en
Feedback
FNCC Burma

FNCC Burma

Open in Telegram

Fact Check Community

Show more
3 727
Subscribers
+1124 hours
+1307 days
+8830 days
Posts Archive
ကျန်းမာရေး အခြေအနေ အရ ကျနော်တို့ လေးရက်လောက်တော့ ပို့စ်တွေတင်တာ ကျဲသွားပါမယ်။ လကုန်အထိတော့ ဘန်ကောက် မှာလာလုပ်မဲ့ ရှိုးပွဲကို ပဲ အဓိကထားပြီးပြောနေမှာဖြစ်ပါတယ်။ တစ်ခုခု သတင်းပေးချင်ရင် Page Chat Box ကနေ သတင်းပေးလို့ရပါတယ်။ ဒီနေ့တော့ ဒီလောက်ပါပဲခင်ဗျာ။ Page မှာတော့ စာအမေးအဖြေ အတွက် အလုပ်ချိန်က လွဲလို့ Admin တစ်‌ယောက်တော့ Active ဖြစ်ဖြစ် ရှိနေမှာ ဖြစ်ပါတယ်။

တော်လှန်ရေးနဲ့ ပတ်သက်ပြီး သေချာ နားလည်ပြီး သိထားရမဲ့ အရာ တစ်ခု ရှိသေးတယ်။ တော်လှန်ရေးဟာ လူထုအပိုင်ပါ။ တော်လှန်ရေးထဲက မရိုးရှင်းတဲ့ မရိုးသားမှုတွေကို အဆုံးမသတ်နိုင်ခဲ့ရင် အဲဒီမရိုးရှင်းတဲ့ မရိုးသားမှုတွေက တစ်ချိန်ချိန်မှာတော်လှန်သူတွေ ကို အဆုံးသတ်သွားနိုင်ပါတယ်။ အဲလို ဖြစ်မလာဖို့ က တော်လှန်ရေးထဲက မရိုးရှင်းတဲ့ မရိုးသားမှုတွေကို ဖော်ထုတ်အဆုံးသတ်ပစ်ဖို့လိုပါတယ်။ လူထုကိုအခြေခံတဲ့ တော်လှန်ရေးပဲ ဖြစ်ရပါမယ်။ ကျွန်ပြုဖို့ကြိုးစားနေတဲ့ အာဏာရှင်တွေတော်လို့မဟုတ်ဘူး ကျွန်ခံမဲ့လူတွေပျော်နေကြလို့ ဒီတော်လှန်ရေးက ကြန့်ကြာနေတာ ဒီတော်လှန်ရေး မအောင်သေးတာ ရန်သူက အားကြီးနေလို့ မဟုတ်ဘူး။ ကျွန်ဘ၀မှာ မ၀ရေစာနဲ့ အသက်ရှင်နေရတာကို အဆင်ပြေတယ်လို့ ထင်နေတဲ့ လူတွေများနေသေးလို့ ကြန့်ကြာနေတာ တစ်ချို့လူတွေက လွတ်လပ်မှု မရှိတဲ့ ဘ၀မှာတောင် ပျော်နေတတ်လာကြတယ်။ အမှန်ပြောတဲ့သူ‌ကို ပြသာနာရှာတဲ့သူလို့ မြင်လာကြတယ်။ ခေါင်းမငုံ့တဲ့သူကို ရူးနေတဲ့သူလို့ပြောလာကြတယ်။ အကြောက်တရားအောက်မှာ နေသားကျလာတော့ ကျွန်ဘ၀ကိုတောင် အဆင်ပြေတယ်လို့ ထင်လာကြတယ်။ တစ်ချို့မိသားစုတွေဆို ဘယ်လောက်သနားစရာကောင်းသလဲ တော်လှန်ရေးပြီးတဲ့နေ့ ပြန်လာမယ်ဆိုတဲ့ စကားတစ်ခွန်းကိုပဲ မျှော်ပြီး အသက်ရှင်နေကြရတယ်။ သေနတ်ကြောင့်ကြန့်ကြာနေတာမဟုတ်ပဲ ကိုယ်နဲ့ မဆိုင်သလို တိတ်ဆိတ်နေတဲ့ လူတွေကြောင့် ကြန့်ကြာနေတာပါ။ မှတ်ထားပါ။ အာဏာရှင်တွေတကယ်ကြောက်တာက သူတို့ ကို မကြောက်တော့တဲ့လူထု ဖြစ်လာမှာကို သာ တကယ်ကြောက်တာပါ။ တော်လှန်သူတိုင်း ဘေးကင်းကျန်းမာကြပါစေလို့ တောင်းဆုပြုရင်း...

Page က Report ကြောင့် Chat Box Error လေးတက်နေပါတယ်ခင်ဗျာ။ စာပြန်ချင်ပေမဲ့ စာပို့ရင်လည်း Fail ဖြစ် ဖြစ်သွားလို့ပါ။ ခဏတော့ သည်းခံပေးကြပါအုံးခင်ဗျာ။

Facebook Post ပျက်သွားလို့ ပြန်တင်ပေးတာ ဖြစ်ပါတယ်

photo content
+3

ခွထိုင်၊ကြားနေတွေ တကယ်ရှိသလားတဲ့? ရှိတာပေါ့။ တော်လှန်ရေးမှာလဲပါတယ် သို့သော် စီးပွားရေးအရ လုပ်စားနိုင်ဖို့ ဘောမတွေနဲ့ လဲ အဆက်အသွယ်မပြတ် ပတ်သက်ဆက်နွယ်နေတဲ့သူ တွေရှိပါတယ်။ ဒါကတော့ လူတစ်ယောက်ရဲ့ အကြောင်းပါ။ နာမည်က ဖြူစင်လင်း ခင်ဗျားတို့ သူ့ရဲ့ Facebook Acc Wall ပေါ်ကို လေ့လာကြည့်လိုက်ရင် တော်လှန်ရေးထဲ ဘယ်နေရာကို ကူပါ ၊ ဒီနေရာတွေကို သေချာ ထောက်ပံ့ပါ ဆိုတဲ့ အကြောင်းအရာ ပို့စ်တွေ ပျံ့နှံ့ နေတာ တွေ့ရပါလိမ့်မယ်။ တစ်ခါတစ်လေမှာ စစ်ရှောင်တွေနဲ့ သတ်ဖြတ်ခံရတဲ့ ပြည်သူတွေကို စုတ် တသတ်သတ်နဲ့ သနားဂရုဏာသက်ကြောင်း ၊ စာနာကြောင်းတွေလဲ သူ့ဆီမှာ မြင်ရလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားတို့ မြင်နေရတဲ့ သူရဲ့ တကယ့် နောက်ကြောင်း နဲ့ နောက် မျက်နှာ တစ်ခုကတော့ ခင်ဗျားတို့ မမြင်ရတဲ့ အရာပေါ့ ။ The Kareeni Story ကို တည်းဖြတ်တယ် ၊ Director လုပ်ခဲ့တယ်။ The Execution လို့ခေါ်တဲ့ ကရင်နီရဲဘော်တွေရဲ့ တော်လှန်ရေး မှတ်တမ်း ရုပ်သံတစ်ခုကို Promote လုပ်ခဲ့ဖူးတယ်။ John Derek ရဲ့ Fan Meeting ပွဲကို ပါ စီစဉ်ခဲ့တဲ့သူပါ။ ဒီထက်ပို အံဩစရာ ကောင်းတာက ဘောမတွေရိုက်တဲ့ ရုပ်ရှင် စည်ဖြိူး Producer လုပ်ထားတဲ့ ဇာတ်ကားဖြစ်တဲ့ I Wanna Be Your Lobster ရဲ့ ရုပ်ရှင် Team ထဲမှာပါ သူက ပါ၀င်ထားတဲ့သူပါ။ ဆိုတော့ ကြားနေလုပ်ချင်ရင် နာမည်ကြီးတွေကို ကပ် ပေါင်း ပြီးရင် ဘောမတွေရဲ့ ရုပ်ရှင်ကိုလဲ ပိုက်ဆံ ရရရင် ၀င် Promote လုပ် ပွဲခံတာလဲ လုပ်လို့ ရတယ်ဆိုတဲ့ လမ်းကြောင်းကို လက်တွေ့အကောင် အထည်ဖော်သူကြီးလို့ ပြောရမဲ့သူပါ။ ပြည်တွင်းက ဘောမတွေရဲ့ I Wanna Be Your Lobster ဆိုတဲ့ ပန်းရောင်ခြယ်၊ဟင်နရီစံ တို့ရဲ့  ရုပ်ရှင် ဘန်ကောက်မှာ ရုံတင်ချိန် BKK Team မှာ လဲ ပါ၀င်ခဲ့ပါတယ်။ အထောက်အထားမှတ်တမ်း ဓာတ်ပုံကို အောက်တွင် ဖော်ပြထားပါတယ်။ ပြည်တွင်းရုပ်ရှင်လောက ကို ဘယ်သူတွေအုပ်စိုးထားလဲဆိုတာက ထည့်ရှင်းပြဖို့ လိုအပ်မည် မထင်ပါ။ NUG ရဲ့  Public Voice Television မှာလဲ အပီစခွီ ဆိုတဲ့ Podcast မှာ လဲ တစ်စိတ်တစ်ပိုင်း Promote လုပ်ပါ၀င်ခဲ့ဖူးသူ ဖြစ်ပါတယ်။ မေးစရာရှိတာက ခင်ဗျားက ဘောမလုပ်မှာလား? ‌ဒါမှ မဟုတ် ရရင်ရသလို ပြေးကပ်မဲ့၊ အုတ်ရောရော ကျောက်ရောရော လုပ်စားမဲ့ စီးပွားရေး သမားလား? ဒါကို ကာယကံရှင် ကိုယ်တိုင် အသိဆုံး ဖြစ်မယ်ထင်ပါတယ်။ ဒီလိုလူတွေတကယ်ရှိကြောင်းထုတ်ဖော်ပြတဲ့ မှတ်တမ်းဖြစ်ပါတယ်။ တာ၀န်ယူတတ်သူတွေဆိုရင် ကိုယ့်အမှားကိုယ် တာ၀န်ယူပြီးတောင်းပန်ရမှာ ဖြစ်သလို ၊ ကိုယ့်လုပ်ရပ် ၊ ကိုယ့်ရွေးချယ်မှု အကျိုးဆက်ကိုလဲ ခံယူနိုင်ရမှာဖြစ်ပါတယ်။ ဒီလောက်ဆို ပြည့်စုံပြီ လို့ ယူဆပါတယ်။ ခွထိုင်ပြီး  လုပ်စားလို့ရကြောင်း နည်းပေးလမ်းပြ သူ တစ်ယောက် ၊ သူ့လို ခြေလှမ်း လှမ်းချင် နေသူတွေ အတွက် လဲ အပြင်းထန်ဆုံး  သတိပေးသံ လည်း ဖြစ်ပါတယ်။

တစ်ချို့ကိစ္စတွေ ကျနော်တို့ သတင်းကြားရင်ကို အချင်းချင်းလက်တို့ပြီး ကြို တင်သတိပေးလေ့ရှိပါတယ်။ သတင်းဦးရင် ပြီးရောဆိုပြီး ဖြစ်သလို တင်လေ့မရှိပါ။ သေချာပြီ၊အတည်ပြုနိုင်ပြီ ၊ အထောက်အထား ရှိပြီဆိုမှ တင်ပါတယ်။ မနေ့ကတည်းက ပြောထားတဲ့ အကြောင်းအရာတွေဟာ ကြိုတင်ပြင်ဆင်ဖို့ အတွက် သတိပေးသံပါ။ ပြည်တွင်း Pay အများဆုံး အသုံး ပြုသူတွေ ကြိုတင် ပြင်ဆင်နိုင်ရန် ဖြစ်ပါတယ်။ Location အလိုက် IP Restricted လဲ လုပ်နိုင်တာဖြစ်လို့ မြန်မာနိုင်ငံ ထဲ စစ်အုပ်စု ကို တွန်းလှန်မှု အများဆုံး နယ်မြေဒေသ တွေက User တွေလဲ မကြာ ခင် အပိတ်ခံရဖို့ ရှိပါတယ်။ Second Option, Third Option တွေရှိဖို့ လိုပါတယ်။ တစ်ဖက်က အမြစ်ဖြတ်ဖို့ လုပ်လာနေချိန် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်နိုင်စွမ်း မြင့်ဖို့ လိုပါတယ်။ ရန်သူကို လျှော့မတွက်ပဲ အသေအချာ ပြင်ဆင်မှု ပြုလုပ်ထားခြင်းကပဲ ကျနော်တို့ ရဲ့ အနာဂတ် အတွက် ကောင်းမွန်တဲ့သက်ရောက်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။ Panic မဖြစ်ကြပါနဲ့ ဒါတွေကို ရင်ဆိုင်ကျော်လွှားဖို့ လက်တွေ့ကျကျ ပြင်ဆင်နိုင်ခြင်းက အဓိက ဖြစ်ပါတယ်။

ပြည်တွင်းမှာ အခုမှ ဘဏ်အကောင့် စဖွင့်တဲ့ သူတွေအနေနဲ့ ဧည့်စာရင်းတိုင်ပြီး နေထိုင်သူ ဆိုရင် ဧည့်စာရင်းမူရင်းနဲ့ မိတ္တူကို ဘဏ်အကောင့်ဖွင့်တဲ့အချိန် မှတ်ပုံတင်နဲ့ပူးတွဲတင်ပြရမယ်လို့ ယမန်နေ့ကစ ပြီးစစ်အုပ်စုဘက်က ညွှန်ကြားချက်ထွက်လာပါတယ်။ ဧည့်စာရင်းနဲ့နေထိုင်သူမဟုတ်ပါက အိမ်ထောင်စုဇယား မူရင်းနဲ့ပူးတွဲ ပြရမယ်လို့လည်း ညွှန်ကြားချက်ထဲ ပါ၀င်ပါတယ်။ အရင့် အရင်က ဘဏ်အကောင့်ဖွင့်နိုင်ရန် မှတ်ပုံတင် တစ်ခုသာ လိုအပ်တာဖြစ်ပါတယ်။ ဘဏ်အကောင့် အသစ် ဖွင့်သူတွေ ဘယ်နေရာမှာ နေထိုင်သလဲ ဆိုတာကအစ စောင့်ကြည့်ဖို့ ပြင်ဆင်ထားသည် အထိ တင်းကျပ်လာတာ ဖြစ်ပါတယ်။ အချက်အလက်တစ်ခု အနေနဲ့ မျှဝေတာသာ ဖြစ်ပြီး ပြည်ပမှာ မိုဘိုင်း Banking တွေအသုံးပြုမှု ပိတ်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ပြည်တွင်းမှာပါ Required Documents များစွာနဲ့ အသေးစိတ် စီစစ်သည် အထိ တင်းကြပ်လာနေတာပါ။ တော်လှန်ရေးဟာ လူတိုင်းနှင့်ဆိုင်ပါတယ်။ ဘာလုပ်ကြမလဲ ဆိုတာကပဲ ခင်ဗျားတို့ အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာပါ။

ဒီရက်တွေတော့ အကြောင်းအရာတွေတင်တာ နည်းနည်းကျဲသွားပါမယ်။ Report လဲ ငြိထားတော့ ချော့ပြီး တင်ရမဲ့ အခြေအနေမျိုးပါ။ Report Channel လေးအတွက်လဲ ပြင်ဆင်နေတာလေးတွေရှိပါတယ်။ ပြီးတာနဲ့ Page ကနေ ကြေညာ ပေးပါမယ်ခင်ဗျာ။

ထိုအမျိုးသမီး၏ Facebook Acc Link https://www.facebook.com/share/1DfdsSbPmc/

photo content
+2

📌နယူးဇီလန်ရောက်မြန်မာအသိုင်းအဝိုင်းသိရှိစေရန် ထွန်းအိန္ဒြာဗိုလ်ကို နယူးဇီလန်နိုင်ငံကို ဖိတ်ခေါ်စီစဉ်ခဲ့သူ အမျိုးသမီး ၏ Facebook Acc နှင့် ယင်းအမျိုးသမီး၏ရုပ်ရည်သွင်ပြင်ကို လူအများသိရှိ‌စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ထိုအမျိုးသမီး၏ မည်သည့်စီးပွားရေးကို မှ အားမပေးခြင်းဖြင့် Boycott မှာပါ၀င်ကြပါ။ နယူးဇီလန်ရောက် အဖိနှိပ်ခံ တော်လှန်သူမြန်မာများ Boycott သေချာလုပ်ပေးကြမယ်လို့ယုံကြည်ပါတယ်။ ယင်းအမျိုးသမီး၏ Facebook Acc Link ကို ကွန်းမင့်မှာ ပြန်လည် မျှဝေပေးထားသည်။

ကျနော်တို့ လုပ်နေတဲ့ Boycott ဆိုတာ Class တစ်ခု ရှိပါတယ်။ ကျနော်တို့က Guidelines နဲ့သွားပါတယ်။ ထွန်းအိန္ဒြာဗိုလ် တစ်ယောက် နယူးဇီလန် ရောက်လာတာကို Boycott ဆိုပြီး အော်တာက Boycott ရဲ့ပုံစံနဲ့ လွဲပါတယ်။ တကယ်လုပ်ရမဲ့ ပုံစံက လူ ၁၀ ယောက်လောက်စု ဘောမ တွေမရှက်ဘူးလား? ဝိုင်းဆန္ဒပြတဲ့ပုံစံနဲ့ Boo လုပ်ရမှာပါ။ Boycott ဆိုတာကလဲ ပုံစံမှန်မှန် အသုံးချတတ်မှ ထိရောက်မှာပါ။ Boycott ထအော်လို့ မထိရောက်ပါ။ အခု Boycott တွေလဲ လာခဲ့ကမယ်ဆိုပြီး စိန်ခေါ်တာ တွေ့မှာပါ။ ဒါဟာ ပြည်သူ့အားကို အထင်သေးတာပါ။ ငါတို့ကို နင်တို့ မထောက်ခံလဲ ငပိန်းတွေနဲ့ ရိုက်သတ်လို့ မကုန်တဲ့ တောသီးတွေအများကြီးက ထောက်ခံနေသေးတယ်ဆိုတဲ့အထာနဲ့ ပြန် စိန်ခေါ်တာပါ။ ဘောမတွေ ဘောမ ဆိုပြီး အပြောခံရတာကို သူတို့သေအောင်ကြောက်ပါတယ်။ သိက္ခာကျအောင်လုပ်ရတာမျိုးပါ။ အပြစ်တင်တာမဟုတ်ပါ ။ လုပ်ပုံ ပုံစံမကျတော့ ရယ်စရာဖြစ်သွားတာပါ။ တကယ်က သူတို့လည်နေတဲ့ အချိန် လူ ၁၀ ‌ယောက်လောက်နဲ့ဝိုင်းအော် Boo လုပ် ဘောမဆိုပြီးရေးထားတဲ့ ဘုတ် ဖြစ်ဖြစ် ၊Slogan စာရွက်နဲ့ သွားလှောင်တာမျိုး လုပ်ပြီး တစ်ယောက်က မှတ်တမ်း တင်မယ် ပြီးရင် တော့ နယူးဇီလန်က နာမည်ရှိတဲ့ သတင်း တစ်ပုဒ်မှာပါလာအောင်လုပ်တာမျိုးကို ဆိုလိုပါတယ်။ ခက်တာက အဲလို လုပ်ရတာမျိုးကို လူငယ်တွေလောက်ပဲ လုပ်ရဲတာပါ။ Gen Z တွေက အဲလို ကိစ္စတွေဆို အကြောက်အလန့်မရှိလုပ်ရဲကြပါတယ်။ အဲဒီတော့မှ ဘောမတွေ နယူးဇီလန် လာတဲ့အခါ နယူးဇီလန်က မြန်မာတွေက ထွန်းအိန္ဒြာဗိုလ်ကို ဒီလို အရှက်ရစရာ ဖြစ်အောင်လုပ်နိုင်ပါလားဆိုတဲ့ မှတ်တမ်း ကျန်မှာပါ။ အဲဒါကပဲ သူတို့ကို ကြောက်စရာ ဖြစ်လာစေတာပါ။ နယူးဇီလန်ရဲ့ ဥပဒေတွေကို မချိူးဖောက်တဲ့ နည်းလမ်းနဲ့လည်း လုပ်ဖို့လိုပါတယ်။ ကျနော်တို့ အခု UK ကို ပြောနေတာမှာ Boycott Person တွေမပတ် သက်ပါနဲ့ ပြောတာကို နားမထောင်ရင် အရင်ဆုံးလုပ်မှာက BC Person က Visa နဲ့နေနေတာဆိုရင်အဲ Visa သက်တမ်းတိုးလို့ မရအောင် reject or cancel ဖြစ်အောင် ဘက်ပေါင်းစုံကနေ လှော်ပါတယ်။ BC Person ရဲ့ Visa မခိုင်တော့ဘူးဆိုရင် အဲဒီ အကြောင်း ပြချက်နဲ့ သူနဲ့ဆက်စပ် နေတဲ့ သူ‌တွေ ပုံတွဲ ရိုက်တာလောက်နဲ့ လဲ ကျနော်တို့က ဆွဲချလို့ ရသွားပါပြီ။ ‌ဒါတွေကို အဲဒီနိုင်ငံရဲ့ ဥပဒေ ‌အတွင်းက ပဲ လုပ်လို့ရအောင်လုပ်ပါတယ်။ ကျနော်တို့က စည်းတစ်ခု၊ ဘောင်တစ်ခုနဲ့ သွားပါတယ်။ အဲဒါဟာ ကျနော်တို့လုပ်တဲ့ Boycott ပါ။ လူတစ်ယောက်ဟာ သူ့ရဲ့ဘ၀နဲ့ သိက္ခာကို မထိခိုက်သေးသ၍ Boycott ဆိုတာကို အထင်သေးပါတယ်။ သို့သော် အဲဒီ Boycott ဆိုတာက သူ့ကို အရှက်ရစေဖို့ လုံလောက်တဲ့ ပြစ်ဒဏ် ဖြစ်လာရင် အကြောက်တရားပေးဖို့လွယ်သွားပါပြီ။ အခု နယူးဇီလန်ရောက် မြန်မာတွေလုပ်လို့ရတာက ထွန်းအိန္ဒြာဗိုလ်ကို ဘယ်ခရီးသွား Tower က ခေါ်လာပေးသလဲ? ဘယ်သူက Visa ၀န်ဆောင်မှု လုပ်ပေးလဲ ဒါတွေကို ဖော်ပြီး Boycott လုပ်ရမှာပါ။ လုပ်ပေးတဲ့သူပါ မြောင်းထဲရောက်အောင် ၊ နာမည် ပျက်အောင်လုပ်နိုင်မှ BC က ထိရောက်မှာပါဗျ။ ပထမပြောတဲ့ဟာတွေကို လုပ်နိုင်သေးရင်လဲ လုပ်လို့ရပါသေးတယ်။ Boycott လုပ်ချင်စိတ်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ BC ဆိုတာကလဲ နည်းမှန်လမ်းမှန်နဲ့မှ ထိရောက်မှာ ဖြစ်တယ်ဆိုတာကိုလဲ သိစေချင်လို့ ရှင်းပြခြင်းဖြစ်ပါတယ်။ ဘောင်ထဲက ညစ်တတ်ဖို့လဲ လိုပါတယ်။ ဘာမှမထိရောက်တဲ့ သူများ အလှောင်ခံရတဲ့ BC မျိုး မဖြစ်ဖို့ကလဲ အရေးကြီးပါတယ်။ ဒါမှသာ Boycott ကို ကြောက်ကြမှာပါ။

photo content

📌 Rebel Play တော်လှန်‌ထုတ်ကုန်တစ်ခု ဖြစ်တဲ့ Rebel Play App ကို Play Store မှာ Official Download လုပ်နိုင်ပြီဖြစ်ပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ် စပိန်လာလီဂါ ဂျာမန်ဘွန်ဒက်စ်လီဂါ အီတလီစီးရီးအေ ပြင်သစ်လီဂူး အစရှိတဲ့ လိဂ်ပေါင်းစုံက ဘောလုံးပွဲစဉ်တွေကို တိုက်ရိုက် အားပေးလို့ရမှာ ဖြစ်ပါတယ်။ ဥရောပပွဲစဉ်တွေဖြစ်တဲ့ ယူအီးအက်ဖ်အေချန်ပီယံလိဂ် ယူရိုပါလိဂ် ကွန်းဖရင့်လိဂ်တွေကိုပါ တိုက်ရိုက် အားပေးလို့ရမဲ့ App လဲ ဖြစ်ပါတယ်။ IOS အတွက်တော့ နှစ်မကုန်ခင် Official ရရှိအောင်ကြိုးစားနေဆဲပါ။ Play Store ကနေ တိုက်ရိုက် Download လုပ်နိုင်အောင်ကွန်းမင့်မှာ Link လေးချပေးထားပါမယ်ခင်ဗျာ။ ဘောလုံးပွဲချစ်တော်လှန်သူများအတွက် အဆင်ပြေစွာ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ Android TV တွေအတွက်ပါ ရရှိနိုင်အောင် လုပ်ဆောင်ပေးထားတယ်လို့ Developer Team ဘက်က ပြောပါတယ်။ ဘောလုံးပွဲအားပေးရင်းတော်လှန်ရေးမှာပါ၀င်လိုသူတွေအတွက် အမြဲပါ၀င်ကူညီနိုင်မဲ့ အခွင့်အရေးဖြစ်ပါတယ်။ ၀န်းရံပေးကြပါအုံးခင်ဗျာ။

photo content

photo content

Boycott ကိစ္စတွေနဲ့ ပတ်သက်ရင် တော်လှန်ရေးဘက်ခြမ်းက အတော်နည်းပါးတဲ့ Public Figure အရေအတွက်လောက်ပဲ ရှေ့ထွက်ပြောတာ တွေ့ရပါတယ်။ ဘာလို့လဲ? အမုန်းခံရမှာကြောက်လို့လား? မေးချင်မိတာပါ။ တစ်ချို့တွေကလဲ ဆင်ခြေ ပေးကြတယ် ကျနော်တို့က အနုပညာ သမားမို့ အသည်းအဲလောက်မမာဘူးတို့ အစရှိသဖြင့် ပြော ကြတယ်။ ဒါဆိုရင်နေ့စဉ်နဲ့အမျှ သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေအတွက် ခင်ဗျားတို့ ရှေ့ထွက်ပြောဖို့ ပိုတာ၀န်ရှိတယ်လို့ မတွေးမိသေးတာလားခင်ဗျာ။ Boycott ကို Public Figure တွေ က ကိုယ့်ရဲ့ ရပ်တည်ချက်အရ ပို ပြီးပြောရမှာပါ။ ဘာလို့ မပြောကြတာလဲ လို့ မေးရင် တွေးလာစရာရှိတာက တစ်ခုတည်းပဲ အဖြေထွက်ပါတယ်။ အမုန်းမခံချင်တာရယ် အချိန်တန်ရင် ညီလေး၊ အကိုကြီး ပြန်လုပ်ဖို့ အစီအစဉ်ရှိနေလို့ Boycott ကို ခေါင်းရှောင်နေကြတာပါ။ ညီလေး၊ အကိုကြီး လုပ်ဖို့ အစီအစဉ် ရှိလား မရှိလားကိုတော့ ဘယ်မှာတွေ့ရလဲ ဆိုရင် စစ်အုပ်စု ရွေးကောက်ပွဲ မဲဆွယ်ပြီး ဖိုးကာကို ကျနော်တို့ Social Punishment လုပ်ထားတဲ့အချိန် အာဇာနည်ကို ဖိုးကာ ကွန်းမန့်မှာ တွေ့လိုက်ရလို့ပါ။ စစ်အုပ်စုဝါဒဖြန့်ချီရေးဇာတ်လမ်းထွက်လာတဲ့အချိန်က နေတိုးတို့တစ်အုပ်ကို BC/SP လုပ်ကြတဲ့အချိန် ကိုယ့်လူ‌ကို ဟိုဘက်တွန်းမပို့နဲ့လို့ ထအော်တဲ့ အမေရိကားရောက် ရက်ပ်ပါ ဘိုးတော်ကိုလဲ မှတ်မိကြအုံးမှာပါ။ ချေးခြောက်ရေနှူးနေတာ မဟုတ်ပါ။ မပြတ်သားတာကို ပြောချင်တာပါ။ လူဆိုတာ ကိုယ့်ကျင့်နိုင်တဲ့ တရားပဲ ဟောရပါတယ်။ ဒါမှသာ လူသားဆိုတဲ့ခေါင်းစဉ်အောက်မှာရှိမှာပါ။ ပြောချင်မိတာက ခင်ဗျားတို့ Public Figure တွေက အသတ်ခံနေရတဲ့ ပြည်သူလူထု ရှေ့မှာ အမုန်းခံ ပြောဖို့ တာ၀န်ရှိတယ်လို့ သေးသေးလေးတောင် မတွေးမိကြဘူးလားဟင်? တော်လှန်ရေးဆိုတာ တစ်ချို့လူတွေအတွက် သေမြေကြီး ရှင်ရင် အကန့်အသတ်မရှိတဲ့ အနာဂတ်။ တော်လှန်ရေးဆိုတာ တစ်ချို့‌လူတွေအတွက် အသက်ပါ။ တော်လှန်ရေးဆိုတာတစ်ချို့လူတွေအတွက် အထိအခိုက်မခံတဲ့ ကိုယ်ကျင့်တရားပါ။ တော်လှန်ရေးဆိုတာ တစ်ချို့သောသူတွေအတွက် အဆုံးရှုံး မခံနိုင်တဲ့ မိသားစု ပါ။ တော်လှန်ရေးကို တော်လှန်ရေးနဲ့ တူ အောင်လုပ်ချင်ရင် ကိုယ့်ရပ်တည်ချက်အပေါ် မားမားမတ်မတ် ရပ်ပြီး ပြောရမှာပါ။ အခုက Boycott ကိစ္စဆိုရင် လူ နှစ်ယောက် သုံးယောက်ကလွဲရင် ဘယ်ကောင်မှ ရှေ့ထွက်ပြောလာတာ မတွေ့ရဘူး။ တစိုက်မတ်မတ် ပြောလာတာ ကိုလင်းလင်းတစ်ယောက်တွေ့ရတယ်။ တစ်ခြားသူတွေက ပြောဖို့ ထက် ဘယ်မျက်နှာတွေ ထောက်နေရလို့ မပြောရဲကြတာလဲ? အပြစ်တင်နေတာ မဟုတ်ပါ။ ခင်ဗျားတို့ပြောရင် ပိုထိရောက်မဲ့ကိစ္စတွေပါ။ အမုန်းမခံနိုင်ရင် တော်လှန်ရေး မအောင်မြင်နိုင်ပါ။ Boycott ကိစ္စလေးလောက်တော့ နေ့စဉ် သတ်ဖြတ် ခံနေရတဲ့ ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်ပြီး ပြောသင့်တယ်မဟုတ်လားဗျာ။ တာ၀န်ယူကြစမ်းပါဗျာ။ အားမလို အားမရဖြစ်လို့ ပြောမိတာပါ။ တော်လှန်အနုပညာရှင်ဆိုတာကို ပြည်သူတွေ ဘယ်လောက် တန်ဖိုးထားတယ် ၊ ချစ်တယ်ဆိုတာ ခင်ဗျားတို့ အသိဆုံးပါ။ ပြောကြစမ်းပါဗျ။ ရန်ငါပြတ်မှ ပြီးမဲ့ တော်လှန်ရေးကို တွန့်ဆုတ်တွန့်ဆုတ် လုပ်ရင် အကုန်ခွေးစားသွားမယ်ဆိုတဲ့ အသိနဲ့ Boycott ကို ပြောစေချင်ပါတယ်။ တောင်းဆိုပါတယ်။

photo content
+3