en
Feedback
Anti - Junta Alliance Yangon(AJAY)

Anti - Junta Alliance Yangon(AJAY)

Open in Telegram
529
Subscribers
No data24 hours
No data7 days
-630 days
Posts Archive
❝ လူ့အခွင့်အရေး ထွန်းကားစေ တရားမျှတ လွတ်လပ်မြေ ❞ ═══════════════ အခုလာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့ဟာ (၇၆)နှစ်မြောက် “အပြည်ပြည်ဆို
❝  လူ့အခွင့်အရေး ထွန်းကားစေ တရားမျှတ လွတ်လပ်မြေ  ❞ ═══════════════ အခုလာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့ဟာ (၇၆)နှစ်မြောက် “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့” ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတာ လူသားတိုင်းရဲ့ အခြေခံအကျဆုံး မွေးရာပါ ရပိုင်ခွင့်ဖြစ်သလို  လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်ချက်တွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တရားမျှတပြီး လွတ်လပ်တဲ့ နိုင်ငံတော်တစ်ရပ် ဖြစ်တည်ရေး အတွက် လိုအပ်တဲ့ အရင်းခံ အကြောင်းတရားတွေလည်း ဖြစ်ပါတယ်။ အာဏာရှင်စနစ်အောက်မှာ ရှိနေတဲ့ တိုင်းပြည်က ပြည်သူလူထုတိုင်းဟာ လူ့ဂုဏ်သိက္ခာနဲ့ လူအခွင့်အရေးတွေကို ကောင်းကောင်းမွန်မွန် ခံစားရလေ့ မရှိပါဘူး။ ကျမတို့ တိုင်းပြည်မှာလည်း  ပြည်သူလူထုအနေနဲ့ ဘယ်တုန်းကမှ လူ့အခွင့်အရေးဆိုတာကို ပြည့်ပြည့်ဝဝ မရရှိခဲ့ဖူးတာ အားလုံး အသိပါပဲ။ အထူးသဖြင့် ဒီ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ဒီနိုင်ငံမှာ လူ့အခွင့်အရေးဆိုတာ အလုံးစုံ ဆိတ်သုဉ်းကွယ်ပျောက်နေခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ ကျမတို့ ပြည်သူတွေဟာ မိမိတို့ရဲ့ လူ့အခွင့်အရေးတွေကို ပြန်လည်ရရှိဖို့ ကိုယ်တိုင်ကိုယ်ကျ တော်လှန် တိုက်ပွဲဝင်နေကြရတာ မဟုတ်ပါလား။ အခုဆိုရင်လည်း ဒီလို တော်လှန်တိုက်ပွဲဝင်မှုတွေကြောင့် ပြည်သူလူထုဟာ အောင်မြင်မှု အသီးအပွင့်အချို့ကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရပါပြီ။ ရှေ့ဆက်ပြီးလည်း တိုင်းသူပြည်သူအပေါင်းရဲ့ လူ့အခွင့်အရေးတွေကို ပိတ်ပင် တားဆီး ချိုးဖောက်နေတဲ့ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်အားလုံး အပြီးတိုင်ချုပ်ငြိမ်းစေဖို့ တစ်ဦးတစ်ယောက်ချင်းစီက တတ်နိုင်သမျှ အစွမ်းကုန် တော်လှန် တိုက်ပွဲဝင်ကြပါဦးစို့ရှင်။ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးတွေနဲ့ ပြည့်ဝ ထုံမွှမ်းတဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းလာစေဖို့ အတွက် အားလုံး အရှိန်အဟုန်မြှင့် ချီတက် ရုန်းကန်ကြပါစို့ရှင်။ #10D #16DaysofActivism #လူ့အခွင့်အရေးထွန်းကားစေတရားမျှတလွတ်လပ်မြေ #အရေးတော်ပုံ_အောင်ရမည်

⁨📷⁩ ⁨⁨📷⁩ ⁨လူထုလှုပ်ရှားမှု ရက်သတ္တပတ် ====================== “ “နိုင်ငံတကာ စည်းလုံးညီညွတ်မှု၊ ချိတ်ဆက်လှုပ်ရှားမှု၊ ပံ့ပိုး
⁨📷⁩ ⁨⁨📷⁩ ⁨လူထုလှုပ်ရှားမှု ရက်သတ္တပတ် ====================== “ “နိုင်ငံတကာ စည်းလုံးညီညွတ်မှု၊ ချိတ်ဆက်လှုပ်ရှားမှု၊ ပံ့ပိုးကူညီမှု" နိုဝင်ဘာ ၂၃ (မြန်မာစံတော်ချိန် ၇ – ၉ နာရီ) အကြမ်းမဖက် လူထုလှုပ်ရှားမှုသည် ယနေ့ နိုင်ငံတဝှမ်း ပုံသဏ္ဌာန်ပေါင်းစုံဖြင့် ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေး၏ မူလဘူတ အခြေခံလှုပ်ရှားမှုကြီး ဖြစ်သည်။ အချိန်ကာလတခု ရောက်လာသည်နှင့်အမျှ လှုပ်ရှားမှုကြီးအတွင်း ပါဝင်နေကြသည့် မျိုးဆက်အသီးသီးအကြား မတူညီသည့် ချဉ်းကပ်မှုပုံစံဖြင့် ပါဝင်မှုများအား စုစည်း၍ ပိုမိုအားကောင်းသည့် လှုပ်ရှားမှုကြီးအသွင်သို့ အရှိန်မြှင့်တင်ရန် အချိန်အခါလည်း ကျရောက်နေပြီ ဖြစ်သည်။ လူထုအာဏာအား မတရား သိမ်းယူထားသည့် အကြမ်းဖက်စစ်အုပ်စုအား ၎င်းတို့ နားလည်သည့် ဘာသာစကားဖြစ်သည့် စစ်ရေးနည်းနာဖြင့် တွန်းလှန်ရမည် ဖြစ်သလို နိုင်ငံ့လူထု လို လားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းနာဖြစ်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုနည်းနာဖြင့်လည်း တောင်းဆို တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။   လူထုနှင့် မျိုးဆက်အသီးသီးရှိ နိုင်ငံရေး အင်အားစုများအကြား အပြန်အလှန် သင်ယူမှုဖြင့် စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသရန်၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး အကြမ်း မဖက် လူထုလှုပ်ရှားများအား အရှိန်မြှင့်တင်ရေးအတွက် ရေတို/ရေရှည် မဟာဗျူဟာ/နည်းဗျူဟာများ သုံးသပ်ဆွေးနွေးခြင်းနှင့် ချမှတ်ခြင်းတို့ ဆောင်ရွက်ရန်အတွက် "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အမည်ဖြင့် ဆွေးနွေးပွဲများ၊ မြေပြင်လှုပ်ရှားမှုများ၊  ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။   လူထုလှုပ်ရှားမှု ရက်သတ္တပတ် လှုပ်ရှားမှု တတိယနေ့ ဖြစ်သည့် နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံတကာ အဝန်းအဝိုင်းနှင့် အစိုးရများ၏ အခန်းကဏ္ဍ၊  နိုင်ငံတကာရောက် မြန်မာပြည်သူများ၊  အင်အားစုများ၏ ချိတ်ဆက်လှုပ်ရှားမှုများကို ဆန်းစစ်သုံးသပ်မှု အစီအစဥ်အား "နိုင်ငံတကာ စည်းလုံးညီညွတ်မှု၊ ချိတ်ဆက်လှုပ်ရှားမှုနှင့် ပံ့ပိုးကူညီမှု" ခေါင်းစဥ်ဖြင့် Webinar ဆွေးနွေးပွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဆွေးနွေးမှုအား PVTV အပါအဝင် တော်လှန်သော သတင်းမီဒီယာများ၏ လူမှုကွန်ရက်စာ မျက်နှာများမှလည်း တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ #CivilResistanceWeek #လူထုလှုပ်ရှားမှုရက်သတ္တပတ် #ငုံ့မခံနဲ့တုန့်ပြန် အရေးတော်ပုံ အောင်ရမည်။⁩⁩

⁨📷⁩ ⁨လူထုလှုပ်ရှားမှု ရက်သတ္တပတ် =============================== “နွေဦးတော်လှန်ရေး၏ လူထုလှုပ်ရှားမှုကဏ္ဍကို ဆန်းစစ်ခြင်း" နိ
⁨📷⁩ ⁨လူထုလှုပ်ရှားမှု ရက်သတ္တပတ် =============================== “နွေဦးတော်လှန်ရေး၏ လူထုလှုပ်ရှားမှုကဏ္ဍကို ဆန်းစစ်ခြင်း" နိုဝင်ဘာ ၂၂ (မြန်မာစံတော်ချိန် ည ၇ – ၉ နာရီ) အကြမ်းမဖက် လူထုလှုပ်ရှားမှုသည် ယနေ့ နိုင်ငံတဝှမ်း ပုံသဏ္ဌာန်ပေါင်းစုံဖြင့် ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေး၏ မူလဘူတ အခြေခံလှုပ်ရှားမှုကြီး ဖြစ်သည်။ အချိန်ကာလတခု ရောက်လာသည်နှင့်အမျှ လှုပ်ရှားမှုကြီးအတွင်း ပါဝင်နေကြသည့် မျိုးဆက်အသီးသီးအကြား မတူညီသည့် ချဉ်းကပ်မှုပုံစံဖြင့် ပါဝင်မှုများအား စုစည်း၍ ပိုမိုအားကောင်းသည့် လှုပ်ရှားမှုကြီးအသွင်သို့ အရှိန်မြှင့်တင်ရန် အချိန်အခါလည်း ကျရောက်နေပြီ ဖြစ်သည်။ လူထုအာဏာအား မတရား သိမ်းယူထားသည့် အကြမ်းဖက်စစ်အုပ်စုအား ၎င်းတို့ နားလည်သည့် ဘာသာစကားဖြစ်သည့် စစ်ရေးနည်းနာဖြင့် တွန်းလှန်ရမည် ဖြစ်သလို နိုင်ငံ့လူထု လို လားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းနာဖြစ်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုနည်းနာဖြင့်လည်း တောင်းဆို တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။   လူထုနှင့် မျိုးဆက်အသီးသီးရှိ နိုင်ငံရေး အင်အားစုများအကြား အပြန်အလှန် သင်ယူမှုဖြင့် စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသရန်၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး အကြမ်း မဖက် လူထုလှုပ်ရှားများအား အရှိန်မြှင့်တင်ရေးအတွက် ရေတို/ရေရှည် မဟာဗျူဟာ/နည်းဗျူဟာများ သုံးသပ်ဆွေးနွေးခြင်းနှင့် ချမှတ်ခြင်းတို့ ဆောင်ရွက်ရန်အတွက် "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အမည်ဖြင့် ဆွေးနွေးပွဲများ၊ မြေပြင်လှုပ်ရှားမှုများ၊  ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။ လူထုလှုပ်ရှားမှု ရက်သတ္တပတ် လှုပ်ရှားမှု ဒုတိယနေ့ ဖြစ်သည့် နိုဝင်ဘာ ၂၂ ရက်တွင် စစ်အာဏာသိမ်းမှု စတင်ချိန်မှစ၍ ယနေ့တိုင် လှုပ်ရှားသက်ဝင်နေဆဲဖြစ်သည့် လူထုလှုပ်ရှားမှု (Civil Resistance) ကို ဆန်းစစ်သုံးသပ်မှု အစီအစဥ်အား  "နွေဦးတော်လှန်ရေး၏ လူထုလှုပ်ရှားမှုကဏ္ဍကို ဆန်းစစ်ခြင်း" ခေါင်းစဥ်ဖြင့် Webinar ဆွေးနွေးပွဲ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဆွေးနွေးမှုအား နိုင်ငံ့လူထုကိုယ်တိုင် ဝင်ရောက်နားဆင်နိုင်သော စကားဝိုင်းဆွေးနွေးမှု ပုံစံဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ ဝင်ရောက် နားဆင်နိုင်ရန် ခက်ခဲသူများအတွက်လည်း PVTV အပါအဝင် တော်လှန်သော သတင်းမီဒီယာများ၏ လူမှုကွန်ရက်စာမျက်နှာများမှလည်း တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ #CivilResistanceWeek #လူထုလှုပ်ရှားမှုရက်သတ္တပတ် #ငုံ့မခံနဲ့တုန့်ပြန် အရေးတော်ပုံ အောင်ရမည်။⁩

⁨📷⁩ ⁨⁨📷⁩ ⁨လူထုလှုပ်ရှားမှု ရက်သတ္တပတ် ====================== “ လူထုလှုပ်ရှားမှုသမိုင်းတလျှောက် ပြောင်းလဲခဲ့သည့် မဟာဗျူဟာ၊ န
⁨📷⁩ ⁨⁨📷⁩ ⁨လူထုလှုပ်ရှားမှု ရက်သတ္တပတ် ====================== “ လူထုလှုပ်ရှားမှုသမိုင်းတလျှောက် ပြောင်းလဲခဲ့သည့် မဟာဗျူဟာ၊ နည်းဗျူဟာများ" နိုဝင်ဘာ ၂၁ (မြန်မာစံတော်ချိန် ၇ – ၉ နာရီ) အကြမ်းမဖက် လူထုလှုပ်ရှားမှုသည် ယနေ့ နိုင်ငံတဝှမ်း ပုံသဏ္ဌာန်ပေါင်းစုံဖြင့် ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေး၏ မူလဘူတ အခြေခံလှုပ်ရှားမှုကြီး ဖြစ်သည်။ အချိန်ကာလတခု ရောက်လာသည်နှင့်အမျှ လှုပ်ရှားမှုကြီးအတွင်း ပါဝင်နေကြသည့် မျိုးဆက်အသီးသီးအကြား မတူညီသည့် ချဉ်းကပ်မှုပုံစံဖြင့် ပါဝင်မှုများအား စုစည်း၍ ပိုမိုအားကောင်းသည့် လှုပ်ရှားမှုကြီးအသွင်သို့ အရှိန်မြှင့်တင်ရန် အချိန်အခါလည်း ကျရောက်နေပြီ ဖြစ်သည်။ လူထုအာဏာအား မတရား သိမ်းယူထားသည့် အကြမ်းဖက်စစ်အုပ်စုအား ၎င်းတို့ နားလည်သည့် ဘာသာစကားဖြစ်သည့် စစ်ရေးနည်းနာဖြင့် တွန်းလှန်ရမည် ဖြစ်သလို နိုင်ငံ့လူထု လို လားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းနာဖြစ်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုနည်းနာဖြင့်လည်း တောင်းဆို တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။   လူထုနှင့် မျိုးဆက်အသီးသီးရှိ နိုင်ငံရေး အင်အားစုများအကြား အပြန်အလှန် သင်ယူမှုဖြင့် စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသရန်၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး အကြမ်း မဖက် လူထုလှုပ်ရှားများအား အရှိန်မြှင့်တင်ရေးအတွက် ရေတို/ရေရှည် မဟာဗျူဟာ/နည်းဗျူဟာများ သုံးသပ်ဆွေးနွေးခြင်းနှင့် ချမှတ်ခြင်းတို့ ဆောင်ရွက်ရန်အတွက် "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အမည်ဖြင့် ဆွေးနွေးပွဲများ၊ မြေပြင်လှုပ်ရှားမှုများ၊  ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။ "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အစီအစဉ် ပထမဆုံးနေ့ ဖြစ်သည့် နိုဝင်ဘာ ၂၁ ရက်တွင် လူထုလှုပ်ရှားမှုသမိုင်းများ၌ ပါဝင်ခဲ့ကြသည့် မျိုးဆက်အသီးသီး၏ ဖြတ်သန်းမှုနှင့် အတွေ့အကြုံများ ပြန်လည်သုံးသပ်မှုအစီအစဉ်အား "လူထုလှုပ်ရှားမှုသမိုင်းတလျှောက် ပြောင်းလဲခဲ့သည့် မဟာဗျူဟာ၊ နည်းဗျူဟာ" ခေါင်းစဉ်ဖြင့် Webinar ဆွေးနွေးပွဲအား ပြုလုပ်မည် ဖြစ်ပါသည်။   ဆွေးနွေးမှုအား နိုင်ငံ့လူထုကိုယ်တိုင် ဝင်ရောက်နားဆင်နိုင်သော စကားဝိုင်းဆွေးနွေးမှု ပုံစံဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ ဝင်ရောက် နားဆင်နိုင်ရန် ခက်ခဲသူများအတွက်လည်း PVTV အပါအဝင် တော်လှန်သော သတင်းမီဒီယာများ၏ လူမှုကွန်ရက်စာမျက်နှာများမှလည်း တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ #CiviResistanceWeek #လူထုလှုပ်ရှားမှုရက်သတ္တပတ် #ငုံ့မခံနဲ့တုန့်ပြန် အရေးတော်ပုံ အောင်ရမည်။⁩⁩

လူထုလှုပ်ရှားမှု ရက်သတ္တပတ် ================ လူထုတိုက်ပွဲလှုပ်ရှားမှုသည် ယနေ့ နိုင်ငံတဝှမ်း ပုံသဏ္ဌာန်ပေါင်းစုံဖြင့် ဆင်နွှဲန
လူထုလှုပ်ရှားမှု ရက်သတ္တပတ် ================ လူထုတိုက်ပွဲလှုပ်ရှားမှုသည် ယနေ့ နိုင်ငံတဝှမ်း ပုံသဏ္ဌာန်ပေါင်းစုံဖြင့် ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေး၏ မူလဘူတ အခြေခံလှုပ်ရှားမှုကြီး ဖြစ်သည်။ အချိန်ကာလတခု ရောက်လာသည်နှင့်အမျှ လှုပ်ရှားမှုကြီးအတွင်း ပါဝင်နေကြသည့် မျိုးဆက်အသီးသီးအကြား မတူညီသည့် ချဉ်းကပ်မှုပုံစံဖြင့် ပါဝင်မှုများအား စုစည်း၍ ပိုမိုအားကောင်းသည့် လှုပ်ရှားမှုကြီးအသွင်သို့ အရှိန်မြှင့်တင်ရန် အချိန်အခါလည်း ကျရောက်နေပြီ ဖြစ်သည်။ ယနေ့ကာလတွင် လူထုတိုက်ပွဲလှုပ်ရှားမှုကြီး (Civil Resistance Movement) မလိုအပ်တော့ဟု ယူဆသူများ ရှိကောင်း ရှိမည် ဖြစ်သည်။ ယင်းမှာ မဟုတ်မှန်။ လူထုအာဏာအား မတရား သိမ်းယူထားသည့် အကြမ်းဖက်စစ်အုပ်စုအား ၎င်းတို့ နားလည်သည့် ဘာသာစကားဖြစ်သည့် စစ်ရေးနည်းနာဖြင့် တွန်းလှန်ရမည် ဖြစ်သလို နိုင်ငံ့လူထု လို လားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းနာဖြစ်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုနည်းနာဖြင့်လည်း တောင်းဆို တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။ လူထုလှုပ်ရှားမှုများအတွင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင် လှုပ်ရှားနေသူများနှင့် လှုပ်ရှားမှုကို အားပေးထောက်ခံနေကြသည့် ပြည်သူများအကြား လှုပ်ရှားမှုအား နားလည်ကြသည့်ပုံသဏ္ဌာန်များ မတူညီကြ။ ယင်းမတူညီမှုကိုပင် အခြေခံ၍ အကြမ်းဖက်စစ်အုပ်စု အပါအဝင် နွေဦးတော်လှန်ရေး အောင်မြင်မည်ကို စိုးရွံ့နေကြသူများက တန်ပြန်ဝါဒဖြန့်မှုများ ကျင့်သုံးလျက်ရှိသည်။ အကြမ်းဖက်စစ်အုပ်စုသည် လက်ရှိတွင် စစ်ရေးအရ ပြိုလဲကျဆုံးနေပြီ ဖြစ်သည်။ ၎င်းတို့ ကွက်ကွက်ကလေး ထိန်းချုပ်ထားနိုင်သည့် နေရာကွက်ကွက်ကလေး၌သာ ကျားကုပ်ကျားခဲ အသက်ဆက်နေကြရသည်။  ယင်းနောက်ဆုံးထွက်သက် အပြီးတိုင် ဇိဝိန်ချုပ်ရေးအတွက် အကြမ်းမဖက် လူထုလှုပ်ရှားမှုကြီးသည် အရေး ပါသည်။ အရေးကြီးသည်။ ထို့နည်းတူ မျက်မှောက် လူထုလှုပ်ရှားမှု ဖော်ဆောင်နေသူများ အပါအဝင် လူထုတရပ်လုံးအကြား နားလည်မှု၊ သွေးစည်းညီညွတ်မှု တည်ဆောက်ခြင်းအားဖြင့်သာ ချုပ်ငြိမ်းနိုင်စေလိမ့်မည်ဟု ယုံကြည်သည်။ ထို့ကြောင့် လူထုနှင့် မျိုးဆက်အသီးသီးရှိ နိုင်ငံရေး အင်အားစုများအကြား အပြန်အလှန် သင်ယူမှုဖြင့် စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသရန်၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး အကြမ်း မဖက် လူထုလှုပ်ရှားများအား အရှိန်မြှင့်တင်ရေးအတွက် ရေတို/ရေရှည် မဟာဗျူဟာ/နည်းဗျူဟာများ သုံးသပ်ဆွေးနွေးပွဲခြင်းနှင့် ချမှတ်ခြင်းတို့ ဆောင်ရွက်ရန်အတွက် "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အမည်ဖြင့် ဆွေးနွေးပွဲများ၊ မြေပြင်လှုပ်ရှားမှုများ ၊  ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို အကောင်အထည် ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။ “လူထုလှုပ်ရှားမှု ရက်သတ္တပတ်" လှုပ်ရှားမှုအတွင်း "လူထုလှုပ်ရှားမှု သမိုင်းတလျှေက် ပြောင်းလဲခဲ့သည့် မဟာဗျူဟာနှင့် နည်းပညာ"၊ "နွေဦးတော်လှန်ရေး၏ လူထုလှုပ်ရှားမှုကဏ္ဍကို ဆန်းစစ်ခြင်း"၊ "နိုင်ငံတကာ စည်းလုံးညီညွတ်မှု၊ ချိတ်ဆက်လှုပ်ရှားမှုနှင့် ပံ့ပိုးကူညီမှု"၊ "နွေဦးတော်လှန်ရေးနှင့် ဂျန်ဒါတန်းတူရေး"၊ "မြေပြင်လူထု လှုပ်ရှားမှုများနှင့် အုပ်ချုပ်ရေး၊ စစ်ရေးချိတ်ဆက် ဖော်ဆောင်မှု" အကြောင်းအရာများအား ကဏ္ဍတစ်ခုချင်းစီအလိုက် Webinar ဆွေးနွေးပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တော်လှန်သော မျိုးဆက်အသီးသီး၏ အကြမ်းမဖက် လူထုလှုပ်ရှားမှုဆိုင်ရာ ဆွေးနွေးမှုများကိုလည်း နိုင်ငံ့လူထုကိုယ်တိုင် ဝင်ရောက် နားဆင်နိုင်သော စကားဝိုင်းဆွေးနွေးမှု ပုံစံဖြင့် ပြုလုပ်သွားပါမည်။ ဝင်ရောက် နားဆင်နိုင်ရန် ခက်ခဲသူများအတွက်လည်း PVTV အပါအဝင် တော်လှန်သော သတင်းမီဒီယာများ၏ လူမှုကွန်ရက်စာမျက်နှာများမှလည်း တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်သည်။ #CiviResistanceWeek #လူထုလှုပ်ရှားမှုရက်သတ္တပတ် #ငုံ့မခံနဲ့တုန့်ပြန် အရေးတော်ပုံ အောင်ရမည်။

◾️တန်ဆောင်မုန်းလပြည့်နေ့ ပံ့သကူအလှူနှင့် တော်လှန်ရေးသတင်းစကားများဖြန့်ဝေသည့်လှုပ်ရှားမှုကို ရန်ကုန်၊ မန္တလေးမြို့များအပါအဝင်
+6
◾️တန်ဆောင်မုန်းလပြည့်နေ့ ပံ့သကူအလှူနှင့် တော်လှန်ရေးသတင်းစကားများဖြန့်ဝေသည့်လှုပ်ရှားမှုကို ရန်ကုန်၊ မန္တလေးမြို့များအပါအဝင် မြို့အများအပြားတွင်လှုပ်ရှားဖြန့်ဝေ ယနေ့ တန်ဆောင်မုန်းလပြည့်နေ့ည၌ ကိုတေဇာစန်း နှင့် ကိုနန်းလင်း တို့၏ ပြည်သူလူထုထံပေးပို့သည့် သတင်းစကားများကို ပံ့သကူအလှူနှင့် အတူပူးတွဲ‌ဖြန့်ဝေသည့် လှုပ်ရှားမှုကို ရန်ကုန်နှင့် မန္တလေးမြို့တို့ အပါအဝင် စစ်ကောင်စီ ထိန်းချုပ်ရာ မြို့များတွင် တက်ကြွလှုပ်ရှားသည့် ပြည်သူများနှင့်တူ လူထုသပိတ်အင်အားစု အသီးသီးက လှုပ်ရှားဖြန့်ဝေခဲ့သည်။ ရန်ကုန်မြို့တွင် စမ်းချောင်း၊အလုံကြည့်မြင်တိုင်၊ တာမွေ၊ သဃ်န်းကျွန်းမြို့နယ်များအပါအ၀င် မြို့နယ် ၁၀ မြို့နယ်ကျော် နှင့် မန္တလေးမြို့တို့တွင် အရေအတွက်သောင်းနဲ့ချီ၍ ပံ့သကူပစ် လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ "ငုံ့မခံနဲ့ တုန့်ပြန်ကြ" #ပံ့သကူ #ငုံ့မခံနဲ့တုန့်ပြန်ကြ

အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် သန်းခေါင်စာရင်းကောက်ယူခဲ့မှုနှင့် စပ်လျဉ်း၍ သဘောထား ထုတ်ပြန်ကြေညာချက် စာအမှတ်။ ။ ၈/ပပ/၂၀၂၄ ရက်စ
+1
အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် သန်းခေါင်စာရင်းကောက်ယူခဲ့မှုနှင့် စပ်လျဉ်း၍ သဘောထား ထုတ်ပြန်ကြေညာချက် စာအမှတ်။  ။ ၈/ပပ/၂၀၂၄ ရက်စွဲ။       ။  ၁၂၊ ၁၁ ၊ ၂၀၂၄ ၁။  အကြမ်းဖက် စစ်အုပ်စုသည် နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို လက်နက်အားကိုးဖြင့် အဓမ္မ လုယူ၍ စစ်ရာဇဝတ်မှုမျိုးစုံကိုလည်း ဆက်တိုက် ကျူးလွန်နေသည့် ရာဇဝတ်ဂိုဏ်း တစ်ခုသာ ဖြစ်သည်။ ယခုအခါ ဘက်ပေါင်းစုံက အားနည်းပြိုကျနေပြီ ဖြစ်သည့် အကြမ်းဖက် စစ်အုပ်စုသည် အတုအယောင် ဟန်ပြရွေးကောက်ပွဲ တစ်ခုဖန်တီး၍ နိုင်ငံရေးအရ ထွက်ပေါက် ရှာနိုင်ရေး အတွက် ရှေ့ပြေးလုပ်ငန်းစဉ် တစ်ခုအဖြစ်  ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးကို အဓမ္မ ကြိုးပမ်းခဲ့ပါသည်။ ၂။  ထိုကဲ့သို့ အကြမ်းဖက် စစ်အုပ်စုက ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးကို အဓမ္မ ကြိုးပမ်းခဲ့သည့် ကာလမှာ နိုင်ငံအဝှမ်းရှိ မြို့နယ်ပေါင်း (၃၃၀)၌ မြို့နယ် (၂၃၃) ခုထက်မနည်း (နိုင်ငံ၏ ဧရိယာ (၇၀) ရာခိုင်နှုန်းကျော်)၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ဆယ်စုနှစ် ငါးခုအတွင်းတွင် အဆိုးဆုံး ဖြစ်ခဲ့သည့် စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် လူဦးရေ (၄၀၀) ကျော် သေဆုံးခဲ့ပြီး (၁၀၀) ဦးထက်မနည်း ပျောက်ဆုံးခဲ့၍ ရေဘေးသင့် ပြည်သူ (၁)သန်းကျော် အထိ ထိခိုက်ပျက်စီးနေမှုများ ကြုံနေရသည့် အချိန် ဖြစ်ပါသည်။ ၃။  သို့သော် အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့၏ အကျိုးစီးပွားအတွက်ကိုသာ ပဓာန ထားကြသော အာဏာရှင်များ ဖြစ်ကြသည့် အလျောက် ပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို  မျက်ကွယ်ပြု၍ နိုင်ငံ့ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကို အသုံးပြုခဲ့ပြီး ၎င်းတို့၏ လက်အောက်ခံ ပညာရေး ဝန်ထမ်း ဆရာ၊ ဆရာမများကို အဓမ္မ စေခိုင်းကာ သန်းခေါင်စာရင်း ကောက်ယူရေးကို အောက်တိုဘာလ (၁)ရက်မှ (၁၅)ရက် အတွင်း ပြီးစီးရန် ကနဦး ဦးစားပေး လုပ်ဆောင်ခဲ့သည်ကို တွေ့ရပါသည်။ ၄။  ထို့အပြင် အကြမ်းဖက် စစ်အုပ်စုသည် အဓမ္မ သန်းခေါင်စာရင်း ကောက်ယူရာ၌ ပျူစောထီး၊ ပြည်သူ့စစ်၊ ရဲ၊ စစ်တပ် စသည့် လုံခြုံရေး အင်အားပေါင်းများစွာကို အသုံးပြု၍ ၎င်းတို့ ထိန်းချုပ်ထားနိုင်သော မြို့ပြများ၌ လက်နက် ကိုင်ဆောင်ကာ အဓမ္မ ကောက်ခံခဲ့ပြီး ကျေးလက် ဒေသများ အချို့တွင်လည်း လုံခြုံရေးစစ်ကြောင်းများဖြင့် ပြည်သူလူထုကို ခြိမ်းခြောက် သေနတ်ထောက်၍ ဖိအားပေး ကောက်ယူရန် ကြိုးစားခဲ့ကြောင်း သိရှိရပါသည်။ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်တွင် ပါဝင်ကြသည့် ပညာရေး ဝန်ထမ်း ဆရာ၊ ဆရာမများသည်လည်း တာဝန်ကျေ အပြသဘော၊  အဖြစ်သဘောသာ ကောက်ယူခဲ့ကြကြောင်း သိရှိရပါသည်။ ၅။  ထိုကဲ့သို့ နိုင်ငံ၏ အရင်းအမြစ်များစွာကို မတရားသဖြင့် အသုံးပြု၍  ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အင်အားပြ၊ သေနတ်ထောက် အတင်းအကျပ် ကောက်ယူရန် အကြမ်းဖက် စစ်အုပ်စုက ကြိုးစားခဲ့သော်လည်း သန်းခေါင်စာရင်း ကောက်ယူခဲ့သည့် လုပ်ငန်းစဉ် တလျောက်လုံးတွင် ပြည်သူလူထု၏ "ယုံကြည်မှုနှင့် ကြည်ဖြူစွာ ပူးပေါင်းမှု"ကို  လုံးဝ မရရှိခဲ့ဘဲ ၎င်းတို့၏ မူလ ရည်မှန်းရက်ထက် (၁၅) ရက်ထပ်တိုးကာ အောက်တိုဘာလ လကုန်အထိ ကောက်ယူခဲ့ရခြင်းက သန်းခေါင်စာရင်း ကောက်ယူမှု မအောင်မြင်ခဲ့ကြောင်း အကြမ်းဖက် စစ်အုပ်စု ကိုယ်တိုင်က သက်သေပြခဲ့ခြင်း ဖြစ်ပါသည်။ ၆။  အထက်ပါ အခြေအနေများနှင့် ဖြစ်ရပ်များအရ အကြမ်းဖက် စစ်အုပ်စု၏  ပြည်လုံးကျွတ် သန်းခေါင်စာရင်း အဓမ္မ ကောက်ယူခဲ့ခြင်းသည် လုပ်ငန်းစဉ်အရ အနှစ်သာရ မရှိခြင်း၊ ပြည်သူလူထု၏ ယုံကြည်မှုနှင့် ကြည်ဖြူစွာ ပူးပေါင်းမှု မရှိခြင်းနှင့် ရရှိနိုင်မည့် အချက်အလက်များသည်လည်း ခိုင်မာ မှန်ကန်မည် မဟုတ်ခြင်းတို့ကို ထင်ရှားစွာ တွေ့မြင်နိုင်သဖြင့် သမိုင်းတလျှောက်လုံး၌ အဆင့်အတန်းမရှိသော၊  အားကိုးယုံကြည်ဖွယ်ရာ မရှိသော ပုံပျက်ပန်းပျက် သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှု အဖြစ်သာ သမိုင်းဆိုးတွင်ခဲ့ပြီ ဖြစ်ကြောင်း ကျွန်ုပ်တို့က သတ်မှတ်သည်။ ၇။  အကြမ်းဖက် စစ်အုပ်စု၏ အဓမ္မ သန်းခေါင်စာရင်း ကောက်ယူခဲ့သည့် လုပ်ငန်းစဉ် တလျောက်လုံးတွင် နည်းနာမျိုးစုံဖြင့် ဆန့်ကျင်၍ ပူးပေါင်းမှု မပြုခဲ့ကြသော ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများ၏ တော်လှန်ရေးအပေါ် ပါဝင် ပံ့ပိုးပေးမှုများကိုလည်း ကျွန်ုပ်တို့က အလေးအမြတ်ပြုအပ်ပါသည်။  ထို့အပြင် အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် ဟန်ပြ ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းသည့် ကိစ္စရပ်များကို ဆန့်ကျင် ဖီဆန်ခြင်း အပါအဝင် အာဏာရှင် စနစ်များ အမြန်ဆုံး  ချုပ်ငြိမ်းနိုင်ရေးအတွက် ဦးတည်၍ အရှိန်အဟုန်မြှင့် ပါဝင် တော်လှန်‌ပေးကြရန်လည်း အလေးအနက် တိုက်တွန်းအပ်ပါသည်။           တော်လှန်ရေးသစ္စာဖြင့်       အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု-GSCB

ရပ်တည်ပြုကျင့်ခြင်း ရဲ့ အကျိုးဆက် ဖြစ်ပြီး “ဘယ်သူမပြု မိမိမှု “ လို့သာ မှတ်ယူထားနိုင် ဖို့ ကြိုတင်စကားပါးထားချင်ပါတယ်။ ကမ္ဘာ့စူပါ ပါဝါနေရာကို တဖန်ပြန် ရယူလိုနေတဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ  “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ပါတီ“၊ ”​မိမိအကျိုးစီးပွားအတွက် အိမ်နီချင်းနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို အနိုင်ကျင့် ဗိုလ်ကျတဲ့ ဖက်ဆစ်ပါတီ” ဖြစ်တယ်ဆိုတာကို ကမ္ဘာကြီးက တနေ့ တခြားပိုပိုသိလာပါလိမ့်မယ်။  အောင်ဝင်း

ဆက်လက်ဖတ်ရှုရန် -   ဝမ်းနည်းဖို့ကောင်းတာကတော့ “တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်ကွန်မြူနစ် ပါတီ” တို့ဟာ သြဂုတ်လ ၁၄ ရက် ဝမ်ယိ ခရီးစဥ်မှာ မင်းအောင်လှိုင်ရဲ့ သွေးစွန်းလက်ကို အားပါတရ ဖမ်းဆုပ် လက်ဆွဲ နှုတ်ဆက်ရင်း မြန်မာပြည်သူများရဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကမ်းလက်ကို ပုတ်ထုတ် ရိုက်ချ လိုက်တာပါပဲ။  မြန်မာပြည်သူများဟာ “ကိုလိုနီပြုခဲ့တဲံ အင်္ဂလိပ်ကို လည်း မမုန်း၊ ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့  ဂျပန်တွေရဲ့ အပြစ်တွေ ကိုလည်း မုန်းခဲ့သူတွေ မဟုတ်ပါဘူး။” ချစ်စကိုရှည်စေ မုန်းစကိုတိုစေ ဆိုတဲ့ ချစ်စဖွယ် စိတ်ထားဗီဇ ရှိသူတွေဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံကို ဘယ်လိုနည်းနဲ့မှ အကြောင်းမဲ့ သက်သက် မုန်းတီးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း သမ္မတ ရှီ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ သံအမတ် မာကျားတို့ ကိုယ်တိုင်ဟာ “ တရုတ်မုန်းတီးရေး ဆူးညှောင့်ကို မြန်မာပြည်သူတွေရင်ထဲ မျိုးစေ့ချ ရိုက်သွင်းပေးနေသူတွေဖြစ်နေပြီဆိုတာကို သတိပြုစေချင်ပါတယ်။  မြန်မာစစ်တပ် ပြိုကွဲလို့ မရ ဆိုတဲ့ အထူးကိုယ်စားလှယ် တိန့်ရဲ့ ဝ ခေါင်းဆောင်တွေအပေါ် ပေးလိုက်တဲ့ သြဝါဒဟာ မြန်မာပြည်သူတွေရဲ့ နားထဲ သံရည်ပူလောင်းနေတယ်ဆိုတာ သူ သိမှ သိပါလေစလို့ စိတ်ပူမိပါတယ်။ မြန်မာပြည်သူတွေ အတွက် လွတ်လပ်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ စစ်တပ်ဆိုတာ မရှိတော့ဘူး။ လွတ်လပ်ရေးနဲ့ အတူ ဦးအောင်ဆန်း တည်ထောင်ချင်ခဲ့ တဲ့ စစ်တပ် ဆိုတာသည် ဒီနေ့ ရှိနေတဲ့ စစ်တပ်မျိုးမဟုတ်ပါဘူး။ ဒီနေ့ မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်တပ် ဆိုတာသည် ယူနီဖောင်းဝတ် လူဆိုးဂိုဏ်း ၊ ဓားပြဂိုဏ်း အကြီး စား တခုအဖြစ်သာ မြန်မာပြည်သူတွေက ရှုမြင်ပါတော့တယ်။ ယူနီဖောင်းဝတ်ထားတဲ့ စစ်သားကို မြင်တာနဲ့ အရိုက်ခံရမလား၊ ငွေများညှစ်မလား ၊ ငါ့များ ဘာလုပ်မလဲ ဆိုပြီး ပြည်သူတွေက တွေးပူနေရပြီ။ ရွံ ကြောက်ကြီးတွေ ဖြစ်နေပါပြီ။ မြန်မာစစ်တပ်က စစ်သား မှန်သမျှကလည်း သူတို့ ရဲ့ “နိုင်ငံတော်နဲ့ နိုင်ငံသားကို ကာကွယ်စောင့်ရှောက်ပါမည်” ဆိုတဲ့ ကတိသစ္စာစကားထက် လူတွေကို ဘယ်လိုညှဥ်းပန်းရမလဲ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အရ ဘယ်လို ပါးစပ်အရသာ ခံ​ စော်ကားမလဲ၊ ဘယ်လိုမုဒိမ်းကျင့်လိုက်ရမလဲ၊ ဘယ်နည်းနဲ့ လူတွေရဲ့ ပိုင်ဆိုင်မှု၊ ပစ္စည်းဥစ္စာ ငွေကြေး တွေကို လုယူနိုင်မလဲ ပဲတွေးနေကြတာပါ။  မင်းအောင်လှိုင် စစ်တပ်နဲ့ မြန်မာပြည်သူ၊ မြန်မာ့လူ့အဖွဲ့အစည်း ဟာ ကမ္ဘာ့ရန်ဖြစ်သွားပြီ။ ကမ္ဘာကြေရင်တောင် ဥဒါန်းကျေနိုင်စရာမရှိတော့ဘူး။ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ ဒီ စစ်တပ်ကြီး ဟာ ချက်ကြိုးပြတ်သွားပြီ။ အခုလို အတင်း ဒရမန်းကြမ်း သေနတ်ထောက်၊​ အင်အားပြ ဖိနှိပ်နေလို့သာ လူထုက သည်းခံ​အောင့်အည်းနေပေမယ့် အခါအခွင်သင့် အခြေအနေ ပေးတာနဲ့ ပြည်သူအပေါ် စော်ကား ဖိနှိပ်နေတဲ့ “ စစ်တပ် တခုလုံးကို အမှုန့်ကြိတ် အမြစ်ဖြတ်ချင်စိတ်က မြန်မာ ပြည်သူတိုင်း၊ လူငယ်တိုင်း၊​ကလေးတိုင်းရဲ့ ရင်မှာ ကိန်းအောင်သွားပါပြီ။ ဒီလိုဖြစ်အောင်လည်း မင်းအောင်လှိုင်တို့ စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင်ပဲ​လုပ်ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဒီအခြေအနေတွေကို တရုတ်အစိုးရ ၊ တရုတ်ကွန်မြူနစ် ပါတီရဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တွေ ဟာ နားလည်မနေကြဘူး။ နားလည်ရင်တောင် အတင်းဇွတ် မသိချင် ၊ မမြင်ချင်ယောင်ဆောင်ပြီး စစ်ကောင်စီကို သံအမတ် မာကျားတို့ က ဖူးဖူးမှုတ် ကျားကန်ပေးနေကြတယ်။ တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူတွေ နဲ့ တရုတ်သံရုံး ရဲ့ ထုတ်ပြန်ချက်တွေမှာ “မြန်မာပြည်သူများကို မျက်နှာမူပါသည်” ဆိုတဲ့ စကားကို ဖန်တရာတေအောင် သုံးနေပေမယ့် အပြောတမျိုး အလုပ်တမျိုး နှင့် တရုတ်အစိုးရ ရဲ့ လုပ်ရပ်တွေ ကို မြန်မာပြည်သူတွေက ကောင်းကောင်းကြီး သိပါတယ်။ လေကြောင်းကနေ ဗုံးကျဲနိုင်ဖို့ လေယာဥ်တစီးလုံးတင်မက၊ လေယာဥ်ဆီနဲ့ အပိုပစ္စည်း တွေ ပံ့ပိုးလို့ ရှမ်းပြည်မြောက်ပိုင်း အပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ လွတ်မြောက်နယ်မြေ တခွင် တပြင်ကို ဗုံးမိုးရွာနေခြင်းရဲ့ နောက်ကွက်မှာ တရုတ်အစိုးရ ရှိနေတယ်ဆိုတာကိုလည်း  မြန်မာပြည်သူတွေ သိပါတယ်။ နေ့စဥ် နေ့ရက်တိုင်း မြန်မာပြည်သူတွေ ခံစားနေရတဲ့ မလုံခြုံမှု၊ မလွတ်လပ်မှု ၊ ငတ်မွတ် ခေါင်းပါးမှုတွေ အတွက် သမ္မတကြီး ရှီနဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ဝမ်ယိတို့ ရဲ့ လက်ရာခြေရာ တွေ မကင်းဘူးဆိုတာ ကိုလည်း မြန်မာပြည်သူတွေ ကောင်းကောင်းကြီး နားလည် သဘောပေါက်ပါတယ်။ စစ်အာဏာရှင်ကို နှုတ်၏ စောင်မခြင်း ၊​လက်၏ စောင်မခြင်း တွေနဲ့ ရပ်တည် ပေးနေတဲ့ တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီကို မြန်မာပြည်သူတွေဟာ တေးမှတ်ထားတယ်။ အခုချိန်မှာတော့ ဘာမှ မတုန့်ပြန် (နိုင်) သယောင် ရှိနေပေမယ့် “ မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံနဲ့အတူ ရှီကျင့်ဖျင့် ၊ ဝမ်ယိ၊ တိန်ရှီကျွင်း ၊​မာကျား တို့ရဲ့ ဓာတ်ပုံတွေ၊ စစ်တပ်ရဲ့ အလံတွေနဲ့ အတူ တရုတ်ပြည်ရဲ့ အလံတွေကို သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ မီးရှို့ ဖျက်စီးတဲ့ ပုံရိပ်တွေ” များမကြာမီ နှစ်တွေ လတွေ အတွင်း ပေကျင်းက တရုတ်အစိုးရ မြင်ခဲ့ရရင် မအံ့သြ မတုန်လှုပ်ပါနဲ့..။ ဒီအရာတွေဟာ တရုတ်အစိုးရ ရဲ့ မြန်မာပြည်သူတွေအပေါ် လွဲမှားစွာ

ဆိတ်ခေါင်းချိတ်၍ ခွေးသားရောင်းသည့် တရုတ်ကွန်မြူနစ်ပါတီ မြန်မာပြည်သူတွေဟာ တရုတ်နိုင်ငံကို အားထားလိုတယ်၊ မိတ်ကောင်းဆွေကောင်း -
ဆိတ်ခေါင်းချိတ်၍ ခွေးသားရောင်းသည့် တရုတ်ကွန်မြူနစ်ပါတီ မြန်မာပြည်သူတွေဟာ  တရုတ်နိုင်ငံကို အားထားလိုတယ်၊ မိတ်ကောင်းဆွေကောင်း - ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ခိုင်ခိုင်မာမာ တည်ဆောက်လိုကြတယ်။ နှစ်ကာလ ရှည်ကြာ ယဥ်ကျေးမှုခြင်း ကူးလူးဆက်ဆံခဲ့ကြတဲ့ မိတ်ဆွေတွေ အဖြစ် ဆက်လက် တည်ရှိလိုတယ်။ ဒါကြောင့်လည်း စစ်အာဏာသိမ်းချိန်ကစပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးဖို့ ၊ အကူအညီပေးဖို့ မျှော်လင့်တောင်းဆိုခဲ့ကြပါတယ်။ ဒီ ၃ နှစ်တာကာလအတွင်း မြန်မာပြည်သူတွေ တရုတ် အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီကို ပေးနေတဲ့ သတင်းစကား ကလည်း တခုတည်းပါပဲ။ “ မြန်မာပြည်သူများရဲ့ သဘောဆန္ဒကို အလေးထားပါ၊ မြန်မာပြည်သူများဘက်က ရပ်တည်ပါ” ဆိုတဲ့သတင်းစကားပါ။ ဒီ သတင်းစကားကိုပဲ နည်းလမ်းအမျိုးမျိုးနဲ့ ပေးနေခဲ့တာဖြစ်ပါတယ်။ ဒီဘက်နှစ်များမှာဆိုရင် တရုတ်အစိုးရအနေဲ့ မြန်မာပြည် နွေဦးတော်လှန်ရေးအတွက် မကူညီလိုရင်တောင် “ အနှောက်အယှက် မပေးဖို့ “ ဆိုတာထိ တောင်းဆိုမှုတွေ အကြိမ်ကြိမ် ၊ စာတိုစာရှည်၊ အိတ်ပိတ်၊​ အိတ်ဖွင့် ပေးစားတွေ ၊ မြို့ပြ ကျေးလက် လှုပ်ရှားမှုတွေနဲ့ အလေးအနက်ထား ပြောခဲ့ကြတာဖြစ်ပါတယ်။  

တပြင်ကို ဗုံးမိုးရွာနေခြင်းရဲ့ နောက်ကွက်မှာ တရုတ်အစိုးရ ရှိနေတယ်ဆိုတာကိုလည်း မြန်မာပြည်သူတွေ သိပါတယ်။ နေ့စဥ် နေ့ရက်တိုင်း မြန်မာပြည်သူတွေ ခံစားနေရတဲ့ မလုံခြုံမှု၊ မလွတ်လပ်မှု ၊ ငတ်မွတ် ခေါင်းပါးမှုတွေ အတွက် သမ္မတကြီး ရှီနဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ဝမ်ယိတို့ ရဲ့ လက်ရာခြေရာ တွေ မကင်းဘူးဆိုတာ ကိုလည်း မြန်မာပြည်သူတွေ ကောင်းကောင်းကြီး နားလည် သဘောပေါက်ပါတယ်။ စစ်အာဏာရှင်ကို နှုတ်၏ စောင်မခြင်း ၊​လက်၏ စောင်မခြင်း တွေနဲ့ ရပ်တည် ပေးနေတဲ့ တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီကို မြန်မာပြည်သူတွေဟာ တေးမှတ်ထားတယ်။ အခုချိန်မှာတော့ ဘာမှ မတုန့်ပြန် (နိုင်) သယောင် ရှိနေပေမယ့် “ မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံနဲ့အတူ ရှီကျင့်ဖျင့် ၊ ဝမ်ယိ၊ တိန်ရှီကျွင်း ၊​မာကျား တို့ရဲ့ ဓာတ်ပုံတွေ၊ စစ်တပ်ရဲ့ အလံတွေနဲ့ အတူ တရုတ်ပြည်ရဲ့ အလံတွေကို သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ မီးရှို့ ဖျက်စီးတဲ့ ပုံရိပ်တွေ” များမကြာမီ နှစ်တွေ လတွေ အတွင်း ပေကျင်းက တရုတ်အစိုးရ မြင်ခဲ့ရရင် မအံ့သြကြဖို့ ၊ မတုန်လှုပ်ပါနဲ့..။ ဒီအရာတွေဟာ တရုတ်အစိုးရ ရဲ့ မြန်မာပြည်သူတွေအပေါ် လွဲမှားစွာ ပြုကျင့်ရပ်တည်ပြုကျင့်ခြင်း ရဲ့ အကျိုးဆက် ဖြစ်ပြီး “ဘယ်သူမပြု မိမိမှု “ လို့သာ မှတ်ယူထားနိုင် ဖို့ ကြိုတင်စကားပါးထားချင်ပါတယ်။ ကမ္ဘာ့စူပါ ပါဝါနေရာကို တဖန်ပြန် ရယူလိုနေတဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ပါတီ“၊ ”​မိမိအကျိုးစီးပွားအတွက် အိမ်နီချင်းနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို အနိုင်ကျင့် ဗိုလ်ကျတဲ့ ဖက်ဆစ်ပါတီ” ဖြစ်တယ်ဆိုတာကို ကမ္ဘာကြီးက တနေ့ တခြားပိုပိုသိလာပါလိမ့်မယ်။ အောင်ဝင်း

ဆိတ်ခေါင်းချိတ်၍ ခွေးသားရောင်းသည့် တရုတ်ကွန်မြူနစ်ပါတီ မြန်မာပြည်သူတွေဟာ တရုတ်နိုင်ငံကို အားထားလိုတယ်၊ မိတ်ကောင်းဆွေကောင်း - ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ခိုင်ခိုင်မာမာ တည်ဆောက်လိုကြတယ်။ နှစ်ကာလ ရှည်ကြာ ယဥ်ကျေးမှုခြင်း ကူးလူးဆက်ဆံခဲ့ကြတဲ့ မိတ်ဆွေတွေ အဖြစ် ဆက်လက် တည်ရှိလိုတယ်။ ဒါကြောင့်လည်း စစ်အာဏာသိမ်းချိန်ကစပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးဖို့ ၊ အကူအညီပေးဖို့ မျှော်လင့်တောင်းဆိုခဲ့ကြပါတယ်။ ဒီ ၃ နှစ်တာကာလအတွင်း မြန်မာပြည်သူတွေ တရုတ် အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီကို ပေးနေတဲ့ သတင်းစကား ကလည်း တခုတည်းပါပဲ။ “ မြန်မာပြည်သူများရဲ့ သဘောဆန္ဒကို အလေးထားပါ၊ မြန်မာပြည်သူများဘက်က ရပ်တည်ပါ” ဆိုတဲ့သတင်းစကားပါ။ ဒီ သတင်းစကားကိုပဲ နည်းလမ်းအမျိုးမျိုးနဲ့ ပေးနေခဲ့တာဖြစ်ပါတယ်။ ဒီဘက်နှစ်များမှာဆိုရင် တရုတ်အစိုးရအနေဲ့ မြန်မာပြည် နွေဦးတော်လှန်ရေးအတွက် မကူညီလိုရင်တောင် “ အနှောက်အယှက် မပေးဖို့ “ ဆိုတာထိ တောင်းဆိုမှုတွေ အကြိမ်ကြိမ် ၊ စာတိုစာရှည်၊ အိတ်ပိတ်၊​ အိတ်ဖွင့် ပေးစားတွေ ၊ မြို့ပြ ကျေးလက် လှုပ်ရှားမှုတွေနဲ့ အလေးအနက်ထား ပြောခဲ့ကြတာဖြစ်ပါတယ်။ ဝမ်းနည်းဖို့ကောင်းတာကတော့ “တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်ကွန်မြူနစ် ပါတီ” တို့ဟာ သြဂုတ်လ ၁၄ ရက် ဝမ်ယိ ခရီးစဥ်မှာ မင်းအောင်လှိုင်ရဲ့ သွေးစွန်းလက်ကို အားပါတရ ဖမ်းဆုပ် လက်ဆွဲ နှုတ်ဆက်ရင်း မြန်မာပြည်သူများရဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကမ်းလက်ကို ပုတ်ထုတ် ရိုက်ချ လိုက်တာပါပဲ။ မြန်မာပြည်သူများဟာ “ကိုလိုနီပြုခဲ့တဲံ အင်္ဂလိပ်ကို လည်း မမုန်း၊ ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ ဂျပန်တွေရဲ့ အပြစ်တွေ ကိုလည်း မုန်းခဲ့သူတွေ မဟုတ်ပါဘူး။” ချစ်စကိုရှည်စေ မုန်းစကိုတိုစေ ဆိုတဲ့ ချစ်စဖွယ် စိတ်ထားဗီဇ ရှိသူတွေဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံကို ဘယ်လိုနည်းနဲ့မှ အကြောင်းမဲ့ သက်သက် မုန်းတီးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း သမ္မတ ရှီ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ သံအမတ် မာကျားတို့ ကိုယ်တိုင်ဟာ “ တရုတ်မုန်းတီးရေး ဆူးညှောင့်ကို မြန်မာပြည်သူတွေရင်ထဲ မျိုးစေ့ချ ရိုက်သွင်းပေးနေသူတွေဖြစ်နေပြီဆိုတာကို သတိပြုစေချင်ပါတယ်။ မြန်မာစစ်တပ် ပြိုကွဲလို့ မရ ဆိုတဲ့ အထူးကိုယ်စားလှယ် တိန့်ရဲ့ ဝ ခေါင်းဆောင်တွေအပေါ် ပေးလိုက်တဲ့ သြဝါဒဟာ မြန်မာပြည်သူတွေရဲ့ နားထဲ သံရည်ပူလောင်းနေတယ်ဆိုတာ သူ သိမှ သိပါလေစလို့ စိတ်ပူမိပါတယ်။ မြန်မာပြည်သူတွေ အတွက် လွတ်လပ်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ စစ်တပ်ဆိုတာ မရှိတော့ဘူး။ လွတ်လပ်ရေးနဲ့ အတူ ဦးအောင်ဆန်း တည်ထောင်ချင်ခဲ့ တဲ့ စစ်တပ် ဆိုတာသည် ဒီနေ့ ရှိနေတဲ့ စစ်တပ်မျိုးမဟုတ်ပါဘူး။ ဒီနေ့ မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်တပ် ဆိုတာသည် ယူနီဖောင်းဝတ် လူဆိုးဂိုဏ်း ၊ ဓားပြဂိုဏ်း အကြီး စား တခုအဖြစ်သာ မြန်မာပြည်သူတွေက ရှုမြင်ပါတော့တယ်။ ယူနီဖောင်းဝတ်ထားတဲ့ စစ်သားကို မြင်တာနဲ့ အရိုက်ခံရမလား၊ ငွေများညှစ်မလား ၊ ငါ့များ ဘာလုပ်မလဲ ဆိုပြီး ပြည်သူတွေက တွေးပူနေရပြီ။ ရွံ ကြောက်ကြီးတွေ ဖြစ်နေပါပြီ။ မြန်မာစစ်တပ်က စစ်သား မှန်သမျှကလည်း သူတို့ ရဲ့ “နိုင်ငံတော်နဲ့ နိုင်ငံသားကို ကာကွယ်စောင့်ရှောက်ပါမည်” ဆိုတဲ့ ကတိသစ္စာစကားထက် လူတွေကို ဘယ်လိုညှဥ်းပန်းရမလဲ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အရ ဘယ်လို ပါးစပ်အရသာ ခံ​ စော်ကားမလဲ၊ ဘယ်လိုမုဒိမ်းကျင့်လိုက်ရမလဲ၊ ဘယ်နည်းနဲ့ လူတွေရဲ့ ပိုင်ဆိုင်မှု၊ ပစ္စည်းဥစ္စာ ငွေကြေး တွေကို လုယူနိုင်မလဲ ပဲတွေးနေကြတာပါ။ မင်းအောင်လှိုင် စစ်တပ်နဲ့ မြန်မာပြည်သူ၊ မြန်မာ့လူ့အဖွဲ့အစည်း ဟာ ကမ္ဘာ့ရန်ဖြစ်သွားပြီ။ ကမ္ဘာကြေရင်တောင် ဥဒါန်းကျေနိုင်စရာမရှိတော့ဘူး။ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ ဒီ စစ်တပ်ကြီး ဟာ ချက်ကြိုးပြတ်သွားပြီ။ အခုလို အတင်း ဒရမန်းကြမ်း သေနတ်ထောက်၊​ အင်အားပြ ဖိနှိပ်နေလို့သာ လူထုက သည်းခံ​အောင့်အည်းနေပေမယ့် အခါအခွင်သင့် အခြေအနေ ပေးတာနဲ့ ပြည်သူအပေါ် စော်ကား ဖိနှိပ်နေတဲ့ “ စစ်တပ် တခုလုံးကို အမှုန့်ကြိတ် အမြစ်ဖြတ်ချင်စိတ်က မြန်မာ ပြည်သူတိုင်း၊ လူငယ်တိုင်း၊​ကလေးတိုင်းရဲ့ ရင်မှာ ကိန်းအောင်သွားပါပြီ။ ဒီလိုဖြစ်အောင်လည်း မင်းအောင်လှိုင်တို့ စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင်ပဲ​လုပ်ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဒီအခြေအနေတွေကို တရုတ်အစိုးရ ၊ တရုတ်ကွန်မြူနစ် ပါတီရဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တွေ ဟာ နားလည်မနေကြဘူး။ နားလည်ရင်တောင် အတင်းဇွတ် မသိချင် ၊ မမြင်ချင်ယောင်ဆောင်ပြီး စစ်ကောင်စီကို သံအမတ် မာကျားတို့ က ဖူးဖူးမှုတ် ကျားကန်ပေးနေကြတယ်။ တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူတွေ နဲ့ တရုတ်သံရုံး ရဲ့ ထုတ်ပြန်ချက်တွေမှာ “မြန်မာပြည်သူများကို မျက်နှာမူပါသည်” ဆိုတဲ့ စကားကို ဖန်တရာတေအောင် သုံးနေပေမယ့် အပြောတမျိုး အလုပ်တမျိုး လုပ်ရပ်တွေကို တရုတ်အစိုးရ လုပ်နေတာ ကို မြန်မာပြည်သူတွေက ကောင်းကောင်းကြီး သိပါတယ်။ လေကြောင်းကနေ ဗုံးကျဲနိုင်ဖို့ လေယာဥ်တစီးလုံးတင်မက၊ လေယာဥ်ဆီနဲ့ အပိုပစ္စည်း တွေ ပံ့ပိုးလို့ ရှမ်းပြည်မြောက်ပိုင်း အပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ လွတ်မြောက်နယ်မြေ တခွင်

❐ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေနှင့် အဆက်အသွယ်မရသည်မှာ ဆယ်ရက်ကြာပြီဖြစ်။ အောက်တိုဘာ ၁၉၊ ၂၀၂၄။ ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်စစ်ဆေ
❐ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေနှင့် အဆက်အသွယ်မရသည်မှာ ဆယ်ရက်ကြာပြီဖြစ်။
အောက်တိုဘာ ၁၉၊ ၂၀၂၄။ ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်စစ်ဆေးရင်း စစ်ကောင်စီ၏ ဖမ်းဆီးမှုကိုခံရသော ကိုပိုင်ဖြိုးမင်း (ခ) ဒီရေသည် မိသားစုမိတ်ဆွေများနှင့် အဆက်အသွယ်ပြတ်တောက်နေသည်မှာ ဆယ်ရက်ကြာပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ လူထုသပိတ်များကို ဦးဆောင်ပြုလုပ်နေသူတဦးဖြစ်သည့် ကိုပိုင်ဖြိုးမင်း (ခ) ဒီရေသည် အောက်တိုဘာလ ၉ ရက်နေ့က စစ်ကောင်စီ၏ ဧည့်စာရင်း အကြောင်းပြကာ ဝင်ရောက်ရှာဖွေစစ်ဆေးရာမှ ဖမ်းဆီးမှုကို ခံခဲ့ရကာ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု - AJAY မှ ဦးဆောင်သူတဦးဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများတွင် စဥ်ဆက်မပြတ် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သောကြောင့် အသက်အန္တရာယ် ထိခိုက်စေသည်အထိ ညှင်းပန်းနှိပ်စက်မှုခံရမည်ကို စိုးရိမ်မိကြောင်း နီးစပ်သူများက ဆိုထားသည်။ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေကို မည်သည့်ပုဒ်မဖြင့် ဖမ်းဆီးအရေးယူထားပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရသဖြင့် အသက်အန္တရာယ် စိုးရိမ်နေခြင်းဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။ ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား ရဲဘော်များအတွက် နိုင်ငံတကာ အသိုက်အဝန်းအင်အားစုများနှင့် တော်လှန်ရေး အင်အားစုများ၊ သပိတ်အဖွဲ့များ အနေဖြင့် စစ်ကောင်စီမှ ရဲဘော်များကို လူမဆန်စွာ နှိပ်စက်ညှဥ်းပန်း၍ အသက်အန္တရာယ်ကို အလွယ်တကူ ရယူသွားနိုင်ခြင်းမရှိစေရန် အတွက် ဝိုင်းဝန်း ပူးပေါင်းဖိအားပေးကြရန် ရန်ကုန်သပိတ်အင်အားစုများက တောင်းဆိုထားသည်။ သတင်းဓာတ်ပုံ - Credit

(၇၉) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ သံတမာန်ရေးရာတိုက်ပွဲတွင် မြန်မာပြည်သူလူထုကိုယ်စားပြု သံအမတ်ကြီး” ဦးကျော်မိုးထွန်း” ဆက်လက်နေရာရရှိရေးမှာ အင်မတန်အရေးပါသည့်ကိစ္စရပ်တစ်ခုဖြစ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုအပေါ် အတင်းအဓမ္မစစ်ထဲခေါ်ဆောင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဗုံးကြဲခြင်း၊ ပြည်သူ့နေအိမ်များကိုမီးရှို့ခြင်း အစရှိသဖြင့် ပြည်သူလူထုအပေါ်တွင် နည်းမျိုးစုံဖြင့် ဖိနှိပ်အကြမ်းဖက်လျက်ရှိပါသည်။ ပြည်သူများ ရှင့် ယခုအချိန်ကာလသည် ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်ထက်တွင် အဖိနှိပ်ခံပြည်သူလူထုဘက်မှရပ်တည်၍ စစ်ကောင်စီ၏ အဆိုပါ အကြမ်းဖက် စစ်ရာဇ၀တ်မှုများကို ပြည်သူ့ကိုယ်စား၊ပြည်သူတစ်ရပ်လုံး၏အသံအနေဖြင့် တင်ပြနိုင်ရန် နှင့် စစ်အုပ်စု၏ မြန်မာနိုင်ငံသူ၊နိုင်ငံသားများအပေါ် ကျူးလွန်နေသည့်ရက်စက်ယုတ်မာမှုများအား ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်ထက်တွင် ဖော်ထုတ်တင်ပြနိုင်ရေးအတွက် သံအမတ်ကြီး “ဦးကျော်မိုးထွန်း” ဆက်လက်နေရာရရှိရန် အင်မတန်လိုအပ် နေချိန်ဖြစ်ပါသည်။ တနိုင်ငံလုံးကြုံတွေ့ခံစားနေရသည့် ရုပ်ဆိုးအကျည်းတန်သော ဒုက္ခဆင်းရဲပေါင်းစုံကို မိတ်ကပ်နဲ့ ဖုံးအုပ်ခြင်းက " ပါးမှာတော့ သနပ်ခါးနှင့် ပေါင်မှာသေးစီးကြောင်း နှင့် " ဆိုသော မြန်မာစကားပုံအတိုင်းဖြစ်နေပါလိမ့်မည်။ Miss ပြိုင်ပွဲသတင်းများအပေါ်အာရုံစိုက်၍ ရေလိုက်ငါးလိုက်လွဲမနေကြစေလိုဘဲ "လက်သည်းဆိတ်ရင် လက်ထိပ်နာ" ဆိုသလို  စစ်ကောင်စီ၏ ဖိနှိပ်မှုကြောင့် ဒုက္ခဆင်းရဲခံစားနေကြရသော ပြည်သူများအတွက် ပြည်တွင်းမှာသာမက ၊အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ အပါအဝင် ပြည်ပရောက်ရှိ‌ နေသော မြန်မာပြည်သူပြည်သားများအနေဖြင့် အခြားသော ကိစ္စများထက် သံအမတ်ကြီး “ဦးကျော်မိုးထွန်း” ဆက်လက်နေရာရရှိရေး ပိုမို‌အားစိုက်ထောက်ခံ၀န်းရံပေးကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ “Our Ambassador Myanmar’s Voice”

Anti-Junta Alliance Yangon (AJAY)

(English below) သတင်းထုတ်ပြန်ချက် ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက် ၁။ ရန်ကုန်မြို့တွင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို လူထုသပိတ်အင်အားစုများမှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာကြလျက်ရှိပြီး၊ စစ်အာဏာရှင်နှင့် ၎င်းနောက်လိုက်များသည် တန်ပြန် စစ်ဆေးဖမ်းဆီးမှုများကို ယခင်ထက် ပိုမိုကာ  ပြုလုပ်ဆောင်ရွက်လာပါသည်။ ၂။ ထိုသို့ စစ်ဆေးဖမ်းဆီးမှုများအတွင်း ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီ၏ ဧည့်စာရင်း အကြောင်းပြကာ ဝင်ရောက် ရှာဖွေ စစ်ဆေးမှုကြောင့် မိမိတို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY)၏  ဦးဆောင်သူတဦးဖြစ်သူ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ သည်လည်း မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ ၃။  ကိုပိုင်ဖြိုးမင်း(ခ)  ဒီရေသည်  စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများတွင် စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူဖြစ်သောကြောင့် စစ်အာဏာရှင်လက်ပါးစေတို့မှ အသက်အန္တရာယ် ထိခိုက်စေသည်အထိ ညှင်းပန်းနှိပ်စက်မှုကို ခံရမည်ကို မိမိတို့ သပိတ်အင်အားစုများ မှ အလွန်အမင်းစိုးရိမ်မိပါသည်။ ၄။ စစ်အာဏာရှင်နှင့် လက်ပါးစေတို့သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် လူတစ်ဦး၏ အသက်ကို အလွယ်တကူပင် သတ်ဖြတ်ပစ်ရန်နှင့် အသက်သေဆုံးနိုင်သည်အထိ အပြင်းအထန် ညှင်းပန်းနှိပ်စက်ရန် ဝန်လေးသူများမဟုတ်ကြောင်း သက်သေ သာဓက များစွာလည်းရှိခဲ့ပြီး ဖြစ်ပါသည်။ ၅။ ထို့ကြောင့် မတရားဖမ်းဆီးခံရသည့် ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ)ဖိုးသား၊ ကိုအောင်မင်းခိုင် (ခ)မဲကြီးနှင့် မမြမဉ္ဇူ တို့အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား ရဲဘော်များအတွက် နိုင်ငံတကာ အသိုက်အဝန်းအင်အားစုများနှင့် တော်လှန်ရေး အင်အားစုများ၊ သပိတ်အဖွဲ့များ အနေဖြင့်လည်း စစ်ကောင်စီမှ ရဲဘော်များ လူမဆန်စွာ နှိပ်စက်ညှဥ်းပန်း၍ အသက်အန္တရာယ်ကို အလွယ်တကူ ရယူသွားနိုင်ခြင်းမရှိစေရန် အတွက် ဝိုင်းဝန်း ပူးပေါင်းဖိအားပေးကြရန်လည်း တောင်းဆိုလိုပါသည်။ ၆။ လွတ်လပ်ခြင်းနှင့် လူ့ဂုဏ်သိက္ခာအတွက် ပြောင်မြောက်ရဲဝံ့စွာ အံတုတိုက်ခိုက်ခဲ့သည် အရေးတော်ပုံတပ်သား ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နှင့်အတူ ဖမ်းဆီးခံတော်လှန်ရေးရဲဘော်များအတွက်  ထပ်လောင်းကြိုးပမ်းကာ မိမိတို့ လူထုသပိတ်အင်အားစုများ အနေဖြင့် စစ်အာဏာရှင် စနစ် အလုံးစုံပျက်သုဥ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ရေးတို့ အတွက် ပိုမိုကာ မဆုတ်မနစ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်သည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY Statement Release Date: October 10, 2024 The resistance against the military dictatorship in Yangon is intensifying, with Civil Resistance Movements growing stronger each day. In response, the military junta has escalated their investigations and arrests more aggressively than before. On October 9, 2024, during one such crackdown, the SAC used a guest list as a pretext to raid a location. As a result, Paing Phyo Min (also known as De Yay), a prominent leader of the Anti-Junta Alliance Yangon (AJAY), was unjustly arrested. He has since lost contact with his family, raising serious concerns about his safety. Paing Phyo Min (De Yay) has been a consuistent leader in the resistance against the military dictatorship. We are gravely concerned that he could be subjected to life-threatening torture by the military regime, given their notorious record of brutal treatment of detainees. The military junta is known for employing extreme methods to maintain its grip on power, including the use of torture, extrajudicial killings, and other forms of violence. There is overwhelming evidence that such atrocities are not isolated incidents but part of their systematic strategy of repression. We, therefore, urgently call upon the international community, revolutionary organizations, and all strike committes to unite in exerting maximum pressure on the military council to safeguard the lives of Paing Phyo Min (De Yay), Zaw Lin Htut (also known as Pho Thar), Aung Min Khine (also known as Mae Kyi), Mya Minzu, and all other political prisoners currently detained. The Anti-Junta Alliance Yangon (AJAY) reaffirms its steadfast commitment to intensifying the struggle for the complete dismantling of military rule and the establishment of a federal democratic system. We will continue our unwavering fight for freedom and human dignity alongside Paing Phyo Min (De Yay) and all our revolutionary comrades who have been imprisoned by SAC.

ဟေ့ စစ်ကျွန်အုပ်ကြီးတွေ . . . လ‌ဝကနဲ့ ဌာနဆိုင်ရာတွေ၊ လုပ်အားပေးတွေ . . . သန်းခေါင်စာရင်းကောက်ဖို့ စိတ်ကို ပြင်ဆင်ထားပြီးပြီလား။ လက်တဆုပ်စာ စစ်အာဏာရှင်တွေအတွက်နဲ့ လူထုရဲ့ ဆန့်ကျင်ဘက်မှာ ပြောင်ပြောင်တင်းတင်း ရပ်ကြမှာ သေချာပြီလား။ ‌ဧည့်စာရင်း . . . စစ်မှုထမ်း . . . သန်းခေါင်စာရင်း . . . တဆင့်ချင်း တဆင့်ချင်း လူထုရဲ့ဆန့်ကျင်ဘက်ကို မင်းတို့ ရောက်လာတာ သတိထားမိလား။ တဖြည်းဖြည်း မင်းတို့ဟာ လူထုရဲ့ ရန်သူစစ်စစ်တွေ ဖြစ်လာပြီဆိုတာ သိကြရဲ့လား။ ‌လူထုရဲ့ ဒေါသသံနဲ့ ဒေါသအကြည့်တွေကို ခံစားမိကြလား။ မင်းတို့လက်တွေ သွေးစွန်းလာတာ သတိထားမိလား။ ပြန်လှည့်လို့မရ‌တော့မယ့် လမ်းကို မင်းတို့ တလှမ်းချင်း လှမ်းမိနေပြီ။ မင်းတို့ လျှောက်တဲ့ ခြေလှမ်းတိုင်း၊ မင်းတို့ရဲ့ လှုပ်ရှားမှုတိုင်းကို ထောင်သောင်းမကတဲ့ ပြည်သူတွေ စောင့်ကြည့် နေကြတယ်။ မင်းတို့ကျူးလွန်နေတဲ့ ပြစ်မှုတိုင်းကို မှတ်တမ်းတင်ထားတယ်။ မကြာခင်အချိန်မှာ မင်းတို့ရဲ့ မကောင်းမှုတွေ ထုတ်ဖော်ခံရတော့မယ်။ အချိန်နဲ့အမျှ ပြည်သူလူထုက စောင့်ကြည့် သတင်းပို့ နေဦးမှာဖြစ်တယ်။ မိုးသက်လေပြင်းတွေ ပြီးဆုံးသွားတဲ့အချိန် ကောင်းကင်ပေါ်က သက်တံ့လိုမျိုး တရားမျှတမှု ရောက်ရှိလာတဲ့အချိန် ပြည်သူ့တရားစီရင်မှုကို မင်းတို့ မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်။ အဲ့ဒီအချိန်တန်ရင် ဆင်ခြင်တွေ ရှိနိုင်မှာမဟုတ်ဘူး။ အခုကတည်းက စဉ်းစားပါ . . . သုံးသပ်ပါ . . . ဆုံးဖြတ်ပါ . . . လူထုနဲ့ အကြမ်းဖက်စစ်တပ် ဘက်တဘက်ကို ရွေးချယ်ပါ။ အုပ်ကြီးကမ်ပိန်း သတင်းပေးရန် - t.me/OakGyiCampaignBot (Telegram) [ အုပ်ကြီးကမ်ပိန်း ရက်ပေါင်း ၄၀ ကျော်အတွင်း ပြည်သူလူထု သတင်းပေးပို့ တိုင်ကြားမှု အများဆုံး အုပ်ကြီးအချို့ စာရင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန်မည် ] #အုပ်ကြီးကမ်ပိန်း #OakGyiCampaign