en
Feedback
Myan Series Posters

Myan Series Posters

Open in Telegram

မြန်မာစာတန်းထိုး စီးရီးဇာတ်ကားကောင်းများ

Show more
2 902
Subscribers
No data24 hours
+337 days
+7930 days
Posts Archive
Heeramandi: The Diamond Bazaar (2024)
Heeramandi: The Diamond Bazaar (2024)

Bandidos (2024) Season 1 [ Complete ] **** ရတနာသိုက်ကိုလိုက်ရှာတဲ့ စွန့်စားခန်းဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် Netflixရဲ့အသစ်စက်စက် စပိန်ဇာတ်လမ်းတွဲဖြစ်တဲ့ Bandidos၊ စပိန်ဓားပြကားတွေ ဘယ်လောက်လန်းလဲဆိုတာကို Money Heist က သက်သေ ပြထားတာမလို့ ဒီကားလေးရော စိတ်တိုင်းကျဖြစ်ပါ့မလား ဆိုတာ ရှုစားကြည့်လိုက်ရအောင်ပါ။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီးမီဂဲလ်က ငယ်စဉ်ကတည်းက အဖေဖြစ်သူ နာမည်ကျော် ရှေးဟောင်းသုတေသနပညာရှင် ဂျူအန်မိုရာလိစ်နဲ့အတူ ရှေးဟောင်းရတနာသိုက်တွေလိုက်ရှင်းရင်း ကြီးပြင်းလာသူဆိုတော့ ရှေးဟောင်းပစ္စည်းတွေနဲ့ အကျွမ်းတဝင်ရှိသူပါ။ ဒါပေမဲ့ အဖေ့လိုလူရိုသေရှင်ရိုသေ ရှေးဟောင်းသုတေသီဖြစ်မလာဘဲ ဦးလေးနဲ့ပေါင်းပြီး ခိုးဆိုးလုနှိုက်ပေါက်စဖြစ်လာတဲ့သိုးမည်းလေးပေါ့။ ဒီလိုနဲ့ အဖေဖြစ်သူ အယ်ဇိုင်းမားဖြစ်လာတော့ ဘုရားစူးဂုဏ်ယူရတဲ့ သားတော်မောင်ကိုမမှတ်မိတော့ဘဲ သူ့ရဲ့တပည့် တက်သစ်စသုတေသီ အာရီရယ်ကိုပဲမှတ်မိနေလို့ ကြိတ်မနိုင်ခဲမရဖြစ်နေတာကတစ်ဖက်၊ အဖေ့ဆေးဖိုးနဲ့ အကြွေးပတ်လည်ဝိုင်းနေတာ ... အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။

Bandidos (2024) Season 1 [ Complete ]
Bandidos (2024) Season 1 [ Complete ]

Inside Man (2022) ဇာတ်လမ်းအကျဉ်းကိုပြောရရင် ရာဇဝတ်မှုပိုင်းဆိုင်ရာပညာနဲ့ ပါရဂူဘွဲ့ရခဲ့ပြီး မှုခင်းလောကရဲ့ နာမည်ကြီးစုံထောက်ကြီး…ဂျက်ဖာဆင်ဟာ ကိုယ့်မိန်းမကို သတ်မှုနဲ့ ထောင်ကျနေခဲ့တာ ၁၀ နှစ်ရှိပါပြီ။ ရိုးရိုးသတ်တာမဟုတ်ဘဲ ခေါင်းပါ ဖြတ်ခဲ့လို့ သေမိန့်ကျထားခံရသူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပညာဟာ ထောင် ထဲရောက်သွားတောင် အကျိုးပေးနေပါသေးတယ်။ အပြင်လောကက မနိုင် တော့တဲ့ အမှုမှန်သမျှကို ရဲ, စုံထောက်တွေက ဆရာကြီးဂျက်ဖာဆင်ဆီ လာပြီး ထောင်ထဲထိ ဖြေရှင်းခိုင်းရပါတယ်။ သူကလည်း သာမန်အမှုမျိုးဆို ကိုင်တတ် သူမဟုတ်ဘဲ၊ သူ့ရဲ့သတ်မှတ်စံနှုန်းပြည့်မှီတဲ့ အမှုကိုမှ ကိုင်ပါတယ်။ အမှုတွေဖြေရှင်းလာရင်း သူသေမိန့်နီးလာတဲ့ ၂ ပတ်အလိုမှာ အင်္ဂလန်က ဘုန်း ကြီးလူသတ်မှုကို ဖြေရှင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ သာမန်ဆို ခရစ် ယာန်ဘုန်းတော်ကြီး ဟယ်ရီဟာ လူသတ်ဖို့မပြောနဲ့ တစ်မြို့လုံးကချစ်ကြတဲ့ လူကောင်း ဘုန်းတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဟယ်ရီရဲ့ ရှုပ် ထွေးလှတဲ့အမှုကို ဖြေရှင်းဖို့ ဂျက်ဖာဆင်ဆီ ရောက်လာတဲ့ အခါမှာတော့ . . . မသေခင် နောက်ဆုံးအမှုတစ်ခုကို ကိုင်တွယ်ဖို့ဆုံးဖြတ်လိုက်တဲ့ ဂျက်ဖာဆင်နဲ့ ဟယ်ရီတို့ရဲ့ အမှုကိုစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ စုံထောက်ဇာတ် လမ်းတွဲတွေ ကြိုက်သူအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းတွဲလို့ အကြံ ပြုချင်ပါတယ်။ ဂျက်ဖာဆင်အဖြစ် သရုပ်ဆောင်ထားသူက Stanley Tucci ပဲ ဖြစ်ပါတယ်။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။

Inside Man (2022) Mini Series
+2
Inside Man (2022) Mini Series

Shōgun MM Sub (2024) ၁၆၀၀ ပြည့်နှစ်မှာ အင်္ဂလိပ်လမ်းပြ ပရိုတက်စတင့်ဘာသာဝင်တစ်ယောက်ဟာ ဂျပန်ကို လှေနဲ့ ပထမဆုံး ရောက်လာပါတယ်။ အဲဒီကာလမှာ ပေါ်တူဂီကသလစ်တွေဟာ ဂျပန်နဲ့ကုန်သွယ်ပြီး အရမ်းမြတ်စွန်းနေကြတဲ့ကာလဖြစ်ပါတယ်။ အခြား ဥရောပနိုင်ငံတွေကိုလည်း ဂျပန်ရဲ့ တည်နေရာကိုမသိအောင် ဖုံးထားပါတယ်။ ပေါ်တူဂီတွေရဲ့ မဟာရန်သူဖြစ်တဲ့ ပရိုတက်စတင့်ဘာသာဝင် ဟော်လန်လှေတွေ ဂျပန်ကိုရောက်လာချိန်မှာပဲ၊ ဂျပန်မှာလည်း ဘုရင်ခံချုပ်(တိုင်ကိုး) ကွယ်လွန်သွားပြီး အမွေခံ သားငယ်လေးပဲကျန်ခဲ့တာကြောင့် စစ်ခေါင်းဆောင် ၅ ပါးဟာ အာဏာလုဖို့ အားပြိုင်နေကြပါပြီ။ အဲဒီအားပြိုင်ပွဲမှာ ဥရောပကလာတဲ့ မဟာမိတ်နဲ့လက်နက်တွေဟာ အဖြေဖြစ်လာနိုင်တာကြောင့် ပထမဆုံးရောက်လာတဲ့ အင်္ဂလိပ်လမ်းပြ ဂျွန် ဘလက်သွန်းကို စည်းရုံးဖို့၊ လုပ်ကြံဖို့ ကြံစည်ကြပါတော့တယ်။ တစ်ပိုင်းပြီးတစ်ပိုင်း နိုင်ငံရေးတွေ၊ အတိုက်အခိုက်တွေနဲ့ကြမ်းမဲ့သဘောရှိလို့ တစ်ပတ်တစ်ခါ တင်ဆက်ပေးတာကို စောင့်ကြည့်အားပေးကြပါဦး။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ စီးရီးကြည့်ရန် ဒါကိုနှိပ်ပါ။

Shōgun MM Sub (2024) ၁၆၀၀ ပြည့်နှစ်မှာ အင်္ဂလိပ်လမ်းပြ ပရိုတက်စတင့်ဘာသာဝင်တစ်ယောက်ဟာ ဂျပန်ကို လှေနဲ့ ပထမဆုံး ရောက်လာပါတယ်။ အဲ
Shōgun MM Sub (2024) ၁၆၀၀ ပြည့်နှစ်မှာ အင်္ဂလိပ်လမ်းပြ ပရိုတက်စတင့်ဘာသာဝင်တစ်ယောက်ဟာ ဂျပန်ကို လှေနဲ့ ပထမဆုံး ရောက်လာပါတယ်။ အဲဒီကာလမှာ ပေါ်တူဂီကသလစ်တွေဟာ ဂျပန်နဲ့ကုန်သွယ်ပြီး အရမ်းမြတ်စွန်းနေကြတဲ့ကာလဖြစ်ပါတယ်။ အခြား ဥရောပနိုင်ငံတွေကိုလည်း ဂျပန်ရဲ့ တည်နေရာကိုမသိအောင် ဖုံးထားပါတယ်။ ပေါ်တူဂီတွေရဲ့ မဟာရန်သူဖြစ်တဲ့ ပရိုတက်စတင့်ဘာသာဝင် ဟော်လန်လှေတွေ ဂျပန်ကိုရောက်လာချိန်မှာပဲ၊ ဂျပန်မှာလည်း ဘုရင်ခံချုပ်(တိုင်ကိုး) ကွယ်လွန်သွားပြီး အမွေခံ သားငယ်လေးပဲကျန်ခဲ့တာကြောင့် စစ်ခေါင်းဆောင် ၅ ပါးဟာ အာဏာလုဖို့ အားပြိုင်နေကြပါပြီ။ အဲဒီအားပြိုင်ပွဲမှာ ဥရောပကလာတဲ့ မဟာမိတ်နဲ့လက်နက်တွေဟာ အဖြေဖြစ်လာနိုင်တာကြောင့် ပထမဆုံးရောက်လာတဲ့ အင်္ဂလိပ်လမ်းပြ ဂျွန် ဘလက်သွန်းကို စည်းရုံးဖို့၊ လုပ်ကြံဖို့ ကြံစည်ကြပါတော့တယ်။ တစ်ပိုင်းပြီးတစ်ပိုင်း နိုင်ငံရေးတွေ၊ အတိုက်အခိုက်တွေနဲ့ကြမ်းမဲ့သဘောရှိလို့ တစ်ပတ်တစ်ခါ တင်ဆက်ပေးတာကို စောင့်ကြည့်အားပေးကြပါဦး။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။

Goodbye Earth (2024) ရက် ၂၀၀ အတွင်း ကမ္ဘာပျက်မယ်ဆိုရင် သင်ဘာလုပ်မလဲ” ဂျပန်၀တ္ထုကို အခြေခံရိုက်ကူးထားပြီး Netflix ကနေ ထုတ်လွှင့်သွားမဲ့ ဒီစီရီးမှာတော့ တစ်နှစ်တာအကောင်းဆုံးဇာတ်လမ်းတွဲဆုကိုရရှိသွားခဲ့တဲ့ “My Dearest” ထဲက မင်းသမီး Ahn Eun-Jin ၊ “Seoul Vibe, Hellbound ” ထဲက Yoo Ah-in ၊ “The Fiery Priest” ထဲက ဖာသာလေးဖြစ်တဲ့ Jeong Sung-Woo ၊ “Shooting Star” ထဲက Kim Yoon-Hye တို့အပြင် ဝါရင့်အနုပညာရှင်ကြီးတွေ ပါဝင်ထားပါတယ်။ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဟာ ကမ္ဘာကြီးပေါ်ကို ရက် 200 အတွင်းကျရောက်ပြီး ကမ္ဘာကြီးပျက်သုဥ်းတော့မယ်လို့ လူသားတွေသိသွားကြတဲ့အခါမှာ ကမ္ဘာမြေကြီးမှာ ဝရုန်းသုန်းကားတွေ ဖြစ်သွားပါတော့တယ်။ ဒီသတင်းကို သိသွားတဲ့အချိန်မှာတော့ အလယ်တန်းဆရာမလေး တစ်ယောက်ဖြစ်တဲ့ Jin Se-Kyung (Ahn Eun-Jin) ဟာ အန္တရာယ်ကျရောက်နေတဲ့ကလေးတွေကို ကယ်တင်ဖို့အတွက် ကျောင်းဆရာမအလုပ်ကနေထွက်ပြီးတော့ မြို့တော်ခန်းမရဲ့ ကလေးသူငယ်စောင့်ရှောက်ရေးဌာနမှာ လုပ်အားပေးဝင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ သူမရဲ့ချစ်သူ Ha Yoon-Sang (Yoo Ah-In) ကတော့ အမေရိကမှာရှိတဲ့ ဇီဝနည်းပညာ အဖွဲ့အစည်းရဲ့ သုတေသနပညာရှင်ဖြစ်ပြီးတော့ ကမ္ဘာကြီးပျက်သုဥ်းတော့မယ့် သတင်းကိုကြားပြီးနောက် ချစ်ရသူနဲ့အတူ နေထိုင်ဖို့ ကိုရီးယားကို ပြန်လာပါတော့တယ်။ ဒီသတင်းကိုကြားပြီး ဘုရားကျောင်းရဲ့ အုပ်ချုပ်သူ ဘုန်းတော်ကြီး ထွက်ပြေးသွားတာကြောင့် လက်ထောက်ဘုန်းတော်ကြီးဖြစ်တဲ့ Woo Sung-Jae (Jeong Sung-Woo) ကတော့ ဘုရားကျောင်းတက်တဲ့သူတွေကို တာဝန်ယူနေရပြီးတော့ Kang In-A (Kim Yoon-Hye) ကတော့ ပရမ်းပတာတွေဖြစ်နေတဲ့ အွန်းချွန်းမြို့ကို ကူညီထောက်ပံ့ပေးဖို့အတွက် တာဝန်ကျတဲ့ အထူးတပ်ဖွဲ့ထဲက တစ်ယောက်ပဲဖြစ်ပါတယ်။ ကမ္ဘာကြီးပျက်စီးတော့မှာကို သိသွားကြတဲ့အခါမှာ လူသားတွေ သောကတွေကြောင့် ဖိစီးပြီး စိတ်ဓာတ်ရေးရာတွေပြောင်းလဲသွားကြတာကို သရုပ်ဖော်ထားပြီးတော့ ကိုယ်ကျိုးစွန့်ပြီး ကလေးတွေကိုကာကွယ်မယ့် ဆရာမ၊ ကိုယ့်ရဲ့ပူဆွေးမှုကိုမြိုသိပ်ပြီး ဘုရားကျောင်းတက်တဲ့သူတွေကို စောင့်ရှောက်မယ့် ဖာသာ၊ ပျက်စီးနေတဲ့မြို့ကို ကာကွယ်ထောက်ပံ့ပေးမဲ့ သန်မာတဲ့အထူးတပ်သား သူတို့တွေ ကြုံတွေ့ရမယ့်အခက်အခဲတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြသလဲဆိုတာ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။

Goodbye Earth (2024)
Goodbye Earth (2024)

Parasyte: The Grey (2024) ကောင်းကင်ပေါ်ကနေ ရုတ်တရက် ကျ‌ရောက်လာတဲ့ Parasyte တွေဟာ လူတွေရဲ့ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်ပြီး လူသား‌တွေကို ရန်ရှာသတ်ဖြတ်လာကြပါတယ်။ ကိုယ်ပိုင်အင်အားစု ဖန်တီးဖို့ ကြိုးစားနေတဲ့ Parasyte တွေရဲ့ ရန်ကနေ ကာကွယ်ဖို့အတွက် လူသားတွေကလည်း ပြန်လည် ထိုးစစ်ဆင်ကြပါတော့တယ်။ ဂျောင်ဆူအင်ကတော့ Parasyte လက်ခံကောင်ဖြစ်သွားပြီးနောက်မှာ Parasyte နဲ့ အတူယှဉ်တွဲနေထိုင်နေရပါတယ်။ ဆောဂန်းအူကတော့ ပျောက်ဆုံးသွားတဲ့ ညီမဖြစ်သူကို ရှာဖွေဖို့အတွက် Parasyte တွေနောက်ကို လိုက်နေသူတစ်ဦးပါ။ ချွဲဂျွန်းဂယောင်းကတော့ Parasyte တွေကြောင့် ယောကျာ်းဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး သူ့ဘဝ ရည်မှန်းချက်က Parasyte တွေကို အမြစ်ဖြတ်ချေမှုန်းဖို့ပဲဖြစ်ပါတယ်။ ဇာတ်ကြောင်းကိုယ်စီရှိကြတဲ့ လူသားတွေနဲ့ Parasyte တွေကြားက ပြင်းထန်တဲ့ တိုက်ပွဲစတင်လာခဲ့ပြီး နောက်ဆုံးမှာ ဘယ်ဘက်က အနိုင်ရရှိသွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှူရမှာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရဦးမဲ့ သည်းထိပ်ရင်ဖို့ Sci-fi စီးရီးလေးပဲ ဖြစ်ပါတယ်။ React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection

photo content

Boru (2018) IMDb - 8.1/10 Genre - War, Action စစ်ကားကောင်းတွေကိုမှကြည့်ချင်တဲ့ စစ်ကားပရိတ်သတ်တွေအတွက် ဒီ ၆ ပိုင်းသာပါရှိတဲ့ မီနီ စီးရီးလေးက စစ်ပွဲတွေရဲ့ရသတွေကိုပေးနိုင်မှာပါ…ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့် အချိန်ပေးပြီးကြည့်ရကျိုးနပ်မှာပါ… တပိုင်းချင်းစီရဲ့ ကြာမြင့်ချိန်က ဇာတ်ကားတစ်ကားကြည့်ရတဲ့ အချိန်နဲ့တူညီမှာဖြစ်ပြီးတော့ ကြာမြင့်ချိန် ၁ နာရီ ကျော်ရှိပြီးတော့ ကြည်လက်ပြတ်သားတဲ့ ရိုက်ချက်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်… IMDB Rating 8.1 ရရှိထားပြီးတော့ တပိုင်းချင်းဆီရဲ့ Rating တွေကလည်း တော်တော်ကောင်းပါတယ်။စစ်ဆင်ရေးအခန်းတွေကိုလည်း တကယ့်အပြင်မှာဖြစ်နေသလိုမျိူးရိုက်ထားတာဖြစ်ပါတယ်…အထူးတပ်ဖွဲWolfအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ စစ်ကားပရိတ်သတ်များအကြိုက်တွေ့စေမယ့် စီးရီးဖြစ်ပါတယ်…. React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection စီးရီးလင့် - https://t.me/myanseries2023/1192

photo content

Chicken Nugget (2024) Choi Sun-Manက အသေးစားစက်ပစ္စည်း ကုမ္ပဏီပိုင်ရှင်ဖြစ်ပါတယ်။ Go Baek-Joong ကတော့ အဲဒီကုမ္ပဏီက အလုပ်သင်ဖြစ်ပြီးတော့ Choi Sun-Man ရဲ့သမီး Choi Min-A အပေါ် ကြိတ်ကြွေနေသူပါ။ တစ်နေ့မှာတော့ Choi Min-A က ကြက်သားလုံးကြော်ပေးဖိုဆိုပြီး အဖေ့ကုမ္ပဏီကို ရောက်လာတယ်။ အဲဒီကနေ ကုမ္ပဏီမှာ အသစ်ရောက်ထားတဲ့စက်ထဲ ဝင်ပြီး စပ်စုမိရာက Choi Min-A က လူအဖြစ်ကနေ ကြက်သားလုံးကြော်ဖြစ်သွားခဲ့တယ်။ ကြက်သားလုံးကြော်ဘဝရောက်နေတဲ့ Choi Min-A ကို သူ့အဖေနဲ့ အလုပ်သင်လေးက ဘယ်လိုလူပြန်ဖြစ်အောင် လုပ်မလဲဆိုတာကို တစ်ကားလုံးခွီရင်း ကြည့်ရှူရမှာပါ။ React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection

Chicken Nugget (2024)
Chicken Nugget (2024)

Dr. Brain MM Sub (2021) နာမည်ကြီး ဝဘ်ကာတွန်းတစ်ခုဖြစ်တဲ့ ဒေါက်တာဘရိန်းကို ရိုက်ကူးထားတာပါ။ သိပ္ပံ စိတ်ကူးယဉ် လျှိဝှက်ဆန်းကြယ် အမျိုးအစားဖြစ်ပါတယ်။ ဒေါက်တာ ဂိုဆဲဝန်းဟာ ငယ်ငယ်ကတည်းက အလွန်ဉာဏ်ကောင်းပေမဲ့ စိတ်ခံစားချက်တွေမရှိတဲ့ အော်တစ်ဇင်ရောဂါသည်တစ်ယောက်ဖြစ်ပါတယ်။ သူကြီးပြင်းလာတော့ ဦးနှောက်သုတေသနပညာရှင်ဖြစ်လာပြီး လူတွေရဲ့ ဦးနှောက်တွေကို ကွမ်တမ်နည်းပညာနဲ့ ချိတ်ဆက်ပြီး အတွေးတွေ၊ မှတ်ဉာဏ်တွေကို တူးဖောက်နည်းကို လေ့လာနေခဲ့ပါတယ်။ လေ့လာနေဆဲမှာပဲ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်မိပြီး သိလာရတာက ဦးနှောက်ချိတ်ဆက်မှုတွေဟာ ရှုပ်ထွေးပြီး အခြားလူတွေရဲ့ အမူအကျင့်တွေ၊ စရိုက်တွေကိုပါ ရောထွေးရရှိလာတာကို တွေ့လာရပါတယ်။ အဲဒီမှာပဲ သူ့ရဲ့ သေပြီထင်နေတဲ့ သားနဲ့ပတ်သတ်ပြီး မှတ်ဉာဏ်တွေ၊ အရှုပ်အရှင်းတွေပေါ်လာချိန်မှာ ဒီနည်းပညာကိုသုံးပြီး စုံစမ်းဖို ဆုံးဖြတ်လိုက်ပါတော့တယ်..... React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection စီးရီးလင့် - https://t.me/myanseries2023/1172

photo content

Percy Jackson and the Olympians (2023) ပါစီဂျက်ဆန်မှာ ကျောင်းမှာ စိတ်ကူးအရမ်းယဉ်တတ်ပြီး ထူးဆန်းတာတွေကို တစ်ယောက်တည်း မြင်တတ်လွန်းလို့ တစ်ကျောင်းလုံးက အူကြောင်ကြောင်ကောင်လေးအဖြစ် သတ်မှတ်ထားတာပါ။ ဒါပေမဲ့ သူဟာ လူသားနဲ့ နတ်ဘုရားတွေက‌နေ မွေးလာတဲ့ သွေးနှောနတ်ဘုရား တစ်ယောက်ဖြစ်နေပြီး သူ အရွယ်ရောက်လာတဲ့ ၁၂ ပြည့်မှာပဲ အန္တရာယ်ပေးမဲ့ မိစ္ဆာတွေရောက်လာတာကြောင့် သူ့အမေနဲ့အတူ သွေးနှောနတ်ဘုရားတွေကို လေ့ကျင့်ပေးတဲ့စခန်းဆီကို ပြေးရပါတော့တယ်။ အဲဒီစခန်းကိုရောက်ဖို့ မိစ္ဆာတွေလက်က လွတ်အောင်ပြေးရင်း စခန်းထဲကနေ ဘာတွေကို ဆက်ရင်ဆိုင်ရမလဲဆိုတာကို ဆက်ကြည့်ရမှာပါပဲ။ အပတ်စဉ်ထွက်ရှိမှာဖြစ်ပြီး အပိုင်း ၈ ပိုင်း ပါဝင်မှာဖြစ်ပါတယ်။ React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection စီးရီးလင့် - https://t.me/myanseries2023/1159

photo content
+3

Knight Flower(2024) မမ Lee Ha Neeနဲ့ Lee Jong wonတို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဂျိုဆွန်းနောက်ခံ နန်းတွင်း ဟာသစီးရီးသစ်ဖြစ်ပါတယ်… ဂျိုယောဟွာဆိုတဲ့ အမျိုးသမီးဟာ မျိုးရိုးမြင့် ဂုဏ်သရေအကြီးအမားဆုံး အိမ်တော်ရဲ့ ချွေးမဖြစ်ခဲ့ပြီး ခင်ပွန်းဖြစ်သူ ဆုံးပါးခဲ့တာ ၁၅နှစ်ကျော်ပြီဖြစ်တဲ့ မုဆိုးမတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထဲက အိမ်ပြင်လုံးဝမထွက်ဘဲ အေးဆေးတည်ငြိမ်ပြီး အိန္ဒြေကြီးသူအဖြစ် သတင်းကြီးသူလည်းဖြစ်ပါတယ်။ အိန္ဒြေကြီးလှပါတယ်ဆိုတဲ့ မုဆိုးမလေး ဂျိုယောဟွာရဲ့ လူတွေမသိတဲ့ နောက်ထပ် ပုံစံတစ်မျိုးကတော့ ညဘက်တွေမှာ အိမ်ခေါင်မိုးတွေပေါ်၊ အုတ်နံရံတွေပေါ်မှာ ခုန်ပျံကျော်လွှားရင်း ဒုက္ခရောက်နေသူတွေကို ကူညီပေးနေတဲ့ အမျိုးသမီးသူရဲကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ နေ့ဘက်ဆို အိမ်တွင်းပုန်း၊ ညဘက်ဆို လူမသိအောင် ဖိုက်တာထွက်လုပ်ပြီး ကူညီတတ်တဲ့ မုဆိုးမလေးဟာ တစ်နေ့မှာတော့ ရုပ်ရည်ချောမောပြီး အလုပ်မှာလည်း ထူးချွန်ထက်မြက်တဲ့ အရာရှိ ဆူဟို နဲ့ တွေ့ဆုံပြီး သဘောကျခဲ့ပေမယ့် မိသားစုအရှုပ်အထွေးတွေ၊လျှို့ဝှက်ချက်တွေနဲ့ အခက်အခဲတွေကြားမှာ သူတို့ရဲ့ အချစ်ရေးဟာ ဖြောင့်ဖြူးပါ့မလားဆိုတာကို ဟာသလေးတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်….. React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် https://t.me/myanmotionposters Myanseries ကို Join ရန် https://t.me/myanseriespostercollection