en
Feedback
ကာတွန်းကား (𝐌𝐨𝐯𝐢𝐞𝐬)

ကာတွန်းကား (𝐌𝐨𝐯𝐢𝐞𝐬)

Open in Telegram

𝗖𝗿𝗲𝗱𝗶𝘁_𝗧𝗼_𝗢𝗿𝗶𝗴𝗶𝗻𝗮𝗹_𝗩𝗶𝗱𝗲𝗼_𝗨𝗽𝗹𝗼𝗮𝗱𝗲𝗿 𝗖𝗿𝗲𝗱𝗶𝘁_𝗧𝗼_𝗢𝗿𝗶𝗴𝗶𝗻𝗮𝗹_𝗩𝗶𝗱𝗲𝗼_𝗧𝗿𝗮𝗻𝘀𝗹𝗮𝘁𝗲𝗿 𝗖𝗿𝗲𝗱𝗶𝘁_𝗧𝗼_𝗢𝗿𝗶𝗴𝗶𝗻𝗮𝗹_𝗩𝗶𝗱𝗲𝗼_𝗘𝗻𝗰𝗼𝗱𝗲𝗿

Show more
1 791
Subscribers
-124 hours
-117 days
-3930 days
Posts Archive
Repost from N/a
အိန္ဒိယ အတ္ထုပတ္တိကားတစ်ကားဘဲဖြစ်ပါတယ် Bahrat Lalက သေးငယ်တဲ့ရွာလေးက ရိုးသားတဲ့ တီးဝိုင်းဆရညတစ်ယောက်ပါ။ ဘဝကို ပုံမှန်ဖြတ်သန်းန
အိန္ဒိယ အတ္ထုပတ္တိကားတစ်ကားဘဲဖြစ်ပါတယ် Bahrat Lalက သေးငယ်တဲ့ရွာလေးက ရိုးသားတဲ့ တီးဝိုင်းဆရညတစ်ယောက်ပါ။ ဘဝကို ပုံမှန်ဖြတ်သန်းနေတဲ့ Bahrat lalတစ်ယောက် မိန်းမဖြစ်သူရဲ့ ဆိုင်ကိုတိုးချဲ့ဖို့အတွက်တိုက်တွန်းချက်အရ ဘဏ်မှာငွေချေးဖို့အတွက် ဖြစ်လာခဲ့တယ်။ ဘဏ်က ချေးငွေအတွက် အပေါင်ပစ္စည်းတောင်းတဲ့အခါ Bahrat lalတစ်ယောက် အဖေ့ရွာမှာကျန်ခဲ့တဲ့ဘိုးဘေးပိုင် လယ်အကြောင်းသတိရကာ ဦးလေးနဲ့အဒေါ်ရှိရာရွာသို့ပြန်သွားခဲ့တယ်။ သူ့ရဲ့လယ်မြေပိုင်ဆိုင်ကြောင်းကို သက်သေပြမဲ့တရားဝင်စာရွက်စာတမ်းအတွက် အစိုးရရုံးကို သွားပြီး စာရင်းထိန်းနဲ့စကားပြောကြည့်တဲ့အခါမှာ သူ့ဦးလေးနဲ့အဒေါ်က သူ့ကိုသေစာရင်းသွင်းကာ သူပိုင်တဲ့မြေကို သူ့သားတွေအတွက် ခွဲပေးလိုက်ပြီဖြစ်တယ်။ သေစာရင်းသွင်းခံလိုက်ကြောင်းကို သိသွားတဲ့Bahrat lalတစ်ယောက် အဒေါ်မိသားစုရဲ့ခြိမ်းခြောက်မှုကြောင့် ကြောက်ကြောက်နဲ့ပြန်လာရတဲ့အပြင် တစ်ရွာလုံးရဲ့ ဝိုင်းဟားခြင်းကိုလဲ ခံခဲ့ရတယ်။ Bahrat lalတစ်ယောက် သူ့အသက်ရှင်ကြောင်းကို ပြဖို့အတွက် ဘယ်လိုကြိုးစားမလဲဆိုတာကြည့်ရှုကြပါအုံး ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Citymmsub1/7713 https://t.me/Citymmsub1/7713

Repost from N/a
ဘောလိဝုဒ် နိုင်ငံရေးအကျင့်ပျက်ခြစားမှုကို ထုတ်ဖော်ရိုက်ကူးထားတဲ့ဘောလိဝုဒ်ကားဟောင်းလေးကို CM ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်
ဘောလိဝုဒ် နိုင်ငံရေးအကျင့်ပျက်ခြစားမှုကို ထုတ်ဖော်ရိုက်ကူးထားတဲ့ဘောလိဝုဒ်ကားဟောင်းလေးကို CM ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း အာနိုခီဒေဝီဆိုတဲ့ အမျိုးသမီးတစ်ယောက် ရက်အတော်ကြာပျောက်ဆုံးနေတဲ့အမှုနဲ့ပတ်သက်ပြီး နာမည်ကြီးနိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ မစ္စတာ မူခီတယာဆင်းဂ်ကို အရာရှိနီဘေးနဲ့ အရာရှိနစ်ချေးတို့က ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ အကျင့်ပျက်နိုင်ငံရေး အဖွဲ့အစည်းဖြစ်နေလေတော့ သူ့ထက်အကောင်ကြီးတွေအချင်းချင်း ရဲမင်းကြီးအထိ ဖုန်းနဲ့လှုပ်ရှားလိုက်ရာက မစ္စတာ မူခီတယာဆင်းဂ်တစ်ယောက် စစ်ဆေးမေးမြန်းခြင်းမရှိဘဲပြန်လွှတ်သွားပါတယ်။ ဒါကို မကျေနပ်တော့ ဝန်ကြီးချုပ်ထိတင်ပြပြီး အိန္ဒိယအထူးစုံစမ်းရေးဌာနကိုကိုင်တွယ်ပေးဖို့တောင်းဆိုရင်း အထူးစုံစမ်းရေးသမားတစ်ဦးပါလာပြီး အမှုကိုစတင်ကိုင်တွယ်တာနဲ့ပဲအကျင့်ပျက်အရာရှိတွေကို စကိုင်ပါတော့တယ်။ ဆိုတော့ အာနိုခီဒေဝီတစ်ယောက် ဘာဖြစ်သွားတာလဲတကယ်ပဲ နိုင်ငံရေးသမားတွေနဲ့ပတ်သက်နေလားဆိုတာ စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုနိုင်မှာပါခင်ဗျာ။ ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/indermoviescimes7/10057 https://t.me/indermoviescimes7/10057

Repost from N/a
ဇာတ်လမ်းစစချင်းမှာ တမြို့လုံးရဲ့ နာမည်ကြီး လူမိုက် ရာဒါးဟာ တခြားရွာသားတစ်ယောက်ကို သွားရိုက်တယ်။ ရာဒါးဆိုတာကလည်း ဒီမြို့နယ်တစ်
ဇာတ်လမ်းစစချင်းမှာ တမြို့လုံးရဲ့ နာမည်ကြီး လူမိုက် ရာဒါးဟာ တခြားရွာသားတစ်ယောက်ကို သွားရိုက်တယ်။ ရာဒါးဆိုတာကလည်း ဒီမြို့နယ်တစ်ဝိုက် မသိသူမရှိတဲ့ လူမိုက်ကြီး။ ဘာကြောင့်လဲ….. နောက်တစ်ခန်းမှာတော့ သမီးရည်းစားနှစ်ယောက်ကို မြင်ရတယ်။ ယောက်ျားလေးက ဆေးဆိုင်ဝင်ပြီး ကွန်ဒုံးဝယ်တယ်။ ဒါကို ဆေးဆိုင်ပိုင်ရှင်က သူ့သူငယ်ချင်းတွေဆီ အကြောင်းကြားလိုက်တယ်။ အဲ့ဒီလူရွယ်တစ်စုလည်း လိုက်သွားပြီး ကောင်မလေးကို အုပ်စုဖွဲ့ အနိုင်ကျင့်တယ်။ ဒီနှစ်ခုလုံးနဲ့ မင်းသား’ဂုဏ’ဆက်စပ်ဖို့ အကြောင်းဖန်လာတာကတော့…. (ဂုဏ ဆိုတာက ဂုဏ်ပေါ့ဗျာ)ကိုယ့်အမှားကြောင့်ပဲ ကိုယ့်ဘဝ ပျက်စီးသွားကြရတယ်။ အားလုံးဟာ ဝင်သက်နဲ့ ထွက်သက်ကြား တဒင်္ဂမျှသာ။ အကောင်း၊အဆိုး အားလုံးဟာ အံဝင်ခွင်ကျနဲ့ တိုက်ဆိုင်လာပြီး ဘဝဆိုတဲ့ ခဏတာအချိန်ဟာ ကုန်ဆုံးသွားကြကြောင်း မြင်ရမှာပါ။ ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Indiamovies12_3/9661 https://t.me/Indiamovies12_3/9661

Repost from N/a
၂၂နှစ်အရွယ် လွတ်လပ်တက်ကြွတဲ့ ကောင်မလေး 𝔸𝕞𝕒𝕪𝕒ရယ် သူမရဲ့ အမေမုဆိုးမLeelaတို့ဟာ အေးအေးချမ်းချမ်း ကော်ဖီဆိုင်လေးဖွင့်ကာဘဝကို
၂၂နှစ်အရွယ် လွတ်လပ်တက်ကြွတဲ့ ကောင်မလေး 𝔸𝕞𝕒𝕪𝕒ရယ် သူမရဲ့ အမေမုဆိုးမLeelaတို့ဟာ အေးအေးချမ်းချမ်း ကော်ဖီဆိုင်လေးဖွင့်ကာဘဝကိုဖြတ်သန်းနေတဲ့သားအမိနှစ်ယောက်ပါ။ တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြတဲ့ ဒီသံယောဇဉ်အဝန်းအဝိုင်းလေးထဲကို တစ်နေ့တော့ 𝕁𝕒𝕪𝕒𝕟𝕥 𝕊𝕚𝕟𝕙𝕒ဆိုတဲ့အငြိမ်းစားဓာတ်ပုံဆရာတစ်ယောက်ဝင်လာခဲ့ပါတယ်။ အဲ့ဒီကနေ ဇာတ်လမ်းအလှည့်အပြောင်းတွေဘယ်လိုဖြစ်တယ် ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အိန္ဒိယရုပ်ရှင်ဝေဖန်ရေးသမားတွေကတော့ ဒီကားလေးဟာချစ်ခြင်းမေတ္တာတရားအကြောင်း ၊ အဓိကနဲ့ သာမညတွေအကြောင်းကိုရွှင်ရွှင်မြူးမြူး ခေတ်မှီမှီအမြင်နဲ့ ပြသထားတဲ့ကားကောင်းလေးလို့ဆိုပါတယ်။ ဒီကားလေးထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Animeseriesmmsub1/2196 https://t.me/Animeseriesmmsub1/2196

Repost from N/a
ဇာတ်လမ်းအကျဥ်းကတော့ ကန်နာပါဆိုတဲ့ ငနဲက ဗီဒီယိုဂိမ်းဒီဇိုင်နာ ဖြစ်ချင်ပေမယ့်လည်း အင်တာဗျူးဖြေတဲ့ ဘဝက မတက်နိုင်သေးတဲ့သူပါ တစ်နေ
ဇာတ်လမ်းအကျဥ်းကတော့ ကန်နာပါဆိုတဲ့ ငနဲက ဗီဒီယိုဂိမ်းဒီဇိုင်နာ ဖြစ်ချင်ပေမယ့်လည်း အင်တာဗျူးဖြေတဲ့ ဘဝက မတက်နိုင်သေးတဲ့သူပါ တစ်နေ့မှာတော့ အင်တာဗျူးတစ်ခုဖြေဖို့အတွက် သူ့အမေက သူ့ကိုနှိုးလို့ ရေးကြီးသုတ်ပျာ အိပ်ရာထလာတဲ့အချိန် ကံဆိုးချင်တော့ ရေချိုးဖို့ ရေကလည်း ပြတ်နေပါတယ် အဲဒါနဲ့ အိမ်ဘေးက ရေတွင်းအိုကြီးက ရေကို ခပ်ဖို့ လုပ်ရာမှာ ကျိန်စာတိုက်အရုပ်နဲ့ တွဲချည်ထားတဲ့ dream catcher ကိုတွေ့ပါတယ် ဆရာသမားက အဲဒီ dream catcher က ငှက်မွေးအနီရောင်လေးကို မတော်တဆ ဖြုတ်မိသွားတဲ့အချိန် ရေတွင်းထဲက အသံတစ်ခုကြားလိုက်ရလို့ အလန့်တကြား လွှတ်ချလိုက်ပေမယ့် နောက်တစ်နေ့ သူ့ရဲ့ အိပ်ခန်းထဲမှာပဲ အဲဒီပစ္စည်းလေး ပြန်ရောက်နေတာ တွေ့လိုက်ရပါတယ် အဲဒီညက စလို့ ကန်နာတစ်ယောက် ထူးဆန်းတဲ့ အိပ်မက်တွေကို စပြီး မက်ပါတယ်အိမ်မက်ထဲက တစ္ဆေတွေဟာ လက်တွေ့ဘဝက အိမ်ကြီးထဲအထိ ရောက်လာခဲ့ပြီး သူတို့တစ်မိသားစုလုံးကို ဒုက္ခပေးပါတော့တယ် အဲဒီလို မတရားခြောက်နေတဲ့ နာနာဘာဝတွေရန်က တစ်မိသားစုလုံး ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို Comedy/Horror တို့ ထုံးစံ “အကြောက်” တစ်ခါ “အဖောက်” တစ်လှည့် ခံစားကြည့်ရှူရမှာပဲ ဖြစ်ပါတယ် ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Citymmsub1/6895

Repost from N/a
မိခင်ဖြစ်သူရဲ့ချို့ယွင်းချက်ကြောင့် သားသမီးယူလို့မရနိုင်တဲ့ အမေရိကန်လင်မယားနှစ်ယောက်ဟာ သူတို့ရင်သွေးကို အငှားကိုယ်ဝန်လွယ်ခိုင
မိခင်ဖြစ်သူရဲ့ချို့ယွင်းချက်ကြောင့် သားသမီးယူလို့မရနိုင်တဲ့ အမေရိကန်လင်မယားနှစ်ယောက်ဟာ သူတို့ရင်သွေးကို အငှားကိုယ်ဝန်လွယ်ခိုင်းဖို့ အိန္ဒိယပြည်မှာ ကျန်းမာကြံ့ခိုင်သန်စွမ်းတဲ့ မိန်းမငယ်လေးတစ်ဦးကို လိုက်ရှာပါတယ်... မိန်းမငယ်လေးဘက်လည်းအဆင်ပြေအောင် အခကြေးငွေမြိုးမြိုးမြက်မြက်လေးပေးမယ်စိတ်ကူးပြီး ရှာဖွေတာပေါ.. အဲ့လိုနဲ့ဘောလီဝုဒ်မှာ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားရုန်းကန်နေတဲ့ သူတို့လိုချင်တဲ့ပုံစံအတိုင်းဖြစ်တဲ့ ကောင်မလေးကိုတွေ့လိုက်တယ်... ဘောလီဝုဒ်သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း ပိုက်ဆံမရှိရင် ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက် ကောင်မလေးဘက်ကလဲ ဒီအငှားကိုယ်ဝန်ဆောင်မယ့်ကိစ္စကို သဘောတူလိုက်တယ်... ရူပီးသိန်းနှစ်ဆယ်နဲ့ပေါ့ ကိုယ်ဝန်ဆောင်ကာလ ကိုးလအတွက် တစ်လငါးသောင်းနှုန်းနဲ့ လေးသိန်းခွဲအရင်ပေးထားပြီး ကျန်တဲ့၁၅သိန်းကျော်ကို ကလေးမွေးပြီးမှပေးမယ်ဆိုပြီး သဘောတူခဲ့ကြတယ်...ဒီလိုနဲ့ ကိုယ်ဝန်ဆောင်ဖို့ ဖြစ်လာပါတယ်... အဲ့ဒီနောက်မှာတော့ မမျှော်လင့်တဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာပါတော့တယ်... ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Thuyamovies01/9484 https://t.me/Thuyamovies01/9484

Repost from N/a
ရာဇဝတ်ဘေး ပြေးမလွတ် ဆိုတဲ့အတိုင်းပါပဲ ဘယ်လောက်ပဲ ပရိယာယ်ကြွယ်ပြီး အမှုကိုလုံအောင်ဖုံးတတ်တဲ့ သူဖြစ်ပါစေ... ကံကြမ္မာအရသော်လည်းက
ရာဇဝတ်ဘေး ပြေးမလွတ် ဆိုတဲ့အတိုင်းပါပဲ ဘယ်လောက်ပဲ ပရိယာယ်ကြွယ်ပြီး အမှုကိုလုံအောင်ဖုံးတတ်တဲ့ သူဖြစ်ပါစေ... ကံကြမ္မာအရသော်လည်းကောင်းတစ်ဦးတစ်ယောက်ရဲ့ စုံစမ်းစစ်ဆေးမှုတော်လို့ကြောင့် သော်လည်းကောင်း ကိုယ်ပြုထားတဲ့ရာဇဝတ်မှုဟာမိုးရွာပြီး တိမ်ကင်းစင်သွားတဲ့အခါ ပေါ်လာတတ်တဲ့နေလိုဘွင်းဘွင်းရှင်းရှင်းပေါ်လာတတ်ပါတယ်... ဒီထဲကလူသတ်သမားကတော့ ကံကြမ္မာအရရော စုံစမ်းမှုတော်တာကြောင့်ပါ ပေါ်ပေါက်လာခဲ့ရတာဖြစ်ပါတယ်... ဒီအမှုကို စုံစမ်းစစ်ဆေးတဲ့ရဲဟာ အရမ်းတော်နေတဲ့အခါတစ်ဖက်မှာကလည်း အမျိုးသမီးတစ်ယောက်ကိုသေဆုံးသူအမျိုးသမီးရဲ့ဝိဉာဉ်က အမှုမှန်ပေါ်ဖို့ အကူအညီတောင်းနေတဲ့အခါ... ရှေ့ဆက်ဘယ်လိုတွေဆက်ဖြစ်မလဲ လူသတ်သမားက ဘာကြောင့်သတ်တာလဲ ထုံးနေတဲ့ကြိုးတွေဟာ ဘယ်လိုပြေသွားမလဲလူသတ်သမားရဲ့အဆုံးသတ်က ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်..... ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Thuyamovies01/10307 https://t.me/Thuyamovies01/10307

Repost from N/a
ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောပြရမယ်ဆိုရင် ရွှေကျေးညီနောင်ပေါ့ဗျာ။ ကျေးညီနောင်နှစ်ကောင်ဟာ တစ်ကောင်က ကောင်းရာအရပ်‌ရောက်ပြီး ကျေးလိ
ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောပြရမယ်ဆိုရင် ရွှေကျေးညီနောင်ပေါ့ဗျာ။ ကျေးညီနောင်နှစ်ကောင်ဟာ တစ်ကောင်က ကောင်းရာအရပ်‌ရောက်ပြီး ကျေးလိမ္မာဖြစ်သွားပေမဲ့ တစ်ကောင်ကတော့ ဆိုးရာအရပ်ရောက်ပြီး ကျေး‌မိုက်ဖြစ်သွားသလိုမျိုးပဲပေါ့။ ဒါပေမဲ့ မတူတဲ့အချက်ကတော့ ဒီဇာတ်ကားထဲက ညီအစ်ကိုနှစ်ယောက်ကိုကျ မွေးကတည်းက ဘုရားလူကြီးက နိမိတ်ဖတ်သွားတာပဲ။ ဒီတစ်‌‌ယောက်ဟာ သဘာဝတရားနဲ့ တူလိမ့်မယ်၊ ဒီတစ်ယောက်ဟာ သဘာဝဘေးဆိုးနဲ့တူလိမ့်မယ်ဆိုပြီး သဘာဝတရားကိုချစ် သဘာဝဘေးဆိုးကို စွန့်ပစ်ခိုင်းခဲ့တာမျိုးပေါ့။ ဒီတော့ဗျာ ညီအစ်ကိုနှစ်ယောက်ထဲက သဘာဝတရားဖြစ်တဲ့တစ်ယောက်က ပြည်နယ်အုပ်ချုပ်ရေးမှူးချောချောလေးနဲ့ တစ်စခန်းသွားတော့မယ်အချိန်မှာ သဘာဝဘေးဆိုးဖြစ်တဲ့တစ်ယောက်ကကျ ဘယ်လိုအရပ်ရောက်ပြီး ဘယ်လောက်တောင်ဆိုးနေမယ် ညီအစ်ကိုနှစ်ယောက် ဘယ်လိုပြန်တွေ့ကြမယ်ဆိုတာမျိုးပေါ့။ ဒီလိုသဘောတရားဇာတ်လမ်း‌တွေရှိပေမဲ့ ဒီကားလောက်တော့ ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်ကွက်ဇာတ်ပြောင်းမကောင်းနိုင်တာသေချာတယ်ဗျ ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Animeseriesmmsub1/2194 https://t.me/Animeseriesmmsub1/2194

Repost from N/a
ဆိုင်ကယ်တစ်စီးကအစပြုခဲ့တဲ့ အချစ်ဇာတ်လမ်းနဲ့ ကံဆိုးဖွယ်အဖြစ်အပျက် ဘယ်လိုအစပျိုးခဲ့လဲဆိုတာဇာတ်လမ်းအကျဉ်းလေးကြည့်လိုက်ရအောင် အာရ
ဆိုင်ကယ်တစ်စီးကအစပြုခဲ့တဲ့ အချစ်ဇာတ်လမ်းနဲ့ ကံဆိုးဖွယ်အဖြစ်အပျက် ဘယ်လိုအစပျိုးခဲ့လဲဆိုတာဇာတ်လမ်းအကျဉ်းလေးကြည့်လိုက်ရအောင် အာရွန်ဆိုတဲ့ကောင်လေးအလုပ်လုပ်တဲ့ကုမ္ပဏီကို မီနူဆိုတဲ့ကောင်မလေးက လူသစ်အနေနဲ့အလုပ်၀င်လာခဲ့ပါတယ် သူတို့တစ်ယောက်ကိုတစ်ယောက် ကြိတ်ကြိုက်နေခဲ့ကြပါတယ် တစ်နေ့ မီနူက အိမ်အမြန်ပြန်ဖို့လိုလာတော့ အာရွန်ကို ဆိုင်ကယ်နဲ့အိမ်ကိုပို့ပေးလို့ရမလားလို့ပြောခဲ့ပါတယ် အာရွန်ရဲ့တစ်ခုတည်းသောအားနည်းချက်ကလည်း ဆိုင်ကယ်မစီးတတ်တာပါပဲ မီနူစီးတဲ့ဆိုင်ကယ်နောက်က သူလိုက်ခဲ့ရတာပေါ့ ဒီလိုနဲ့ ဆိုင်ကယ်မစီးတတ်တဲ့အာရွန်ကို မီနူက ဆိုင်ကယ်စီးသင်ပေးပါလေရော သူတို့ရဲ့ဆိုင်ကယ်အချစ်ဇာတ်လမ်းလေးကို အားလုံးရယ်ရယ်မောမောနဲ့အားကျရင်းကြည့်ရမှာပါ အာရွန်ဘဝလေးပျော်ရွှင်နေခဲ့တာပေါ့ တစ်နေ့ အာရွန်က ဆိုင်ကယ်အသစ်၀ယ်ပြီး မီနူအံ့ဩအောင်လုပ်ဖို့ဆိုပြီးသွားခဲ့ပါတယ် မီနူရဲ့အိမ်ရှေ့ ဆိုင်ကယ်မရပ်ရနေရာမှာ သူ့ဆိုင်ကယ်အသစ်ကိုရပ်ခဲ့မိပါတယ် ဒီလိုအမှားသေးသေးလေးက ပျော်ရွှင်နေတဲ့အာရွန်ရဲ့ဘ၀ကို ဂြိုလ်ဆိုးမွှေခဲ့ပါတယ် ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Citymmsub1/6876 https://t.me/Citymmsub1/6876

Repost from N/a
နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေနဲ့အကြမ်းဖက်မှုတွေ ဒေသခံပြည်သူတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ကြားမြေစ
နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေနဲ့အကြမ်းဖက်မှုတွေ ဒေသခံပြည်သူတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ကြားမြေစာပင်ဖြစ်ရမှုတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့မှတ်သားလောက်ပါပေတယ် ထောက်လှမ်းရေးအရာရှိလေး အမန်းက အငြင်းပွားဖွယ်ဖြစ်နေတဲ့နယ်စပ်ဒေသတစ်ခုရဲ့ အကြမ်းဖက်မှုတွေ ပြေငြိမ်းဖို့ အစိုးရနဲ့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုတဲ့နေရာမှာ ကူညီပေးဖို့ တာဝန်ကျလာတယ် သူ အဲ့ဒီဒေသကို ရောက်သွားတဲ့အခါ ဒေသခံတွေ ညှင်းပန်းနှိပ်စက်ခံရမှုတွေ မစွမ်းသာတဲ့အဆုံး လူငယ်လေးတွေ ကြမ္မာနွံထဲ နစ်ခဲ့ရပုံတွေကို မြင်တွေ့ခဲ့ရပါတယ် တကယ်တော့ ငြိမ်းချမ်းရေးဆိုတာကို လူတိုင်းကမလိုလားကြပါဘူး တချို့လူတွေက သူတို့ကိုယ်ကျိုးအတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်သယောင်နဲ့အကြမ်းဖက်နေတာတွေကို မြင်တွေ့လာရတဲ့အခါ မှန်တယ်ထင်တာကို လုပ်မယ့် ဒီအရာရှိလေးရဲ့စစ်ဆင်ရေးခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာတော့ အစိုးရတစ်ရပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကြား တကယ်တမ်းအေးချမ်းမှုလိုအပ်နေသူနဲ့ ပြေလည်မှုလိုလားသူကြားကွာဟချက်ကိုလည်း ဒီဇာတ်ကားမှာ ကောင်းကောင်းကြီးမြင်တွေ့ရမှာ ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/indermoviescimes7/9221

Repost from N/a
အိန္ဒိယကပြည်နယ်တစ်ခုမှ တစ်နှစ်ကိုတစ်ခါ မိသားစုတွေဆုံပြီးဂါဗာက,ပွဲကြီးကို ကျင်းပကြပါတယ်.. ဒီကားကတော့ အဲ့ဒီဂါဗာပွဲလေးကိုအခြေခံထ
အိန္ဒိယကပြည်နယ်တစ်ခုမှ တစ်နှစ်ကိုတစ်ခါ မိသားစုတွေဆုံပြီးဂါဗာက,ပွဲကြီးကို ကျင်းပကြပါတယ်.. ဒီကားကတော့ အဲ့ဒီဂါဗာပွဲလေးကိုအခြေခံထားတာပါ.. ကောလိပ်ရောက်နေပေမယ့် ကျောင်းစာထက် ဂါဗာအကကိုပဲ ချစ်မြတ်နိုးပြီး ဂါဗာအက အကယ်ဒမီလေးတစ်ခု ထောင်ချင်တဲ့ကောင်လေးတစ်ယောက် အမိမဲ့ပြီး ဖခင်နေတဲ့ အင်္ဂလန်မှာ ကျောင်းတက်ရင်း အတန်းတိုင်းမှာ ပထမရနေတဲ့ အိန္ဒိယနွယ်ဖွားကောင်မလေးတစ်ယောက်. . . အင်္ဂလန်နိုင်ငံက စီပွားရေးကောလိပ်တက်ခွင့်ကို စောင့်နေရင်း မမျှော်လင့်ပဲ အိန္ဒိယကိုပြန်လာပြီး ဂါဗာပွဲမှာ သူတို့နှစ်ယောက်တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ. . . ကောင်မလေးရဲ့ရည်မှန်းချက်တွေကဘာတွေလဲ... အိန္ဒိယကမိဘတွေရဲ ့စိတ်ခံစားချက်ကဘာတွေလဲ.. သူတို့နှစ်ယောက်ကကော ပျော်ရွှင်စွာပေါင်းဖက်ရမှာလား... စတဲ့မေးခွန်းလေးတွေနဲ့ အတူ အရမ်းလှပမြူးကြွတဲ့ ကပွဲသီချင်းလေးတွေကို တွဲဖက်ခံစားပြီး အချစ်ဇာတ်လမ်းလေးကို ဒီကားလေးနဲ့ အဖြေရှာကြည့်ရအောင်... ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Thuyamovies01/9470 https://t.me/Thuyamovies01/9470

Repost from N/a
တစ်ခါတုန်းက သစ်တောကို အမှီပြုနေထိုင်ကြပြီး သစ်တောကိုပဲ မိခင်သဖွယ်ကိုးကွယ်သတ်မှတ်တဲ့ မျိုးနွယ်စုတစ်ခုရှိခဲ့ဖူးတယ် သူတို့က သူတိ
တစ်ခါတုန်းက သစ်တောကို အမှီပြုနေထိုင်ကြပြီး သစ်တောကိုပဲ မိခင်သဖွယ်ကိုးကွယ်သတ်မှတ်တဲ့ မျိုးနွယ်စုတစ်ခုရှိခဲ့ဖူးတယ် သူတို့က သူတို့မိခင်ကိုကာကွယ်ဖို့အတွက် ဘာမဆိုလုပ်မယ့်လူတွေပေါ့ တစ်ရက်ကျတော့ မြေရှင်တစ်ယောက်က ကျောင်းဆောက်ဖို့ဆိုပြီး တောကိုခုတ်ရော အဲဒီတော့ မျိုးနွယ်စုတွေနဲ့ မြေရှင်ရဲ့လူတွေနဲ့ ထိပ်တိုက်တွေ့ကုန်တာပေါ့ ဒါပေမယ့်လည်း တောထဲမှာနေတဲ့လူတွေဆိုတော့ အသိပညာအရနိမ့်ပါးတော့ မြို့သားတွေကို အရှုံးပေးလိုက်ရရော လုံးဝ ရှုံးသွားခဲ့တာတော့မဟုတ်ဘူး မြေရှင်ဘက်က နိုင်သွားတဲ့နောက် တောထဲမှာ ကျောင်းကြီးတစ်ကျောင်းပေါ်ခဲ့တာပေါ့ ဒါပေမယ့် ဒီကျောင်းကြီးက မျိုးနွယ်စုတွေရဲ့ ကျိန်စာတွေသင့်နေတဲ့ကျောင်းကြီးပဲ ကျောင်းလာတက်တဲ့ကျောင်းသားတွေက တစ်နည်းနည်းနဲ့ သတ်သေတာတွေကြုံလာကြတယ် ဒီကျောင်းတော်ကြီးမှာ ဘာတွေဖြစ်နေလဲ ဘယ်လိုကျိန်စာတွေတိုက်ခံထားရလဲ ဘယ်သူတွေ ဘယ်လိုမျိုးတွေ ကြုံတွေ့ခဲ့ရလို့ သတ်သေခဲ့ကြတာလဲဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲဆိုတာတွေကိုတော့ ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Indiamovies12_3/10460 https://t.me/Indiamovies12_3/10460

Repost from N/a
အိန္ဒိယနိူင်ငံ ဂူရ်ဂေါင်းမြို့မှာ မိန်းမငယ်များကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ကာအလောင်းကိုမီးရှို့ဖျက်စီးပစ်တဲ့စိတ္တဇလူသတ်မှုတ
အိန္ဒိယနိူင်ငံ ဂူရ်ဂေါင်းမြို့မှာ မိန်းမငယ်များကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ကာအလောင်းကိုမီးရှို့ဖျက်စီးပစ်တဲ့စိတ္တဇလူသတ်မှုတွေဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်အဲ့ဒိလိုဖြစ်တာကလည်း နှစ်သစ်ကူးရက် ဒီဇင်ဘာ ၃၁ မှပါ။ အဲ့ဒိလူသတ်သမားကို ရဲတပ်ဖွဲ့ဘက်က ဘာသဲလွန်စမှမရသေးလိုရှာဖွေလို့လည်း မရသေးပါဘူး တစ်ရက်မှာတော့ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညတစ်ညမှာပဲအကြောင်းအမျိုးမျိုးကြောင့် ဝှီးချဲပေါ်ရောက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဟာဒီလူသတ်ကောင်ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ် ဒီအချိန်မှာ ဝှီးချဲပေါ်ကမိန်းမငယ်လေးကပဲ 𝔾𝕒𝕞𝕖 𝕆𝕧𝕖𝕣 ဖြစ်မလားလူသတ်ကောင်ကပဲ 𝔾𝕒𝕞𝕖 𝕆𝕧𝕖𝕣 ဖြစ်မလားဆိုတာကိုတော့ .... ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Indiamovies12_3/9626 https://t.me/Indiamovies12_3/9626

Repost from N/a
ဇာတ်လမ်းကတော့ တောင်ပိုင်းကားတို့ရဲ့ထုံစံအတိုင်း အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ လူပျိုကြီးဖြစ်တဲ့ Srikanth Meka ရဲ့ အိမ်ကပေးစားတ
ဇာတ်လမ်းကတော့ တောင်ပိုင်းကားတို့ရဲ့ထုံစံအတိုင်း အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ လူပျိုကြီးဖြစ်တဲ့ Srikanth Meka ရဲ့ အိမ်ကပေးစားတဲ့ကောင်မလေးတွေကို ပတ်ပြေးရင်း၊ ပတ်ရှုပ်ရင်း ဇာတ်ရှုပ်ထဲကိုဝင်မယ့်ကားဗျ။ ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် တစ်ကိုယ်ကြီးလူပျိုသိုးကြီး Srikanth Meka ဟာ လတ်မှတ်ရောင်းဝယ်ရေးကုမ္ပဏီကြီးမှာ မန်နေဂျာ အလုပ်လုပ်ရင်း အိမ်ထောင်မှုကိစ္စဆိုတာ အိမ်မှာထောင်ကျတာပဲဆိုပြီး ပတ်ပြေးနေတဲ့သူပေါ့။ ပတ်ပြေးနေသာပြေးတာ ကောင်မလေးချောချောလေး မြင်တာနဲ့ အီစီကလီဘာညာကွိကွပိုင်းလုပ်ဖို့ကိုတော့လည်း လက်မနှေးတဲ့ လူပျိုကြီးပါပဲ။ တစ်ချို့ကိစ္စတွေမှာ သူများကိုကူညီရင်း လူမိုက်တွေကြားထဲကို ဓါးခုတ်ရာ ဘယ်လိုလက်၀င်လျှိုမှာလဲ။ အချစ်ကိုတန်ဖိုးမထား အီစကလီတွေ များတဲ့လူပျိုကြီး တကယ်အချစ်နဲ့တွေ့တဲ့အချိန် ဘယ်လိုပြောင်းလဲသွားမှာလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဟာသတွေနဲ့ စီးမျောလိုက်ရအောင်။ ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Citymmsub1/6858 https://t.me/Citymmsub1/6858

Repost from N/a
ဇာတ်လမ်းအကျဉ်း… Ved··ha မှာ ကန်နာကာလို့ခေါ်တဲ့သမီးတစ်ယောက်ရှိတယ် စလာလာချင်းမှာတော့ ဒီကောင်မလေးကထောင်ကထွက်လာတယ်ပေါ့ သားအဖနှစ်ယ
ဇာတ်လမ်းအကျဉ်း… Ved··ha မှာ ကန်နာကာလို့ခေါ်တဲ့သမီးတစ်ယောက်ရှိတယ် စလာလာချင်းမှာတော့ ဒီကောင်မလေးကထောင်ကထွက်လာတယ်ပေါ့ သားအဖနှစ်ယောက်စလုံးမျက်နှာမှာအပြုံးအရယ် တစိုးတစိမရှိ… သူတို့ရဲ့ပန်းတိုင်ဆီပဲ ရည်မှန်းချက်တွေပြည့်ဝနေတဲ့ မျက်နှာထားတွေနဲ့ပေါ့ ဒီသားအဖနှစ်ယောက်ကိုသူတို့တစ်မြို့လုံးမှာမသိတဲ့လူမရှိဘူး သူတို့နာမည်ကြားတာနဲ့ဖိန့်ဖိန့်တုန်အောင်ကြောက်ကြရတယ် သူတို့ကိုလိုက်နေတဲ့ရဲမေရာမာကလည်း သူတို့ဆိုအသေရရအရှင်ရရ… ဒါကသူတို့အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုနဲ့စပ်လျဉ်းပြီး ကျန်ရှိနေတဲ့ရလဒ်အနေနဲ့ပေါ့ Ved··ha က အတိတ်နေ့တွေမှာလူချစ်လူခင်ပေါပြီး လူအများကခေါင်းဆောင်တင်ချင်ကြတဲ့လူတစ်ယောက်ပါ သူအရမ်းချစ်တဲ့ မိန်းမနဲ့ သမီးလေးနဲ့အတူ အပူအပင်မရှိ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေသူ ဒါပေမဲ့ ကံကြမ္မာဆိုးကြီးသူတို့မိသားစုထဲဝင်လာပြီး နူးနူးညံ့ညံ့သမီးလေးကပါ ထောင်ကျတဲ့အထိ ဘာတွေများဖြစ်သွားမလဲ လိုက်ဖမ်းနေ‌တဲ့ရဲရာမာလက်ကနေ လက်တစ်လုံးကြာလွတ်လွတ်သွားပုံတွေရဲဘက်ကလည်းအစွမ်းကုန်ကြိုးစားကြပုံတွေနဲ့ သူတို့ဇာတ်လမ်းလေးကိုဆက်လက်ကြည့်ရှုလိုက်ပါရှင် ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/indermoviescimes7/9201 https://t.me/indermoviescimes7/9201

Repost from N/a
လူသားတွေဟာ ကမ္ဘာဦးအစကတည်းက တီထွင်လာခဲ့ကြတဲ့သူတွေဖြစ်ပြီး သိပ္ပံနည်းကျနဲ့ လက်တွေ့ကိုမှ ယုံကြည်လာခဲ့ကြပါတယ်... ဟိုးအမှောင်ခေတ်က
လူသားတွေဟာ ကမ္ဘာဦးအစကတည်းက တီထွင်လာခဲ့ကြတဲ့သူတွေဖြစ်ပြီး သိပ္ပံနည်းကျနဲ့ လက်တွေ့ကိုမှ ယုံကြည်လာခဲ့ကြပါတယ်... ဟိုးအမှောင်ခေတ်ကနေ လကမ္ဘာပေါ်ကို တက်လှမ်းနိုင်တဲ့အထိကို လူ့အသိဉာဏ်ကနေ တီထွင်ဖန်းတီးမှုတွေ နည်းပညာတွေ ဆင်းသက်လာခဲ့ပါတယ်... သို့ပေမယ့်လည်း တချို့သော ကိစ္စရပ်တွေဟာ သဘာဝတရားကြီးအတွင်းမှာရှိတဲ့ လက်ခံနိုင်စရာအကြောင်းရင်းတွေကိုဖြတ်ပြီး ဖြစ်ပေါ်လာခဲ့ပါတယ်...ဒီလိုကိစ္စမျိုးတွေကျ လက်ခံနိုင်ဖို့ခဲယဉ်းလှပါတယ်... ဒီဇာတ်ကားလေးဟာ သိပ္ပံပညာနဲ့ ဆေးပညာရပ်တွေလို လက်တွေ့ကျတဲ့ နယ်ပယ်တွေကို ဖြတ်ကျော်ပြီး မေးခွန်းထုတ်လာခဲ့တဲ့ လူတစ်ယောက်ရဲ့အကြောင်းပါ နယ်မြို့လေးတစ်မြို့မှာ နေထိုင်တဲ့ အာဗီနက်ရှ်ကို တစ်ရွာလုံးကချစ်ခင်လေးစားကြသလို သူဟာ နိုင်ငံတော်က အားကိုးရတဲ့ စစ်သားတစ်ယောက်လည်းဖြစ်သေးတယ်... အိန္ဒိယပါကစ္စတန်စစ်ပွဲဖြစ်တော့ လက်ထပ်ထားတာ ပူပူနွေးနွေးလေးပဲရှိဦးမယ်စစ်တိုက်ထွက်ရပြန်ပါတယ်...ကံပဲဆိုးလေသလား တိုက်ပွဲအတွင်း အာဇာနည်ဖြစ်သွားခဲ့တယ်... သဘာဝလွန်ဖြစ်ရပ်တွေက သူ့အားပြန်ရှင်သန်လာစေခဲ့တဲ့အခါမှာတော့....။ ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Indiamovies12_3/9606 https://t.me/Indiamovies12_3/9606

Repost from N/a
ဆာရာဆွာသီမှာ နာရာဆင်မာနဲ့ဗီးရူဆိုတဲ့မောင်နှစ်ယောက်ရှိပါတယ်။ မိဘတွေမရှိတော့တဲ့အတွက် ဆာရာဆွာသီဟာ မောင်‌တွေကို အမေတစ်ယောက်သဖွယ်ခ
ဆာရာဆွာသီမှာ နာရာဆင်မာနဲ့ဗီးရူဆိုတဲ့မောင်နှစ်ယောက်ရှိပါတယ်။ မိဘတွေမရှိတော့တဲ့အတွက် ဆာရာဆွာသီဟာ မောင်‌တွေကို အမေတစ်ယောက်သဖွယ်ချစ်ခင်စောင့်ရှောက်ပေးခဲ့သူပါ။ သူ့ခင်ပွန်းဖြစ်သူ ဆာဒါရှီဗာကလည်း ယောက်ဖနှစ်ယောက်ကို ညီလေးတွေလိုသဘောထားသူပါပဲ။ ဒါပေမယ့် နာရာဆင်မာတစ်ယောက် ရာဇဝတ်မှုတစ်ခုမှာပါဝင်ပြီးနောက် ဆာရာဆွာသီဟာ သူ့ကိုအိမ်ကနေနှင်ထုတ်ကာ ဗီးရူကိုပဲအာရုံစိုက်ပါတော့တယ်။ တစ်နေ့ ဗီးရူဟာလည်း အမှုတစ်ခုကြောင့် အစ်မဖြစ်သူဆာရာဆွာသီရှေ့မှာပဲ ရဲတစ်ယောက်ရိုက်နှက်တာကို ခံလိုက်ရပါတယ်။ အဲဒီလိုဖြစ်ပြီးနောက် ဗီးရူဟာ နာရာဆင်မာနဲ့အတူတူ ရဲစခန်းကိုခေါ်သွားခံလိုက်ရတော့တာပါပဲ။ ဒီလိုနဲ့ပဲ သူတို့ညီအစ်ကိုနှစ်ယောက် အမှုကနေဘယ်လိုလွတ်သွားမလဲ၊ ဆာရာဆွာသီကိုရော ဘယ်လိုရှင်းပြမလဲ၊ ဘယ်လိုရန်သူတွေနဲ့ဆက်လက်ရင်ဆိုင်ရမလဲ၊ ကြုံတွေ့ရတဲ့အခက်အခဲပြဿနာတွေကို ဖြေရှင်းသွားနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Animeseriesmmsub1/2297 https://t.me/Animeseriesmmsub1/2297

Repost from N/a
ဒီဇာတ်ကားမှာတော့ အခြားဘောလိဝုဒ်လူသတ်သမားရှာဖွေတဲ့ကားတွေနဲ့မတူညီဘဲ လူသတ်သမားလူဆိုးကိုကြိုတင်ပြထားတာတွေ အရိပ်အမြွက်ပြောထားတာတွေ
ဒီဇာတ်ကားမှာတော့ အခြားဘောလိဝုဒ်လူသတ်သမားရှာဖွေတဲ့ကားတွေနဲ့မတူညီဘဲ လူသတ်သမားလူဆိုးကိုကြိုတင်ပြထားတာတွေ အရိပ်အမြွက်ပြောထားတာတွေနည်းနည်းလေးမှ မရှိတဲ့ စုံစမ်းရေးရဲအရာရှိတစ်ယောက်ရဲ့ အမှုကိုနည်းစနစ်ကျကျလိုက်လံစုံစမ်းဖော်ထုတ်ပုံကို အသေးစိတ်စိတ်ဝင်စားဖွယ်ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ် စုံစမ်းစစ်ဆေးရေးရဲအရာရှိပီတာကူရီရှင်းကယ် ‌တနေ့မှာတောအုပ်ထဲမှာပုပ်ပွသေဆုံးနေတဲ့အလောင်းတစ်လောင်းကိုရှာတွေ့ရာကနေ အဲ့ဒီအလောင်းကနေရနိုင်သမျှသဲလွန်စတွေကိုအသုံးချပြီးလူသတ်သမားကိုလိုက်ဖို့ကြံစည်ပါတော့တယ် ရဲအရာရှိပီတာက ဖြောင့်မတ်ပြီးအလုပ်ကြိုးစားတဲ့ရဲတစ်ယောက်ဖြစ်ကာ သူ့အမေနဲ့သူ့ရဲ့မိတဆိုးသားလေးပဲရှိတဲ့မိသားစုကိုတောင် ‌အချိန်မပေးနိုင်ဘဲအေးတိအေးစက်‌ဆက်ဆံတတ်တဲ့အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပါတယ် ဒီကားမှာတော့ ဗီလိန်နဲ့ဇာတ်လိုက် battleဆိုင်တာကTempoအတက်အကျဖြစ်အောင် အဓိကမရိုက်ပြထားဘဲ ရဲအရာရှိတစ်ဦးရဲ့ဘဝကို ထင်ဟပ်စေမဲ့လူမှုရေးတာဝန်လစ်ဟင်းမှုတွေ ဖွင့်မပြောပေမဲ့ခံစားတတ်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာတွေ(စာရေးသူရဲ့ အဖေအတိုင်းပါပဲကိုကွက်ကွက်ကွင်းကွင်း အသားပေးရိုက်ပြထားလို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Animeseriesmmsub1/2189

Repost from N/a
ဇာတ်လမ်းကတော့ 𝕂𝕖𝕣𝕒𝕝𝕒 ဆိုတဲ့ ပြည်နယ်ဝန်ကြီးချုပ် ℙ.𝕂.ℝ𝕒𝕞𝕕𝕒𝕤 သေဆုံးသွားတာကစပါတယ် သူတို့စကားအတိုင်းပြောရမယ်ဆိုရင် အဲ
ဇာတ်လမ်းကတော့ 𝕂𝕖𝕣𝕒𝕝𝕒 ဆိုတဲ့ ပြည်နယ်ဝန်ကြီးချုပ် ℙ.𝕂.ℝ𝕒𝕞𝕕𝕒𝕤 သေဆုံးသွားတာကစပါတယ် သူတို့စကားအတိုင်းပြောရမယ်ဆိုရင် အဲဒီနယ်ရဲ့ ဘုရားသခင်ပေါ့။ အဲဒီ ဘုရားသခင်မှာ သားသမီးနှစ်ယောက်ရှိတယ်။ စစ်တပ်တစ်တပ်ရှိတယ်။ သူ့ရဲ့ ဂုဏ်ကိုမြှင့်ပေးမယ့် တမာန်တော်တွေလည်းရှိတာပေါ့။ ဘုရားသခင်ရဲ့ နိုင်ငံက ကြီးလွန်းတော့ သူခိုးတွေက တမာန်တော်ဟန်ဆောင်ပြီး ဝင်လာကြတယ်။ တစ်နေ့မှာတော့ အဲဒီ ဘုရားသခင်သေဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ တမာန်တော်ဟန်ဆောင်နေတဲ့ သူခိုးတွေက နိုင်ငံကိုသိမ်းပိုက်ဖို့ ကြိုးစားကြပါတော့တယ်။ အဲဒီလို ဝရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေကို ထိန်းသိမ်းနိုင်တဲ့သူကတော့ တစ်ယောက်ပဲရှိပါတယ်။ သူ့ကို ဟိန္ဒူမှာဆို မဟီရာဝဏ၊ အစ္စလာမ်မှာဆိုရင်တော့ အစ်ဘလီ၊ ခရစ်ယာန်မှာဆိုရင် 𝕃𝕦𝕔𝕚𝕗𝕖𝕣 လို့ တင်စားပြောလို့ရတဲ့ 𝕊𝕥𝕖𝕡𝕙𝕖𝕟 ℕ𝕖𝕕𝕦𝕞𝕡𝕒𝕝𝕝𝕪 ပါပဲ။ သူတို့ရဲ့တိုက်ပွဲကတော့ အကောင်းနဲ့အဆိုးကြားက တိုက်ပွဲမဟုတ်ဘဲ အဆိုးနဲ့အဆိုးကြားကတိုက်ပွဲလို့ပြောလို့ရပါတယ်။ နိုင်ငံရေးအရှုပ်အရှင်းတွေနဲ့ မသမာမှုတွေကြားက ဇာတ်လမ်းကောင်း အက်ရှင်ကောင်းကောင်း ကြည့်ရမယ့် ဇာတ်ကားလို့ပြောချင်ပါတယ်။ ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/indermoviescimes7/9182 https://t.me/indermoviescimes7/9182

Repost from N/a
လွန်ခဲ့တဲ့၇နှစ်က ဖြစ်ခဲ့တဲ့အမှုမှာ သားဖြစ်သူတွေကိုဆုံးရှုံးလိုက်ရတဲ့𝕊𝕒𝕞𝕦𝕕𝕙𝕒𝕣𝕒𝕞 မိသားစု နဲ့သားသေဆုံးမှုမှာတာဝန်ရှိ‌န
လွန်ခဲ့တဲ့၇နှစ်က ဖြစ်ခဲ့တဲ့အမှုမှာ သားဖြစ်သူတွေကိုဆုံးရှုံးလိုက်ရတဲ့𝕊𝕒𝕞𝕦𝕕𝕙𝕒𝕣𝕒𝕞 မိသားစု နဲ့သားသေဆုံးမှုမှာတာဝန်ရှိ‌နေတဲ့ ℙℝ𝕍 မိသားစု ဆိုပြီး ရွာနှစ်ခြမ်းကွဲသွားခဲ့ပါတယ် မိသားစုနှစ်ဖက်လုံးကလည်း ကျိကျိတက်နဲ့ နာမည်ကြီးကြတဲ့လူတွေချည်းပါပဲ မင်းသားကြီး 𝔸𝕣𝕦𝕟 𝕍𝕚𝕛𝕒𝕪 ကတော့ ℙℝ𝕍 ဘက်ပါ ဖအေတူမအေကွဲဖြစ်နေတာကြောင့် ဖအေ့ဘက်ကပါလာတဲ့အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ ကြင်ကြင်နာနာနဲ့ လူတိုင်းချစ်ခင်ကြပြီး တစ်ဖက်မိသားစုရဲ့သားသေဆုံးမှုကိုတာဝန်ရှိတယ်လို့ခံယူထားတဲ့တစ်ဦးတည်းသောလူပေါ့ အငယ်ဆုံးဖြစ်ပေမယ့် တစ်အိမ်လုံးကို ဆင်တစ်ကောင်လိုထမ်းပိုးပြီး ကာကွယ်လိမ့်မယ်ဆိုတဲ့ဇာတာအရ ဖခင်ဖြစ်သူက အားကိုးနေရတဲ့ရာဗီးတစ်ယောက် နှစ်ဖက်မိသားစုရဲ့ ပဋိပက္ခတွေကြားက မိသားစုကိုဘယ်လိုကယ်တင်မလဲ ကြမ်းရမ်းနေလို့လည်းမပြီးသေးတာကြောင့်ကြားထဲမှာ ရိုမန့်လေးတွေနဲ့ဘယ်လိုရိုကြမလဲ ခံစားမှုအစုံရစေမယ့် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့်စီးမျောသွားစေရန်တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်ကားကြည့်ရန်👇🖤👇 https://t.me/Thuyamovies01/9429 https://t.me/Thuyamovies01/9429