en
Feedback
Anti - Junta Alliance Yangon(AJAY)

Anti - Junta Alliance Yangon(AJAY)

Open in Telegram
529
Subscribers
No data24 hours
No data7 days
-630 days
Posts Archive
စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူမှုနှင့် ပတ်သက်၍ ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များ၏ ထုတ်ပြန်ကြေညာချက် ရက်စွဲ။ ။ ၂၆ စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ်။ နိုင်ငံတဝှမ်းရှိ ပြည်သူများ စစ်ဘေး၊ ရေဘေး စသည့် ဘေးအန္တရာယ်အမျိုးမျိုး ရင်ဆိုင်ခံစားနေရချိန်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးကိုသာ အပြင်းအထန်ကြိုးပမ်းနေသည်။ နိုင်ငံတစ်နိုင်ငံ၏ နှစ်ကာလအပိုင်းအခြားတစ်ခုအတွင်း ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် စသည့် လူမှုစီးပွားဆိုင်ရာ ဖွံ့ဖြိုးမှုကို လေ့လာသုံးသပ်နိုင်ရန် သန်းခေါင်စာရင်းကောက်ယူမှုသည် ပုံမှန် လုပ်ရိုးလုပ်စဥ်ဖြစ်သော်လည်း အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံ၏ လူမှုစီးပွားထောက်တိုင်များကို ကိုယ်တိုင် ဖျက်စီးနေသူ ဖြစ်သည်။ သန်းခေါင်စာရင်းမှ ရရှိနိုင်သော ပြည်သူလူထု၏ ကိုယ်ရေး အချက်အလက်များကိုလည်း နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးမှုထက် ၎င်းတို့ အာဏာတည်မြဲရေး၊ စစ်အနိုင်ရရေး၊ လူထု၏ တော်လှန်အုံကြွမှုများကို ဖိနှိပ်ရေးအတွက်သာ အသုံးချမည်မှာ မလွဲဧကန် ဖြစ်သည်။ စစ်ကောင်စီ၏ သန်းခေါင်စာရင်းသည် ဟန်ပြရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုတစ်ခု ဖြစ်သည့်အပြင် မြို့နယ်၊ ရပ်ကွက်များအလိုက် စစ်မှုထမ်းနိုင်သည့် လူငယ်များ၏ အရေအတွက်များ၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြသည့် ကျောင်းသားလူငယ်များနှင့် ပြည်သူ့ဝန်ထမ်းများ၏ အခြေအနေများ၊ မြို့ပြနေ သပိတ်ရဲဘော်များနှင့် တော်လှန်ရေး အင်အားစုများ၏ အချက်အလက်များကို ရှာဖွေဖော်ထုတ်ရန် ကြံစည်မှုဖြစ်သည်။ စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုသည် မြို့ပြတော်လှန်ရေးအင်အားစုများ အပါအဝင် ပြည်သူလူထု တဦးတယောက်တိုင်းအတွက် အန္တရာယ် ဖြစ်သည်။ စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုကို ပြည်သူလူထုတရပ်လုံး အနေဖြင့် မိမိတို့ တော်လှန်ရေး အင်အားစုများနှင့် အတူတကွ ရနိုင်သမျှ နည်းလမ်းမျိုးစုံသုံး၍ ဆန့်ကျင်ကြရန် လိုအပ်သည်။ • သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဥ်များ ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ • ကောက်ယူရာတွင် ပါဝင်သူများကို ဖိအားပေးခြင်း၊ ဖယ်ကျဥ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ • သန်းခေါင်စာရင်းကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရပါက အချက်အလက်များ လွဲမှားဖြေဆိုခြင်း၊ • ပြည်သူလူထုအချင်းချင်းနှင့် တော်လှန်ရေးရဲဘော်များကို လိုအပ်သလို အကာအကွယ်ပေးခြင်း၊ စသည်တို့ကို လုပ်ဆောင်နိုင်သည်။ စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ဆောင်ရွက်ကြမည့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လဝကနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသည်လည်း ပြည်သူလူထု၏ ဒေါသကို မလွဲဧကန် ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်သည်။ အကြောင်းအမျိုးမျိုးနှင့် ဖိအားများကြောင့် မလွှဲရှောင်သာ ပါဝင်ရသည့် ဝန်ထမ်းများအနေဖြင့် သန်းခေါင်စာရင်း လုပ်ငန်းများ နှောင့်နှေးစေရန်၊ အချက်အလက်များ မှားယွင်းစေရန် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ရင်း ပြည်သူလူထုဘက်၌ ရပ်တည်နိုင်သည်။ အဘက်ဘက်မှ ပြိုလဲပျက်စီး ကျရှုံးလာသော အကြမ်းဖက် စစ်ကောင်စီသည် စစ်မှုထမ်း၊ သန်းခေါင်စာရင်း၊ ဟန်ပြရွေးကောက်ပွဲ စသည့် ကြိုးပမ်းမှုများကို ကောက်ရိုးတမျှင်ပမာ ဆွဲကိုင်၍ အသက်ဆက်ရန် ကြံစည်လျက်ရှိသည်။ ဤကဲ့သို့ စစ်ကောင်စီ၏ ကောက်ရိုးတမျှင်ပမာ ကြိုးပမ်းမှုများကို ပြည်သူလူထုတရပ်လုံးနှင့်အတူ တော်လှန်ရေးအင်အားစုများ၊ လူထုဘက်သား ဝန်ထမ်းများ၏ စုပေါင်းအင်အားဖြင့် အတူတကွ ဆန့်ကျင်ဖြိုဖျက်ကြရမည် ဖြစ်ကြောင်း မိမိတို့ လူထုသပိတ်အင်အားစုများမှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ "စစ်ကျွန်ဇာတ်သွင်း သန်းခေါင်စာရင်းကို ဆန့်ကျင်ကြ" ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များ

သတင်းထုတ်ပြန်ချက် ရက်စွဲ။  ။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက် ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်ဆောင်ရွက်လျက်ရှိပြီးနောက် စစ်ကောင်စီ၏ တန်ပြန်စစ်ဆေးဖမ်းဆီးမှုများအတွင်း တကသကျောင်းသားဟောင်းများ အင်အားစုနှင့် မဟာမိတ်အဖွဲ့အစည်းများမှ ရဲဘော် ၄ ဦး၊  ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နေ့မှစ၍ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်‌သွားခဲ့သည်။ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန် နောက်ဆုံးအဆက်အသွယ် ရရှိခဲ့ပြီးနောက် - (၁) တကသကျောင်းသားဟောင်းများအင်အားစု၏ တွဲဖက်တည်ထောင်သူ၊ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ (၂) လူငယ်သပိတ်ကော်မတီ (YSC)၏ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ (၃) လူငယ်သပိတ်ကော်မတီ (YSC)၏ အဖွဲ့ဝင် မမြမဉ္စူ နှင့် (၄) နိုင်ငံရေးအကျဥ်းသူဟောင်း မနှင်းအိခိုင် တို့ လေးဦးမှာ အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရကြောင်း အတည်ပြုပါသည်။ ၄င်းရဲဘော်လေးဦးသည် ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး  လူထုလှုပ်ရှားမှုများတွင် ဦးဆောင် ပါဝင်နေသူများ ဖြစ်ကြပြီး မတရားဖမ်းဆီးခံရပြီးနောက် စစ်တပ်၏ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုများ ဖြင့် စစ်ကြောမေးမြန်းခံနေရပါသည်။ စစ်ကောင်စီလက်အတွင်းရှိ ၎င်းတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေး အခြေအနေသည် အထူးစိုးရိမ်ရသည့် အခြေအနေဖြစ်ပါသည်။ အဆိုပါ မိမိတို့ ရဲဘော်လေးဦးသည် မြန်မာပြည်တွင် ဆိတ်သုဥ်းနေသည့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အပါအဝင် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် ဒီမိုကရေစီအရေးတို့အတွက် စစ်အာဏာရှင်ကို လူထုတိုက်ပွဲနည်းလမ်းဖြင့် ပြောင်မြောက်ရဲရင့်စွာ အံတုခဲ့ကြသည့် အရေးတော်ပုံတပ်သားများအဖြစ် မှတ်တမ်းတင်အပ်သည်။ မိမိတို့ တကသ ကျောင်းသားဟောင်းများ အင်အားစု အနေဖြင့် ရဲဘော်ရဲဘက်များ ဖမ်းဆီးခံရသော်လည်း နောက်ဆုတ်ကြောက်ရွံ့သွားမည် မဟုတ်ဘဲ ၎င်းရဲဘော်များ ကိုယ်စားအတွက်ပါ ပိုမို မြင့်မားထက်သန်သော ဇွဲလုံ့လတို့ဖြင့် စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ရေးတို့အတွက် မဆုတ်မနစ် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်သည်။ တော်လှန်ရေးသစ္စာဖြင့် တကသ ကျောင်းသားဟောင်းများ အင်အားစု

“ ILO GB လာမည့် နိုဝင်ဘာလမှာ Article 33 အရ အရေးယူမှုတွေ ဆောင်ရွက်မယ် ဆိုတဲ့ကိစ္စကို ကျွန်တော်တို့အနေနဲ့ အပြည့်အဝ ထောက်ခံပါတယ်.. ”“Article 33 အရ အရေးယူတဲ့နေရာမှာ Diplomatic Pressure လို့ ခေါ်တဲ့ သံတမန်ရေးရာဖိအားပါမယ်..Economic Sanctions လို့ ခေါ်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေလည်း ပါမယ်” “ဒီပြင် ILO ၏ အခြားသော အဖွဲ့ဝင်နိုင်ငံများက မပူးပေါင်း၊ မဆောင်ရွက်ရေးတွေကို  တိုက်တွန်းသွားနိုင်တယ်ဆိုတဲ့အချက်တွေကို တွေ့ရပါတယ်..” ဦးတိုးကျော်လှိုင် - NUCC ကောင်စီဝင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နှင့် မဖောင်ရိုး မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု - MLA နိုင်ငံရေးအကျဉ်းသူဟောင်း တို့ တင်ပြဆွေးနွေးသည်မှာ - စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို အဖက်ဖက်ကနေ ဆန့်ကျင်ပိတ်ဆို့သွားမည်။ - အကြမ်းဖက်စစ်တပ်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO က ပုဒ်မ ၃၃ အရ အမြန်ဆုံးအရေးယူရန် #MLA #စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး #အရေးတော်ပုံအောင်ရမည်။

"စစ်အာဏာရှင်လက်ထက် ဖိနှိပ်ခံ လယ်သမားများ၏ ဘဝ" ဆွေးနွေးသူ - ဒေါ်သဲဝင့် ( AFFM အထွေထွေအတွင်းရေးမှူး) မြန်မာနိုင်ငံစိုက်ပျိုးရေးနှင့်တောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ် AFFM နှင့် မဖောင်ရိုး (မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု MLA၊ နိုင်ငံရေးအကျဉ်းသူဟောင်း) ကေ #စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး #MLA #အရေးတော်ပုံအောင်ရမည်။

◾ရန်ကုန်မြို့ပေါ်က မလွှကုန်းဘူတာ၊ ငမိုးရိပ်ဘူတာ နဲ့ ဝေဇယန္တာလမ်းမကြီးအပါအ၀င် မြို့နယ် ၄ ခုတွင် ကလောင်နီလှုပ်ရှားမှုထပ်မံပြုလုပ် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်၍ ဧည့်စာရင်းစစ်ဆေးမှုများ၊ ‌လူငယ်များကို ပေါ်တာဆွဲမှုများ အင်တိုက်အားတိုက်ပြုလုပ်နေသော ရန်ကုန်မြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု- AJAY နှင့် လူငယ်သပိတ်ကော်မတီ တို့ ပူးပေါင်း၍ ဩဂုတ်လ 3 ရက်နေ့နှင့် 4 ရက်နေ့၌ ကလောင်နီလှုပ်ရှားမှုထပ်မံပြုလုပ်ခဲ့ပါသည်။ "တပ်ကိုဖျက်တာ မင်းအောင်လှိုင်" ၊ "မင်းအောင်လှိုင်သေမှအေးမှာ" ဆိုသော စာသားများအပါအ၀င် စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားများကို ရန်ကုန်မြို့ပေါ်မြို့နယ် ၄ ခု ရှိ မလွှကုန်းဘူတာ၊ ငမိုးရိပ်ဘူတာ နဲ့ ဝေဇယန္တာလမ်းမကြီး စသည့်နေရာများတွင် ရေးသားလှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုတခေါက် ကလောင်နီလှုပ်ရှား‌မှုသည် ၃ ကြိမ်မြောက် လှုပ်ရှားခဲ့မှုဖြစ်ပြီး ရန်ကုန်တက္ကသိုလ် အပါအ၀င် ရန်ကုန်မြို့ပေါ်ရှိ နေရာအနှံ့အပြားတွင် လှုပ်ရှားမှုများပြုလုပ်နိုင်ခဲ့ပါသည်။ ကလောင်နီသည် လူထု၏ အသံ ၊ လူထု၏ ကလောင်ဖြစ်သည့်အတွက် ပြည်သူတိုင်း ကလောင်နီလှုပ်ရှားမှုမှာ ပူးပေါင်းပါ၀င်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများမှာ ပူးပေါင်းပါ၀င်ပေးကြဖို့ တိုက်တွန်းလှုံ့ဆော်အပ်ပါသည်။                  စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု - AJAY

သက်ကြီးရွယ်အိုလည်း စကစဘေးကပြေးမလွတ်ပါ ∆∆∆∆∆ မအလ စစ်တပ်ကတော့ ... အိမ်တိုင်းအိမ်တိုင်းက ၃၅ နှစ်အောက် အရွယ်ကောင်းတွေကို ရှေ့တန်း
သက်ကြီးရွယ်အိုလည်း စကစဘေးကပြေးမလွတ်ပါ ∆∆∆∆∆ မအလ စစ်တပ်ကတော့ ... အိမ်တိုင်းအိမ်တိုင်းက ၃၅ နှစ်အောက် အရွယ်ကောင်းတွေကို ရှေ့တန်းပို့၊ သူတို့အတွက် အသေခံတိုက်ခိုင်းဖို့ အစီအမံတွေ လုပ်ပြီးတဲ့နောက် အခုတခေါက်တော့ ၃၅ နှစ် အထက်တွေဘက်ကို လှည့်လာပြန်ပါပြီ။ ၃၅ အောက်တွေက မအလအတွက် ရှေ့တန်းမှာ အသေခံတိုက်ရပြီး ၃၅ နှစ်အထက်တွေကတော့ ရပ်ရွာလုံခြုံရေးဆိုပြီး အသေခံရမယ့် သဘောပါပဲ။ ခင်ဗျားတို့ ကျွန်တော်တို့ ဒီတိုင်း ထိုင်ကြည့်နေလို့ကတော့ .... နောက် ၆ လလောက်ဆို အိမ်စောင့်နတ်နဲ့ လမ်းထိပ်က ရုက္ခစိုးပါ ရှေ့တန်းထွက်ရတော့မယ်ဗျို့။ ဒီတကြိမ်လည်း လူထုကို ဒုက္ခပေးဖို့ တာဝန်ယူဆောင်ရွက်ရတဲ့ လက်သည်တရားခံက စစ်ကျွန်သဘောက် အုပ်ကြီးတွေပါပဲ။ များများစားစား မပြောတော့ပါဘူး ... အုပ်ကြီးတွေကို ဖြိုရင်ဖြို၊ အုပ်ကြီးတွေ မပြိုလို့ကတော့ ရပ်ရွာ ပြိုဖို့သာ ရှိပါတော့တယ်။ ကဲ ... ကဲ ... ရပ်ကွက်ရုံးက ၃၅-၆၅ တွေကို ခေါ်တဲ့ အစည်းအဝေး သွားတက်ရင်းနဲ့ လမ်းကြုံ အုပ်ကြီးဓာတ်ပုံလေး ရိုက်ခဲ့ပေးပါဦးဗျာ .... အုပ်ကြီးကမ်ပိန်း သတင်းပေးရန် - t.me/OakGyiCampaignBot (Telegram) #အုပ်ကြီးကမ်ပိန်း #OakGyiCampaign

" တပ်ပျက်နေပြီ" ကြွေးကြော်သံဖြင့် မြန်မာ့တပ်မတော်သားများ ပြည်သူ့ဘက်သို့ " အလံဖြူထောင်" ပူးပေါင်းရန် သီဆိုဟစ်ကြွေး၍ သပိတ်တိုက်ပွဲဖော် သြဂုတ် ၂၈၊ ရန်ကုန် " တပ် ပျက်နေပြီဟေ့" " တိုက်ပွဲမမျှော်နဲ့ တိုက်ပွဲဖော်ကြ" "အရေးတော်ပုံအောင်ရမည်" #ရှေ့ကိုဆက်ချီတက်စို့ #အလံဖြူထောင် #ပြည်သူ့ရင်ခွင်ခိုဝင်ကြ

" တပ်ပျက်နေပြီ" ကြွေးကြော်သံဖြင့် မြန်မာ့တပ်မတော်သားများ ပြည်သူ့ဘက်သို့ " အလံဖြူထောင်" ပူးပေါင်းရန် သီဆိုဟစ်ကြွေး၍ သပိတ်တိုက်ပွဲဖော် သြဂုတ် ၂၈၊ ရန်ကုန် အဆုံးစွန်ထိ မိုက်ကမ်းစွာဖြင့် တိုင်းပြည်၊ လူထုနှင့် တပ်ကို ဖျက်စီး ဖိနှိပ် နေသည့် အာဏာရူး မင်းအောင်လှိုင် အတွက် အသေမခံပဲ၊ ပြည်သူ့ဘက်သို့ အမြန်ဆုံး ဘက်ပြောင်းခိုဝင်ကြရန် လှုံ့ဆော်စည်းရုံးသည့် သပိတ်လှုပ်ရှားမှုကို ရန်ကုန်မြို့ ရှိ တော်လှန်ရေးအင်အားစုများ ပူးပေါင်း ဖော်ဆောင်ခဲ့သည်။ ရန်ကုန်၊ မန္တလေး၊ ပြည်၊ မုံရွာစသည့် မြို့ကြီးများတွင် စစ်ကောင်စီမှ ပျူစောထီးများကို အုပ်ကြီး ရာထူးပေး၊ လက်နက်တပ်ဆင်ခြင်းဖြင့်လည်းကောင်း၊ လူဖမ်းပွဲများဖြင့် အတင်းအဓမ္မပေါ်တာဆွဲ စစ်သားစု ခြင်းများဖြင့်လည်းကောင်း ဖိနှိပ်မှုနှင့် ခြိမ်းခြောက်မှုများကို ပို၍ ဆိုးဝါး ပြင်းထန်စွာ ဆက်တိုက်ကျူးလွန်လာပါသည်။ ဤသို့ အခြေအနေများကြားမှပင် "မြေပြင်လူထုလှုပ်ရှားမှု" တွင် ယုံကြည်ချက်ခိုင်ခိုင်မာမာဖြင့် ပူးပေါင်းပါဝင်ကြ၊ ဝန်းရံကြသည့် မိဘပြည်သူများကို အလေးအနက်ဦးညွှတ်ပါသည်။ " ပြည်သူ မထောက်ခံသည့် စစ်ကို ဆင်နွှဲနေသည့်အပြင် ပြည်သူကိုပါ ဖိနှိပ်သတ်ဖြတ်နေသည့်" စစ်အုပ်စု သက်ဆိုးရှည်နေမှုကို မြန်မာ့တပ်မတော်သားများပါ နွေဦးတော်လှန်ရေးတွင် အမြန်ဆုံးပါဝင်ပူးပေါင်း၍ အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲကြပါရန်နှင့် အထွေထွေအုံကြွအာခံမှုများဖြင့် လူထုတရပ်လုံး တိုက်ပွဲဝင် ကြရန်လည်း အလေးအနက် ပန်ကြားအပ်သည်။" စစ်အုပ်စု ဖိနှိပ်လေ လူထု၏ အမှန်းတရားနှင့် တော်လှန်စိတ်များ ပို၍ ပြင်းထန် လေဖြစ်ကာ လူထု၏ အုံကြွအာခံမှုများကို စစ်ကောင်စီနှင့် ၄င်းတို့ ယန္တရားများ မလွဲမသွေ ကြုံတွေ့ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ ကျွန်ုပ်တို့ သပိတ်ရဲဘော်များသည်လည်း မြေပြင်လူထု လှုပ်ရှားမှုများကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ ဝန်းရံမှု တို့ဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။ " တပ် ပျက်နေပြီဟေ့" " တိုက်ပွဲမမျှော်နဲ့ တိုက်ပွဲဖော်ကြ" "အရေးတော်ပုံအောင်ရမည်" #ရှေ့ကိုဆက်ချီတက်စို့ #အလံဖြူထောင် #ပြည်သူ့ရင်ခွင်ခိုဝင်ကြ

အုပ်ကြီးကမ်ပိန်း Telegram Bot လေးကို နမူနာ စမ်းသပ် အသုံးပြုပြထားပါတယ်။ အုပ်ကြီးကမ်ပိန်း သတင်းပေးရန် - t.me/OakGyiCampaignBot (Telegram) #အုပ်ကြီးကမ်ပိန်း #OakGyiCampaign

◾လုံခြုံရေးတင်းကြပ်ထားရာ ရန်ကုန်မြို့ပေါ်တွင် ကလောင်နီလှုပ်ရှားမှုထပ်မံပြုလုပ်ခဲ့ပါသည်။ စစ်ကောင်စီက မြို့နယ်အချို့တွင် ဧည့်စာရင်းများပိုက်စိပ်တိုက်စစ်နေသော ရန်ကုန်မြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု- AJAY နှင့် လူငယ်သပိတ်ကော်မတီ တို့ ပူး ပေါင်း၍ မြို့နယ်အသီးသီးရှိ ကျောင်းသား၊ပြည်သူတို့နှင့်အတူ ကလောင်နီလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ကြသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်‌ဦးဆောင်သော စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီ အင်အားချိနဲ့ပြိုကွဲလာမှုကို ရန်ကုန်ပြည်သူလူထုက ၀မ်းသာပီတိဖြစ်နေကြောင်း ပြည်သူကို အကြမ်းဖက်ဖိနှိပ်နေသော စစ်ကောင်စီရှုံးလေ ပြည်သူက ပြုံးလေဖြစ်ကြောင်း ဖော်ပြသော အနီရောင်စာသားများကို ရန်ကုန်မြို့အနှံ့ဖော်ကျူးရေးသားလှုပ်ရှားခဲ့ပါတယ်။ ကလောင်နီ သည် လူထု လက်နက် ဖြစ်သည်။ ကလောင်နီလှုပ်ရှားမှုကို ၈၈၈၈ အရေးတော်ပုံ ၃၆ နှစ်ပြည့်မှစတင်၍ ရန်ကုန်မြို့နေရာအနှံ့အပြားတွင် အရှိန်အဟုန်မြှင့် လှုပ်ရှားနေပြီဖြစ်ပြီး ဤလှုပ်ရှားမှုတွင် ရဟန်းရှင်လူ ပြည်သူများ၊ ကျောင်းသားလူငယ်များအနေဖြင့် ကလောင်နီ ( ဆေးအနီ) ကို အသုံးပြုပြီး .. လူမြင်ကွင်းနေရာများ၊ လမ်းမများ၊ နံရံများ ၊ ကားမှတ်တိုင် ဆိုင်းပုဒ်များတွင် စစ်အာဏာရှင်ကို အာခံမှုနှင့် လှောင်ပြောင်သရော်သည့် စာသားများ၊ သတင်းစကားများ ရေးသား၍  ပုံစံမျိုးစုံ ၊ နည်းမျိုးစုံဖြင့် ပူးပေါင်းပါဝင်ကြပါရန် အလေးအနက် တိုက်တွန်းလှုံ့ဆော်ပါသည်။               စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု- AJAY

#အုပ်ကြီးကမ်ပိန်း မှာ လုံးဝ သတင်းမရသေးတဲ့ မြို့နယ်များ အုပ်ကြီးကမ်ပိန်း စတင်ကတည်းက ပြည်သူလူထုရဲ့ အင်တိုက်အားတိုက်ပါဝင် သတင်းပေးပို့မှုကြောင့် စကစ‌ ထောက်တိုင် အုပ်ကြီးတွေရဲ့ အချက်အလက်တွေကို မိနစ်စက္ကန့်နဲ့အမျှ လက်ခံ ရရှိနေပါတယ်။ ဒါပေမယ့် အဲ့ဒီအထဲမှာမှ စာမလာသတင်းမကြားနဲ့ ငြိမ်ချက်သားကောင်းနေတဲ့ မြို့နယ်တချို့ရှိနေပါသေးတယ်။ ရပ်ကွက်တခုစာ သတင်းတစ်ခုမျှ မရရှိသေးတာကြောင့် ဒီမြို့နယ်တွေက တော်လှန်ပြည်သူတွေ သတင်းပေးပို့ဖို့ မေ့မနေရလေအောင် တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။ ရန်ကုန်တိုင်းက မြို့နယ် စုစုပေါင်း (၄၅) မြို့နယ်ထဲမှာ သတင်းပေးပို့ချက် လုံးဝ မရှိသေးတဲ့ မြို့နယ် (၅) ခုကတော့ - (၁) ပန်းပဲတန်းမြို့နယ် (၂) ဒဂုံမြို့နယ် (၃) ရန်ကင်းမြို့နယ် (၄) ဆိပ်ကြီးခနောင်တိုမြို့နယ် (၅) ကိုကိုးကျွန်း (*ချွင်းချက် - ကိုကိုးကျွန်းမြို့နယ်‌မှာ အရပ်သားပြည်သူနေထိုင်မှု အလွန်နည်းပါတယ်။) တော်လှန်ပြည်သူများအနေနဲ့ မိမိကိုယ်တိုင် သတင်းပေး ပါဝင်ရုံမက မြို့နယ်ပေါင်းစုံက မိမိတို့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေကိုပါ အုပ်ကြီးကမ်ပိန်းမှာ ပါဝင်ဖို့ တိုက်တွန်းလိုက်ကြပါဦး။ အုပ်ကြီးကမ်ပိန်း သတင်းပေးရန် - t.me/OakGyiCampaignBot (Telegram) #အုပ်ကြီးကမ်ပိန်း #OakGyiCampaign

အုပ်ချုပ်ရေးမှူးတွေက ဘာနဲ့တူလဲ သိလား ? အုပ်ကြီးတွေဆိုတာ စစ်ဖိနပ်အောက်က ခွာများလိုပဲဗျ၊ ပြည်သူလူထုကတော့ မြေကြီးပေါ်က နင်းပြားလေးတွေပေါ့ဗျာ။ အံမယ် အဲ့လိုကောင်တွေက သူတို့ကြည့်တော့ ဖိနပ်အောက်က  အဆင့်နဲ့ လူထုကို နင်းချေဖိနှိပ်ဖို့ဆိုရင် အားကြိုးမာန်တက် ဖြစ်နေကြတာ။ အဲ့ဒီ အုပ်ကြီးတွေက သူတို့အပေါ်က စစ်ဖိနပ်စီးထားသူတွေအဖို့တော့ ခလုတ်မထိ ဆူးမငြိအောင်နဲ့ ခိုင်ခိုင်ခံ့ခံ့ ရပ်တည်နိုင်ဖို့ ထောက်တိုင်တွေအဖြစ် ပံ့ပိုးပေးပြီး လူထုကို နင်းချေဖျက်ဆီးတဲ့နေရာမှာလည်း အခြေခံအကျဆုံးနေရာကနေ ကာယကံမြောက် ပါဝင်ကြတယ်။ အဲ့တော့ ကျွန်တော်တို့ ပြည်သူလူထုကလည်း လာနင်းချေ ခံရတိုင်း ကျိုးပဲ့သွားမယ့် သစ်ကိုင်းခြောက် သစ်ရွက်ခြောက်လေးတွေ ဖြစ်မလား၊ လာနင်းတဲ့ဖိနပ်နဲ့ အဲ့ဒီဖိနပ်ကို စီးထားတဲ့သူတွေကိုပါ ဒုက္ခပြန်ပေးမယ့် ကျောက်စရစ်တွေ ဆူးညှောင့်တွေ ဖြစ်မလားဆိုတာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုနဲ့ပဲ ဆိုင်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ စစ်ဖိနပ်ခွာတွေကို ပေါက်ပြဲစေပြီး စစ်ဖိနပ်စီးထားသူတွေကို ယိုင်လဲစေမယ့် ချွန်ထက်တဲ့ ဆူးညောင့်တွေအဖြစ် ရှိကြဖို့ အုပ်ကြီးကမ်ပိန်းမှာ ကိုယ်တိုင်ပါဝင်ကြပါ။ အုပ်ကြီးကမ်ပိန်း သတင်းပေးရန် - t.me/OakGyiCampaignBot (Telegram) #အုပ်ကြီးကမ်ပိန်း #OakGyiCampaign