en
Feedback
Video Channel 2

Video Channel 2

Open in Telegram

📈 Analytical overview of Telegram channel Video Channel 2

Channel Video Channel 2 (@videochannel222) in the Burmese language segment is an active participant. Currently, the community unites 12 385 subscribers, ranking 22 661 in the Movies category and 10 165 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 385 subscribers.

According to the latest data from 14 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -376 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 15 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

12 385
Subscribers
No data24 hours
-757 days
-37630 days
Posts Archive
" Home Sweet Home Rebirth " (2025) 720P

Home Sweet Home Rebirth (2025) ပရန် အဖြစ် Yaya Urassaya Sperbund ဂျိတ် အဖြစ် William Moseley မက် အဖြစ် Michele Morrone ဘုန်းတ
Home Sweet Home Rebirth (2025) ပရန် အဖြစ် Yaya Urassaya Sperbund ဂျိတ် အဖြစ် William Moseley မက် အဖြစ် Michele Morrone ဘုန်းတော်ကြီးအဖြစ် Alexander Lee ဇာတ်လမ်းအကျဉ်း ဒီနေ့မှာတော့ ထိုင်းမင်းသမီးချောလေး Yaya ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ထွက်ရှိခဲ့တဲ့ Supernatural horror Film တစ်ပုဒ်ကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင် ဒီဇာတ်ကားလေးကိုတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Home Sweet Home ဆိုတဲ့ ထိုင်းဗီဒီရိုဂိမ်းတစ်ခုကို အခြေခံပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ် ဂျိတ် နဲ့ ပရန် ဟာ ချစ်စရာကောင်းတဲ့သမီးလေးနဲ့အတူတူ နိုင်ငံခြားကနေ ထိုင်းနိုင်ငံမှာရှိတဲ့ ပရန်ရဲ့အမေဆီကို အလည်ပြန်လာခဲ့ကြတယ် ပရန်ရဲ့အမေဆီကိုသွားရင်း ဈေးဝယ်စင်တာတစ်ခုမှာ လက်ဆောင်ဝင်ဝယ်တဲ့အချိန် မက် လို့ခေါ်တဲ့ သေနတ်သမားဟာ ဈေးဝယ်စင်တာထဲကလူတွေကို အကြောင်းမဲ့ပစ်ခတ်နေတဲ့အတွက် ဆားဂျင့် ဂျိတ် ဟာ မက် ကို အသေပစ်ခတ်ဖမ်းဆီးလိုက်ရင်းနဲ့ မထင်မှတ်ပဲ ငရဲတံခါးပွင့်သွားတဲ့အခါ... မြို့သူမြို့သားတွေဟာ မကောင်းဆိုးဝါးတွေရဲ့လွှမ်းမိုးမှုကိုခံရပြီး

The Killer of Swordsmen (2025) 720p

The Killer of Swordsmen (2025) သိုင်းရုပ်ရှင်ကား ကောင်းကောင်းလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ သိုင်းလောကကိုတ
The Killer of Swordsmen (2025) သိုင်းရုပ်ရှင်ကား ကောင်းကောင်းလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ သိုင်းလောကကိုတုန်လှုပ်စေခဲ့တဲ့ "သွေးအေးဓားသမား" ဟန်ယွဲ့ရန်အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ သူဟာ ထမင်းတစ်နပ်ရဲ့ကျေးဇူးကိုဆပ်ဖို့အတွက် ဖူဟန်မြို့ကို ပြန်လာခဲ့တဲ့အချိန်မှာ ဖူဟန်မြို့ဟာ အာဏာရှင်လူဆိုးတွေရဲ့ ဖိနှိပ်အနိုင်ကျင့်မှုကို ခံနေရပါတယ် ဟန်ယွဲ့ရန်ဟာ သူတို့ကိုကူညီဖို့ ဆုံးဖြတ်လိုက်ပေမယ့် လူသားတွေရဲ့ အားနည်းမှုနဲ့ ကြောက်ရွံ့မှုတွေက အကြမ်းဖက်မှုထက် ပိုပြီးကြောက်စရာကောင်းတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ မန်ထော်လော်နဲ့ သူ့ရဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးက အဆိပ်လူးထားတဲ့ဓားလို သူ့နှလုံးသားကို ထိုးစိုက်နေပြီး ချစ်ခြင်းမေတ္တာနဲ့ သစ္စာဖောက်မှုကြားမှာ သူဟာ စုတ်ပြဲနာကျင်စွာ ရုန်းကန်နေခဲ့ရပါတယ်… အားနည်းတဲ့ ရပ်သူရွာသားတွေက အသက်ရှင်ဖို့အတွက် သူ့ကို သေပေးဖို့ တောင်းဆိုလာတဲ့အခါ...... ကိုယ်နဲ့ စိတ်ချင်းတူ အတွေးတူတယ်လို့ ထင်ထားသူက ကိုယ့်ကို ရန်ငြိုးထားပြီး ကလဲ့စားချေဖို့ ကြံရွယ်လာတဲ့အခါ...... အမူးသူရဲကောင်းဟာ ဘယ်လိုရွေးချယ်လိမ့်မလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်

" Rider " (2024) 720P

အားလုံးစောင့်မျှော်ကြတဲ့ မင်းသားချော Mario နဲ့ ကောင်မလေးတွေအသဲစွဲ Freen Sarocha တို့ရဲ့ သရဲကားသစ်... " Rider " (2024) Mario M
အားလုံးစောင့်မျှော်ကြတဲ့ မင်းသားချော Mario နဲ့ ကောင်မလေးတွေအသဲစွဲ Freen Sarocha တို့ရဲ့ သရဲကားသစ်... " Rider " (2024) Mario Maurer & Freen Sarocha ဇာတ်လမ်းအကျဉ်း... ဆေယွတ်၊ကိုင်နဲ့ နပ်တို့ဟာ deliveryအလုပ်ကို တူတူလုပ်ကိုင်နေကြတဲ့ သူငယ်ချင်းအဖွဲ့ဆိုလဲမမှားပါဘူး။ သူတို့ရဲ့ location မှတ်နည်းက သရဲခြောက်တဲ့နေရာတွေကိုဘဲ အရိုးခေါင်းအမှတ်အသားနဲ့ ရွေးချယ်ပြီးမှတ်ထားတာဖြစ်ပါတယ်။ သူရဲခြောက်တာကြမ်းလေလေ အရိုးခေါင်းများလေလေဖြစ်ပါတယ်။ ခုလိုကြောက်ဖို့ကောင်းတဲ့အလုပ်လုပ်နေရတဲ့သူတို့သုံးယောက်ထဲမှာမှ နပ်ဟာ ကောင်မလေးတစ်ယောက်နဲ့ချစ်ကြိုက်မိပြီး အဲ့ကောင်မလေးဟာရုတ်တရက်ဆုံးသွားတဲ့အခါ နပ်တစ်ယောက်ဘယ်လိုနည်းနဲ့ ကောင်မလေးကိုပြန်ရှာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုလို့ရပါပြီ။

" 404 Run Run " (2024)720P

404 Run Run (2024) မနှစ်က ရုံတင် ထိုင်းဟာသသရဲကားလေးတစ်ခုနဲ့ မိတ်ဆတ်ပေးပါရ‌စေ နက်ရော့ အဖြစ် Ter Chantavit Dhanasevi လာလီတာ အဖြ
404 Run Run (2024)  မနှစ်က ရုံတင် ထိုင်းဟာသသရဲကားလေးတစ်ခုနဲ့ မိတ်ဆတ်ပေးပါရ‌စေ နက်ရော့ အဖြစ် Ter Chantavit Dhanasevi လာလီတာ အဖြစ် Thanaerng Kanyawee Songmuang နမ်မွန် အဖြစ် Daou Pittaya Saechua ဆူအာခရုန် အဖြစ် Arethai Supathat Opas ချုက် အဖြစ် Nui Chernyim  ဇာတ်လမ်းအကျဉ်း ကမ်းခြေနားက စွန့်ပစ် ဟိုတယ် အဟောင်းတစ်ခုကို နက်ရော့ တစ်ယောက် ဝယ်လိုက်မိတဲ့နောက် ဗရုတ်ကျတဲ့ ဟာသ သရဲဇာတ်လမ်းတစ်ခု စတင်လာခဲ့ပါတော့တယ်... အခွင့်အလမ်းမြင်တတ်တဲ့ နက်ရော့ ကတော့ ဇိမ်ခံ ဟိုတယ်ကြီးအဖြစ် ပြောင်းပြီး လူချမ်းသာတွေဆီက ငွေညှစ်ထုတ်ဖို့ ကြံရွယ်ခဲ့တာပေါ့.. ဒါပေမယ့်

The Sixth Robber (2025) 720p

The Sixth Robber (2025) ဒီဇာတ်ကားကတော့ အခြေအနေအရပ်ရပ်ကြောင့် မဖြစ်ချင်ပဲဓားပြဖြစ်ခဲ့ပြီး ဒီမကောင်းတဲ့လမ်းကိုပဲဆက်လျှောက်ခဲ့ရတ
The Sixth Robber (2025) ဒီဇာတ်ကားကတော့ အခြေအနေအရပ်ရပ်ကြောင့် မဖြစ်ချင်ပဲဓားပြဖြစ်ခဲ့ပြီး ဒီမကောင်းတဲ့လမ်းကိုပဲဆက်လျှောက်ခဲ့ရတဲ့ ဘဝရဲ့သားကောင် တစ်ယောက်အကြောင်း မှုခင်းဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့...... တစ်နိုင်ငံလုံးကိုလှုပ်ခတ်စေခဲ့တဲ့ ဘဏ်ငွေတင်ကားဓားပြတိုက်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဓားပြတွေက ဓားပြတိုက်ပြီးရလာတဲ့ငွေတွေကို ဝေစုခွဲရင် အချင်းများပြီးအပြန်အလှန်ပစ်ကြရာ ၄ယောက်သေပြီး ၁ယောက်ဒဏ်ရာရသွားပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးကျန်းကျီထောင်းက ဒီအမှုမှာ ၆ယောက်မြောက်တရားခံရှိဦးမယ်ဆိုတာကို သတိပြုခဲ့မိပေမယ့် သက်သေမရှိတာကြောင့် ရဲဘက်ကဆက်ပြီးစုံစမ်းစစ်ဆေးလို့မရပဲ ဒီဓားပြမှုကဒီလိုနဲ့ပြီးသွားခဲ့ပါတယ် (၈)နှစ်ကြာပြီးနောက်မှာတော့ ဒဏ်ရာရပြီးထောင်ကျသွားတဲ့ ဝူရှန့်လီကထောင်ကပြန်လွတ်လာပါတယ်။ ထောင်ကထွက်လာခါစဝူရှန့်လီက ၆ယောက်မြောက်တရားခံကိုပြန်ဆက်သွယ်ပြီး နောက်ထပ်ဓားပြတိုက်ဖို့ ကြိုးစားပါတယ်။ တစ်ဖက်မှာလဲ စုံစမ်းစစ်ဆေးရေးနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ရဲဘက်ကလဲသဲလွန်စအသစ်တွေရလာပါတယ်။ ကျန်းကျီထောင်းက

The Adventure (2025) 720p

The Adventure (2025) လူလတ်တန်းစား သက်လတ်ပိုင်းအသက်(၄၀)တစ်ယောက်ဟာ အကျအရွယ်ရောက်လာတဲ့ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ပြီး စိတ်ဓာ
The Adventure (2025) လူလတ်တန်းစား သက်လတ်ပိုင်းအသက်(၄၀)တစ်ယောက်ဟာ အကျအရွယ်ရောက်လာတဲ့ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ပြီး စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာ အသက်(၁၈)နှစ်အရွယ်ကိုပြန်ရောက်သွားတဲ့ အချိန်ခရီးသွားဟာသကားလေးပဲဖြစ်ပါတယ်။ အသက်(၄၀)အရွယ် ဟွမ်က ရုတ်တရက် အသက်(၁၈)နှစ်အရွယ်ကိုပြန်ရောက်သွားပြီး အနာဂတ်ကိုပြန်ရေးဖို့ စိတ်အားတွေ ထက်သန်နေတဲ့အချိန်မှာ တစ်ပြိုင်ထဲမှာပဲ အသက်(၁၈)နှစ် ဟွမ် ကရုတ်တရက် အသက်(၄၀)အရွယ်အနာဂတ်ကိုရောက်သွားတော့ သူ့ကိုထိန်းချုပ်မယ့်သူမရှိတော့ဘူးဆိုပြီး ပျော်ပျော်ကြီးလုပ်ချင်ရာလုပ်ပြီး အလုပ်ကိုဖြစ်သလိုလုပ်ပြီး ဘဝကို ယုံကြည့်မှုရှိရှိနဲ့ဖြတ်သန်းဖို့ဆိုင်းပြင်းနေပါတယ်။ အနာဂတ်နဲ့အတိတ်ကသူတို့(၂)ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်ကူညီပြီး သူတို့ရဲ့ဘဝကို သူဌေးကြီးအဖြစ်ပြောင်းလဲဖို့ကြိုးစားတဲ့အခါမှာ မဖြစ်နိုင်တဲ့အရာတွေက ဖြစ်လာနိုင်မလား.......

" Comeback : The Holy Man Comeback " (2024) 720P

" Comeback : The Holy Man Comeback " (2024) အသစ်ထွက်ထားတဲ့ ထိုင်းဘုန်းကြီးဟာသကားတစ်ပုဒ်ဖြစ်ပြီး လတ်တလော လူကြိုက်များနေတဲ့ ထို
" Comeback : The Holy Man Comeback " (2024) အသစ်ထွက်ထားတဲ့ ထိုင်းဘုန်းကြီးဟာသကားတစ်ပုဒ်ဖြစ်ပြီး လတ်တလော လူကြိုက်များနေတဲ့ ထိုင်းမင်းသားချော august vachiravitလေးပါဝင်ထားပါတယ်ရှင့်... ဇာတ်လမ်းအကျဥ်း... ဟောင်းနွမ်းခါနီးဖြစ်နေတဲ့ ဘုန်းကြီးကျောင်းကို ပြန်လည်စည်ကားလာအောင် ဦးဇင်းထိန်တစ်ပါး တိဗက်ကနေပြန်လာပြီး မိခင်ရဲ့တောင်းဆိုမှုကြောင့်လာပြုပြင်ပေးရပါတော့တယ််... တစ်ဘက်မှာလဲ ဗုဒ္ဓဘာသာကိုအမှီပြုပြီး ဆင်းတုတော်များထုတ်ဝေကာ ငွေကြေးခဝါချနေကြတဲ့လူနဲ့ တွေ့စုံကြပြီး ပြသနာများစတင်လာပါတော့တယ်... ကျောင်းတွင်းမွေးစားခံရတဲ့ ကပ္ပိယ လေးယောက်နှင့်အတူ ဦးဇင်းထိန်တို့ ပြသာနာကိုဘယ်လိုဖြေရှင်းကြမလဲဆိုတော့ ဇာတ်ကားလေးပဲကြည့်လိုက်ကြပါရှင့် ဟာသလေးနှောပြီးရိုက်ပြထားတာကြောင့် လူတိုင်းရယ်ရယ်မောမောနဲ့ကြည့်နိုင်ပါတယ်ရှင့်...

" The Holy Man 3 " (2010) 720p

" The Holy Man 3 " (2010) နွိုင် အဖြစ် Sukosol Clapp Krissada ဇာတ်လမ်းအကျဥ်း ဒီရုပ်ရှင်ကားလေးကတော့ ထိုင်းလူ့အသိုင်းအဝိုင်းကို
" The Holy Man 3 " (2010) နွိုင် အဖြစ် Sukosol Clapp Krissada ဇာတ်လမ်းအကျဥ်း ဒီရုပ်ရှင်ကားလေးကတော့ ထိုင်းလူ့အသိုင်းအဝိုင်းကိုစိတ်ကုန်လို့ဆိုပြီး ရော့ခ်စတားဘဝကနေနှုတ်ထွက်ကာ ဘုန်းကြီးဝတ်လိုက်တဲ့ ရော့ခ်စတားနွိုင်ရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ရော့ခ်စတားဖြစ်တဲ့အတွက် သူ့ပရိတ်သတ်တွေကလည်း ရော့ခ်ဆန်ဆန် ဝုန်းဒိုင်းကြဲရတာကိုကြိုက်ကြပါတယ်။ အဲ့ဒါကြောင့်လည်း သူဖျော်ဖြေပွဲကျင်းပတိုင်း ပရိတ်သတ်ချင်းရန်ဖြစ်ကြလွန်းလို့ မီဒီယာတွေရဲ့အပြစ်ပြောတာကို အမြဲခံရပါတယ်။ နောက်ဆုံးမှာတော့ ရော့စ်စတားလေးနွိုင်ဟာ မခံနိုင်တော့တဲ့အဆုံး ပူလောင်လှတဲ့လူ့အသိုင်းအဝိုင်းကိုစွန့်ခွာပြီးတော့ အေးချမ်းရာရှာဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

" The Holy Man 2 " (2008) 720p

" The Holy Man 2 " (2008) ဂျိုအီ အဖြစ် Joey Boy ဘုန်းတော်ကြီးထန် တိဘက်ကို ဓမ္မပညာလေ့လာဖို့ ဘုရားဖူးထွက်သွားတဲ့အတွက် ဘုန်းတော်
" The Holy Man 2 " (2008) ဂျိုအီ အဖြစ် Joey Boy ဘုန်းတော်ကြီးထန် တိဘက်ကို ဓမ္မပညာလေ့လာဖို့ ဘုရားဖူးထွက်သွားတဲ့အတွက် ဘုန်းတော်ကြီးသစ်ဂျိုအီက ဘုန်းဘုန်းထန်နေရာကို အစားရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘုန်းကြီးဂျိုအီကလည်း ရွာထဲမှာအကြာကြီးမနေဘဲ ဓမ္မပညာကိုလေ့လာဖို့အတွက် ဘုရားဖူးထွက်ဖို့လုပ်ပါတယ်။ အဲ့လိုနဲ့ ဘုရားဖူးထွက်နေတုန်း လေမုန်တိုင်းမိကာ ရွာတစ်ရွာကို ရောက်သွားခဲ့ပါတယ်။ ဘုန်းကြီးဂျိုအီတစ်ယောက် တစ်လမ်းလုံးမှာ အခက်အခဲတွေအများကြီးကြုံခဲ့ရပေမဲ့ ဗုဒ္ဓရဲ့စမ်းသပ်မှုလို့ခံယူပြီးတော့ ဖြတ်ကျော်ခဲ့ပါတယ်။ ဒါပေမဲ့ သူရောက်သွားတဲ့ရွာက ထင်ထားတာထက်ကို ပိုဆိုးနေခဲ့ပါတယ်။ ကျောက်ခွဲစက်ရုံကနေ ဖောက်ခွဲတဲ့ကျောက်အပိုင်းအစတွေစင်လို့ ရွာထဲကဘုန်းကြီးတွေနဲ့ ရွာသူရွာသားတွေဟာ ဘေးဒုက္ခခံစားနေရတာကို တွေ့လိုက်ရတာပါ။ ဒါပေမဲ့လည်း ဘယ်သူကမှ ကျောက်ခွဲစက်ရုံပိုင်ရှင်ကို ဘာမှမပြောရဲကြပါဘူး။ ဒီလိုနဲ့နေလာရင်းကနေ ကျောင်းထိုင်ဘုန်းတော်ကြီး အခြေအနေဆိုးလာတဲ့အချိန်မှာတော့ ဘုန်းကြီးဂျိုအီက ဒီတိုင်းမနေတော့ဘဲ ရွာသားတွေအတွက်နဲ့ ဘုန်းကြီးတွေအတွက် တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

" The Holy Man " (2005) 720p

" The Holy Man " (2005) ထန် အဖြစ် Theng Therdtherng ဇာတ်လမ်းအကျဥ်း... ဘုန်းကြီးထန်ဟာ ရွာထဲကဘုန်းကြီးတစ်ကျောင်းကို ကျောင်းထိုင
"  The Holy Man " (2005) ထန် အဖြစ် Theng Therdtherng ဇာတ်လမ်းအကျဥ်း... ဘုန်းကြီးထန်ဟာ ရွာထဲကဘုန်းကြီးတစ်ကျောင်းကို ကျောင်းထိုင်အဖြစ် ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူကျောင်းထိုင်လုပ်ရမဲ့ရွာက နတ်တွေ သရဲတွေကို ယုံကြည်လွန်းလှပါတယ်။ ရွာသားတွေက ဘုန်းကျောင်းမှာ ဘုန်းကြီးအသစ်ရှိလား မရှိလားတောင်မသိတဲ့အထိ ဘုန်းကြီးကျောင်းကို စိတ်မဝင်စားကြပါဘူး။ သူတို့တွေယုံကြည်စိတ်ဝင်စားတာကတော့ နတ်ကနားပွဲတွေပဲဖြစ်ပါတယ်။ ရွာသားအတော်များများက နတ်ဝင်သည်ဆီမှာ ဗေဒင်မေးပြီးတော့ ပွဲကရောင်းတဲ့ပစ္စည်းတွေနဲ့ ယတြာချေကြပါတယ်။ အဲ့ဒါကြောင့် ဘုန်းကြီးထန်ဟာ ရွာသားတွေကို နတ်တွေကိုမယုံဘဲ ဗုဒ္ဓတရားတော်အတိုင်း လမ်းမှန်ရောက်အောင်သင်ကြားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ရွာသားတွေကို လမ်းမှန်ရောက်အောင်လုပ်ဖို့က သူထင်သလို မလွယ်လှပါဘူး။ နတ်ပွဲလုပ်တဲ့သူတွေကလည်း သူတို့ကိုယုံကြည်သက်ဝင်တဲ့သူတွေ ဘုန်းကြီးကျောင်းရောက်သွားတဲ့အတွက် ဘုန်းတော်ကြီးကို မကြည်ကြတော့ပါဘူး။ အဲ့ဒါကြောင့် သူတို့နတ်ပွဲကိုလူတွေယုံကြည်လာအောင်ပြန်လုပ်ဖို့အတွက် ဘုန်းကြီးကိုချောက်ချကာ မဟုတ်တမ်းတရားတွေ ဇာတ်လမ်းဆင်ပါတော့တယ်။