530
Subscribers
-224 hours
-77 days
-830 days
Posts Archive
Acharya (2022)
IMDb (4.2/10)
လွန်ခဲ့သော နှစ်ပေါင်း၈၀၀ ဝန်းကျင်ထဲက ဓမ္မစသာလီနဲ့ ပမ်မာဂတ်တမ် တို့ဟာ ဂျီဟာဗာရာရဲ့
မြစ်တစ်ဖက်တစ်ချက်ဆီမှာ တည်ရှိနေပြီး ဆစ်ဟာဗာနမ် တောအုပ်ကြီး ဝိုင်းရံထားတဲ့ဘာသာရေးကိုင်းရှိုင်းပြီး ဓမ္မကို လက်ကိုင်ထားထားတဲ့ မြို့တွေ ဖြစ်ခဲ့ကြတယ်။
သူတို့ဟာ မယ်တော် ဂတ်တာမာကို အရမ်း ယုံကြည်သက်ဝင် ကိုးကွယ်ကြတဲ့ သူတွေပါ ။ဒီလိုမျိုး ဓမ္မတရားကိုသာ စွဲကိုင်ပြီး အေးချမ်းစွာ တည်ရှိနေကြတဲ့မြို့လေးကို
စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဘာဆာဗာ ရောက်လာပြီး ဓမ္မစသာလီ နဲ့ပမ်ဒါဂတ်တမ်ကို မိုင်းတွင်းတွေ တူးဖော်ချင်နေတဲ့ ရာသော့လက်ထဲကို ထည့်ဖို့ ယုတ်မာတဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။
ဘာဆာဗာ ဓမ္မစသာလီကို အုပ်စိုးပြီးချိန်မှာတော့ တစ်ချိန်က ဓမ္မစသာလီရဲ့ ဂုဏ်ကျက်သရေတွေ
ပျောက်ဆုံးသွားခဲ့ပြီး မြို့နှစ်မြို့ကြားမှာ ပဋိပက္ခတွေဖြစ်လာပါတော့တယ်။အာချာရာဆိုတဲ့သူကတော့ လက်သမားယောင်ဆောင်ပြီး ဓမ္မစသာလီမြို့ကိုရောက်လာကာ ဘာဆာဗာ ရွာသားတွေအပေါ် ကျူးလွန်တဲ့ ဒုစရိုက်တွေကို တိတ်တဆိတ် ဖယ်ရှားသုတ်သင်နေတဲ့ သူပါ ။
ဓမ္မနဲ့ အဓမ္မယှဉ်ပြိုင်လာတဲ့အချိန်မှာ ဓမ္မက အနိုင်ရမှာလား အဓမ္မက ကြီးစိုးသွားမှာလား
#Credit
မိန်းကလေးတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ
" ကျွန်တော်တို့ အိန္ဒိယဟာ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ နိုင်ငံပါ
ကျွန်တော်ရှာတွေ့ခဲ့တဲ့ပြသနာက အမျိုးသမီးတွေဓမ္မတာလာတဲ့ ၅ရက်တာ ပြသနာပါ
ဓမ္မတာလာပြီဆိုရင် အမျိုးသမီးတွေဟာ ဘာအလုပ်မှလုပ်ခွင့်မရှိဘဲ အိမ်အပြင်ထွက်ထိုင်နေရပါတယ်
သန့်ရှင်းရေးအတွက်ကျလည်း အဝတ်စုတ်တွေသုံးနေကြတယ်
ဒီကိစ္စကို ကျွန်တော့်မိန်းမလည်းလုပ်နေတာမြင်တော့ တခုခုလုပ်ဖို့ကြံမိပါတယ်။
အမျိုးသမီးတယောက်ကို ပဒ်အသုံးပြုခိုင်းခြင်းဟာ သူ့အတွက် အချိန် ၂လထပ်အပိုပေးလိုက်သလိုပါပဲ ရှင်းပြပါမယ် ၁လကို ၅ရက်၊ ၁၂လဆို ရက် ၆၀၊ တနှစ်မှာ ၂လပါ။
အမျိုးသားတွေကျတော့ တနှစ်မှာ ၁၂လရပြီး အမျိုးသမီးတွေမှ ဘာကြောင့် ၁၀လပဲ ရ,ရမှာလဲ
နာရီဝက်လောက်ပဲ အမျိုးသားတစ်ယောက်က အမျိုးသမီးတွေလိုသွေးထွက်ကြည့်လိုက်၊ တန်းသေပြီပဲ "
ဒီမိန့်ခွန်းကို အင်္ဂလိပ်ဝေါဟာရမကြွယ်မဝနဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာဟောပြောခဲ့သူကတော့ ပဒ်မန်းလို့ အမည်တွင်ခဲ့တဲ့ လက်(ရှ်)မီးကန့် ချော်ဟန့်ပဲဖြစ်ပါတယ်။
Liger (2022)
မင်းသားဗီဂျေးနဲ့မိုက်တိုင်ဆန်တို့ရဲ့ ရုံတင်ဇာတ်ကားသစ်ကြီး
ဒီတစ်ခါတော့ Arjun Reddy, World Famous Lover ဆိုတဲ့ တေလဂူဇာတ်ကားတွေနဲ့ပျိုမေတွေရဲ့
အသည်းကိုကိုင်လှုပ်ခဲ့တဲ့ဗီဂျေးဒေဗရာကွန်ဒါရဲ့ပထဦးဆုံးBollywood ဘက်ကိုစတင်ခြေလှမ်းတဲ့ ဟင်ဒီဘာသာစကားပြောဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။
မင်းသမီးအနေနဲ့တော့ Student of the Year 2 ထဲက မင်းသမီးချောလေးအာနန်ယားပန်ဒေးပဲဖြစ်ပါတယ်
ဒီဇာတ်ကားမှာ ဗီဂျေးက စကား
ထစ်တယ် ဆင်းရဲတယ် အဖေဆုံးသွားလို့အမေနဲ့အတူ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးဖွင့်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရတယ်
သူတို့သားအမိရဲ့ရည်မှန်းချက်က ဆုံးသွားတဲ့သူ့ဖခင်ရဲ့ဆန္ဒအတိုင်း
ဗီဂျေးကို MMA ဖိုက်တာ ချန်ပီယံတစ်ယောက်ဖြစ်စေချင်တယ်
အာနန်ယားကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာပြီး ဘဝမှာလုပ်ချင်တာမှန်သမျှ စိတ်ကြိုက်လုပ်ခွင့်ရနေသူပေါ့
သူတို့နှစ်ယောက်ငြိသွားကြတဲ့အခါ ဇာတ်လမ်းက ဘယ်လိုဖြစ်လာမလဲ ။
Mary Kom [2014]
ဒီဇာတ်ကား က အထွေအထူး ပြောစရာမလို ပါဘူး။ India ရဲ့ အိုလံပစ် လက်ဝှေ့ကျော် မေရီကွန်းရဲ့ စိတ်ဓာတ်သန်မာမှု တွေ ဖြတ်သန်းရာဘဝတွေနဲ့ ကိုယ်ဖြစ်ချင်ရာ ပန်းတိုင် ကို ရောက်အောင် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရပုံတွေ တင်ဆက်ထားတာပါ။
အိန္ဒိယ မြန်မာနယ်စပ်ဘက်က ကမ္ဘာကျော် အမျိုးသမီးလက်ဝှေ့သမား တစ်ယောက်ရဲ့ တကယ့် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းလေး တစ်ကား ရှာတွေ့ထားပါတယ်
ဇာတ်လမ်းရဲ့အစမှာ အင်ဖာမြို့က မထင်မရှား ကျေးရွာလေးတစ်ရွာက မေရီဆိုတဲ့ ဆတ်ဆတ်ထိမခံ ကျောင်းသူ ကောင်မလေးနဲ့ စထားပါတယ်။
ဒီကြားထဲမှာ သူ့မိသားစုကလည်း အဆင်ပြေလှတဲ့မိသားစုမဟုတ်တော့ တစ်ခါတလေ မြေ၀ိုင်းလက်ဝှေ့ပွဲတွေမှာ ယောက်ျားတွေနဲ့ ၀င်ထိုးတဲ့အထိ မေရီက မိုက်ရူးရဲဆန်တတ်သေးတယ်။
နောက်ထပ် ဒီဇာတ်ကားရဲ့စိတ်၀င်စားစရာတစ်ခုက ဇာတ်ကောင်ရဲ့ မူလဇာတိက မိုရေးမြို့က ဖြစ်တာကြောင့် ချင်းလူမျိုးတွေနဲ့ ရုပ်သွင်ပြင်သာမက နေထိုင်ပုံတွေကပါ ကိုယ့်တိုင်းရင်းသား တွေ ချင်းလူမျိုးတွေကို ကြည့်ရသလားထင်ရပါတယ်။
Seoul Busters (2024)
***
အပိုင်းသစ် (၁)
ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို High Kick, Potato Star စတဲ့
sit-com တွေရဲ့ ပဲ့ကိုင်ရှင်စာရေးဆရာတို့ရဲ့ လက်ရာအသစ် မှုခင်းဟာသ
ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ။
ဒီကားလေးမှာတော့ The Guest , The King of Pigs စတဲ့
ဇာတ်လမ်းတွဲများထဲမှ Daesang ဆုရှင်မင်းသား Kim Dong -Wook၊
Our Blues, The Roundup ထဲမှ မင်းသားကြီး Park Ji Hwan၊
A Shop For Killler ထဲမှ မင်းသား Seo Hyun-Woo ၊
Alice The Final Weapon ထဲမှ ချစ်စရာကောင်းတဲ့ မင်းသမီးလေး
Park Se -Wan အပြင် Our Beloved Summer ထဲမှ Lee Seung- Woo တို့က
အဓိကပါဝင်ထားပါတယ်။
ကြည့်ရန် Link
t.me/hhp_channel001
GOAT (2024) [ထင်ပေါ်ကျော်ကြား ပြိုင်စံရှား]
အကြည်ဗားရှင်း
ထူးထူးခြားခြား ဒီကားထဲမှာ မင်းသားဗီဂျေးက နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။
မင်းသမီးအနေနဲ့ Sneha ပါဝင်ထားပြီး Yogi Babu တို့လည်း အားဖြည့်သရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂန်ဒီဆိုတာက တစ်ဖက်မှာ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ အကြမ်းဖက်နှိမ်နှင်းရေး
အထူးတပ်ဖွဲ့ခေါင်းဆောင် ငဖိုက်၊ တစ်ဖက်မှာကျ ကိုယ်ဝန်သည်ဇနီးနဲ့ သားလေးနဲ့ အိန္ဒိယခရီးသွားလာရေး ကုမ္ပဏီက
ဟန်ဆောင်ပန်ဆောင်ဝန်ထမ်းလေးဆိုပြီး မိန်းမ မသိအောင် နိုင်ငံ့တာဝန် ထမ်းဆောင်နေရသူပေါ့။မိသားစုသိရင် အန္တရာယ်များမှာဆိုလို့ ဖုံးကွယ်ထားရတော့ မိန်းမဖြစ်သူနဲ့ တကျက်ကျက်ပေါ့လေ။
ဒီလိုနဲ့ နောက်ထပ် စစ်ဆင်ရေးတစ်ခုက ထိုင်းနိုင်ငံမှာ ထမ်းဆောင်ရမှာကို မိသားစုကိုပါ အလည်အပတ်ခေါ်ပြီး
သွားလိုက်တဲ့ဂန်ဒီတစ်ယောက် ကံဆိုးမိုးမှောင်ကျခဲ့ရပါတော့တယ်။ အဲဒါကြောင့် အရာအားလုံးကနေ
အနားယူပြီး အေးချမ်းစွာ နေနေတဲ့ဂန်ဒီကို အထက်ကနေ အရေးကြီးတာဝန်တစ်ခုနဲ့ ပြန်ခေါ်လိုက်တဲ့အခါမှာတော့
နောက်ထပ် အံ့သြသင့်စရာတွေ ဂန်ဒီတစ်ယောက် ကြုံတွေ့ရပြီး ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ
ဘယ်လိုတွေ ဖြေရှင်းကြမလဲ နှစ်ကိုယ်ခွဲက ဘာတွေလဲဆိုတာ မင်းသားကြီးဗီဂျေးရဲ့ အလန်းစား
သရုပ်ဆောင်ချက် ရင်သပ်ရှုမောဖွယ် အက်ရှင်ခန်းတွေနဲ့အတူ ၃ နာရီခွဲကြာအောင်တိုင် ဖျော်ဖြေပေးမှာပဲ ဖြစ်ပါတယ်။
အညွန်းဖတ်နေတာ ကြာပါတယ် ချက်ချင်းပြေးကြည့်လိုက်တာ အကောင်းဆုံးပါပဲ။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
Thee.....rppu [2022]
ဒီတစ်ခေါက်မှာတော့ သိပ်မကြာခင်ကပဲ Jana Gana Mana တို့ Kaduva တို့မှာသရုပ်ဆောင်ထားတဲ့ မင်းသား Prithviraj Sukumaran ရဲ့ ၂၀၂၂ မှာထပ်ထွက်လာတဲ့မာလာရာလမ် စကားပြော Drama, Thriller အမျိုးအစား ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ပင်လယ်ကမ်းစပ်ရွာတစ်ရွာမှာ မာရာကာ,နေယာ,မီနွန် နဲ့ ဘုန်းတော်ကြီး မိသားစုလေးစုဟာတစ်ယောက်အခက်အခဲတစ်ယောက်ကူညီရင်းနေထိုင်ခဲ့ကြပါတယ်။
မိသားစုလေးစုရဲ့သားလေးယောက်ဟာလည်း
ငယ်စဥ်ထဲကကစားဖော်ကစားဖက်တွေဖြစ်နေပြန်ပါတယ်။
မာရာကာ မိသားစုရဲ့ ဘိုးဘွားပိုင်မြေ ၈ ဧကထဲက
ပင်လယ်ကမ်းစပ်ပြင်သစ်တွေကမ်းလှမ်းလာတဲ့အခါ
ကျန်မိသားစု သုံးစုရဲ့တိုက်တွန်းချက်ကြောင့်
ရောင်းချလိုက်ရင်း မာရာကာမိသားစု အခြေအနေဟာဆိုးရွားသွားခဲ့သလို တဖက်လှည့်နဲ့ဝယ်ခဲ့တဲ့ နေယာမိသားစုဟာချမ်းသာလာခဲ့ပါတယ်။
အဲ့ဒီ မြေနေရာမှာ အပန်းဖြေစခန်းဆောက်ဖို့လုပ်ရင်း မိသားစုလေးစုရဲ့သားလေးယောက်ပြန်ဆုံကြတဲ့အခါ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေ
ထူးဆန်းမှုတွေကို ဘယ်လိုကြုံတွေ့မယ်ဆိုတာတော့ရုပ်ရှင်ထဲမှာ စီးမျောခံစားလိုက်ပါဦးခင်ဗျာ။
The Convent (2018)
ကောာင်မလေးတစ်ယောက်ဟာ စုန်းမဆိုပြီးစွပ်စွဲခံရပြီးတော့ အရှင်လတ်လတ်မီးရှို့သတ်ခံရခါနီးမှာခရစ်ယာန်သီလရှင်မာသာတစ်ယောက်က သူ့ကိုလာကယ်သွားခဲ့ပြီးသူ့ကျောင်းကိုခေါ်သွားခဲ့တယ်။
အဲ့ကျောင်းမှာသူ့လိုဘဲ တခြားကောင်မလေးတွေအများကြီးကိုလဲ ကယ်ထားသေးတယ် မာသာကြီးကတော့ စည်းကမ်းတင်းကျပ်တယ် သီလရှင်ကျောင်းဝင်းအပြင်က ဘာနဲ့မှသူတို့မပတ်သက်ရဘူး။
ဒါပေမဲ့ အဲ့ကျောင်းမှာ ကူးစက်ရောဂါလိုမျိုးတစ်ခုဖြစ်ပြီးတော့ လူတွေတစ်ယောက်ပြီးတစ်ယောက်သေလာကြတဲ့အခါ ဒါတွေရဲ့နောက်ကွယ်မှာ ဘာရှိနေမလဲ.....
ကျောင်းကြီးမှာရော ဘယ်လိုအတိတ်ဖြစ်ရပ်တွေရှိခဲ့လဲ.....
မာသာကြီးရဲ့ တကယ်ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကတော့ ။
The Lost City of Z(2017)
၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။
နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အေမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။
အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။
အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။
သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။
တျောက်လျောက်သူလိုချက်တဲ့ရည်မှန်းချက်မအောင်မြင်ခဲ့ပေမယ့်သူလုံးဝစိတ်မပျက်ခဲ့ပါဘူး။ဒါပေမယ့်သက်သေအထောက်အထားတွေတော့ပြနိုင်ခဲ့ပါတယ်။
လူတယောက်ရဲ့ဇွဲလုံလ၊အဲဒီခေတ်အခါကရူးသွပ်မှုတွေစွန့်စားမှုတွေကိုမြင်တွေ့ရမှာပါ။
