထဲက ဖုန်းနံပါတ်တွေအကုန် သူတို့ကရပြီး သူတို့တောင်းသလောက်ကိုယ်မပေးနိုင်တဲ့အခါ ဒါတွေကိုသုံးပြီး ကိုယ်နဲ့အသိတွေ လိုက်ဆက်ပြီး ချိန်းခြောက်ငွေတောင်းကြဝာာပေါ...
🔸ဒါကြောင့် မမနု မှာချင်တာကတော့ အလွယ်တကူတွေ့ကရာ Application တွေ ဖုန်းထဲမသွင်းကြပါနဲ့လို့ ။ သွင်းမိတဲ့အခါကျလည်း အလွယ်တကူ Permission တွေမပေးမိစေနဲ့ ။
🔸 ကိုယ်ရဲ့ မှတ်ပုံတင် ဖုန်းနံပါတ်တွေကိုလည်း အလွယ်တကူ မထည့်ကြပါနဲ့။ အိမ်လိပ်စာတွေပါ ထည့်မိရင် အိမ်ထိချိန်းခြောက်လာနိုင်တဲ့ အန္တရာယ်တွေကို ကွဲကွဲပြားပြားမြင်နိုင်ကြပါစေလို့ မမနုကတော့ သတိပေးချင်တယ် ...။ ဒီလို ကျားဖြန့်နဲ့ပတ်သက်နဲ့ ချေးငွေယူတာတွေကိုလည်း အလွယ်တကူမလုပ်ကြပါနဲ့လို့ ....
ချစ်တဲ့ မမနု
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 313 |
| 16 | ‼️အိမ်တွင်းအကြမ်းဖက်မှုကို နှုတ်ဆိတ်မနေပါနဲ့
ဒီနေ့တော့ မမနု က အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သတ်လို့ Awareness လေးပေးချင်ပါတယ်ရှင်။
🔹မမနု မနေ့က Facebook ကနေ Vdလေးတစ်ခုတွေ့လိုက်ရတယ်။အင်မတန်မှစိတ်မချမ်းမြေ့စရာလည်းကောင်းလှတယ်😌။Vdထဲမှာ အမျိုးသား(ယောကျာ်းဖြစ်သူ)ကနေ သူ့အမျိုးသမီး (မိန်းမဖြစ်သူ)ကို တုတ် နဲ့ ရိုက်နှက်ပြီးအော်ဟစ်ကြိမ်းမောင်းနေ လေရဲ့။
🔹အမျိုးသမီးဖြစ်သူဟာ ဒီအခိုက်အတန့်ကို သူ့ Facebook Acc ကနေ Liveလွှင့်ပြီး မှတ်တမ်းတင်နိုင်ခဲ့တယ်။ဒီလို Live လွှင့်ခဲ့တဲ့အမျိုးသမီးရဲ့ ဖြတ်ထိုးဉာဏ်ကောင်းမှု ကြောင့်လည်း အဲ့အရိုင်းအစိုင်းကောင်ရဲ့ အိမ်တွင်းအကြမ်းဖက်မှုဟာ ငြင်းလို့မရ အောင်ထိသက်သေခိုင်မာသွား စေတယ်။ တခြားသောအလားတူကိစ္စရပ်တွေလည်း ဒီတလော အတော်ကိုတွေ့လာရတယ်။
⚠️မမနု အခုတော့ အိမ်တွင်းအကြမ်းဖက်မှု ကိုအဓိက Highlightလုပ်ပြီး ပြောပါမယ်။
အိမ်တွင်းအကြမ်းဖက်မှုဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာအရကိုယ်ထိလက်ရောက်ကျူးလွန်မှ အကြမ်းဖက်မှုမြောက်တာမဟုတ်ဘူး။ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု နဲ့ စီးပွား ရေးပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုပြီးရှိတယ်။
‼️မမနု ပြောချင်တာဟာ
အိမ်တွင်းအကြမ်းဖက်ကို နှုတ်ဆိတ်မနေနဲ့ ဆိုတဲ့အရာပဲ။အိမ်တွင်းအကြမ်းဖက်မှုဟာ သာမန်ရန်ဖြစ်အချင်းများတာနဲ့မတူပဲ တရားဥပဒေ ကိုချိုးဖောက်ကျူးလွန်တာဖြစ်တယ်ဆိုတာ မမနု ရဲ့အမျိုးသမီးလေးတွေ ကိုသိစေချင်တယ်။
🚫မိမိ လက်တွဲဖော်ယောကျာ်းမှမဟုတ်ဘူး အိမ်တွင်းမိသားစုကဘယ်သူဖြစ်ပါစေ အိမ်တွင်းအကြမ်းဖက််မှုကိုကျူးလွန်တာဟာ တရားဥပဒေ အရတိုင်ကြားလို့ရသလို အရေးယူလို့ရတယ်။
ဒီလိုအရေးယူနိုင်ဖို့ဆိုတာဟာလည်း ကျူးလွန်ခံရတဲ့ ကာယကံရှင်ကိုယ်တိုင်က တိုင်ကြားပြီး ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်ရမယ်။မိမိကိုယ်တိုင်က တိုင်ကြားဖို့စိတ်ခွန်အား မရှိသေးရင်တောင် ယုံကြည်ရတဲ့ မိသားစုဝင်တွေ၊သူငယ်ချင်းမိတ် ဆွေတွေကိုပြောပြတိုင်ပင်လို့ရတယ်။
📌ကျူးလွန်ခံရသူက ကြောက်ရွံ့ပြီး နှုတ်ဆိတ်နေရင် ကျူးလွန်သူဟာ အင်မတန်မှအကြိုက်တွေ့တယ်၊ထပ်ကျူးလွန်ဖို့အခွင့်အရေးရတယ်။
📌အကြမ်းဖက်ခံရတဲ့ကာယကံရှင်ကိုယ်တိုင် ကတိုင်ကြားတာမဟုတ်တောင် ကာယကံရှင်ဆီက ခွင့်ပြုချက်(သို့) ခွင့်ပြုချက်မရတောင်အကျိုး ကြောင်းဆီလျော် ရင် မိသားစုဝင်တွေက တိုင်ကြား ပေးလို့ရတယ်။ ပတ်ဝန်းကျင်ကလည်းအိမ်တွင်းအကြမ်းဖက်မှုကိုမြင် တွေ့နေရရင် တက်နိုင်သမျှကူညီ ပေးကြပါလို့ တိုက်တွန်းချင်တယ်။
🔹မမနု တို့နိုင်ငံကလူတွေရဲ့ အစဉ်အလာဟာကြား(၃)ကြားမဝင်ကောင်းဘူး ၊ သူ့ယောကျာ်းနဲ့သူ့မိန်းမဖြစ်တာပဲ ရန်ဖြစ်တုန်းလက်ပါတာပေါ့ ၊ အချိန်တန်ရင်ပြန်ပေါင်းပြီး ဒီယောက်ျားလုပ်စာပဲစားမှာပဲ ဝင်မပါနဲ့ ၊ ရိုက်မှာပေါ့ မိန်းမကဘာအသုံးမကျလည်းမှမသိတာ စသဖြင့် ကျူးလွန်ခံရသူကိုပါ
❗️ victim blaming လုပ်ကြတယ်။
အစိုးရအဆက်ဆက် ရဲ့အသုံးမကျမှုတွဟာ ပြည်သူကိုအသိပညာမဲ့စေတယ် ။ သေချာတဲ့ ကာကွယ်မှု၊အသိပညာပေးမှုတွေဘာမှထိရောက်အောင်မလုပ်ပေးခဲ့ပဲလေ လို့ဘဲတွေးတယ်ရှင်။
🔔ဒီလိုကြုံတွေ့နေရပြီဆိုရင် သက်ဆိုင်ရာ အမျိုးသမီးအဖွဲ့အစည်းတွေကို တိုင်ကြား ပြီး တရားဥပဒေအရ ယာယီအကာကွယ်ပေးရေးအစီအမံတွေ ၊အကာအကွယ်ပေးရေးဆိုင်ရာအမိန့်တွေ နဲ့ ဆက်ပြီးဆောင်ရွက်သွားလို့ရတယ်။
➡️ခေတ်ကြီးဟာ အရင်ကလိုမဟုတ်တော့ဘူး ၂၁ ရာစုကိုရာက်နေပြီ ။ Digital ပိုင်းဆိုင်ရာနဲ့လည်းသက်သေတွေယူထားလို့ရပြီ၊ Online ကနေလည်းတိုင်ကြားလို့ရတဲ့အဖွဲ့အစည်းတွကိုရှာဖွေလို့ရပြီ၊အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သတ်လို့ တရားဥပဒေ ကနေ အမျိုးသမီးတွေကို ကာကွယ်ပေးထားတဲ့ ပုဒ်မ တွေကိုလည်း ရှာ ဖွေဖတ်ရှုလို့ရပြီ မို့ နှုတ်ဆိတ်မနေကြပါနဲ့ရှင်။
⛔️အမျိုးသမီးတို့အနေနဲ့လည်း မိမိက ဘာအခွင့်အရေးတွေရသင့်တယ် ၊ ဘယ်အခွင့်အရေးတွေ တော့ချိုး ဖောက်ခံ နေရတယ် ၊ဘယ်လိုတွေ ကာကွယ်လို့အရေးယူလို့ရတယ် ဆိုတာ သိထားသင့်တာမို့ ဥပဒေအရကာကွယ်ပေးထားတဲ့ စာတမ်း တွေ ၊ပုဒ်မတွေ ၊ အသိပညာပေး ရေးနဲ့ဆိုင်တဲ့ စာတွေကို ဖတ်ထားကြဖို့တိုက်တွန်းချင်တယ်။
📣မမနု တို့ အတူရင်ဆိုင်လို့ရပါတယ်။ တစ်ယောက်တည်းမဟုတ်ပါဘူး။ချစ်တဲ့သူတွေကူညီချင်တဲ့သူတွေ ဘေးနားမှာအတူတူရှိနေတာမို့ အတူရဲရဲရင့်ရင့် ရင်ဆိုင် ကျော်လွှားကြရအောင်ပါစေ။
#photocrd
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 335 |
| 17 | "ငါတို့ စစ်တပ်ဟာ နိုင်ငံသူ၊နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်။လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။
စစ်တပ်ဟာနိုင်ငံရဲ့ အစေခံဖြစ်ရမယ်
နိုင်ငံဟာစစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။အာဏာဟာဥပဒေအထက်မှာရှိနေရင် ဒီနိုင်ငံဟာမွဲနေဦးမှာဘဲ။"
-ဗိုလ်ချုပ်အောင်ဆန်း-
🔹ဒီနေ့ ဖေဖော်ဝါရီလ 13ရက် က ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် (၁၁၀)ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။
မမနုတို့လက်ရှိတိုင်းပြည်မှာ
❗️လက်နက်အားကိုးတန်ခိုးပြ နိုင်ငံဟာစစ်တပ်ရဲ့အစေခံ နီးနီးဖြစ်နေတာကို မီးမောင်းထိုးပြရင်း အမြန်အေးချမ်းတဲ့နေ့ရက်တွေကို မျှော်မှန်းတမ်းတကာ ဗိုလ်ချုပ်ရဲ့မိန့်ခွန်းလေး သတိတရ တင်ပေးလိုက်ပါတယ်ကွယ်။🔔
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 249 |
| 18 | 📌ခါတော်မီလေးတစ်ဖြတ် အကယ်ဒမီအကြောင်းလေး ပြောကြရအောင် တော်တို့ရေ...
အတန်ရှည်ပေးတာတော့ မဟုတ်ပါဘူး။ မမနုရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ပေးချင်တဲ့ဆုလေးတွေရှိလို့။ ရင်ထဲက အကယ်ဒမီပေါ့လေ။ ဒီလို ဒီလို...🙄
🏆 ၂၀၂၄ ခုနှစ်အတွက် "မျက်နှာပြောင်အတိုက်နိုင်ဆုံးဆု" ကို ပြည်သူ့ချဥ်ဖတ်ဖြစ်နေပေမဲ့ အပြုံးမပျက် ပွဲတက်ခဲ့တဲ့ ဖြူဖြူထွေး
🏆 သူ့ကိုယ်သူအကယ်ဒမီပြန်ပေးတဲ့ ရန်အောင်အတွက်ကတော့ "ကိုယ့်ကိုကိုယ်အချစ်တတ်ဆုံးဆု"
🏆 အကယ်ဒမီလည်းရ လင်လည်းရတဲ့ ဝတ်မှုံရွှေရည်ကတော့ "ခိုနီ အချစ်ခံရဆုံးဆု" ပေါ့
🏆 မေတ္တာရှေ့ထားပြီး MLM တွေကြော်ငြာတဲ့ ဆျာဝန်မလေး ပိုးမမီသာကိုတော့ ၂၀၂၄ ခုနှစ်အတွက် "ဦးနှောက်အပျက်ဆုံးဆု" ပေးမယ်
🏆 "ပေါကားအရိုက်နိုင်ဆုံးဆု" ကတော့ ပြိုင်ဘက်မရှိ ကွီးမြင့်မြတ်ပေါ့ရှင်
🏆 တစ်ကားရိုက် တစ်ကားကြည့်သူမရှိတဲ့ နီနီ့အတွက်က "မျှော်လင့်ချက်အကင်းမဲ့ဆုံးဆု"
🏆 ပွဲတိုင်းကျော်မလေး သဲသဲကိုတော့ "သောက်ရှက်အခွဲနိုင်ဆုံးဆု" ပေးမယ်
ကဲ...ဆုပေးချင်တဲ့သူတွေ များလွန်းလို့ ရေးလို့ကို မကုန်နိုင်တော့ဘူး။
🏆 နောက်ဆုံးပိတ် အိတ်နဲ့လွယ် ဘဘကြီး မင်းအောင်လှိုင်ကိုတော့ တိုး၍မကုန်သော သက်တမ်းများ ကားနဲ့ "တစ်သက်တာ ကျက်သရေအတုံးဆုံးဆု" လေး ထိုက်ထိုက်တန်တန် ပေးလိုက်ချင်တယ်ရှင့်။⭐️
📣တော်တို့မှာရော ရင်ထဲက အကယ်ဒမီ ပေးချင်တဲ့သူတွေရှိကြလား။ မမနုဖြင့် ရေးရတာမောလွန်းလို့... တစ်လှည့် ပြန်ပြောခဲ့ပါဦး👀
#photocrd
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 272 |
| 19 | ဒီနေ့တော့ ဟိုဟိုဒီဒီ သွယ်ဝိုက်မနေဘဲ မမနု ဒဲ့ပြောမယ်....
‼️"တယုတ်မယား လုံးဝ အဖြစ်မခံပါနဲ့" မီးငယ်လေးတို့ရှင် ‼️
📌အခုတလော ပျံ့နေကြတဲ့ ဗီဒီယိုဖိုင်ကို အားလုံးလည်း မြင်ကြမယ်ထင်ပါတယ်။ မြီးကောင်ပေါက်အရွယ် ကောင်မလေးတွေကို သာကောနဲ့ သူ့ရဲ့စကားပြန်တွေက ခေါင်းစခြေဆုံးကြည့်၊ တစ်အိမ်လုံးကိုလည်း မုန့်ဖိုးတွေပေးပြီး အချိုသပ်တာလေ။ ဒါမျိုးတွေကအေ....အခုမှမဟုတ်ပါဘူး။ မမနုတို့ အဖိုးအဖွား လက်ထက်ကတည်းက ရှိလာခဲ့တာကြီး။
🔻 ဒီမယ်... တယုတ်မယားအဖြစ် ရောင်းစားလိုက်ရင် ရှင်တို့ရဲ့ သမီးလေးတွေကို ဇနီးနေရာမှာထားပြီး ချစ်ခင်ကြင်နာမယ်လို့ ထင်နေကြတာလား။ နိုးပါနော်...စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာကို အမျိုးမျိုးကို ထိခိုက်အောင် အကြမ်းဖက်နှိပ်စက်ကြမှာပါရှင်။
🔻အဲ့ဒီလိုနဲ့ ဒုက္ခပေးလို့ဝရင် နောက်တစ်ယောက်ဆီထပ်ရောင်းစားမယ်။ ဆင့်ကာ ဆင့်ကာ ရောင်းစားခံရာကနေ နောက်ဆုံးတော့ လက်စတုံးပြီး ကိုယ်တွင်း ကလီစာတွေပါ ထပ်ရောင်းစားတာပါရှင်။ မမနုဖြင့် ပြောရတာတောင် ကြက်သီးထပြီး စက်ဆုပ်မိတယ်။တို့မြန်မာအမျိုးသမီးတွေ အတွက်လည်း တကယ်ကို ရင်နာမိတာပါအေ။
🔸အခုလို ကိစ္စတွေကို မိဘတွေကိုယ်၌က အတွေးခေါင်ပြီး မသိတာပဲဖြစ်ဖြစ်၊ သိသိရက်နဲ့ ငွေမျက်နှာကြည့်ပြီး ကိုယ့်ရဲ့သမီးပျိုလေးတွေကို မျက်စိစုံမှိတ်ထည့်ပေးတာပဲဖြစ်ဖြစ် လုံးဝမလုပ်ကြပါနဲ့လို့ မမနုက တောင်းပန်ချင်ပါတယ် 🙏🏻
⛔️ကိုယ်နေတဲ့ အရပ်ထဲမှာလည်း ဒါမျိုးတွေဖြစ်နေတာမြင်ရင် တတ်နိုင်သမျှ တားဆီးဖို့၊ အကူအညီပေးဖို့ကိုလည်း မမနုက မေတ္တာရပ်ခံချင်ပါရဲ့ 🙏🏻
🔔သူများမိသားစုကိစ္စကို ဝင်ပါတာ မကောင်းဘူးဆိုပေမဲ့ ဒါက လူ့ဘဝတစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ အရေးမလို့ လုံးဝလျစ်လျူမရှုလိုက်ပါနဲ့နော်။ မမနုတို့ ပြည်သူတွေမှာ ပြည်သူပဲရှိတာမို့ အချင်းချင်းဖေးမကူညီကြရအောင်ပါရှင် 🙇🏻♀️
🔺မမနုChannelလေးJoinနော်
https://t.me/mamanuchannel
🔺Pageလေးဒါက
https://www.facebook.com/share/qvUygv3rkKPsdcJp/?mibextid=qi2Omg
🔺ဒါကTik Tokလေးနော်
https://vt.tiktok.com/ZS27WEFnj/ | 246 |
| 20 | မမနုတို့ရဲ့ အသွေးအသားတွေထဲစီးဆင်းပြီးတသားတည်းကျခဲ့ကြတဲ့ သီချင်းတွေ အများကြီးဖန်တီးနိုင်ခဲ့သူ ဂီတသူပုန်ဆရာ နိုင်မြန်မာ ခေတ်ဆိုးထဲကလွတ်မြောက်သွားခဲ့ပြန်ပါပြီ။ 🙏
🔔ခေတ်အဆက်ဆက်ကို အားလုံးသတိတရနဲ့ ပြန်အမှတ်ရစေဖို့ မမနုက ပြန်တင်ပေးလိုက်ရပါတယ်။
#Video Crd | 214 |
