en
Feedback
Video Channel 2

Video Channel 2

Open in Telegram

📈 Analytical overview of Telegram channel Video Channel 2

Channel Video Channel 2 (@videochannel222) in the Burmese language segment is an active participant. Currently, the community unites 12 385 subscribers, ranking 22 661 in the Movies category and 10 165 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 385 subscribers.

According to the latest data from 14 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -376 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 15 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

12 385
Subscribers
No data24 hours
-757 days
-37630 days
Posts Archive
Alien Country (2024)

Alien Country (2024) Alien Country ဆိုတဲ့ဇာတ်ကားက သိပ္ပံ-ရုပ်ရှင်တွေကြိုက်သူတွေ၊ စွန့်စားခန်းတွေကြိုက်သူတွေအတွက် အကြိုက်တွေ့စ
Alien Country (2024) Alien Country ဆိုတဲ့ဇာတ်ကားက သိပ္ပံ-ရုပ်ရှင်တွေကြိုက်သူတွေ၊ စွန့်စားခန်းတွေကြိုက်သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ ဒီကားကို ဒါရိုက်တာ Bailey Kobe က ရိုက်ထားတာဖြစ်ပြီး အဓိကသရုပ်ဆောင်တွေက Nadine Crocker နဲ့ Marc Menchaca ပါ။ သူတို့ရဲ့ သရုပ်ဆောင်မှုက အရမ်းသဘာဝကျပြီး ဇာတ်လမ်းထဲမှာ ခံစားချက်တွေ ပြည့်ပြည့်ဝဝကိုဖော်ပြထားတယ်ဆိုတာ သိသာပါတယ်။ ဇာတ်လမ်းကတော့ လူသားတွေရော ဂြိုလ်သားတွေရော စိန်ခေါ်မှုတွေ ရင်ဆိုင်ရတဲ့အကြောင်းပါပဲ။ လူသားတွေအနေနဲ့ နိုင်ငံတစ်ခုထဲကို တစ်ခါမှမရောက်ဖူးသလို စွန့်စားသွားရင်း ဂြိုလ်သားတွေ့လာရတယ်။ သူတို့ရဲ့ စွမ်းအားတွေက တော်တော်အမိုက်စားကြီးမို့မြင်လိုက်တာနဲ့တင် ဝိုး ဆိုပြီး ဖမ်းစားသွားမှာပါပဲ။ Kobe ရဲ့ ရိုက်ကူးပုံစံကလည်း မြင်ရတာနဲ့ ရင်ထဲရောက်အောင် ဖန်တီးထားတာမို့ ရိုက်ချက်တွေ အရမ်းမိုက်သလို သည်းထိတ်ရင်ဖိုဖြစ်ဖို့လည်းကောင်းပါတယ်။ Alien Country ဟာ စွန့်စားခန်းတစ်ခုဖြစ်တဲ့အပြင် သည်းထိတ်ဖွယ် ကြည့်ရှုခံစားနိုင်တဲ့ဇာတ်ကားကောင်းလေးပါ၊ ရင်ထဲကျန်နေစေမယ့် စွန့်စားခန်းတွေ၊ ထိတ်လန့်မှုတွေနဲ့ ဖမ်းစားသွားမှာ အသေအချာပါပဲ..

The Returned (2013)

The Returned (2013) ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi Horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Apocalyse ပုံစံ Zombie
The Returned (2013) ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi Horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Apocalyse ပုံစံ Zombie ရုပ်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက်  လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၀ ခုနှစ်တွေအတွင်း ဇွန်ဘီကပ်ရောဂါကြီးဖြစ်ပွားပြီးတော့ လူပေါင်း သန်း၁၀၀ လောက်သေဆုံးခဲ့ပါတယ်။ သုတေသနပညာရှင်တွေကလည်း ဒီရောဂါကိုကုသဖို့အတွက် လေ့လာချက်တွေအများအပြားဆောင်ရွက်ကြပြီး ကုထုံးကိုရှာဖွေကြပါတယ်။ ဒီထဲမှာတော့ ကိတ်ဆိုတဲ့ ဆရာဝန်အမျိုးသမီးတစ်ယောက်က ဖုတ်ကောင်တွေကို ပုံမှန်လူအဖြစ်ပြန်ဖြစ်အောင် ကုသပေးနိုင်တဲ့ ကုထုံးတစ်ခုကိုရှာဖွေတွေ့ရှိသွားပါတယ်။ ဒီဖုတ်ကောင်တွေကိုပြန်လည်ကုသပေးပြီး ကောင်းလာတဲ့လူတွေကိုတော့ The Returned (သေရွာပြန်)လို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ ဒီကုထုံးကိုလုပ်ဆောင်ဖို့အတွက် ပရိုတင်းကိုတော့ Zombie တွေရဲ့ရိုးတွင်းခြင်ဆီကနေ အရည်တစ်မျိုးကို အသုံးပြုရပါတယ်။ ဒါပေမဲ့ ဒီကုထုံးကိုဆောင်ရွက်ဖို့အတွက် အရင်းအမြစ်ဖြစ်တဲ့ ပရိုတင်းတွေက တစ်နေ့တခြားရှားပါးလာတဲ့အခါ ဒီကပ်ရောဂါကြီးကိုကျော်လွှားနိုင်ဖို့အတွက် စိန်ခေါ်မှုတွေ အဖက်ဖက်ကပေါ်လာပါတော့တယ်။

Elevation (2024)

Elevation (2024) တစ်ကမ္ဘာလုံးမှာ စိမ့်တွင်းတွေ ပေါ်ပေါက်လာပြီး စိမ့်တွင်းထဲက ထူးဆန်းတဲ့သတ္တဝါကြီးတွေက လူသားမျိုးနွယ်ကို အမဲလိ
Elevation (2024) တစ်ကမ္ဘာလုံးမှာ စိမ့်တွင်းတွေ ပေါ်ပေါက်လာပြီး စိမ့်တွင်းထဲက ထူးဆန်းတဲ့သတ္တဝါကြီးတွေက လူသားမျိုးနွယ်ကို အမဲလိုက်သတ်ဖြတ်လာတဲ့အခါ... ဇာတ်လမ်းအကျဉ်း ကမ္ဘာပေါ်မှာ စိမ့်တွင်းတွေပေါ်ပေါက်လာပြီး ဒီစိမ့်တွင်းထဲက သတ္တဝါဆန်းတွေက လူသားမျိုးနွယ် ၉၅ ရာခိုင်နှုန်းကို အမဲလိုက်သတ်ဖြတ်ခဲ့ပါတယ်။ တစ်ခုထူးဆန်းတာက ဒီသတ္တဝါတွေက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈၀၀၀ ကျော်တဲ့အထိ မတက်လာနိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်ကျန်ရစ်တဲ့လူသားမျိုးနွယ် ၅ ရာခိုင်နှုန်းဟာ ပေ ၈၀၀၀ အထက်မြင့်တဲ့ တောင်ထိပ်တွေမှာ စခန်းချနေထိုင်ရပါတယ်။ ဒီအချိန်မှာ ဇာတ်ဆောင်ဖြစ်သူ ဝီလ်ဟာ ကျန်းမာရေးချူချာလို့ အောက်ဆီဂျင်သွင်းနေရတဲ့ သားဖြစ်သူအတွက် လေသန့်စက်လိုအပ်တဲ့အတွက် တောင်အောက်ကို ဆင်းဖို့ အကြောင်းဖန်လာပါတော့တယ်။

The Fix (2024)

The Fix (2024) +++++ ဒီရုပ်ရှင်က ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာ တစ်နေ့တစ်နေ့ လူတွေရဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ဓာတုအကြွင်း
The Fix (2024) +++++ ဒီရုပ်ရှင်က ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာ တစ်နေ့တစ်နေ့ လူတွေရဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ဓာတုအကြွင်း အကျန်တွေနဲ့ အမှိုက်ပုံက Waste တွေကြောင့် လေထုပါ အဆိပ်သင့်သွားတယ်ဆိုတဲ့ အနာဂတ်စိတ်ကူးယဉ် ကမ္ဘာကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ နေ့စဉ်ရှုရှိုက်နေရတဲ့ လေထုဟာ အဆိပ်သင့်ပြီဆိုမှတော့ တစ်ကမ္ဘာလုံး နိုင်ငံအနှံ့ ကပ်ဆိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာပြိုရင်တောင် ပြေးပေါက်မရရအောင် ရှာတတ်ကြတဲ့ လူသားမျိုးစိတ်တွေက ဂတ်စ်မျက်နှာဖုံးတွေ တပ်ကာ နေထိုင်ကြပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ တစ်ကမ္ဘာလုံးအနှံ့ အနီရောင်နယ်မြေတွေက ကြီးထွားသထက် ကြီးထွားလာပါတယ်။ ဒီအတွက် သူတို့မှာ အဖြေလုံးဝမရှိတာတော့ မဟုတ်ပါဘူး။ Athera ဆိုတဲ့ လုပ်ငန်းစုကြီးတစ်ခုက ထုတ်လုပ်တဲ့ AIReum ဆိုတဲ့ ဆေးတစ်မျိုးဟာ တစ်လုံးသောက်လိုက်တာနဲ့ ၆ နာရီကြာအောင် မျက်နှာဖုံးတပ်စရာမလိုဘဲ လေထုအဆိပ် ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဒါပေမဲ့ သူတို့ဆေးဖော်စပ်တဲ့နေရာမှာသုံးတဲ့ အဓိကပစ္စည်းကို လျှို့ဝှက်ထားတဲ့အတွက်ကြောင့် ဆေးလောကမှာတော့ သူတို့လုပ်ငန်းစုတစ်ခုတည်း ပြိုင်ဖက်ကင်းဖြစ်လို့နေပါတယ်...

Paku Tanah Jawa (2024)

Paku Tanah Jawa (2024) Indo horroပရိသတ်တို အကြိုက်တွေ့စေမယ့် အသစ်ထွက် ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ အခုနှစ်ပိုင်းတွေမ
Paku Tanah Jawa (2024) Indo horroပရိသတ်တို အကြိုက်တွေ့စေမယ့် အသစ်ထွက် ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ အခုနှစ်ပိုင်းတွေမှာ အင်ဒိုဟော်ရာလောကလည်း အဆင့်မြင့်လာပြီး လူကြိုက်များလာကြပြီဆိုတော့ ဒီကားလေးရော ဘယ်လိုလာမလဲ ရှုစားကြပါဦး။ ပါကူတာနာဂျဝါလိုခေါ်တဲ့ တောတွေတောင်တွေ ဝန်းရံနေတဲ့ မြိုငယ်လေးမှာ ဟာဒီနီလိုခေါ်တဲ့ ဆွန်ဒန်ကချေသည်တစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ ရိုးရာကချေသည်ဖြစ်တဲ့ဟာဒီနီက နာမည် ဂုဏ်သတင်းတော့ မကောင်းလှပါဘူး။ ဟာဒီနီက ယောက်ျားတွေနဲ့ ပတ်အိပ်နေသလိုလို ပြည့်တန်ဆာပဲ လုပ်စားနေသလိုလို သတင်းတွေထွက်နေပြီး မကြာသေးခင်ကပဲ ဟာဒီနီဆီကပြန်လာပြီး ရုတ်တရက် နှလုံးဖောက်ပြီးဆုံးသွားတဲ့ ကူစ်နိုဆိုသူကလည်းရှိနေတော့ သွားပုပ်လေလွင့်ပြောသူတွေ အတွက် ပြောစရာကြီးဖြစ်နေတာပေါ့။ အမေ့ရဲ့မကောင်းသတင်းတွေကြောင့် နင်ရမ်တစ်ယောက်လည်း အမေနဲ့ မကြာခဏပြဿနာတက်ရပေမဲ့ အမေဖြစ်သူရဲ့ ထူးဆန်းတဲ့ အပြုအမူတွေ လုပ်ရပ်တွေကို နင်ရမ်တစ်ယောက်လည်း နားမလည်နိုင်သလို မေးတော့လည်းဟာဒီနီကမဖြေပြန်ပါဘူး။ ဒီလိုနဲ့ သူတိုသားအမိနှစ်ယောက်ရဲ့ဘဝထဲကို ဂျာလူဆိုတဲ့ လူတစ်ယောက် ဝင်လာချိန်မှာတော့....

Hunger 2023 -----------------------

❝ လမ်းဘေးစျေးသည်ဘဝကနေ ကမ္ဘာကျော်စာဖိုမှူးတစ်ယောက်ဖြစ်လာခဲ့သူ ❞ - Thriller/Drama ရုပ်ရှင်အညွှန်း - အွိုင်ဆိုတဲ့ကောင်မလေးဟာ မျိ
❝ လမ်းဘေးစျေးသည်ဘဝကနေ ကမ္ဘာကျော်စာဖိုမှူးတစ်ယောက်ဖြစ်လာခဲ့သူ ❞ - Thriller/Drama ရုပ်ရှင်အညွှန်း - အွိုင်ဆိုတဲ့ကောင်မလေးဟာ မျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ ခေါက်ဆွဲဆိုင်ကို အမွေဆက်ခံရဖို့ဖြစ်နေတဲ့ကောင်မလေးတစ်ယောက်ပေါ့။ Dreamersတစ်ယောက်ပီပီ အွိုင်ကတော့ ရပ်ကွက်ခေါက်ဆွဲဆိုင်လေးမှာပဲ ဘဝကိုအဆုံးမသတ်ချင်သူပါ။ ဒါပေမဲ့ မောင်နှမတွေထဲမှာလည်း ဒီဆိုင်ကိုလက်လွှဲယူနိုင်မဲ့ ချက်ပြုတ်တတ်တဲ့လူကလည်းမရှိ သမီးအကြီးဆုံးကလည်းဖြစ်နေပြန်တော့ ရွေးစရာကလည်းမရှိပြန်ဘူးပေါ့။ ဒီလိုနွံနစ်နေတဲ့ ပတ္တမြားဖြစ်တဲ့အွိုင်ကို တွေ့ရှိသွားသူကတော့ ဟန်ဂါဆိုတဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အငယ်တန်းရှက်ဖ်တစ်ယောက်ဖြစ်တဲ့တုန်းပါ။ ဒီလိုနဲ့ပဲ အွိုင်ရဲ့အရည်အချင်းတွေကိုမြင်သွားတဲ့တုန်းက အွိုင်ကို ရှက်ဖ်လောကထဲကို ခေါ်သွင်းလာတဲ့အခါ… မီးဖိုချောင်မှာ ဒီမိုကရေစီဆိုတာမရှိဘူး။ အာဏာရှင်စနစ်ပဲရှိတယ်လို့ပြောရင်တော့ အဆူအဆဲခံပြီး ပညာသင်လာရတဲ့စားဖိုမှူးတိုင်းက ရင်နာနာနဲ့ပဲ မှန်ကန်ကြောင်း ထောက်ခံမိကြမှာပါ။ ထို့နည်းတူပါပဲ ရပ်ကွက်စားသောက်ဆိုင်မှာပဲ ချက်ပြုတ်နေကြဖြစ်တဲ့အွိုင်လည်း ဟန်ဂါ‌စားသောက်ဆိုင်ပိုင်ရှင်လည်းဟုတ် အပေါက်ဆိုးတယ်လို့လည်း နာမည်ကြီးတဲ့ ရှက်ဖ်ပေါလ်ရဲ့လက်အောက်မှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ နာမည်ကျော်ရှက်ဖ်တစ်ယောက်ရော ဖြစ်လာနိုင်မလား။ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့၊ လောကကြီးကို လုပ်နိုင်ကြောင်း သက်သေပြချင်တဲ့အွိုင်တစ်ယောက် အောင်မြင်မှုကို ငတ်မွတ်လာတဲ့အခါ ရယူခြင်းရဲ့နောက်ကွယ်က ပေးဆပ်ခြင်းတွေကိုရော အွိုင်တစ်ယောက် လက်ခံနိုင်မှာလား။ လောကရဲ့နိယာမအတိုင်း အထက်ဖားအောက်ဖိတဲ့ပြဿနာတွေ၊ လုပ်ဖော််ကိုင်ဖက်တွေကြားက မနာလိုမှုတွေ၊ လူတန်းစာအလွှာကွာခြားမှုကြားက ပဋိပက္ခတွေ အစရှိသဖြင့် ရသအစုံအလင်ခံစားနိုင်မဲ့ရုပ်ရှင်ကောင်းလေးဖြစ်တာကြောင့် ခေတ်နဲ့အညီ ဆန်းသစ်ပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုဆန်းသစ်လာတဲ့ ဒီထိုင်းmovieလောကရဲ့ လက်ရာသစ်လေးကို မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

" Oh...My Wife " (2024) 720p

" Oh...My Wife " (2024) ဒွမ်လို့ခေါ်တဲ့ အပျော်အပါးမက်တဲ့ကောင်လေးတစ်ယောက်က အွန်လို့ခေါ်တဲ့ကောင်မလေးနဲ့ တွဲဖြစ်ပြီး လက်ထက်ခဲ့ကြ
" Oh...My Wife " (2024) ဒွမ်လို့ခေါ်တဲ့ အပျော်အပါးမက်တဲ့ကောင်လေးတစ်ယောက်က အွန်လို့ခေါ်တဲ့ကောင်မလေးနဲ့ တွဲဖြစ်ပြီး လက်ထက်ခဲ့ကြတယ်။ လက်ထက်ပြီးနောက်ပိုင်း အွန်က အရမ်းသဝန်တိုတတ်ပြီး ရစ်တတ်တဲ့ကောင်မလေးအဖြစ်ပြောင်းသွားလို့ ဒွမ်ကအရမ်းမွန်းကြပ်နေခဲ့တယ်။ တစ်နေ့ ဒွမ်အပြင်မှာပျော်နေတုန်း အွန်ရောက်လာပြီး စကားများခဲ့ကြတယ်။ ဒွမ်က"မင်းအဲ့လောက်ဖြစ်နေရင် ငါ့ကိုဝင်ပူးလိုက်ပါလား"လို့ပြောတယ်။ အွန်ကလဲ စိတ်တိုတိုနဲ့ ပူးမှာလို့ပြောလိုက်ပါတယ်။ အဲ့လိုနဲ့ဘဲ ခဏအကြာမှာ အွန်ကရုတ်တရက် ကားတိုက်ခံရပြီး ဆုံးသွားခဲ့တယ်။ အွန်တစ်ယောက် အစွဲနဲ့ သူ့ယောက်ျားဒွမ်ကို ဝင်ပူးနေခဲ့တယ်။ ဒွမ်ရဲ့သူငယ်ချင်းက အွန်ကိုမောင်းထုတ်ဖို့ အောက်လမ်းဆရာတစ်ယောက်နဲ့ဆက်သွယ်လိုက်ပါတယ်။ အွန်တစ်ယောက် ကျွတ်နိုင်ပါ့မလား။ ဒွမ်ကကော သူ့မိန်းမကို လက်လွှတ်နိုင်ပါ့မလားဆိုတာကို ဟာသနှောပြီးကြည့်ရမှာဘဲဖြစ်ပါတယ်...

The Extraordinary Adventures of Adèle Blanc-Sec [2010]

The Extraordinary Adventures of Adèle Blanc-Sec [2010] IMDb Rating (6.3/10) ဒီပြင်သစ်ကားက အခွီကားပါ… ရီနေရပါတယ်။ မံမီတွေရော…
The Extraordinary Adventures of Adèle Blanc-Sec [2010] IMDb Rating (6.3/10) ဒီပြင်သစ်ကားက အခွီကားပါ… ရီနေရပါတယ်။ မံမီတွေရော… ရှေးခေတ်က ငှက်တွေရော …မှော်ပညာတွေရော… စွန့်စားခန်းတွေရောနဲ့ တကယ်ကိုကြည့်လို့ကောင်းတဲ့ Comedy ဇာတ်ကားပါ။ ဇာတ်လမ်းကတော့…. အဒဲဆိုတာ ပြင်သစ်က နာမည်ကျော် ဆောင်းပါးရေးတဲ့ဆရာမပါ။ သူ့မှာအရမ်းချစ်ရတဲ့အမွှာညီမတစ်ယောက်ရှိပါတယ်… သူမရဲနမော်နမဲ့တစ်ခုကြောင့် သူ့ညီမခမျာ ခေတ်ဆရာဝန်တွေမကုနိုင်တော့တဲ့ ဝေဒနာရပြီး သေလုမျောပါးဖြစ်နေရှာပါတယ် … ဒါကိုမရှုစိမ့်တော့တော့တဲ့အဆုံး သူ့ညီမကို ရှေးခေတ်မှော်ပညာနဲ့ အသက်ပြန်သွင်းဖို့ အဒဲတစ်ယောက် အီဂျစ်က မံမီတွေနောက်ကို လိုက်ပါတော့တယ်… သူ့ညီမကိုအသက်ပြန်သွင်းဖို့ မံမီတွေကို အသက်ပြန်သွင်းမယ့် အဒဲရဲ့ မဟာအကြံအစည်ကြီး စွန့်စားခန်းတို့ရဲ့ထုံးစံအတိုင်း အခက်အခဲတွေကြားထဲက အောင်မြင်နိုင်ပါ့မလားဆိုတာ…. အလွဲလွဲအချော်ချော်တွေနဲ့ အတည်ပေါက်နဲ့ရီနေရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။

The Three Stooges (2012)

The Three Stooges (2012)The Three Stooges ကိုတော့မသိတဲ့လူမရှိလောက်ပါဘူး။ ဒီကားလေးကတော့ တော်တော်လေးကိုရယ်ရပြီး ဘဝအမောတွေကို ခဏ
The Three Stooges (2012)The Three Stooges ကိုတော့မသိတဲ့လူမရှိလောက်ပါဘူး။ ဒီကားလေးကတော့ တော်တော်လေးကိုရယ်ရပြီး ဘဝအမောတွေကို ခဏလောက်ဖျေဖြောက်ပေးနိုင်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း မိဘမဲ့ဂေဟာကို ကလေးသုံးယောက်ရောက်လာခဲ့တယ်။ သူတို့ ၃ ယောက်ကတော့ မိုး၊ လယ်ရီနဲ့ကာလီ။ ငယ်ဘဝကတည်းက ဗရုတ်ကျတဲ့ ၃ ယောက်ဆိုတော့ ဘယ်သူကမှ သူတို့ကို မမွေးစားခဲ့ဘူး။ ဒါပေမယ့် မိုး တစ်ယောက်ကတော့ ထူးထူးခြားခြားမွေးစားခံလိုက်ရတယ်။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့သူတို့လည်း အသက်ကြီးလာခဲ့တယ်။ သို့ပေသော်ငြား ကလေးတွေနဲ့ပဲနေခဲ့တာဖြစ်တာမလို့ သူတို့ရဲ့စိတ်က ကလေးစိတ်ပဲရှိပါသေးတယ်။ ဒီလိုနဲ့ မိဘမဲ့ဂေဟာကို အကြွေးနဲ့ပိတ်သိမ်းရမယ်ဆိုပြီး ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ငယ်ငယ်ကကြီးပြင်းလာတဲ့ အိမ်ဖြစ်သလို သူငယ်ချင်းတွေရှိနေတဲ့ နေရာလေးကို ကယ်တင်ဖို့ မိုး၊ လယ်ရီနဲ့ကာလီတို့ဟာ လိုတဲ့ ငွေ ဒေါ်လာ ၈၃၀,၀၀၀ ကိုရှာဖို့ မြို့တက်လာခဲ့ပါတယ် မလွဲရမနေနိုင် မိုး တို့သုံးယောက် ဘယ်လိုများ လိုတဲ့ပိုက်ဆံကိုရှာမှာလဲ။ ဘာတွေလွဲချော်မလဲ။ ဘယ်လိုတွေရယ်ရမလဲ ဆိုတာကို ခံစားကြည့်လိုက်ကြပါ။

ပက်ကေ့ဂျ် ၂၀၂၄ 720p

The Package (2024) ကမ္ဘာကြီးကို ဂရုမစိုက်တဲ့ လူသားတွေကို ကမ္ဘာကြီးက ပြန်လည်ဒုက္ခပေးတဲ့အချိန် ရောက်လာပါပြီ ကမ္ဘာပေါ်မှာရှိရှိသ
The Package (2024) ကမ္ဘာကြီးကို ဂရုမစိုက်တဲ့ လူသားတွေကို ကမ္ဘာကြီးက ပြန်လည်ဒုက္ခပေးတဲ့အချိန် ရောက်လာပါပြီ ကမ္ဘာပေါ်မှာရှိရှိသမျှ သက်ရှိတိုင်းက သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ပိုးမွှားကူးစက်ခံလိုက်ရတဲ့အချိန်မှာ လူသားတွေကလည်း ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားပါ‌‌တော့တယ် အသက်ရှင်ကျန်ရစ်နေသေးတဲ့ လူသားတွေရဲ့ ရိက္ခာအတွက် အားကိုးစရာဆိုလို့ ဗီဇပြောင်းလဲထားတဲ့ အပင်တစ်မျိုးပဲ ရှိတော့တဲ့အခြေအနေ ရောက်လာပါပြီ ကမ္ဘာကြီးကို အရင်ကအတိုင်း ပြန်ဖြစ်အောင်လုပ်နိုင်ဖို့ ကြိုးပမ်းနေကြတာ သိပ္ပံပညာရှင်တွေဆိုပေမယ့် ထိုသိပ္ပံပညာရှင်တွေအပါအဝင် လူသားအားလုံးအတွက် တစ်ခုတည်းသော အားကိုးရာ မျှော်လင့်ချက်က အန္တရာယ်တွေ ရင်ဆိုင်ပြီး သိပ္ပံပညာရှင်တွေဆီ ရိက္ခာတွေ၊ လိုအပ်တဲ့ပါဆယ်တွေ ပို့ဆောင်ပေးနေတဲ့လူတွေပဲ ဖြစ်ပါတယ် သူတို့ကို လူတွေကတော့ 'RIDER' လို့ ခေါ်ကြပါတယ် Rider တွေဟာ အခက်အခဲတွေ အန္တရာယ်တွေကြားထဲမှာ ပါဆယ်တွေကို အသက်နဲ့ရင်းပြီး ဘယ်လိုပို့ဆောင်သွားမလဲ၊ နောက်ဆုံးမှာ တကယ်ပဲ ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ပေးပါဦးနော်