3 783
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
The House of Magic (2013)
ဒီကာတွန်း ဇတ်လမ်းလေးကတော့ ကလေးတွေ အကြိုက် ဇတ်လမ်းလေးပါ။ ချစ်စရာကောင်းတဲ့ ကြောင်လေးကို သူ့ပိုင်ရှင်က လမ်းပေါ် စွန့်ပစ်သွားပြီးနောက် ခိုကိုးရာ မဲ့ပြီး ဒုက္ခတွေရောက်နေတုန်း အိမ်အအို အဟောင်းပျက်ကြီးတစ်ခုကို ရောက်ရှိသွားပါတယ် အဲ့ဒီ အိမ်မှာလဲ သူ့ကို ကြည့်မရတဲ့ ယုန်ကြီး နဲ့ ကြွက်ကလေး ရှိနေပြန်ပါတယ်။ သူ့ကို လက်မခံပဲ မောင်းထုတ်ကြပေမယ့် အိမ်ပိုင်ရှင်မျက်လှည့်ဆရာအဖိုးအိုက ကြောင်ကလေးကိုပါ မွေးစားလိုက်ပါတယ်။ တစ်ရက်မှာတော့ အဖိုးအို လမ်းပေါ်တွင် မျက်လှည့်ပြနေရင်း မတော်တဆမှု ဖြစ်လို ဆေးရုံတက်နေတဲ့ အချိန် သူ့ သားက အဖိုးကြီးရဲ့ အိမ်ကို ရောင်းချဖို လုပ်ပါတော့တယ်။ အဲ့ဒီအခါမှာ ကြောင်ကလေး နဲ့ အဖွဲဝင်များက အိမ်လာကြည့်တဲ့ သူတွေကို ချောက်လှန့်မောင်းထုတ်ရင်း ကာကွယ်ရပါတော့တယ်
Coraline (2009)
လူကြီးမင်းတို့ရဲ့ မျက်လုံးကိုဖယ်ထုတ်ပြီးကြယ်သီးတွေအစားထိုးတပ်ခံထားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား ?မခံစားဖူးရင် ဇာတ်လမ်းအကျဉ်းချုပ်လေးဆီသွားရအောင်
တကယ်တော့ ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာရင်ထဲထိအမြဲတမ်းစွဲကျန်စေခဲ့တဲ့ ကာတွန်းရုပ်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ်…ဒီဇာတ်ကားလေးမှာ ကိုရာလိုင်း (Coraline) ဆိုတဲ့ကလေးမလေးကအဓိကသရုပ်ဆောင်ထားပါတယ်…စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့…သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာအဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်…Teri Hatcher, Dakota Fanning, and John Hodgman in Coraline (2009)တစ်နေ့သူတို့မိသားစုဟာ အိမ်အသစ်ဆီကိုပြောင်းရွှေ့လာခဲ့ရပါတယ်…ထုံးစံအတိုင်း ကိုရာလိုင်း ကတော့ တစ်ယောက်တည်းပဲပေါ့…ဒီလိုနဲ့ တစ်နေ့မှာ အိမ်ရဲ့တစ်နေရာက မှော်ဝင်တံခါးပေါက်တစ်ခုကိုတွေ့သွားခဲ့တဲ့အချိန်ကစပြီး ဇာတ်လမ်းစပါပြီ…ဒီမှော်ဝင်တံခါးပေါက်ရဲ့တစ်ဖက်မှာ ဘာတွေရှိနေမလဲ ??စူးစမ်းတတ်ပြီး သတ္တိရှိတဲ့ ကိုရာလိုင်းတစ်ယောက် ဘာတွေဖြစ်လာမှာလဲ ??ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်…IMDb rating 7.7/10 ထိ ရရှိထားတဲ့ ဒီကာတွန်းရုပ်ရှင်လေးဟာဘယ်လောက်ထိကောင်းတယ်ဆိုတာကိုတော့ အထူးတလည်ညွှန်းစရာမလိုတော့ဘူး ထင်ပါတယ်..အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာပါခဲ့တဲ့အပြင်ဆုတော်တော်များများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်…မိဘနဲ့သားသမီးတွေရဲ့ကြားက လိုအပ်ချက်လေးတွေကိုဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကိုလည်းဒီဇာတ်ကားလေးက ညွှန်ပြပေးသွားပါတယ်…လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီးလေကြောရှည်နေပြီ ဖြစ်တဲ့အတွက် အားပေးခံစားကြည့်ရှုပေးကြပါဦး…
Rumble (2021)
တစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကာတွန်းကားလေးကတော့“Rumble”ပဲဖြစ်ပါတယ် rumbleရဲ့ဇာတ်လမ်းအကျဉ်းကတော့
နပန်းသတ်စူပါစတားချန်ပီယံတစ်ယောက်ဖြစ်တဲ့ တန်တက်ကူလာကပိုပြီးထင်ပေါ်ကျော်ကြားချင်တဲ့အတွက် သူရဲ့မွေးရပ်မြေကိုစွန့်ပစ်ခဲ့တယ်မြို့ရဲ့ကြယ်ပွင့်မရှိဘဲပရိတ်သတ်ကို ဆွဲဆောင်ဖို့မဖြစ်နိုင်တာကြောင့်
မြို့တော်ဝန်က ယခင်ကကျော်ကြားခဲ့တဲ့ နပန်းနည်းပြတစ်ယောက်နာမည်ပေးထားတဲ့မြို့အားကစားရုံကိုဖျက်ပစ်ဖို့ ကြေငြာခဲ့ပါတယ် အဲ့ဒီအချိန်မှာ ယခင်နည်းပြဟောင်းရဲ့သမီးဖြစ်သူဝန်နီက အားကစားရုံ၊ သူတို့ရဲ့မြို့တော်နဲ့ အားကစားရုံမှာရှိနေတဲ့သူမအဖေရဲ့အမွေအနှစ်တွေကို ကယ်တင်ဖို့ စတီဗင်ဆိုတဲ့ အကကိုကြိုက်နှစ်သက်တဲ့မွန်းစတားတစ်ကောင်ရဲ့အကူအညီကိုရယူကာ ဘယ်လိုကကွက်ဆန်းတွေသုံးပြီးနပန်းသတ်ခိုင်းမလဲ ဒီအားကစားရုံကိုရော မြို့တော်ဝန်လက်ထဲကသူမပြန်ရမှာလား အကနဲ့နပန်းသတ်ချင်တဲ့စတိဗ့်တစ်ကောင်ရောဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်သွားရမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်
Orion And The Dark [2024]
လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ အိုရီယွမ်က ခြင်ကိုက်တာကအစ အိမ်သာဆို့ပြီး တစ်ကျောင်းလုံးရေမြုပ်မှာအဆုံး အရာအားလုံးကို ကြံဖန်ကြောက်နေတဲ့ကောင်လေးပေါ့။ ယုတ်စွအဆုံး သူချစ်တဲ့ကောင်မလေးကို စကားသွားပြောဖို့ပါ ကြောက်နေတဲ့ကောင်။ သူအကြောက်ဆုံးအရာကတော့ သူ ညတိုင်း ကြုံနေရတဲ့အရာ… အမှောင်ထု။ အမှောင်ကို သူကြောက်တာကတော့ အမှောင်ကို သူနားမလည်လို့ ကြောက်တယ်ပြောရမယ်။ အမှောင်ထုက သူထင်သလောက်ဆိုးနေတဲ့ကောင်တော့ မဟုတ်ဘူး။ ဆိုးဖို့ဝေးစွ ခင်တတ်မင်တတ်တဲ့ တော်တော်ကောင်းတဲ့လူလို့ပြောရမယ်။ အမှောင်ထုက အိုရီယွမ်ကို သူ့ကို မကြောက်ဖို့ပြောပြီး ကမ္ဘာကြီးအတွက် သူဘယ်လိုတာဝန်တွေ ထမ်းဆောင်နေလဲပြဖို့ ညကမ္ဘာကြီးကိုလိုက်ပြတယ်။ ဒါပေမဲ့ သိပ်ကြောက်တတ်တဲ့ အိုရီယွမ်ကတော့ ကြောက်နေမြဲပဲ။ ဒီတော့ အမှောင်ထုက အိီုရယွမ်ကို ညကမ္ဘာကြီးထဲက တခြားညဖြစ်တည်မှုတွေဆီ ခေါ်သွားတယ်။ အဲဒီအရာတွေကတော့… အိပ်မက်ကောင်း, အိပ်စက်ခြင်း, အိပ်မပျော်ခြင်း, တိတ်ဆိတ်ခြင်း, အမျိုးအမည်မသိဆူညံသံများ တို့တတွေပေါ့။ တစ်နည်းပြောရရင် ညဘက်မှာပဲ ရှိနေတတ်တဲ့ အရာတွေပါပဲ။ အမှောင်ထုဟာ အိုရီယွမ်တစ်ယောက် သူတို့အုပ်စုတွေ ညဘက်မှာ ကမ္ဘာကြီးအတွက် ဘယ်လိုတာဝန်တွေ ဘယ်လိုပုံနဲ့ ထမ်းဆောင်နေလဲကြည့်ရင်း သူတို့ကို အကောင်းမြင်လာပြီး သူ့အကြောက်တရားကို သူကျော်လွှားပြီး ပျော်ပျော်ကြီးရှင်သန်သွားနိုင်စေဖို့ ရည်ရွယ်ခဲ့တာပေါ့။ဒီဇာတ်လမ်းဟာ “လူတိုင်းကြောက်တတ်ကြတဲ့အကြောင်း” ပါပဲ။ Orion and the Dark ဟာ ကျွန်တော်တို့ကို ညခင်းရဲ့ အလှတရားတွေအကြောင်း ပြောပြပေးမယ့် ဇာတ်လမ်းတစ်ပုဒ်လို့ဆိုလည်းမမှားပါဘူး။
