cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

တရုတ်သိုင်းကားများ

Show more
Advertising posts
162 633
Subscribers
+1 64024 hours
+8 1557 days
+28 67330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Sector 7 (2011)5🔰❣️ ------------------------- IMDB (4.6/10) ကျွန်တော်တို့ခေတ်ရဲ့ အလှနတ်ဘုရားမ ဖြစ်ခဲ့သလို ခုထိလည်း လှနေဆဲလှနေမြဲ တောင်ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဟာဂျီဝန်ရဲ့ အလန်းစားရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ် ဂန္တဝင်မမရဲ့ ဂန္တဝင်အလှတရားတွေကို ကြည့်ဖို့သက်သက် ရှာကြည့်ရတဲ့ မမဟာဂျီဝန်ရဲ့ ရုပ်ရှင်ကိုမှ ဇာတ်လမ်းကပါ စိတ်ဝင်စားစရာကောင်းနေတော့ တော်တော်တန်တဲ့ ရုပ်ရှင်ပါပဲ အိုဂျီဟိုဆိုတဲ့ ဘဲလည်းပါပေမဲ့ ခေါက်ထားလိုက်ပါ၊ မမသာအဓိကပဲမို့လား။ ဒါပေမဲ့ မမဆိုလို့ မမ ဟာဂျီဝန်တစ်ယောက်တည်းတင်မဟုတ်ဘဲ ဒီနှစ်မှာ Golden Mask ဒရာမာနဲ့ ပြန်ဟော့လာတဲ့ မမ ချာရီယျွန်းလည်း ပါပါသေးတယ် ဇာတ်လမ်းကတော့ Kristen Stewart ပါတဲ့ Underwater လိုလို ဘာလိုလိုပါပဲ။ ဂြိုဟ်သားတွေနဲ့ကိုး။ ဒါရိုက်တာကတော့ May 18 တို့ Sinkhole တို့ The Tower တို့လို ကံဆိုးမိုးမှောင်ကျတဲ့ရုပ်ရှင်တွေချည်း အသားပေးရိုက်တတ်တဲ့ Ji-hoon Kim ပါတဲ့ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းတဲ့ ရုပ်ရှင်တွေ‌ပေါ့။ ခု ဒီကားရဲ့ ဇာတ်လမ်းသွားကတော့ ဂျယ်ဂျူကျွန်းတောင်ပိုင်းမှာ ရေနံတူးရင်း ဂြိုဟ်သားတွေနဲ့ တွေ့တဲ့အကြောင်းပါပဲ
Show all...
👍 15 1
Photo unavailableShow in Telegram
The Coldest City ( 2023 ) ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံကို ကျူးကျော်ထားတဲ့ ဂျပန်တွေဟာ လက်နက်ချခဲ့ပါတယ် အဲဒီအချိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက တုန်းပေဆိုတဲ့ မြို့လေးမှာ အုပ်ချုပ်သူမဲ့နေတဲ့ အခြေအနေမှာ ဒုစရိုက်သမားတွေနဲ့ ပြည့်နှက်နေသလို မကောင်းတဲ့ အင်အားစုတွေဟာ ဒီမြို့လေးမှာ ကြီးစိုးနေပါတယ်။ သူငယ်ချင်းရဲ့ မိသားစုဖြစ်တဲ့ ဖန်းမိသားစုတစ်စုလုံး အသတ်ခံလိုက်ရတာအပြင် ဖူရှန်းဘဏ်က လူ ၃၇ ယောက် အသက်ပေးလိုက်ရတဲ့ အမှု‌ကြောင့် လက်စားချေဖို့အတွက် ပင်းမြို့ကို ရောက်လာခဲ့တဲ့ လက်ဖြောင့်သေနတ်သမား ကုညန့်၊ ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်တဲ့ လီမိသားစုက သခင်ကြီး လီဟွမ်နဲ့ သားဖြစ်သူ လီချင့်၊ ကုညန့်ကို ကူညီပေးမယ့် လုပ်ကြံသတ်ဖြတ်သူ လောင်ကျောင်း၊ ပင်းမြို့မှာ နေရာရဖို့ မကောင်းမှုအားလုံးကို ကျူးလွန်နိုင်တဲ့ လောဘဇောတိုက်နေတဲ့ စီးပွားရေးသမားတွေ... တစ်မြို့လုံးမှာ ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတွေကြားမှာ ကုညန့်ရဲ့ လက်စားချေဖို့ အစီအစဥ်ဟာ အောင်မြင်နိုင်ပါ့မလား လုပ်ကြံသတ်ဖြတ်သူဖြစ်တိုင်း မကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို သက်သေပြသွားမယ့် လောင်ကျောင်းကရော ကုညန့်ကို ဘယ်လောက်အထိ ကူညီသွားမလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ အားပေးကြပါဦး
Show all...
👍 13 1
2:00:21
Video unavailableShow in Telegram
The Coldest City 2023
Show all...
👍 7
1:41:40
Video unavailableShow in Telegram
Sector 7 (2011)
Show all...
👍 6
1:15:36
Video unavailableShow in Telegram
Kung fu hairdresser (2022)
Show all...
👍 3
Photo unavailableShow in Telegram
Kung fu hairdresser (2022) ဒီဇာတ်ကားလေးထဲမှာတော့ ဇာတ်ဆောင် လီချုန်ကွမ်းနဲ့ သူ့အဖေက နယ်ဘက်မှာဆံပင်ညှပ်ဆိုင်လေး တစ်ဆိုင် ဖွင့်ထားပြီးတော့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေကြပါတယ်။ သူ့အဖေက သူ့သားကို ဆံပင်ညှပ်နည်း လက်ဆင့်ကမ်းဖို သင်ပေးနေပေမဲ့လည်း သူ့သားက အခြေခံ ဆံပင်ညှပ်နည်းကိုတောင် သေချာမကျွမ်းကျင်ဘဲ အဆင့်ကျော်ပြီးဘဲ ညှပ်ချင်နေပါတယ်။ သူ့အဖေက တစ်ခုခုဆို အဲ့ဒီ အခြေခံညှပ်နည်းတောင် မရဘူးဆိုပြီးဘဲ နှိမ်တဲ့အတွက် လီချုန်ကွမ်းတစ်ယောက် မခံချင်စိတ်နဲ့ မြိုပေါ်တက်ပြီး အောင်မြင်အောင် လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါပေမဲ့ မြိုရောက်တော့လည်း သူ့သူဌေးက သူ့ကို ပညာမနိုင်ဘူးဆိုပြီး ဆံပင်ပေးမညှပ်ပါဘူး။ အမြဲတမ်း အနှိမ်ခံခဲ့ရတဲ့ လီချုန်ကွမ်းတစ်ယောက် နောက်ဆုံးမှာဆံသပညာ ကျွမ်းကျင်ပြီး သူ့အဖေရဲ့ အသိအမှတ်ပြုတာကို ခံရမလား။ သူ့အဖေရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေနဲ့ သူမြိုတက်ပြီး လုပ်ရင်းနဲ့ ဘာအခက်အခဲတွေ တွေ့ကြုံရမလဲ။ ဒီဇာတ်လမ်းလေးထဲမှာ ထူးခြားချက်ကတော့ AI နည်းပညာနဲ့ ထုတ်ထားတဲ့ ဆံပင်ညှပ် စက်ပစ္စည်းတွေပါ ပါတဲ့အတွက် စိတ်ဝင်စားဖိုကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လို ကြည့်ရှုအားပေးကြပါဦးရှင်။ #Crd
Show all...
👍 18
Photo unavailableShow in Telegram
Saving General Yang [2013] ရန်အိမ်တော်ဆိုတာနဲ့ တစုန့်ခေတ်က အရဲရင့်ဆုံးစစ်သူကြီးအဖြစ် လျောင်နိုင်ငံရဲ့ကျူးကျော်မှု‌တွေကိုတွန်းလှန်ခဲ့တဲ့စစ်သူကြီး “ရန်ရဲ့”ကို တော်တော်များများ သိကြမှာပါ။ နှစ်ပေါင်းများစွာ တစုန့်ပြည်အတွက် သက်စွန့်ဆံဖျားအစေခံရင်း အလုပ်အကျွေးပြုခဲ့တဲ့ သူ့ရဲ့နောက်ဆုံးတိုက်ပွဲအကြောင်းကို ဒီရုပ်ရှင်မှာလိုက်ပါစီးမျောခံစားလိုက်ပါ။ တစုန့်ပြည်ကိုကာကွယ်ရင်း လွန်ခဲ့သော ဆယ်နှစ်က သူအနိုင်တိုက်ခဲ့တဲ့ လျောင်စစ်တပ်ရဲ့ ဗိုလ်ချုပ်သားနဲ့ပြန်ရင်ဆိုင်ရတဲ့အခါ… စစ်ပွဲက သာမန်စစ်ပွဲနဲ့မတူတော့ဘဲ ရန်ငြိုးတွေကို အပြတ်ရှင်းကြမယ့်စစ်ပွဲဖြစ်နေတဲ့အခါ… ထောင်ချောက်မိပြီး ဝံပုလွေတောင်ခံတပ်မှာ ပိတ်မိနေတဲ့စစ်သူကြီးကိုကယ်တင်မယ့် သူ့သား၇‌ ယောက်… သူတော်စဉ်ကြီးရဲ့ သား ၇ ယောက်သွားပြီး ၆ယောက်ပြန်လာမယ် လို့ထွက်ပေါ်လာတဲ့ကောလဟာလ တကယ့်အဖြစ်အပျက်နဲ့ဘာတွေလွဲမှာလဲ။ တကယ်တမ်းမှာ ဘယ်သူတွေအသက်ရှင်မှာလဲဆိုတာကို သမိုင်းဖြစ်ရပ်မှန်တွေနဲ့ ချိတ်ဆက်ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ #Crd
Show all...
👍 53 7😁 5
1:42:18
Video unavailableShow in Telegram
Saving General Yang [2013]
Show all...
👍 27 6
Photo unavailableShow in Telegram
Boxing Champion Mother ( 2022 ) လက်ဝှေ့ချန်ပီယံ မေမေ ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့ကတော့ အရက်သမား ခင်ပွန်း၊ စကား မပြောနိုင်တဲ့ သမီး၊ လမ်းမလျှောက်နိုင်တဲ့ ယောက္ခထီး သူတို့တွေအားလုံးကို ပန်းရောင်းပြီး ရှာကျွေးနေတဲ့ ပန်းသည်မလေး ရှောင့်ရှောင့်ဟာ တစ်နေ့မှာ အရာအားလုံး ပြန်ကောင်းသွားမှာလို့ ယုံကြည်ရင်း ဘဝကို အရှုံးမပေးဘဲ အဆုံးထိတိုက်ခိုက်သွားတဲ့အကြောင်းကို ပုံဖော်ရိုက်ကူး ထားတာပါ။ ဒီတော့ ဒီဇာတ်ကားလေးရဲ့ ရသမျိုးစုံကို ခံစားရင်း တစ်ရှူးလေး ဘေးမှာ ဆောင်ထားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
Show all...
👍 9
1:27:05
Video unavailableShow in Telegram
Flash Point (Donnie Yen)- 2007
Show all...
👍 3