en
Feedback
Myan Series Posters

Myan Series Posters

Open in Telegram

မြန်မာစာတန်းထိုး စီးရီးဇာတ်ကားကောင်းများ

Show more
2 902
Subscribers
No data24 hours
+337 days
+7930 days
Posts Archive
photo content

Synopsis of Island(2022) ဒီကျွန်းမှာ အံဖွယ်ဖြစ်ရပ်များစွာရှိပြီး သာမန်လူတွေယုံဖို့ခက်ခဲတဲ့ ဖြစ်ရပ်ဆန်းတွေရှိတယ်။အားလုံးတိမ်ကေ
Synopsis of Island(2022) ဒီကျွန်းမှာ အံဖွယ်ဖြစ်ရပ်များစွာရှိပြီး သာမန်လူတွေယုံဖို့ခက်ခဲတဲ့ ဖြစ်ရပ်ဆန်းတွေရှိတယ်။အားလုံးတိမ်ကောနေပြီလို့ထင်ထားတဲ့ နတ်ဆိုးတွေကို လူတစ်စုဟာ မတော်တဆ သွားနှိုးလိုက်သလိုဖြစ်သွားပြီးတဲ့နောက်မှာတော့.နတ်ဆိုးတွေပြန်လည်ရှင်သန်နိုးထလာခဲ့တယ်။ အဲ့ဒီနောက်မှာတော့ လူသားတွေကို သိမ်းပိုက်ဖို့နဲ့နတ်ဆိုးတွေလောကကြီးကိုအုပ်စိုးဖို့ ဘာမဆိုလုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection

Alchemy of Souls:Light and Shadow(2022) နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး ချစ်ခဲ့ရတဲ့ ချစ်သူနှစ်ဦးရဲ့ မပြီးဆုံးသေးသော သံယောဇဥ်။ အဆုံးမသတ်ရသေးတဲ့ မေတ္တာဇာတ်လမ်း။ ရန်ငြိုးနဲ့သံယောဇဥ်ကြားက လွန်ဆွဲပွဲ။ အလင်းနဲ့အမှောင်ခြမ်း...အစွန်းနှစ်ဘက်က ချစ်သူနှစ်ဦးရဲ့ အဆုံးသတ်ကို  December လမှာ ပြန်လည်ကြည့်ရှုကြရမှာပါ။ ဝိညာဥ်ကူးပြောင်းခြင်းကြောင့် တွေ့ဆုံပြီး ဝိညာဥ်ကူးပြောင်းခြင်းကြောင့်ပဲ ကွဲကွာခဲ့ရတဲ့ချစ်သူနှစ်ဦးရဲ့အဆုံးသတ်ကို season 2 မှာ ကြည့်ရှုရမှာပါ။ မူဒေါ့မရှိတော့တဲ့ သခင်လေးဂျန်အုဂ်၊ နာ့ဆူနေရာမှာ ဝင်လာတာ မူဒေါ့ဖြစ်နေမလား။ ချစ်ရသူကို မကာကွယ်နိုင်လို့ခံစားရတဲ့ မိမိကိုယ်ကို အပြစ်တင်စိတ်ကနေလွတ်မြောက်မလား။ ဆုန်းရင်းရဲ့ဥတုလေးပါးရော ဘယ်လိုတွေပြောင်းလဲသွားမလဲ ဆိုတာတွေပါ မြင်တွေ့ရဦးမှာပါ။ React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection

photo content

Alchemy of Souls (환혼) ဟွမ်ဟွန်ဆူး (သေဆုံးသူရဲ့ဝိဉာဥ်က အသက်ရှင်သူရဲ့ခန္ဓာကိုယ်ထဲကူးပြောင်းခြင်း) ဆိုတဲ့ ဆန်းကြယ်ဖြစ်ရပ်ကြောင့် ရှုပ်ထွေးပွေလီသွားခဲ့ရတဲ့ သူတို့ရဲ့ကံကြမ္မာတွေ...ကံကြမ္မာအလှည့်အပြောင်းကြားက ပေါက်ဖွားလာမယ့် ချစ်ခြင်းဖွဲ့တေးသံတွေ.. စိတ်ကူးယဥ်သမိုင်းထဲက ဒဏ္ဍာရီဆန်ဆန်ဇာတ်ကောင်တွေကို ခံစားဖို့ tvN ရဲ့ Alchemy of Souls ကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒယ်ဟိုတိုင်းပြည် မျိုးရိုးမြင့်ဂျန်မိသားစုမှ သခင်လေး Jang Wook (Lee Jae Wook) – တစ်တိုင်းပြည်လုံးက အုတ်အော်သောင်းနင်းစိတ်ဝင်တစားပြောကြတဲ့ လျှို့ဝှက်ဆန်းကြယ်သောမွေးဖွားခြင်းနှင့် မွေးဖွားလာသူ။ အိမ်တော်ရဲ့ပြဿနာအိုး။ သူ့ရဲ့လျှို့ဝှက်တဲ့ အမှောင်ခြမ်းက ဘာများလဲလို့ သိချင်စိတ်ဖြစ်ပေါ်စေသူ။ သူနဲ့အပြိုင် ရန်ဖြစ်မယ့်သူက သူရဲ့အစေခံမလေး Mu-Deok (Jung So Min) - Mu-Deok က သာမာန်အစေခံမလေး မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ကိုယ်ထဲမှာ ကိန်းအောင်းနေတာက အဆင့်မြင့်စစ်သည်တော်တစ်ဦးရဲ့ဝိဉာဥ်..ဒါကြောင့်ပဲ အားနည်းတဲ့ခန္ဓာကိုယ်ထဲ ပိတ်မိနေလို့ အားမလိုအားမရဖြစ်ရသူ။ ဝိဉာဥ်ရဲ့ ကျွမ်းကျင်မှုကြောင့် Jang Wook ကို ဓားရေးလျှို့ဝှက်စွာသင်ပေးပြီး သူကိုယ်တိုင်ကလည်း လျှို့ဝှက်မှုတွေနဲ့ စိတ်ဝင်စားစရာကောင်းသူ..။ Seo Yool (Minhyun) ကတော့ ဆွေကြီးမျိုးကြီး ဆောအိမ်တော်ကသခင်လေး။ ရုပ်ရည်သာမက လက်ရုံးရည်နှလုံးရည်နှင့်ပါ ပြည့်စုံသည့် သခင်လေး။ Go Won (Shin Seung-Ho) ကတော့ ဒယ်ဟိုတိုင်းပြည်ရဲ့ အိမ်ရှေ့စံဖြစ်ပြီး ကြီးမြတ်တဲ့မင်းတစ်ပါးဖြစ်ဖို့ မျှော်လင့်ထားသူပါ။ ဒီအပြင် တခြားစိတ်ဝင်စားစရာဇာတ်ကောင်အပြည့်နဲ့မို့လို့ မျက်တောင်မခတ်တမ်းကြည့်ရှုရမှာပါ။ ဇာတ်ကောင်တွေအားလုံးမှာ လျှို့ဝှက်ထားတဲ့အစွန်းတစ်ဖက်ရှိတာမို့ ရင်ခုန်စရာကောင်းအောင် ဆွဲဆောင်မှုရှိနေမှာပါ။ React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection

photo content

Synopsis of The Forgotten Army – Azaadi ke liye MM Sub (2020) ုတိယကမ္ဘာစစ်မှာ ဂျပန်နဲ့ ဗြိတိသျှတိုကျူးကျော်ခြင်းခံထားရတဲ့ အိန္ဒိယနိုင်ငံအတွက် အိန္ဒိယလူမျိုးကျားမကြီးငယ်မရွေး ကျရာနေရာကနေကြိုးပမ်းထမ်းဆောင်ခဲ့ကြပုံနဲ့အစပျိုးထားပါတယ် သမိုင်းကိုနောက်ခံယူထားပြီး တချိုတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားတာမို သုတရသစုံလင်တဲ့ အိန္ဒိယလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနောက်ခံဇာတ်ကားလေးလို ညွှန်းဆိုရမှာပဲ စစ်ပြန်အဘိုးကနေ မြေးကို သူတိုရဲ့မေ့လျော့ခံသမိုင်း စာသင်ကျောင်းတွေမှာမ‌ဖော်ပြထားတဲ့ အောင်နိုင်သူတွေရေးသားခဲ့တဲ့သမိုင်းကို ပြန်ပြောင်းပြောဆိုပြဟန်နဲ့ narrative ဆန်ဆန် ဇာတ်လမ်းသွားကိုတင်ဆက်ထားလို ပေါ့ပေါ့ပါးပါးနဲ့ပဲ ချိတ်ဆက်မှုရှိရှိ အတိတ်နဲ့ပစ္စုပ္ပန်ကို တင်ဆက်ထားပေးပါတယ်.... React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection

photo content

House of Ninjas ဇာတ်လမ်းအကျဉ်းကတော့ Tawara မိသားစုဟာ ဆာကေးစက်ရုံကို ဗန်းပြပြီး နင်ဂျာတာဝန်တွေထမ်းဆောင်ခဲ့တဲ့ နင်ဂျာမိသားစုကြီးတစ်ခုပါ။ လွန်ခဲ့တဲ့ခြောက်နှစ်က တာဝန်တစ်ခုမှာ မိသားစုဝင်တစ်ယောက်ကို ဆုံးရှုးလိုက်ရတဲ့အတွက် Tawara မိသားစုဟာ တာဝန်တွေကိုစွန့်ပြီး သာမန်လူတွေကြားမှာ ပုံမှန်ဘဝလေးနဲ့ ဆက်နေထိုင်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ အပျော်စီးသ‌င်္ဘောတစ်စီးပေါ်မှာ လူအစုလိုက်အပြုံလိုက် အဆိပ်ခတ်သတ်ခံရတဲ့ အဖြစ်အပျက်ကြီးဖြစ်လာတဲ့အချိန်မှာတော့ နင်ဂျာစီမံခန့်ခွဲရေးလျှိဝှက်ဗြူရိုကနေ သူတိုကို အမှုအကြောင်းစုံစမ်းဖို တာဝန်ပေးလာတဲ့အခါ Tawara မိသားစုကရော သာမန်ဘဝနဲ့ပဲ ဆက်နေဖိုကြိုးစားကြမလား.... နိုင်ငံနဲ့ Tawara မိသားစုဆီချဉ်းကပ်လာနေတဲ့ ဘေးအန္တရာယ်ကြီးကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ... စတာတွေကိ React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection

photo content

Avatar The Last Airbender "Avatar: The Last Airbender" ဆိုတဲ့ဇာတ်ကားလေးကတော့ animation ကို live-action အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။  ရှေးရှေးတုန်းက ပထဝီ(မြေ) အာပေါ(ရေ) ဝါယော(လေ) တေဇော(မီး) ဆိုပြီး ဓာတ်ကြီး(၄)ပါးအခြေစိုက် မျိုးနွယ်(၄)စု သင့်သင့်မြတ်မြတ် နေထိုင်ခဲ့ကြပါတယ်။ သိုပေမဲ့ မီးမျိုးနွယ်ဘက်ကစပြီး စစ်ပြုလာတဲ့အချိန်ကစလို မျိုးနွယ်(၄)စုရဲ့ငြိမ်းချမ်းရေးပြိုကွဲခဲ့ရပါတယ်။ ဒီလို အဓိကရုဏ်းဖြစ်နေချိန်မှာ ဒါတွေအားလုံးကိုရပ်တန့်စေနိုင်တဲ့ တစ်ခုတည်းသောနောက်ဆုံးမျှော်လင့်ချက်ကတော့ Avatar ပေါ်လာဖိုပါပဲ။  React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection

photo content

React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionpost
React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection ဇာတ်ကားလင့် - https://t.me/myanseries2023/1060

D.P. Season 2 MM Sub (2023) S1 ရဲ့နောက်ဆုံးပိုင်းမှာတော့ တပ်တွင်းအနိုင်ကျင့်မှုကို ကြာရှည်ခံစားခဲ့ရတဲ့ ဂျိုဆော့ဘုန်းဆိုသူတစ်ယောက် ဒီဖြစ်ရပ်ကြီးကို ရပ်တန့်စေဖို တစ်ခုခုလုပ်မှဖြစ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ရဲဘော်ရဲဘက်တွေရှေ့မှာ အဆုံးစီရင်သွားပါတယ်။ သူ့လုပ်ရပ်ကိုမြင်ပြီး တပ်တွင်းအနိုင်ကျင့်မှုကိုတွန်းလှန်ဖို စိတ်လိုက်မာန်ပါလုပ်လာကြတဲ့ တပ်သားတွေရဲ့ နောက်ဆက်တွဲအဖြစ်အပျက်တွေကို ဒီ S2 မှာခံစားရမှာ ဖြစ်ပါတယ်။ တပ်ကြပ် ဟန်ဟိုယောနဲ့ တပ်သား အန်ဂျွန်ဟိုတို တပ်ကြပ်ကြီး ဘတ်ဘုန်းဂူရဲ့ ညွှန်ကြားမှုအောက်မှာ ဘယ်လိုမစ်ရှင်တွေကိုထမ်းဆောင်ရဦးမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection စီးရီးလင့် - https://t.me/myanseries2023/1052

D.P. Season 2 MM Sub (2023)
D.P. Season 2 MM Sub (2023)

D.P. Season 1 (2021) နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့ဥပဒေကို ကိုးရီးယားမှာပြဌာန်းထားတာ အားလုံးသိကြမှာပါ။ ထုံးစံအတိုင်း အသက်ပြည့်လို တာဝန်ထမ်းဆောင်ဖို စစ်ထဲရောက်လာကြတဲ့သူတွေရှိပါတယ်။ စစ်တပ်ဆိုတာလည်း သိတဲ့အတိုင်း ဌာနဆိုင်ရာတွေများပြားလွန်းလှသလို တာဝန်အသီးသီး သယ်ပိုးရတာလည်းအများကြီးရှိပါတယ်။ အခုမှစစ်ထဲဝင်တဲ့ အန်ဂျွန်ဟိုအတွက်တော့ထူးခြားတယ်ပြောရမှာပဲ။ နိုင်ငံတိုင်းမှာ စစ်ပြေးတွေပြန်လည်ဖမ်းဆီးဖို သီးခြားဖွဲစည်းထားတဲ့ တပ်ဖွဲတစ်ခုရှိကြတယ်။ ဒီလိုအဖွဲအစည်းက သိရသလောက် ဖိုက်တာတွေနဲ့ဖွဲထားတယ်ပြောတယ်။ စစ်ပြေးတဲ့သူတွေကလည်း အခြေခံစစ်ပညာ တိုက်ရည်ခိုက်ရည်တွေရှိတော့ ဖမ်းဆီးတဲ့နေရာမှာ သူတိုထက် လက်စောင်းထက်ပြီး ဖိုက်တာကျနေနိုင်မှာအဆင်ပြေမှာမို တော်ပေ့ ကြမ်းပေ့ဆိုတဲ့သူတွေနဲ့ဖွဲစည်းထားတယ်လိုဆိုတယ်။ အန်ဂျွန်ဟိုတစ်ယောက် မမျှော်လင့်ဘဲ တပ်ထိန်းတပ်ဖွဲထဲရောက်ပြီး မကြုံစဖူး ထိတ်လန့်စရာ တာဝန်တွေထမ်းဆောင်ဖိုကြုံလာရတဲ့အခါမှာတော့… React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection စိးရီးလင့် - https://t.me/myanseries2023/1044

D.P. Season 1 (2021)
D.P. Season 1 (2021)

A Killer Paradox(2024) Our Beloved Summer ထဲက ပန်းချီဆရာလေးချွဲအွန်း (Choi Woo-shik) က နူးညံ့ခဲ့သလောက် ဒီတစ်ခေါက်ဇာတ်ကားထဲမှာတော့ ကြမ်းတမ်းတဲ့လူသတ်သမားအဖြစ်တွေ့ရမှာပါ။ Son Suk-ku ကလည်းMy Liberation Notes, The Roundup ဆိုတဲ့နာမည်ကြီးဇာတ်ကားတွေမှာပါဝင်ထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးမို့လို့ cast တွေကတော့ လူတိုင်းနဲ့ရင်းနှီးနေမှာပါ ဇာတ်လမ်းအကျဥ်း အီထန်း (Choi Woo-shik) က ဘဝကိုကြမ်းတမ်းစွာနေထိုင်ခဲ့ရင်းနဲ့ တစ်နေ့မှာတော့ လူသတ်မှုတွေကို အမှတ်မထင်ကျုးလွန်မိလိုက်ပါတယ်။ ဒါပေမယ့် သူသတ်ခဲ့တဲ့သူတွေအကုန်လုံးက အယုတ်မာဆုံးလူတွေဖြစ်နေပြီးတော့ သူ့မှာ မကောင်းတဲ့သူတွေကို ရှာဖွေနိုင်တဲ့ မွေးရာပါ ပါရမီရှိတာကို သူနားလည်သွားပါတော့တယ်။  ဒီလိုနဲ့ လူသတ်မှုတွေဆက်တိုက်ကျူးလွန်လာတဲ့အခါမှတော့.. ကိုရီးယားနိုင်ငံရဲတပ်ဖွဲ့အကြား လူသတ်သမားကို ဖမ်းဆီးဖို့အရေး ထိပ်တန်းတာဝန်တစ်ခုဖြစ်လာတဲ့အခါမှာတော့.... React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection ဇာတ်ကားလင့် - https://t.me/myanseries2023/1034

photo content

A Shop for Killers MM Sub (2024) Jeong Ji An ဆိုတဲ့ကောင်မလေးမှာ တစ်ဦးတည်းမိသားစုဝင်ဆိုလို ဦးလေးဖြစ်သူ Lee Dong Wook သာ ကျန်ရှိတယ်။ ဒီဦးလေးရဲ့ပဲ့ကိုင်မှုနဲ့ပဲ အရွယ်ရောက်လာရတယ်ဆိုသော်ငြားလည်း သတင်းဆိုးက သူမဆီကိုရောက်လာတယ်။ ဒါကတော့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့သတင်းပေါ့။ ဆိုတော့ ဦးလေးရှိတဲ့အရပ်ကို ပြန်လာပြီး မိသားစုဝင်ဆိုလို သူပဲရှိလေတော့ အသုဘကို စ/ဆုံးစီစဉ်ရတယ်။ ဒီလိုနဲ့ ဦးလေးသေတဲ့ရက်က လက် ၁၀ချောင်းမပြည့်သေးဘူး။ အိမ်ကို ပရောက်ဖက်ရှင်နယ် လူသတ်သမားတွေ အစုလိုက်အပြုံလိုက် တူမဖြစ်သူကို သတ်ဖို ရောက်လာတာပါပဲ။ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့ ပီပြင်လှတဲ့ ရိုက်ချက်တွေနဲ့အတူတူ စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။ React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection စီးရီးလင့် - https://t.me/myanseries2023/1024