en
Feedback
𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

𝗚𝗿𝗶𝗲𝘃𝗮𝗻𝗰𝗲 𝗠𝗼𝗼𝗱🧠🫀

Open in Telegram

စာရှည်/လင်္ကာ/ကဗျာနှင့်စာတို ကြိုက်နှစ်သက်သူများအတွက် စာရေးဆရာ‌နှင့်ကဗျာဆရာများ၏ရေးသားထားသောက‌ဗျာ/စာများကိုပြန်လည်တင်ဆက်ပေးထားခြင်းဖြစ်သည်။

Show more
1 799
Subscribers
No data24 hours
-17 days
-830 days
Posts Archive
ချစ်တယ်မဆိုသာရုံ နွေးထွေးမှုမှာ ကိုယ်ဟာ အသက်မပါသွားရုံ မျှော်လင့်ချက်ကို ရင်းခဲ့ပါတယ်။ -အံ့လွန်းပျို

ငယ်ရွယ်မှုက ဘာနဲ့မှတုလို့ မရပါဘူး ဒါကြောင့် သူတို့ သူတို့ အရူးအမူး ချစ်ကြပါစေ။                                        -အောင်ချိမ့်

အနှစ်နှစ် အလလ စိတ်ကူးယဉ်ခဲ့တာကိုမှ လက်လွှတ်ရတဲ့အခါ ကျွန်တော် အိပ်မက်တွေကို မုန်းခဲ့တယ်...။ -အံ့လွန်းပျို

မျှော်လင့်ချက်တွေဟာ လုပ်ကြံခံလိုက်ရတယ် အနာဂတ်ကတော့ အသက်ငင်နေဆဲ ။ -လှသန်း

ကဗျာအမည် - ကျောက်သားအဖြစ် ရေးသားသူ - ခင်ဇော်မြင့် ရွတ်ဖတ်သူ - လင်းဧနူ

ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ် ယုံတာတစ်ခုက ကောင်းကောင်းချစ်တတ်တဲ့ နှလုံးရှိတယ်လို့ပဲ။ ချစ်စရာရှိရင် ကျွန်မကပဲ ချစ်ချင်တယ်။ -ကြည်အေး

မင်းကို အားမကိုးချင်သလို ငါ့မှာလဲ အားကိုးစရာဘာမှမရှိ။ ဒါတောင် ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်သူပါတဲ့လေ။ ခက်ပါရဲ့။ -အံ့လွန်းပျို

လူဆန်ခြင်း ဘဝမှာ မရခဲ့တာတွေ အများကြီးအတွက် တစ်ဝက်နောင်တနဲ့ နေထိုင်တယ် ။ စိတ်မကုန်နိုင်သေးသော ကမ္ဘာကြီး မိုက်လုံးကြီးမှုတွေအတွက် ခွင့်လွှတ်ပါ ။ -လှသန်း

ပညာဟူသည်၊ နတ္တမည်ပင် တည်တံ့ဉာဏ်ဦး၊ ထည်ဝါထူးလည်း အရူးစကား၊ ယုံကြည်ထားမူ အလားတူဟန် ဉာဏ်မဲ့တည်း။ -အံ့လွန်းပျို

ပွဲတော်တွေဟာလည်း ပျော်စရာမကောင်းတော့ပါဘူး။ ဒို့ခေါင်းပေါ်မှာ ကောင်းကင်ကြီးဟာ လွတ်လွတ်လပ်လပ်မှမဟုတ်တာ ။ -မောင်ချောနွယ်

အလွမ်း တမ်းတမ်းတတ လွမ်းနာကျ ဘဝအစဉ် လွမ်းမိပင်။ -အံ့လွန်းပျို
အလွမ်း တမ်းတမ်းတတ လွမ်းနာကျ ဘဝအစဉ် လွမ်းမိပင်။ -အံ့လွန်းပျို

အသက်ရှင်နေရခြင်းမှာ ဝန်ကင်းချင်တယ်။အများအကျိုး အတွက်ဆိုရင်တောင် တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ် ပြန်ငဲ့ရမယ်။ ငါဟာ ချောက်ကမ်းပါးစွန်းမှာ...။ -အံ့လွန်းပျို

လေနှင်ရာလွင့်တဲ့ လေလွင့်ရွက်ဝါလေး တစ်ရွက်ကို ငါ့အတွက် ရောက်လာတဲ့ ကံကောင်းခြင်းလေးလိုမျိုး တန်ဖိုးထားပေးခဲ့ပါတယ်...။ -အံ့လွန်းပျို

အချစ်ခံရဖို့ ချစ်တာမဟုတ်ပေမဲ့ အပြစ်ခံရဖို့လို့လဲ မရည်ရွယ်ပါဘူး။ ရခဲ့တာကတော့ ဥပေက္ခာတွေချည်း...။ -အံ့လွန်းပျို

မရှိမဖြစ် ဆိုတာမျိုး တကယ်ရှိခဲ့တယ် အသက်။ မင်းမရှိလို့ မဖြစ်တာမဟုတ်ဘဲ မင်းရှိမှဖြစ်မယ့် အခိုက်အတန့်မျိုး ငါ့ဘဝမှာလဲ ရှိခဲ့တယ်။ -အံ့လွန်းပျို

ရေစက်တဲ့... တချို့ရေစက်တွေက… မြတ်နိုးဖို့ပဲ ရောက်လာတာ… ပိုင်ဆိုင်ဖို့ မဟုတ်ဘူး… တချို့လူတွေက… ဘဝတစ်လျှောက် အတူလျှောက်ဖို့ မဟုတ်ဘူး… အမှတ်တရတစ်ခုအဖြစ် နှလုံးသားထဲမှာ ကျန်ရစ်ဖို့ ရောက်လာတာ… တချို့အချစ်တွေက… လက်တွဲခွင့် မရခဲ့ပေမယ့်… မေ့ပစ်နိုင်တဲ့ အချစ်မျိုးလည်း မဟုတ်ဘူး… ရေစက်ဆိုတာ… အတူပိုင်ဆိုင်ရတာနဲ့ပဲ မတိုင်းတာဘူး… တွေ့ဆုံခွင့်ရခဲ့တာ၊ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဘဝမှာ လှပတဲ့ အမှတ်တရတစ်ခု ဖြစ်ခွင့်ရခဲ့တာကလည်း ရေစက်ရဲ့ အဓိပ္ပာယ်တစ်ခုပါပဲ… တချို့လူတွေကို… လွှတ်ပေးလိုက်ရပေမယ့်… ဆုတောင်းပေးနေတဲ့ နှလုံးသားကတော့ ဘယ်တော့မှ မပြောင်းလဲသွားဘူး… အဲဒါက ရေစက်ရဲ့ အလှဆုံး အဆုံးသတ်ပါ။ -crd

တံခါးမရှိ၊ ဓားမရှိ ကော်ဇောခင်းလို့ စောင့်နေသူမို့ ရွှေရှိဖို့၊ ငွေရှိဖို့မလို သူရှိရင်ပဲ ပြည့်စုံပါပြီ။ -အံ့လွန်းပျို

အမျိုးအတွက် စွန့်ဝံ့သူ ချစ်တဲ့သူငယ်လေ . . . သူငယ်ချင်းကောင်း သွေးသောက်တို့လေ . . . ။ တိုက်ပါရလို့ တိုက်ရလျှင်လဲ ဗမာအရှင်၊ တို့သခင်မျိုး မျိုးရိုးဂုဏ်ထက်၊ ဓားရေးသွက်သည့် ဗမာဘက်မှသာတဲ့။ ကိုင်ပါရလို့ ကိုင်ရလျှင်လဲ ကျောက်ကြီးကျောက်ငယ်၊ ခုနစ်သွယ်တို့ စီခြယ်အပ်သည့်၊ ရွှေထပ်ထားတဲ့ ယိမ်းနွဲ့ပါးဓားမှသာတဲ့။ စွန့်ပါရလို့ စွန့်ရလျှင်လဲ ဘိုးဘွားတို့ချွေး၊ အသက်သွေးနှင့် တို့မျိုးဇာနည်၊ ထီးနန်းတည်ထောင် ဗမာပြည်ကြီးမှသာတဲ့။ ရန်သူတို့လည်းချောင်းသွေး၊ ခြေဆေးချင်တယ်လေး။ -ဒေါင်းနက်

ကဗျာအမည် - အိပ်ဆေးမေ့တဲ့ည ရေးသားသူ - အံ့လွန်းပျို ရွတ်ဖတ်သူ - လင်းဧနူ

အရာအားလုံးကို သတိတရ... မျက်လုံးချင်းဆုံခဲ့တဲ့ အချိန်တွေ၊ မင်းလက်ကလေးကိုင်ခဲ့ရတဲ့ စက္ကန့်ပိုင်းတွေ၊ ကြည့်ရင်းနဲ့ ပြုံးရတဲ့ငေးမောမှုတွေ... အသက်ရေ ငါဟာမင်းကို သတိတရပါကွယ်။ -အံ့လွန်းပျို