စာတန်းထိုးအက်ရှင်(MSDဘောလုံးဒိုင်)
Open in Telegram
265
Subscribers
+424 hours
+27 days
+230 days
Posts Archive
Under The Dome
Season - 1ပါ ဟိုးအရင်ကတည်းက ထွက်ရှိထားပြီး အရမ်းနာမည်ကြီးခဲ့တဲ့ ရုပ်ရှင် series ပါ
အစကနေအဆုံးထိကြည့်ပြီးမှ ဒီဇာတ်ကားက ဘာလဲဆိုတာ သိရမှာ
အစကနေအဆုံးထိ အစဥ်လိုက် တင်ပေးသွားပါမယ်
Den of Thieves
2018 ‧ Action/Crime ‧ 2h 20m
အားလုံးစောင့်မျှော်နေကြတဲ့ Den of Thieves လာပါပြီ။
ဒုန်းဒုန်းဒက်ဒက် တုံးလုံးပတ်လက် အဆဲတစ်လိုင်း ခပ်ရိုင်းရိုင်းမှ ကြည့်ချင်သူတွေအတွက် ၂၀၁၈ ရုံတင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ လက်ရဲဇက်ရဲနိုင်တဲ့ နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ရေတပ်စစ်သားဟောင်းတစ်သိုက်တို့ ပညာပြိုင်ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဓားပြလုံးဝအတိုက်မခံရသေးပါဘူးဆိုတဲ့ ဘဏ်ကို ဒုစရိုက်သမားတွေက ဘယ်လိုဝင်ခိုးကြမလဲ၊ နယ်ထိန်းရဲတွေက ဘယ်လိုတားဆီးမလဲ၊ မြုပ်ကွက်တွေက ဘာတွေလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။
မင်းသားကြီးတွေကလဲ အကြမ်းပတမ်းသမားတွေဖြစ်တာကြောင့် ကြည့်ရတာ တကယ်ကိုအားရတဲ့ ကားကောင်းတစ်ကားဖြစ်မှာပါ။
IMDb Rating 7 တောင်ရရှိထားတဲ့အတွက် အက်ရှင်ကားကောင်းတစ်ကားလို့ ပြောလို့ရပါတယ်။
ခေါင်းဆောင်မင်းသားဖြစ်သူ Gerard Butler ဟာဆိုရင် 300, Olympus has Fallen လို ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကောင်းတစ်ယောက်ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ အဆဲအဆိုစကားတွေ အများကြီးပါတဲ့အတွက် ဘာသာပြန်တဲ့နေရာမှာ ဆဲဆိုတဲ့စကားတွေ ပါတဲ့အကြောင်း ကြိုတင်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ခိုးကြောင်ခိုးဝှက်နဲ့ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကား
အမေအောင်ဆန်းစုကြည်နေရာမှာ ပါဝင်သရုပ်ဆောင်သွားတဲ့ မီချဲယို
ဘာမှပြောစရာမရှိအောင် ကောင်းလွန်းတဲ့သရုပ်ဆောင်မှုတွေနဲ့ စစ်တပ်က ဘယ်လိုယုတ်မာခဲ့သလဲဆိုတာကို ရိုက်ကူးထားတဲ့ the Lady ဇာတ်ကား အခုတော့ အာရှမှာ ပထမဆုံးအော်စကာဆုရသွားတဲ့ မင်းသမီးပေါ့
မင်းသားကြီး Thor ရဲ့ Extraction 2 လာပါပြီရှင့်
ပထမဇာတ်ကားနောက်ဆုံးမှာ သေနတ်ဒဏ်ရာများစွာနဲ့ မြစ်ထဲပြုတ်ကျသွားတာ သေပြီးလို့ယူဆရရပါတယ် ဒါပေမယ့်သူမသေပါဘူး ဒီဇာတ်ကားမှာလည်း တော်တော်ကြမ်းပြီး ကြည့်ရတာ လုံးဝအမိုက်ပဲ ပြောနေရင်မကောင်းဘူး ကြည့်တာက ပိုကောင်းတယ် ဆက်ကြည့်လိုက်ကြပါအုံးနော်😘
