en
Feedback
နွေဦးမှာ ပွင့်ဖူးမည့် ကဗျာများ

နွေဦးမှာ ပွင့်ဖူးမည့် ကဗျာများ

Open in Telegram
516
Subscribers
No data24 hours
-57 days
-1130 days
Posts Archive
ကဗျာရူးရယ်၊ စာရူးရယ်၊ အချစ်ရူးရယ် ငါအချစ်ဆုံးပဲ သူတို့က နှလုံးသားရှိလို့ ဥစ္စာရူးရယ်၊ အာဏာရူးရယ် ငါအမုန်းဆုံးပဲ သူတို့က နှလုံးသားမရှိလို့ ။ -အောင်သင်း

ㅤ တစုံတယောက်ရဲ့ရည်းစားမဖြစ်ချင်ဘူးဆိုတဲ့သူက အခုတော့တစုံတယောက်ရဲ့ ဇနီးဖြစ်နေတာကို Tom ကခုထိနားမလည်နိုင်ဖြစ်နေပါတယ်။ Summer က Tom နဲ့ဘယ်တုန်းကမှမသေချာခဲ့တဲ့အရာတွေဟာ အခုတယောက်နဲ့မှအကုန်သေချာသွားပါတယ်။ ဒီတယောက်နဲ့တွေ့ ပြီး Tom ပြောဖူးတဲ့အချစ်ဆိုတာကို နားလည်သွားတာဖြစ်ပါတယ်။ အချစ်တို့ ဖူးစာရှင်တို့နဲ့ပတ်သက်လို့ Tom ပြောခဲ့တဲ့အရာတွေကအမှန်တွေဘဲလို့ Summer က လက်ခံနိုင်သွားပါတယ်။ Tom မှားခဲ့တဲ့တခုထဲသောအရာကတော့ Summer က သူ့ဖူးစာရှင်လို့ ထင်ခဲ့တာဘဲဖြစ်ပါတယ်။ ဆုံးရှုံးမှုဆိုတာ ဘာမှန်းတောင်မသိတာက လူတိုင်းလိုချင်တဲ့ အချစ်မျိုး ဖြစ်နိုင်ပေမဲ့ တကယ့်အချစ်စစ်ဆိုတာ ပျော်စရာ အခိုက်အတန့်အတိုလေးဘဲ မဟုတ်ပါဘူး။ ကားထဲမှာ ရန်ဖြစ်တာတွေ၊ လိုအပ်ရင်စိတ်ခွန်အားပေးတာတွေ၊ ကိုယ့်အတွက်ပါ သန်မာပေးတာတွေ၊ အားနည်းချိန်မှာ ကာကွယ်ပေးတာတွေ၊ အတူတူ ကြီးပြင်းလာတာတွေ၊ တယောက်ကိုတယောက် စောင့်ရှောက်ပေးတာတွေ စတဲ့စတဲ့ အသေးအဖွဲလေးတွေ သန်းနဲ့ချီ စုပေါင်းထားတာကမှ အချစ်ပါ။ ဘဝဆိုတာကလည်း ပျော်စရာအခိုက်အတန့် တိုတိုလေးမဟုတ်သလို ထာဝရ ဘဝဆို ပိုလို့တောင် ရှည်လျားပါ သေးတယ်။  ။ ဇာတ်ကားကြည့်ရန် - နှိပ်ပါ

ပျားတွေဟာ ရက် ၄၀ လောက်ပဲ အသက်ရှင်တယ်။ အဲဒီအချိန်အတွင်းမှာ ပန်းပွင့် ၁၀၀၀ လောက်ကို သွားစုပြီး ပျားရည် လက်ဖက်ရည်ဇွန်းတဇွန်းအောက်ပဲ ထုတ်နိုင်တယ်။ ငါတို့အတွက် အဲဒါက ပျားရည်နည်းနည်းလေးပဲ။ ဒါပေမယ့် ပျားအတွက်တော့ အဲဒါက သူ့တသက်တာလုံးရဲ့ အလုပ်ပါ။ သေးသေးလို့မြင်တဲ့အရာက တယောက်ယောက်အတွက်တော့ ကြီးမားလှတဲ့ ဘဝတခုလုံးပဲ။ ▪︎Benevolent Guy

🦋 နေရာ 🦋 အတ္တ လောဘ မာန် ဒေါသနဲ့ မသိမှု့ အဝိဇ္ဇာ မောဟ များတဲ့ လောက မြေပြင် အကျယ်ကြီး ထင်လို့ တစ်နေရာ စာ နေရာ ရှာမှ ကမ္ဘာကြီး ကျဥ်းမှန်း သိလိုက် ရတယ် AM 10:13 6-9-2026

ㅤ ဆောင်း၀င်တော့မယ် အချစ်ထက်ပိုပြီး ဘယ်မီးဖိုက နွေးပါ့မလဲ ။ ▪︎ကြည်ဇော်အေး

ㅤ တခါတလေ ကြုံမယ်အကောင်း အဆိုးလဲတွေ့ရမယ်။ အလိုက်အထိုက်ပေါ့လေ ဘယ်အမှောင် ဘယ်လိုမှောင်လဲ။ တနေ့တော့လင်းရမယ် စိတ်မလျှော့နဲ့လေ။ အားလုံးကိုကျော်ဖြတ်ရမယ် နွေကန္တာ ခရီးကြမ်းတွေဆူးခင်းလမ်း။ ခရောင်းတောနက်တွေ စိတ္တဇညတွေ တလှမ်းချင်းလှမ်းလို့။ မရောက်အရောက်သွားမယ်လေ ဩော် ... တနေ့တော့။ အာလုံးကိုကျော်ဖြတ်ရမယ် ။ ▪️ကိုနေဝင်း | အားလုံးကို ကျော်ဖြတ်ရမယ်

ဘယ်သူမှ မတော်တဆ လူကောင်းဖြစ်မလာဘူး။ ကိုယ်ကျင့်တရားဆိုတာ သင်ယူရမယ့်အရာပဲ။ ▪️Seneca

ㅤ ဆောင်း၀င်တော့မယ် အချစ်ထက်ပိုပြီး ဘယ်မီးဖိုက နွေးပါ့မလဲ ။ -ကြည်ဇော်အေး

ပျော်ရွှင်မှုဆိုတာ ကလေးငယ်တယောက်ရဲ့ မုန့်ပါပဲ ပျော်ရွှင်မှုဆိုတာ ကြင်စဦး ဇနီးမောင်နှံရဲ့ ရင်ခုန်သံပါပဲ ပျော်ရွှင်မှုဆိုတာ ဟိုက်ဒြိုဂျင်ထက် ပေါ့ပါးပြီး အောက်စီဂျင်ထက် ပိုအရေးကြီးတယ် ပျော်ရွှင်မှုဆိုတာ သောက်ရေလို အမောပြေစေတယ် လမ်းဘေး ရေအိုးစင်ကဖြစ်ဖြစ် ရေခဲသေတ္တာထဲက ဖြစ်ဖြစ် ပျော်ရွှင်မှုဆိုတာ လူ့ဘဝထဲ အဖော်မွန်အစစ်ပါပဲ ပျော်ရွှင်မှုဆိုတာ ဘဝ ကစားဝိုင်းထဲက လျော်ကြေးပါပဲ ပျော်ရွှင်မှုဆိုတာ ငါတို့ စိတ်ညစ်ခဲ့တာတွေ ငါတို့ ကြေကွဲခဲ့တာတွေ ငါတို့ နာကျည်းခဲ့တာတွေ ငါတို့ ဆုံးရှုံးခဲ့တာတွေအတွက် တချိန်ချိန်မှာ ပြန်ရမယ့် နစ်နာကြေးပါပဲ တနေ့ ငါတို့ ပျော်ရွှင်ကြမယ် လော်စပီကာလို ကျယ်လောင်မှုမျိုးနဲ့ တနေ့ ငါတို့ ပျော်ရွှင်ကြမယ် မော်တာလို အဆက်မပြတ် လည်ပတ်မှုနဲ့ တနေ့ ငါတို့ ပျော်ရွှင်ကြမယ် မြစ်ထဲက စင်ရော်တွေလို လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုဆိုတာ မျှော်လင့်ချက်တွေနဲ့ ဒွန်တွဲနေတတ်တယ် မျှော်လင့်ချက်ကတော့ နာရီလက်တံလို တရွေ့ရွေ့သွားနေပေါ့ လောလောဆယ်မှာတော့ ပျော်ရွှင်မှုက ဘာမှ မရေးရသေးတဲ့ စာရွက်အလွတ်တရွက်။  ။ -လှသန်း (ပျော်ရွှင်မှုဆိုတာ...)

မင်းကိုငါချစ်တယ် ဒါပေပေမယ့် မင်းက ငါချစ်ခဲ့တုန်းက ပုံစံမျိုးတော့ မဟုတ်တော့ဘူး၊ ငါကလဲ မင်းနှစ်သက်ခဲ့တဲ့အနေအထားမျိုး မရှိတော့ဘူး။ ငါတို့ ဘာဆက်လုပ်ကြမလဲ? တချို့အရာတွေ ဆုံးရှုံးသွားတဲ့ပုံစံက သိပ့်အံ့ဩဖို့ကောင်းတယ် မင့်နေရာမှာ မင်းနဲ့ပြန်အစားထိုးရင်တောင် ပြန်မရတော့မယ့်အရာမျိုးတွေပေါ့။ #ပြည့်စုံဝင်း

ယနေ့နံနက်တိုင် တုန်ခါလျက် သတိရလျက် ။ -အောင်ချိမ့်

လက်အုပ်ချီနေတာတောင်မှ လက်ထဲ ဘာတွေထည့်ဝှက်ထားသလဲ အမေးခံရသလိုမျိုး မယုံကြည်ခြင်းတွေဟာ စောက်ခွက်ကို လာလာထိုးတယ်။ - ဘုန်းပြည့်စုံမင်း

ㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤㅤ တခါတရံ ပြင်သစ် စားသောက်ဆိုင်က မီနူးကတ်လို ကျွန်တော်တို့ နားမလည်နိုင်တာတွေ ။ ပြာမရခင် ဘာရလိုက်သလဲ ..... ဝက်သားဟင်းတခွက်၊ ကဗျာဗေဒ အဖေ့ကြိမ်လုံး၊ အဆုတ်ရောဂါနဲ့ ကိုယ့်ကိုမချစ်တဲ့ ကောင်မလေး ။ ရည်းစားဦးနဲ့ လွဲခဲ့တယ် စီးမဲ့ရထားနဲ့ လွဲခဲ့တယ် ဘဝနဲ့ မလွဲစေနဲ့ ။   ။ -
သစ္စာနီ | စီးကရက်တလိပ်ကို မီးမညှိဘဲ သောက်တဲ့အခါ

ㅤ အိပ်မက်မက်သူတွေဟာ အိပ်မက်ရဲ့အစကို ဘယ်တုန်းကမှ ပြန်မမှတ်မိတတ်ကြပါဘူးတဲ့။ ဒါကြောင့်မို့လည်း မင်း ဘယ်လို ပျောက်ကွယ်သွားသလဲဆိုတာ ငါ မမှတ်မိနိုင်ခဲ့တာပေါ့။ မင်းပြောသလို ငါက အမြဲရယ်နေနိုင်ခဲ့တာပဲ။ မဟုတ်ရင်ကော လက်တွေ့ဘဝမှာ ငါတို့လုပ်နိုင်တာ ဘာရှိလို့လဲ။ ငါတို့ဆုံစည်းမယ် ဒါမှမဟုတ် တဖြည်းဖြည်း ဝေးကွာမယ်။ ငါက မင်းကို နေမျိုးရဲ့ အသံ ဆိုတဲ့ ကဗျာလေးရွတ်ပြဖို့ ကြံစည်ဖူးခဲ့တယ်။ အချိန်တန်ရင် တခုခုရောက်လာပြီး တခုခုပျောက်ဆုံးသွားမှာကို ကြိုတင်ပြင်ဆင်ထားတဲ့ စိတ်အခံနဲ့ ငါက မင်းကို ငေးနေခဲ့တာ။ -လတ်လွန်းဝေဦး

ငေးကြည့်ခွင့်တောင် တရားဝင် မရတဲ့ ဘဝမှာ နာမည် တပ်ပြီး ပို့သတဲ့ မေတ္တာ တွေ အဟောသိကံ မဖြစ်ဖို့ပဲ ဆုတောင်း တယ် ။ ဝေးသော အရပ်မှာ ရယ်သံက အစ နွေးပါစေ ။ ခြေသံက အစ သာယာပါစေ ။ -နေယံလင်းခ

ဘယ်သူ့ဆီကပဲ ဖြစ်ဖြစ် သတိရတယ်ဆိုတဲ့ စကား ကြားချင်တယ် ဘယ်ရောက်နေလဲဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်ဖြစ် ဘာလုပ်နေလဲ ဆိုတာမျိုးပဲ ဖြစ်ဖြစ် တစ်ယောက်ယောက် က ကိုယ့်ကို သတိရနေတယ်ဆိုတဲ့စိတ်မျိုးနဲ့ ခဏလောက်ဖြစ်ဖြစ် နေ ထိုင် ချင် တယ် ။ -စစ်ငြိမ်း

လာမယ်ဆိုတာသေချာတဲ့လူရှိမှ စောင့်တယ်လို့ခေါ်တာ တဲ့ ။ လာမယ့်သူမရှိပဲ ရပ်တန့်နေခြင်းကိုကြ ရူးမိုက်လွန်းတယ်ပေါ့ ။ ဒီလိုပြောရမလားပဲ ။ -ရိပ်ငြိမ်

Repost from N/a
1st September .. မမြင်နိုင်တဲ့ ဝန်ထုပ်တွေ ပုခုံးပေါ်မှာ ဘယ်လောက်များနေပြီလဲ ၀င်ခံစားပေးဖို့တောင် ကြောက်လန့်ရတဲ့ ထိတ်လန့်စရာတွေရော ခြောက်လှန့်နေတုန်းလား။ ဖွင့်ပြောလို့မရတဲ့ စကားတွေ၊ ကျလို့မရတဲ့ မျက်ရည်တွေ ဘယ်လောက်များ ရှိနေမလဲ။ ပင်ပန်းနေပြီလို့တောင် ဖွင့်ဟမပြောနိုင်တဲ့ နေ့ရက်တွေကို ကျော်လွှားနေရတာ ခက်ခဲနေပြီလား။ တိမ်တွေကလည်း မှောင်နေ။ ပန်းတွေကလည်း ညိုးနေ။ ရှူခင်းတွေဟာလည်း ခြောက်သွေ့နေ။ ဘ၀ဟာ ဒီလိုပါပဲလို့ ပြောရင် စကားကြီးစကားကျယ်ပြောသလို ဖြစ်သွားမလား။ စက်တင်ဘာမှာလေ တိမ်တွေ လှလာနိုင်တယ်။ ပန်းရနံ့တွေ သင်းလာနိုင်ပြီး ရှူမျှော်ခင်းတွေ စိမ်းစိုလာနိုင်တယ်မလား။ တရက်လောက်လေး၊ တလှမ်းလောက်လေး၊ ခံနိုင်ရည်ရှိသလောက်လေး ရှိနေပါဦး။ ။ - နိုရှီ

- အချစ်မှာ ငါ က တိုက်ပွဲ ခဏခဏ ကျတဲ့ ရန်သူ... အချစ်မှာ ငါက ခွင့်ပြုချက်မရ သေး ပဲ ဆေးရုံက ဆင်းပြေးတဲ့ လူနာ.. ရန်ကုန်က ကျဉ်းပါတယ် ဒါပေမယ့် မဆုံ နိုင်တော့ဘူး..။ ။ -ဝင်းမြင့်