3 783
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Migration (2023)
ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခုဆောင်းရာသီအတွက် ဆောင်းခိုဖို အသိုက်ပြောင်းကြတဲ့အကြောင်းအရာလေးပါ…။ဒီဘဲမိသားစုလေးဟာဆိုရင် အမေရိကန်မူးစ်ဟတ်ရေအိုင်လေးမှာပဲအမြဲအတည်တကျနေထိုင်ခဲ့ကြတာ သူတိုတစ်သက်တာပါပဲ…။ဘာလိုလည်းဆိုတော့ ရေအိုင်ရဲ့အပြင်မှာဆိုရင် ဘေးဒုက္ခတွေအပြည့်၊သားရဲတွေအပြည့်ဆိုတာကို ကာကွယ်တတ်လွန်းတဲ့ဘဲဖေဖေကြီးကပုံပြင်တွေပြောပြရင်းအမြဲခြောက်လှန့်ထားလိုပါ။သိုပေမဲ့ စူးစမ်းချင်တဲ့ ဘဲပေါက်လေးနှစ်ကောင်က ငယ်ရွယ်သူတိုသဘာဝအတိုင်း အပြင်လောကကိုစူးစမ်းချင်ကြောင်း ပူဆာတယ်…။ဘဲမေမေကြီးကလည်း အခြားဘဲခေါင်းစိမ်းတွေ အသိုက်ပြောင်းတာ၊လောကကြီးထဲခြေဆန့်တာမြင်တော့ စွန့်စားခန်းတွေအားကျမိပြန်ပါတယ်။သားအမိသုံးယောက် အသိုက်ပြောင်းဖိုဝိုင်းပူဆာတော့ ဘဲဖေဖေကြီးလည်းမလွန်ဆန်နိုင်တော့ဘဲ လက်ခံလိုက်ပါတယ်…။ဒီလိုနဲ့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခု အသိုက်ပြောင်းဖိုထွက်အလာလမ်းမှာ ဘယ်လိုအသစ်အဆန်းတွေကြုံတွေရမလဲ၊ ဘယ်လိုစွန့်စားခန်းတွေမြင်တွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရဦးမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်…။
Monster High: Frights, Camera, Action! (2014)
monster highfranchise ထဲက ကာတွန်းကားလေ
သတ္တဝါအထူးအဆန်းလေးတွေကိုမှ Barbieကာတွန်းကားတွေလို vibe
မျိုးနဲ့ခံစားရမှာပါ။ အထူးသဖြင့် Barbieကာတွန်းကားလေးတွေကြိုက်
တတ်တဲ့မိန်းကလေးတွေ ကြိုက်နှစ်သက်ကြမယ့်ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။Main character ဖြစ်တဲ့
Draculauraလေးဟာ ကျောင်းမှာ လူချစ်လူခင်ပေါတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပေမယ့် သူ့ ကိုယ်သူ ကြီးကျယ်တဲ့အရာတွေမလုပ်နိုင်လို အားငယ်နေခဲ့ပါတယ်။ အဲဒီ အချိန်မှာပဲ မထင်မှတ်
ထားတဲ့သတင်းတစ်ခုကြောင့် သူ့ဘဝက ပြောင်းလဲဖို အကြောင်းဖန်လာခဲ့
ပါတယ်။ ဒါပေမယ့် အဲဒီသတင်းက သူထင်သလို မဟုတ်တာကို သိလိုက်ရ
တဲ့နောက်မှာတော့ Draculaura တစ်ယောက် သူ့ သူငယ်ချင်းတွေနဲ့အတူ
စွန့်စားခန်းဖွင့်ဖို အကြောင်းဖန်လာပါတော့
Kung Food (2018)
ဇာတ်လမ်းအကြောင်းလေးကတော့ပေါင်ဟာဆိုရင် အပူပေးပြီးပေါင်းထားတဲ့ပေါင်မုန့်လေးဖြစ်ပြီးတော့ အမြဲတမ်းဟီးရိုးတစ်ယောက်ဖြစ်လာဖို ကမ္ဘာကြီးကိုကယ်တင်ဖိုအတွက်ဆိုပြီးပဲ တွေးနေတဲ့သူဖြစ်ပါတယ် ဒါနဲ့တစ်ရက်မှာတော့သူ့ရဲ့ဆရာဖြစ်သူက အပြင်လောကကြီးကိုစူးစမ်းပြီး မကောင်းတဲ့သူတွေကိုနှိမ်နင်းဖိုအတွက်ဆိုပြီး ပေါင်လေးကိုအပြင်ကိုလွှတ်လိုက်ပါတယ်
ဒီလိုနဲ့စူပါပေါင်လေးဟာပင်လယ်ထဲကိုထွက်မယ့်သင်္ဘောကြီးတစ်စီးပေါ်ကိုလိုက်ပါလာခဲ့တာပေါ့
ဖြစ်ချင်တော့စူပါပေါင်လေးစီးလာတဲ့သင်္ဘောကိုပင်လယ်ဓားပြတွေကဝင်ပြီးတော့တိုက်ခိုက်ပါတော့တယ် အမြဲတမ်းဟီးရိုးတစ်ယောက်
သူရဲကောင်းဖြစ်ချင်နေတဲ့ပေါင်အတွက် လူစွမ်းကောင်းဖြစ်ဖိုအခွင့်အလမ်းရလာတယ်ပြောရမှာပေါ့
ပေါင်မုန့်လေးဖြစ်တဲ့ပေါင်ဟာမကောင်းတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်သွားမလဲ
သူဖြစ်ချင်တဲ့သူရဲကောင်းအဖြစ်ကိုရောက်ရှိနိုင်မှာလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကာတွန်းကားကောင်းလေးဖြစ်ပါတယ်
#Credit
Wish(2023)
တစ်ခါတုန်းက မဂ္ဂနီဖီကိုဆိုတဲ့လူတစ်ယောက်ဟာ မှော်ပညာကိုအသည်းအသန်လေ့လာခဲ့ပြီး ဆုတောင်းတွေကိုပါ ဖြည့်ပေးနိုင်တဲ့အစွမ်းအထိပိုင်ဆိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်းတစ်ကျွန်းမှာ သူ့ဇနီးအမာရာနဲ့အတူ ရိုဆက် ဆိုတဲ့ တိုင်းပြည်တစ်ခုတည်ထောင်ခဲ့ပြီးလူအားလုံးကို လက်ခံထားခဲ့ပါတယ်။ အဲဒီကျွန်းက လူတွေဟာသူတို့အလိုချင်ဆုံး ဆုတောင်းတစ်ခုကို ဘုရင်ကြီးဆီမှာ အပ်ထားနိုင်ပြီးဘုရင်ကြီးက ဆုတောင်းတွေကို ကာကွယ်ပေးထားတဲ့အပြင်တစ်လတစ်ခါ ထိုက်တန်သူတစ်ယောက်ရွေးပြီး ဆုတောင်းဖြည့်ပေးပါသေးတယ်။ အားနည်းချက်အနေနဲ့ကတော့ ကိုယ့်ရဲ့အလိုချင်ဆုံးဆုတောင်းတစ်ခုကို အပ်ထားလိုက်ပြီးသွားရင် ကိုယ်အလိုချင်ဆုံးအရာက ဘာလဲဆိုတာပါ မမှတ်မိတော့ဘဲ တစ်နေ့မှာ ဆုတောင်းပြည့်ဖို့စောင့်နေရတော့တာပါပဲ။ ဒီလိုစောင့်နေတဲ့သူတွေထဲမှာ အားရှာဆိုတဲ့မိန်းကလေးရဲ့ အသက် ၁၀၀ ပြည့်သွားတဲ့အဘိုးနဲ့အမေလည်း ပါဝင်ပါတယ်။ အားရှာဟာ ဘုရင်ကြီးဆီမှာ ဆုတောင်းတွေနဲ့ပတ်သတ်တဲ့အလုပ်ကို လက်ထောက်အဖြစ် လုပ်ခွင့်ရဖို့ သွားလျှောက်ရင်းနဲ့ဒီဆုတောင်းတွေထဲက အများစုဟာ ဘယ်တော့မှ ဖြည့်ပေးတာမခံရမှန်းသိလာပါတယ်။ အနည်းဆုံးတော့ ဆုတောင်းတွေ မပြည့်တော့ရင်တောင်ကိုယ်အလိုချင်ဆုံးအရာကို ကိုယ်သတိရပြီး ကြိုးစားခွင့်ရှိဖို့ ထိုက်တန်တယ်လို့ ယုံကြည်တဲ့ အားရှာဟာ ဘုရင်ကြီးဆီကနေ ဆုတောင်းတွေကိုခိုးယူပြီး ပိုင်ရှင်တွေကို ပြန်ပေးဖို့ ကြိုးစားတဲ့အခါ…
