en
Feedback
[TLT] Moelone Cartoon (2)

[TLT] Moelone Cartoon (2)

Open in Telegram

🚩 Channel was restricted by Telegram

Show more
No data
Subscribers
No data24 hours
-4 9297 days
-5 19030 days
Posts Archive
IMDB – 8.5/10, MyAnimeList – 9/10 Gintama တို့ Anime စီးရီးမှာ ဇာတ်သိမ်းသွားတဲ့အခန်းကနေ ပြန်ဆက်ပေးထားတဲ့ တကယ့်နောက်ဆုံးအပိတ် Movie ဖြစ်ပါတယ်။ Edo ကြီးကို Tendoshuu တွေ ဝင်တိုက်ခိုက်တာကို ပြန်ခုခံအပြီး ကြုံရာကျပန်းအဖွဲ့သားတွေ ကိုယ်စီလမ်းခွဲခဲ့ကြတယ်။ Utsuro ပြန်လာမှာကို ကြိုမြင်နေတဲ့ Gin တစ်ယောက် စုံစမ်းစရာရှိတာတွေကို ထွက်စုံစမ်းနေတဲ့အချိန် မသေခြင်းတရားကို လိုချင်နေကြတဲ့ Tendoshuu တွေ Edo မှာ နောက်တစ်ခါ ပြဿနာလာရှာနေတာမို့ ဆရာ Shoyo ရဲ့ တပည့်ကျော် ၃ ယောက်သား ပြန်စည်းလုံးပြီး အသေဖြုတ်ကြမှာပဲ ဖြစ်ပါတယ်။ ဒီလောက်များတဲ့လူတွေကို မနိုင်တော့ ထုံးစံအတိုင်း Gintama အဖွဲ့သားတွေလည်း ကိုယ်စီဆေးစက်ကျရာကနေ အုပ်လိုက်ကြီးနဲ့ ရုပ်ရှင်တစ်ကားစာ ထိုင်ချကြတာကို အားရပါးရ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ Gintama ထုံးစံအတိုင်း ဟာသအဖောက်တွေ တခြား Anime တွေကို Reference ယူပြီး ပြောင်တာတွေ 4th Wall Breaking တွေကတော့ တောက်လျှောက်ပါနေမှာ ဖြစ်လို့ အပျင်းတွေလည်း ပြေရပါသေးတယ်။ Gintama ပရိသတ်တွေအတွက်တော့ ဒါဟာ တကယ့်နောက်ဆုံး ရုပ်ရှင်ဖြစ်တာကြောင့် မကြည့်ရသေးရင် ကြည့်သင့်ပြီး ကြည့်ပြီးသားဆိုလည်း ထပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေဗျ။

Gintama: The Very Final (2021)
Gintama: The Very Final (2021)

Welcome To My Channel https://t.me/Moelone

အဖေဖြစ်သူ စစ်ပွဲအတွင်းမှာဆုံးသွားပြီး အမေဖြစ်သူက အဝေးမှာရောက်နေတဲ့အတွက် Umiတို့မောင်နှမတွေက အဘွားအိမ်မှာ အတူနေရင်း Umi က “အစ်မကြီး အမိအရာ”ဆိုတဲ့စကားအတိုင်း ညီမငယ်လေးနဲ့ မောင်ငယ်လေးကို ကြည့်ရှုစောင့်ရှောက်ရင်းရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီ‌လိုနဲ့ တစ်နေ့ ကျောင်းကန်တင်းမှာ Shun ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ အမှတ်မတင် တွေ့ဆုံပြီးနောက် ရင်ခုန်တတ်လာပါတော့တယ်။ Shun တို့သူငယ်ချင်းအဖွဲ့က ကျောင်းရဲ့အသင်းတိုက်အဆောက်အဦး ဖြိုချမခံရဖို့အရေး အစွမ်းကုန်ကြိုးစားနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ တစ်ရက် Umi ရဲ့ညီမလေးကိုအကြောင်းပြုပြီး Shun နဲ့ Umi တို့ ခင်မင်သွားကြပါတော့တယ်။ ဒီလိုနဲ့ Shunတို့ရဲ့ အသင်းတိုက်အဆောက်အဦးကြီး ဖြိုချမခံရဖို့အတွက် Umi ကူညီပေးတာတွေ… Shun နဲ့နှစ်ယောက်ကြားက ပြဿနာတွေကို ရင့်ကျက်စွာ ဖြေရှင်းပုံတွေကို လိုက်ပါစီးမြောကြည့်ရှုလိုက်ကြပါစို့

From Up on Poppy Hill (2011)
From Up on Poppy Hill (2011)

Welcome To My Channel https://t.me/Moelone

ဂျက်ပရိုပေါ့ရှင်းဆိုတာကတော့ ကမ္ဘာပေါ်ကမဟုတ်ပါဘူး။ သူက ဘော်ထရွန်(၇) ဆိုတဲ့ ဂြိုလ်မှာနေတဲ့လူသားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ မြင့်မြတ်သော ဂလတ်တိုရဲ့ စွန့်စားခန်းများကို အရမ်းသဘောကျတဲ့လူဖြစ်ပြီး ဗီဒီယိုလေးတွေရိုက်ပြီး ပို့လေ့ရှိပါတယ်။ ဒီလိုနဲ့ သူဟာ ဂလတ်တိုရဲ့ နံပတ် ၁ ပရိတ်သတ်ဖြစ်လာခဲ့ပြီး သူ့ရဲ့ ဗီဒီယိုဟာလလည်းလူကြိုက်များခဲ့ပါတယ်။ စတယ်လ်လာရဲ့နံပတ် ၁ နေရာကို လုယူလိုက်တာပဲဖြစ်ပါတယ်။ ဒါကိုစတယ်လ်လာက မကျေနပ်လို့ ဂျက်တ်ကိုလိုက်ရှာပါတော့တယ်။ တဖက်မှာလည်း ဂျက်တ်ရဲ့အိမ်မွေးတိလေးဖြစ်တဲ့ နေပြောက်ဟာ ကြယ်တံခွန်ဗီဒီယိုကိုရိုက်ရင်း ဓာတ်မတည့်မှုဖြစ်ကာ တဖြည်းဖြည်းကျုံ့ဝင်လာခဲ့ပါတယ်။ ဂျက်တ်ဟာ ကမ္ဘာပေါ်မှာ အာကာသစခန်းချဖို့ရှိနေပြီး ကမ္ဘာဂြိုလ်ကိုပြန်ရောက်နေပါတယ်။ ဒီလိုနဲ့ ဂျက်တ်ဟာ နေပြောက်လေးကိုကယ်ဖို့ အရမ်းကိုရှားပါးတဲ့ ဒြပ်စင်တစ်မျိုးကိုလိုက်ရှာပါတော့တယ်။ တဖက်မှာလည်းစတယလ်လာက ဂျက်တ်ကိုလိုက်ရှာရင်း ကမ္ဘာပေါ်ကိုရောက်လာခဲ့ပါတယ်။ ဆက်လက်ခံစားကြည့်လိုက်ကြပါ။

Ready, Jet, Go! Space Camp: The Movie (2023)
Ready, Jet, Go! Space Camp: The Movie (2023)

Buddha 2: The Endless Journey (2014)

Buddha: The Great Departure (2011)

မြတ်စွာဘုရားဘဝဖြစ်စဉ်ကိုရေးဆွဲထားတယ်ပြောပေမယ့် ဗုဒ္ဓစာပေကဇာတ်လမ်းကျောရိုးလောက်ပဲယူထားပါတယ် ကျနော်တို့သိတဲ့ဗုဒ္ဓဝင်ဇာတ်နဲ့လုံးဝကွဲထွက်နေပြီး စိတ်ကူးယဉ်ဇာတ်ကောင်များလည်းအများအပြားထည့်သွင်းထားတာကြောင့် ပျင်းရိဖွယ်မကောင်းပဲ စကြည့်ဖြစ်ရင်အဆုံးအထိမထတန်းကြည့်ဖြစ်မယ့်ကားလေးပါ ဂျပန်Animeတို့ရဲ့မူအတိုင်း ကြည့်ပြီးရင်လည်းရင်ထဲတသသဖြစ်အောင်ပေးစွမ်းနိုင်ပါတယ် ကျနော့်အပြောထက်ကိုယ်တိုင်ကြည့်တာကပိုကောင်းပါလိမ့်မယ်

Buddha: (1+2)
+1
Buddha: (1+2)

Welcome To My Channel https://t.me/Moelone

ဒီကားလေးထဲမှာဆိုရင်‌တော့ ကြောင်လေးတစ်ကောင်က ရေကြီးလာတဲ့ အခါ လှေတွေပေါ်ကို တက်ပြီး ရှောင်ပြေးရပါတယ် အဲဒီအခါမှာ တခြားတိရစ္ဆာန်တွေလည်း ရှိနေတဲ့ အခါမှာတော့ မျိုးနွယ်မတူတဲ့ တိရစ္ဆာန်လေးတွေ ဘယ်လို အတူတူပူးပေါင်းပြီး အခက် အခဲတွေကို ဖြတ်ကျော်သွားမလဲဆိုတာကို ကြည့်ရှုသွားရမှာပါ Flow ဆိုတဲ့ နာမည်အတိုင်း ကံကြမ္မာရဲ့ ရေလှိုင်းတွေကြားမှာ ရေလိုက်ငါးလိုက်နေရမယ့် အခြေအနေတွေကို ပြသထားတာမလို့ ဘဝအမောအပန်းတွေကြားမှာ ကြည့်ရင်း အားဖြစ်စေလာနိုင်တာလည်း ဖြစ်ပါတယ်

Flow (2024)
Flow (2024)

Batman: The Dark Knight Returns, Part 2 (2013)

Batman: The Dark Knight Returns, Part 1 (2012)

Batman: The Dark Knight Returns, Part (1+2)
+1
Batman: The Dark Knight Returns, Part (1+2)

Welcome To My Channel https://t.me/Moelone

Scooby-Doo! Frankencreepy (2014)
Scooby-Doo! Frankencreepy (2014)