မြကျွန်းညိုမှ လိပ်ပြာဝှက်တမ်း🦋🌷
Open in Telegram
1 746
Subscribers
+1524 hours
+827 days
+33630 days
Posts Archive
Hello ဒီနေ့ ချန်နယ်လေး တစ်ခု ကြောငြာစရာရှိပါတယ်ရှင့်.. အဲ့တာကတော့ bl fiction တွေ့ link ပေးမယ့်ချန်နယ်ပေါ့နော် bl only ပါ လိုချင်တဲ့ fiction တွေကိုလည်းတောင်းနိုင်ပါသေးတယ်။ owner က ၂ယောက်ပါရှင့် အုံနာ 𝑲ᴇʀᴏ နဲ့ အုံနာ 𝑵𝒘𝒂𝒚 ပါ အက်မင်တွေလည်းရှိပါသေးတယ်။ အက်မင်တွေနဲ့ အုံနာတွေကခင်ခင်မင်မင်ရှိပါတယ်ရှင့် bl fiction တွေလိုချင်တယ်ဆိုရင်တော့ 𝐁ʟᴀᴄᴋ 𝑆𝑘𝒀 𝖡𝖫 𝐹𝑖𝑐𝑡𝑖𝑜𝑛ᶜʰˡ ကိုလာခဲ့ပါ
𝐖𝐞𝐥𝐜𝐨𝐦𝐞 𝐭𝐨 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 𝐁𝐥 𝐟𝐢𝐜𝐭𝐢𝐨𝐧 𝐜𝐡𝐥🫶👀
Link - https://t.me/blackskyblfic28224
စာဆက်ရေးပေးဖို့က နည်းလေးစောင့်ကြပါအုံးနော် ဒီရက်ပိုင်းအလုပ်နည်းနည်းရှုပ်မှာမို့ပါ ကြိုပြောပြထားတာပါ🥰
ကဲ.. ထုခွန်တို့ကို မိတ်ဆက်ပေးချင်တာကတော့ နွေ့ရဲ့ချန်နယ်ဖြစ်တဲ့ My Creditorဆိုတဲ့ချန်နယ်လေးပါပဲရှင့် အားလုံးသိကြပါတယ် ဥက္ကာခွန်းမောင်တို့ရဲ့ficလေ အ့ficကို wpကဖတ်ဖို့အဆင်မပြေတာတို့ ဘယ်လိုအကြောင်းကြောင့်အဆင်မပြေတာတို့ဆိုရင် tgမှာ နွေကစာနဲ့ရိုက်တင်ပေးတာပါ မဖတ်ရသေးတဲ့သူတွေကိုပြောချင်တာကတော့ 18+မို့ မကြိုက်ရင်မjoinလို့ရပါတယ်ရှင့် ဥက္ကာခွန်းမောင်တို့ကိုချစ်ရင်ဂျိုင်းပေးကြပါနော်
Link - https://t.me/mycreditor8524
သူ့နားထဲကို အရုပ်ဆိုးစွာတိုးဝင်နေသည်။ ရှူရှိုက်နေရသည့် လေတွေကတောင် သူ့ကိုအညှိုးကြီးကြီး ဒဏ်ခတ်နေသလိုပင်။ တစ်ချက်တစ်ချက် သူရပ်မိနေသလို ဆက်တိုက်လည်းသွားနေမိပြန်သည်။ ဂျပ်ဆင်လမ်းကွေ့ကိုရောက်မှ သူကျောင်းထဲသို့ ခြေလှမ်းလှမ်းမိသည်။ ဂျပ်ဆင်ဟာ သူ့ရဲ့ထွက်ပေါက်တစ်ခုဖြစ်နိုင်မလားသူမသိပေမဲ့ သူဘုရားကျောင်းထဲ လူကွယ်ရာ၌ဝင်ထိုင်မိသည်။
သူ့ကိုကယ်တင်ဖို့ ဘယ်ဘုရားမှာဆုတောင်းရမည်နည်း။ ဆုတောင်းခြင်းဟာ အလိုလောဘလို့ သတ်မှတ်ထားတဲ့သူ့အဖို့ ဘယ်သူ့ဆီမှာမှ တောင်းခံမယူခဲ့။ ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့။ အတိတ်ဘဝကိုပြန်ပြီးပဲ ကိုယ့်ကိုယ်ကို အပြစ်ပေးရမည်လော။ သူဘာအပြစ်များ ကျူးလွန်ခဲ့ပါသနည်း။
အချိန်နာရီများက တရွေ့ရွေ့ကုန်ဆုံးနေသည်။ သူ့အသိဉာဏ်တွေကဗလာသက်သက်။ နာကျင်နေသည်လော။ ဝမ်းနည်းနေသည်လော။ သူကိုယ်တိုင်ပင်မသိတော့ချေ။ တဖြည်းဖြည်းကြီးစိုးလာသည့် အမှောင်ထုဟာ သူ့ကိုဘာကြောင့်ဝါးမျိုဖို့ စိတ်မကူးရတာပါလိမ့်။
"ထိုင်နေတာ ဘယ်သူလဲ"
သန့်ရှင်းရေးလုပ်သည့်အဘိုးကြီးက သူ့အားအသံဖြင့်လှုပ်နိုးလိုက်သည်။
"ကျောင်းသား မပြန်သေးဘူးလား။ ဘယ်မှာနေတာလဲ"
"အဆောင်မှာပါ"
"ပြန်တော့လေ။ နောက်ကျနေပြီ။ အဆောင်တောင်ပိတ်တော့မယ်ထင်တယ်။"
"ဟုတ်ကဲ့ဗျ"
တိုးသာစွာ ပြန်ဖြေလိုက်ပြီး သူ နေရာကနေထွက်ရပြန်သည်။ မီးဝါကျင့်ကျင့်ထွန်းထားသည့် အဓိပတိလမ်းဟာ ဒီတစ်ခါတော့ သူ့ကိုခြောက်ချားစေသည်။ အဆောင်ပြန်နေရသည့် ခြေလှမ်းတိုင်းသည် ဆူးတွေကိုနင်းနေရသကဲ့သို့။ အဆောင်ကမပိတ်သေး။ လှေကားအတက်တွင် သူခြေလှမ်းတွေကိုပိုနှေးမိသည်။ မဂ္ဂအိပ်ပျော်နေပါစေဟု သူဆုတောင်းသည်။
"လီးထဲမှ မင်းဘယ်သွားနေတာလဲကွ။ ဒီအချိန်တောင်ရှိနေပြီ။ မပြောမဆိုနဲ့ ဘယ်သူနဲ့သွားတွေ့တာမို့လဲ။"
သူ့ဆုတောင်းတွေက ဘယ်သောအခါမှမပြည့်ပေ။ ထို့ကြောင့်လည်း ဆုတောင်းတွေကိုသူမယုံတာ။မဂ္ဂကသူ့ပခုံးတွေကို အတင်းဖိညှစ်ထားသည်။ သူ့ကိုစိတ်ပူနေတာတဲ့လား။
မဂ္ဂအား သူထုံပေပေပြန်ကြည့်မိသည်။ မဂ္ဂမျက်နှာကိုမြင်သည်နှင့် ရင်ဘက်တစ်နေရာက စို့တက်လာသည်။ ခင်ဗျားတော့မဖြစ်ရဘူးလေကွာ။
"ငါ ဘာအပြစ်လုပ်ထားလို့လဲ။"
"ဘာ.."
အဆီအငေါ်မတည့်သည့် သူ့မေးခွန်းကြောင့် မဂ္ဂက အကျည်းတန်စွာပြန်မေးသည်။ သို့သော်လည်း သူ့ခေါင်းထဲတွင် သည်မေးခွန်းသာရှိ၏။
"ငါဘာအပြစ်များလုပ်ထားလဲ မဂ္ဂ။ ငါဘာကျူးလွန်ခဲ့လို့လဲ ဟမ်!!"
"ဘာတွေပြောနေတာလဲ"
မဂ္ဂ၏ကြောင်အနေသော မျက်နှာကိုမြင်တော့ လွန်းနောင်သည် အသိတရားပြန်ကပ်မိသည်။ သူမဂ္ဂလက်တွေကို ခပ်ကြမ်းကြမ်းတွန်းဖယ်လိုက်ကာ
"ငါ့ကို တရားခံစစ်သလိုလာစစ်မနေနဲ့ ဖယ်"
"မင်းက ဒါကိုတရားခံစစ်တယ်လို့ထင်နေတာလား။ လီးပဲ။ မင်းကိုစိတ်ပူလို့မေးနေတာလေ။"
မဂ္ဂက အခန်းထဲထိ ဒေါသကိုသယ်လာသည်။
"ဘယ်သူက စိတ်ပူခိုင်းလို့လဲ။ သွားစမ်းပါ။"
"ခွန်စဝ်လွန်းနောင်!! !!"
"ဟေး ဟိုဖက်ခန်းကကောင်တွေ။ အိပ်ချိန်ရောက်နေပြီလေကွာ။ ရန်ဖြစ်ချင်ရင် မိုးလင်းမှဖြစ်ကြ။"
တစ်ဖက်အခန်းကနေ အသံထွက်လာသည်မို့ လွန်းနောင်လည်း မဂ္ဂကိုတစ်ချက်မျှမကြည့်ပဲ ခုတင်ပေါ်သို့တက်ကာ ကျောပေးလျှက်နေမိသည်။ မဂ္ဂ၏ ရှူးရှူးရှဲရှဲဖြစ်နေသည့် အသက်ရှူသံကို သူကြားနေရသည်။ ဘာမှမသိတဲ့မဂ္ဂကို အပြစ်မဖို့လိုပေမဲ့ သူကိုယ်၌က ရှက်ရွံ့မှုကြောင့် အသံမထွက်ဘဲ ကြိတ်ငိုနေမိသည်။ လူတွေအများကြီးထဲမှ ဘာလို့ခင်ဗျားလဲကွာ။
ပေါင်းစပ်ရတဲ့ ရေစက်ဖြစ်ဖို့ထိ ဆုမတောင်းထားသလို ရေစက်ဆိုးဖြစ်ဖို့လည်း မမျှော်လင့်ရိုးအမှန်ပါ။
နှလုံးသားကို စတေးပြီး ဆုံးဖြတ်ရတဲ့ကိစ္စတွေက အလျော်အစားကြီးလိုက်လေခြင်း ခင်ဗျားရယ်။
အပိုင်း (18) ပြီးပါပြီ
🌷🦋💜
#Nann
အဆက်🌷💜
လွန်းနောင်၏အမူအရာကပို၍ ရှုပ်ထွေးသွားသည်။ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးတွေအကြောင်း လက်လှမ်းမီသလောက်သူဖတ်ခဲ့ဖူးပေမဲ့ မိန်းကလေးထောက်လှမ်းရေးကိုသူမကြားဖူးသလို၊ ထောက်လှမ်းရေးတွေရဲ့သတင်းတွေကလည်းကောင်းသည်မဟုတ်။ ကောက်ကျစ်သည်။ ရက်စက်သည်။
"ဒါဆိုရင်တော့ ကျွန်တော်တို့ပြောစရာစကားမရှိတော့ပါဘူး"
"နေဦး။ ကျွန်မကရှင်ထင်နေသလိုမဟုတ်ဘူး။ ဒီအမှုကိုပြန်စချင်ရုံပဲ။ ဒါကျွန်မတာဝန်အဆုံးသတ်။ ရှင်နဲ့တူတဲ့လမ်းပဲမဟုတ်ဘူးလား။"
"မင်းကို ဘယ်သူလွှတ်လိုက်တာလဲ ကြည်ဖြူစင်။ မင်းကလည်းကျွန်တော့်ကိုအသုံးချဖို့ ဒီကိုရောက်လာတာပဲလေ။ မင်းကိုတာဝန်ပေးခဲ့တဲ့လူကဘယ်သူလဲဆိုတာကို ကျွန်တော့်ကိုပြောပြနိုင်ရင်တော့ တစ်မျိုးပေါ့"
ကြည်ဖြူစင်က နှုတ်ခမ်းကိုတင်းတင်းစေ့ပစ်သည်။ သူ့မှာ ပြောစရာစကားကုန်သွားသည့်နယ်။
သစ္စာရှိပုံများတော့။
"နောက်ဆုံးတွေ့ဆုံခြင်းပါ။ ကျွန်တော့်ကို ထပ်မဆက်သွယ်ပါနဲ့။ လမ်းချင်းတူပေမဲ့ စိတ်မတူရင် တူတူသွားလို့မရပါဘူး"
လွန်းနောင်သည် ချက်ချင်းပင်နေရာမှထလိုက်သည်။ ကြည်ဖြူစင်က ထိုင်နေဆဲ။ သူထွက်သွားမည်အပြုမှာပင် ကြည်ဖြူစင်၏ ကြည်လင်ပျက်သားသောအသံက သူ့ခြေလှမ်းတွေကို ဆွဲတားလိုက်သည့်နှယ်။
"မဂ္ဂဒီပါနဲ့ရှင်ဘာလို့အပေါင်းအသင်းလုပ်နေတာလဲ။ ရှင်ရော သူ့ကိုအသုံးချနေတာလား"
လွန်းနောင်သည် ကြည်ဖြူစင်ကို အထူးအဆန်းသဖွယ်လှည့်ကြည့်မိသည်။
"ဘာကိစ္စ မဂ္ဂကို အသုံးချရမှာလဲ"
"အို... ရှင်မသိသေးတာလား။ ဦးရန်နိုင်ဦးအမှုမှာ ကြိုးကိုင်တဲ့ဝန်ကြီးအကြောင်းကိုလေ။"
လွန်းနောင်ရင်ထဲတွင် ထိတ်ခနဲပင်။ သို့သော်လည်း သူစုံစမ်းပြီးပါပြီ။ ဒီအမှုမှာ မဂ္ဂအဖေပါဖို့မဖြစ်နိုင်။
"ကျွန်တော့်ကို လှည့်ဖို့စဥ်းစားမနေနဲ့။ မဂ္ဂအဖေက လွန်ခဲ့တဲ့သုံးနှစ်ကမှ ဒီရာထူးကိုရတာ။ ပြီးတော့ သူကအရှုပ်အရှင်းကင်းတယ်။"
"ကျွန်မကလည်း မဂ္ဂဒီပါရဲ့အဖေလို့ပြောလို့လား။"
လွန်းနောင်သည် နေရာမှာတင် ခပ်တောင့်တောင့်ရပ်နေမိသည်။ ခုံတွင်လည်း ပြန်မထိုင်ချမိသလို လက်သီးကိုလည်းကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
"ကျွန်တော့ကို ကွေ့ဝိုက်မနေပါနဲ့ ကြည်ဖြူစင် "
လွန်းနောင်၏အသံတွင် စိတ်မရှည်ခြင်းများစွာ ပါနေသည်။
ကြည်ဖြူစင်ကအရာအားလုံးကို သိနေသည့်ဟန်ဖြင့် ဟန်ပါပါပြုံးကာ
"မဂ္ဂဒီပါရဲ့မျိုးရိုးက သာမာန်မှမဟုတ်တာ။ ဆွေစဥ်မျိုးဆက် အာဏာနဲ့လူတွေ။ သူ့အဖေရဲ့ဦးလေး၊ သူ့အဘိုးဦးမောင်မောင်ခန့်က ပင်စင်ယူသွားတာတောင် အာဏာမကုန်သေးတဲ့လူပဲ။ ပြီးတော့ ဦးရန်နိုင်ဦးနဲ့ မဂ္ဂအဖေနဲ့က သူငယ်ချင်းတွေလေ။ ဦးရန်နိုင်ဦး အမှုရင်ဆိုင်နေရတုန်းက ကူညီခဲ့တာက မဂ္ဂရဲ့အဘိုး ဦးမောင်မောင်ခန့်ပေါ့။
စီးပွားရေးသမားနဲ့ နိုင်ငံရေးသမားဆိုတာက အကောင်းဆုံးပါတနာတွေမဟုတ်ဘူးလား။ ဘယ်လိုလဲ။ သိပ်လှတဲ့ရေစက်လေးတွေဟုတ်။"
လွန်းနောင်၏မြင်ကွင်းသည် ရုတ်တရက် ပြာဝေသွားသည်။ ခြေထောက်ယိုင်သွားတာကို ချက်ချင်းထိန်းလိုက်နိုင်ပေမဲ့ အနီးကပ်ရှိနေသည့် ကြည်ဖြူစင်ကတော့မြင်မှာသေချာပေါက်ပင်။ သူ့အတွေးတွေသည် အိုးထိန်းစက်ပမာ။ အကြိမ်ကြိမ်ခတ်မိနေသောမျက်တောင်တွေက ရေတွက်၍မှီနိုင်မည်မထင်။ နေထိုင်လာခဲ့သည့် ဘဝတစ်လျှောက်တွင် မမရဲ့ဖြစ်ရပ်ကြောင့် ပထမဆုံးအကြီးအကျယ်တုန်လှုပ်ခဲ့ဖူးသည်။ ဤသည်က ဒုတိယအကြိမ်မြောက်ပင်။ နှစ်အတော်အကြာ ကင်းကွာနေသည့်ကြောက်စိတ်သည် သူ့ထံသို့ ဒုန်းဆိုင်းဝင်ရောက်လာသည်။
"မဟုတ်ဘူး။ မင်းငါ့ကိုလာလိမ်မနေနဲ့!! !!"
လွန်းနောင်အတွက်တော့ သူစိမ်းတရံကို မာမာထန်ထန်ပြောဖူးခဲ့လေပြီ။ မယုံကြည်နိုင်ခြင်းများစွာ၊ ဆောက်တည်ရာမဲ့ခြင်းတွေ၊ ဦးတည်ရာမဲ့တဲ့ခံစားချက်တွေ၊ သူ့ကိုယ်ထဲက သွေးတွေကတောင်သူ့ကိုဆန့်ကျင်ပြီး ပြောင်းပြန် စီးဆင်းနေသလိုပင်။
"လိမ်နေတာ။ ငါ့ကိုလိမ်နေကြတာ။"
စကားတွေတုန်ရီနေခိုက် ရင်ဝသို့ဆန်တတ်လာသည့်အရာတွေကြောင့် လွန်းနောင် အိမ်သာထဲသို့ပြေးသွားရသည်။
အန်ချလိုက်သည့် အစာတွေ ရေတွေကြောင့် သူ့တစ်ကိုယ်လုံးဟာတာတာဖြစ်သွားရသည်။
လည်ပင်းကြောတွေမှစ၍ မျက်နှာတစ်ခုလုံး နီရဲတက်လာတာကို မှန်ကနေတစ်ဆင့် သူမြင်နေရသည်။
ပထမဦးဆုံးအကြိမ်ဖြင့် သူ့ကိုယ်သူ ရွံရှာမိခြင်း။ မုန်းတီးမိခြင်း။ သူဘာတွေလုပ်ခဲ့မိတာလဲ။သည်စောက်ခံစားချက်တွေက သူသွားမဲ့လမ်းကို စောက်ကျိုးပေးလာမှာမဟုတ်ဘူးဆိုတာကိုသိသိရက်နှင့်။ သူဘယ်ကစပြင်ရတော့မလဲ။ သူဘယ်အစကိုသွားပြင်ရတော့မလဲတဲ့။ အသံမဟစ်ပဲကျလာသည့်မျက်ရည်တွေက နာကျင်မှုများ၏ပြယုဒ်ပင်။
အိမ်သာအပြင်ဘက်သို့ ပြန်ထွက်လာသည်နှင့် ကြည်ဖြူစင်က သူ့အားစောင့်ကြိုနေသည်။
"ထွက်သွား!! !!"
"အိုခေလေ။ နောက်တစ်ပတ် ဒီဆိုင်မှာပဲကျွန်မစောင့်နေမယ်။ ဒီကမ်းလှမ်းချက်က ရှင့်အတွက်လည်းအကျိုးမယုတ်ဘူးဆိုရှင်သိမှာပါ။"
လွန်းနောင်သည် ဦးဆုံးအပြင်သို့ အလောတလျင်ထွက်လာမိသည်။ သို့သော် သူဘယ်ကိုသွားရမှန်းမသိ။ ဆိုင်ရှေ့ဘက်ရှိ အင်းလျားလမ်းကိုကျော်လိုက်လျှင် ကျောင်းအတွင်းသို့ဝင်ဖို့ရန် အီကိုဆောင်ဘက်ရှိလမ်းကိုလည်း သူ ငူငူကြီးရပ်ကြည့်နေမိသည်။ ခြေလှမ်း လှမ်းမိရာသည် ပြည်လမ်းဘက်ကို။ ပြည်လမ်းအတိုင်းဆင်းနေပေမဲ့ ကျောင်းဘက်ကိုသူမကွေ့နိုင်၊ ရှေ့တည့်တည့်လာနေသူများကိုလည်း ရှောင်ကွင်းဖို့ရာ သူမတတ်နိုင်တော့ပေ။ နားထဲမှာ ကြားနေရသည့် သူ့ကိုမာန်မဲသံတွေ။ ကားဟွန်းသံတွေ။ လမ်းဘေးဈေးသည်တွေရဲ့အသံက အစီစဥ်မကျ
hello မြကျွန်းညိုကိုချစ်ကြတဲ့ ချစ်သောလေးတို့ရေ
ဒီနေ့ဆိုရင် မင်"တို့ channel လေး 8 လပြည့်ပီပေါ့နော်
အမှန်ဆိုရင် စာရေးတာကဒီအချိန်လာက်နဲ့ဆိုပီးသင့်တာဟုတ်ပေမဲ့ မင်"တို့မအားတာကြောင့်ရော အကြောင်းအမျိုးမျိုးကြောင့်သိပ်မရေးဖြစ်ကြလို့ပါ🥺 အဲ့တာကိုမှ စိတ်ရှည်ရှည်နဲ့စောင့်ဖတ်ကြပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုလဲ မင်"တို့ဖက်က ကျေးဇူးတင်ပါတယ်ရှင့်🥰
ဒီမြကျွန်းညို channel ရဲ့ owner နွေကိုလဲ ကျေးဇူးတင်ပါတယ်နော်❤️ channel ကိုပြန်ဝင်လို့မရတော့တာတောင် အပြင်ကနေခုထိကူညီပေးနေတုန်းမို့ အများကြီးချစ်ပါတယ်။ sub လေးတွေရဲ့ ရီအက်တွေကလဲ မင်"တို့အတွက်စာဆက်ရေးဖို့ အားပါပဲ။ မင်"တို့လဲ များများဆက်runပေးပါမယ်ခ။ အားလုံးပဲ ကောင်းသောနေ့လေးဖြစ်ပါစေနော်🤍🌷🦋
#Nann
အပိုင်း(၁၈)🦋
အင်းလျားကန်ဘေးကစားသောက်ဆိုင်မှ ဦးကျော်စိုးနှင့် ဒေါ်နှင်းရည်ထွက်လာသည့်တိုင် လွန်းနောင်ထိုင်နေမိဆဲ။အတန်ကြာမှသူ့အာရုံတွေကိုစုစည်းလိုက်ပြီး ဝိတ်တာကိုလှမ်းခေါ်လိုက်သည်။
"ကောင်လေး။ ပိုက်ဆံရှင်းမယ်"
သည်တစ်ခါတော့ဦးကျော်စိုးကိုသူမရှင်းခိုင်းတော့ပေ မှာထားသည်များကလည်းများများစားစားမရှိလှ။ဟန်ပြမှာထားသည့် လက်ဖက်ခွက်များသာ
ဝိတ်တာကောင်လေးကအနီးရောက်လာကာ ခါးကိုကိုင်း၍
"ရှင်းပြီးသွားပြီအစ်ကို"
"ဟမ် ဦးလေးရှင်းခဲ့တာလား"
"မဟုတ်ဘူး။ ဟိုဝိုင်းမှာထိုင်နေတဲ့အစ်မရှင်းပေးထားတာပါ"
ဝိတ်တာလေးညွှန်ပြသည့်နေရာကို သူလှမ်းကြည့်လိုက်ပြီးနောက်။ အိပ်ထောင်ထဲကရာတန်တစ်ရွက်ကိုထုတ်ကာ ပေးလိုက်ရင်း
"အစ်ကိုသူနဲ့မသိဘူး။အဲ့တာကြောင့် ဘေလ်ကိုဒီထဲကပဲဖြတ်ပေးနော်။ကျေးဇူးညီလေး"
ဝိတ်တာလေးမှာ ခေါင်းကုတ်လျက်ထွက်သွားရသည်။ လွန်းနောင်သည် ထိုမိန်းကလေးရှိရာခိုင်ကိုထမသွားပေ။တွေ့ချင်လာတွေ့ဆိုသည့်ပုံနှင့်သာ ခုံကိုမှီလျက်ထိုင်နေပေးလိုက်သည်။ထိုမိန်းကလေးသည် တစ်ဖက်ဝိုင်းကနေ ထလာပြီး သူ့ရှေ့ခုံတွင်လာထိုင်သည်။သူသည်တစ်ခါမှာတော့ ထိုမိန်းကလေးကို ခပ်ရေးရေးမှတ်မိနေပြီ။ကြည်ဖြူစင်ဆိုသော
အမျိုးသမီးကလွဲရင်ဘယ်သူများဖြစ်နိုင်သေးလို့လဲ။
"ခွန်းစဝ်လွန်းနောင်။ဒီတစ်ခါတော့ကျွန်မကိုမှတ်မိပြီပေါ့"
"မင်းဘယ်သူလဲဆိုတာကိုတော့မိတ်ဆက်ဖို့ကောင်းရဲ့။ကောင်းသော ချဥ်းကပ်ခြင်းရော ဟုတ်ရဲ့လား"
ကြည်ဖြူစင်ကတော်တော်လေးချောသည်။အနီရဲရဲ ဆိုးထားသည့်နှုတ်ခမ်း၊ဝတ်ထားသည့် ခေါင်းလောင်းဘောင်းဘီအကျပ်နှင့်အရောင်တောက်တောက်အင်္ကျီက ခေတ်ဆန်မှုအပြင် ရဲတင်းမှုအသွင်ကိုလည်း ဖော်ဆောင်နေ၏။
"ကြည်ဖြူလို့ပဲခေါ်ပါ။ တစ်လှေထဲသွားရမဲ့လူတွေပဲကို"
"တဆိတ် အထင်မှားနေပြီ ထင်ရဲ့ ကျွန်တော် ကြည်..ဖြူ နဲ့ဘာစကားမှမလွန်ထားပါဘူး"
"ဒါဆို ဘာလို့ ကျွန်မကိုအသည်းသန်လိုက်ရှာနေသလဲ လွန်းနောင်။"
"အထောက်ပံ့ကောင်းတစ်ခုများဖြစ်နိုင်မလားဆိုတဲ့စိတ်နဲ့ပါ။အတိအကျ ပက်သတ်ချင်မှလည်း ပက်သတ်မှာပေါ့"
ကြည်ဖြူစင်ကခေါင်းလေးမော့ကာ ရယ်သည်။
"လွန်းနောင် ရှင်ကသိပ်ဘဝင်မြင့်တာပဲ။ အမှန်တော့ ကျွန်မရှင့်ကို သော်တာ့အိမ်မှာပထမဆုံးမြင်ဖူးတာပါ။ဒါပေမယ့် ရှင်က နန်းကြည်ပြာ ရဲ့မောင်လေးဖြစ်မယ်လို့ တကယ်မထင်ထားမိတာ။"
"မင်း နှင်းသော်တာနားဘာလို့ကပ်နေရတာလဲ။မင်းပုံစံက ကျောင်းသူလည်းဟုတ်ဟန်မတူဘူး။"
"သော်တာ့နားနေရတဲ့အကြောင်းကဘာများဖြစ်နိုင်လို့လဲ။ သော်တာ့ ဖေဖေ ဦးမိုးညံ ကကျွန်မတို့စလှုပ်ရှားရမဲ့ အဓိကအကြောင်းအရာဖြစ်နေလို့ပေါ့။အမှန်တော့ နန်းကြည်ပြာ သာအသက်ရှိနေသေးရင်တော့ ကျွန်မ ဦးဆုံးသွားတွေ့မဲ့လူက သူမပေါ့။"
"မင်းကိုယ်တိုင်က ဘာလို့ဒီအမှုကိုပြန်လိုက်ချင်ရတာလဲ"
ကြည်ဖြူစင်က တိကျခိုင်မာနေသော အကြည့်ဖြင့်ကြည့်ကာ ပြုံးလိုက်ရင်း
"တာဝန်အရ"
လွန်းနောင်၏မျက်စံတွေက အံ့သြစိတ်ကြောင့် အံသေသွားသည်။
"မင်းက"
ကြည်ဖြူစင်ကသူ့ရှေ့ကိုတိုးလာကာ နှုတ်ခမ်းအားလက်လေးဖြင့်ကာ၍ တိုးညင်းသောလေသံဖြင့်ဆိုသည်။
"ထောက်လှမ်းရေးလို့ပဲဆိုရမလား...."
🤍🤍🤍
#OwnerNway
Hello အားလုံးကို အိမ့်ပြောစရာရှိလို့ပါရှင့် ရှေ့လ ကျရင် အိမ့်တို့ကျောင်းတွေက ပြန်ဖွင့်တော့မှာမလို့ အိမ့် မြကျွန်းညို ကို နားချင်ပါတယ်ရှင့် 😊 @Nann ကဆက် Run ပေးပါအုန်းရှင့် တစ်ကယ်လို့ အိမ့်ကို ခင်လို့ စကားပြောချင်လို့ဆိုရင်လည်း အိမ့်ရဲ့ tg acc ကိုလာပီး cb မှာစကားလာပြောလို့ရပါတယ်ရှင့် ဒါ အိမ့်ရဲ့နောက်ဆုံးစကားပါရှင့် ❤️🩹 အားလုံးကို လွမ်းနေပါမယ်ခ.. 😚
#Eaint
အဆက်🦋🌷💜
လွန်းနောင်သည် ဝေ့တတ်လာသည့် မျက်ရည်စတွေကိုထိန်းချုပ်လိုက်ရင်း
"ဒေါ်ဒေါ်တို့ကရတဲ့ဇာတ်က ငွေခင်းထားပေမဲ့ ကျွန်တော်ကရတဲ့ဇာတ်ကတော့ ဆူးပေါ်မှာပေါ့..."
"မနှင်းရည်ကလည်း အစ်မရဲ့ယောက်ျားကိုစည်းရုံးကြည့်ပါ။ ဘယ်သူ့အတွက်မှ လှနေတဲ့ဇာတ်လမ်းမှမဟုတ်တာ။ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့လုပ်သင့်တာတွေကို လုပ်သွားမှာပါ။"
ဦးကျော်စိုးက စကားဖာပေးနေလေသည်။ လွန်းနောင်သည် စကားတစ်ခွန်းတစ်ပါဒမှ ဝင်မပြောတော့ဘဲ သူတို့ပြောသမျှစကားကို ငြိမ်သက်စွာနားထောင်နေတော့သည်။
ပြန်ခါနီးမှသာ
"ဒေါ်ဒေါ့်သမီးရဲ့သူငယ်ချင်းက ဆေးကျောင်းကမဟုတ်ဘူးထင်တယ်"
လွန်းနောင်သည် ထိုမိန်းကလေးကို ဆေးကျောင်းမှာသွားစုံစမ်းခဲ့ပေမဲ့ မတွေ့သောကြောင့်ပင်။
"သူကအဝေးသင်ကတဲ့။ ဆေးကျောင်းကမဟုတ်ဘူး။ ဘာဖြစ်လို့လဲ"
"ကျွန်တော့်ကို သူ့နာမည်လေးပြောပြနိုင်မလား"
"ကြည်ဖြူစင်တဲ့"
"ကြည်ဖြူစင်...."
ကောင်းကင်ကမှောင်ရိပ်ခိုသွားလေပြီ။ ရန်ကုန်တက္ကသိုလ်သည် သစ်ပင်များဖြင့်ခြံရံထားတာကြောင့် လေတစ်ချက်ဝေ့တိုင်း သစ်ရွက်သစ်ခက်များ၏ ယိမ်းနွဲ့တွန်းတိုက်သံများကို ဆက်တိုက်ကြားနေရသည်။
ယောက်ျားလေးဆောင်၏ အခန်းများဆီမှလည်း ရယ်မော စကားပြောသံများက လေထုတွင်းသို့ နေရာမလပ် ဖြန့်ကျက်နေ၏။
အဆောင်ပိတ်တော့မည်မို့ ဂစ်တာတီးပြီးပြန်လာသည့် ကျောင်းသားများကို မဂ္ဂသည် ကော်ရစ်ဒါကနေ အောက်သို့လှမ်းကြည့်ရင်းမြင်နေရသည်။ သူ့မျက်ခုံးတွေက တစ်ခုနှင့်တစ်ခု ထိစပ်တော့မတတ်တွန့်ချိုးနေသည်။ ရင်ထဲကအပူသည် မျက်နှာမှာပင် ထင်ဟပ်နေ၏။
သူအဆောင်ပြန်ရောက်လာကတည်းက လွန်းကိုမတွေ့။ ကျောင်းပတ်လည်ရှာပြီးတာတောင်သူမတွေ့။ ဂစ်တာသွားတီးတာတောင်သူ့မှာမလိုက်သွားနိုင်။ ညနက်လေ သူစိတ်ပူလေ။ ဒေါသထွက်လေပင်။ အခုဂစ်တာသွားတီးတဲ့ကောင်တွေတောင်ပြန်လာပြီကို။
မနေနိုင်တော့ဘဲ သူအဆောင်အောက်ဆင်းကာ ထပ်စောင့်ရသည်။
"ချီးတဲ့မှ။ အဆောင်ကပိတ်တော့မှာ။"
မြေကြီးကိုခြေစောင့်ပြီး တီးတိုးဆဲမိသည်။ ဘယ်နေရာပြေးရှာမလဲ သူမသိတော့ချေ။သို့သော် သည်တိုင်းလည်း ငြိမ်မနေနိုင်တော့ပြီမို့ အပေါ်ပြန်တတ်ကာ ကားသော့ပြေးယူရပြန်သည်။
အဆောင်ကနေ ပြန်ဆင်းလာသည့် လှေကားအချိုးအကွေ့တွင် ခပ်ဖြည်းဖြည်းချင်းတက်လာသော လွန်းကိုတွေ့သည်နှင့် သူ့ရဲ့သည်းခံနိုင်စွမ်းသည် လွတ်ထွက်သွားတော့သည်။
"လီးထဲမှ မင်းဘယ်သွားနေတာလဲကွ။ ဒီအချိန်တောင်ရှိနေပြီ။ မပြောမဆိုနဲ့ ဘယ်သူနဲ့သွားတွေ့တာမို့လဲ။"
သူ လွန်းရဲ့ပခုံးတွေကိုဆွဲလှုပ်ကာ တရစပ်မေးမိသည်။
ပြန်ရလိုက်သည်ကတော့ ထုံပေပေအကြည့်တစ်ချက်။
"ငါဘာအပြစ်လုပ်ထားလို့လဲ။"
"ဘာ"
"ငါဘာအပြစ်များလုပ်ထားလဲ မဂ္ဂ။ ငါဘာကျူးလွန်ခဲ့လို့လဲ။ ဟမ် !!"
မဂ္ဂသည် ကြောင်အနေသောမျက်နှာဖြင့်
"ဘာတွေပြောနေတာလဲ"
လွန်းနောင်က သူ့လက်တွေကို ခပ်ကြမ်းကြမ်းတွန်းဖယ်ကာ
"ငါ့ကို တရားခံစစ်သလိုလာစစ်မနေနဲ့ ဖယ်။"
သူ့ကိုတွန်းတိုက်ကာ အပေါ်သို့တတ်သွားသည့်လွန်းကြောင့် မဂ္ဂ၏ဒေါသရေဆူအမှတ်သည် ပွက်ပွက်ထလာသည်။ ထို့ကြောင့် လွန်းနောင်ဝင်သွားသည့် အဆောင်ခန်းထဲသို့လိုက်ဝင်လာကာ
"မင်းကဒါကို တရားခံစစ်တယ်ထင်နေတာလား။ လီးပဲ။ မင်းကိုစိတ်ပူလို့မေးနေတာလေ။"
"ဘယ်သူက စိတ်ပူခိုင်းလို့လဲ။ သွားစမ်းပါ။"
"ခွန်စဝ်လွန်းနောင်!! !!"
"ဟေး ဟိုဘက်ခန်းကကောင်တွေ။ အိပ်ချိန်ရောက်နေပြီလေကွာ။ ရန်ဖြစ်ချင်ရင် မိုးလင်းမှဖြစ်ကြ။"
တစ်ဖက်ခန်းကနေ အသံထွက်လာသည်။ လွန်းနောင်လည်း မဂ္ဂကိုတစ်ချက်မျှမကြည့်ဘဲ ခုတင်ပေါ်သို့တတ်ကာ ကျောပေးလျက်အိပ်ယာဝင်သွားလေသည်။ မဂ္ဂမှာသာ မယုံကြည်နိုင်ခြင်းများစွာနှင့် ကျန်ခဲ့ရသည်။ လွန်းနောင်ကို ဆွဲခါရမ်းပစ်ချင်ပေမဲ့ အဆုံးသတ်မှာတော့ငြိမ်သက်နေသည့် ကျောပြင်ကိုသာ သူစိုက်ကြည့်နေရပါသည်။
အပိုင်း(၁၇) ပြီးပါပြီ
🦋🌷💜
#Nann
အဆက်🌷🦋💜
လွန်းနောင်သည် အဆောင်ပြန်ရောက်ပြီးခဏနားနေချိန်မှာပဲ နှစ်ခန်းကျော်က ကိုဝင်းကရောက်လာကာ
"လွန်းနောင်ရေ အောက်မှာ ဧည့်သည်ရောက်နေတယ်။"
"ဟုတ်ကဲ့ကိုဝင်း။ ကျွန်တော်ဆင်းသွားလိုက်မယ်။"
အဆောင်အောက်ရောက်တော့ သူဦးကျော်စိုးကိုတွေ့လိုက်ရသည်။
"ဦးလေး။"
"အေး မောင်လွန်းနောင်။"
"ဒီထိလာရှာတယ်ဆိုတော့ အရေးကြီးကိစ္စရှိလို့လား။"
"အေး အရေးကြီးတယ်ပဲဆိုပါတော့။ ဦးနဲ့တစ်ခါတည်းလိုက်ခဲ့မလား။"
"ဟုတ်ပြီလေ ဦးလေး"
ဦးကျော်စိုးက အရိပ်အမြွက်မပြောသေးသည်မို့သူလည်း ခပ်ဆိတ်ဆိတ်လိုက်လာတော့သည်။ အင်းလျားရှိစားသောက်ဆိုင်ကို သူရောက်တော့ ဦးကျော်စိုးက ပြောလေသည်။
"မင်းမှန်တယ် လွန်းနောင် ။ မနှင်းရည် ငါ့ကိုဆက်သွယ်လာတယ်။"
မေးငေါ့ပြီး ဆိုသည့်နေရာကိုကြည့်မိလိုက်တော့ မိန်းမတစ်ယောက်။ သူမျက်နှာကိုသိပ်မမှတ်မိပေမဲ့လည်း ဒါဟာ ဒေါ်နှင်းရည်ဆိုတာ သူသိနေပြီးပြီ။
ဒေါ်နှင်းရည်က သူ့ကိုတွေ့သည်နှင့် မတ်တပ်ရပ်ကာနှုတ်ဆက်သည်။ သူကတော့ ပြုံးရုံကလွဲ၍ဘာစကားမှမပြော။
"အဒေါ်မင်းကိုဆက်သွယ်လိုက်ရတာက ကိုမိုးညံကြောင့်လည်းပါတယ်။ အဒေါ့်သားသမီးတွေကြောင့်ရောပဲ။အခြေအနေအမှန်ကို တစ်နေ့သိသွားတဲ့အခါ အဒေါ့်မှာ လက်ဆုပ်လက်ကိုင်ပြစရာရှိမနေဘူး"
"ကဲပါ မနှင်းရည်ရယ်။ အမှန်တရားကို တို့တွေဘယ်ချိန်ထိဖုံးနိုင်မှာမို့လဲ။ ခင်ဗျားသိသလောက် ကျွန်တော်တို့ကိုပြောပါဦး။"
လွန်းနောင်သည် ဒေါ်နှင်းရည်ကို စိတ်လှုပ်ရှားခြင်း အလျဥ်းမရှိသကဲ့သို့ တုံဏိဘာဝေသာကြည့်နေမိ၏။
"ကျွန်မယောက်ျားနဲ့ ကျွန်မအရင်တစ်ပတ်က ထောင်ဝင်စာတွေ့ဖြစ်ပါတယ်။ ကျွန်မယောက်ျားက သူ့ကိုထောင်ဝင်စာတွေ့ချင်တဲ့ ကိုကျော်စိုးအကြောင်းမေးတယ်။ ပြီးတော့ သူမတွေ့ချင်ဘူးတဲ့။ ကျွန်မကိုလည်း ခပ်ဆိတ်ဆိတ်ပဲနေခိုင်းတယ်။ ကိုကျော်စိုးတို့နဲ့လည်း ထပ်မတွေ့ဖို့မှာတယ်။"
"အင်း ဒါဆိုသူ့မှာ ဖုံးကွယ်ထားတာတစ်ခုခုရှိလို့ပဲလေ။"
"ကိုမိုးညံက အရင်က ဒရိုင်ဘာလုပ်ပါတယ်။ သူကတကယ်ကို ရိုးသားပါတယ်။ အရမ်းလည်းစိတ်ကောင်းရှိတယ်။"
လွန်းနောင်၏ အသက်ရှူသံများသည် မြန်လာ၏။
"တဆိတ်လောက်။ ကျွန်တော် ဖြတ်ပြောပါရစေ။ ရိုးသားတယ် စိတ်ကောင်းရှိတယ်ဆိုတဲ့စကားနဲ့ အမှတ်မယူပါနဲ့လားဗျာ။ သူမရိုးမသားဝန်ခံခဲ့လို့ ကျွန်တော့်အစ်မ...."
"လွန်းနောင်"
ဦးကျော်စိုးက ဝင်ထိန်းသည်။
"ခံစားချက်ကို ရှေ့တန်းမတင်ရဘူး"
ဒေါ်နှင်းရည်ကလည်း ညှိုးငယ်သွားသောမျက်နှာဖြင့် စကားကိုဆက်သည်။
"မင်းရဲ့စိတ်ကို အဒေါ်နားလည်ပါတယ်။"
လွန်းနောင်သည် သိသိသာသာကိုမျက်နှာလွှဲလိုက်မိပါသည်။ သူတို့တွေနားမလည်ပါဘူး။
"ကိုမိုးညံ အလုပ်လုပ်တဲ့အိမ်က ရုပ်ရှင်မင်းသား ရန်နိုင်ဦးရဲ့အိမ်ပါ။ တစ်ခါတစ်လေ ကိုမိုးညံဆီကနေ အဲ့ဒီလူအကြောင်းတွေကြားရတယ်။"
ဘယ်လိုမျိုးလဲ မနှင်းရည်"
"သောက်စားတတ်တယ်။ မိန်းမရှုပ်တယ် အဲ့လိုမျိုးပေါ့။ အတိအကျတွေတော့ ကိုမိုးညံကလည်း မပြောပါဘူး။ အလုပ်ကလည်းအဆင်ပြေပြေပါပဲ။ တစ်ရက်ကျတော့ ကိုမိုးညံကထူးထူးဆန်းဆန်း ကျွန်မကို အမေ့ရွာပြန်ခိုင်းတယ်။ သုံးလလောက်သွားနေတဲ့။ အရေးကြီးတယ်လို့ပဲပြောတယ်။ ဘာမှသေချာမပြောတာမို့ ကျွန်မလည်း ကလေးတွေ နွေကျောင်းပိတ်တာနဲ့ ရွာကိုပြန်ရတယ်။ တစ်လလောက်မဆက်သွယ်ဘဲနေတော့ ကျွန်မလည်းကလေးတွေကိုထားခဲ့ပြီး မြို့ကိုပြန်လာမှ ကိုမိုးညံ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ထောင်ကျနေမှန်းသိရတာ။ ကျွန်မသူ့ကိုတွေ့ချင်ပေမဲ့ တွေ့ခွင့်မရဘူး။ သုံးလလောက်ကြာမှ ကျွန်မဆီကို လူတစ်ယောက်ရောက်လာပြီး ကိုမိုးညံထားပေးခဲ့တယ်ဆိုတဲ့အိမ်နဲ့ဆိုင်ခန်း၊ ပြီးတော့ အရင်းအနှီးလုပ်ဖို့ ငွေကြေးတွေ။ ကျွန်မ တွေ့ခွင့်မရလို့ သတင်းစာကနေပဲသတင်းတွေဖတ်လိုက်ရတယ်။ အဲ့အမှုမှာ ကောင်မလေးတစ်ယောက်ပါပြီး အဲ့ကောင်မလေးကလည်း သတ်သေသွားတာကို ကျွန်မသိလိုက်ရတယ်။ အတော်ကြာမှ သူ့ကိုထောင်ဝင်စာတွေ့ခွင့်ရတော့ သူက ကျွန်မမေးသမျှကိုမဖြေဘူး။ ကျွန်မကို သူအခုဖြစ်တဲ့ကိစ္စတွေကိုထိန်းထားပေးဖို့၊ ကလေးတွေကိုဂရုစိုက်ဖို့၊ လာပေးထားတဲ့ပိုက်ဆံတွေကိုစိတ်သန့်သန့်နဲ့သုံးဖို့ ဒါပဲထပ်ခါထပ်ခါမှာတယ်။"
လွန်းနောင်သည် အံတစ်ချက်ကြိတ်လိုက်ရင်း
"ဒေါ်ဒေါ်ရော စိတ်သန့်ရဲ့လား"
"ဘာမှမတတ်နိုင်တော့တဲ့အခြေအနေမှာ ကျရာဇာတ်ကိုကရတာပဲမဟုတ်ဘူးလားကလေးရယ်"
🦋🌷💜
#Nann
အဆက်🌷🦋
"နောင်တရဖို့တော့မရှိပါဘူး။ ကိုယ်ရောစိတ်ပါ ကျွန်တော့်ဘက်ကစစ်မှန်ခဲ့တယ်လေ။ ပြီးတော့ ကျွန်တော့်ရဲ့ရွေးချယ်မှုပဲ၊ ကျွန်တော်ကိုယ်တိုင်စိုက်တဲ့အသီးကို ကျွန်တော်ပဲ ပြန်ရိတ်သိမ်းရမှာပါ။ ကျွန်တော့်ဘက်က စစ်မှန်ပါတယ်။
ထိုအချိန်မှာပဲ မဂ္ဂသည် သူတို့ရှိရာကိုပြန်ရောက်လာသည်။
"ပူလိုက်တာ။ ကျွန်တော့်ကို မိတ်ကပ်ဖျက်ပေးတော့။"
မာမီက ကြိုစီစဉ်ထားတာမို့ အသင့်ပင်။ မဂ္ဂအနီးကိုတိုးကပ်သွားတော့ မဂ္ဂက ရှောင်လိုက်ကာ
"မာမီမဖျက်နဲ့။ မာမီဖျက်ပေးရင်နာတယ်။ လွန်းလာဖြတ်ပေး။"
"မာမီမနာအောင် ဂရုစိုက်ပါ့မယ်။ ဒါမာမီ့အလုပ်ပဲကို။"
"လွန်း
လွန်းနောင်သည် မာမီ့လက်ထဲကပစ္စည်းတွေကို လက်လွှဲယူလိုက်ကာ
"ကျွန်တော်ပဲလုပ်ပေးလိုက်ပါ့မယ်။ မာမီက ပစ္စည်းတွေသွားသိမ်းလိုက်တော့။ ဒါနောက်ဆုံးရှူတင်ပဲ။ စာမေးပွဲမပြီးမချင်းတော့ အလုပ်ထပ်မရှိလောက်သေးဘူး။ မာမီလုပ်စရာရှိတာလုပ်လို့ရတယ်။"
မာမီကို မှာစရာရှိတာမှာပြီးမှ လွန်းနောင်သည် မဂ္ဂကို မိတ်ကပ်ဖျက်ပေးရသည်။
မဂ္ဂသည် မိတ်ကပ်ဖျက်ဖို့ရန် မျက်လုံးစုံမှိတ်ကာ မျက်နှာကို မော့ထားပေး၏။
လွန်းနောင်သည် မဂ္ဂ၏မေးဖျားကို အသာထိန်းကိုင်ကာ လုပ်စရာရှိသည်များကိုလုပ်ပေးရသည်။ မဂ္ဂ၏အသားအရည်သည် မာမီပြောနေကျစကားလိုပင် ကောင်းခြင်းတွေနဲ့ပြည့်စုံသည်မှာ အမှန်ပင်။ အဖုအထစ်မရှိ ကြည်လင်ချောမွေ့နေ၏။ နှုတ်ခမ်းထူထူများကို သူအသာအယာသုတ်ပေးခိုက် လွန်းနောင်သည် ထိုနှုတ်ခမ်းများကို လက်မဖြင့် တို့ထိကြည့်မိပါ၏။ စိတ်ရှိတိုင်းသာဆိုရလျှင် ဤနှုတ်ခမ်းကို သူနမ်းချင်မိပါသည်။
"မဂ္ဂဒီပါ"
မဂ္ဂလည်း မျက်လုံးဖွင့်ကြည့်လာသလို လွန်းနောင်လည်း လက်ကိုပြန်ရုတ်သိမ်းလိုက်ကာ အနီးသို့ရောက်လာသည့် မော်ဒယ်ရွှေရည်ကိုကြည့်လိုက်တော့ ထိုအမျိုးသမီး၏မျက်ဝန်းထဲတွင် ရွံ့တွန့်တွန့်ဖြစ်နေသောအမူအယာကိုတွေ့လိုက်ရ၏။ လွန်းနောင်သည် ချက်ချင်းကို မျက်နှာလွှဲလိုက်သည်။
"ရွှေရည်။ ဘာကိစ္စရှိလို့လဲ။"
"ဒီပါပဲ တို့ကိုလိုက်ပို့မယ်ဆို"
မဂ္ဂသည် သူခုနက ကတိစကားခံခဲ့သည်ကို အမှတ်ရသွားသည်။ ရွှေရည်က သည်နေ့လာကြိုမည့်ကား မရှိဟု သူ့ကိုပြောထား၍ပင်။
"အာ ဟုတ်သားပဲ။ ကျွန်တော်အဝတ်လဲပြီးထွက်လာမယ်လေ။"
"ဟုတ်ပြီ။ ဒါဆို တို့အပြင်မှာပဲ စောင့်မယ်လေ နော်။"
ရွှေရည်ပြန်ထွက်သွားမှ မဂ္ဂသည် အဝတ်လဲဖို့ပြင်သည်။
"ဒါဆို ငါအရင်ပြန်နှင့်မယ်နော်။ ခင်ဗျား သူ့ကိုလိုက်ပို့ပြီးမှပြန်လာခဲ့။"
"ဘာလို့လဲ။ တစ်ခါတည်းလိုက်ခဲ့လေ။"
"ခင်ဗျားတို့ပဲသွားပါ။ ငါ အဆောင်မှာပဲစောင့်နေမယ်။ လမ်းက တစ်လမ်းစီကို၊ ဟိုဘက်ထပ်နဲ့ ဒီဘက်ထိပ်။"
"အိုခေလေ။ ဒီည ငါစာမလုပ်ဘူးနော်။ အခုမှ ရှူတင်တွေ အကုန်ပြတ်တာ။ ဦးနှောက်ဆေးတဲ့အနေနဲ့ ဂစ်တာသွားတီးအုံးမှာ။"
"ခင်ဗျားသဘော"
မဂ္ဂသည် လွန်းနောင် တက်စ်စီပေါ်တတ်သွားပြီးမှ ကားရှိရာသို့သွားကာ ရွှေရည်ကိုလှည့်ခေါ်ရသည်။ ရွှေရည်က ဒရိုင်ဘာခုံမှာ သူ့ကိုမြင်တော့ ဘေးဘီဝေ့ကြည့်ကာ
"ဒီပါ့ရဲ့ မန်နေဂျာကော"
"အာ လွန်းလား။ အဆောင်ပြန်သွားပြီလေ"
ရွှေရည်က ဘေးခုံတွင်ဝင်ထိုင်သည်။
"သူက ကားမောင်းပို့ပေးရမှာ မဟုတ်ဘူးလား"
"သူက ကားမမောင်းတတ်ဘူး ရွှေရည်ရဲ့။"
"ကားမမောင်းတတ်တဲ့လူကို မန်နေဂျာခန့်ထားတယ်ပေါ့။ တို့အသိထဲမှာ ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တဲ့လူတွေရှိတယ်။ ချိတ်ပေးရမလား။"
ရွှေရည်သည် ပြုံးရွှင်စွာဖြင့် မဂ္ဂထံလှည့်ပြောတော့ မဂ္ဂ၏မာတာတာမျက်နှာက သူ့ကိုဆီးကြိုနေ၏။
"သူက မန်နေဂျာပဲမဟုတ်ဘူး။ ကျွန်တော့်သူငယ်ချင်းပါ မရွှေရည်။"
"ဒါက ဘီးစီးနက်စ်လေ ဘယ်လိုပဲသူငယ်ချင်းလို့ပြောပြော.."
မဂ္ဂက ရုတ်တရက် ကားကိုလမ်းဘေးထိုးရပ်လိုက်တာမို့ ရွှေရည်ရဲ့ကိုယ်လေးသည် ရှေ့ဘက်သို့ ယိမ်းထိုးသွားရသည်။
"ဒီပါ"
"မရွှေရည်ကရော ကျွန်တော့်ရဲ့ပါစင်နယ်ကို စွက်ဖက်နေတာမဟုတ်ဘူးလား။ ဘယ်လိုပဲ အလုပ်တူပါတနာပဲပြောပြော.."
"တို့ရဲ့ စေတနာကို မင်းမမြင်တာလား။"
"ဒါဆို မရွှေရည်ကရော ကျွန်တော်တို့က သူငယ်ချင်းဆိုတာကို မမြင်တာလား။"
"ဒီပါ။"
"ဆင်းလို့ရပြီ။ ကားဆီကုန်တော့မယ်။"
ရွှေရည်သည် နှုတ်ခမ်းကို ဒေါသတကြီးဖိကိုက်လိုက်ကာ
"ဒါက မင်းရဲ့အလုပ်က စီနီယာကို ဆက်ဆံတဲ့ပုံစံပေါ့။ အောင်မြင်နေပါဦးမယ် အားကြီးကြီး။"
"အဲ့တာ ကျွန်တော့်ကိစ္စပါ။ none of your business"
ရွှေရည်သည် တောက်တစ်ချက်ခေါက်ကာ ကားပေါ်မှ ဒေါသတကြီးဆင်းသွား၏။ သည်ကိစ္စမှာ သည်လူကို ဒီလောက်ဆက်ဆံဖို့ မလိုပေမဲ့လည်း မလိုအပ်ဘဲ လျှာရှည်သည့်မိန်းမတွေကို သူမုန်းသည်။
🌷🦋💜
#Nann
မြကျွန်းညိုဆိုရင်
ရှင်တို့တွေ ဖတ်ဖို့ပဲသိကြတယ်နော်
ရေးထားတဲ့စာတွေကျတော့ ဖတ်သွားပီး အသဲ ကျတော့ပေးမသွားကြဘူး 😾 အပိုင်း 17 တင်ထားတာကို ရတဲ့အသဲက 15 ခုတဲ့ ဖတ်သွားတဲ့သူက 200 ကျော်တယ် နောက်ဆို အသဲများများပေးကြပါနော် မပေးရင် အိမ့်တို့ကို မရေးခိုင်းသလို ဖြစ်နေပါမယ်ရှင် .. 😍😍
#Eaint
အပိုင်း 17
မြကျွန်းညိုမှ လိပ်ပြာဝှတ်တမ်း 🖤🦋🖤
တဖြတ်ဖြတ်လင်းနေသော ကင်မရာမီးတွေကြားတွင်
မဂ္ဂ၏ လှုပ်ရှားမှုများသည် တစ်ခုပြီး တစ်ခုပြောင်းလဲနေ၏။ သည်နေ့က ဝဲဒင်း ကတ် တလော့
( Wedding Catalogu ) အတွက်ပုံရိုက်ရခြင်းပင်။
မဂ္ဂ၏ ဆံပင်များက စပရေးဖြန်းက အပြောင်သိမ်းထားရသည်မို့ လူကြီးဆန်နေသည်။ တွဲဖက် မင်းသမီးက ထိုင်းမသိမ်းနဲ့ဖြစ်ပီး မဂ္ဂကတော့ ရွှေအိုနုရောင်လည်ကတုံး နှင့် ပြုံးရုံမျှ ပြုံးထားသောမျက်နှာ။လွန်းနောင်သည် ရွှေအိုရောင်ကို သိပ်ကြိုက်လှ သည်မဟုတ်။ တစ်ခြားသူသာ ထိုကဲ့သို့သော အရောင်ကို ဝတ်ထားလျှင်တော့ လိုက်ဖက်ချင်မှ လိုက်ဖက်လိမ့်မည်ဆိုပေမယ့် မဂ္ဂ၏ အသားရည်နှင့်တော့ စပ်ဟပ်၍နေသည်။
တစ်ချိန်ချိန် မဂ္ဂသာ မဂ်လာဆောင်လျှင် ရွှေအိုရောင်လေးဝတ်ဖို့ အကြံပေးသင့်သလား။ လွန်းနောင်သည် အနာဂတ်ကို အခုတစ်လော ခက်စိတ်စိတ်တွေးမိနေပီထင်ပါရဲ့။ ပစ္စုပ္ပုန်ကို အားသန်သည့်သူက အနာဂတ်ကိုတော့ ရင်မဆိုင်ရဲ ချင်တော့ ။
မဂ္ဂ၏ မဂ်လာဖိတ်စာကိုမြင်ရချိန်သည်
သူကိုယ်တိုင် မဂ္ဂကိုယ် ကျောခိုင်းမည့် အချိန်ပင်။
သူဟာ သူတစ်ပါးရဲ့ ကာမပိုင်ကိုတော့ စေ့စေ့ကြည့်ဖို့ပင် စိတ်သန့်မှာမဟုတ် ။
အဘယ်ကြောင့်ဆိုသော မဂ္ဂနှင့် ပတ်သက်လျှင် သူ့၌ပိုင်ဆိုင်လိုသော အတ္တစိတ်က အမြဲတစေ ကပ်ငြိနေ၍ပင် ။
" ကိုကြီးရေ ရပြီ "
လွန်းနောင်သည် သူ့အင်္ကျီ ကိုဆွဲ၍ ရေဘူးကမ်းပေးလာသော ဂျင်မီ့ကို ငုံ့ကြည့်လိုက်သည် ။
ဂျင်မီက မဂ္ဂကို အမြဲ မိတ်ကပ်လိမ်းပေးသည့်မာမီနှင့်ပါလာသော ကလေးပင် ။ မိဘမဲ့လေးမို့ မာမီက ဂျင်မီ့ကို ခေါ်ယူမွေးစားထားခြင်းပင်။
ဂျင်မီက ဘယ်သူ့ကလေးလည်း သူမသိသလို မေးလည်းမမေး။ မာမီ့ကိုတော့ နောက်တစ်ကျောင်းပြန်ဖွင့်လျှင်ကျောင်းထားပေးဖို့တောင်းဆိုထားသည်။
ကျောင်းစရိတ်တွေကိုလည်း မဂ္ဂဆီကရမည့် လခ ထဲကပင် သူပေးမည်။ အမှန်ဆိုဂျင်မီက လေးငါးတန်းလောက်တက်နေရမည့်အရွယ် ။ ခုတော့မည်သူ့ကိုမှ အပြစ်ဖို့ရမည်နည်း ။ ဂျင်မီ့ မိဘတွေက ဒီတိုင်းပစ်ထားခဲ့တာလည်း ဖြစ်နိုင်သလို ၊ သူ့မိဘတွေလိုသေဆုံးသွားတာလည်းဖြစ်နိုင်တာပဲလေ။
" ရော့ အအမ်းယူထား ။ ပြန်မပေးနဲ့တော့ ။ဒါအလကားပေးတာမဟုတ်ဘူးနော် မင်းအလုပ်လုပ်လို့ပေးတာ " ။
ဂျင်မီက ပိုက်ဆံအကြွေလေးတွေကို အိတ်ကပ်ထဲထည့်ကာ
" ကျေးဇူး ကိုကြီး " ။
ဂျင်မီထွက်သွားတော့ မာမီက သူ့အနားရောက်လာသည်။
" ဒီတိုင်းမုန့်ဖိုးလို့ပြောပြီး ဘာလို့မပေးတာလည်း ကိုလွန်းနောင်ရဲ့။ ကျောင်းတက်ဖို့ထောင်ချီ ပိုက်ဆံတွေကိုကျတော့ ချပေးထားပြီး ဒီတစ်ဆယ်လေးကို ။
မာမီက သိချင်လို့မေးတာနော် စိတ်မဆိုးနဲ့ "
မာမီကသူ့ထက် အသက် ဆယ်နှစ် လောက်ကြီးပေမယ့် သူ့အားလေးစားသမှုဖြင့် ကိုလွန်းနောင် ဟုခေါ်သည်။
" ကလေးက ငယ်သေးတယ် မာမီရဲ့ ။ သင်လွယ် တက်လွယ်တဲ့ အရွယ်မှာ ကောင်းတဲ့ အပြုအမူတွေကိုပဲ ရှေ့ဆောင်လမ်းပြရမှာ ။သူ့စိတ်ထဲမှာ သိထားရမှာက ကျွန်တော် သူ့ကို တစ်ခါတစ်လေ ဒီတိုင်းပိုက်ဆံပေးချင်တဲ့ အခါပေးမယ်။
ပေးတဲ့အခါသူယူရမယ် ။ မပေးအခါလည်း သူ့မှာအပြစ်တင်ပိုင်ခွင့်မရှိဘူး ။ လူတွေက ရနေကျဖြစ်လာတဲ့ အခါ ရသင့်မရသင့်ကို မစဉ်းစားတော့ဘဲ ရကို ရ ရမယ်လို့တွေးလာတက်။ ကိုယ့်ရဲ့ စေတနာကို သူတို့ကိုပေးရမယ့် ဝန်ဆောင်မှုလို့မှတ်ယူသွားတက်တာမျိုး။အဲ့လိုမဖြစ်အောင် ကျွန်တော်သူ့ကို လက်လွပ်စပယ် ဘာတစ်ခုမှ မပေးဘူး "
" ဒါပေမယ့် ကျွန်တော်သင်လို့မရတဲ့တစ်ယောက်ကိုတော့ ရက်ရက်ရောရောပေးမိတာမျိုးလည်း
ရှိတာပေါ့ "
လွန်းနောင်သည် နောက်ဆုံးသော စကားကိုတော့
မဂ္ဂအား စေ့စေ့ကြည့်ရင်းပြောလိုက်တော့
မာမီကလည်း မဂ္ဂကို မျှော်ကြည့်ရင်း ခေါင်းလေး တစ်ဆက်ဆက် ညိတ်လိုက်၏။
" အဲ့တာ အတွက် နောင်တ မရမှာသေချာလား "
လွန်းနောင်သည် မာမီ၏ မေးခွန်းကို ချက်ချင်းပြန်မဖြေနိုင်ပဲ စူးစမ်းသလိုပြန်ကြည့်မိ၍
" ဟင် "
" အဲ့ဒီလူကိုရက်ရက်ရောရော ပေးမိတာတွေအတွက်နောင်တ မရမှာသေချာရဲ့လား
ဘယ်အရာမဆို နောင်တနဲ့ကင်းကင်းနဲ့လုပ်တာပဲ ကောင်းတယ်မလား "
#Eaint
Hello အိမ့်စာကိုရေးမလို့ပါပဲနော်
WP ထဲဝင်ဖို့လိုင်းတေက မကောင်းလို့ စာတင်ပေးဖို့နည်းနည်းကြာမယ်နော်ခ 🥺
#Eaint
Happy birthday Par အချစ်လေးမဂ္ဂရေ ... တိုက်ဆိုင်စွာနဲ့ အုံနာနွေလေး Tg ပျက်သွားလို့လည်း စိတ်မကောင်းပါဘူးနော် အိမ့်လည်း အရင်က စာရေးရပျင်းတာနဲ့ မရေးပေးဖြစ်လို့ တစ်ခြား Admin တေပဲ run နေရရင် တောင်းပန်ပါတယ်နော် အိမ့်အခု ပြန် run ပေးမယ်နော် .... 😁
