1 143
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
1 143
"သမုဒယအလင်္ကာ"
ဇာတ်လမ်းအကျဉ်း
21ရာစုခေတ်ကာလတွင် ယင်နင်သည် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင်
နာမည်ကြီး ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လေသည်။
ဒီလိုဖြစ်လာရန်အတွက်လည်း အလုပ်တွေကို မနားမနေ တရစပ်
အစွမ်းကုန်ကြိုးစားခဲ့သည်။ သူ၏ရည်မှန်းချက်က
ချစ်သူကောင်မလေးဖြစ်သူရော့ဖျင်ကို တင့်တောင်းတင့်တယ်ထားနိုင်ဖို့ဖြစ်သည်။
သို့ပေမဲ့ အလုပ်ကြောင့် ရော့ဖျင်ကိုတောင် အချိန်မပေးနိုင်တော့ဘဲ
နောက်ဆုံး ရောဂါဝေဒနာခံစားရပြီး အသက်ကိုတောင် ဆုံးရှုံးခဲ့ရသည်။
ယင်နင်သေဆုံးပြီးတဲ့နောက် ဝူမင်းဆက် ကျန်းလင်မြို့ရှိ အထည်လုပ်ငန်းရှင်
စူးအိမ်တော်ရဲ့ သမက်ဖြစ်သူ နင်ယိ၏ ခန္ဓာကိုယ်ထဲကို ဝိညာဉ်ကူးပြောင်းခဲ့လေသည်။
နင်ယိ၏ သတို့သမီးဖြစ်သူ စူးထန်အာသည် မိသားစုအထည်လုပ်ငန်းကို ဦးစီးနေပြီး
အလုပ်ကိစ္စကြောင့် မင်္ဂလာပွဲကိုတောင်မလာတဲ့အထိ အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်သည်။
ယင်နင်သည် ဒီဘက်ခေတ်ကို ကူးပြောင်းလာပြီးပြီးချင်းမှာပဲ ဇနီးဖြစ်သူကို ကွာရှင်းဖို့သွားအရှာ......
ဇနီးဖြစ်သူက အရင်ဘဝက ချစ်သူကောင်မလေးဖြစ်သူနဲ့ တစ်ထပ်တည်းတူနေတာကို
တွေ့လိုက်ရတဲ့အခါမှာရော ယင်နင် ဘယ်လိုဆက်လုပ်မှာလဲ .....
ဇနီးဖြစ်သူကို ကူညီပြီး အထည်လုပ်ငန်းကို ဘယ်လိုကြီးပွားတိုးတက်အောင် လုပ်ဆောင်မလဲ.....
တော်ဝင်ကုန်သည်ဖြစ်လာဖို့ မသမာတဲ့နည်းမျိုးစုံနဲ့ ပြိုင်ဆိုင်မှုတွေကြား သိုင်းလောကရဲ့ ပဋိပက္ခတွေ
နန်းတွင်းညီလာခံအရှုပ်အထွေးတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ
ဟာသ အလွမ်း အချစ် စီးပွားရေးလုပ်ငန်းအကြောင်းအရာတွေ စုံလင်စွာနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်
