en
Feedback
NK Movies World

NK Movies World

Open in Telegram
2 498
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Repost from NK's library
Doctor Dolittle

Repost from NK's library
The Murderer (2023) ဒီဇာတ်ကား လေးကတော့ နာမည်ကြီးထိုင်းဟာသမင်းသားကြီး Phetthai Vongkumlao ပါဝင်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာ
+1
The Murderer (2023) ဒီဇာတ်ကား လေးကတော့ နာမည်ကြီးထိုင်းဟာသမင်းသားကြီး Phetthai Vongkumlao ပါဝင်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ကလေးမလေး တယောက်က မိသားစုက ပေးတဲ့ စိတ်ဒဏ်ရာတွေနဲ့ ရင်ဘတ်ကြီးတစ်ခုလုံးပြည့်နေတဲ့ ကလေးလေးပါ။ ဒါကြောင့်လဲ သူမဟာသူ့ မိသားစုအပေါ် ဘယ်သူမှမထင်မှတ်ထားတဲ့ အပြစ်ကို ကျူးလွန်မိလိုက်ပါတော့တယ်။ တစ်နေ့မှာတော့ ရဲတွေဟာ ၇ လောင်းပြိုင် လူသတ်မှုတစ်ခုကို စစ်ဆေးကြပါတယ်။ထိုအမှုမှာ အဓိက သံသယ ရှိသူကတော့ ကလေးမလေးရဲ့ အဒေါ်ရဲ့ ယောကျား (ဗြိတိန်လူမျိုး) ကိုပါပဲ ၊ ကလေးမလေးကို စစ်မေးချက်တိုင်းမှာလဲ မထင်ရလောက်အောင် အံ့ဩ စရာတွေတွေ့ရအုန်းမှာပါ။ ကလေးလေးကလဲ အရမ်းချစ်ဖို့ကောင်းပြီး ဖြူစင်တဲ့ ဉပဓိရုပ်လေးမို့ ရင်တမမ ကြည့်ရှုရမှာပါ ။ ဆိုတော့ဘယ်လို ဇာတ်သိမ်းသွားမလဲ ၊ ဘယ်သူကရော တရားခံလဲ ၊ ရီစရာတွေကရော ဘယ်လိုနေရာတွေမှာပါလာမှာလဲ ။ ကဲ ကြည့်ရှုလိုက်ကြပါအုံးနော်။

delicious 2021
+1
delicious 2021

Delicious (2021) ဟင်းလျာကောင်းဆိုတာ လူတန်းစားတိုင်းနဲ့ထိုက်တန်တယ်၊ စားဖိုမှူးတိုင်းလည်း ဆန်းသစ်တီထွင် ခွင့်ရှိတယ်ဆိုပြီး စားဖိုဆောင်တော်လှန်ရေးလုပ်ကာ စားသောက် ဆိုင်ထောင်ခဲ့တဲ့ ထမင်းချက်ကြီး မာစီယွန်အဖြစ် ဇာတ်လမ်း တည်ရိုက်ကူးထားတာပါ…။ ဇာတ်လမ်းအကျဥ်းမစမီ ဇာတ်အိမ်တည်ထားပုံကို နည်းနည်းပြောပြပါဦးမယ်..။ ဇာတ်အိမ်ကိုတော့ ပြင်သစ်နိုင်ငံရဲ့ ဘုရင်စနစ်ကိုတော်လှန်တဲ့ တော်လှန်ရေး မစမီ ၁၇၈၉ ခုနှစ်မှာဇာတ်အိမ်တည်ထားပါတယ်…။ အဲ့ခေတ်အဲ့အခါမှာ ပြင်သစ်နိုင်ငံမှာ လူတန်းစားသုံးမျိုးရှိတယ်ဗျ…။ ပထမတန်းစားက ဘုန်းတော်ကြီးတွေ တစ်နည်းဆို ဘာသာရေးလူတန်းစားပေါ့…။ ဒုတိယက တော်ဝင်မျိုးနွယ်တွေ၊ တတိယကတန်စားက သာမန်လူတွေပါ…။ အဲ့ဒီခေတ်တုန်းက စားသောက်ဆိုင်တွေဆိုတာ မပေါ်ထွန်းသေးဘူး…။ လူတွေကအိမ်မှာပဲစားသောက်တဲ့အလေ့ရှိကြပါတယ်…။ ခရီးသွားရင်း ခဏနားတဲ့ နားခိုရာလေးတွေ၊ တည်းခိုခန်းလေးတွေမှာလည်း ဟင်းလျာကောင်းကောင်း ချက်လေ့မရှိဘူး။ စားစရာဆိုလို့ စွပ်ပြုတ်လောက်သာရှိပြီး အရသာမဲ့တဲ့အပြင်၊ အဆာပြေ ဝမ်းဝရုံကလွဲ ဘာမှရွေးချယ်စရာမရှိပါဘူး။ ဘာလို့လည်းဆိုတော့ အဲ့ဒီခေတ်ရဲ့ အယူအဆအရ ဟင်းလျာကောင်းကောင်း ဆိုတာ အရသာခံတတ်သူ တော်ဝင်မျိုးနွယ်နဲ့သာထိုက်တန်တယ်…၊ ထိုက်သင့်မှ စားသုံးခွင့်ရှိတယ်…၊ သာမန်လူတန်းစားတွေအနေနဲ့ ဟင်းလျာကောင်းကောင်းစားစရာမလိုဘူးဆိုတဲ့အယူရှိလို့ပါပဲ…။ ဒါကြောင့် ထမင်းချက်တွေ၊ စားဖိုမှူးတွေဟာ တော်ဝင်မျိုးနွယ်အတွက်သာ ချက်ပြုတ်ရပြီး ဆန်းသစ်တီထွင်ခွင့်မရှိဘဲ သတ်မှတ်ထားတဲ့ဟင်းပွဲကိုသာ သတ်မှတ်ထားတဲ့ အမယ်တွေနဲ့ချက်ပြုတ်ရပါတယ်… ဟင်းပွဲတွေ၊ဟင်းလျာတွေဆိုတာလည်း တော်ဝင်မျိုးနွယ်ရဲ့ ပျင်းရီငြီးငွေ့ မှုအတွက် အသုံးတော်ခံသက်သက်သာဖြစ်ခဲ့ပါတယ်…။ ဒီလိုဓလေ့တွေရှိတဲ့အပြင် အဲခေတ်ကာလပြင်သစ်ရဲ့ အောက်ခြေ လူတန်းစားက ငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုလည်းခံရပါသေးတယ်။ ဒီအချက်ကလည်း ပြင်သစ်တော်လှန်ရေးရဲ့အကြောင်းတစ်ချက်ပေါ့…။ ဇာတ်လမ်းအစမှာတော့ မာစီယွန်ဟာ နယ်စားကြီးတစ်ယောက်ရဲ့ စားဖိုမှူးဖြစ်ပြီး ဟင်းလျာကောင်းချက်ပြုတ်ရာမှာ ပါရမီပါသူဖြစ်ပေမယ့် ထိုကာလရဲ့ထုံးတမ်းအရ ဆန်းသစ်တီထွင်ခွင့် မရရှာပါဘူး…။ ဘယ်လောက်ထိဆိုးသလဲဆိုရင် အတတ်စမ်းပြီး အာလူးပိုင်မုန့်လေးပြု လုပ်မိလို့ ရဲတိုက်ကနှင်ထုတ်ခံရပါတယ်။ အဲ့တုန်းက အာလူးလိုမျိုး မြေအောက်ကရတဲ့အစားအစာဟာ ယုတ်ညံ့တယ်…၊ တော်ဝင်မျိုးနွယ်နဲ့မသင့်တော်ဘူးလို့အယူရှိလို့ပါ…၊ သို့ပေမယ့် မာစီယွန်တစ်ယောက် သူ့လုပ်ရပ်ကိုမှားတယ်မထင်ခဲ့ဘဲ သူ့သခင်မြို့စားကြီး အမျက်တော်ပြေပြီး သူ့ကိုပြန်ခေါ်ဖို့သာ ကြိုးစားခဲ့ပါတော့တယ်…။ မာစီယွန်တစ်ယောက်ဘာတွေ ဘယ်လိုကြိုးစားပြီး စားသောက်ဆိုင်ဆိုတာကို ဘယ်လိုဖန်တီးခဲ့လဲဆိုတာ တစ်ခေတ် တစ်ခါက ပြင်သစ်ပြည်ကို အလည်သွားရင် ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။ https://t.me/NK_library/69

photo content

The Little Mermaid (2023) ဒစ္စနေးရဲ့ နောက်ဆုံးထွက် ကာတွန်းကနေ လူရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ ရေသူမလေး လာပါပြီ။ လူမည်းမင်းသမီးသုံးတဲ့အတွက် မျိုးစုံဝေဖန်ခံနေရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ လူမျိုးရေးကြောင့်မဟုတ်ဘဲ မူရင်းဇာတ်ကောင်တွေကို အတင်းလူမည်းပြောင်းတဲ့အတွက်ပါ။ ထောက်ခံသူတွေ ကြိုက်သူတွေလည်း ရှိကြပါတယ်။ ကိုယ်တိုင်ကြည့်ကြည့်လိုက်ကြတာ ကောင်းပါတယ်။ ဇာတ်လမ်းကတော့ မူရင်းကာတွန်းပုံပြင်အတိုင်းပါပဲ။ ပင်လယ်ဘုရင်ကြီးရဲ့အငယ်ဆုံးသမီးလေး သတ္တမမြောက်သမီးတော် ရေသူမလေး အယ်ရီရယ်ဟာ လူသားကမ္ဘာကို အရမ်းစိတ်ဝင်စားနေသူပါ။ ဒါကြောင့် သင်္ဘောပျက်တွေထဲမှာ လူသားပစ္စည်းတွေကိုရှာပြီး အမြဲ စုထားတတ် စပ်စုတတ်တဲ့သူပါ။ တစ်နေ့မှာတော့ လှေမှောက်ပြီး ရေထဲနစ်လာတဲ့ မင်းသားလေးအဲရစ်ကို ကယ်ရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ရေဘုရင်ကြီးက ကုန်းပေါ်ကို သွားဖို့ တားမြစ်ထားတာကြောင့် အခက်တွေ့နေပါတယ်။ အဲဒီအချိန်မှာပဲ ရေဘုရင်ကြီးရဲ့ ညီမ ပင်လယ်စုန်းမ အာဆူလာက အယ်ရီရယ်နဲ့အပေးအယူလုပ်လိုက်ပါတယ်။ အယ်ရီရယ့်ကို လူအဖြစ်ဖန်ဆင်းပေးပြီး သုံးရက်အတွင်း မင်းသားလေးနဲ့ အချစ်စစ်အနမ်းရခဲ့ရင် လူအဖြစ် အမြဲနေရမှာဖြစ်ပြီးမရခဲ့ရင်တော့ အယ်ရီရယ်ရဲ့ အရမ်းလှတဲ့အသံကို သိမ်းပိုက်ပြီး အယ်ရီရယ်ကိုပါ ကျွန်အဖြစ် အပိုင်ရမှာဖြစ်ပါတယ်။ ဒီတော့ အယ်ရီရယ်နဲ့မင်းသားလေးတွေဘာဆက်ဖြစ်မလဲ စုန်းမကြီးအာဆူလာကရောဘယ်လိုနှောင့်ယှက်မလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။

photo content
+2

The Flash (2023) ============= ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။ အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲ ပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန် မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ် ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်း တွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန် တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင် ပါပဲ။ ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်း တစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီး ရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာ မန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အ တိတ်ကို ပြန်သွားပြီး သူ့အမေကို ကယ်ဖို့ ကြိုးစားရင်း စကြဝဠာကြီး က မောက်ကမဖြစ်ပုံကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဖလက်ရှ်ရဲ့ အချိန် ခရီးသွားပုံဟာ အမြန်နှုန်းနဲ့ ဆက်စပ်နေတဲ့အတွက် အိုင်းစတိုင်းရဲ့ နှိုင်းရသီဝရီ၊ Time dilation နဲ့ အထူးနှိုင်းရသီဝရီကို အခြေခံထားတာဖြစ်ပါတယ်။ အကြမ်းဖျဉ်းပြောရရင် အမြန်နှုန်းဟာ ကိန်းသေမဟုတ်ဘဲ၊ တိုင်းတာသူရဲ့ နေရာ အမြန်နှုန်းအပေါ် မူတည်ပြီး ပြောင်းလဲသလို အရာဝတ္ထုတစ်ခုရွေ့လျားရာမှာ အချိန်ဟာလည်းလိုက် ရွေ့လျားတာမို့ အချိန်နဲ့အမြန်နှုန်းဟာလည်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့ အလင်းတစ်ခု ခရီးသွားရာမှာတော့ အမြန်နှုန်းဟာ ကိန်းသေ 299 792 458 m/s ဆိုပြီး မှတ်သားထားကြပါတယ်။ အလင်းရဲ့ အမြန်နှုန်းဟာ အမြန်ဆုံးအဖြစ် သတ်မှတ်ထားကြသလို ဘယ်အရာဝတ္ထုမှ လက်တွေ့မှာ အလင်းထက်မြန်အောင် မသွားနိုင်ပါဘူး။ ဒီလိုသွားဖို့အတွက် စွမ်းအင် အဆုံးအစမရှိလိုအပ်ပြီး၊ ဒြပ်ထုတွေအနေနဲ့လည်း မပြိုကွဲဘဲ မနေနိုင်ပါ ဘူး။ အလင်းဟာ တစ်နေရာနဲ့တစ်နေရာသွားဖို့ အချိန်ဆိုတာမလိုအပ်သ လောက်ဖြစ်နေပြီး အလင်းရဲ့ခရီးသွားနှုန်းဟာ အချိန်ကို သုညဖြစ်သွားစေ သလို ဖြစ်နေပါတယ်။ အလင်းနဲ့ အမြန်နှုန်းနဲ့သွားနေရင် အချိန်ဟာ ရပ်သွား သလို ဖြစ်သွားပါပြီ။ ဒီတော့ သီဝရီအားဖြင့်တော့ အရာဝတ္ထုတစ်ခုဟာ အလင်းထက်မြန်အောင် သွားနိုင်ရင် အချိန်ဟာ သုညကနေ ဆက်လျော့ဖို့ မရှိတာကြောင့် အနုတ်ဖြစ်လာပါတယ်။ ဒီတော့ အတိတ်ကို ပြန်ပြန်ရောက် သွားပါတယ်။ ဖလက်ရှ်ဟာ အလင်းထက်မြန်အောင်ပြေးနိုင်ပြီး ပြေးဖို့အတွက် စွမ်းအင်နဲ့ သူပျက်စီးမသွားဖို့အတွက်ကာကွယ်ပေးတဲ့ Speed Force ရှိနေ တာကြောင့် အချိန်ခရီးသွားခြင်းဟာ သူ့အတွက်ဖြစ်နိုင်သွားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဖလက်ရှ်ရဲ့ အမေဟာ ဘယ်သူသတ်သွားမှန်းမသိ အသတ် ခံထားရပြီး၊ ဖလက်ရှ်ရဲ့ အဖေကလည်း အဲဒီလူသတ်မှုနဲ့ ထောင်ထဲကိုရောက် နေတာဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ကြီးပြင်းလာတဲ့ ဘယ်ရီအယ်လန်ဟာ သူအ ချိန်ကိုနောက်ဆုတ်ပြီးသွားနိုင်ကြောင်းသိလာတဲ့အခါ အချိန်ခရီးသွားပြီး သူ့ မိဘတွေကို ကယ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားရင်းကနေ စကြဝဠာ တစ်ခုလုံး အချိန်စီးကြောင်း ပြောင်းလဲပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် DC Universe ဟာ သရုပ် ဆောင်ပြဿနာတွေ ဇာတ်လမ်းအချိတ်အဆက်မညီတဲ့ ပြဿနာတွေကို ဖြေရှင်း နိုင်ပြီး၊ အပြိုင်စကြဝဠာ ပွင့်သွားပြီဖြစ်တာကြောင့် ကြိုက်တဲ့သရုပ်ဆောင်နဲ့ ဇာတ်လမ်းအသစ်တွေကို ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။ ဖလက်ရှ်ဟာ စကြ ဝဠာကြီးကိုရုပ်ရှင်ထဲမှာရော အပြင်မှာပါ ကယ်တင်လိုက်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ် ရှင်ကို အစက သတ်မှတ်ထားတဲ့ရက်ဟာ မသေချာသေးပေမဲ့ အစမ်းပြသတဲ့ပွဲ မှာ The Dark Knight နောက်ပိုင်း ဒီစီရုပ်ရှင်တွေထဲမှာ လူကြိုက်အများဆုံးနဲ့ အမှတ်အများဆုံးရလာတာကြောင့် အမြန်ဆုံး ရုံတင်ဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ ဘာလို့ အစမ်းပြပွဲမှာ ဒုတိယအကောင်းဆုံး ဒီစီရုပ်ရှင်အဖြစ် ပြောကြတာလဲဆို တာတော့ ကိုယ်တိုင်ကြည့်ရှုပြီးပဲ ဆုံးဖြတ်လိုက်ပါတော့။ ကြည့်ရန်

DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ ခေတ်အဆက်ဆက် လင်းန
DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။ အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။ လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။ သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။

blade runner 2017
blade runner 2017

ဒီကားလေးကတော့ အရင် Blade Runner 2017(1982)ကားကို အခြေတည်ပြီး ထွက်ရှိလာတဲ့ ကားသစ်လေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လူသားတွေနဲ့ ချွပ်စွပ်တူတဲ့ Replicantဆိုတဲ့ လူသားပုံတူတွေဟာ 2049မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပါတယ်။ အဲ့ဒီမှာ K ဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာ Replicant ဗားရှင်းအဟာင်းတွေကို လိုက်သုတ်သင်ရင်း ထူးဆန်းမှုတစ်ခုကိုသိထားမိလာပါတော့တယ်။ မီးဖွားထားတဲ့ လက္ခဏာနဲ့ Replicantအရိုးစုစက်ရုံကထုတ်လုပ်တဲ့ Replicantတွေက မျိုးပွားနိုင်သလား မွေးလာတဲ့ကလေးကရော ဘယ်မှာလဲ Officer Kကရောဘာလဲ အရင်ကBlade Runner အရာရှိ ဒတ်ကတ်ကရောဘယ်မှာလဲ – စတဲ့ သိုလော့သို့လော မေးခွန်းတွေနဲ့ဇာတ်လမ်းကို အဆုံးထိဖမ်းစားနိုင်တဲ့ကားပါ။ ကြည့်ရန်

Blade runner 1982
Blade runner 1982

Blade Runner (1982) 1982 ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Blade Runner ကားဟာလက်ရှိ 2017 ကာလဆီကိုဦးတည်ရိုက်ကူးထားတဲ့ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိုးပျံကားတွေ အထပ်မြင့်အဆောက်အဦတွေနဲ့ ပြောင်းလဲနေပြီဖြစ်တဲ့ ကမ္ဘာကြီးမှာအထူးပြောင်းလဲမှူလို့ခေါ်နိုင်တာတစ်ခုလဲရှိနေပါတယ်။ အဲ့တာကတော့ Replicants လို့ခေါ်တဲ့ ပုံတူစက်ရုပ်တွေပါပဲ။ လူသားနဲ့ချွပ်စွပ်တူတဲ့ အဲ့စက်ရုပ်တွေက ခံစားချက်တွေပေါက်ဖွားလာနိုင်တာကို လူသားတွေသိတဲ့အခါ သုတ်သင်ပစ်ဖို့ကြိုးစားရပါတော့တယ်။ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်က Blade Runner လို့ခေါ်တဲ့ မုဆိုးတစ်ယောက်။ထွက်ပြေးလွတ်မြောက်နေတဲ့ Replicant တွေကိုရှာဖွေ သတ်ဖြတ်ပေးရမယ့်တာဝန်နဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။ သာမာန်သိပ္ပံကားတွေနဲ့ မတူတာကတော့ ဒီစက်လမ်းက စုံထောက်ဇာတ်လမ်းအသွားမျိုးလို့ပြောလို့ရပါတယ်။ ရိုးရိုးသားသားဝန်ခံရရင် စကြည့်ကာစကတော့ သိပ္ပံဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း စက်ရုပ်တွေကလူဆိုးတွေဖြစ် လူဆိုးတွေကိုရှင်းလင်းလိုက်တဲ့ကားမျိုးပဲထင်ခဲ့တာပါ။

Repost from NK's library
reality 2023 အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ပြည်သူတွေဆီဖွင့်ချတဲ့လူတွေကို Whistleblower လို့ခေါ်ပါတယ်။ Snowden ကိစ္စဖြစ်ပြီးက
+1
reality 2023 အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ပြည်သူတွေဆီဖွင့်ချတဲ့လူတွေကို Whistleblower လို့ခေါ်ပါတယ်။ Snowden ကိစ္စဖြစ်ပြီးကတည်းက အမေရိကန်တွေဟာ Whistleblower တွေကို အတော်လေးကြပ်ကြပ်မတ်မတ် ကိုင်တွယ်လာကြတာပါ။ အခု ဒီရုပ်ရှင်ထဲက လေတပ်ဘာသာပြန်သမားဟောင်း Reality Winner (နာမည်ရင်း) ကလည်း အဲဒီအမှုအတွက် သမိုင်းတစ်လျှောက်အရှည်ကြာဆုံးပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရပါတယ်။ 2016 တုန်းကဖြစ်သွားတဲ့ အချက်အလက်ပေါက်ကြားမှုအပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပြီး အဲဒီအချိန်က ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာ‌တဲ့အချိန်မှာ ရွေးကောက်ပွဲကို ရုရှဟက်ကာတွေ ဝင်စွက်ဖက်တယ်ဆိုတဲ့သတင်းတွေကြောင့် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာ မှတ်မိကြမှာပါ။ တကယ်တမ်းလည်း ရုရှဟက်ကာတွေက စွက်ဖက်ခဲ့တာဖြစ်ပြီး Reality က အဲဒီသက်သေတွေကိုလူထုဆီဖွင့်ချဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့် FBI အေးဂျင့်တွေရဲ့ စစ်မေးပုံကိုတွေ့ရမှာဖြစ်ပြီး ဒီမိုကရေစီဘိုးအေဆိုတဲ့နိုင်ငံကြီးမှာတောင် သတင်းအမှောင်ချတဲ့ကိစ္စတွေရှိသေးတာကိုတွေ့ရမှာဖြစ်ပါတယ်။

Repost from NK's library
you & me & me (2023) ဒီကားလေးကတော့ ရိုးရိုးစင်းစင်းလေးပါပဲ ယူနဲ့မီက အမွှာညီအစ်မတွေပေါ့ တစ်ယောက်နဲ့ တစ်ယောက်လဲ အရမ်းချစ်ကြသတဲ့
+1
you & me & me (2023) ဒီကားလေးကတော့ ရိုးရိုးစင်းစင်းလေးပါပဲ ယူနဲ့မီက အမွှာညီအစ်မတွေပေါ့ တစ်ယောက်နဲ့ တစ်ယောက်လဲ အရမ်းချစ်ကြသတဲ့ ဒါပေမယ့်! ယူနဲ့မီ ရဲ့ မိဘတွေကအဆင်မပြေတာနဲ့ အဘွားအိမ်ကို ေရာက်လာကြပြီး ကောင်လေးတစ်ယောက်ထဲကို ချစ်မိကြတဲ့အခါမှာတော့..............................................................................................................................! ဇာတ်လမ်းကသိပ်မရှိဘူးဆိုပေမယ့် ရင်ထဲတစ်ခုခုကျန်ခဲ့စေမှာပါ ဆိုတော့ ကြည့်ရှုကြပါအုံးနော် (ကြည့်ပြီးရင် အမွှာတစ်ယောက်လိုချင်သွားလိမ့်မယ်🫶)

Repost from NK's library
Satan’s Slaves 2: Communion (2022) ပထမကားအရင်ကြည့်ကြနော် ဇာတ်လမ်းအကျဉ်းကတော့ မိခင်သေဆုံးပြီးတဲ့နောက်ပိုင်းမှာ RIni တို့မောင်န
+1
Satan’s Slaves 2: Communion (2022) ပထမကားအရင်ကြည့်ကြနော် ဇာတ်လမ်းအကျဉ်းကတော့ မိခင်သေဆုံးပြီးတဲ့နောက်ပိုင်းမှာ RIni တို့မောင်နှမတွေက အဖေနဲ့အတူတူ တိုက်ခန်းမှာနေကြပါတယ်။ တိုက်ခန်းမှာနေရတာ အဆင်ပြေတယ်လို့ တွေးနေကြပေမယ့် ဂျကာတာမြောက်ပိုင်းကို မုန်တိုင်းဝင်လာတဲ့တစ်နေ့မှာ သူတို့အမေရဲ့ အတိတ်ဆိုးကလည်း အဲဒီနေ့မှာပဲ သူတို့ဆီရောက်လာပါတယ်။ မုန်တိုင်းဝင်လို့ ရေတွေတက် မီးပျက်တဲ့ညမှာပဲ Rini တို့မောင်နှမတွေ သူ့မိဘတွေရဲ့ အတိတ်ဆိုးကနေ လွတ်အောင် ပြေးနိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါနော်။

Knights of the Zodiac (2023) ဇာတ်လမ်းအကျဉ်း သမိုင်းအစမှာ နတ်ဘုရားတွေက လူသားတွေကို နှိပ်စက်နေခဲ့ကြပါတယ်။ ဒါကို လူသားတွေဘက်ကနေ
Knights of the Zodiac (2023) ဇာတ်လမ်းအကျဉ်း သမိုင်းအစမှာ နတ်ဘုရားတွေက လူသားတွေကို နှိပ်စက်နေခဲ့ကြပါတယ်။ ဒါကို လူသားတွေဘက်ကနေ စစ်နတ်ဘုရားမ အသီနာက ကာကွယ်ပေးခဲ့ပြီး လူသား သူရဲကောင်းတွေအများကြီး အသီနာဆီမှာ သစ္စာခံခဲ့ကြပါတယ်။ အဲဒီသူရဲကောင်းတွေဟာ ကော့စ်မိုလို့ခေါ်တဲ့ ကြယ်တွေရဲ့ စွမ်းအားကို အသုံးချပြီး နတ်ဘုရားတွေကို ယှဉ်တိုက်နိုင်ခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲမှာ နတ်ဘုရားတွေ ဆုတ်ခွာသွားခဲ့ရပြီး ကမ္ဘာကြီး ယာယီငြိမ်းချမ်းသွားခဲ့ပါတယ်။ ဒါပေမဲ့ နတ်ဘုရားမ အသီနာ လူသားကောင်မလေးအဖြစ် ပြန်ဝင်စားလာချိန်မှာတော့ တိုက်ပွဲတွေနဲ့မုန်တိုင်းတွေ ပြန်အစပျိုးလာပါတယ်။ အသီနာကို စောင့်ရှောက်မဲ့ သူရဲကောင်းတွေ လိုအပ်လာသလို အသီနာကို သတ်မဲ့အဖွဲ့တွေလည်း ပေါ်လာပါတယ်။ အဲဒီအဖွဲ့တွေကြားထဲမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ…

ရွန်နီဆိုတဲ့ကောင်လေးဟာ အလုပ်မရှိအကိုင်မရှိနဲ့ ၆ လကြာ တစ်နေ့တာအသုံးစရိတ်တွေကအစ ရည်းစားကရှင်းပေးနေရတဲ့ကောင်လေးပါ နောက်ဆုံး ရည်း
ရွန်နီဆိုတဲ့ကောင်လေးဟာ အလုပ်မရှိအကိုင်မရှိနဲ့ ၆ လကြာ တစ်နေ့တာအသုံးစရိတ်တွေကအစ ရည်းစားကရှင်းပေးနေရတဲ့ကောင်လေးပါ နောက်ဆုံး ရည်းစားကပါသည်းမခံနိုင်လို့ အရင်လူနောက်ပြန်ပါသွားပါတော့တယ် သူ့မှာ တစ်နေ့တာအတွက်လိုက်အကူအညီတောင်း ချေးငှားနေရတာ တစ်မျိူး ၊ ရည်းစားကပစ်သွားလို့ ကြေကွဲရတာတစ်မျိူးနဲ့‌ပေါ့ ရည်းစားဟောင်းကိုမေ့ပစ်ဖို့ ဘဝသစ်စဖို့အတွက် အချစ်သစ်ရှာဖို့သူငယ်ချင်းတွေကမြှောက်ပေးပါတော့တယ် ဒီလိုနဲ့ ပရီယန်ကာဆိုတဲ့ သူနဲ့ဘဝတူမိန်းမချောလေးနဲ့ဆုံပြီး အဆင်ပြေတော့မဲ့အချိန်မှာပဲ သူအနီးနားဝန်းကျင်မှာ မူမမှန်တာတွေဖြစ်လာတာကို သူရော ဘေးလူတွေပါသတိထားမိလာပါတယ် ဘယ်လိုမူမမှန်တာတွေလဲ ဘာကြောင့်လဲဆိုတာ ပရိသတ်ကြီးပါအတူလိုက်ကြည့်ရင်း အဖြေရှာကြည့်ပါဦး မှောင်မှောင်မဲမဲကနေ တီးလုံးသံဆူဆူညံညံနဲ့ ထွက်လာတတ်တဲ့ သရဲကားမဟုတ်ဘဲ visual ကောင်းတဲ့ကားမို့ စူပါမော်ဒယ်လေးရဲ့ အလှကိုပါခံစားနိုင်မှာပါ အလှလေးတစ်ဖြတ် သည်းထိတ်ရင်ဖိုလေးတစ်ကွက်နဲ့ကြည့်ရှူရမှာဖြစ်ပါတယ်

Transformers: Rise of the Beasts (2023)
Transformers: Rise of the Beasts (2023)

Transformers: Rise of the Beasts (2023) 7 ကားမြောက် ထရန်စဖော်မာရုပ်ရှင်လာပါပြီ။ Creed 3 ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Steven Caple Jr. ရဲ့လက်ရာပါပဲ။ ဒီတစ်ခေါက်မှာတော့ အော်တိုဘော့တွေနဲ့ ဒီဆက်တီကွန်တွေ ချတာမဟုတ်တော့ပါဘူး။ မက်စီမယ်ဆိုတဲ့ သားရဲပုံအများဆုံးပြောင်းတဲ့ ထရန်စဖော်မာ မျိုးနွယ် စုတွေ ပါလာပါပြီ။ အဓိကရန်သူကတော့ ယူနီခရွန်ဆိုတဲ့ ဂြိုလ်တွေကို အလုံးလိုက်စားပစ်တတ်တဲ့ နတ်ဘုရားလယ်ဗယ် အကောင်ကြီးတစ် ကောင်ပါပဲ။ အဲဒီအကောင်ကြီးဟာ မက်ဆီမယ်တွေရဲ့ ဂြိုလ်ကို ဖျက်ဆီးပြီး မက်ဆီ မယ်တွေဆီက ထရန်စဝါ့သော့လို့ခေါ်တဲ့ စကြဝဠာတွေထဲကို ခရီးသွားဖို့ ပေါ်တယ်တံခါးဖွင့်ပေးတဲ့သော့ကို လာလုပါတယ်။ အဲဒီသော့နဲ့ ဂြိုလ်ဘူ ဖေးစားဖို့ပါ။ ယူနီခရွန်နဲ့ သူ့တပည့် တယ်ရာကွန်တွေရယ် တယ်ရာကွန် ခေါင်းဆောင် စကာ့ဂျ်ရယ်ကို မနိုင်တော့လို့ မက်စီမယ်တွေ သော့ကိုယူပြီး ကမ္ဘာပေါ်မှာ ပုန်းနေကြရပါတယ်။ ဒါပေမဲ့ စကာ့ဂျ်က ခြေရာခံလိုက်လာပြီး သော့ကိုလုဖို့ကြိုးစားတဲ့အချိန်မှာတော့ ဆိုက်ဘာထရွန်စစ်ပွဲကနေ ရှောင် တိမ်းလာတဲ့ အော့တိမတ်ပရိုင်းရဲ့ အော်တိုဘော့တွေနဲ့ အော့တိမတ်ပရိုင် မယ်ရဲ့ မက်ဆီမယ်တွေပူးပေါင်းပြီး ယူနီခရွန်ရဲ့ တပ်ဖွဲ့တွေကို တားဆီးရပါ တော့တယ်။